ရိုးအီလေးတွဲ့တဲ့ အခြေအနေကနေ လွတ်လာတဲ့
Ethic ဟာ အံ့ဖွယ် သုံးခု လက်ခံရတဲ့ ကံခေသူပါ
ပထမ၊ ထောင်အခန်းကျဉ်းတစ်ခု
ဒုတိယ၊ လုံးလုံး အတိတ်မေ့ရောဂါ
တတိယကတော့ သူ့ပြတင်းက
သံတိုင်တွေကနေဘတိုးဝှေ့ထွက်ရင်း
ညပ် နေတဲ့ ဆန်းပြားတဲ့ သူစိမ်းတစ်ယောက်။
သူ့နာမည်က Hedge ပါ၊ သူက Ethic
ကမ္ဘာမြေကို ကယ်တင်တာကို ကူညီဖို့ လာတာပါ။
ဒါပေမဲ့ ပထမဆုံး သူတို့ဟာ
ထောင်ကို ဖောက်ထွက်ဖို့လိုပါတယ်။
Hedge က သူ့လက်ကို သော့တံတစ်ခုအဖြစ်
ပြောင်းကာ ရှေ့က စိန်ခေါ်မှုကို ဖော်ပြတယ်။
ထောင်ထဲက သော့တိုင်းဟာ
အလားတူ တစ်မူထူးတဲ့ နည်းနဲ့ အလုပ်လုပ်တယ်။
သော့ပေါက်အတွင်းမှာ ၁ ကနေ ၁၀၀ နံပါတ်တပ်
ထားတဲ့ နေရာ ၁၀၀ ထဲကတစ်နေရာဆီ လည်နိုင်တဲ့
ဒိုင်ခွက် အနီတစ်ခုရှိတယ်။
သတ်မှတ်ထားတဲ့ အကျဉ်းခန်းရဲ့ သော့က
ဒိုင်ခွက်ကို နေရာမှန်ကို လှည့်ပေးတယ်၊
ဒါက အဲဒီမှာ ရပ်သွားတဲ့အခါ အစိမ်းရောင်
ပြောင်းပြီး တံခါးကို ပွင့်စေတယ်။
အစောင့်တစ်ယောက်ဆီကနေ သော့တွေ
ခိုးယူဖို့ကတော့ စဉ်းစားစရာကို မလိုတာပါ၊
ဒါပေမဲ့ Hedge မှာ ပိုကောင်းတဲ့
စိတ်ကူးတစ်ခုရှိတယ်။
Hedge က Ethic ရဲ့ အမိန့်တွေကို
လုပ်ဆောင်နိုင်ပါတယ်။
Ethic က သူ့ကို ရှေ့ ငါးလှမ်း လှမ်း၊
ညာဘက် လှည့်၊ နောက် ငါးလှမ်း
လျှောက်ဖို့ ပြောရင်
သူဟာ တစ်သွေမတိမ်း လုပ်မှာပါ။
ဒါပေမဲ့ Hedge ဟာ တိကျတဲ့ လမ်းညွှန်ချက်တွေ
လိုအပ်ပါတယ်။
Ethic က "သော့ကို ကော်ဖွင့်လိုက်"
(သို့) ဂဏန်းတွဲတိုင်းကို စမ်းကြည့်"ဆိုရင်
ဒါဟာ ဝေဝါးလွန်းပေမဲ့ 'ဒိုင်ခွက်ကို ရှေ့
ငါးနေရာကို လှည့်' ဆိုရင် အလုပ်ဖြစ်ပါတယ်။
အချုပ်ခန်း အပြင်ရောက်တာနဲ့ အစောင့်တွေ
သူတို့ကို မိမသွားခင် ထောင် အပြင်ဘက်
တံခါးရဲ့သော့ကို ဖြေဖို့ကလည်း
အချိန် အနည်းငယ်ပဲ ရမှာပါ။
ဒီတော့ ဘယ်ညွှန်ကြားချက်တွေက Hedge ကို
တံခါးတိုင်းကို ထိရောက်စွာ ဖွင့်ခွင့်ပေးလဲ
အခု ခဏလေး ရပ်ပြီး
ကိုယ်တိုင် အဖြေရှာကြည့်ပါ။
ကျွန်ုပ်တို့ အဖြေကို ရှင်းမပြခင်
ဟောဒီမှာ သဲလွန်စတစ်ခုပါ။
တံခါးကို ကူဖွင့်ပေးနိုင်တဲ့ ညွှန်ကြားချက်
ကို ကျော့ကွင်းတစ်ကွင်း လို့ခေါ်တယ်။
ဒါက တစ်ခု (သို့) ဒါထက်ပိုတဲ့
ညွှန်ကြားချက်တွေကို ဖြစ်စေနိုင်ပါတယ်၊
Hedge က အထပ်ထပ်ပြော (သို့) ထပ်ကျော့မယ့်
အကြိမ်တွေရဲ့ သီးခြားနံပါတ်တစ်ခုပါ၊
ဥပမာ " အထက်အောက် အကြိမ် ၁၀၀ ခုန်ပါ"
ဒါမှမဟုတ် အခြေအနေတစ်ခုနဲ့ မကြုံခင်အထိ
Hedge ထပ်ကျော့မယ့် ညွှန်ကြားချက်တစ်ခုပါ။
ဥပမာ "၇ နာရီ မထိုးခင်အထိ
ထက်အောက် ဆက်ခုန်ပါ"။
အခု ခဏရပ်ပြီး ဒါကို ကိုယ့်ဘာသာ
အဖြေရှာကြည့်ပါ။
ပထမဆုံး ရှင်းနေတဲ့ တစ်ခုကတော့ အလုပ်ဖြစ်
တဲ့အထိ ဂဏန်းတွဲတိုင်းကို စမ်းကြည့်ဖို့
၊
Hedge အတွက် လမ်းတစ်ခု ရှာပေးဖို့ လိုတာပါ။
နည်းနည်းလေး ပိုအားထုတ်ဖို့ လိုတာက
ဒီလို တစ်သွေမသိမ်း လုပ်ဆောင်ပုံပါ။
Hedge ကို ညွှန်ကြားဖို့ အဖြေက ဂဏန်းတွဲ
တိုင်းကို ဆက်တိုက် စမ်းဖို့ ဖြစ်လိမ့်မယ်။
တစ်ကို စမ်းပြီး မီးကို စစ်ကြည့်ပါ၊
အစိမ်းရောင် ပြောင်းရင် တံခါးကို ဖွင့်ပါ။
မဟုတ်ရင်တော့ ၂ ကို စမ်းကြည့်ပါ။
၂ က အလုပ်မဖြစ်ရင် ၃ ကို စမ်းပါ၊
၁၀၀ အထိ ရောက်သွားပါမယ်။
ဒါပေမဲ့ ဒါတစ်ခုလုံးကို အကွက်ချဖို့က
ငြီးငွေ့ဖွယ်တော့ ဖြစ်မယ်။
၃ နဲ့ပဲ အလားတူ လုပ်လို့ ရနိုင်တဲ့အခါ
ဘာကြောင့် ကုဒ် လိုင်း ၁၀၀ ကျော် ရေးတာလဲ။
ဒါ ကျော့ကွင်းတစ်ကွင်း ဝင်လာရာပါ။
ဒါကို စမ်းသပ်ဖို့ နည်းလမ်းတစ်ချို့ရှိတယ်။
သော့မှာ နေရာ ၁၀၀ ရှိတော့
Ethic ပြောနိုင်တာက "ဒိုင်ခွက် အရောင်ကို
စစ်ပြီး ဒါကို ရှေ့သို့ တစ်ကြိမ် လှည့်ပါ၊
အကြိမ် ၁၀၀ တိုင်တိုင်ပါ။
ဒိုင်ခွက် စိမ်းသွားတဲ့နေရာကိုသတိရပါ၊
Hedge ကို ဒီနံပါတ်မှာ ပြန်ထားခိုင်းပါ"
ဒီလို ကျော့ကွင်းတစ်ခုပါ၊ အကြိမ်အရေအတွက်
သင် သတ်မှတ်ရာမှာ ထပ်ကျော့ပေးတယ်၊
ဒါကိုတော့ "for" ကျော့ကွင်းလို့ ခေါ်တယ်၊
ဒါပေမဲ့ ပိုတောင် ထိရောက်တဲ့ ကျော့ကွင်းက
Hedge ကို အစိမ်းရောင် ပြောင်းတဲ့အထိ
ဒိုင်ခွက်ကို တစ်နေရာ လည်ပတ်ခိုင်းပြီး
ပြောင်းပြီဆိုတာနဲ့ သူ့ကို ရပ်ခိုင်းပြီး
တံခါးကို ဖွင့်စေတယ်။
ဒီနည်းနဲ့ ၁ တစ် တံခါး သော့ပွင့်တော့
သူဟယ ကျန်နံပါတ်အားလုံးကနေ လှည့်စရာမလိုဘူး။
ဒါကတော့ 'until' ကျော့ကွင်းပါ၊
ဒါက အခြေအနေတစ်ခုနဲ့ ကြုံတဲ့အထိ
လုပ်ဆောင်မှုတစ်ခုလုပ်ရာမှာ ပါဝင်လိူ့ပါ။
အလားတူ အခြားနည်းတစ်နည်းက ဒိုင်ခွက်ကို
နီနေတုန်းမှာ လှည့်ပေးလိမ့်မယ်၊
နောက် ရပ်သွားတယ်။
ဒါကိုတော့ 'while' ကျော့ကွင်းလို့ ခေါ်တယ်။
စွန့်စားမှုဆီ ပြန်သွားရအောင်။
Hedge က ဂဏန်းတွဲတွေကနေ ခွေလိုက်တယ်၊
အချုပ်ခန်းက ၄၁ မှာ ပွင့်သွားတယ်။
Ethic နဲ့ Hedge ဟာ အစောင့်ရဲ့ တာဝန်လဲတဲ့
အကောင်းဆုံး အချိန်အထိ စောင့်ပြီး
ထောင်က ဖောက်ပြေးတယ်။
မကြာခင်မှာ Ethic ဟာ
ရွေးချယ်မှုတစ်ခုနဲ့ ကြုံရတယ်၊
ဆန်းကျယ်တဲ့ ပုံဆောင်ခဲတစ်ခုထဲမှာပုန်းတာ
(သို့) အပြင်တံခါးကို ခွဲပြီး ထွက်ပြေးတာပါ။
Ethic က ပြေးဖို့ ရွေးလိုက်တယ်။
ဒုတိယ တံခါးက Hedge ကို ပိုကြာစေတယ်၊
၉၃ အထိ တောက်လျှောက် လှည့်ဖို့လိုတာပါ။
ဒါပေမဲ့ သူ ဒါကို ပွင့်အောင်လုပ်ပြီး
ဘာကြောင့် Ethic ကို သူ ကယ်တင်ခဲ့တာကို
ရှင်းပြဖို့ အခွင့် ရအောင်ယူတယ်။
ကမ္ဘာမြေဟာ ဝရုန်းသုန်းကားထဲမှာ၊
စက်ရုပ်တွေက သိမ်းယူလိုက်တော့ အခြေအနေတွေ
နေသားကျအောင် Ethic ကပဲ လုပ်နိုင်တယ်။
ဒီလိုလုပ်ဖို့က
၏မြေပြင်မှာ ယုတ်ညံ့တဲ့
ရည်ရွယ်ချက်တွေအတွက်
သုံးနေတဲ့ အစွမ်းရှိတဲ့ ရှေးပစ္စည်း
သုံးခုကို သူတိူ သွားယူဖို့လိုတယ်။
ဒီအခါမှသာ အခြေအနေတွေ နေသားတကျဖြစ်ဖို့
ကမ္ဘာ့ စက်ယန္တရား "ဧရာမ ပုံဆောင်ခဲ"ဆီ
Ethic ပြန်လာနိုင်မှာပါ။
Ethic ဟာ ထောင်ကနေ
လွတ်မြောက်နိုင်လောက်ပေမဲ့
သူကိုယ်တိုင်ကတော့ ဘာဖြစ်သွားမလဲ။