1 00:00:09,205 --> 00:00:11,171 "တောင်းပန်ပါတယ်၊ ဖုန်းသေသွားလို့ပါ။" 2 00:00:11,195 --> 00:00:13,471 "ဘာမှမဖြစ်ပါဘူး။ ရပါတယ်။" 3 00:00:13,495 --> 00:00:16,723 "ဒီစွပ်စွဲချက်တွေက လုံးဝကို အခြေအမြစ်မရှိဘူး။" 4 00:00:16,747 --> 00:00:20,100 "ကုမ္ပဏီက မမှန်မကန်လုပ်တာကို သတိမပြုမိခဲ့ဘူး။" 5 00:00:21,210 --> 00:00:23,519 "မင်းကို ကိုယ်ချစ်တယ်။" 6 00:00:23,543 --> 00:00:26,387 နေရာတိုင်းမှာ တစ်နေ့ကို ၁၀ ခုကနေ ၁၀၀ အထိ မုသားတွေ ကြားရတယ်။ 7 00:00:26,411 --> 00:00:29,754 ဒါတွေကို ရှာဖွေဖို့ နည်းတွေရလာရင်း သမိုင်းရဲ့ အချိန်များစွာကုန်ခဲ့တယ်။ 8 00:00:29,778 --> 00:00:32,676 အလယ်ခေတ် နှိပ်စက်တဲ့ ကိရိယာတွေကနေ အလိမ်ဖော်စက်၊ 9 00:00:32,700 --> 00:00:36,018 သွေးဖိအား၊ အသက်ရှုပြ ကိရိယာတွေ အသံအဖိအဖေါ့ စိစစ်ရေးကိရိယာ၊ 10 00:00:36,042 --> 00:00:38,701 မျက်စိ ခြေရာခံစက်၊ အနီအောက် ဦးနှောက် စကင်နာတွေနဲ့ 11 00:00:38,725 --> 00:00:41,907 ပေါင် ၄၀၀ ဦးနှောက် လျှပ်စစ်တိုင်း ကိရိယာအထိတောင်ပါ။ 12 00:00:41,931 --> 00:00:45,066 ဒါပေမဲ့ ဒီလိုကိရိယာတွေဟာ တချို့ အခြေအနေတွေမှာ အလုပ်ဖြစ်ခဲ့ပေမယ့် 13 00:00:45,090 --> 00:00:48,045 အများစုဟာ အလုံအလောက် ပြင်ဆင်မှုနဲ့ လှည့်စားနိုင်ပြီး 14 00:00:48,069 --> 00:00:52,097 တရားရုံးမှာ လက်ခံနိုင်လောက်တဲ့အထိတော့ တစ်ခုမှ စိတ်ချရတယိလို့ ယူဆလို့မရဘူး။ 15 00:00:52,121 --> 00:00:54,641 ဒါပေမဲ့ ပြသနာက နည်းစနစ် တွေနဲ့ မဟုတ်ဘဲ မုသားပြောတာက 16 00:00:54,665 --> 00:00:59,042 ဇီဝကမ္မပြောင်းလဲမှုတွေကို လှုံ့ဆော်တယ် ဆိုတဲ့ ငုပ်နေတဲ့ ယူဆချက်ဆိုရင်ရော။ 17 00:00:59,066 --> 00:01:01,047 မုသားတွေကိုစိစစ်ဖို့ ဆက်သွယ်ရေးသိပ္ပံကို 18 00:01:01,071 --> 00:01:04,239 အသုံးပြုကာပိုတိုက်ရိုက်ကျတဲ့ နည်းလမ်းတစ်ခုကို သုံးမယ်ဆိုရင်ရော။ 19 00:01:05,146 --> 00:01:09,959 စိတ်ပိုင်းအဆင့်မှာ ပိုကောင်းတဲ့ ကိုယ့်ပုံ ကို ဆေးခြယ်ဖို့ တစ်ပိုင်းတစ်စ လိမ်က​ြတယ်။ 20 00:01:09,983 --> 00:01:12,835 ကိုယ်ဖြစ်နေတာထက် ကိုယ်ဖြစ်ချင်တဲ့ လူတစ်ဦးဆီ 21 00:01:12,859 --> 00:01:15,157 ကိုယ့်စိတ်ကူးအိပ်မက်တွေနဲ့ ဆက်စပ်တာပါ။ 22 00:01:15,181 --> 00:01:19,545 ဒါပေမဲ့ ဦးနှောက်က စိတ်ကူးနဲ့ အလုပ်ရှုပ်စဉ် အချက်ပြမှုများစွာကို လက်လွတ်ခံနေတယ်။ 23 00:01:19,569 --> 00:01:23,704 သတိရှိနေတဲ့ စိတ်ကပဲ ဆက်သွယ်မှု အပါအဝင် သိမြင်တတ်တဲ့ လုပ်ဆောင်မှုရဲ့ 24 00:01:23,728 --> 00:01:25,264 ၃% ကို ထိန်းချုပ်ပေးပေမဲ့ 25 00:01:25,288 --> 00:01:28,664 ကျန်တဲ့ ၉၇% ကတော့ သိရှိမှုအလွန်မှာ ဖြစ်ပျက်ပြီး 26 00:01:28,688 --> 00:01:31,850 ဒိဋ္ဌြဖစ်မှု စောင့်ကြည့်ခြင်း မှာရှိတဲ့ စာပေအရ 27 00:01:31,874 --> 00:01:34,212 စိတ်ကူး အတွေ့အကြုံတွေမှာ အခြေခံတဲ့ ဇာတ်လမ်းတွေဟာ 28 00:01:34,236 --> 00:01:38,093 တကယ့် အတွေ့အကြုံတွေမှာ အခြေခံ တာတွေနဲ့ အရည်အသွေးအရ ခြားနားပါတယ်။ 29 00:01:38,117 --> 00:01:42,119 ဒါက ညွှန်းတာက ကိုယ်ရေးကိုယ်တာ အကြောင်း ဇာတ်လမ်းတုတစ်ပုဒ်ဟာ အားထုတ်မှု လိုအပ်ပြီး 30 00:01:42,143 --> 00:01:45,036 ဘာသာစကား အသုံးပြုမှုရဲ့ ပုံစံကွဲတွေ အကျိုးဆက်ဖြစ်စေတာပါ။ 31 00:01:45,060 --> 00:01:48,207 ဘာသာဗေဒဆိုင်ရာ စာသား စိစစ်မှုလို့သိကြတဲ့ နည်းပညာတစ်ခုက 32 00:01:48,231 --> 00:01:50,931 လှည့်စားမှုရဲ့ မသိစိတ် ဘာသာစကားထဲက ဒီလို အတွေ့များတဲ့ 33 00:01:50,955 --> 00:01:53,161 ပုံစံလေးခုကို ဖော်ထုတ်ဖို့ ကူညီပေးထားတယ်။ 34 00:01:54,153 --> 00:01:58,473 ပထမ လူလိမ်တွေဟာ လှည့်စားတဲ့ ထွက်ဆိုချက်တွေ လုပ်တဲ့အခါ ကိုယ်တိုင် ရည်ညွှန်းတာ နည်းတယ်။ 35 00:01:58,497 --> 00:02:02,224 သူတို့ရဲ့မုသားကနေဝေးကွာဖို့၊ ကိုယ်တိုင် မပတ်သက်ဖို့ မကြာခဏ 36 00:02:02,248 --> 00:02:05,216 တတိယ နာမ်စားကိုသုံးရင်း သူများအကြောင်းကို ပိုရေး၊ ပိုပြောတယ်။ 37 00:02:05,240 --> 00:02:07,134 ဒါက ပိုပြီး လိမ်နေပုံပေါက်တယ်။ 38 00:02:07,158 --> 00:02:09,966 "ဒီအိမ်မှာ ဘာပါတီမှ မလုပ်ခဲ့တာ လုံးဝ မလုပ်ခဲ့ပါဘူးဆို။" 39 00:02:09,990 --> 00:02:11,845 (သို့) "ငါ ဒီမှာ ပါတီ မကျင်းပခဲ့ဘူး။" 40 00:02:13,178 --> 00:02:15,733 ဒုတိယက လူလိမ်တွေဟာ အပျက်သဘော ပိုဆန်တတ်ကြတယ်။ 41 00:02:15,757 --> 00:02:19,238 အကြောင်းက မသိစိတ် အဆင့်တစ်ခုမှာ လိမ်ညာတာအတွက် သူတို့ လိပ်ပြာမသန့်လိုပါ။ 42 00:02:19,262 --> 00:02:21,398 ဥပမာ လူလိမ်တစ်ယောက်ဟာ ဒီလို ပြောလောက်တယ်။ 43 00:02:21,422 --> 00:02:25,589 "တောင်းပန်ပါတယ်၊ ကျုပ်ရဲ့အသုံးမကျတဲ့ဖုန်းက သေသွားတယ်။ မုန်းဖို့ကောင်းလိုက်တာ။" 44 00:02:25,613 --> 00:02:28,853 တတိယ၊ လူလိမ်တွေဟာ အဖြစ်အပျက် တွေကို ဝေါဟာရ ရိုးရိုးနဲ့ ရှင်းပြတတ်တယ်။ 45 00:02:28,877 --> 00:02:31,976 ဦးနှောက်တွေက ရှုပ်ထွေးတဲ့ မုသား တစ်ခုကို ရုန်းကန် တည်ဆောက်ရတော့ 46 00:02:32,000 --> 00:02:33,305 ဆင်ခြင်မှုနဲ့ချင့်တွက်မှုဟာ 47 00:02:33,329 --> 00:02:36,159 ဦးနှောက်အတွက် တွက်ချက်ဖို့ ရှုပ်ထွေးတဲ့ အရာတွေပါ။ 48 00:02:36,183 --> 00:02:38,654 တစ်ခါက US သမ္မတတစ်ဦး လူသိရှင်ကြား မလျှော့တမ်းပြောသလို 49 00:02:38,678 --> 00:02:41,766 "ကျုပ် ဒီမိန်းမနဲ့ လိင်ပိုင်း ဆက်ဆံရေးတွေ မရှိခဲ့ဘူး"တဲ့။ 50 00:02:41,790 --> 00:02:44,659 နောက်ဆုံး လူလိမ်တွေဟာလှည့်စား တာကို ရိုးအောင် ထိန်းထားတာတောင် 51 00:02:44,683 --> 00:02:48,134 ပိုရှည်လျားပြီး ပိုရှုပ်ထွေးတဲ့ ဝါကျ တည်ဆောက်ပုံကို သုံးတတ်ကြတယ်။ 52 00:02:48,158 --> 00:02:49,740 လိမ်တာကို ကာမိဖို့ မလိုအပ်တဲ့ 53 00:02:49,764 --> 00:02:53,476 စကားလုံးတွေနဲ့ မဆိုင်ပေမဲ့ အဖြစ်မှန် ပုံပေါက်တဲ့ အသေးစိတ်တွေ ထည့်သွင်းရင်းပါ။ 54 00:02:53,500 --> 00:02:56,140 မကောင်း က​ြုံခဲ့ရတဲ့ နောက်ထပ် သမ္မတက ထုတ်ဖော်ပြောတာက 55 00:02:56,164 --> 00:02:59,510 "ပြတ်ပြတ်သားသား ကျုပ် ပြောနိုင်တာက ဒီစုံစမ်းစစ်ဆေးမှုက ဖော်ပြတာက 56 00:02:59,534 --> 00:03:01,297 အိမ်ဖြူတော် ဝန်ထမ်းထဲက ဘယ်သူမှ 57 00:03:01,321 --> 00:03:03,676 ဒီအုပ်ချုပ်ရေးမှာ လက်ရှိ ခန့်ထားသူ တစ်ယောက်မှ 58 00:03:03,700 --> 00:03:06,600 ဒီအင်မတန် ထူးဆန်းတဲ့ ဖြစ်ရပ်မှာ မပါဝင်ဘူးဆိုတာပါ။" 59 00:03:06,624 --> 00:03:10,164 ကျော်ကြားတဲ့ သာဓကတချို့အတွက် ဘာသာဗေဒ စိစစ်မှုကို အသုံးချကြည့်ရအောင်။ 60 00:03:10,188 --> 00:03:13,213 Tour de France ဆု ခုနှစ်ကြိမ်ရသူ Lance Armstrong ကို ကြည့်ပါ။ 61 00:03:13,237 --> 00:03:15,373 တားမြစ်ဆေးဝါး သုံးစွဲတာကို 62 00:03:15,397 --> 00:03:18,250 ငြင်းပယ်ထားတဲ့ ၂၀၀၅ တွေ့ဆုံမေးမြန်းမှု တစ်ခုကို 63 00:03:18,274 --> 00:03:21,188 သူ ဝန်ခံခဲ့တဲ့ ၂၀၁၃ တွေ့ဆုံမေးမြန်းမှုနဲ့ ယှဉ်ကြည့်ရင် 64 00:03:21,212 --> 00:03:25,168 သူ့ရဲ့ ကိုယ်ပိုင်နာမ်စား အသုံးပြုမှုဟာ လေးပုံသုံးပုံ နီးပါး တိုးသွားခဲ့တယ်။ 65 00:03:25,192 --> 00:03:27,835 အောက်ပါ စာကိုးနှစ်ခုကြားက ကွဲလွဲချက်ကို သတိပြုပါ။ 66 00:03:27,859 --> 00:03:32,146 ပထမ။ "ကောင်းပြီး၊ သိတဲ့အတိုင်း ပါရီ ဓာတ်ခွဲခန်း တစ်ခုမှာ 67 00:03:32,170 --> 00:03:36,107 ပြင်သစ်တစ်ကောင်က နမူနာကို ဖွင့်တယ်။ Jean-Francis ဆိုလားဗျာ၊ သူ စမ်းသပ်တယ်။ 68 00:03:36,131 --> 00:03:38,828 နောက်တော့ သတင်းစာတစ်စောင်ကနေ ဖုန်းဝင်လာပြီး ပြောတာက 69 00:03:38,853 --> 00:03:41,634 "ခင်ဗျားမှာ တရားမဝင်ဆေး ခြောက်ကြိမ်သုံးတာ တွေတယ်"တဲ့။ 70 00:03:43,129 --> 00:03:45,004 ဒုတိယ။"အားလုံးမှာ ကိုယ်တိုင် ရှုံးတယ်။ 71 00:03:45,028 --> 00:03:47,923 ဒါကို မကိုင်တွယ်နိုင်တဲ့ အခြားလူတွေ ရှိမယ်ဆိုတာ သေချာပေမဲ့ 72 00:03:47,947 --> 00:03:49,704 ကျုပ် မကိုင်တွယ်နိုင်ခဲ့တာ သေချာတယ်။ 73 00:03:49,728 --> 00:03:52,726 ကျုပ်ဘဝမှာ အရာရာကို ထိန်းချုပ်တဲ့အကျင့် ရှိခဲ့တယ်။ 74 00:03:52,750 --> 00:03:55,388 ကျုပ်ဘဝရဲ့ အကျိုးဆက်တိုင်းကို ထိန်းချုပ်ခဲ့တာပါ။" 75 00:03:55,412 --> 00:03:58,294 သူ့ငြင်းဆိုမှုမှာ Armstrong ဟာ အခြားတစ်ယောက်ကို အာရုံစိုက်ကာ 76 00:03:58,318 --> 00:04:00,297 အခြေအနေတစ်ခုလုံးကနေ သူ့ကိုယ်သူ ဖယ်ထားရင်း 77 00:04:00,321 --> 00:04:02,979 စိတ်ကူးသက်သက် အခြေအနေတစ်ခုကို သရုပ်ဖော်ခဲ့တယ်။ 78 00:04:03,003 --> 00:04:04,956 သူ့ဝန်ခံချက်မှာတော့ သူ့ကိုယ်ရေးကိုယ်တာ 79 00:04:04,980 --> 00:04:08,585 ခံစားချက်တွေ၊ နှိုးဆော်မှုတွေကို နှိုက်ရှာ ရင်း ထုတ်ဖော်ချက်တွေကို ဝန်ခံတယ်။ 80 00:04:08,609 --> 00:04:12,552 ဒါပေမဲ့ ကိုယ်ပိုင် နာမ်စား အသုံးပြုမှုက လှည့်စားမှုရဲ့ အညွှန်းကိန်းတစ်ခုပါ။ 81 00:04:12,576 --> 00:04:14,885 လွှတ်တော်အမတ်ဟောင်းတစ်ဦးနဲ့ အမေရိကန်သမ္မတလောင်း 82 00:04:14,909 --> 00:04:18,137 John Edwards ရဲ့ နောက်ထပ် သာဓကတစ်ခုကို ကြည့်ကြရအောင်။ 83 00:04:18,161 --> 00:04:20,740 "သူဟာ ကလေးရဲ့ အဖေဖြစ်တယ်လို့ လူသိရှင်ကြားပြောတဲ့ 84 00:04:20,764 --> 00:04:22,654 အဖေလို့ ထင်ရတာကိုပဲ ကျုပ်သိတယ်။ 85 00:04:22,678 --> 00:04:25,690 ဒီမိန်းမ(သို့) ကလေးရဲ့ အဖေလို့ ထင်ရတာကို ပန်ကြားတဲ့၊ သဘောတူတဲ့ 86 00:04:25,714 --> 00:04:29,148 ထောက်ပံတဲ့ငွေးပေးချေမှု တစ်မျိုးမျိုးရဲ့ ဖော်ပြချက် 87 00:04:29,172 --> 00:04:32,353 တစ်ခုခုရဲ့လုပ်ဆောင်မှု တစ်ခုခုနဲ့မှလည်း ကျုပ် မပတ်သက်ဘူး။" 88 00:04:32,377 --> 00:04:36,396 ဒါက ဒါ ကျုပ်ရဲ့ကလေးမဟုတ်ဘူး"လို့ ပြောဖို့ ကို အတော်လေး ရှည်လျား၊ ဝေ့လည်နေရုံမက 89 00:04:36,420 --> 00:04:39,306 Edwards ဟာ အခြားသူတွေကိုလည်း လုံးဝကို အမည်ဖော် မပြောတာပါ။ 90 00:04:39,330 --> 00:04:43,139 ဒီအစား "ဒီကလေး" "ဒီမိန်းမ"နဲ့ "အဖေလို့ ထင်ရတဲ့"လို့ ပြောသွားတယ်။ 91 00:04:43,163 --> 00:04:46,192 နောက်ပိုင်း ဖခင်အဖြစ် ဝန်ခံတော့ သူ ပြောဖို့လိုတာကို ကြည့်ရအောင်။ 92 00:04:46,216 --> 00:04:47,743 "ကျုပ်က Quinn ရဲ့ အဖေပါ။ 93 00:04:47,767 --> 00:04:50,024 မေတ္တာနဲ့ သူ့ကိုထောက်ပံ့ဖို့ အစွမ်းရှိသမျှ 94 00:04:50,048 --> 00:04:52,141 လုပ်ကာ သူ ထိုက်တန်တာကို ပံ့ပိုးပေးမယ်။" 95 00:04:53,066 --> 00:04:54,744 ဒီပြောဆိုမှုက တိုပြီး ပွင့်လင်းတယ်။ 96 00:04:54,768 --> 00:04:58,303 ကလေးကို အမည်တပ်ခေါ်ပြီး ကလေးဘဝထဲက သူ့ကဏ္ဍကို ဖော်ပြခြင်းပါ။ 97 00:04:58,327 --> 00:05:01,534 ဒီတော့ ဒီမုသားဖော်တဲ့ နည်းတွေကို သင့်ဘဝမှာ ဘယ်လို သုံးနိုင်လဲ။ 98 00:05:01,558 --> 00:05:05,195 ပထမ၊ ကျွန်ုပ်တို့ နေ့စဉ် ကြုံရတဲ့ များစွာ သော မုသားတွေဟာ ဒီသာဓကတွေလောက် 99 00:05:05,219 --> 00:05:09,820 အပြင်းအထန် မဟုတ်ဘူးဆိုတာနဲ့ ထိခိုက်နစ်မှုတောင် မရှိနိုင်တာကို သတိရပါ။ 100 00:05:09,844 --> 00:05:12,504 ဒါပေမဲ့ ဖော်ကောင် သဲလွန်စတွေကို သတိပြုထိုက်သေးတယ်လေ။ 101 00:05:12,528 --> 00:05:16,216 ဥပမာ အသေးစား ကိုယ့်ကိုယ်ကို ညွှန်းတာတို့၊ အပျက်သဘော ဘာသာစကားတို့၊ 102 00:05:16,240 --> 00:05:18,643 ရိုးတဲ့ ရှင်းလင်းချက်တွေ ရှုပ်ထွေးတဲ့အဖြတ်အရပ်တွေပါ 103 00:05:19,759 --> 00:05:22,819 ဒါက မတန်တဆ တန်ဖိုးဖြတ်ထားတဲ့ပစ္စည်း၊ မထိရောက်တဲ့ ထုတ်ကုန်တစ်ခုနဲ့ 104 00:05:22,843 --> 00:05:25,758 ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခုကိုတောင် ရှောင်ဖို့ ကူညီနိုင်ပါတယ်။