"တောင်းပန်ပါတယ်၊ ဖုန်းသေသွားလို့ပါ။"
"ဘာမှမဖြစ်ပါဘူး။ ရပါတယ်။"
"ဒီစွပ်စွဲချက်တွေက လုံးဝကို
အခြေအမြစ်မရှိဘူး။"
"ကုမ္ပဏီက မမှန်မကန်လုပ်တာကို
သတိမပြုမိခဲ့ဘူး။"
"မင်းကို ကိုယ်ချစ်တယ်။"
နေရာတိုင်းမှာ တစ်နေ့ကို ၁၀ ခုကနေ
၁၀၀ အထိ မုသားတွေ ကြားရတယ်။
ဒါတွေကို ရှာဖွေဖို့ နည်းတွေရလာရင်း
သမိုင်းရဲ့ အချိန်များစွာကုန်ခဲ့တယ်။
အလယ်ခေတ် နှိပ်စက်တဲ့ ကိရိယာတွေကနေ
အလိမ်ဖော်စက်၊
သွေးဖိအား၊ အသက်ရှုပြ ကိရိယာတွေ
အသံအဖိအဖေါ့ စိစစ်ရေးကိရိယာ၊
မျက်စိ ခြေရာခံစက်၊ အနီအောက်
ဦးနှောက် စကင်နာတွေနဲ့
ပေါင် ၄၀၀ ဦးနှောက် လျှပ်စစ်တိုင်း
ကိရိယာအထိတောင်ပါ။
ဒါပေမဲ့ ဒီလိုကိရိယာတွေဟာ တချို့
အခြေအနေတွေမှာ အလုပ်ဖြစ်ခဲ့ပေမယ့်
အများစုဟာ အလုံအလောက် ပြင်ဆင်မှုနဲ့
လှည့်စားနိုင်ပြီး
တရားရုံးမှာ လက်ခံနိုင်လောက်တဲ့အထိတော့
တစ်ခုမှ စိတ်ချရတယိလို့ ယူဆလို့မရဘူး။
ဒါပေမဲ့ ပြသနာက နည်းစနစ်
တွေနဲ့ မဟုတ်ဘဲ မုသားပြောတာက
ဇီဝကမ္မပြောင်းလဲမှုတွေကို လှုံ့ဆော်တယ်
ဆိုတဲ့ ငုပ်နေတဲ့ ယူဆချက်ဆိုရင်ရော။
မုသားတွေကိုစိစစ်ဖို့ ဆက်သွယ်ရေးသိပ္ပံကို
အသုံးပြုကာပိုတိုက်ရိုက်ကျတဲ့
နည်းလမ်းတစ်ခုကို သုံးမယ်ဆိုရင်ရော။
စိတ်ပိုင်းအဆင့်မှာ ပိုကောင်းတဲ့ ကိုယ့်ပုံ
ကို ဆေးခြယ်ဖို့ တစ်ပိုင်းတစ်စ လိမ်ကြတယ်။
ကိုယ်ဖြစ်နေတာထက်
ကိုယ်ဖြစ်ချင်တဲ့ လူတစ်ဦးဆီ
ကိုယ့်စိတ်ကူးအိပ်မက်တွေနဲ့ ဆက်စပ်တာပါ။
ဒါပေမဲ့ ဦးနှောက်က စိတ်ကူးနဲ့ အလုပ်ရှုပ်စဉ်
အချက်ပြမှုများစွာကို လက်လွတ်ခံနေတယ်။
သတိရှိနေတဲ့ စိတ်ကပဲ ဆက်သွယ်မှု အပါအဝင်
သိမြင်တတ်တဲ့ လုပ်ဆောင်မှုရဲ့
၃% ကို ထိန်းချုပ်ပေးပေမဲ့
ကျန်တဲ့ ၉၇% ကတော့
သိရှိမှုအလွန်မှာ ဖြစ်ပျက်ပြီး
ဒိဋ္ဌြဖစ်မှု စောင့်ကြည့်ခြင်း
မှာရှိတဲ့ စာပေအရ
စိတ်ကူး အတွေ့အကြုံတွေမှာ အခြေခံတဲ့
ဇာတ်လမ်းတွေဟာ
တကယ့် အတွေ့အကြုံတွေမှာ အခြေခံ
တာတွေနဲ့ အရည်အသွေးအရ ခြားနားပါတယ်။
ဒါက ညွှန်းတာက ကိုယ်ရေးကိုယ်တာ အကြောင်း
ဇာတ်လမ်းတုတစ်ပုဒ်ဟာ အားထုတ်မှု လိုအပ်ပြီး
ဘာသာစကား အသုံးပြုမှုရဲ့ ပုံစံကွဲတွေ
အကျိုးဆက်ဖြစ်စေတာပါ။
ဘာသာဗေဒဆိုင်ရာ စာသား စိစစ်မှုလို့သိကြတဲ့
နည်းပညာတစ်ခုက
လှည့်စားမှုရဲ့ မသိစိတ် ဘာသာစကားထဲက
ဒီလို အတွေ့များတဲ့
ပုံစံလေးခုကို ဖော်ထုတ်ဖို့ ကူညီပေးထားတယ်။
ပထမ လူလိမ်တွေဟာ လှည့်စားတဲ့ ထွက်ဆိုချက်တွေ
လုပ်တဲ့အခါ ကိုယ်တိုင် ရည်ညွှန်းတာ နည်းတယ်။
သူတို့ရဲ့မုသားကနေဝေးကွာဖို့၊
ကိုယ်တိုင် မပတ်သက်ဖို့ မကြာခဏ
တတိယ နာမ်စားကိုသုံးရင်း
သူများအကြောင်းကို ပိုရေး၊ ပိုပြောတယ်။
ဒါက ပိုပြီး လိမ်နေပုံပေါက်တယ်။
"ဒီအိမ်မှာ ဘာပါတီမှ မလုပ်ခဲ့တာ
လုံးဝ မလုပ်ခဲ့ပါဘူးဆို။"
(သို့) "ငါ ဒီမှာ ပါတီ မကျင်းပခဲ့ဘူး။"
ဒုတိယက လူလိမ်တွေဟာ အပျက်သဘော
ပိုဆန်တတ်ကြတယ်။
အကြောင်းက မသိစိတ် အဆင့်တစ်ခုမှာ
လိမ်ညာတာအတွက် သူတို့ လိပ်ပြာမသန့်လိုပါ။
ဥပမာ လူလိမ်တစ်ယောက်ဟာ
ဒီလို ပြောလောက်တယ်။
"တောင်းပန်ပါတယ်၊ ကျုပ်ရဲ့အသုံးမကျတဲ့ဖုန်းက
သေသွားတယ်။ မုန်းဖို့ကောင်းလိုက်တာ။"
တတိယ၊ လူလိမ်တွေဟာ အဖြစ်အပျက်
တွေကို ဝေါဟာရ ရိုးရိုးနဲ့ ရှင်းပြတတ်တယ်။
ဦးနှောက်တွေက ရှုပ်ထွေးတဲ့ မုသား
တစ်ခုကို ရုန်းကန် တည်ဆောက်ရတော့
ဆင်ခြင်မှုနဲ့ချင့်တွက်မှုဟာ
ဦးနှောက်အတွက် တွက်ချက်ဖို့
ရှုပ်ထွေးတဲ့ အရာတွေပါ။
တစ်ခါက US သမ္မတတစ်ဦး
လူသိရှင်ကြား မလျှော့တမ်းပြောသလို
"ကျုပ် ဒီမိန်းမနဲ့ လိင်ပိုင်း ဆက်ဆံရေးတွေ
မရှိခဲ့ဘူး"တဲ့။
နောက်ဆုံး လူလိမ်တွေဟာလှည့်စား
တာကို ရိုးအောင် ထိန်းထားတာတောင်
ပိုရှည်လျားပြီး ပိုရှုပ်ထွေးတဲ့ ဝါကျ
တည်ဆောက်ပုံကို သုံးတတ်ကြတယ်။
လိမ်တာကို ကာမိဖို့ မလိုအပ်တဲ့
စကားလုံးတွေနဲ့ မဆိုင်ပေမဲ့ အဖြစ်မှန်
ပုံပေါက်တဲ့ အသေးစိတ်တွေ ထည့်သွင်းရင်းပါ။
မကောင်း ကြုံခဲ့ရတဲ့ နောက်ထပ်
သမ္မတက ထုတ်ဖော်ပြောတာက
"ပြတ်ပြတ်သားသား ကျုပ် ပြောနိုင်တာက
ဒီစုံစမ်းစစ်ဆေးမှုက ဖော်ပြတာက
အိမ်ဖြူတော် ဝန်ထမ်းထဲက ဘယ်သူမှ
ဒီအုပ်ချုပ်ရေးမှာ လက်ရှိ ခန့်ထားသူ
တစ်ယောက်မှ
ဒီအင်မတန် ထူးဆန်းတဲ့
ဖြစ်ရပ်မှာ မပါဝင်ဘူးဆိုတာပါ။"
ကျော်ကြားတဲ့ သာဓကတချို့အတွက်
ဘာသာဗေဒ စိစစ်မှုကို အသုံးချကြည့်ရအောင်။
Tour de France ဆု ခုနှစ်ကြိမ်ရသူ
Lance Armstrong ကို ကြည့်ပါ။
တားမြစ်ဆေးဝါး သုံးစွဲတာကို
ငြင်းပယ်ထားတဲ့ ၂၀၀၅ တွေ့ဆုံမေးမြန်းမှု
တစ်ခုကို
သူ ဝန်ခံခဲ့တဲ့ ၂၀၁၃
တွေ့ဆုံမေးမြန်းမှုနဲ့ ယှဉ်ကြည့်ရင်
သူ့ရဲ့ ကိုယ်ပိုင်နာမ်စား အသုံးပြုမှုဟာ
လေးပုံသုံးပုံ နီးပါး တိုးသွားခဲ့တယ်။
အောက်ပါ စာကိုးနှစ်ခုကြားက
ကွဲလွဲချက်ကို သတိပြုပါ။
ပထမ။ "ကောင်းပြီး၊ သိတဲ့အတိုင်း
ပါရီ ဓာတ်ခွဲခန်း တစ်ခုမှာ
ပြင်သစ်တစ်ကောင်က နမူနာကို ဖွင့်တယ်။
Jean-Francis ဆိုလားဗျာ၊ သူ စမ်းသပ်တယ်။
နောက်တော့ သတင်းစာတစ်စောင်ကနေ
ဖုန်းဝင်လာပြီး ပြောတာက
"ခင်ဗျားမှာ တရားမဝင်ဆေး
ခြောက်ကြိမ်သုံးတာ တွေတယ်"တဲ့။
ဒုတိယ။"အားလုံးမှာ ကိုယ်တိုင် ရှုံးတယ်။
ဒါကို မကိုင်တွယ်နိုင်တဲ့ အခြားလူတွေ
ရှိမယ်ဆိုတာ သေချာပေမဲ့
ကျုပ် မကိုင်တွယ်နိုင်ခဲ့တာ သေချာတယ်။
ကျုပ်ဘဝမှာ အရာရာကို
ထိန်းချုပ်တဲ့အကျင့် ရှိခဲ့တယ်။
ကျုပ်ဘဝရဲ့ အကျိုးဆက်တိုင်းကို
ထိန်းချုပ်ခဲ့တာပါ။"
သူ့ငြင်းဆိုမှုမှာ Armstrong ဟာ
အခြားတစ်ယောက်ကို အာရုံစိုက်ကာ
အခြေအနေတစ်ခုလုံးကနေ သူ့ကိုယ်သူ ဖယ်ထားရင်း
စိတ်ကူးသက်သက်
အခြေအနေတစ်ခုကို သရုပ်ဖော်ခဲ့တယ်။
သူ့ဝန်ခံချက်မှာတော့ သူ့ကိုယ်ရေးကိုယ်တာ
ခံစားချက်တွေ၊ နှိုးဆော်မှုတွေကို နှိုက်ရှာ
ရင်း ထုတ်ဖော်ချက်တွေကို ဝန်ခံတယ်။
ဒါပေမဲ့ ကိုယ်ပိုင် နာမ်စား အသုံးပြုမှုက
လှည့်စားမှုရဲ့ အညွှန်းကိန်းတစ်ခုပါ။
လွှတ်တော်အမတ်ဟောင်းတစ်ဦးနဲ့
အမေရိကန်သမ္မတလောင်း
John Edwards ရဲ့ နောက်ထပ်
သာဓကတစ်ခုကို ကြည့်ကြရအောင်။
"သူဟာ ကလေးရဲ့ အဖေဖြစ်တယ်လို့
လူသိရှင်ကြားပြောတဲ့
အဖေလို့ ထင်ရတာကိုပဲ ကျုပ်သိတယ်။
ဒီမိန်းမ(သို့) ကလေးရဲ့ အဖေလို့ ထင်ရတာကို
ပန်ကြားတဲ့၊ သဘောတူတဲ့
ထောက်ပံတဲ့ငွေးပေးချေမှု
တစ်မျိုးမျိုးရဲ့ ဖော်ပြချက်
တစ်ခုခုရဲ့လုပ်ဆောင်မှု တစ်ခုခုနဲ့မှလည်း
ကျုပ် မပတ်သက်ဘူး။"
ဒါက ဒါ ကျုပ်ရဲ့ကလေးမဟုတ်ဘူး"လို့ ပြောဖို့
ကို အတော်လေး ရှည်လျား၊ ဝေ့လည်နေရုံမက
Edwards ဟာ အခြားသူတွေကိုလည်း
လုံးဝကို အမည်ဖော် မပြောတာပါ။
ဒီအစား "ဒီကလေး" "ဒီမိန်းမ"နဲ့
"အဖေလို့ ထင်ရတဲ့"လို့ ပြောသွားတယ်။
နောက်ပိုင်း ဖခင်အဖြစ် ဝန်ခံတော့
သူ ပြောဖို့လိုတာကို ကြည့်ရအောင်။
"ကျုပ်က Quinn ရဲ့ အဖေပါ။
မေတ္တာနဲ့ သူ့ကိုထောက်ပံ့ဖို့ အစွမ်းရှိသမျှ
လုပ်ကာ သူ ထိုက်တန်တာကို ပံ့ပိုးပေးမယ်။"
ဒီပြောဆိုမှုက တိုပြီး ပွင့်လင်းတယ်။
ကလေးကို အမည်တပ်ခေါ်ပြီး
ကလေးဘဝထဲက သူ့ကဏ္ဍကို ဖော်ပြခြင်းပါ။
ဒီတော့ ဒီမုသားဖော်တဲ့ နည်းတွေကို
သင့်ဘဝမှာ ဘယ်လို သုံးနိုင်လဲ။
ပထမ၊ ကျွန်ုပ်တို့ နေ့စဉ် ကြုံရတဲ့ များစွာ
သော မုသားတွေဟာ ဒီသာဓကတွေလောက်
အပြင်းအထန် မဟုတ်ဘူးဆိုတာနဲ့
ထိခိုက်နစ်မှုတောင် မရှိနိုင်တာကို သတိရပါ။
ဒါပေမဲ့ ဖော်ကောင် သဲလွန်စတွေကို
သတိပြုထိုက်သေးတယ်လေ။
ဥပမာ အသေးစား ကိုယ့်ကိုယ်ကို ညွှန်းတာတို့၊
အပျက်သဘော ဘာသာစကားတို့၊
ရိုးတဲ့ ရှင်းလင်းချက်တွေ
ရှုပ်ထွေးတဲ့အဖြတ်အရပ်တွေပါ
ဒါက မတန်တဆ တန်ဖိုးဖြတ်ထားတဲ့ပစ္စည်း၊
မထိရောက်တဲ့ ထုတ်ကုန်တစ်ခုနဲ့
ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခုကိုတောင်
ရှောင်ဖို့ ကူညီနိုင်ပါတယ်။