ဝ.၃၆ကို အပိုင်းကိန်းလို ရေးရအောင် . . . နည်းလမ်း အမျိုးမျိုး ရှိပါတယ်။ ကျွန်တော် ကြိုက်တဲ့ နည်းကတော့ ၀.၃၆ က ၁၀၀ ပိုင်း ၃၆ပိုင်းနဲ့တူပါတယ်။ ဒါမှမဟုတ် ဒါက ရာဂဏန်းနေရာမှာ ရှိသည်။ ဒါက ဆယ် ဂဏန်းနေရာမှာ ရှိတယ်။ ၁၀ပိုင်း ၃ ပိုင်းလို့ မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ၃၆ အစား ၁၀၀ (သို့) ၃၆ပိုင်း ၁၀၀ပိုင်း နှင့် ညီပါတယ်။ အပိုင်းကိန်းလို ရေးပြပြီးသွားတဲ့နောက်မှာတော့ ရှင်းရပါမယ်။ ၃၆ နှင့် ၁၀၀ မှာ ဘုံဆခွဲကိန်း ရှိပါတယ်။ နှစ်ခုစလုံးကို ၄နဲ့ စားနိုင်းပါတယ် . . အဲ့ဒါကြောင့် ပိုင်းဝေနဲ့ပိုင်းခြေကို လေးနဲ့ စားပါမယ်။ တန်ဖိုးကတော့ မပြောင်းသွားပါဘူး။ ၃၆ ကို ၄ နဲ့ စားတော့ ၉ ရပါတယ်။ ၁၀၀ ကို ၄ နဲ့ စားတော့ ၂၅ ရပါတယ်။ ၉ နဲ့ ၂၅ နှစ်ခုလုံးမှာ ဘုံဆခွဲကိန်း မရှိတဲ့အတွက်ကြောင့် ဒါကတော့ အရှင်းဆုံးကိန်း ဖြစ်သွားပါပြီ။