မျိုးပွားဆဲလ်ကွဲခြင်း (Meiosis) ဗီဒီယို အပြီးမှာ တို့ဆီမှာ
မျိုးဥ နှစ်လုံး ကျန်ခဲ့တယ်။
အဖို သုတ်ပိုး တစ်ကောင် နဲ့ အမ သားဥ တစ်လုံး တို့ပေါ့။
အခု သုတ်ပိုး တစ်ကောင်ပုံ ဆွဲလိုက်မယ်။
ဒီတော့ အခု မင်းတို့ဆီမှာ သုတ်ပိုးတစ်ကောင်ရယ် သားဥတစ်လုံးရယ် ရှိနေပြီ။
သားဥ ပုံကို အရောင်းပြောင်းဆွဲလိုက်မယ်။
ဒါက သားဥ တစ်လုံးပဲ။ နောက် ဘာဆက်ဖြစ်သလဲဆိုတော့ ကျုပ်တို့ သိကြတယ့်အတိုင်း
သုတ်ပိုးနဲ့ သားဥတို့ မျိုးပေါင်းလိုက်ကြတယ်။
နောက်တော့ ဆင့်ကဲ ဖြစ်စဉ်တွေ ဖြစ်လာတော့တာပေါ့။
သားဥရဲ့ နံရံဟာ တစ်ခြားသော သုတ်ပိုးတွေ မဖောက်နိုင်တော့တာကြောင့်
သုတ်ပိုးတစ်ကောင်ပဲ ဝင်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းက
ဒီဗီဒီယိုရဲ့ ဦးတည်ချက်တော့ မဟုတ်ပါဘူး။
တကယ့် ဦးတည်ချက်ကတော့မျိုးအောင်သွားတယ့် သားဥတစ်လုံးကနေ
သားလောင်း (Zygote) ဖြစ်ပြီး ဘယ်လို ဖွံ့ဖြိုးလာတယ် ဆိုတာပါပဲ။
မျိုးအောင်ပြီးတယ့်နောက်မှာ မျိုးပွားဆဲလ်ကွဲခြင်း ဗီဒီယို ထဲမှာ ဖော်ပြခဲ့သလို
မျိုးဥ တစ်လုံးစီမှာ မျိုးဗီဇတစ်ဝက် (Haploid)
( Haploid မှာ "i" တစ်လုံးပိုသွားတယ်)
ဒါမှမဟုတ် သာမန်ဆဲလ်တစ်လုံးမှာ ရှိတယ့်
ဒီအင်အေ (DNA) ပမာဏ ရဲ့ တစ်ဝက်ပဲ ရှိနေတယ်။
(Haploid)
ဒါပေမယ့် သုတ်ပိုးနဲ့ သားဥတို့ ပေါင်းစပ်လိုက်ချိန်တယ့်အချိန်
ချက်ချင်းမှာပဲ မျိုးဗီဇအပြည့် (Diploid) ဖြစ်လာတယ်။
(ဒီလို လုပ်ရအောင်)
( အရောင် ကောင်းတာလေးတစ်ခု ရွေးလိုက်ဦးမယ်။)
ဒီတော့တို့တွေဆီမှာရှိတယ့် မျိုးဗီဇအပြည့် (Diploid) သန္ဓေသားဟာ
မျိုးဥတွေရဲ့ နှစ်ဆ (2N) ရှိတယ့် ဒီအင်အေ ပမာဏ
ဒါမှမဟုတ် လူ့ခန္ဓာကိုယ်ရဲ့ ပုံမှန်ဆဲလ်တစ်ခုမှာ ရှိသင့်တယ့် ဖွဲ့စည်းမှု ပြည့်ပြည့်စုံစုံ ရှိလာတယ်။
ဒီတော့ ဒါဟာ (Diploid), ဒါဟာ သားလောင်း (Zygote)
တစ်နည်းခေါ်ကြမယ်ဆိုရင် မျိုးအောင်ထားတယ့် သားဥပေါ့။
အခုဆိုရင် သက်ရှိတစ်ခု ဖြစ်လာဖို့ လိုအပ်ချက်တွေ အားလုံး
ပြည့်စုံသွားပြီ ဖြစ်တယ်။
မျိုးအောင်ပြီး ချက်ချင်းဆိုသလိုမှာပဲ
သန္ဓေသားဆဲလ်လေးဟာ စပြီး ကွဲအက်လာပါတယ်။
ဒါဟာ ပုံမှန်ဆဲလ်ပွားခြင်း (Mitosis) ပါပဲ။ ဒါဟာ ဖြစ်စဉ်တစ်ရပ် ပါပဲ။ ဒါပေမယ့်
ဆဲလ်အရွယ်အစားတော့ သိသိသာသာ ကြီးမလာပါဘူး။
အခု ဒီမှာ ရှိနေတယ့် သန္ဓေသားဆဲလ်လေးဟာ
ပုံမှန်ဆဲလ်ကွဲခြင်း ကို သုံးပြီး အခုလို နှစ်ခု ဖြစ်လာတယ်။
ဒီတစ်ခုဆီမှာလည်း ဗီဇအပြည့် (2N) ပါနေသလို သူတို့က ထပ်ပြီး
လေးခု အဖြစ် အခုလို ကွဲသွားပါတယ်။
သူတို့တစ်ခုချင်းစီမှာ ရှိတယ့် ဗီဇ ဖွဲ့စည်းပုံဟာ
ပထမဆုံး သားလောင်းဆဲလ်နဲ့ တစ်ထပ်တည်း တူသလို ဆက်ပြီးလည်း ကွဲပွားနေဆဲပါပဲ။
အခု သည်မှာတွေ့နေရတယ့် ဆဲလ်အစုလိုက်ကြီးကို
မော်ရူလာ (Morula) လို့ စခေါ်ပါတယ်။
တကယ်တော့ ဒီစကားဟာ မာဘယ်ရီ (Mulberry) ဆိုတယ့် စကားလုံးကနေ ဆင်းသက်လာတာပါ။
ဘာဖြစ်လို့လဲဆိုတော့ မာဘယ်ရီသီးနဲ့ ပုံစံတူနေလို့ပါ။
ဒီတော့ နည်းနည်းလောက် ပြန်ရှင်းကြရအောင်
ဘာလို့လဲဆိုတော့ ကျုပ်တို့ ဒီကနေ စပြောမှာ မဟုတ်လို့ဘဲ။
သန္ဓေသား (Zygote) ကနေ စကြတာပေါ့။
ဒါဟာ မျိုးအောင်ထားတယ့် သားဥတစ်လုံးပေါ့။
သူဟာ ပုံမှန်ဆဲလ်ကွဲခြင်း (Mitosis) ကို သုံးပြီး ဆဲလ်ကွဲလာ
ဆဲလ်အစုအလုံးကြီး ဖြစ်လာတယ့်အထိပေါ့။
ဆဲလ်ပမာဏက နှစ်ရဲ့ ထပ်ကိန်းနှုန်းလောက်ရှိတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဆဲလ်တွေဟာ (အနည်းဆုံး အစောပိုင်း အဆင့်တွေမှာ) တစ်ပြိုင်တည်း ကွဲထွက်နေကြလို့ပါပဲ။
နောက်တော့ ဒီ မော်ရူလာ (Morula) လေး ရလာတယ်။
အခု မော်ရူလာ လေး ဆဲလ် ၁၆လုံး နဲ့ အထက် ဖြစ်လာတယ့်အခါ
အချိန်အားဖြင့် လေး ငါးရက် ရှိလာတယ်။
ဒါဟာ အတိအကျ ဖြစ်စဉ်တော့ မဟုတ်ဘူးပေါ့။ သူတို့ဟာ
နည်းနည်းချင်း ပြောင်းလဲလာတယ်။ အပေါ်ဆုံးက ဆဲလ်တွေက
အလုံးတစ်လုံးလို ဖြစ်လာတယ်။
( ဒီမှာ အလုံးတစ်လုံးနဲ့ ပိုတူအောင် ဆွဲကြည့်လိုက်မယ်)
ဒီတော့ သူက စပြီး ပြောင်းလဲလာနေပြီ။
(အပြင်ဘက် ဆဲလ်လေးတွေ ဆွဲလိုက်မယ်)
ဒါကတော့ သူ့ရဲ့ ကန့်လန့်ဖြတ် မြင်ကွင်းပေါ့။
သူဟာ တကယ်ပဲ အလုံးတစ်လုံးနဲ့ ပိုပြီး တူလာနေတယ်။
ဒါက အပြင်ဆဲလ်တွေ၊ နောက်ပြီး သည် အတွင်းသားဆဲလ်တွေလည်း
အတွင်းဘက်ထဲမှာ ရှိနေတယ်။
ဟောဒီ့ အပြင်ဘက်ဆဲလ်တွေကို Trophoblast လို့ ခေါ်တယ်။
(မတူတယ့် အရောင်နဲ့ ရေးရမယ်။)
(နည်းနည်း ရွှေ့လိုက်ဦးမယ်။)
(အဲဒီ့ဘက်မှာ ဆက်မရေးချင်ဘူး။)
အခုပြောမယ့် အတွင်းသားဆဲလ်တွေဟာ
အခု ဗီဒီယိုရဲ့ အဓိက အစိတ်အပိုင်းဖြစ်တယ်။
(နည်းနည်း အောက်ကို ရွှေ့လိုက်မယ်။)
(သင့်တော်တယ့် အရောင် ရွေးရမယ်။)
အတွင်းဆဲလ်လေးတွေကို Embryoblast လို့ ခေါ်တယ်။
နောက်ပိုင်း ဘာဖြစ်လာသလဲဆိုတော့ အရည်တစ်ချို့ဟာ
စတင်ပြီး ဝင်လာတယ်။
Embryoblast နဲ့ Trophoblast ရဲ့ ကြားထဲကိုပေါ့။
ဒီထဲမှာ အရည်တစ်ချို့ ရှိလာတယ့်အတွက်
မော်ရူလာ ဟာ ဒီလိုလေး ဖြစ်သွားတယ်။
အပြင်ဆုံးအလွှာ ဖြစ်တယ့် Trophoblast က ဒီလောက်ကြီးတယ့်
ဆဲလ်လုံးကြီး ဖြစ်လာတယ်။
ဆဲလ်တွေက အဆက်မပြတ် ကွဲပွားနေတာကြောင့် ဒီလိုတွေ ဖြစ်လာတယ်။
Mitosis ဖြစ်စဉ်ကြောင့် Trophoblast က
ဒီလိုပုံစံဖြစ်လာတယ်။ Embryoblast ကလည်း
ဒီလိုပုံ ဖြစ်လာတယ်။
Embryoblast ကို.... (ဒါက Embryoblast ပေါ့)
တစ်ခါတစ်လေ အတွင်းသားဆဲလ် ( Inner cell mass)လို့ ခေါ်ကြတယ်။
ဒီမှာ ချရေးလိုက်မယ်။
ဒါကတော့ သက်ရှိတစ်ခု အဖြစ် ပြောင်းလဲလာမယ့် အရာလေးပါပဲ။
အခု ဒီက အသုံးအနှုန်းလေးတွေကို သိလောက်ပြီထင်ပါတယ်။
ကျွန်တော်တို့က နို့တိုက်သတ္တဝါ အကြောင်းပြောနေကြတာဖြစ်ပြီး
ကျွန်တော်တို့ကလည်း နို့တိုက်သတ္တဝါတွေ ဖြစ်တာကြောင့်
မော်ရူလာကနေ ဖြစ်လာတယ့်အရာကို မော်ရူလာလို့ပဲ မခေါ်ဘဲ Zygote လို့ ခေါ်ရတယ်။
မော်ရူလာရဲ့ ဆဲလ်ကနေ စတင်ပြီး ပြောင်းလဲ ဖြစ်ပေါ်လာတာတွေကတော့
အပြငိပိုင်းဆဲလ်ဖြစ်တယ့် Trophoblast ရယ်
Embryoblast ရယ် တို့ ဖြစ်တယ်။ နောက်ပြီး ဟောဒီ့က နေရာလေး
အရည်ပဲရှိတယ့် နေရာလေးကို
Blastocoel လို့ ခေါ်တယ်။
(Blastocoel ထဲက coel ဆိုတယ့် စာလုံးကတော့ တော်တော်ကို
နားလည်ရခက်တယ်)
ဒီဟာတွေ ဖြစ်လာပြီးနောက်မှာတော့ Blastocyst လို့ ခေါ်လာကြတယ်။
သည် တစ်ခုလုံးကို ခြုံပြီး ခေါ်တာပေါ့။
(အောက်ကို နည်းနည်း ရွှေ့ရဦးမယ်)
သည်ဟာတစ်ခုလုံးကို ခြုံပြီး Blastocyst လို့ ခေါ်တာဟာ
လူတွေအကြောင်း ပြောနေတာမို့လို့ ဖြစ်တယ်။
အခု နားလည်ရခက်တယ့် အပိုင်းရောက်လာပြီ။ ဘာလို့လဲဆိုတော့
ဇီဝဗေဒ စာအုပ်တော်တော်များများမှာ
မော်ရူလာကနေ Blastula ဖြစ်သွားတယ် ဆိုတယ်။ ဒါမှမဟုတ်
Blastosphere အဆင့် ဖြစ်သွားတယ် ဆိုကြတယ်။
(ဒီစာလုံးလေးတွေ ချရေးကြည့်ရအောင်)
တစ်ခါတစ်လေ Morula လို့ ခေါ်မယ်
ဒီကနေ Blastula ဖြစ်သွားတယ် ဆိုမယ်။
တစ်ခါတစ်လေကျပြန်တော့ Blastosphere ခေါ်ကြပြန်ရော။
ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာက သူတို့တွေဟာ
အဓိကအားဖြင့် အဆင့်အတူတူပဲ ဆိုတာပါပဲ။
စာအုပ်တော်တော်များများမှာ စာရေးသူတွေက
ဖား ဖားလောင်း စတယ့်အကောင်တွေအကြာင်း ပြောကြတာမို့လို့
ဒီစာလုံးတွေကို သုံးကြတာ ဖြစ်တယ်။
နို့တိုက်သတ္တဝါတွေ အတွက် အထူးသဖြင့်
ကျွန်တော်တို့ လူတွေနဲ့ နီးစပ်တယ့် သတ္တဝါတွေ အတွက်ဆိုရင်တော့ ဒီအဆင့်ကို
Blastocyst လို့ပဲ ခေါ်ရတယ်။ တကယ် ခွဲခြားရမယ့် အချိန်ကတော့
Blastula Blastulosphere လို့ပဲ သုံးနှုန်းကြတယ့် အချိန်ပါပဲ။
ဒီလို ခွဲခြားမှုတွေဟာ
အပြင်ဆုံးဆဲလ်အလွှာနဲ့
အတွင်းသား ဆဲလ်အစုတွေအတွက် မလိုအပ်လှပါဘူး။
ဒီဗီဒီယိုရဲ့ ဦးတည်ချက်က လူသားတွေအတွက် ဖြစ်ပြီး
ဒီနေရာလေးကလည်း ကျွန်တော်တို့ စပြောချင်တယ့်အပိုင်းဖြစ်တယ်။ ဘာလို့လဲဆိုတော့
ကျွန်တော်တို့တွေက လူသားတွေဖြစ်ပြီး ဒါတွေဟာ ကျွန်တော်တို့ စိတ်ဝင်စားတယ့် အရာ ဖြစ်နေတာကြောင့်ပါပဲ။
ဒီတော့ Blastocyst ကိုပဲ အာရုံစိုက်ကြတာပေါ့။
အခုချိန်ထိ သည်ဗီဒီယိုထဲမှာ ကျွန်တော်ပြောခဲ့သမျှတွေဟာ
သည်နေရာကို ရောက်လာဖို့ အတွက်ပါပဲ။ ဘာလို့လဲဆိုတော့ အခုသည်မှာရှိတယ့်
ကျွန်တော်ဆွဲထားတယ့် အစိမ်းရောင်
အတွင်းသားဆဲလ် Blastocyst ဟာ
သက်ရှိတစ်ခုအဖြစ် ပြောင်းလဲသွားမှာ မို့လို့ပါပဲ။
အဲတော့ ခင်ဗျားတို့က မေးကြမယ်။ ဟုတ်ပြီ ဒါက သက်ရှိဖြစ်လာမယ်ဆိုရင်
ခရမ်းရောင်ဆဲလ်တွေက ဘာတွေဖြစ်လာမှာလဲ ပေါ့။
သည် အပြင်ဘက် Trophoblast တွေလား?
သူတို့တွေက သန္ဓေသားအတွက် အချင်း (Placenta) ဖြစ်လာမှာပေါ့။ နောက်ပိုင်းမှာလည်း
လူသားတွေဆီမှာ သူတို့တွေ ဘယ်လို အချင်း ဖြစ်လာကြလဲ ဗီဒီယို လုပ်ဦးမှာပါ။
အခု ချရေးလိုက်ပါ့မယ်။
သူတို့တွေ အချင်း (Placenta) ဖြစ်သွားမယ်။
နောက်ပိုင်းမှာ ကလေးတွေ ဘယ်လိုမွေးဖွားလာသလဲဆိုတာ ဗီဒီယိုတစ်ခု လုပ်ပေးပါဦးမယ်။
ဒီနှစ်အတွင်းမှာ အဲဒီ့အကြောင်းနဲ့ ပတ်သက်ပြီး တော်တော်လေးကို သိလာတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော့်အိမ်မှာ ကလေးတစ်ယောက် မွေးဖွားခဲ့လို့ပါပဲ။
တကယ်တော့ အချင်းဆိုတာဟာ
သန္ဓေသား ဖွံ့ဖြိုးရာ နေရာ ဖြစ်သလို
အထူးသဖြင့် လူသားတွေနဲ့ နို့တိုက်သတ္တဝါတွေမှာ ဖွံ့ဖြိုးလာတယ့် သန္ဓေသားနဲ့
မိခင်ကြားက ကြားခံနယ် ဖြစ်ပြီး သည် စနစ် နှစ်ခုကို
ခွဲခြားပေးထားသလို လိုအပ်တယ့် လုပ်ငန်းဆောင်တာတွေ
သည်နှစ်ခုကြား လည်ပတ်နိုင်အောင် အလဲအလှယ်လုပ်ပေးတယ့် အရာလည်း ဖြစ်တယ်။
ဒါပေမယ့် ဒါဟာ သည် ဗီဒီယိုရဲ့ ဦးတည်ချက် မဟုတ်ပါဘူး။
သည်ဗီဒီယိုရဲ့ ဦးတည်ချက်ကတော့ သန္ဓေသားဆဲလ်လေးတွေဟာ
တစ်ဖြည်းဖြည်း ပြောင်းလဲဖွံ့ဖြိုးလာပြီး
အချင်းဆဲလ်တွေကနေ ခွဲထွက်သွားတာကိုပါပဲ။ ဒါပေမယ့် ဒီအချိန်အထိ
သူတို့တွေ ဘာတွေဖြစ်လာမှာလဲဆိုတာ မဆုံးဖြတ်ရသေးပါဘူး။
ဒီဆဲလ်လေးနဲ့ သူ့မျိုးဆက် ဆဲလ်လေးတွေက
အာရုံကြောစနစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး
သည်ဆဲလ်လေးတွေက ကြွက်သားတွေ ဖြစ်လာနိုင်သလို
ဟောဒီက ဆဲလ်လေးက အသည်း ဖြစ်လာနိုင်ပါတယ်။
အခုသည်မှာရှိတယ့် ဆဲလ်လေးတွေကို သန္ဓေသား ပင်မဆဲလ်တွေ (Embryonic stem cells) လို့ ခေါ်ကြပါတယ်။
သည်ဗီဒီယိုထဲမှာ အခုမှ ပထမဆုံးအကြိမ်အဖြစ်
ကိုယ်နဲ့ ရင်းနှီးတယ့် အသုံးအနှုန်းကို ကြားရတာ ဖြစ်နိုင်ပါတယ်။
ဒါဆို အခု သည်ဆဲလ်တွေထဲကနေ ဆဲလ်တစ်လုံးကို ယူလိုက်ပြီး
နောက်ထပ် အသုံးအနှုန်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အခု ကျွန်တော်တို့မှာ သားလောင်းတစ်ခုရှိတယ်။
သူ စပြီး ကွဲထွက်ချိန်ကစပြီး ဖြစ်လာတယ့် ဆဲလ်တွေကို
Blastomere လို့ ခေါ်တယ်။
ခင်ဗျားတို့ သိချင်ကောင်း သိချင်နေပါလိမ့်မယ်။ ဘာလို့ Blast ဆိုတယ့် စာလုံးက
ဒီ သန္ဓေသားဗေဒ ဗီဒီယိုထဲမှာ ထပ်ခါထပ်ခါ
ပါနေသလဲ ဆိုပြီးတော့ပေါ့။
သည် စကားလုံးဟာ မျိုးစေ့ (Spore) လို့ အဓိပ္ပါယ်ရတယ့် ဂရိစကားလုံး Blasto ကနေ ဆင်းသက်လာတာပါ။
ဒီတော့ သက်ရှိတစ်ခု ဖွံ့ဖြိုးလာတော့မယ့်သဘောပေါ့။
ကျွန်တော်တို့ သည်စကားလုံးတွေရဲ့ အစကို လိုက်သွားမှာ မဟုတ်ပေမယ့်
သည်စကားလုံး ဘယ်က ဆင်းသက်လာတယ်၊ ဘာကြောင့် နေရာတကာ
သည်စကားလုံး ပါနေရသလဲ ဆိုတာ သိရအောင်ပါ။
သည်တော့ ဒါတွေက Blastomere တွေပေါ့။
ဒီတော့ ကျွန်တော်က သန္ဓေသား ပင်မဆဲလ်တွေ လို့ သုံးနှုန်းလိုက်တိုင်း
Embryoblast ထဲက Blastomere တစ်ခုချင်းစီ တစ်နည်းအားဖြင့်
ဟောဒီ့ အတွင်းသားဆဲလ်တွေထဲက ဆဲလ် တစ်ခုချင်းစီကို ရည်ညွှန်းပါတယ်။
သည် အသုံးအနှုန်းတွေဟာ တော်တော်တော့ ခေါ်လို့ ကောင်းပါတယ်။
အဲတော့ သည်ဆဲလ်တစ်ခုချင်းစီက ပင်မဆဲလ်တွေ ဖြစ်တယ်ပေါ့။
(ဒါကို အရောင်ကွဲနဲ့ ရေးလိုက်မယ်)
သည်ဆဲလ်တစ်ခုချင်းစီက ပင်မဆဲလ်တွေ ဖြစ်တယ်။
ကျွန်တော် သည်အချက်ကို ပြောချင်နေတာ။
ဘာလို့ သည်ဆဲလ်လေးတွေက စိတ်ဝင်စားဖို့ ကောင်းရသလဲဆိုတော့
ခင်ဗျားတို့ သိကြတယ့်အတိုင်း သူတို့နဲ့ ပတ်သက်ပြီး အကြီးအကျယ် အငြင်းအခုန်တွေ ရှိနေတယ်လေ။
ပထမတစ်ချက်က သူတို့တွေကနေ ဘာမဆို ဖြစ်လာနိုင်တယ့် အလားအလာရှိတယ်။ တစ်နည်းအားဖြင့်
သူတို့မှာ ပျော့ပျောင်းမှု (Plasticity) ရှိတယ်။
သည်မှာ နောက်ထပ် အသုံးအနှုန်းတစ်ခု ကြားလိုက်ရမှာပေါ့။
ကဲ ချရေးလိုက်ရအောင်...Plasticity
သည် စကားလုံးဟာ ပလပ်စတစ် (Plastic) ကနေ ဆင်းသက်လာတယ်။
ပလပ်စတစ်လိုမျိုး လိုသလို ပုံသွင်းနိုင်တယ့် သဘောပေါ့။
သည်တော့ အရာတစ်ခုမှာ Plasticity ရှိတယ်လို့ သုံးလိုက်တိုင်း
သူ့မှာ မတူညီတယ့် အရာအမျိုးမျိုး ဖြစ်လာနိုင်တယ့် အလားအလာရှိတယ်လို့
ဆိုလိုချင်တာ ဖြစ်တယ်။
စမ်းသပ် လေ့လာမှုတွေကလည်း သည်အချက်ကို
ထောက်ခံထားပြီး ဖြစ်တယ်။ အထူးသဖြင့် ဘုံနိမ့် သက်ရှိတွေမှာပေါ့။
တကယ်လို့ ကျွန်တော်တို့ ကိုယ်ခန္ဓာကို ထိခိုက်မှုတစ်ခုခု ရှိခဲ့ရင်
(အာရုံကြောဆဲလ် တစ်ခုပုံကို ဆွဲလိုက်ရအောင်)
အာရုံကြောဆဲလ်ရဲ့ လုပ်ဆောင်ပုံတွေကို ပြောမနေတော့ပါဘူး။
ဒါပေမယ့် တကယ်လို့များ ထိခိုက်မှုတစ်ခုခု
အာရုံကြောဆဲလ်အပေါ် သက်ရောက်မှု ရှိခဲ့ပြီး အဲဒီ့အတွက်
တစ်စုံတစ်ယောက်မှာ အကြောသေသွားခဲ့မယ်
အာရုံထိခိုက်သွားမယ် ဆိုကြပါစို့။
Multiple Sclerosis ရောဂါ ဒါမှမဟုတ် တစ်ခြားရောဂါတစ်ခုခု ကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။
ပြောချင်တာက ကျွန်တော်တို့ဆီမှာ ဘာမဆို ဖြစ်လာနိုင်တယ့် ဆဲလ်တွေ ရှိသလို
သူတို့တွေ ဘာအဖြစ်ပြောင်းလဲရမလဲဆိုတာ ဘယ်လို သိကြသလဲ ဆိုတယ့်အချက်ကိုပါ
နာလည်လာကြပြီဆိုတာပါပဲ။
သည်ဆဲလ်ဟာ သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်နေပြီး
သူတို့ ဘာလုပ်နေကြသလဲဆိုတာကိုလည်း အကဲခတ်နေတယ်။ ဒီအချက်က
သူဘာဖြစ်လာမလဲ ဆုံးဖြတ်ရာမှာ အထောက်အကူပေးတယ်။
ပြောချင်တာက ဟောသည် ဘာမဆို ဖြစ်နိုင်တယ့် ဆဲလ်တွေကိုယူပြီး
ထိခိုက်မှု ဖြစ်ခဲ့တယ့် နေရာမှာ ထားလိုက်မယ်
အပေါ်က အုပ်တင်ထားလိုက်မယ်ဆိုရင် သူတို့ဟာ
ပြောင်းလဲဖို့ လိုအပ်တယ့်ဆဲလ်တွေအဖြစ် ပြောင်းလဲသွားနိုင်တယ်။
သည်နေရာမှာဆိုရင်တော့ သူတို့ဟာ အာရုံကြောဆဲလ်တွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်။
အာရုံကြောဆဲလ်အဖြစ်ပြောင်းလဲပြီး ထိခိုက်မှုတွေကို ပြုပြင်မယ်
အကြောသေနေတာကိုတောင် ပျောက်ကင်းသွားစေနိုင်မယ်။
ဒါဟာ သုတေသနပြုဖို့ အတော်ကို စိတ်ဝင်စားဖို့ ကောင်းတယ့်နေရာ ဖြစ်တယ်
သီအိုရီထဲမှာဆိုရင် ကိုယ်ခန္ဓာအစိတ်အပိုင်းအသစ်တွေ အဖြစ်တောင် ဖွံ့ဖြိုးလာနိုင်တယ်။
တကယ်လို့ တစ်စုံတစ်ယောက်က ကျောက်ကပ် ဒါမှမဟုတ် နှလုံးတစ်ခု
လိုအပ်နေပြီဆိုရင် နောင်တစ်ချိန်ချိန်မှာပေါ့
သန္ဓေသား ပင်မဆဲလ်တွေကို ထုတ်ယူလာနိုင်မယ်
ပြီးတော့ အခြား သတ္တဝါတစ်ကောင်ကောင်ထဲကို ထည့်ပြီး
အသစ်လဲလှယ်လို့ရမယ့် နှလုံး ဒါမှမဟုတ် ကျောက်ကပ် အဖြစ်
ပြောင်းလဲလို့ ရလာမယ်။
ဒါဟာ အင်မတန် စိတ်လှုပ်ရှားစရာကောင်းတယ့်
အစွမ်းအစပါပဲ။
ဒီလိုဆိုရင် တစ်ချိန်က ကုသလို့ မရနိုင်ဘူးဆိုတယ့် ရောဂါတွေကို သူတို့တွေက ကုသနိုင်လာပြီး
သေအံ့ဆဲဆဲ လူနာတွေအတွက် မျှော်လင့်ချက် ရောင်ခြည်
ဖြစ်လာနိုင်တယ်။
သည်နေရာမှာ အငြင်းအခုန်တစ်ခု ရှိနေတယ်။
အဓိကငြင်းခုန်နေကြတာကတော့ တကယ်လို့များ
ကျွန်တော်တို့ အတွင်းထဲအထိဝင်ပြီး သည်ဆဲလ်တွေကို ထုတ်ယူမယ်ဆိုရင်
သည်သန္ဓေသား သေဆုံးသွားလိမ့်မယ်။
ဒါဆို ကျွန်တော်တို့က သည် သန္ဓေသားကို သတ်သလို ဖြစ်နေလိမ့်မယ်။
အဲဒီ့ သန္ဓေသားက လူသားတစ်ယောက်
ဖြစ်ဖို့ အလားအလာ ရှိတယ်လေ။
အဲလို ဖြစ်လာဖို့ အတွက်
မှန်ကန်တယ့် ဇီဝပတ်ဝန်းကျင်ရယ် လိုလားတယ့် မိခင်ရယ်
တစ်ခြား အချက်တွေ ရှိဖို့ လိုသေးတာ မှန်ပေမယ့် သူ့မှာ အလားအလာတော့ ရှိနေသေးတာပဲ။
တစ်ချို့သူတွေ အထူးသဖြင့် ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်ခဲ့ကြတယ့် (Pro-life campaign) အဖွဲ့ဝင်တွေကတော့
လူသားတစ်ယောက် ဖြစ်ဖို့ အလားအလာ ရှိနေတယ့် ဘယ်အရာမဆို
အသက်ရှိနေတယ်အတွက် သတ်ပစ်ဖို့ မသင့်တော်ဘူး လို့ ပြောလိမ့်မယ်။
ဒီတော့ အဲဒီ့ဘက်က သူတွေကတော့
သန္ဓေသားကို ဖျက်ဆီးပစ်မှာကို ကန့်ကွက်ကြလိမ့်မယ်။
သည် ဗီဒီယိုရဲ့ ရည်ရွယ်ချက်က တစ်ဖက်ဖက်ကို ထောက်ခံဖို့ မဟုတ်ပါဘူး။
ဒါပေမယ့် သူ့မှာ လူသားဖြစ်လာမယ့် အလားအလာ ရှိတယ်လေ။
ဟုတ်တယ်မလား။
ဒီတော့ ဒီနေရာမှာ အကြီးအကျယ် ငြင်းခုန်စရာ ရှိနေတယ်။
ခင်ဗျားတို့ ဒီဗီဒီယိုကနေ သန္ဓေသား ပင်မဆဲလ် အကြောင်း
လူတွေ ဘာပြောနေကြသလဲ သိရပြီပေါ့။
နောက်ထပ် မေးခွန်းတစ်ခုက
ဘာလို့ ပင်မဆဲလ်လို့ ရိုးရိုးမခေါ်ဘဲ သန္ဓေသား ပင်မဆဲလ်လို့
ခေါ်ရတာလဲ ပေါ့။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အားလုံးရဲ့ ကိုယ်ခန္ဓာထဲမှာ
Somatic stem cells ဆိုတာ ရှိနေလို့ပါပဲ။
(ဒါကို ချရေးလိုက်ရအောင်)
Somatic ဒါမှမဟုတ် Adults stem cells
အဲဒီ့ ဆဲလ်တွေ ကျွန်တော်တို့ အားလုံးမှာ ရှိတယ်။
ကျွန်တော်တို့ ရိုးတွင်း ချဉ်ဆီထဲမှာ သွေးဥတွေ ထုတ်လုပ်ပေးနေကြသလို
တစ်ခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မှာလည်း ရှိတယ်။ ဒါပေမယ့်
Somatic stem cells တွေက ပျော့ပျောင်းမှု (Plasticity) မရှိဘူး။ တစ်နည်းအားဖြင့်
ဘယ်လို ဆဲလ်မျိုးကိုမဆို ပြောင်းလဲနိုင်တယ့် အရည်အချင်း မရှိဘူး။
လူသားတွေအနေနဲ့ သုတေသနတွေ လုပ်ပြီး သည် ဆဲလ်တွေကို
ပိုပြီး ပျော့ပျောင်းမှု ရှိလာအောင် ကြိုးပမ်းကြပါလိမ့်မယ်။
တကယ်လို့ အဲဒီ့ Somatic stem cells တွေကို ထုတ်ယူပြီး
ပိုပြီး ပျော့ပျောင်းအောင် လုပ်နိုင်မယ်ဆိုရင်
သန္ဓေသား ပင်မဆဲလ် လိုအပ်ချက်ကို ရပ်တန့်နိုင်လိမ့်မယ်။
တကယ်လို့များ သူတို့တွေ အရမ်းကောင်းသွားလို့
လူသားအဖြစ် ပြောင်းလဲဖွံ့ဖြိုးနိုင်တယ့် အလားအလာပါ ရှိလာခဲ့ရင်
နောက်ထပ် ငြင်းခုန်စရာ ဖြစ်လာလိမ့်ဦးမယ်။
အခုထိတော့ ငြင်းခုန်စရာ မရှိသေးပါဘူး။
ဘာလို့လဲဆိုတော့ Somatic stem ဒါမှမဟုတ်
Adult stem cells ဟာ လူသားတစ်ဦးအထိ ဖြစ်မလာနိုင်သေးလို့ပါပဲ။
ဒါပေမယ့် သန္ဓေသား ပင်မဆဲလ်ကတော့ လိုလားတယ့် မိခင် ဝမ်းဗိုက်ထဲမှာ ဆိုရင်
လူသားတစ်ဦး အဖြစ် တကယ် ပြောင်းလဲလာနိုင်ပါတယ်။
ဒီနေရာမှာတော့ သက်သက်တစ်နေရာမှာ ရေးချင်ပါတယ်။ ဘာလို့လဲဆိုတော့
ကျွန်တော်အနေနဲ့ ငြင်းခုန်မှုရဲ့ ဘယ်ဘက်ကိုမှ မရွေးချယ်ချင်လို့ပါ။
အချက်အလက်ဆိုတာ အချက်အလက်မျှပါပဲ။
သည် ဆဲလ်တွေဟာ လူသားတစ်ယောက် ဖြစ်လာနိုင်စွမ်းရှိသလို
လူသန်းပေါင်းများစွာရဲ့ အသက်ကိုလည်း ကယ်တင်နိုင်စွမ်းလည်း ရှိတယ်။
ဒီ စာကြောင်းတွေက အချက်အလက် သက်သက်ပါပဲ။
ဘယ်အဆိုကို သဘောကျတယ်
ဘယ်ဘက်ကနေ ရပ်တည်မယ်ဆိုတာကတော့
ခင်ဗျားတို့ သဘော ပါပဲ။
ဒါပေမယ့် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ငြင်းခုန်သူတွေ မတင်ပြဘူးတယ့်
အကြောင်းအရာတစ်ခုအကြောင်းလည်း ပြောချင်ပါသေးတယ်။
ခင်ဗျားတို့ သန္ဓေသား ပင်မဆဲလ်အမျိုးအစားကို ယူလိုက်တယ် ဆိုပါစို့။
ပင်မဆဲလ်တွေ ယူတယ်ဆိုတာ ပင်မဆဲလ် တစ်လုံး နှစ်လုံးလောက် ယူလိုက်တာကို ပြောတာပေါ့။
ထားပါစို့။ ခင်ဗျားက ပင်မဆဲလ် တစ်လုံးကို ယူလိုက်ပြီးတော့
ဖန်ပြွန်တစ်ခုထဲ ထည့်လိုက်ပြီးတော့
ပွားစေတယ် ဆိုပါစို့။
သည် ဆဲလ်တစ်လုံးကနေ နှစ်လုံး၊ နှစ်လုံးကနေ လေးလုံး ပွားလာမယ်။
အဲဒီ့နောက် တစ်ခြားတစ်ယောက်က သည်ဆဲလ်တွေထဲက တစ်လုံးကိုယူပြီး
သူ့ရဲ့ ဖန်ပြွန်ထဲ ထည့်ပြီး ထပ်ပွားနိုင်ပြီပေါ့။
သူတို့အားလုံးက ပင်မဆဲလ်အမျိုးအစားတွေပါပဲ။
သူတို့အားလုံးဟာ Blastomere လို့ ခေါ်ခဲ့ကြတယ့် သန္ဓေသား ပင်မဆဲလ် တစ်ခုကနေ
ဖြစ်လာကြတာပါပဲ။
အဲဒါမျိုးကိုမှ ပင်မဆဲလ်လို့ ခေါ်ကြတာ ဖြစ်တယ်။
ငြင်းခုန်သူတွေက သန္ဓေသား ပင်မဆဲလ် ကို စတင်ထုတ်ယူလိုက်ကတည်းက
သန္ဓေသားကို ဖျက်စီးရာ ရောက်နေပြီလို့ ဆိုတယ်။
ဒါပေမယ့် တစ်ခုပြောစရာ ရှိတာက သန္ဓေသားဟာ
တစ်ခြားအကြောင်းအမျိုးမျိုးကြောင့်လည်း ပျက်စီးနေတာပဲ
ဥပမာအားဖြင့် ဖန်ပြွန်သန္ဓေသား (In vitro fertilization) လိုပေါ့။
ဒီ မျိုးအောင်ခြင်း (Fertilization) အကြောင်းဟာ ကျွန်တော့်ရဲ့ နောက်ထပ် ဗီဒီယို ဖြစ်လာနိုင်ပါတယ်။
ဖန်ပြွန်သန္ဓေသား (In vitro fertilization) ဆိုတာ
မိခင်ဆီကနေ သားဥတစ်ချို့ ထုတ်ယူမယ်။
ဒီနည်းက ကလေးရဖို့ အခက်အခဲ ရှိတယ့် အိမ်ထောင်သည်တွေ အတွက် ဖြစ်တယ်။
မိခင်ဆီကနေ သားဥ တစ်တွဲလိုက် ထုတ်ယူမယ်။
ခန့်မှန်းခြေ ၁၀လုံး အလုံး၃၀ လောက်
မိခင်ဆီကနေ ထုတ်ယူမယ်။
တကယ်တော့ ခွဲစိတ်မှုတစ်ခု လုပ်ပြီးတော့မှ မိခင်ရဲ့ သားဥအိမ်ထဲက
သားဥတွေကို ထုတ်နိုင်တာ ဖြစ်ပြီး အဲဒီ့ သားဥတွေကို
ဖခင် ဒါမှမဟုတ် သုတ်ပိုးအလှူရှင်ရဲ့ သုတ်ပိုးနဲ့ မျိုးအောင်စေတယ်။
ဒီတော့ သုတ်ပိုးနဲ့ ပေါင်းစပ်သွားတယ့် သားဥအားလုံးက
သားလောင်း (Zygote) တွေ ဖြစ်လာကြတယ်။
အားလုံး သားလောင်းတွေ ဖြစ်ပြီးတော့မှ သူတို့ကို ဖွံ့ဖြိုးစေတယ်။
များသောအားဖြင့် သူတို့ကို
Blastocyst အဆင့် အထိ ဖွံ့ဖြိုးစေတယ်။
သူတို့အားလုံး Blastocyst ဖြစ်ကောင်း ဖြစ်လာလိမ့်မယ်။
သူတို့တွေရဲ့ ဗဟိုမှာ Blastocoel လို့ခေါ်တယ့်
အရည်တွေ ပြည့်နေတယ့် နေရာလည်း ရှိမယ်။
သူတို့မှာ သန္ဓေသားဖြစ်တယ့် အတွင်းသားဆဲလ်တွေလည်း ရှိတယ်။
လူတွေက အဲဒီ့ Blastocysts တွေကို ကြည့်ပြီး
အကျန်းမာဆုံး ဖြစ်မယ် ယူဆရတယ့်၊ အနည်းဆုံး
မကျန်းမာတယ့် အနေအထားမရှိဘူးလို့ ယူဆရတယ့် Blastocyst နှစ်လုံးလောက်ကို ယူပြီး
မိခင်ထဲကို ထည့်သွင်းလိုက်တယ်။
ဒီအဆင့်တွေအားလုံး ဖန်ပြွန်ထဲမှာ ဖြစ်နေတာပါ။
သည် လေးခုက ကောင်းပုံရတယ် ဆိုပါစို့။ ဒါဆို သူတို့ လေးခုကို ယူပြီး
မိခင်ထဲကို ထည့်သွင်းပေးမှာ ဖြစ်တယ်။
တကယ်လို့ အစစအရာရာ အဆင်ပြေခဲ့မယ်ဆိုရင် သူတို့ထဲက တစ်ခုက အောင်မြင်ပြီး
သည် စုံတွဲအတွက် ကလေးတစ်ယောက် ဖန်တီးပေးမှာ ဖြစ်တယ်။
ဒီတော့ သူတို့ထဲက တစ်ခုက ဖွံ့ဖြိုးပြီး ကျန်တာတွေက မဖွံ့ဖြိုးတော့တယ့် သဘောပေါ့။
ဒါပေမယ့် John & Kate plus 8 ဆိုတယ့် ဇာတ်လမ်းကို ကြည့်ဖူးရင်
အဲဒီ့ဇာတ်လမ်းထဲမှာ သူတို့ဟာ Blastocyst အများကြီးကို ထည့်ပြီး
မျိုးအောင်နိုင်ချေ ပိုကောင်းအောင် လုပ်ခဲ့ကြတယ်။
သူတို့ဟာ ၇လုံး ၈လုံးလောက် ထည့်ခဲ့ပြီး
နောက်ဆုံး ကလေးရှစ်ယောက် ရသွားခဲ့တယ်။
ဒါကြောင့်လည်း ဒီ ဖန်ပြွန် သန္ဓေသား နည်းပညာက
အမွှာမွေးဖွားမှုတွေ ရုပ်သံအစီအစဉ်တွေမှာ ဖော်ပြစရာ
မကြာခဏ ဖြစ်စေတယ်။
လူတွေအနေနဲ့ ကျန်ခဲ့တယ် တစ်ခြားသော ကျန်းမာသန်စွမ်းတယ့် သန္ဓေသားတွေအပေါ် ပြုမူပုံက...
အဲ...သူတို့အားလုံး သေချာပေါက် ရှင်သန်နိုင်မယ်လို့ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် သူတို့တွေကလည်း သန္ဓေသားတွေပဲလေ။
သူတို့တွေ သေချာပေါက် ရှင်သန်ချင်မှ ရှင်သန်နိုင်မယ်။ ဒါပေမယ့်
ဟောသည်က တစ်ခုလိုပဲ သူတို့တွေကလည်း အလားအလာရှိတယ့် သန္ဓေသားတွေ ဖြစ်တယ်။
.
သူတို့အားလုံးက လူသားတွေ ဖြစ်လာနိုင်ချေ ရှိနေကြတယ်။
ဒါပေမယ့် မျိုးပွားမှုဆိုင်ရာ ဆေးခန်းတွေရဲ့ တစ်ဝက်လောက်မှာ
သူတို့တွေကို စွန့်ပစ်လိုက်ကြ ဖျက်စီးလိုက်ကြ
သေကြေစေကြတယ်။
အများစုသော သန္ဓေသားတွေကိုတော့ အေးခဲထားလိုက်ကြတယ်။
ဒါပေမယ့် အေးခဲမှုကလည်း သူတို့ကို သေစေတယ်။ သူတို့ကို သိမ်းထုပ်တယ့် အခါမှာလည်း သေကြပြန်တယ်။
ဒီတော့ ဖန်ပြွန်သန္ဓေသား နည်းပညာအရ
ကျန်းမာတယ့် လူသားတစ်ယောက်ဖြစ်လာနိုင်မယ့် အလားအလာရှိတယ့်
ကလေးတစ်ယောက် ရဖို့အတွက်
သန္ဓေသား ဆယ်ဂဏန်းနဲ့ချီပြီး ဖျက်စီးခဲ့ကြတယ်။
ကျွန်တော်ကတော့ ဘယ်ဘက်မှာမှ မရပ်တည်ချင်ပါဘူး။ ဒါပေမယ့်
ကျွန်တော်လက်ခံထားတာက တကယ်လို့ ခင်ဗျားက
သန္ဓေသား ပင်မဆဲလ် သုတေသနပြုမှုတွေကို ဆန့်ကျင်တာက
သန္ဓေသားတွေကို ဖျက်စီးမှုဖြစ်တယ်လို့ ယူဆလို့ဆိုရင်
ခင်ဗျားအနေနဲ့ ဖန်ပြွန်သန္ဓေသား နည်းပညာကိုလည်း ဆန့်ကျင်သင့်တယ်။
ဘာလို့လဲဆိုတော့ သည်နှစ်မျိုးစလုံးမှာ
သားလောင်းတွေ ပျက်စီးရလို့ပါပဲ။
သည်အကြောင်းတွေ ဆက်မပြောတော့ပါဘူး။
ကျွန်တော် ဘယ်ဘက်မှာမှ မရပ်တည်ချင်ဘူးလေ။ ဒါပေမယ့်
သည်အချက်လေးက
သန္ဓေသား ပင်မဆဲလ် သုံးစွဲရာမှာ သန္ဓေသားတွေ ပျက်စီးရလို့
သုံးစွဲ သင့်မသင့် ငြင်းခုန်ကြရာမှာ တိမ်မြုပ်နေတယ့်အချက်ဖြစ်တယ်။
ဖန်ပြွန်သန္ဓေသား နည်းပညာ မှာလည်း ဒီလောက် သန္ဓေသားတွေ
ဖျက်ဆီးခံရတာပဲလေ။ အဲလောက်များတယ်လို့ မပြောရင်တောင်
ဒါက သန္ဓေသား ဖျက်ဆီးမှု ဖြစ်နေတုန်းပဲလေ။
ရာထောင်ချီတယ့် သန္ဓေသားလောင်းတွေဟာ
ဖန်ပြွန် သန္ဓေသား မွေးထုတ်ရင်း အအေးခန်းတွေထဲမှာ
အေးခဲ သေဆုံးကုန်ကြတယ်။
အခုဆိုရင် ပင်မဆဲလ်နဲ့ ပတ်သက်တယ့် ငြင်းခုန်မှုတွေအကြားမှာ
ဝင်ရောက်နိုင်မယ့် အချက်အလက်တွေ ရနေလောက်ပြီလို့ မျှော်လင့်ပါတယ်။
ဒါတွေအားလုံးက မျိုးပွား ဆဲလ်ကွဲခြင်း (Meiosis) အကြောင်း လေ့လာရင်း သိလာရတာတွေပေါ့။
Meiosis ကနေ မျိုးဥတွေ ထုတ်ပေးတယ်။
အဖို မျိုးဥက အမ မျိုးဥနဲ့ ပေါင်းစည်းပြီး
သားလောင်း (Zygote) ဖြစ်လာမယ်။ ဆဲလ်ကွဲပြီးတော့
မော်ရူလာ ဖြစ်လာမယ်။ ဆဲလ်တွေ ကွဲထွက်မှု ဆက်ဖြစ်နေပြီးတော့
Blastocyst ဖြစ်လာမယ်။ ဒီဟာ
ပင်မဆဲလ်တွေပဲ ဖြစ်တယ်။
ဒီလောက်ဆိုရင် ခင်ဗျားမှာ ဟောဒီ့ ပြင်းထန်တယ့် အငြင်းအခုန်တွေကြား ဝင်ဆွေးနွေးနိုင်လောက်တယ့်
သိပ္ပံဗဟုသုတ ရှိနေပါပြီ။