၃၉၄ က ၃၉၇ ထက်ကြီးသလား ငယ်သလားဆိုတာ ဆုံးဖြတ်ပါ ထို့နောက် ၎င်းဖော်ပြချက်အား ဤသင်္ကေတ သို့မဟုတ် ထိုသင်္ကေတဖြင့်ရေးပါ။ ဒါက တကယ်တော့ less than သင်္ကေတပဲ ကျွန်တော်တို့ အဲ့ဒါကိုဘယ်လိုမှတ်မိအောင်လုပ်မလဲဆိုတာ နည်းနည်းစဉ်းစားရအာင် ဒါက less than သင်္ကေတဖြစ်ပြီး ဒါက greater than သင်္ကေတဖြစ်တယ် ပထမဆုံးဒီနံပါတ်နှစ်ခုကို ကြည့်ရအောင် ၃၉၄ နဲ့ ၃၉၇ သူတို့ကို ချရေးလိုက်မယ် ၃၉၄ နဲ့ နောက်တစ်ခုက ၃၉၇ အခု သူတို့နှစ်ခုလုံးမှာ ၃ ရာရှိတယ် ဒီတော့ သူတို့ရဲ့ ရာနေရာရောက်ကိန်းက အတူတူပဲ သူတို့နှစ်ခုလုံးမှာ ၉၀ ရှိတယ် ဒါပေမယ့် ဒါက ၃၀၀ အပေါင်း ၉၀ အပေါင်း ၄ ဖြစ်ပြီး ဒါက ၃၀၀ အပေါင်း ၉၀ အပေါင်း ၇ ဖြစ်တယ် ကျွန်တော်တို့ ၄ က ၇ ထက်ငယ်တယ်ဆိုတာသိတယ် number line မှာကြည့်ရင် ၄ က ၇ မရောက်ခင်လာတယ် မင်း ၇ ကိုရေတွက်ရင် ၄ ကိုကျော်သွားမယ် ဒီတော့ ၃၉၄ က ၃၉၇ ထက်ငယ်တယ် ကျွန်တော်တို့ရေးနည်းအရ ၃၉၄ က ၃၉၇ ထက်ငယ်တယ်လို့ ရေးမယ် ဒီဟာက ဒီဟာထက်ငယ်တယ်လို့ ကျွန်တော်မှတ်မိတာက ငယ်တဲ့နံပါတ်က ဒီအချွန်လေးဘက်မှာရှိလို့ ဒီဘက်က ဒီဘက်ထက်ပိုပြီး ငယ်တယ်လို့ မင်းစဉ်းစားလို့ရတယ် ကျွန်တော်တို့ ပြောင်းပြန်လည်းရေးလို့ရတယ် ၃၉၇က ၃၉၄ ထက် ကြီးတယ်လို့ ရေးလို့ရတယ် ဒီတစ်ခါလည်း ပိုကြီးတဲ့နံပါတ်က ပါးစပ်ဟတဲ့ဘက်မှာရှိတယ် ဒါမှမဟုတ် ပိုကြီ:တဲ့ဘက်မှာပေါ့ အချွန်ဘက်က သေးတဲ့ဘက် ဒီဟနေတဲ့ဘက်က ကြီးတဲ့ဘက် ဒီနေရာမှာ ကြီးတဲ့နံပါတ်ကိုထည့်ရမယ် Greater than, less than