ကျွန်တော့လုပ်ငန်းမှာ
ရုပ်ပုံတွေဟာ ကမ္ဘာကို ပြောင်းလဲနိုင်တယ်
လို့ ယုံကြည်တယ်။
အိုကေ ကျွန်တော်တို့ ရိုးတယ်၊
စိတ်ထက်သန်ကာ ယုံကြည်မှုရှိပုံရတယ်။
အမှန်က ရုပ်ပုံတွေ ကိုယ်၌ကတော့
ကမ္ဘာကို မပြောင်းလဲတာကို သိပေမဲ့
သတိမူမိသေးတာက ဓာတ်ပုံပညာရဲ့ အစကတည်းကိုက
ရုပ်ပုံတွေဟာ လူတွေဆီက တုံ့ပြန်ချက်တွေကို
ဆွပေးခဲ့ပြီး
ဒီတုံ့ပြန်ချက်တွေက အပြောင်းအလဲကို
ဖြစ်ပေါ်စေတာကိုပါ။
ဒီတော့ ရုပ်ပုံတစ်စုနဲ့ စလိုက်ရအောင်။
သင်ဟာ ဒီပုံတွေထဲက အများအပြား (သို့)
အများစုကို မမှတ်မိဘူးဆိုရင်
ကျွန်တော် အင်မတန် အံ့သြမိမှာပဲ။
အထင်ကရတွေအဖြစ်
အကောင်းဆုံး သရုပ်ဖော်ကြတယ်၊
အထင်ကဖြစ်လွန်းတော့ ဖြစ်နိုင်တာက
ဖန်တရာတေနေတာတွေပေါ့။
တကယ်တမ်းက ဒါတွေဟာ ကျော်ကြားလွန်းတော့
နည်းနည်း (သို့) မဆိုစလောက်
ကွဲပြားတဲ့ပုံတောင် သင်မှတ်မိပါတယ်။
(ရယ်သံများ)
ဒါပေမဲ့ ဒီထက်ပိုတာတစ်ခုခု
ရှာနေထာထင်ပါတယ်။
ဒီထက်ပိုတာ တစ်ခုခုရှာနေတယ်၊
သေရေးရှင်ရေး အကြောင်းရပ်တွေထဲမှာ
တင်းခံနေတဲ့ အလင်းတစ်ခု တောက်ပတဲ့
ရုပ်ပုံတွေ၊
နယ်နိမိတ်တွေကို၊ ဘာသာတရားတွေကို
ကျော်လွှားတဲ့ ရုပ်ပုံတွေ၊
ရှေ့ဆက်လှမ်းပြီး တစ်ခုခုလုပ်ဖို့
တစ်နည်းဆိုရရင် ဆောင်ရွက်ဖို့
ဆွပေးတဲ့ ရုပ်ပုံတွေကို ရှာနေတယ်။
ကောင်းပြီ၊ အားလုံး မြင်ခဲ့တာ ဒီရုပ်ပုံပါ။
ဒါက ရုပ်လောကရဲ့ အမြင်ကို ပြောင်းလဲခဲ့တယ်။
အရင်က ကျွန်တော်တို့ ဂြိုဟ်ကို ဒီအမြင်နဲ့
တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
လူအများက ချီးကျူးတာက
ပတ်ဝန်းကျင် လှုပ်ရှားမှု
အများအပြား စတင်တာ
ပထမဆုံးအြကိမ်အဖြစ် ဂြိုဟ်ကို
ကျွန်တော်တို့ ဒီလိုမြင်ရခြင်း
၎င်းရဲ့ သေးငယ်မှု၊ နုနယ်မှုပါ။
နှစ်လေးဆယ်အကြာမှာ အများဆုံးထက် ပိုတဲ့
ဒီအုပ်စုဟာ
ပတ်ဝန်းကျင်ကိုဖျက်ဆီးတတ်တဲ့ စွမ်းအားကို
ကျွန်တော်တို့ မျိုးစိတ်တွေ စွဲကိုင်နိုင်တာ
ကောင်းကောင်း သိတယ်
ဒါနဲ့ နောက်ဆုံးမှာ ဒါနဲ့ပတ်သက်ပြီး
ဖျက်ဆီးတဲ့ စွမ်းအားဟာ
ပုံစံအမျိုးမျိုးရှိပါတယ်။
ဥပမာ Congo က Brent Stirton ရိုက်ထားတဲ့
ဒီရုပ်ပုံတွေပါ၊
ဒီလူဝံတွေဟာ အသတ်ခံခဲ့ရတယ်၊
တစ်ချို့ဆို ကားစင်တင်တာတောင်ခံရတယ်၊
အံ့ဩစရာမရှိတာက ဒါတွေက
နိုင်ငံတကာ နာကြည်းမှုကို
အစပျိုးခဲ့တယ်။
သိပ်မကြာခင်ကပဲ
သဘာဝကိုယ်၌ရဲ့ ဖျက်ဆီးတဲ့ စွမ်းအားကို
ပြီးခဲ့တဲ့ Haiti ငလျင်နဲ့
ကျွန်တော်တို့ ဝမ်းနည်းစွာ သတိပေးခံရတယ်
ကောင်းပြီ၊ အများကြီး ပိုဆိုးတာက
လူသားရဲ့ လူသားပေါ် ဖျက်ဆီးတဲ့
စွမ်းအားပါ။
Samuel Pisar နာဇီစစ်အကျဉ်းစခန်းက
ရှင်ကျန်သူပြောခဲ့တာကို
ကျွန်တော် ကိုးကားပါမယ်
"အစုလိုက်အပြုံလိုက် သတ်ဖြတ်တာက
သင်ပေးတာက
သဘာဝဟာ အရက်စက်ဆုံး ကာလတွေမှာတောင်
ကျင့်ဝတ်နယ်ပယ်နဲ့ ဆင်ခြင်တုံတရား
ပျောက်ဆုံးချိန်က
လူသားနဲ့ ယှဉ်လိုက်ရင်
နူးညံ့ပျော့ပျောင်းပါတယ်"တဲ့။
ဒါက ကားစင်တင်သတ်ခြင်း နောက်တစ်မျိုးပါ။
Abu Ghraib ဆီက ထိတ်လန်ဖွယ် ရုပ်ပုံတွေနဲ့
Guantanamo ဆီက ရုပ်ပုံတွေဟာလည်း
နက်ရှိုင်းတဲ့ သက်ရောက်မှုရှိခဲ့တယ်။
ဒီရုပ်ပုံတွေကို ထုတ်ဝေခြင်းဟာ
ရုပ်ပုံတွေကိုယ်၌ကို ဆန့်ကျင်ပြီး
အစိုးရတစ်ခုကို ၎င်းရဲ့ မူဝါဒတွေကို
ပြောင်းလဲစေခဲ့တယ်။
ဒီရုပ်ပုံတွေဟာ
လုပ်ဆောင်မှုတစ်ခုဆိုရုံထက်
အီရတ်က သောင်းကျန်းမှုကို
ပိုလောင်စာပင့်ပေးတယ်လို့
တစ်ချို့က စောဒကတက်ခဲ့လိမ့််မယ်။
ဒါ့အပြင် ဒီရုပ်ပုံတွေဟာ နေရာယူနေတဲ့
အင်အားစုတွေရဲ့
ကျင့်ဝတ်ပိုင်း အမြင့်စားဆိုတာကို
ထာဝရဖယ်ရှားခဲ့တယ်။
နည်းနည်း နောက်ပြန်သွားရအောင်။
၁၉၆၀ နဲ့ ၁၉၇၀ နှစ်လွန်တွေမှာ
အဓိကအားဖြင့် ဗီယက်နမ် စစ်ပွဲကို
အမေရိကရဲ့ ဧည့်ခန်းတွေမှာ နေ့စဉ် ပြသခဲ့တယ်။
ဓာတ်ပုံသစ်တွေကို စစ် ဓားစာခံတွေနဲ့အတူ
လူတွေဆီ မျက်နှာချင်းဆိုင်
ယူဆောင်လာခဲ့တယ်၊ မီးလောင်ပုံး ဓာတ်ဆီ
အလောင်ခံရတဲ့ မိန်းကလေး၊
ဆန့်ကျင်ပွဲအတွင်း Ohio က Kent State
တက္ကသိုလ်မှာ အမျိုးသား စောင့်ကြပ်ရေးရဲ့
သတ်တာခံရတဲ့ ကျောင်းသား၊
တကယ်တမ်းက ဒီရုပ်ပုံတွေဟာ ဆန့်ကျင်ပွဲရဲ့
အသံတွေ ကိုယ်တိုင် ဖြစ်လာခဲ့တယ်။
ကဲ ရုပ်ပုံတွေမှာ
သံသယ၊ မသိမှုအပေါ်
နားလည်မှု အလင်းပေးတဲ့ အစွမ်းရှိတယ်၊
အထူးသဖြင့် ဒီအကြောင်း အများကြီး
ဟောပြောဖူးပေမဲ့ HIV/AIDS ပြဿနာအကြောင်း
ရုပ်ပုံတစ်ပုံေတာ့ ပြပါမယ်။
၁၉၈၀ နှစ်လွန်တွေမှာ ဒီရောဂါနဲ့ လူတွေကို
ကဲ့ရဲ့အပြစ်ဆိုတာက
ဒါကို ဆွေးနွေးခြင်း (သို့)
ပြောကြားခြင်းတောင်မှ
ဧရာမ အတားအဆီးတစ်ခုပါ။
၁၉၈၇ မှာ ဝေလနယ်က မင်းသမီး၊
ကမ္ဘာ့ အကျော်ကြားဆုံး အမျိုးသမီးရဲ့
ရိုးစင်းတဲ့ လုပ်ဆောင်မှုတစ်ခု
HIV/AIDS ကူးစက်နေတဲ့ ကလေးငယ်ကို ထိခြင်းက
ကြီးကျယ်လှပြီး အထူးသဖြင့် ဥရောပမှာ
ဒါကို ရပ်တန့်စေခဲ့တယ်။
သူမဟာ အများစုထက် ပိုပြီး
ရုပ်ပုံရဲ့ အစွမ်းကို သိခဲ့တယ်။
အစွမ်းရှိတဲ့ ပုံတစ်ပုံနဲ့
ထိပ်တိုက်တွေ့ရင်
အားလုံးမှာ ရွေးချယ်မှုတစ်ခုရှိတယ်။
ကျွန်တော်တို့ မျက်နှာလွှဲနိုင် (သို့)
ဒီပုံကို ရင်ဆိုင်နိုင်တယ်
ကံကောင်းထောက်မလို့ ဒီရုပ်ပုံတွေ
၁၉၉၈ The Guardian မှာပါလာတော့
အများကြီး အာရုံစိုက်လာကာ
နောက်ဆုံး Sudan အငတ်ဘေး ကယ်ဆယ်ရေး
ကြိုးပမ်းမှုတွေအတွက် ငွေတွေ ထည့်ခဲ့တယ်။
ရုပ်ပုံတွေဟာ ကမ္ဘာကို ပြောင်းလဲခဲ့လား။
မပြောင်းပေမဲ့ အဓိက သက်ရောက်မှုရှိခဲ့တယ်။
ရုပ်ပုံတွေဟာ မကြာခဏ ကျွန်တော်တို့ရဲ့
အဓိက ယုံကြည်မှုတွေနဲ့ အချင်းချင်း
တာဝန်တွေကို မေးခွန်းထုတ်စေတယ်
Katrina မုန်တိုင်းပြီးတော့ ရုပ်ပုံတွေကို
အားလုံးမြင်ခဲ့ပြီး
သန်းချီတဲ့ လူတွေအတွက် အလွန်ပြင်းတဲ့
သက်ရောက်မှုရှိခဲ့လို့ ထင်ပါတယ်။
၎င်းတို့ဟာ ၂၀၀၈ နိုဝင်ဘာမှာ မဲပေးတုန်းက
အမေရိကန်တွေရဲ့ စိတ်တွေနဲ့ တစ်ခြားစီဆိုတာ
သိပ် မဖြစ်နိုင်ဘူးလို့ထင်တယ်။
ကံဆိုးချင်တော့ တစ်ချို့ အရေးပါတဲ့
ပုံတွေဟာ ပီပြင်လွန်းတယ်လို့
ယူဆရပြီး မြင်ရတာ ကျွန်တော်တို့အတွက်
စိတ်အနှောက်အယှက်ဖြစ်စရာပါ။
ဒီမှာ ဓာတ်ပုံတစ်ပုံကို ပြပါမယ်။
ဒါက Eugene Richards ရဲ့ ထူးခြားတဲ့
လက်ရာတစ်ခုက
အီရတ်စစ်ပွဲ စစ်မှုထမ်းဟောင်း ဓာတ်ပုံပါ၊
တစ်ခါမှု ပုံမနှိပ်ဖူးတဲ့ War Is Personal
ဆိုတာပါ။
ဒါပေမဲ့ စစ်ရဲ့ အဖြစ်ဆိုးကို
သတိရစေဖို့ ရုပ်ပုံတွေ
ပီပြင်ဖို့မလိုပါဘူး
John Moore က ဒီဓာတ်ပုံကို
Arlington Cemetery မှာ ထောင်ထားတယ်။
ကမ္ဘာ့ ပဋိပက္ခနယ်မြေအားလုံးထဲက
တင်းမာတဲ့ ပဋိပက္ခ ကာလအားလုံးအပြီးမှာ
ကျွန်တော့ကို အခြားနေရာတွေထက်
ပိုခြောက်လှန့်ဆဲဖြစ်တဲ့
အများကြီး ပိုဆိတ်ငြိမ်တဲ့ နေရာတစ်ခုက
ဓာတ်ပုံတစ်ပုံရှိတယ်။
Ansel Adams ပြောတာက
ကျွန်တော်တော့ သူနဲ့ သဘောမတူဘူး၊
"သင်ဟာ ဓာတ်ပုံတစ်ပုံ ရိုက်တာမဟုတ်ဘူး၊
ဖန်တီးယူတာ"တဲ့။
ကျွန်တော့အမြင်က ဓာတ်ပုံကိုဖန်တီးတာ
ဓာတ်ပုံဆရာ မဟုတ်ဘူး၊
သင်ပါ။
ပုံတစ်ပုံချင်းဆီကို ကျွန်တော်တို့ရဲ့
တန်ဖိုးတွေ၊ ယုံကြည်မှုစနစ်တွေ
ယူဆောင်လာပြီး
အကျိုးဆက်အဖြစ် ရုပ်ပုံက ကျွန်တော်တို့နဲ့
ဟိန်းလိုက်တာပါ။
ကျွန်တော့ ကုမ္ပဏီမှာ ပုံ သန်း ၇၀ ရှိတယ်။
ကျွန်တော့ရုံးမှာ တစ်ပုံရှိပါတယ်။
ဟောဒီမှာပါ။
နောက်တစ်ခါ သင့်ကို တစ်ခုခု အစပျိုးပေးတဲ့
ပုံတစ်ပုံမြင်တဲ့အခါ ဘာကြောင့်ဆိုတာ
သင်ပိုနားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဒီပရိတ်သတ်ကို စကားပြောခြင်းက
ဒါနဲ့ပတ်သက်ပြီး ကျိန်းသေ တစ်ခုခု
သင်တို့ လုပ်မယ်ဆိုတာကို သိပါတယ်။
ဓာတ်ပုံဆရာအားလုံးကို ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)