အခြေခံအနုတ် ဗီဒီယိုမှကြိုဆိုပါသည်။
အရင်ဆုံးအခြေခံပေါင်းခြင်းကိုပြန်လည်ဆန်းစစ်ရအောင်။
4 + 3 လို့ ပြောရင်
ဒါက ဘာကို ဆိုလိုတာလဲ။
အဲဒါက ဘာနဲ့တူတာလဲ။
ဒါကို တွက်နည်းအများကြီးရှိပါတယ်။
ကျွန်တော်မှာ တစ်ခုခု 4 ခု ရှိတယ် လို့ ပြောနိုင်တယ်။
ကျွန်တော်မှာ စက်ဝိုင်း 4 ခုရှိတယ်
ဒါမှမဟုတ် သံပုရာသီး4လုံးရှိတယ်ဆိုကြစို့
မနက်စာအတွက် သံပုရာသီး ၄လုံးရှိတယ်
မနက်စာအတွက် သံပုရာသီး ၁၊ ၂၊ ၃၊ ၄ လုံး ။
ပြီးတော့ ကျွန်တော်နေ့လည်စာတွင်နောက်ထပ် သံပုရာသီး ၃ လုံး ရှိတယ် ဆိုကြပါစို့။
1၊ 2၊ 3
ဒါကြောင့် 4 အပေါင်း 3 က
ကျွန်တော်မှာ စုစုပေါင်းရှိသောသံပုရာသီး
ကျွန်တော် 3 + 4 ပေါင်းထည့်တယ်။
ဒါဆို ကျွန်တော်မှာ စုစုပေါင်း ဘယ်လောက်ရှိလဲ။
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇။
ဒီတော့ ကျွန်တော်မှာ စုစုပေါင်းသံပုရာသီး ၇ လုံးရှိတယ်။
ဤမေးခွန်းကိုဖြေရှင်းရန်
နောက်တနည်းက နံပါတ်လိုင်း ဆွဲမယ်။
ကျွန်တော်က အဝါရောင်နဲ့ နံပါတ်လိုင်း ဆွဲလိုက်မယ်
မကျယ်ဘူး။
သံပုရာသီးအကြောင်းပြောနေတာ
ဆိုတော့ အဝါရောင် နဲ့ဆွဲမယ်။
ဒါကျွန်တော်တို့ရဲ့ နံပါတ်လိုင်းပဲ ဆိုကြပါစို့ ။
ဂဏန်းအားလုံးကို အရင်ဆွဲရအောင်
၀၊ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇။
ဒါဖြင့် မင်းဒီဟာကို
စဉ်းစားလို့ရတယ်၊
ကျွန်တော်တို့က နံပါတ်လိုင်းပေါ်မှာ
နံပါတ် 4 မှစတင်သည်။
ဒါ နံပါတ် 4 ပါ။
ပြီးတော့ အဲဒါကို 3 ထပ်ပေါင်းတယ်။
ဒီတော့ နံပါတ်လိုင်းကို ၃ နဲ့ တိုးမယ် ။
ဒါဆို ကျွန်တော်တို့က 1၊ 2၊ 3
နဲ့ 7 မှာအဆုံးသတ်မယ်။
ဒီတော့ ကျွန်တော်မှာ 4ရှိပြီး
3 ထပ်ရရင် ကျွန်တော်မှာ 7 ရတယ်လို့ ပြောနိုင်တယ်။
ဒါမှမဟုတ် 4ကို 3နဲ့ တိုးရင်
7 လို့လည်းရပါတယ်။
ဒါဆို အခု အနုတ်
ကြည့်ကြရအောင်
ဤဗီဒီယိုသည် ပေါင်းခြင်းနှင့်နုတ်ခြင်း
အကြောင်းဖြစ်သောကြောင့်
ပေါင်းခြင်းတစ်ချိန်လုံးပြောမနေသင့်ဘူး။
ဒီတော့ 4 - 3 ရဲ့
ဥပမာကို ကြည့်ရအောင် ။
အဲဒါက ဘာနဲ့တူလဲ။
ပိုစိတ်ဝင်စားဖို့ကောင်းအောင်
အရောင်ပြောင်းလိုက်မယ်။
ဒါဆို 4 - 3 က ဘာနဲ့ ညီလဲ။
နုတ်ခြင်း သည် ပေါင်း
ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။
ပေါင်းခြင်းလုပ်နေတာက ပေါင်းထည့်တာပါ
ထည့်ခြင်း ဆိုတဲ့ စကားလုံးကို မသုံးချင် ပေမယ့်၊
အဲဒါ မင်းလုပ်နေတာပါပဲ။
ကျွန်တော်မှာ သံပုရာသီး ၄ လုံးရှိ
ပြီး နောက်ထပ် ၃ လုံး ရတယ်။
အနုတ်မှာ သင်တစ်ခုခုယူသည်။
ဒီတော့ ဒီဥပမာမှာ
သံပုရာသီး ၄ လုံးနဲ့ စ လိုက်ရင်
ပန်းကန်ပေါ်တွင် သံပုရာသီး 4 လုံးရှိသည် ဆိုကြပါစို့
ကျွန်တော် 3 ကို နုတ်ရင်၊
3 ကို ပေါင်းပြီး 7 ကိုမလုပ်ပဲ ၊ ကျွန်တော် 3 လုံးယူ(နုတ်)မယ်။
ကျွန်တော်သံပုရာသီးစားလိုက်တာ သို့မဟုတ်
ဒီဗီဒီယိုကြည့်နေတဲ့သင်ကို ပေးတာမျိုး ဖြစ်နိုင်တယ်။
ဒီတော့ ၄ လုံးကနေ ၃
လုံးကို ဖယ်လိုက်တယ် ဆိုကြပါစို့၊
ဒါကို ဖယ်လိုက်မယ်။
သံပုရာသီးဘယ်နှစ်လုံး ကျန်ခဲ့မလဲ။
ကျွန်တော် တစ်ခု မဖြတ်လိုက်ဘူး။
ဒါဆို သံပုရာသီး ၁ လုံးပဲ ကျန်တော့တယ်။
ဒါက ကျန်တဲ့သံပုရာသီး အရေအတွက်ပါ။
ဒီတစ်ခုဖြစ်လို့မလိုပါဘူး၊
၃ ခုထဲက တစ်ခုကို ဖြတ်ရင်ရပြီ။
အဲဒါကိုတွက်ဖို့ နောက်တစ်နည်းကတော့
သံပုရာသီးကို နံပါတ်လိုင်းပေါ်မှာဆွဲကြည့် ရအောင်
ဒါက နံပါတ်လိုင် ဆိုကြပါစို့ ။
ပြီးတော့ ဂဏန်း အားလုံးကို ဆွဲမယ်။
၀၊ ၁၊ ၂၊
၃၊ ၄၊ ၅၊ ၆၊ ၇။
နံပါတ်လိုင်းက ဆက်သွားနေမယ်။
အကြီးဆုံးနံပါတ်တော့ မရှိပါဘူး။
မင်းတွေးနိုင်တဲ့ ကိန်းဂဏန်းမှန်သမျှ
အဲဒီ့ထက် ပိုကြီးတဲ့ နံပါတ် ကို
ကျွန်တော်စဉ်းစားနိုင်တယ်။
ဒါကြောင့် အကြီးဆုံးနံပါတ် မရှိပါဘူး။
အဲဒါကြောင့် ဒီမြှားကို ဆွဲတယ်။
နံပါတ်လိုင်း တစ်ကြောင်းလုံး ကို
ဘယ်တော့မှ မဆွဲနိုင်သောကြောင့်
ဘာပဲဖြစ်ဖြစ်
အနုတ် သို့ ပြန်ကြည့်ကြရအောင်။
ကျွန်တော်တို့က သံပုရာသီး
4 လုံး ရှိတယ် ဟုတ်တယ်မလား?
3(+3) ပေါင်းထည့်သောအခါ
ဂဏန်းလိုင်းပေါ်ရှိ ညာဘက် 3 နေရာသို့ ရွှေ့သည်။
ညာဘက်က ဂဏန်းတိုးလာ သောကြောင့်
ဒါနဲ့ 4 ကနေ 5 ထိသွားတယ်။
အဲဒါက တစ်ခု(+1)ပါ။
5 မှ 6 သည် နှစ်ခု(+2)
6 မှ 7 သည် +3
အခု ကျွန်တော်တို့ ၄ ခု နုတ်ထွက်မယ်။
ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ။
ကျွန်တော်တို့ ဘာလုပ်မယ်ထင်လဲ။
အချို့ကို ယူသွားသောကြောင့် သံပုရာသီး
အရေအတွက် လျော့နည်းသွားမည်။
ဒီတော့တစ်လုံးယူသွားရင် ၊ 3 ကိုရောက်ပါတယ်။
နှစ်ခုကိုယူ၊ ၂ သို့ရောက်မည်။
3 ခုယူသွား ရင်
1 ၊ 2 ၊ 3 နေရာ
နံပါတ်လိုင်းပေါ်မှာ ပြန်သွားမယ်။
ပြီးတော့ ကျွန်တော်တို့ 1 မှာအဆုံးသတ်လိမ့်မယ်။
1 မှာအဆုံးသတ်လိမ့်မယ်။
ထို့ ကြောင့် ပေါင်းခြင်းသည် သင်ပိုထည့်သောအခါ
နုတ်ခြင်းသည် သင်ယူသောအခါဖြစ်သည်။
နံပါတ်လိုင်းကို အသုံးပြုပါက ပေါင်းခြင်းသည်
ထိုပမာဏဖြင့် နံပါတ်လိုင်းတစ်လျှောက် တိုးလာသည်။
ဒီတော့ ဒီကိစ္စမှာ
နံပါတ်လိုင်းတလျှောက် 3 တိုးလာတယ်။
ဒါနဲ့ 4 ကနေ 7 ထိသွားတယ်။
နုတ်ခြင်းတွင် နံပါတ်လိုင်းပေါ်တွင် လျှော့၍
ဘယ်ဘက်သို့ ရွှေ့သည်။
သင်နုတ်ရမယ့် ပမာဏနဲ့ လျှော့(ရွှေ့) ပါ။
ဒီအခြေအနေမှာ 3 လျော့သွားတယ်။
1,2,3 လျော့ပြီး 1ရတယ်။
အဲဒါကို တခြားနည်းနဲ့ ကြည့်လို့ရတယ်။
ကျွန်တော်မှာ ပစ္စည်း 4 ခုရှိရင်
၃ ခုပေးတယ် သို့မဟုတ် ၃ ခုစားလိုက်တယ်။
သို့မဟုတ် 3ခု ရှုံးရင် ကျွန်တော် 1 ခု ပဲကျန်တော့တယ်။
နုတ်ခြင်းအကြောင်း စိတ်ဝင်စားစရာကောင်းတဲ့
အချက်တွေကို ကျွန်တော်ပြမယ်
4 - 3 = 1 လို့ ကျွန်တော်တို့သိတယ်။
စိတ်ဝင်စားစရာ တစ်ခုပြမယ်
4 အနှုတ် 1 ဆိုတာဘာလဲ။
ဥပမာတစ်ခုကို သုံးပြမယ်
သံပုရာသီးဥပမာ နှင့် လုပ်ကြည့်ရအောင်။
အခု ပန်းသီးသုံးရအောင်။
သံပုရာသီး မသုံးချင်တော့ဘူး။
၁၊ ၂၊ ၃၊ ၄ ဆိုကြပါစို့။
၁၊ ၂၊ ၃၊ ၄ ဆိုကြပါစို့။
ကျွန်တော်မှာ ပန်းသီး ၄ လုံးရှိတယ်ဆိုပါစို့။
ဒါက ကျွန်တော်တို့ ကိုင်တွယ်နေတဲ့ ဥပမာပါ။
ပန်းသီးတစ်လုံးကျွန်တော်စားခဲ့တယ်။
ဒါကြောင့် ပန်းသီးတစ်လုံး မရှိတော့ဘူး။
ပန်းသီးဘယ်နှစ်လုံး ကျန်ခဲ့မလဲ?
၃လုံး -- ၁၊ ၂၊ ၃။
4 -1 က 3 နဲ့ ညီတယ်။
ကျွန်တော်တို့ နံပါတ်
လိုင်းပေါ်မှာ 4 နဲ့ စခဲ့မယ် ဆိုရင်၊
1 ကို နုတ်ရင်၊ 1 ကို ခွာယူလိုက်သည် ။
ဒါကြောင့် 1 လျော့သွားမယ်။
ဘယ်ဘက်ကို1ရွှေ့၊ 3 ရမယ်။
ဘာပဲဖြစ်ဖြစ် မှန်ပါတယ်။
ဒါက စိတ်ဝင်စားစရာမဟုတ်ဘူးလား။
4 - 3 = 1 ဖြစ်ပြီး
4 - 1 = 3
ကျွန်တော်ကံကောင်းပြီး အလုပ်ဖြစ်ခဲ့တဲ့ ဂဏန်းကို ရွေးတာလို့ ပြောနိုင်တယ်။
ဒါပေမယ့် ဒါက အမြဲမှန်တယ်။
ဒါကို အရမ်းကြီး မခက်ခဲစေချင်ပါဘူး၊
ဒါပေမယ့် နောက်ပိုင်းမှာ သင်လေ့လာရမယ့် အက္ခရာသင်္ချာ
အခုကျွန်တော်တို့ကိုင်တွယ်နေပြီ၊
ဒါပေမယ့် ကျွန်တော် အခုမရှင်းတော့ပါဘူး။
ဒါဆို ဒါက ဘယ်ကလာတာလဲ။
ဒါက 3 + 1 = 4 ဆိုတဲ့အချက်ကို အခြေခံတယ် ။
ဒါက 3 + 1 = 4 ဆိုတဲ့အချက်ကို အခြေခံတယ် ။
ရှုပ်နေရင်တောင်းပန်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကို ပြမယ် ။
3 + 1 ဆိုတာ ဘာလဲ။
3 အပေါင်း 1 က ဘာနဲ့ညီလဲ။
အဲဒါ လွယ်တယ်။
ဒါကို အခြေခံပေါင်းခြင်း ကနေ သိတယ်။
နံပါတ်လိုင်းပေါ်မှာ
3 တွင် စပြီး 1 ကိုပေါင်းပါ။
သင်ဘယ်မှာဆုံးလဲ။
4 မှာသင်အဆုံးသတ်တယ်။
3+1=4 ဖြစ်သောကြောင့်
သို့မဟုတ် သင်သည်
နံပါတ်လိုင်း မှာ1 တွင် စတင်ပြီး 3 ကိုပေါင်းနိုင်သည်။
1 ၊ 2 ၊ 3 ရွေ့ပြီး
4 မှာအဆုံးသတ် ရပါလိမ့်မယ်။
အစီအစဉ်ကိုလည်း သင်ပြောင်းနိုင်သည်ကို ကျွန်ုပ်တို့သိပါသည်။
နှစ်ခုလုံးက 4 နဲ့ ညီတယ်။
မင်း ဒီမှာ ဘာမြင်လဲ။
ဒီမှာ ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေ အစုံ ရှိတယ်။
တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိတယ်။
1 + 3 = 4
3 + 1 = 4
4 - 1 = 3
4 - 1 = 3 နှင့် 3+1=4
သူတို့က အတူတူပဲ
1 မှ 3 ကိုပေါင်းရင် 4 လို့ရတယ်
1 ကို 4 ကနေ ဖယ် ရင် 3 လို့ ရတယ်
4 မှာစပြီး နောက်ပြန်ရွှေ့ရင် 3 ရပါတယ်။
3 မှာစပြီး 1 ကိုတက်ရင် 4ရတယ်
ဒါက ပိုရှင်းလာမယ်လို့ မျှော်လင့်ပါတယ်။
အနုတ်အကြောင်း
နောက်ဗီဒီယို မှာ အခြေခံအနုတ်ပြဿနာများ
10 မိနစ်အတွင်း ကျွန်တော်တတ်နိုင်သမျှတွက်မယ်။
ပြီးရင် သင်လေ့ကျင့်ခန်းလုပ်ဖို့ အဆင်သင့်ဖြစ်လိမ့်မည်။
မကြာခင်ပြန်ဆုံကြမယ်။