သင့်အနေနဲ့ သဘောတူမှုနဲ့ ပတ်သက်ပြီး အခုထိ နားလည်ရ ခက်နေသေ:တယ်ဆိုရင်
လိင်ဆက်ဆံဖို့ ကြိုးစားတာကို
လက်ဘက်ရည် သောက်တာနဲ့ တင်စားကြည့်ရအောင်
ဟေ့ နင်လက်ဘက်ရည် သောက်ချင်လားလို့ သင်ကမေးမယ်ပေါ့
အား သိပ်ကြိုက်တာပေါ့
အရမ်းကို လက်ဘက်ရည် တစ်ခွက်လောက် သောက်ချင်နေတာ
ဒါဆို သူတို့ လက်ဘက်ရည်သောက်ချင်မှန်း သိပြီ
သို့ပေမဲ့ သင်က လက်ဘက်ရည်သောက်ချင်လား
မသေချာသေးဘူးကွာ
ဒါဆို သင့်အနေနဲ့ လက်ဘက်ရည် ဖျော်မယ်
မဖျော်ဘူး ဆိုတာကို ... ဒါပေမဲ့ သတိထားရမှာက
သူ သောက်ချင်မှ သောက်မယ်
တကယ်လို့ သူ မသောက်ချင်ဘူးဆိုရင်
အရမ်းအရေးကြီးတာက
အတင်းမသောက်ခိုင်းနဲ့
သင်ဖျော်ပြီးတိုင်း အတင်းမတိုက်နဲ့
သင့်သူသောက်တာကို ထိုင်ကြည့်ဖို့လဲ အခွင့်မရှိဘူး
တကယ်လို့ တော်ပြီး မသောက်တော့ဘူးဆို
လက်ဘက်ရည်ကို အစကတည်းက မဖျော်နေနဲ့
လက်ဘက် မဖျော်နဲ့
အတင်းမတိုက်နဲ့
မသောက်လို့
စိတ်မဆိုးနဲ့
သူလက်ဘက်ရည်ကို လုံးဝမသောက်ချင်တာ သိတယ်ဟုတ်
သူက သောက်မယ်
သင်က သိပ်သဘောကောင်းတာဘဲ
နောက် လက်ဘက်ရည်လည်း ရောက်လာရော
လက်ဘက်ရည် လုံးဝမသောက်ချင်တော့ဘူး ဆိုရင်
အင်း ဒါစိတ်ရှုပ်စရာတော့ကောင်းတယ်
လက်ဖက်ရည်ဖျော်ခဲ့ရတဲ့ အားထုတ်မှုတွေ သဲထဲရေသွန်
သို့ပေမဲ့ သူ လက်ဖက်ရည်သောက်ဖို့ ဘာမှ ကတိကဝတ်မရှိဘူး
အစကသောက်မယ်ပြောတယ် အခု မသောက်တော့ဘူး
လူတွေ အမြဲတမ်း စိတ်ပြောင်းနေကြတာဘဲ
ရေနွေးအိုးတည် လက်ဖက်ရည်ဖျော်
နွားနို့ထည့်
သို့ပေမဲ့ လူတွေမှာ သူတို့စိတ်ကို ပြောင်းလဲပိုင်ခွင့် ရှိတယ်
သင်အတင်းသောက်တာ ကြည့်ဖို့
သင့်မှာ အခွင့်အရေး မရှိဘူး
သူတို့ သတိမေ့နေရင် လက်ဘက်ရည် မဖျော်နဲ့
သတိမရှိတဲ့ လူတွေက လက်ဘက်ရည် မကြိုက်ဘူး
သူက သင်လက်ဘက်ရည်သောက်မလားဆိုတဲ့ မေးခွန်းကို ပြန်မဖြေနိုင်ဘူး
သူသတိမေ့နေတယ်လေ
သူက နင်လက်ဘက်ရည်သောက်မလားလို့ မေးတဲအခါ
သတိရှိနေသေးတယ်
နောက် နင်မေးတုန်းက ဟုတ်ကဲ့လို အဖြေပေးခဲတယ်
ရေနွေးတည် လက်ဖက်ရည်နှပ်
နွားနိုထည့် အဲ့တော့မှ သတိမေ့သွားတယ်
ဒါဆို လက်ဘက်ရည်ကို ဘေးဖယ်ထားပြီး
သတိမေ့နေတဲလူကို ကျန်းမာလာအောင် ပြန်လုပ်ပေး
နောက်အရေးကြီးတာက
သူတို့ကို လက်ဘက်ရည် အတင်းအတိုက်နဲ့
သူတို့ ဟုတ်ကဲ့လို ပြောခဲ့တယ် နောက်သတိမေ့တဲလူက
လက်ဘက်ရည် မကြိုက်ဘူး
တချို့က လက်ဘက်ရည်သောက်မယ်လို့ပြောတယ်
သောက်နေတုန် သတိမေ့သွားတယ်
ဒါဆို အတင်း ဆက်မတိုက်နဲ့
သူတိုကို လောင်းမထည့်နေနဲ့
လက်ဘက်ရည်ကို ဖယ်ထားပြီး
သူတို့ ကျန်းမာလာအောင်လုပ်ပေး
ဘာကြောင်လဲဆိုတော့ သတိမေ့နေတဲ့လူက
လက်ဘက်ရည်မကြိုက်ဘူး ကျွန်တောပြောတာ ယုံပါ
တယောက်သောသူက စနေနေ့က
လက်ဘက်ရည် သောက်ခဲ့တာက
နောက်အမြဲတန်း လက်ဘက်ရည် ကြိုက်လိမ့်မယ်လို့
မထင်နဲ့
အမြဲတမ်း သူ့အနားလာပြီးတော့
ရုတ်တရက် ရောက်ရောက်တာကို မကြိုက်ဘူး
လက်ဘက်ရည်လည်း အတင်းမတိုက်နဲ့
ဒါနဲ့ နင် လွန်ခဲတဲ့ အပတ်က လက်ဘက်ရည် ကြိုက်ခဲတယ်လေ
ဒါမှမဟုတ် အတင်း နိုးပြီး
လက်ဘက်ရည်ကို လောင်ချတာမျိုး မလုပ်သင့်ဘူး
ဒါနဲ့ အရင်အပတ်က လက်ဘက်ရည် ကြိုက်ခဲ့တယ်လေ
သင့်အနေနဲ့ လူတွေကို
လက်ဘက်ရည်လဲ အတင်းမတိုက်နဲ့
အတင်းခိုင်းတာ ဘယ်လောက် ကျိုးကြောင်းမဆီလျော်လဲ သိပြီဘဲ
သင့်အနေနဲ့ လူတွေ လက်ဘက်ရည်
ဘယ်အချိန် မကြိုက်လဲ သိရင်
လိင်ဆက်ဆံတဲ့အကြောင်းကို သိဖိုလဲ
သိပ်မခက်ပါဘူး
လိင် သို့မဟုတ် လက်ဘက်ရည်
သဘောတူညီမှုက အားလုံးဘဲ
အင်းဒါပြောနေရင်နဲ့ ကျွန်တော်လဲ
ကိုယ့်အတွက် လက်ဘက်ရည် ဖျော်လိုက်အုံးမယ်
ဘာသာပြန် −ဆိုင်းအောင်စိန်မြင့်