ဘာသာပြန် ဆိုင်းအောင်စိန်မြင့်
သင့်အနေနဲ့ သဘောတူမှုနဲ့ ပတ်သက်ပြီး အခုထိ နားလည်ရ ခက်နေသေတယ်ဆိုရင်
လိင်ဆက်ဆံဖို့ ကြိုးစားတာကို
လက်ဘက်ရည် သောက်တာနဲ့ တင်စားကြည့်ရအောင်
ဟေ့ နင်လက်ဘက်ရည် သောက်ချင်လားလို့ သင်ကမေးမယ်ပေါ့
အား သိပ်ကြိုက်တာပေါ့
အရမ်းကို လက်ဘက်ရည် တစ်ခွက်လောက် သောက်ချင်နေတာ
ဒါဆို သူတို့ လက်ဘက်ရည်သောက်ချင်မှန်း သိပြီ
သို့ပေမဲ့ သင်က လက်ဘက်ရည်သောက်ချင်လား
မသေချာသေးဘူးကွာ
ဒါဆို သင့်အနေနဲ့ လက်ဘက်ရည် ဖျော်နိုင်ပေမဲ့
မဖျော်ဘူး ဒါပေမဲ့ သတိထားရမှာက
သူ သောက်ချင်မှ သောက်မယ်
တကယ်လို့ သူ မသောက်ချင်ဘူးဆိုရင်
အခုအရေးကြီးတဲ့အပိုင်း
အတင်းမသောက်ခိုင်းနဲ့
သင်ဖျော်ပြီးတိုင်း အတင်းမတိုက်နဲ့
သင့်သူတို့ သောက်တာကို ထိုင်ကြည့်ဖို့လဲ အခွင့်မရှိဘူး
တကယ်လို့ တော်ပြီး မသောက်တော့ဘူးဆို
လက်ဘက်ရည်ကို အစကတည်းက မဖျော်နေနဲ့
လက်ဘက် မဖျော်နဲ့
အတင်းမတိုက်နဲ့
မသောက်လို့ စိတ်မဆိုးနဲ့
သိပ်သဘောကောင်းတာဘဲ
သူတို့လက်ဘက်ရည်ကို လုံးဝမသောက်ချင်တာ သိတယ်ဟုတ်
သူတို့က သောက်မယ်
သင်က သိပ်သဘောကောင်းတာဘဲ
နောက် လက်ဘက်ရည်လည်း ရောက်လာရော
လက်ဘက်ရည် လုံးဝမသောက်ချင်တော့ဘူး ဆိုရင်
အင်း ဒါစိတ်ရှုပ်စရာတော့ကောင်းတယ်
လက်ဖက်ရည်ဖျော်ခဲ့ရတဲ့ အားထုတ်မှုတွေ သဲထဲရေသွန်
သို့ပေမဲ့ သူတို့ လက်ဖက်ရည်သောက်ဖို့ ဘာမှ ကတိကဝတ်မရှိဘူး
အစကသောက်မယ်ပြောတယ် အခု မသောက်တော့ဘူး
လူတွေက စိတ်ကို အမြဲတမ်း ပြောင်းနေကြတာဘဲ
ရေနွေးအိုးတည် လက်ဖက်ရည်ဖျော်
နွားနို့ထည့်
သို့ပေမဲ့ လူတွေမှာ သူတို့စိတ်ကို ပြောင်းလဲပိုင်ခွင့် ရှိတယ်
သင်အတင်းသောက်တာ ကြည့်ဖို့
အခွင့်အရေး မရှိဘူး
သူတို့ သတိမရှိဘူးလို့ထင်ရင် လက်ဘက်ရည် မဖျော်နဲ့
သတိမရှိတဲ့ လူတွေက လက်ဘက်ရည် မကြိုက်ဘူး
သူတို့က သင်လက်ဘက်ရည်သောက်မလားဆိုတဲ့ မေးခွန်းကို ပြန်မဖြေနိုင်ဘူး
သူတို့သတိမေ့နေတယ်လေ
သူက နင်လက်ဘက်ရည်သောက်မလားလို့ မေးတဲအခါ
သတိရှိနေတယ်
နောက် နင်မေးတုန်းက ဟုတ်ကဲ့လို အဖြေပေးခဲတယ်
ရေနွေးတည် လက်ဖက်ရည်နှပ်
နွားနိုထည့် အဲ့တော့မှ သတိမေ့သွားတယ်
ဒါဆို လက်ဘက်ရည်ကို ဘေးဖယ်ထားပြီး
သတိမေ့နေတဲလူကို ကျန်းမာလာအောင် ပြန်လုပ်ပေး
နောက်အရေးကြီးတာက
သူတို့ကို လက်ဘက်ရည် အတင်းအတိုက်နဲ့
သူတို့ ဟုတ်ကဲ့လို ပြောခဲ့တယ် နောက်သတိမေ့တဲလူက
လက်ဘက်ရည် မကြိုက်ဘူး
တချို့က လက်ဘက်ရည်သောက်မယ်လို့ပြောတယ်
သောက်နေတုန် သတိမေ့သွားတယ်
ဒါဆို အတင်း ဆက်မတိုက်နဲ့
သူတိုကို လောင်းမထည့်နေနဲ့
လက်ဘက်ရည်ကို ဖယ်ထားပြီး သူတို့ ကျန်းမာလာအောင်လုပ်ပေး
ဘာကြောင်လဲဆိုတော့ သတိမေ့နေတဲ့လူက လက်ဘက်ရည်မကြိုက်ဘူး ကျွန်တောပြောတာ ယုံပါ
တယောက်သောသူက စနေနေ့က
လက်ဘက်ရည် သောက်ခဲ့တာက
နောက်အမြဲတန်း လက်ဘက်ရည် ကြိုက်လိမ့်မယ်လို့ မထင်နဲ့
အမြဲတမ်း သင့်သူ့နား လာနေတာကို မကြိုက်ဘူး
ရုတ်တရက် ရောက်ရောက်လာပြီး
လက်ဘက်ရည် အတင်းမတိုက်နဲ့
ဒါနဲ့ နင် လွန်ခဲတဲ့ အပတ်က လက်ဘက်ရည် ကြိုက်ခဲတယ်လေ
ဒါမှမဟုတ် အတင်း နိုးပြီး
လက်ဘက်ရည်ကို လောင်ချတာမျိုး
နောက် အရင်အပတ်က လက်ဘက်ရည် ကြိုက်ခဲ့တယ်လေ
သင့်အနေနဲ့ လူတွေကို
အတင်းခိုင်းတာ ဘယ်လောက် ကျိုးကြောင်းမဆီလျော်လဲ သိရင်
လက်ဘက်ရည်လဲ အတင်းမတိုက်နဲ့
သင့်အနေနဲ့ လူတွေ လက်ဘက်ရည်
ဘယ်အချိန် မကြိုက်လဲ သိရင်
လိင်ဆက်ဆံတဲ့ အခါလဲ ဒီလိုပါဘဲ
လင် သို့မဟုတ် လက်ဘက်ရည်
သဘောတူညီမှုက အားလုံးဘဲ
အင်းဒါပြောနေရင်နဲ့ ကျွန်တော်လဲ
ကိုယ့်အတွက် လက်ဘက်ရည် ဖျော်လိုက်အုံးမယ်
ဘာသာပြန် −ဆိုင်းအောင်စိန်မြင့်