1 00:00:04,486 --> 00:00:10,016 Ikigai ဟာ ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုမှာ နေထိုင်ခြင်းအတွက် ဂျပန် လျှို့ဝှက်ချက်ပါ။ 2 00:00:10,744 --> 00:00:13,844 အိုကီနာဝါကျွန်းကနေ အစပြုပါတယ်။ 3 00:00:13,844 --> 00:00:18,484 အဲဒီမှာ နေထိုင်သူတွေမှာ ကမ္ဘာမှာ အမြင့်ဆုံး ပျမ်းမျှ သက်တမ်းရှိကြတယ်။ 4 00:00:19,938 --> 00:00:24,088 တစ်ခါက ဒီကျွန်းကို ထာဝရ ရှင်သန်သူများရဲ့ နေရာလို့ ခေါ်ခဲ့တယ်။ အိုကီနာဝါမှာ 5 00:00:24,088 --> 00:00:29,158 အသက်ရာကျာ် ဘိုးဘွားတွေ အမြင့်ဆုံး အချိုးအစားရှိတယ်လို့ UN က ဖော်ပြခဲ့တယ်။ 6 00:00:30,056 --> 00:00:34,416 ဒီအိုကီနာဝါသားတွေဟာ ikigai လို့ သိကြတဲ့ အယူအဆနဲ့ နေထိုင်ကြတယ်။ 7 00:00:35,210 --> 00:00:39,810 "Iki" ကို ဘဝလို့ ဘာသာပြန်ပြီး "gai" က တန်ဖိုးကို ဖော်ပြတာပါ။ 8 00:00:40,655 --> 00:00:46,085 ဒီစကားရပ်က လူတစ်ယောက်ရဲ့ဘဝကို အကျိုး ရှိအောင်လုပ်ပေးတဲ့ အရာတွေကို ရည်ညွန်းတယ်။ 9 00:00:46,089 --> 00:00:48,429 မနက်တိုင်း သင် အိပ်ရာကနေ ထတဲ့ အကြောင်းရင်းပါ။ 10 00:00:50,241 --> 00:00:55,461 Ikigai က အဓိက အရည်အသွေး လေးခုရဲ့ လမ်းဆုံမှာ ရပ်နေတယ်။ 11 00:00:55,461 --> 00:01:01,167 သင် နှစ်သက်တာ၊ သင် တော်တာ၊ ကမ္ဘာကြီးက လိုအပ်တာနဲ့ 12 00:01:01,167 --> 00:01:04,377 သင် ဆုလာဘ်ရနိုင်တာတွေပါ။ 13 00:01:05,054 --> 00:01:11,294 သင် နှစ်သက်တာနဲ့ သင်တော်တာ ကြားက လမ်းဆုံက သင့်ရဲ့ စိတ်ထက်သန်မှုပါ။ 14 00:01:11,294 --> 00:01:15,192 ဒါက သင့်အတွက် အစစ်အမှန် အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုဖြစ်ပြီး 15 00:01:15,192 --> 00:01:18,862 ဒါအတွက် စွန့်လွတ် အနစ်နာခံဖို့ သင် ဆန္ဒရှိနေတာပါ။ 16 00:01:20,225 --> 00:01:24,615 ဒီအခြေအနေကို ထပ်ပေါင်းခြင်း ကမ္ဘာကြီးက လိုအပ်တာက ပဓာနကျတယ်။ 17 00:01:24,615 --> 00:01:30,277 လူမှုအဖွဲ့အစည်းကို ဖြည့်ဆည်းတာက ပါဝင်မှု နဲ့ ရည်ရွယ်ချက်သဘောကို ပေးတာကြောင့်ပါ။ 18 00:01:31,124 --> 00:01:35,794 နောက်ဆုံး သင်ဆုလာဘ် ရနိုင်တာအပေါ် ထပ်ပေါင်းခြင်းက 19 00:01:35,794 --> 00:01:40,104 သင့်ရည်ရွယ်ချက်ကနေ အသက်မွေးမှု ပြုဖို့ မုချလိုအပ်တာပါ။ 20 00:01:41,412 --> 00:01:44,161 အခု သင့်ရဲ့ ikigai ကို ရှာဖေွခြင်းဟာ 21 00:01:44,161 --> 00:01:49,422 နက်ရှိုင်းတဲ့ စမ်းသပ်လေ့လာမှုနဲ့ မိမိကိုယ်ကိုယ် စူးစမ်းမှု လိုအပ်တယ်။ 22 00:01:50,195 --> 00:01:55,675 ခိုင်လုံတဲ့ လုပ်ဆောင်ချက်တွေကို လိုက်စား ခြင်း၊လေးလေးနက်နက် ဆင်ခြင်ခြင်းက 23 00:01:55,675 --> 00:01:59,007 သင့် စိတ်ထက်သန်မှု၊ သင့်တာဝန်၊ ကျွမ်းကျင်မှုနဲ့အသက်မွေးမှု အားလုံးက 24 00:01:59,007 --> 00:02:02,157 သင့်အလုပ်နဲ့ ဘဝဆီ 25 00:02:02,157 --> 00:02:07,739 အဓိပ္ပာယ် ပိုယူဆောင်ပေးဖို့ ပေါင်းဆုံပုံကို ရှာဖွေတွေ့ရှိနိင်တယ်။ 26 00:02:09,489 --> 00:02:11,679 Steve Jobs ရဲ့ နမူနာကို ယူကြည့်ပါ။ 27 00:02:11,679 --> 00:02:15,679 သူဟာ နည်းပညာ နယ်ပယ်မှာ အောင်မြင်မှုရဲ့ စံနမူနာတစ်ခုဆိုပေမဲ့ 28 00:02:16,763 --> 00:02:20,353 ကွန်ပြူတာ ဆော့ဖ်ဝဲအကြောင်း စိတ်ထက်သန်မှု မဖြစ်ခဲ့ဘဲ 29 00:02:20,353 --> 00:02:22,403 သူ့ကိုယ်ပိုင် ဖန်တီးမှုကို ပွင့်အန်စေမယ့် 30 00:02:22,403 --> 00:02:25,763 ကိရိယာတွေကို စိတ်ထက်သန်ခဲ့တာပါ။ 31 00:02:26,488 --> 00:02:30,968 သူ့ရဲ့ လက်ရေးလှပညာမှာ သိလိုမှုနဲ့ စိတ်ဝင်စားမှုက 32 00:02:30,968 --> 00:02:33,766 နောက်ဆုံး Apple နဲ့ ၎င်းရဲ့ ထူးခြားတဲ့ 33 00:02:33,766 --> 00:02:37,306 ပုံနှိပ်လက်ရာအတွက် စေ့ဆော်မှုဖြစ်လာခဲ့တယ်။ 34 00:02:38,777 --> 00:02:42,877 သင့်ထက်သန်မှုတွေနဲ့ စိတ်ဝင်စားမှုကို စူစမ်းခြင်းက 35 00:02:42,877 --> 00:02:46,827 သင့်စိတ်ကို ဆန်းသစ်တဲ့ နည်းလမ်းတွေမှာ အာရုံစိုက်စေကာ 36 00:02:46,827 --> 00:02:51,287 သင့်ရည်ရွယ်ချက်၊ သင့် ikigai ကို ရှာတွေ့နိုင်တယ်။ 37 00:02:52,308 --> 00:02:55,618 သင့် ikigai က ပိုအဓိပ္ပာယ်ရှိတဲ့ 38 00:02:55,618 --> 00:02:59,068 ဘဝမှာ နေထိုင်ဖို့ ကူညီပေးတာတင်မက 39 00:02:59,068 --> 00:03:04,875 သင့်ကို စိတ်ဖိစီးမှုနဲ့ မမာမကျန်းမှုတွေ ကနေလည်း ကာကွယ်ပေးမှာပါ။ 40 00:03:05,684 --> 00:03:09,684 အမေရိကန် စိတ်မကျန်းမာမှု အဖွဲ့အစည်း အဆိုအရ 41 00:03:09,684 --> 00:03:12,984 ဘဝမှာ မြင့်မားတဲ့ ရည်ရွယ်ချက်ရဲ့ သဘောတစ်ခုကို လုပ်ဆောင်ခြင်းက 42 00:03:12,984 --> 00:03:16,584 သေပျောက်မှုအတွက် လျော့ကျတဲ့ အန္တရာယ်တစ်ခုနဲ့ နှလုံးဆိုင်ရာ 43 00:03:16,584 --> 00:03:18,714 ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်တဲ့။ 44 00:03:19,544 --> 00:03:24,934 ဒီတော့ ရည်ရွယ်ချက်ကို ခံစားမိသူတွေက ပိုကျန်းမာတဲ့ ဘဝတွေမှာ နေထိုင်ရလေ့ရှိပြီး 45 00:03:24,934 --> 00:03:28,228 ပိုပြီး တက်ကြွကာ ဒူပေနာပေ ခံနိုင်တယ်။ 46 00:03:30,159 --> 00:03:34,899 ကျွန်မတို့ တစ်ဦးချင်းစီမှာ ikigai ရှိတယ်လို့ 47 00:03:35,369 --> 00:03:37,429 ကျွန်မ ယုံကြည်တယ်။ 48 00:03:37,429 --> 00:03:43,119 သင်ကိုယ်တိုင်ရဲ့ နက်ရှိုင်းတဲ့စူစမ်းမှုတွေ ကိုတာဝန်ယူပြီး ဒါကို ရှာတွေ့ဖို့ပဲလိုတာပါ။ 49 00:03:44,426 --> 00:03:48,306 ဒါပေမဲ့ သင်တို့ကို အခု ပြောပါရစေ။ ဒါက မလွယ်ကူပါဘူး။ 50 00:03:49,251 --> 00:03:53,251 ဒါက စွန့်လွှတ်မှုတွေ လုပ်ဖို့ သတ္တိ၊ သန္နိဋ္ဌာန်နဲ့ 51 00:03:53,251 --> 00:03:56,621 ဆန္ဒတစ်ခု လိုအပ်တယ်။ 52 00:03:57,670 --> 00:04:02,078 ကျွန်မအတွက် ကိုယ့်ရဲ့ ikigai ကို ရှာဖွေတွေ့ရှိဖို့ 53 00:04:02,078 --> 00:04:05,428 ပထမဆုံး ကြေ၊က်စိတ်တွေ၊ အပျက်သဘောတွေ၊ ပူပန်မှုတွေကနေ 54 00:04:05,428 --> 00:04:09,158 ကိုယ့်ကိုယ်ကို ခွာထားဖို့လိုတယ်။ 55 00:04:10,187 --> 00:04:16,797 ကျွန်မဟာ လူမှုအဖွဲ့အစည်းမှာ ပါဝင်မှုတွေ လုပ်ဖို့ ရှက်လွန်းတယ်လို့ မကြာခဏ ထင်မိပြီး 56 00:04:17,615 --> 00:04:22,085 ကျွန်မ လုပ်တယ်လို့ ဆိုရင်တောင် ဘယ်သူက တကယ် ဂရုစိုက်မှာမို့လို့လဲ။ 57 00:04:22,935 --> 00:04:25,885 ကျွန်မရဲ့ ရည်ရွယ်ဆိုတာတောင် ဘာလဲ။ 58 00:04:27,128 --> 00:04:33,108 ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဝေဖန်ပြီး ကိုယ်ဘယ်သူဆိုတာ၊ ကိုယ်ဘာလုပ်ခဲ့တာကို 59 00:04:33,108 --> 00:04:35,052 အပြစ်ရှာမိတယ်။ 60 00:04:36,400 --> 00:04:41,700 ဒါပေမဲ့ ကိုယ်ပိုင်သံသယနဲ့ ယုံကြည်စိတ် ကင်းမဲ့မှုရဲ့ နှစ်တွေကြာပ​ြီး နားလည်ခဲ့တာက 61 00:04:42,796 --> 00:04:48,256 ကိုယ်ကိုယ်တိုင်က ကိုယ့်ရန်သူ အစစ်ဖြစ်တယ်ဆိုတာနဲ့ 62 00:04:48,256 --> 00:04:51,028 ဒါ ဆက်ဖြစ်နေရင် 63 00:04:51,028 --> 00:04:57,518 ကျွန်မရဲ့ စွမ်းအားအပြည့်အဝကို ဘယ်တော့မှ တွေ့ကြုံရှာဖွေနိုင်မှာ မဟုတ်ဘူးဆိုတာပါ။ 64 00:04:59,339 --> 00:05:05,679 ဒီတော့ ပါဝင်ထောက်ပံ့မှုတွေဟာ အရေးပါတယ်၊ ငါ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုပြီး 65 00:05:05,679 --> 00:05:08,307 ကိုယ့်ကိုယ်ကို လက်ခံစေဖို့ ကြိုးစားပေမဲ့ 66 00:05:09,137 --> 00:05:12,077 ဒါကို ကျွန်မက မယုံနိုင်ခဲ့သလိုဖြစ်ခဲ့တယ်။ 67 00:05:14,034 --> 00:05:20,504 ဒီတော့ ဒါက ကျွန်မကိုယ်တွင်းမှာ ယုံကြည်မှုကို တည်ဆောက်ပေးပြီး 68 00:05:20,504 --> 00:05:24,072 ကျွန်မ တကယ် တတ်စွမ်းတာကို ကျွန်မကို မြင်ဖို့ ကူညီမယ့် 69 00:05:24,072 --> 00:05:28,202 ခိုင်မာတိကျတဲ့ လုပ်ဆောင်မှု ဆောင်ရွက်မှုဖို့အချိန်ပါ။ 70 00:05:29,876 --> 00:05:33,986 စဉ်းစားသုံးသပ်ခြင်းများစွာနဲ့ အကောင်း၊အဆိုးတွေရဲ့ 71 00:05:33,986 --> 00:05:37,276 ရှည်လျားတဲ့ စာရင်းတစ်ခု လိုအပ်ခဲ့ပေမဲ့ 72 00:05:38,594 --> 00:05:44,694 FutureHack အမည်နဲ့ စီးပွားရေးစွမ်းဆောင်မှု အစီအစဉ်တစ်ခုမှာ ကျွန်မ ပါဝင်ထားပြီးပါပြီ။ 73 00:05:44,694 --> 00:05:48,601 ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစာတဲ့
 မိမိကိုယ်ကို လှုံဆော်တဲ့ ခေါင်းဆောင်တွေ 74 00:05:48,601 --> 00:05:51,521 အတွက် ပုံစံထုတ်ထားတဲ့ လေ့ကျင်ရေး စခန်းတစ်ခုပါ 75 00:05:52,808 --> 00:05:57,378 ရှက်တတ်တဲ့ ပင်ကိုယ်စရိုက်၊ အနည်းဆုံး ခေါင်းဆောင်မှုအတွေ့အကြုံ၊ 76 00:05:57,378 --> 00:06:00,122 ကျွန်မရဲ့ စိတ်ကူးတွေကို အခြားသူတွေဆီကို 77 00:06:00,122 --> 00:06:05,582 သက်သောင့်သက်သာ မဖော်ပြနိင်မှုနဲ့အတူ အစီအစဉ်ထဲကို ကျွန်မ ခြေချလိုက်တယ်။ 78 00:06:07,341 --> 00:06:10,271 ဒါပေမဲ့ ဒီအတွေ့အကြုံတောက်လျှောက်မှာ 79 00:06:10,271 --> 00:06:16,881 စိတ်ထက်သန်တဲ့၊ အလုပ်ကြိုးစားတဲ့၊ စေ့ဆော်ပေးတဲ့ လူများစွာနဲ့ ဆုံခဲ့တယ်။ 80 00:06:17,911 --> 00:06:19,651 ပညာရေးဆိုင်ရာ ဆန်းသစ်မှုအတွက် 81 00:06:19,651 --> 00:06:23,501 နိုင်ငံတော် စီမံကိန်းတစ်ခုအောက်မှာ ကျွန်မတို့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။ 82 00:06:24,184 --> 00:06:29,624 ဒါက ဂျပန် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပုံနဲ့ ပတ်သက်ပြီး 83 00:06:29,624 --> 00:06:33,424 ဂျပန်က အုပ်ချုပ်ရေးမှူးတွေ၊ ဆရာတွေနဲ့ ကျောင်းသားတွေ 84 00:06:33,424 --> 00:06:37,724 ပထမဆုံးအကြိမ် စိတ်ကူးတွေ ဖလှယ်ဖို့ အားလုံး စုဝေးခဲ့တာပါ။ 85 00:06:38,756 --> 00:06:43,906 ဒီလှုပ်ရှားမှုကို ဆရာ ၅၀ ကျော်နဲ့ ကျောင်းသား ၅၀ ကျော် တက်ရောက်ခဲ့စဉ် 86 00:06:43,906 --> 00:06:46,681 အစိုးရ အရာရှိတွေက စောင့်ကြည့်ခဲ့ပြီး 87 00:06:46,681 --> 00:06:50,681 ကျောင်းသားတွေရဲ့ စိတ်ကူးတွေကို တကယ်ပဲ ထည့်သွင်းစဉ်စားခဲ့ကြတယ်။ 88 00:06:52,137 --> 00:06:58,127 ကျောင်းသားတွေနဲ့ ဆရာတွေ တုံ့ပြန် ဆက်သွယ်ပြီး ကိုယ်ပိုင် စိတ်ကူးတွေကို 89 00:06:58,127 --> 00:07:01,051 တစ်ယောက်ကိုတစ်ယောက်ကို ဖော်ပြတာကို စောင့်ကြည့်ရတာ အံ့ဩစရာပါ။ 90 00:07:02,248 --> 00:07:07,488 စိတ်အားထက်သန်မှုနဲ့ ရည်ရွယ်ချက်ရဲ့ ဒီခံစားချက်အသစ်က ကျွန်မရဲ့ကိုယ်တွင်းမှာ 91 00:07:07,488 --> 00:07:10,535 ယုံကြည်စိတ်ကို အစပျိုးပေးခဲ့ပြီး 92 00:07:11,573 --> 00:07:18,073 ပြောင်းလဲရေး စိတ်ကူးတွေကို အပြောင်းအလဲ လုပ်သူတွေဆီကို ပျော်ရွှင်စွာ ဖော်ပြခဲ့တယ်။ 93 00:07:19,575 --> 00:07:25,745 ကျွန်မရဲ့ အကြောက်ကို ရင်ဆိုင်ခြင်းနဲ့ ကိုယ် တတ်စွမ်းတာကို နားလည်ခြင်းက 94 00:07:25,745 --> 00:07:30,111 ကျွန်မဟာ ကြောက်တာ၊ ရှက်ရွံ့တာ မခံစားရတော့ဘူး။ 95 00:07:30,111 --> 00:07:35,364 နောက်ဆုံး ကျွန်မရဲ့ ထင်မြင်ချက်က အခြား လူတွေအတွက် တကယ် အရေးပါတယ်လို့ ခံစားရပြီး 96 00:07:35,364 --> 00:07:41,303 လူ့အဖွဲ့အစည်းမှာ အပြုသဘော သက်ရောက်မှု အတွက် ဒီတွန်းအားကို ဖွံ့ဖြိုးစေခဲ့တယ်။ 97 00:07:42,114 --> 00:07:47,374 ဒီဇိုင်းနဲ့ စီးပွားရေးစွမ်းဆောင်မှုအတွက် ကျွန်မရဲ့ ထက်သန်မှုကို ဖော်ထုတ်ခဲ့ကာ 98 00:07:47,374 --> 00:07:53,077 ကျွန်မရဲ့ စစ်မှန်တဲ့ ကိုယ်တွင်း အတ္တကို ဆက်လက် တိုးချဲ့၊ စူးစမ်းဖို့ 99 00:07:53,077 --> 00:07:57,183 ထပ်ပြီး ရှာဖွေဖို့ ဒီဆန္ဒကို ကျွန်မ တည်ဆောက်ခဲ့တယ်။ 100 00:07:59,228 --> 00:08:04,348 ကြီးမြတ်တဲ့ Dalai Lama က ကျွန်မရဲ့ အတွေ့အကြုံကိုအကျဉ်းရုံး ဖော်ပြထားတာက 101 00:08:06,738 --> 00:08:10,598 "မိမိကိုယ်ပိုင် အစွမ်းကို သိရှိခြင်းနှင့် 102 00:08:10,598 --> 00:08:13,808 မိမိ၏ စွမ်းရည်ကို ယုံကြည်မှုနဲ့အတူ 103 00:08:13,808 --> 00:08:16,718 ပိုကောင်းမွန်သော ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်သည်"တဲ့။ 104 00:08:18,962 --> 00:08:21,642 အခု မျက်လုံးတွေ မှိတ်လိုက်ပါ။ 105 00:08:23,638 --> 00:08:27,948 မိမိကိုယ်ကိုယ် မေးဖို့ သင်တို့ကို အခုအချိန် ပေးမယ်။ 106 00:08:29,494 --> 00:08:31,374 သင် ဘာကို နှစ်သက်လဲ။ 107 00:08:34,326 --> 00:08:36,196 သင် ဘယ်အရာမှာ တော်လဲ။ 108 00:08:38,265 --> 00:08:41,245 သင် ဘာ ဆုလာဘ်ကို ရနိင်လဲ။ 109 00:08:43,474 --> 00:08:47,984 ဒီကမ္ဘာမှာ ဘာအပြောင်းအလဲကို သင်မြင်ချင်တာလဲ။ 110 00:08:50,044 --> 00:08:52,344 အခု မျက်လုံးတွေကို ဖွင့်လိုက်ပြီး 111 00:08:53,297 --> 00:08:57,914 သင့်ကို စောင့်ဆိုင်းနေတဲ့ အခွင့်အလမ်းတွေဆီ ကိုယ့်ကိုယ်ကို ဖွင့်ထားလိုက်ပါ။ 112 00:08:58,377 --> 00:09:04,534 မရေရာမှုတွေ ရှိပေမဲ့ နယ်ပယ်သစ်တိုးချဲ့ပြီး အခွင့်အလမ်းတွေကို ကောင်းကောင်း အသုံးချဖို့ 113 00:09:04,534 --> 00:09:07,480 သင်တို့ကို အားပေးချင်ပါတယ်။ 114 00:09:07,488 --> 00:09:09,778 သင့်စိတ်ထက်သန်မှုကို စိတ်မှာ စွဲထားပါ။ 115 00:09:09,778 --> 00:09:12,458 ကြောက်ရွံ့မှုကို စွန့်လွှတ်လိုက်ပါ။ 116 00:09:12,459 --> 00:09:17,479 ရှည်ကြာစွာ သင့်ကိုယ်သင် နှောင်တည်းထားတဲ့ အရာကို ဆက်လက်လိုက်စားပါ။ 117 00:09:18,355 --> 00:09:23,495 အကြောင်းတရားတွေကို အတားအဆီးတွေအဖြစ် ရှုမြင်ခြင်းကနေ အခွင့်အလမ်းတွေအဖြစ် 118 00:09:23,495 --> 00:09:26,373 မြင်တဲ့ သင့်သဘောထားကို ပြောင်းလိုက်ပါ ။ 119 00:09:27,864 --> 00:09:31,664 နောက်ဆုံးမှာ သင့်ရည်ရွယ်ချက် ပြန့်ထွက်လာနိုင်ပါတယ်။ 120 00:09:32,674 --> 00:09:37,174 အပြင်ကို ထွက်ပြီး သင့်ရဲ့ ikigai ကို ရှာဖွေပါ။ 121 00:09:38,906 --> 00:09:39,946 ကျေးဇူးတင်ပါတယ်။