WEBVTT 00:00:04.486 --> 00:00:10.016 Ikigai ဟာ ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုမှာ နေထိုင်ခြင်းအတွက် ဂျပန် လျှို့ဝှက်ချက်ပါ။ 00:00:10.744 --> 00:00:13.844 အိုကီနာဝါကျွန်းကနေ အစပြုပါတယ်။ 00:00:13.844 --> 00:00:18.484 အဲဒီမှာ နေထိုင်သူတွေမှာ ကမ္ဘာမှာ အမြင့်ဆုံး ပျမ်းမျှ သက်တမ်းရှိကြတယ်။ 00:00:19.938 --> 00:00:24.088 တစ်ခါက ဒီကျွန်းကို ထာဝရ ရှင်သန်သူများရဲ့ နေရာလို့ ခေါ်ခဲ့တယ်။ အိုကီနာဝါမှာ 00:00:24.088 --> 00:00:29.158 အသက်ရာကျာ် ဘိုးဘွားတွေ အမြင့်ဆုံး အချိုးအစားရှိတယ်လို့ UN က ဖော်ပြခဲ့တယ်။ 00:00:30.056 --> 00:00:34.416 ဒီအိုကီနာဝါသားတွေဟာ ikigai လို့ သိကြတဲ့ အယူအဆနဲ့ နေထိုင်ကြတယ်။ 00:00:35.210 --> 00:00:39.810 "Iki" ကို ဘဝလို့ ဘာသာပြန်ပြီး "gai" က တန်ဖိုးကို ဖော်ပြတာပါ။ 00:00:40.655 --> 00:00:46.085 ဒီစကားရပ်က လူတစ်ယောက်ရဲ့ဘဝကို အကျိုး ရှိအောင်လုပ်ပေးတဲ့ အရာတွေကို ရည်ညွန်းတယ်။ 00:00:46.089 --> 00:00:48.429 မနက်တိုင်း သင် အိပ်ရာကနေ ထတဲ့ အကြောင်းရင်းပါ။ 00:00:50.241 --> 00:00:55.461 Ikigai က အဓိက အရည်အသွေး လေးခုရဲ့ လမ်းဆုံမှာ ရပ်နေတယ်။ 00:00:55.461 --> 00:01:01.167 သင် နှစ်သက်တာ၊ သင် တော်တာ၊ ကမ္ဘာကြီးက လိုအပ်တာနဲ့ 00:01:01.167 --> 00:01:04.377 သင် ဆုလာဘ်ရနိုင်တာတွေပါ။ 00:01:05.054 --> 00:01:11.294 သင် နှစ်သက်တာနဲ့ သင်တော်တာ ကြားက လမ်းဆုံက သင့်ရဲ့ စိတ်ထက်သန်မှုပါ။ 00:01:11.294 --> 00:01:15.192 ဒါက သင့်အတွက် အစစ်အမှန် အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုဖြစ်ပြီး 00:01:15.192 --> 00:01:18.862 ဒါအတွက် စွန့်လွတ် အနစ်နာခံဖို့ သင် ဆန္ဒရှိနေတာပါ။ 00:01:20.225 --> 00:01:24.615 ဒီအခြေအနေကို ထပ်ပေါင်းခြင်း ကမ္ဘာကြီးက လိုအပ်တာက ပဓာနကျတယ်။ 00:01:24.615 --> 00:01:30.277 လူမှုအဖွဲ့အစည်းကို ဖြည့်ဆည်းတာက ပါဝင်မှု နဲ့ ရည်ရွယ်ချက်သဘောကို ပေးတာကြောင့်ပါ။ 00:01:31.124 --> 00:01:35.794 နောက်ဆုံး သင်ဆုလာဘ် ရနိုင်တာအပေါ် ထပ်ပေါင်းခြင်းက 00:01:35.794 --> 00:01:40.104 သင့်ရည်ရွယ်ချက်ကနေ အသက်မွေးမှု ပြုဖို့ မုချလိုအပ်တာပါ။ 00:01:41.412 --> 00:01:44.161 အခု သင့်ရဲ့ ikigai ကို ရှာဖေွခြင်းဟာ 00:01:44.161 --> 00:01:49.422 နက်ရှိုင်းတဲ့ စမ်းသပ်လေ့လာမှုနဲ့ မိမိကိုယ်ကိုယ် စူးစမ်းမှု လိုအပ်တယ်။ 00:01:50.195 --> 00:01:55.675 ခိုင်လုံတဲ့ လုပ်ဆောင်ချက်တွေကို လိုက်စား ခြင်း၊လေးလေးနက်နက် ဆင်ခြင်ခြင်းက 00:01:55.675 --> 00:01:59.007 သင့် စိတ်ထက်သန်မှု၊ သင့်တာဝန်၊ ကျွမ်းကျင်မှုနဲ့အသက်မွေးမှု အားလုံးက 00:01:59.007 --> 00:02:02.157 သင့်အလုပ်နဲ့ ဘဝဆီ 00:02:02.157 --> 00:02:07.739 အဓိပ္ပာယ် ပိုယူဆောင်ပေးဖို့ ပေါင်းဆုံပုံကို ရှာဖွေတွေ့ရှိနိင်တယ်။ 00:02:09.489 --> 00:02:11.679 Steve Jobs ရဲ့ နမူနာကို ယူကြည့်ပါ။ 00:02:11.679 --> 00:02:15.679 သူဟာ နည်းပညာ နယ်ပယ်မှာ အောင်မြင်မှုရဲ့ စံနမူနာတစ်ခုဆိုပေမဲ့ 00:02:16.763 --> 00:02:20.353 ကွန်ပြူတာ ဆော့ဖ်ဝဲအကြောင်း စိတ်ထက်သန်မှု မဖြစ်ခဲ့ဘဲ 00:02:20.353 --> 00:02:22.403 သူ့ကိုယ်ပိုင် ဖန်တီးမှုကို ပွင့်အန်စေမယ့် 00:02:22.403 --> 00:02:25.763 ကိရိယာတွေကို စိတ်ထက်သန်ခဲ့တာပါ။ 00:02:26.488 --> 00:02:30.968 သူ့ရဲ့ လက်ရေးလှပညာမှာ သိလိုမှုနဲ့ စိတ်ဝင်စားမှုက 00:02:30.968 --> 00:02:33.766 နောက်ဆုံး Apple နဲ့ ၎င်းရဲ့ ထူးခြားတဲ့ 00:02:33.766 --> 00:02:37.306 ပုံနှိပ်လက်ရာအတွက် စေ့ဆော်မှုဖြစ်လာခဲ့တယ်။ 00:02:38.777 --> 00:02:42.877 သင့်ထက်သန်မှုတွေနဲ့ စိတ်ဝင်စားမှုကို စူစမ်းခြင်းက 00:02:42.877 --> 00:02:46.827 သင့်စိတ်ကို ဆန်းသစ်တဲ့ နည်းလမ်းတွေမှာ အာရုံစိုက်စေကာ 00:02:46.827 --> 00:02:51.287 သင့်ရည်ရွယ်ချက်၊ သင့် ikigai ကို ရှာတွေ့နိုင်တယ်။ 00:02:52.308 --> 00:02:55.618 သင့် ikigai က ပိုအဓိပ္ပာယ်ရှိတဲ့ 00:02:55.618 --> 00:02:59.068 ဘဝမှာ နေထိုင်ဖို့ ကူညီပေးတာတင်မက 00:02:59.068 --> 00:03:04.875 သင့်ကို စိတ်ဖိစီးမှုနဲ့ မမာမကျန်းမှုတွေ ကနေလည်း ကာကွယ်ပေးမှာပါ။ 00:03:05.684 --> 00:03:09.684 အမေရိကန် စိတ်မကျန်။မာမှု အဖွဲ့အစည်း အဆိုအရ 00:03:09.684 --> 00:03:12.984 ဘဝမှာ မြင့်မားတဲ့ ရည်ရွယ်ချက်ရဲ့ သဘောတစ်ခုကို လုပ်ဆောင်ခြင်းက 00:03:12.984 --> 00:03:16.584 သေပျောက်မှုအတွက် လျော့ကျတဲ့ အန္တရာယ်တစ်ခုနဲ့ နှလုံးဆိုင်ရာ 00:03:16.584 --> 00:03:18.714 ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်တဲ့။ 00:03:19.544 --> 00:03:24.934 ဒီတော့ ရည်ရွယ်ချကို ခံစားမိသူတွေက ပိုကျန်းမာတဲ့ ဘဝတွေမှာ နေထိုင်ရလေ့ရှိပြီး 00:03:24.934 --> 00:03:28.228 ပိုပြီး တက်ကြွကာ ဒူပေနာပေ ခံနိုင်တယ်။ 00:03:30.159 --> 00:03:34.899 ကျွန်မတို့ တစ်ဦးချင်းစီမှာ ikigai ရှိတယ်လို့ 00:03:35.369 --> 00:03:37.429 ကျွန်မ ယုံကြည်တယ်။ 00:03:37.429 --> 00:03:43.119 သင်ကိုယ်တိုင်ရဲ့ နက်ရှိုင်းတဲ့စူစမ်းမှုတွေ ကိုတာဝန်ယူပြီး ဒါကို ရှာတွေ့ဖို့ပဲလိုတာပါ။ 00:03:44.426 --> 00:03:48.306 ဒါပေမဲ့ သင်တို့ကို အခု ပြောပါရစေ။ ဒါက မလွယ်ကူပါဘူး။ 00:03:49.251 --> 00:03:53.251 ဒါက စွန့်လွှတ်မှုတွေ လုပ်ဖို့ သတ္တိ၊ သန္နိဋ္ဌာန်နဲ့ 00:03:53.251 --> 00:03:56.621 ဆန္ဒတစ်ခု လိုအပ်တယ်။ 00:03:57.670 --> 00:04:02.078 ကျွန်မအတွက် ကိုယ့်ရဲ့ ikigai ကို ရှာဖွေတွေ့ရှိဖို့ 00:04:02.078 --> 00:04:05.428 ပထမဆုံး ကြေ၊က်စိတ်တွေ၊ အပျက်သဘောတွေ၊ ပူပန်မှုတွေကနေ 00:04:05.428 --> 00:04:09.158 ကိုယ့်ကိုယ်ကို ခွာထားဖို့လိုတယ်။ 00:04:10.187 --> 00:04:16.797 ကျွန်မဟာ လူမှုအဖွဲ့အစည်းမှာ ပါဝင်မှုတွေ လုပ်ဖို့ ရှက်လွန်းတယ်လို့ မကြာခဏ ထင်မိပြီး 00:04:17.615 --> 00:04:22.085 ကျွန်မ လုပ်တယ်လို့ ဆိုရင်တောင် ဘယ်သူက တကယ် ဂရုစိုက်မှာမို့လို့လဲ။ 00:04:22.935 --> 00:04:25.885 ကျွန်မရဲ့ ရည်ရွယ်ဆိုတာတောင် ဘာလဲ။ 00:04:27.128 --> 00:04:33.108 ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဝေဖန်ပြီး ကိုယ်ဘယ်သူဆိုတာ၊ ကိုယ်ဘာလုပ်ခဲ့တာကို 00:04:33.108 --> 00:04:35.052 အပြစ်ရှာမိတယ်။ 00:04:36.400 --> 00:04:41.700 ဒါပေမဲ့ ကိုယ်ပိုင်သံသယနဲ့ ယုံကြည်စိတ် ကင်းမဲ့မှုရဲ့ နှစ်တွေကြာပ​ြီး နားလည်ခဲ့တာက 00:04:42.796 --> 00:04:48.256 ကိုယ်ကိုယ်တိုင်က ကိုယ့်ရန်သူ အစစ်ဆိုတာတာနဲ့ 00:04:48.256 --> 00:04:51.028 ဒါ ဆက်ဖြစ်နေရင် 00:04:51.028 --> 00:04:57.518 ကျွန်မရဲ့ စွမ်းအားအပြည့်အဝကို ဘယ်တော့မှ ၊ တွေ့ကြုံရှာဖွေနိုင်မှာ မဟုတ်ဘူးဆိုတာပါ။ 00:04:59.339 --> 00:05:05.679 ဒီတော့ ပါဝင်ထောက်ပံ့မှုတွေဟာ အရေးပါတယ်၊ ငါ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုပြီး 00:05:05.679 --> 00:05:08.307 ကိုယ့်ကိုယ်ကို လက်ခံစေဖို့ ကြိုးစားပေမဲ့ 00:05:09.137 --> 00:05:12.077 ဒါကို ကျွန်မက မယုံနိုင်ခဲ့သလိုဖြစ်ခဲ့တယ်။ 00:05:14.034 --> 00:05:20.504 ဒီတော့ ဒါက ကျွန်မကိုယ်တွင်းမှာ ယုံကြည်မှုကို တည်ဆောက်ပေးပြီး 00:05:20.504 --> 00:05:24.072 ကျွန်မ တကယ် တတ်စွမ်းတာကို ကျွန်မကို မြင်ဖို့ ကူညီမယ့် 00:05:24.072 --> 00:05:28.202 ခိုင်မာတိကျတဲ့ လုပ်ဆောင်မှု ဆောင်ရွက်မှုဖို့အချိန်ပါ။ 00:05:29.876 --> 00:05:33.986 စဉ်းစားသုံးသပ်ခြင်းများစွာနဲ့ အကောင်း၊အဆိုးတွေရဲ့ 00:05:33.986 --> 00:05:37.276 ရှည်လျားတဲ့ စာရင်းတစ်ခု လိုအပ်ခဲ့ပေမဲ့ 00:05:38.594 --> 00:05:44.694 FutureHack အမည်နဲ့ စီးပွားရေးစွမ်းဆောင်မှု အစီအစဉ်တစ်ခုမှာ ကျွန်မ ပါဝင်ထားပြီးပါပြီ။ 00:05:44.694 --> 00:05:48.601 ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစာတဲ့
 မိမိကိုယ်ကို လှုံဆော်တဲ့ ခေါင်းဆောင်တွေ 00:05:48.601 --> 00:05:51.521 အတွက် ပုံစံထုတ်ထားတဲ့ လေ့ကျင်ရေး စခန်းတစ်ခုပါ 00:05:52.808 --> 00:05:57.378 ရှက်တတ်တဲ့ ပင်ကိုယ်စရိုက်၊ အနည်းဆုံး ခေါင်းဆောင်မှုအတွေ့အကြုံ၊ 00:05:57.378 --> 00:06:00.122 ကျွန်မရဲ့ စိတ်ကူးတွေကို အခြားသူတွေဆီကို 00:06:00.122 --> 00:06:05.582 သက်သောင့်သက်သာ မဖော်ပြနိင်မှုနဲ့အတူ အစီအစဉ်ထဲကို ကျွန်မ ခြေချလိုက်တယ်။ 00:06:07.341 --> 00:06:10.271 ဒါပေမဲ့ ဒီအတွေ့အကြုံတောက်လျှောက်မှာ 00:06:10.271 --> 00:06:16.881 စိတ်ထက်သန်တဲ့၊ အလုပ်ကြိုးစားတဲ့၊ စေ့ဆော်ပေးတဲ့ လူများစွာနဲ့ ဆုံခဲ့တယ်။ 00:06:17.911 --> 00:06:19.651 ပညာရေးဆိုင်ရာ ဆန်းသစ်မှုအတွက် 00:06:19.651 --> 00:06:23.501 နိုင်ငံတော် စီမံကိန်းတစ်ခုအောက်မှာ ကျွန်မတို့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။ 00:06:24.184 --> 00:06:29.624 ဒါက ဂျပန် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပုံနဲ့ ပတ်သက်ပြီး 00:06:29.624 --> 00:06:33.424 ဂျပန်က အုပ်ချုပ်ရေးမှူးတွေ၊ ဆရာတွေနဲ့ ကျောင်းသားတွေ 00:06:33.424 --> 00:06:37.724 ပထမဆုံးအကြိမ် စိတ်ကူးတွေ ဖလှယ်ဖို့ အားလုံး စုဝေးခဲ့တာပါ။ 00:06:38.756 --> 00:06:43.906 ဒီလှုပ်ရှားမှုကို ဆရာ ၅၀ ကျော်နဲ့ ကျောင်းသား ၅၀ ကျော် တက်ရောက်ခဲ့စဉ် 00:06:43.906 --> 00:06:46.681 အစိုးရ အရာရှိတွေက စောင့်ကြည့်ခဲ့ပြီး 00:06:46.681 --> 00:06:50.681 ကျောင်းသားတွေရဲ့ စိတ်ကူးတွေကို တကယ်ပဲ ထည့်သွင်းစဉ်စားခဲ့ကြတယ်။ 00:06:52.137 --> 00:06:58.127 ကျောင်းသားတွေနဲ့ ဆရာတွေ တုံ့ပြန် ဆက်သွယ်ပြီး ကိုယ်ပိုင် စိတ်ကူးတွေကို 00:06:58.127 --> 00:07:01.051 တစ်ယောက်ကိုတစ်ယောက်ကို ဖော်ပြတာကို စောင့်ကြည့်ရတာ အံ့ဩစရာပါ။ 00:07:02.248 --> 00:07:07.488 စိတ်အားထက်သန်မှုနဲ့ ရည်ရွယ်ချက်ရဲ့ ဒီခံစားချက်အသစ်က ကျွန်မရဲ့ကိုယ်တွင်းမှာ 00:07:07.488 --> 00:07:10.535 ယုံကြည်စိတ်ကို အစပျိုးပေးခဲ့ပြီး 00:07:11.573 --> 00:07:18.073 ပြောင်းလဲရေး စိတ်ကူးတွေကို အပြောင်းအလဲ လုပ်သူတွေဆီကို ပျော်ရွှင်စွာ ဖော်ပြခဲ့တယ်။ 00:07:19.575 --> 00:07:25.745 ကျွန်မရဲ့ အကြောက်ကို ရင်ဆိုင်ခြင်းနဲ့ ကိုယ် တတ်စွမ်းတာကို နားလည်ခြင်းက 00:07:25.745 --> 00:07:30.111 ကျွန်မဟာ ကြောက်တာ၊ ရှက်ရွံ့တာ မခံစားရတော့ဘူး။ 00:07:30.111 --> 00:07:35.364 နောက်ဆုံး ကျွန်မရဲ့ ထင်မြင်ချက်က အခြား လူတွေအတွက် တကယ် အရေးပါတယ်လို့ ခံစားရပြီး 00:07:35.364 --> 00:07:41.303 လူ့အဖွဲ့အစည်းမှာ အပြုသဘော သက်ရောက်မှု အတွက် ဒီတွန်းအားကို ဖွံ့ဖြိုးစေခဲ့တယ်။ 00:07:42.114 --> 00:07:47.374 ဒီဇိုင်းနဲ့ စီးပွားရေးစွမ်းဆောင်မှုအတွက် ကျွန်မရဲ့ ထက်သန်မှုကို ဖော်ထုတ်ခဲ့ကာ 00:07:47.374 --> 00:07:53.077 ကျွန်မရဲ့ စစ်မှန်တဲ့ ကိုယ်တွင်း အတ္တကို ဆက်လက် တိုးချဲ့၊ စူးစမ်းဖို့ 00:07:53.077 --> 00:07:57.183 ထပ်ပြီး ရှာဖွေဖို့ ဒီဆန္ဒကို ကျွန်မ တည်ဆောက်ခဲ့တယ်။ 00:07:59.228 --> 00:08:04.348 ကြီးမြတ်တဲ့ Dalai Lama က ကျွန်မရဲ့ အတွေ့အကြုံကိုအကျဉ်းရုံး ဖော်ပြထားတာက 00:08:06.738 --> 00:08:10.598 "မိမိကိုယ်ပိုင် အစွမ်းကို သိရှိခြင်းနှင့် 00:08:10.598 --> 00:08:13.808 မိမိ၏ စွမ်းရည်ကို ယုံကြည်မှုနဲ့အတူ 00:08:13.808 --> 00:08:16.718 ပိုကောင်းမွန်သော ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်သည်"တဲ့။ 00:08:18.962 --> 00:08:21.642 အခု မျက်လုံးတွေ မှိတ်လိုက်ပါ။ 00:08:23.638 --> 00:08:27.948 မိမိကိုယ်ကိုယ် မေးဖို့ သင်တို့ကို အခုအချိန် ပေးမယ်။ 00:08:29.494 --> 00:08:31.374 သင် ဘာကို နှစ်သက်လဲ။ 00:08:34.326 --> 00:08:36.196 သင် ဘယ်အရာမှာ တော်လဲ။ 00:08:38.265 --> 00:08:41.245 သင် ဘာ ဆုလာဘ်ကို ရနိင်လဲ။ 00:08:43.474 --> 00:08:47.984 ဒီကမ္ဘာမှာ ဘာအပြောင်းအလဲကို သင်မြင်ချင်တာလဲ။ 00:08:50.044 --> 00:08:52.344 အခု မျက်လုံးတွေကို ဖွင့်လိုက်ပြီး 00:08:53.297 --> 00:08:57.914 သင့်ကို စောင့်ဆိုင်းနေတဲ့ အခွင့်အလမ်းတွေဆီ ကိုယ့်ကိုယ်ကို ဖွင့်ထားလိုက်ပါ။ 00:08:58.377 --> 00:09:04.534 မရေရာမှုတွေ ရှိပေမဲ့ နယ်ပယ်သစ်တိုးချဲ့ပြီး အခွင့်အလမ်းတွေကို ကောင်းကောင်း အသုံးချဖို့ 00:09:04.534 --> 00:09:07.480 သင်တို့ကို အားပေးချင်ပါတယ်။ 00:09:07.488 --> 00:09:09.778 သင့်စိတ်ထက်သန်မှုကို စိတ်မှာ စွဲထားပါ။ 00:09:09.778 --> 00:09:12.458 ကြောက်ရွံ့မှုကို စွန့်လွှတ်လိုက်ပါ။ 00:09:12.459 --> 00:09:17.479 ရှည်ကြာစွာ သင့်ကိုယ်သင် နှောင်တည်းထားတဲ့ အရာကို ဆက်လက်လိုက်စားပါ။ 00:09:18.355 --> 00:09:23.495 အကြောင်းတရားတွေကို အတားအဆီးတွေအဖြစ် ရှုမြင်ခြင်းကနေ အခွင့်အလမ်းတွေအဖြစ် 00:09:23.495 --> 00:09:26.373 မြင်တဲ့ သင့်သဘောထားကို ပြောင်းလိုက်ပါ ။ 00:09:27.864 --> 00:09:31.664 နောက်ဆုံးမှာ သင့်ရည်ရွယ်ချက် ပြန့်ထွက်လာနိုင်ပါတယ်။ 00:09:32.674 --> 00:09:37.174 အပြင်ကို ထွက်ပြီး သင့်ရဲ့ ikigai ကို ရှာဖွေပါ။ 00:09:38.906 --> 00:09:39.946 ကျေးဇူးတင်ပါတယ်။