0:00:04.486,0:00:10.016 Ikigai ဟာ ရည်ရွယ်ချက်ရှိတဲ့ ဘဝတစ်ခုမှာ[br]နေထိုင်ခြင်းအတွက် ဂျပန် လျှို့ဝှက်ချက်ပါ။ 0:00:10.744,0:00:13.844 အိုကီနာဝါကျွန်းကနေ အစပြုပါတယ်။ 0:00:13.844,0:00:18.484 အဲဒီမှာ နေထိုင်သူတွေမှာ ကမ္ဘာမှာ [br]အမြင့်ဆုံး ပျမ်းမျှ သက်တမ်းရှိကြတယ်။ 0:00:19.938,0:00:24.088 တစ်ခါက ဒီကျွန်းကို ထာဝရ ရှင်သန်သူများရဲ့[br]နေရာလို့ ခေါ်ခဲ့တယ်။ အိုကီနာဝါမှာ 0:00:24.088,0:00:29.158 အသက်ရာကျာ် ဘိုးဘွားတွေ အမြင့်ဆုံး [br]အချိုးအစားရှိတယ်လို့ UN က ဖော်ပြခဲ့တယ်။ 0:00:30.056,0:00:34.416 ဒီအိုကီနာဝါသားတွေဟာ ikigai လို့[br]သိကြတဲ့ အယူအဆနဲ့ နေထိုင်ကြတယ်။ 0:00:35.210,0:00:39.810 "Iki" ကို ဘဝလို့ ဘာသာပြန်ပြီး[br]"gai" က တန်ဖိုးကို ဖော်ပြတာပါ။ 0:00:40.655,0:00:46.085 ဒီစကားရပ်က လူတစ်ယောက်ရဲ့ဘဝကို အကျိုး[br]ရှိအောင်လုပ်ပေးတဲ့ အရာတွေကို ရည်ညွန်းတယ်။ 0:00:46.089,0:00:48.429 မနက်တိုင်း သင် အိပ်ရာကနေ [br]ထတဲ့ အကြောင်းရင်းပါ။ 0:00:50.241,0:00:55.461 Ikigai က အဓိက အရည်အသွေး[br]လေးခုရဲ့ လမ်းဆုံမှာ ရပ်နေတယ်။ 0:00:55.461,0:01:01.167 သင် နှစ်သက်တာ၊ သင် တော်တာ၊[br]ကမ္ဘာကြီးက လိုအပ်တာနဲ့ 0:01:01.167,0:01:04.377 သင် ဆုလာဘ်ရနိုင်တာတွေပါ။ 0:01:05.054,0:01:11.294 သင် နှစ်သက်တာနဲ့ သင်တော်တာ ကြားက[br]လမ်းဆုံက သင့်ရဲ့ စိတ်ထက်သန်မှုပါ။ 0:01:11.294,0:01:15.192 ဒါက သင့်အတွက် အစစ်အမှန် [br]အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုဖြစ်ပြီး 0:01:15.192,0:01:18.862 ဒါအတွက် စွန့်လွတ် အနစ်နာခံဖို့[br]သင် ဆန္ဒရှိနေတာပါ။ 0:01:20.225,0:01:24.615 ဒီအခြေအနေကို ထပ်ပေါင်းခြင်း[br]ကမ္ဘာကြီးက လိုအပ်တာက ပဓာနကျတယ်။ 0:01:24.615,0:01:30.277 လူမှုအဖွဲ့အစည်းကို ဖြည့်ဆည်းတာက ပါဝင်မှု[br]နဲ့ ရည်ရွယ်ချက်သဘောကို ပေးတာကြောင့်ပါ။ 0:01:31.124,0:01:35.794 နောက်ဆုံး သင်ဆုလာဘ် ရနိုင်တာအပေါ်[br]ထပ်ပေါင်းခြင်းက 0:01:35.794,0:01:40.104 သင့်ရည်ရွယ်ချက်ကနေ အသက်မွေးမှု[br]ပြုဖို့ မုချလိုအပ်တာပါ။ 0:01:41.412,0:01:44.161 အခု သင့်ရဲ့ ikigai ကို ရှာဖေွခြင်းဟာ 0:01:44.161,0:01:49.422 နက်ရှိုင်းတဲ့ စမ်းသပ်လေ့လာမှုနဲ့[br]မိမိကိုယ်ကိုယ် စူးစမ်းမှု လိုအပ်တယ်။ 0:01:50.195,0:01:55.675 ခိုင်လုံတဲ့ လုပ်ဆောင်ချက်တွေကို လိုက်စား[br]ခြင်း၊လေးလေးနက်နက် ဆင်ခြင်ခြင်းက 0:01:55.675,0:01:59.007 သင့် စိတ်ထက်သန်မှု၊ သင့်တာဝန်၊ [br]ကျွမ်းကျင်မှုနဲ့အသက်မွေးမှု အားလုံးက 0:01:59.007,0:02:02.157 သင့်အလုပ်နဲ့ ဘဝဆီ 0:02:02.157,0:02:07.739 အဓိပ္ပာယ် ပိုယူဆောင်ပေးဖို့ [br]ပေါင်းဆုံပုံကို ရှာဖွေတွေ့ရှိနိင်တယ်။ 0:02:09.489,0:02:11.679 Steve Jobs ရဲ့ နမူနာကို ယူကြည့်ပါ။ 0:02:11.679,0:02:15.679 သူဟာ နည်းပညာ နယ်ပယ်မှာ[br]အောင်မြင်မှုရဲ့ စံနမူနာတစ်ခုဆိုပေမဲ့ 0:02:16.763,0:02:20.353 ကွန်ပြူတာ ဆော့ဖ်ဝဲအကြောင်း[br]စိတ်ထက်သန်မှု မဖြစ်ခဲ့ဘဲ 0:02:20.353,0:02:22.403 သူ့ကိုယ်ပိုင် ဖန်တီးမှုကို ပွင့်အန်စေမယ့် 0:02:22.403,0:02:25.763 ကိရိယာတွေကို စိတ်ထက်သန်ခဲ့တာပါ။ 0:02:26.488,0:02:30.968 သူ့ရဲ့ လက်ရေးလှပညာမှာ[br]သိလိုမှုနဲ့ စိတ်ဝင်စားမှုက 0:02:30.968,0:02:33.766 နောက်ဆုံး Apple နဲ့ ၎င်းရဲ့ ထူးခြားတဲ့ 0:02:33.766,0:02:37.306 ပုံနှိပ်လက်ရာအတွက် စေ့ဆော်မှုဖြစ်လာခဲ့တယ်။ 0:02:38.777,0:02:42.877 သင့်ထက်သန်မှုတွေနဲ့ [br]စိတ်ဝင်စားမှုကို စူစမ်းခြင်းက 0:02:42.877,0:02:46.827 သင့်စိတ်ကို ဆန်းသစ်တဲ့ နည်းလမ်းတွေမှာ [br]အာရုံစိုက်စေကာ 0:02:46.827,0:02:51.287 သင့်ရည်ရွယ်ချက်၊ [br]သင့် ikigai ကို ရှာတွေ့နိုင်တယ်။ 0:02:52.308,0:02:55.618 သင့် ikigai က ပိုအဓိပ္ပာယ်ရှိတဲ့ 0:02:55.618,0:02:59.068 ဘဝမှာ နေထိုင်ဖို့ ကူညီပေးတာတင်မက 0:02:59.068,0:03:04.875 သင့်ကို စိတ်ဖိစီးမှုနဲ့ မမာမကျန်းမှုတွေ[br]ကနေလည်း ကာကွယ်ပေးမှာပါ။ 0:03:05.684,0:03:09.684 အမေရိကန် စိတ်မကျန်။မာမှု[br]အဖွဲ့အစည်း အဆိုအရ 0:03:09.684,0:03:12.984 ဘဝမှာ မြင့်မားတဲ့ ရည်ရွယ်ချက်ရဲ့[br]သဘောတစ်ခုကို လုပ်ဆောင်ခြင်းက 0:03:12.984,0:03:16.584 သေပျောက်မှုအတွက် လျော့ကျတဲ့[br]အန္တရာယ်တစ်ခုနဲ့ နှလုံးဆိုင်ရာ 0:03:16.584,0:03:18.714 ထိခိုက်မှုတွေနဲ့ ဆက်စပ်နေတယ်တဲ့။ 0:03:19.544,0:03:24.934 ဒီတော့ ရည်ရွယ်ချကို ခံစားမိသူတွေက[br]ပိုကျန်းမာတဲ့ ဘဝတွေမှာ နေထိုင်ရလေ့ရှိပြီး 0:03:24.934,0:03:28.228 ပိုပြီး တက်ကြွကာ ဒူပေနာပေ ခံနိုင်တယ်။[br] 0:03:30.159,0:03:34.899 ကျွန်မတို့ တစ်ဦးချင်းစီမှာ [br]ikigai ရှိတယ်လို့ 0:03:35.369,0:03:37.429 ကျွန်မ ယုံကြည်တယ်။ 0:03:37.429,0:03:43.119 သင်ကိုယ်တိုင်ရဲ့ နက်ရှိုင်းတဲ့စူစမ်းမှုတွေ[br]ကိုတာဝန်ယူပြီး ဒါကို ရှာတွေ့ဖို့ပဲလိုတာပါ။[br] 0:03:44.426,0:03:48.306 ဒါပေမဲ့ သင်တို့ကို အခု ပြောပါရစေ။[br]ဒါက မလွယ်ကူပါဘူး။ 0:03:49.251,0:03:53.251 ဒါက စွန့်လွှတ်မှုတွေ လုပ်ဖို့[br]သတ္တိ၊ သန္နိဋ္ဌာန်နဲ့ 0:03:53.251,0:03:56.621 ဆန္ဒတစ်ခု လိုအပ်တယ်။ 0:03:57.670,0:04:02.078 ကျွန်မအတွက် ကိုယ့်ရဲ့ ikigai ကို [br]ရှာဖွေတွေ့ရှိဖို့ 0:04:02.078,0:04:05.428 ပထမဆုံး ကြေ၊က်စိတ်တွေ၊[br]အပျက်သဘောတွေ၊ ပူပန်မှုတွေကနေ 0:04:05.428,0:04:09.158 ကိုယ့်ကိုယ်ကို ခွာထားဖို့လိုတယ်။ 0:04:10.187,0:04:16.797 ကျွန်မဟာ လူမှုအဖွဲ့အစည်းမှာ ပါဝင်မှုတွေ[br]လုပ်ဖို့ ရှက်လွန်းတယ်လို့ မကြာခဏ ထင်မိပြီး 0:04:17.615,0:04:22.085 ကျွန်မ လုပ်တယ်လို့ ဆိုရင်တောင်[br]ဘယ်သူက တကယ် ဂရုစိုက်မှာမို့လို့လဲ။ 0:04:22.935,0:04:25.885 ကျွန်မရဲ့ ရည်ရွယ်ဆိုတာတောင် ဘာလဲ။ 0:04:27.128,0:04:33.108 ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဝေဖန်ပြီး[br]ကိုယ်ဘယ်သူဆိုတာ၊ ကိုယ်ဘာလုပ်ခဲ့တာကို 0:04:33.108,0:04:35.052 အပြစ်ရှာမိတယ်။ 0:04:36.400,0:04:41.700 ဒါပေမဲ့ ကိုယ်ပိုင်သံသယနဲ့ ယုံကြည်စိတ် [br]ကင်းမဲ့မှုရဲ့ နှစ်တွေကြာပ​ြီး နားလည်ခဲ့တာက 0:04:42.796,0:04:48.256 ကိုယ်ကိုယ်တိုင်က ကိုယ့်ရန်သူ [br]အစစ်ဆိုတာတာနဲ့ 0:04:48.256,0:04:51.028 ဒါ ဆက်ဖြစ်နေရင် 0:04:51.028,0:04:57.518 ကျွန်မရဲ့ စွမ်းအားအပြည့်အဝကို ဘယ်တော့မှ ၊[br]တွေ့ကြုံရှာဖွေနိုင်မှာ မဟုတ်ဘူးဆိုတာပါ။ 0:04:59.339,0:05:05.679 ဒီတော့ ပါဝင်ထောက်ပံ့မှုတွေဟာ အရေးပါတယ်၊ [br]ငါ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုပြီး 0:05:05.679,0:05:08.307 ကိုယ့်ကိုယ်ကို လက်ခံစေဖို့ ကြိုးစားပေမဲ့ 0:05:09.137,0:05:12.077 ဒါကို ကျွန်မက မယုံနိုင်ခဲ့သလိုဖြစ်ခဲ့တယ်။ 0:05:14.034,0:05:20.504 ဒီတော့ ဒါက ကျွန်မကိုယ်တွင်းမှာ [br]ယုံကြည်မှုကို တည်ဆောက်ပေးပြီး 0:05:20.504,0:05:24.072 ကျွန်မ တကယ် တတ်စွမ်းတာကို [br]ကျွန်မကို မြင်ဖို့ ကူညီမယ့် 0:05:24.072,0:05:28.202 ခိုင်မာတိကျတဲ့ လုပ်ဆောင်မှု[br]ဆောင်ရွက်မှုဖို့အချိန်ပါ။ 0:05:29.876,0:05:33.986 စဉ်းစားသုံးသပ်ခြင်းများစွာနဲ့ [br]အကောင်း၊အဆိုးတွေရဲ့ 0:05:33.986,0:05:37.276 ရှည်လျားတဲ့ စာရင်းတစ်ခု လိုအပ်ခဲ့ပေမဲ့ 0:05:38.594,0:05:44.694 FutureHack အမည်နဲ့ စီးပွားရေးစွမ်းဆောင်မှု[br]အစီအစဉ်တစ်ခုမှာ ကျွန်မ ပါဝင်ထားပြီးပါပြီ။ 0:05:44.694,0:05:48.601 ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစာတဲ့
[br]မိမိကိုယ်ကို လှုံဆော်တဲ့ ခေါင်းဆောင်တွေ 0:05:48.601,0:05:51.521 အတွက် ပုံစံထုတ်ထားတဲ့ [br]လေ့ကျင်ရေး စခန်းတစ်ခုပါ 0:05:52.808,0:05:57.378 ရှက်တတ်တဲ့ ပင်ကိုယ်စရိုက်၊ အနည်းဆုံး[br]ခေါင်းဆောင်မှုအတွေ့အကြုံ၊ 0:05:57.378,0:06:00.122 ကျွန်မရဲ့ စိတ်ကူးတွေကို အခြားသူတွေဆီကို 0:06:00.122,0:06:05.582 သက်သောင့်သက်သာ မဖော်ပြနိင်မှုနဲ့အတူ[br]အစီအစဉ်ထဲကို ကျွန်မ ခြေချလိုက်တယ်။ 0:06:07.341,0:06:10.271 ဒါပေမဲ့ ဒီအတွေ့အကြုံတောက်လျှောက်မှာ 0:06:10.271,0:06:16.881 စိတ်ထက်သန်တဲ့၊ အလုပ်ကြိုးစားတဲ့၊[br]စေ့ဆော်ပေးတဲ့ လူများစွာနဲ့ ဆုံခဲ့တယ်။ 0:06:17.911,0:06:19.651 ပညာရေးဆိုင်ရာ ဆန်းသစ်မှုအတွက် 0:06:19.651,0:06:23.501 နိုင်ငံတော် စီမံကိန်းတစ်ခုအောက်မှာ[br]ကျွန်မတို့ ပူးပေါင်း လုပ်ကိုင်ခဲ့တယ်။ 0:06:24.184,0:06:29.624 ဒါက ဂျပန် ပညာရေးစနစ်ကို [br]ပြုပြင်ပြောင်းလဲပုံနဲ့ ပတ်သက်ပြီး 0:06:29.624,0:06:33.424 ဂျပန်က အုပ်ချုပ်ရေးမှူးတွေ၊[br]ဆရာတွေနဲ့ ကျောင်းသားတွေ 0:06:33.424,0:06:37.724 ပထမဆုံးအကြိမ် စိတ်ကူးတွေ [br]ဖလှယ်ဖို့ အားလုံး စုဝေးခဲ့တာပါ။ 0:06:38.756,0:06:43.906 ဒီလှုပ်ရှားမှုကို ဆရာ ၅၀ ကျော်နဲ့ [br]ကျောင်းသား ၅၀ ကျော် တက်ရောက်ခဲ့စဉ် 0:06:43.906,0:06:46.681 အစိုးရ အရာရှိတွေက စောင့်ကြည့်ခဲ့ပြီး 0:06:46.681,0:06:50.681 ကျောင်းသားတွေရဲ့ စိတ်ကူးတွေကို[br]တကယ်ပဲ ထည့်သွင်းစဉ်စားခဲ့ကြတယ်။ 0:06:52.137,0:06:58.127 ကျောင်းသားတွေနဲ့ ဆရာတွေ တုံ့ပြန်[br]ဆက်သွယ်ပြီး ကိုယ်ပိုင် စိတ်ကူးတွေကို 0:06:58.127,0:07:01.051 တစ်ယောက်ကိုတစ်ယောက်ကို ဖော်ပြတာကို[br]စောင့်ကြည့်ရတာ အံ့ဩစရာပါ။ 0:07:02.248,0:07:07.488 စိတ်အားထက်သန်မှုနဲ့ ရည်ရွယ်ချက်ရဲ့[br]ဒီခံစားချက်အသစ်က ကျွန်မရဲ့ကိုယ်တွင်းမှာ 0:07:07.488,0:07:10.535 ယုံကြည်စိတ်ကို အစပျိုးပေးခဲ့ပြီး 0:07:11.573,0:07:18.073 ပြောင်းလဲရေး စိတ်ကူးတွေကို အပြောင်းအလဲ[br]လုပ်သူတွေဆီကို ပျော်ရွှင်စွာ ဖော်ပြခဲ့တယ်။ 0:07:19.575,0:07:25.745 ကျွန်မရဲ့ အကြောက်ကို ရင်ဆိုင်ခြင်းနဲ့[br]ကိုယ် တတ်စွမ်းတာကို နားလည်ခြင်းက 0:07:25.745,0:07:30.111 ကျွန်မဟာ ကြောက်တာ၊ [br]ရှက်ရွံ့တာ မခံစားရတော့ဘူး။ 0:07:30.111,0:07:35.364 နောက်ဆုံး ကျွန်မရဲ့ ထင်မြင်ချက်က အခြား[br]လူတွေအတွက် တကယ် အရေးပါတယ်လို့ ခံစားရပြီး 0:07:35.364,0:07:41.303 လူ့အဖွဲ့အစည်းမှာ အပြုသဘော သက်ရောက်မှု[br]အတွက် ဒီတွန်းအားကို ဖွံ့ဖြိုးစေခဲ့တယ်။ 0:07:42.114,0:07:47.374 ဒီဇိုင်းနဲ့ စီးပွားရေးစွမ်းဆောင်မှုအတွက်[br]ကျွန်မရဲ့ ထက်သန်မှုကို ဖော်ထုတ်ခဲ့ကာ 0:07:47.374,0:07:53.077 ကျွန်မရဲ့ စစ်မှန်တဲ့ ကိုယ်တွင်း အတ္တကို[br]ဆက်လက် တိုးချဲ့၊ စူးစမ်းဖို့ 0:07:53.077,0:07:57.183 ထပ်ပြီး ရှာဖွေဖို့ ဒီဆန္ဒကို [br]ကျွန်မ တည်ဆောက်ခဲ့တယ်။ 0:07:59.228,0:08:04.348 ကြီးမြတ်တဲ့ Dalai Lama က ကျွန်မရဲ့ [br]အတွေ့အကြုံကိုအကျဉ်းရုံး ဖော်ပြထားတာက 0:08:06.738,0:08:10.598 "မိမိကိုယ်ပိုင် အစွမ်းကို သိရှိခြင်းနှင့် 0:08:10.598,0:08:13.808 မိမိ၏ စွမ်းရည်ကို ယုံကြည်မှုနဲ့အတူ 0:08:13.808,0:08:16.718 ပိုကောင်းမွန်သော ကမ္ဘာတစ်ခုကို [br]တည်ဆောက်နိုင်သည်"တဲ့။ 0:08:18.962,0:08:21.642 အခု မျက်လုံးတွေ မှိတ်လိုက်ပါ။ 0:08:23.638,0:08:27.948 မိမိကိုယ်ကိုယ် မေးဖို့ [br]သင်တို့ကို အခုအချိန် ပေးမယ်။ 0:08:29.494,0:08:31.374 သင် ဘာကို နှစ်သက်လဲ။ 0:08:34.326,0:08:36.196 သင် ဘယ်အရာမှာ တော်လဲ။ 0:08:38.265,0:08:41.245 သင် ဘာ ဆုလာဘ်ကို ရနိင်လဲ။ 0:08:43.474,0:08:47.984 ဒီကမ္ဘာမှာ ဘာအပြောင်းအလဲကို[br]သင်မြင်ချင်တာလဲ။ 0:08:50.044,0:08:52.344 အခု မျက်လုံးတွေကို ဖွင့်လိုက်ပြီး 0:08:53.297,0:08:57.914 သင့်ကို စောင့်ဆိုင်းနေတဲ့ အခွင့်အလမ်းတွေဆီ[br]ကိုယ့်ကိုယ်ကို ဖွင့်ထားလိုက်ပါ။ 0:08:58.377,0:09:04.534 မရေရာမှုတွေ ရှိပေမဲ့ နယ်ပယ်သစ်တိုးချဲ့ပြီး[br]အခွင့်အလမ်းတွေကို ကောင်းကောင်း အသုံးချဖို့ 0:09:04.534,0:09:07.480 သင်တို့ကို အားပေးချင်ပါတယ်။ 0:09:07.488,0:09:09.778 သင့်စိတ်ထက်သန်မှုကို စိတ်မှာ စွဲထားပါ။ 0:09:09.778,0:09:12.458 ကြောက်ရွံ့မှုကို စွန့်လွှတ်လိုက်ပါ။ 0:09:12.459,0:09:17.479 ရှည်ကြာစွာ သင့်ကိုယ်သင် နှောင်တည်းထားတဲ့[br]အရာကို ဆက်လက်လိုက်စားပါ။ 0:09:18.355,0:09:23.495 အကြောင်းတရားတွေကို အတားအဆီးတွေအဖြစ်[br]ရှုမြင်ခြင်းကနေ အခွင့်အလမ်းတွေအဖြစ် 0:09:23.495,0:09:26.373 မြင်တဲ့ သင့်သဘောထားကို ပြောင်းလိုက်ပါ ။ 0:09:27.864,0:09:31.664 နောက်ဆုံးမှာ သင့်ရည်ရွယ်ချက်[br]ပြန့်ထွက်လာနိုင်ပါတယ်။ 0:09:32.674,0:09:37.174 အပြင်ကို ထွက်ပြီး သင့်ရဲ့ [br]ikigai ကို ရှာဖွေပါ။ 0:09:38.906,0:09:39.946 ကျေးဇူးတင်ပါတယ်။