ကမ္ဘာတစ်ဝှမ်းလုံးမှာ
စစ်ပွဲ၊ အကြမ်းဖက်ညှင်းပန်းမှုကလွတ်ဖို့
ကိုယ့်နေရာကို မဖြစ်မနေစွန့်ခွာရတဲ့လူပေါင်း
သန်း ၆၀ လောက်ရှိနေပါတယ်။
သူတို့ အများစုက ပြည်တွင်းမှာပဲ အိမ်ရာ
ပစ်ပြေးရသူတွေ ဖြစ်လာတာပါ။
ဆိုလိုတာက နေရပ်ကနေထွက်ပြေးရပေမဲ့
ကိုယ့်နိုင်ငံထဲမှာ ရှိနေကြတဲ့သူတွေပါ။
တချို့တွေကတော့နိုင်ငံနယ်နိမိတ်ကိုကျော်ပြီး
အပြင်ဘက်မှာ နေစရာ ရှာကြတဲ့သူတွေပါ။
သူတို့ကို ပုံမှန်အားဖြင့် ဒုက္ခသည်လို့
ရည်ညွွှန်းကြပါတယ်
ဒါပေမဲ့ ဒီစကားလုံးရဲ့အတိအကျ
ဆိုလိုရင်းကဘာလဲ။
ကမ္ဘာက ဒုက္ခသည်တွေဆိုတာကို
ထောင်စုနှစ်များစွာ သိခဲ့တယ်၊
ဒါပေမဲ့ UN ရဲ့၏ ၁၉၅၁ သဘောတူညီချက်မှာ
ညှင်းပန်းနှိပ်စက်မှု၊ ဒုတိယကမ္ဘာစစ်ကြောင့်
ရွေ့ပြောင်းခဲ့ရတဲ့သူတွေနဲ့ပတ်သက်ပြီး
ဒုက္ခသည်တွေရဲ့ အခြေအနေကို
အဓိပ္ပာယ်အသစ် ဖွင့်ဆိုခဲ့တယ်။
ဒုက္ခသည်တစ်ဦးကို သူတို့လူမျိုးစုရဲ့
နိုင်ငံအပြင်ဘက်မှာရှိပြီး
ညှင်းပန်းမှုခံရတာရဲ့ အခြေအမြစ်ရှိတဲ့
အကြောက်တရားကြောင့်
နိုင်ငံကိုပြန်မလာနိုင်တဲ့သူ
တစ်ဦးအဖြစ် အဓိပ္ပါယ်ဖွင့်တယ်။
ညှင်းပန်းနှိပ်စက်မှုဆိုတာ
လူမျိုး၊ ဘာသာရေး၊ လူမျိုးစု၊
လူမှုအဖွဲ့အစည်းတခုရဲ့အဖွဲ့ဝင်မှု ဒါမှမဟုတ်
နိုင်ငံရေးအယူအဆကြောင့်ဖြစ်လောက်ပြီး
မကြာခဏတော့ စစ်ပွဲ၊ အကြမ်းဖက်မှု
တွေနဲ့လည်း ဆက်နွယ်နေပါတယ်
အခုခေတ်မှာတော့ ကမ္ဘာ့ဒုက္ခသည်
တစ်ဝက်လောက်က ကလေးတွေပါ။
တချို့ကလေးတွေက လူကြီးမိဘတွေ အတူမပါကြဘူး။
အထူးသဖြင့် ဒီအခြေအနေက
ကလေးအလုပ်သမား ဒါမှမဟုတ်
လိင်အမြတ်ထုတ်ခံရမှုတွေဖြစ်စေပါတယ်။
ဒုက္ခသည်တိုင်းရဲ့ ဇာတ်လမ်းတွေက
မတူညီကြတော့
မသေချာတဲ့ရလဒ်တွေနဲ့ ရှည်လျားတဲ့ခရီးကို
သူတို့ဆက်သွားရအုံးမှာပါပဲ။
ဒါပေမဲ့သူတို့လမ်းကြောင်းမှာ
ဘာတ ွေပတ်သတ်ဦးမလဲ မသိခင်
ဒီတခုတော့ ရှင်းလင်းပေးကြရအောင်
"ရွေ့ပြောင်းနေထိုင်သူ"နဲ့ "ဒုက္ခသည်"
စကားလုံးတွေကြားက မတူညီမှု
နဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုအတော်ရှိတယ်။
"ရွေ့ပြောင်းနေထိုင်သူ" ဆိုတာ
ညှင်းပန်းနှိပ်စက်မှုတွေနဲ့မဆိုင်ပဲ
နိုင်ငံကနေထွက်သွားကြတဲ့သူတွေပါ
ဥပမာ ပိုကောင်းတဲ့စီးပွားရေး
အခွင့်အရေးတွေရှာဖို့ (သို့)
ပိုကောင်းတဲ့ အခြေအနေတွေကိုရှာဖို့
မိုးခေါင်မှုဖိစီးတဲ့ဒေသတွေကို စွန့်ခွာတာပါ
ကမ္ဘာတစ်ဝှမ်းမှာကိုယ့်နေရပ်ကို
စွန့်ကြတဲ့သူတွေ များပါတယ်
သဘာဝဘေးအန္တရာယ်ကြောင့်
စားစရာမလုံလောက်မှုတွေနဲ့
တခြားအခက်အခဲတွေကြောင့်ပါ
ဒါပေမဲ့ နိုင်ငံတကာဥပဒေကတော့
မှန်မှန်၊ မှားမှား
တိုက်ခိုက်အကြမ်းဖက်မှုကြောင့်ထွက်ပြေး
ရသူကိုသာ ဒုက္ခသည်လို့အသိအမှတ်ပြုပါတယ်
ဒါဆို လူတယောက်နိုင်ငံထဲကနေ
ထွက်ပြေးတဲ့အခါ ဘာတွေဖြစ်နိုင်လဲ။
ဒုက္ခသည်အများစုရဲ့ခရီးက ခိုလှုံနေရာ၊
ရေ၊စားစရာအကန့်အသတ်တွေနဲ့
ရှည်လျားပြီးအန္တရာယ်များပါတယ်။
ထွက်ပြေးတယ်ဆိုတာ ချက်ချင်း
မမျှော်လင့်ဘဲ ဖြစ်တာမို့လို့
ပိုင်ဆိုင်မှုတွေကို ထားခဲ့ရနိုင်ပါတယ်။
တိုက်ခိုက်မှု ရှောင်ရတဲ့သူတွေက လေယာဉ်
စီးဖို့၊တခြားနိုင်ငံကိုတရားဝင် ဝင်ဖို့
ဗီဇာလိုမျိုးလိုအပ်တဲ့
စာရွက်စာတမ်းတွေမရှိတတ်ကြဘူး။
ငွေကြေးနဲ့ နိုင်ငံရေးအကြောင်းအရာတွေက
ပုံမှန် လမ်းကြောင်းနဲ့ ခရီးသွားဖို့ကို
တားဆီးပိတ်ပင်နိုင်ပါတယ်။
ဒါကြောင့်သူတို့ဟာ ကုန်းလမ်း မဟုတ်ရင်
ရေလမ်းနဲ့ပဲ သွားလာနိုင်ပြီး
နယ်နိမိတ်တွေကျော်ရာမှာ ကူညီဖို့
အသက်တွေကို မှောင်ခိုသမားတွေဆီမှာ
အပ်နှင်းထားဖို့လိုပါတယ်။
တချို့ကမိသားစုနဲ့အတူ
လုံခြုံမှုကို ရှာကြပေမဲ့
တချို့က တစ်ချိန်ပြန်ဆုံဖို့မျှော်လင့်ရင်း
ကိုယ်ချစ်တဲ့သူတွေကို ထားပြီးတစ်ကိုယ်တည်း
လမ်းကြောင်းရှာဖို့ အားထုတ်ကြပါတယ်
ဒီလိုခွဲခွာရခြင်းက
အတော်စိတ်ထိခိုက်ရပြီးမခံစားနိုင်စရာပါ။
ကမ္ဘာဒုက္ခသည်တစ်ဝက်ကျော်က
မြို့တွေမှာရှိနေပေမဲ့
တခါတလေစစ်ပြေးလာတဲ့သူတဦးရဲ့ ပထမဆုံးနားရပ်က
ဒုက္ခသည်စခန်းဖြစ်ပြီး
အများအားဖြင့် အမေရိကန်ဒုက္ခသည်ဌာနနဲ့
ပြည်တွင်းအစိုးရကဦးဆောင်ပါတယ်။
ဒုက္ခသည်စခန်းတွေက
ယာယီတည်ဆောက်မှုပုံစံတွေဖြစ်ပြီး
ပြည်သူတွေလုံခြုံစွာအိမ်မရောက်ခင်၊
လက်ခံနိုင်ငံကိုချိတ်ဆက်ပေးလို့မရခင်
ဒါမှမဟုတ်အခြားနိုင်ငံ
အခြေမချနိုင်ခင်အထိ
ရေတိုခိုလှုံရာ နေရာပေးပါတယ်။
ဒါပေမဲ့ အခြေချဖို့နဲ့ရေရှည်နေထိုင်ဖို့
အခွင့်အရေးက ကန့်သတ်ချက်တွေရှိပါတယ်။
ဒုက္ခသည်အများစုကရွေးချယ်စရာမရှိဘဲ
စခန်းမှာပဲ နှစ်တွေအကြာကြီး ဆက်နေရတယ်။
တခါတလေ ဆယ်စုနှစ်များစွာကြာပါတယ်။
အိမ်ရာစွန့်ပြေးရသူတစ်ဦးအတွက်
နိုင်ငံအသစ်မှာ ပထမဆုံးလုပ်ရမှာက
နိုင်ငံရေးခိုလှုံခွင့်လျှောက်ဖို့ပါ။
လျှောက်လွှာကိုလက်မခံမချင်း
နိုင်ငံရေးခိုလှုံခွင့်လျှောက်သူတွေကို
တရားဝင်ဒုက္ခသည်အဖြစ်အသိအမှတ်မပြုပါဘူး။
ဧရိယာကြီးတဲ့နိုင်ငံတွေက
သဘောတူထားကြတာကတော့
လက်ခံနိုင်ငံကခိုလှုံခွင့်တောင်းဆိုချက်
အားလုံးကိုစစ်ဆေးဖို့တာဝန်ယူပြီး
လျှောက်တဲ့သူတွေဟာ ဒုက္ခသည်
ဖြစ်သင့်မဖြစ်သင့်ဆုံးဖြတ်ရပါတယ်။
နိုင်ငံတစ်ခုနဲ့တစ်ခုလမ်းညွှန်ချက်တွေက
သိသိသာသာပြောင်းလဲနိုင်ပါတယ်
ဒုက္ခသည်တွေလို့သတ်မှတ်ထားတဲ့သူတွေအတွက်
လက်ခံနိုင်ငံကလူမျိုးခွဲခြားရေးမရှိဖို့၊
အခြေခံဆက်ဆံမှုမျိုး
ရရှိဖို့ အာမခံရတဲ့ တာဝန်လည်းရှိပါတယ်။
အခြေခံအကျဆုံးစည်းမျဉ်းကတော့
Non-refoulement လို့ခေါ်ပြီး
နိုင်ငံခိုလှုံခွင့်တောင်းသူတဦးကို
သူ့အသက်၊လွတ်လပ်မှုတွေကို
ခြိမ်းခြောက်မဲ့နိုင်ငံဆီစေလွှတ်ခြင်းကို
တားမြစ်ခြင်းပဲဖြစ်ပါတယ်။
ေလက်တွေ့မှာတော့ ဒုက္ခသည်တွေဟာ မကြာခဏ
မတူမတန် ခွဲခြားဆက်ဆံခံရတဲ့
နစ်နာသူတွေ အဖြစ်ရှိနေကြပါတယ်။
သူတို့ဘဝကိုပြန်တည်ဆောက်ဖို့ တိုင်းတပါးသား
မုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှုတွေကြား
ကြိုးစားနေကြသူတွေပါ။
မကြာခဏဆိုသလို သူတို့ကလုပ်ငန်းခွင်
ဝင်ခွင့်လည်းမရရှိကြပဲ
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ
အပေါ် အပြည့်အဝမှီခိုနေရသူတွေပါ
ဒါ့အပြင် ဒုက္ခသည်ကလေးငယ်အများစုက
ပညာရေးအစီအစဉ်တွေအတွက်
ထောက်ပံ့ငွေမရှိသောကြောင့်ကျောင်းမတက်ရပါဘူး
တကယ်လို့ မင်းမိသားစုရဲ့
အတိတ်ကို ပြန်သွားမိရင်
ဖြစ်နိုင်တာက သင့်ရဲ့ဘိုးဘေးစဉ်ဆက်ဟာ
တစ်ချိန်တုန်းက စစ်ပွဲကလွတ်မြောက်ဖို့
ဒါမှမဟုတ် ခွဲခြားဆက်ဆံမှု
ညှင်းပန်းမှုကနေ မဖြစ်မနေ
ထွက်ပြေးဖို့ အခြေအနေတွေ
ရှိခဲ့တာကို တွေ့ရလိမ့်မယ်။
ဒါက လက်ရှိမှာ အိမ်ရာပစ်ပြေးခဲ့တဲ့
ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ပြီး
အိမ်အသစ်တခုရှာဖွေနေကြောင်း
သင်ကြားတဲ့အခါ သူတို့ရဲ့ဇာတ်လမ်းကို
သတိပြုစေမိဖို့အတွက် ကောင်းမှာပါ။