အလုပ်က ကြော်ငြာလုပ်ငန်းပါ။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ နည်းပညာနဲ့ အမြဲ တွဲလုပ်ပါတယ်။ ဒါပေမဲ့ ဆေးရုံတွေမှာ ကင်ဆာဒေနာရှင် ကလေးတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်ခဲ့တယ်၊ ဒါကို ကလေးတွေနဲ့ လက်တွဲပြီး နှစ်ပေါင်းများစွာ လုပ်နေခဲ့တာပါ။ ကျွန်မ သိတာအားလုံးက ဆက်သွယ်ရေး ဆိုတာတေ၊င် ကင်ဆာဆိုတာ ဘာလဲဆိုတာကို ကလေးတွေကို အကြိမ်များစွာ မရှင်းပြနိုင်ခဲ့ဘူး၊ ကုသမှု၊ ကျင့်ဝတ်နဲ့ လုပ်ငန်းစဉ်က ဘာလဲဆိုတာပေါ့။ ကျွန်မမှာ ဆရာဝန်တွေက teratoma လို့ခေါ်တဲ့ သားအိမ် ပြည်တည်အိတ်ရှိတာ သူတို့သိကြတယ်။ တစ်နေ့မှာ သူတို့ထဲက တစ်ဦးက "သူတို့က တို့ခေါင်းကို ဖွင့်ပေးတယ်၊ အသားပိုကိုထုတ်ပစ်ဖို့ ဗိုက်ကို ဖောက်တော့ ပြည်တည်အိတ်ကို ခင်ဗျား မထုတ်တော့ဘူးလား။" ကဲ၊ ကျွန်မ စိန်ခေါ်ခံရပြီပေါ့နော်။ ဒီဆေးရုံမှာပဲ ခွဲစိတ်မှုခံယူလို့ ရတယ်လေ။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့က ရင်းနှီးပြီးသားပဲလေ။ ဒီမှာပဲ ခွဲစိတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ သတ္တိမွေးလိုက်တယ်။ ကျွန်မက ဆေးရုံ တစ်ခါမှ မတက်ဖူဘူး၊ ချုပ်တာတို့ဘာတို့ကို မခံဖူးဘူး။ ရိုးရိုး လုပ်ငန်းစဉ်တိုင်းပဲ သွားခဲ့တယ်၊ နှစ်နာရီ ခွဲစိတ်မှုတစ်ခုပါ၊ ICU မှာ နောက် ၁၀ နာရီကြာမှ နိုးလာခဲ့တယ်။ ကင်ဆာရောဂါသည် ကလေးတွေနဲ့ ကျွန်မနေခဲ့ဖူးတဲ့ ICU မှာပါပဲ။ အောက်ကို ငုံ့ကြည့်လိုက်တော့ ဒီပြွန်လေးတွေနဲ့ ကြိုးတွေ တွေ့ရတာပေါ့။ (ရယ်သံများ) ကျွန်မဗိုက်ကို ချုပ်ထားတယ်။ သူနာပြုကို ခေါ်ပြီး "ကင်ဆာလား"လို့ မေးလိုက်တယ်။ သူက "ဟုတ်တယ်"တဲ့။ ကျွန်မရဲ့မိဘတွေကို ခေါ်လို့ရမလားလို့ မေးလိုက်တော့ သူက ဧည့်ချိန်လွန်နေပြီတဲ့။ ဒါနဲ့ ကျွန်မ အိပ်ပျော်တဲ့အထိ ကျွန်မလက်ကို ကိုင်ထားဖို့ သူ့ကိုပြောလိုက်တယ်။ နောက်တော့ ဆေးရုံအခန်းထဲမှာ ကျွန်မ နိုးလာခဲ့တယ်၊ ကျွန်မမှာ ကင်ဆာ၊ ဆင့်ပွားအကျိတ်နဲ့ သံသယဖြစ်ရတဲ့ သွေးဖြူဖုတွေရှိတယ်။ ကလေးတွေကို ကျွန်မ အမြဲပြောတာက "ဒါကို ဂူဂဲလ်မှာ မကြည့်နဲ့နော်"။ တကယ်တော့ ဒါက ရှာဖို့ အကောင်းဆုံးနေရာ မဟုတ်ဘူးလေ၊ ကံကောင်းတယ် ဆိုရင်တောင်မှနော်။ ဒါနဲ့ စိတ်ချရတဲ့နေရာတွေမှာ သတင်းအချက်အလက်ရှာခဲ့တယ်။ ဆေးရုံ ဝက်ဘ်ဆိုဒ်တွေမှာ စပြီး သုတေသနလုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မအတွက် "စိတ်ချရတဲ့" တစ်ခုတည်းသော သတင်းအချက်အလက်က ကျွန်မ သေတော့မယ်ဆိုတာပဲလေ။ အကြောင်းက ဒါဟာ အကြမ်းကြုတ်ဆုံးအကျိတ်မျိုး ကုသဖို့အခွင့်အလမ်းမရှိသလောက်မို့လို့ပါ။ တဖြည်းဖြည်း သတိပြုမိလာတာက သတင်းအချက်အလက်ပမာဏက တစ်ခါတစ်ရံ အထောက်အကူမဖြစ်တာ၊ စိတ်ဝင်စားချင်အောင် လုပ်မပေးတာပါ။ မကြာခဏ "ကင်ဆာ"ဆိုတာကို အသံထွက်မဆိုနိုင်တဲ့အခါ တစ်ဦးဦးကို စိတ်ဝင်စားဖို့ သင်ဘယ်လိုများလုပ်မလဲ။ ကျွန်မ ထိပ်ပြောင်သွားပြီး ဆံပင်တုက ကျွန်မကို စိတ်ရှုပ်စေတယ်၊ ဒါက ပူပြီး ယားကျိကျိနဲ့လေ။ ဒါပေမဲ့ သူငယ်ချင်းတွေက ကျွန်မကိုကူညီဖို့ သူတို့ဆံပင်တွေ လှူပေးနေတယ် ဒါက ကျွန်မကို ဆံပင်လှူခြင်းဆိုတဲ့ သူတို့မှာရှိတဲ့ သတင်းအချက်အလက်ကို ကျွန်မ သဘေပါက်ချိန်ပါ။ တကယ်ဆို ဆံပင်တုက ကျွန်မကြောင့် မဟုတ်ပဲ သူတို့ကြောင့်ပါ ကျွန်မကို ထိပ်ပြောင်နဲ့ မမြင်ချင်ကြဘူးလေ။ ဒါနဲ့အတူ မသင့်လျော်ဆုံးလို့ ကျွန်မထင်ခဲ့တဲ့ သတင်းအချက်အလက် အများကြီး စတွေ့ခဲ့တယ်၊ ထိပ်ပြောင်နဲ့ ဆေးရုံထဲကို ကျွန်မ လမ်းလျှောက်ဝင်လာတော့ ကလေးတွေက "အိုး၊ ကတုံး တုံးလိုက်တာ ဒါဆို ကျွန်တော်တို့နဲ့ တူသွားပြီးပေါ့"တဲ့။ ကျွန်မက " အေး၊ အခု ငါ မင်းတို့လိုပဲလေ၊ ငါ့မှာ ကင်ဆာရှိတယ်၊ မင်းတို့ဆီက ရတာလေ။ စိတ်အေးအေးထား၊ မင်းတို့ကို မကူးနိုင်ဘူး၊ နီးနီးနေလို့ရတယ်၊ မင်းတို့ကို မကူးဘူး။" ဒါပေမဲ့ ပြက်လုံးက ကူးသွားတယ်။ ကလေးတွေ အများကြီး စပြောတော့တာပဲ၊ လုပ်ငန်းစဉ်တွေကို ကျွန်မကို ပြောကြတယ်။ ကျွန်မ ပိုက်သွင်းတဲ့အခါ ကျွန်မက အရင် ဓာတ်တုကုထုံးမလုပ်ဖူးတော့ ပထမတစ်ခုက အကြောကနေ သွင်းတာပါ၊၊ ကျွန်မ ဆေးရုံသုံး ကိရိယာတစ်စုံ ရတယ်။ ဒီကိရိယာထဲမှာ ဆပ်ပြာတစ်တုံး၊ သွားတိုက်ဆေးနဲ့ သွားပွတ်တံပါတယ်။ ဒါပေမဲ့ ခေါင်းလျှော်ရည်၊ ရေချိုး ခေါင်းစွပ်နဲ့ ဘီးလည်းပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ဆံပင်မရှိဘူးလေ။ ကျွန်မအတွက်တော့ သတင်းအချက်အလက်ပါ၊ လုပ်ငန်းစဉ်ကို စပြီး ဓာတ်ပုံရိုက်တယ်၊ ကျွန်မ အကုန်လုံး ရှာကြည့်တယ်။ ကလေးတွေဆီ ဓာတ်ပုံတွေပိုပြီး သူတို့ကို ကြိုးစားရှင်းပြတယ် "ကြည့်၊မင်းတို့ ဒါဖြတ်ကျော်ရမယ်။ ဟိုဟာ ဖြတ်ကျော်ရမယ်။" ဘာဖြစ်ခဲ့လဲလား။ ကလေးတွေက သူတို့လုပ်ငန်းစဉ်အကြောင်း တုံ့ပြန်ချက် စပေးတယ်။ အရာတွေကို ကျွန်မကိုပြတယ်၊ အပေါက်ဖောက်တဲ့ ဗီဒီယိုတွေ၊ ဓာတုကုထုံး၊ ရေဒီယိုကုထုံးလုပ်တာတွေ ပို့ပေးတယ်။ ကျွန်မတောင် မလုပ်ခဲ့တဲ့ အဆင့်အများကြီးကိုပြပေးတယ်။ ဒါနဲ့အတူ ကျွန်မတို့ဟာ ရှေ့ဆက်ပြီး အတူတူ ကစားနေခဲ့တာပေါ့။ ဒါပေမဲ့ ကလေးတွေနားမလည်ကြဘူးလို့ ကျွန်မတို့ ထင်ကြတယ်မို့လား။ ကလေးတွေ မသိဘူးလို့ ကျွန်မတို့ ထင်ကြတယ်။ ကျင့်ဝတ်၊ ဓာတုကုထုံးအတွက်အမည်၊ လုပ်ငန်းစဉ် အကုန်လုံး သူတို့သိတယ်။ တစ်ခါတစ်လေ မိဘတွေက သူတို့ကိုကာကွယ်ဖို့ မပြောဖို့ကြိုးစားပေမဲ့ နောက်တော့ သင်ပြောမယ်လို့ သင်ထင်တာက "ဓာတုကုထုံးဟာ ပြင်းထန်တဲ့ ဆေးဝါးဖြစ်လို့ ဆံပင် ကျွတ်တယ်။" ဒီနောက် ကလေးဟာ သူ့အမေနဲ့ ဆေးဆိုင်ကို လိုက်သွားတော့ ဆေးရောင်းသူက ဒါဟာ ပြင်းထန်တဲ့ဆေးလို့ ပြောတယ်။ သူတို့ ဘယ်လိုထင်မလဲ။ သူတို့ဆံပင် ကျွတ်မှာပေါ့။ ဒါပေမဲ့ ဓာတုကုထုံးက ဆံပင်ကျွတ်စေတာက နှစ်ဆ အမြန်ပွားတဲ့ ဆဲလ်တွေကိုသတ်တာကြောင့်၊ အမြန် နှစ်ဆပွားတဲ့ အကျိတ်ဆဲလ်တွေတင်မက ဆံပင်ဆဲတွေကိုရောလို့ ရှင်းပြတဲ့အခါ သူတို့ နားလည်သွားပြီး ပြောတာက "အိုး၊ အလုပ်လုပ်နေတယ်။" ဒါက ကလေးတွေကို စတင်စိတ်ဝင်စားစေတယ်။ လုပ်ငန်းစဉ်တွေအကြောင်း အများကြီး စပြောခဲ့တယ်။ ဆရာဝန်တွေက ကျွန်မကို စမခေါ်ခင် အထိပေါ့၊ "ကောင်းပြီ၊ ပိုက်သွင်းရမယ့် လူနာတစ်ဦး ရှိတယ်၊ ခင်ဗျား ဒီကို လာလို့ရမလား" ကျွန်မ သွားခဲ့တယ်။ ခြေထောက်ဖြတ်ခံရမယ့် လူနာတစ်ယောက် ရှိတယ်။ ခင်ဗျား ဒီကိုလာနိုင်မလား။ ကျွန်မက "ဒေါက်တာ၊ ကျွန်မမှာ ကိုယ်အင်္ဂါ ငါးခုမရှိပေမဲ့ ခြေနှစ်ဖက်တော့ရှိတယ်။" "ဒါဆို ပြေးလာလေ။" ကျွန်မ သွားခဲ့တယ်။ ကြော်ငြာလုပ်ငန်းနဲ့ ကျွန်မ မလုပ်နိုင်တော့တဲ့နေ့ မတိုင်ခင်ပေါ့ ဆရာဝန်တွေ၊ ဆေးဘက်ပညာရှင်တွေ၊ ဖန်တီးတဲ့ မိတ်ဆွေတွေကို ခေါ်လိုက်ပြီး NGO တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ Beaba ကိုတည်ထောင်ခဲ့တယ်။ Beaba လို့ခေါ်တာက ကင်ဆာရဲ့ အခြေခံဖြစ်လို့ပါ။ ကျွန်မတို့ ဘာတွေလုပ်ခဲ့လဲ။ အမြဲလိုလိုလို ကျန်းမာရေးအကြောင်း သတင်းအချက်အလက် ပေးသူတွေဟာ ကျန်းမာရေးနဲ့ ကြော်ငြာ ကျွမ်းကျင်သူတွေပါ၊ ဒါပေမဲ့ သတင်းအချက်အလက်က မိဘ ဗဟိုပြုလို့ပြောလို့ရတယ်။ ဒါပေမဲ့ မိဘဆိုတာ နောက်ဆုံး ဒါကို အတည်ပြုဖို့လေ။ ဒါက မိဘ ဗဟိုပြု၊ သူတို့တွေပါပေမဲ့ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးမှပါ။ လူနာကို လုပ်ငန်းစဉ်ရဲ့ အလယ်မှာထားဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့တယ်။ ဒါနဲ့ ကလေးတွေကို အလုပ်လုပ်စေတယ်။ ကျွန်တို့ တိုးတက်အောင်လုပ်နိုင်တယ် ထင်တာ၊ ကျွန်မတို့မှာရှိတဲ့ မေးခွန်းတွေနဲ့ ဆရာဝန်တွေပြောပေမဲ့ နားမလည်နိုင်တာ တွေကို စာရင်းပြုရင်း အချိန်အတော်ကြာခဲ့တယ်။ ဒါနဲအတူ ကင်ဆာကျိတ်ဆိုင်ရာ ဝန်းကျင်ရဲ့ အသုံးအများဆုံး ဝေါဟာရတွေကို သရုပ်ဖော်ခဲ့တယ်။ ဒါအားလုံးကို ကျန်းမာရေး ပညာရှင်တွေရဲ အထောက်အပံ့နဲ့ သရုပ်ဖော်ခဲ့ပါတယ်။ ဒါပေမဲ့ အင်မတန် အရေးပါတဲ့အချက်နဲ့အတူ တစ်ခါတစ်လေမှာ အရာတွေဟာ မြင်ရတဲ့အတိုင်း ရှင်းလင်းချက်တွေ မလိုအပ်တာပါ။ တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ "ချစ်တယ်"လို့ရေးပြီး အသည်းပုံထည့်တယ်၊ သွေးကြောတွေဆွဲလို့လား။ ကျွန်မတော့ မထင်ဘူး။ ဒါနဲ့ ဒါကို စလုပ်ခဲ့ကြတယ်။ ဒါနဲ့အတူ ကလေးတွေဟာ လုပ်ငန်းစဉ်တွေကို စတင် နားလည်လာတယ်။ ဒီဝေါဟာရတွေကနေ ကျွန်မတို့ရဲ့ ပထမဆုံး ကုန်ကြမ်းထွက်လာတယ်။ လမ်းညွှန်တစ်ခုပါ။ ဒီလမ်းညွှန်ကို ကုသမှုထဲက ကလေးတွေဆီ ဖြန့်ဝေတယ်။ ကံဆိုးချင်တော့ တစ်နှစ် အစောင် နှစ်ထောင်၊ သုံးထောင်လောက်ပဲထုတ်ဝေနိုင်ပါတယ်။ ပရိတ်သတ်ထဲမှာ ကမကထပြုသူများ ရှိမလားလို့ (ရယ်သံများ) ဘရာဇီးမှာ ကင်ဆာရောဂါဖြစ်တဲ့ကလေး တစ်နှစ်ကို တစ်သောင်းသုံးထောင်ရှိပါတယ်။ ဘာဖြစ်ခဲ့လဲ ဆေးရုံတွေဟာ လမ်းညွှန်စသုံးလာတယ်၊ ဒါကို တောင်းလာကြတယ်။ ဘရာဇီးမှာ ဆေးရုံ ၄၀ ကျော်ရှိတယ်။ ကလေးတွေဟာ ဒါကို မြင်လာပြီး စတောင်းလာကြတယ်၊ နယူးဇီလန်၊ ဂျပန်နဲ့ နိုင်ငံအမျိုးမျိုးက ကလေးတွေပါ။ ကျွန်မ ပြောတာက "ဒါက ပေါ်တူဂီလိုရေးတာ" သူတို့က "ကျွန်တော်တို့မှာ ဘာသာပြန်ရှိတယ်" လမ်းညွှန်ကို ဘရာဇီး မြောက်ပိုင်းနဲ့ အရှေ့အမြောက်ကိုက အရမ်းတောင်းခံတယ်၊ အကြာင်းက ကလေးတွေနဲ့ သူတို့မိဘတွေက စာမတတ်ကြတာများလို့ပါ။ နောက် ဆရာဝန်တွေ တောင်းကြတယ်။ လုပ်ငန်းစဉ်ရဲ့စာမျက်နှာတွေကို ခြေရာခံတယ်၊ကလေးတွေ ကြုံရတော့မှာလေ။ ဒါနဲ့အတူ ရှင်းလင်းအောင်လုပ်ပြီး လူတွေကို စိတ်ဝင်စားအောင်လုပ်တယ်၊ အခြားလုပ်ဆောင်မှုများစွာ လုပ်တယ်။ သတင်းအချက်အလက်၊ လူတွေဟာ အရမ်း အရေးကြီးပါတယ်။ တစ်ခါတစ်ရံ သတင်းအချက်အလက်တစ်ခုဟာ ဆိုတာတာက သတင်းအချက်အလက် နည်းပညာပါ၊ ခေတ်မီ၊ ရှုပ်ထွေးတဲ့ 3D ပုံ၊ စက်ရုပ်တွေမဟုတ်ဘူး။ တစ်ခါတစ်ရံ သတင်းအချက်အလက်တစ်ခုဟာ ကိရိယာထဲက ဘီးတစ်ချောင်းပါ။ ဒီတော့ ဘာပြောမလဲ၊ ဘာ ဟောပြောမလဲ။ အရာတိုင်းအတွက် သတင်းအချက်အလက်ရှိဖို့လိုပါတယ်။ ဥပမာ သိကြလားတော့ မသိဘူး၊ ပွဲတစ်ခုကို စီစဉ်တဲ့အခါ ထိပ်ပြောင်ကလေးတွေဟာ ထိပ်မပြောင်သူတွေထက် လက်ဆောင်နဲ့ ဂရုစိုက်မှု အများကြီးပိုရတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ထိပ်ပြောင်ကလေးဟာ ကုသမှု ခံယူထာပြီးသား ကင်ဆာမရှိတော့ပါဘူး။ တစ်ခါတစ်လေ ထိပ်မပြောင်တဲ့ကလေးဟာ ကင်ဆာရှိတယ်၊ ဓာတုကုထုံး မပေးရသေးလို့လေ။ သူတို့ဟာ ကုသမှုလို ဆေးဝါး စောင့်ရှောက်မှုတစ်ခုမှမရှိဘူး။ တစ်ခါတစ်ရံ ဒါဖြစ်တတ်တာက ကလေးတွေနဲ့တင်မဟုတ်ပဲ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းမှာရောပါ။ ကျွန်မ ကုသမှုခံယူစဉ်က လူ့အဖွဲ့အစည်းမှာ ဒီလိုဟာတွေရှိတယ် ကံဆိုးချင်တော့ ကျွန်မက ကြော်ငြာလုပ်ငန်း ထိပ်ပြောင်၊ဝမ်းနည်း၊ ညှိုးငယ်နေတဲ့ကလေး ထည့်ရင် အများကြီး ပိုရောင်းရမှာသိတယ်။ ငွေအများကြီးပိုပြီး မတည်နိုင်မယ်။ ဒါပေမဲ့ Beaba ရဲ့ ဝက်ဘ်ဆိုဒ်ကိုကြည့်ရင် ဒါမျိုး တွေ့ရမှာမဟုတ်ဘူး။ သင်သာ မိဘဆိုရင် ဘာဖြစ်တတ်လဲ။ အကြိမ်များစွာ ကျွန်မဟာ ဆေးရုံအခန်းထဲမှာပါ၊ အားနည်း၊ ပျော့ခွေနေပြီး ဒီပစ္စည်းတွေ ရရှိခဲ့ပြီး တွေးမိတာက "ငါ ဒီအဆင့်ထိ ရောက်ပါ့မလား။" ဒီနောက် ကျန်းမာတဲ့ ကလေးတွေရဲ မိဘတွေဆီကနေ ဖုန်းဝင်လာတယ်။ ဖုန်'ခေါ်ပြီး ပြောတာက "ကျွန်တော့ သမီးဟာ အိမ်မှာ ဒုက္ခအတော်ပေးနေတယ်။" ခက်ခဲတဲ့ အခြေအနေက ဘာဆိုတာ မြင်ဖို့ သူ့ကို ဆေးရုံ ခေါ်သွားချင်တယ်။" အမေအတွက် ဒါလုပ်ဖို့ အဆင်ပြေပေမဲ့ ဒီအခန်းထဲမှာရှိတာက ကလေးလား၊ လူကြီးလား ကျွန်မလား ဆိုတာ သူစဉ်းစားမိလား၊ ဒီလိုဆို လူတွေပြတင်းပေါက်ကို ဖြတ်သွားခိုက်မှာ "ငါ့ဘဝဟာ သိပိကောင်းတယ်"လို့ ပြောတဲ့လူတွေကို မြင်ရလား အကြိမ်များစွာမှာ ဒီလိုပါ၊ အကူအညီလိုတဲ့အခါ လုပ်ပိုင်ခွင့်နဲ့ တန်ဖိုးထားမှုလိုတယ်။ သင့်ကို ဒေါက်ဖြုတ်တဲ့ သတင်းအချက်အလက်တွေပဲ ရှာတာလေ ဒီတော့ ဒါကိုလည်း ကျွန်မတို့ ဂရုထားဖို့ အရမ်း အရေးကြီးတယ်လို့ထင်တယ်၊ လူနာတွေတင်မက၊ လူ့အဖွဲ့အစည်းအတွက်ရောပါ။ အကူအညီပေးတဲ့ ဒီလူတွေအားလုံးနဲ့ သတင်းအချက်အလက် ဖန်တီးပါတယ်။ အချစ်တွေ အများကြီးလည်း ပါတာပေါ့လေ၊ ဘာလို့ဆိုတော့ ဒါက သိပ်အရေးပါတယ်ထင်လို့ပါ။ ကလေးတစ်ချို့ကို ကယ်တင်ဖို့ ဆေးရုံထဲကို ကျွန်မဝင်ခဲ့တယ်၊ သူတို့က ကျွန်မအသက်ကို ကယ်ခဲ့တယ်၊ ဒီနေ့ ကျွန်မလုပ်နိုင်တာကတော့ အခြားသူများစွာကို ကယ်နိုင်ဖို့ ကျွန်မတို့ အတွက် သတင်းအချက်အလက် ဖန်တီးဖို့ပါ။ ကျေးဇူးပါ။ (လက်ခုပ်သံများ) (အားပေးသံများ)