1 00:00:14,810 --> 00:00:16,059 အလုပ်က ကြော်ငြာလုပ်ငန်းပါ။ 2 00:00:16,059 --> 00:00:20,009 ဆက်သွယ်ရေး၊ သတင်းအချက်အလက်၊ နည်းပညာနဲ့ အမြဲ တွဲလုပ်ပါတယ်။ 3 00:00:20,029 --> 00:00:24,670 ဒါပေမဲ့ ဆေးရုံတွေမှာ ကင်ဆာဒေနာရှင် ကလေးတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်ခဲ့တယ်၊ 4 00:00:24,670 --> 00:00:28,240 ဒါကို ကလေးတွေနဲ့ လက်တွဲပြီး နှစ်ပေါင်းများစွာ လုပ်နေခဲ့တာပါ။ 5 00:00:28,240 --> 00:00:31,740 ကျွန်မ သိတာအားလုံးက ဆက်သွယ်ရေး ဆိုတာတေ၊င် ကင်ဆာဆိုတာ ဘာလဲဆိုတာကို 6 00:00:31,740 --> 00:00:35,520 ကလေးတွေကို အကြိမ်များစွာ မရှင်းပြနိုင်ခဲ့ဘူး၊ 7 00:00:35,520 --> 00:00:39,250 ကုသမှု၊ ကျင့်ဝတ်နဲ့ လုပ်ငန်းစဉ်က ဘာလဲဆိုတာပေါ့။ 8 00:00:39,780 --> 00:00:42,250 ကျွန်မမှာ ဆရာဝန်တွေက teratoma လို့ခေါ်တဲ့ 9 00:00:42,250 --> 00:00:44,630 သားအိမ် ပြည်တည်အိတ်ရှိတာ သူတို့သိကြတယ်။ 10 00:00:45,006 --> 00:00:47,966 တစ်နေ့မှာ သူတို့ထဲက တစ်ဦးက "သူတို့က တို့ခေါင်းကို ဖွင့်ပေးတယ်၊ 11 00:00:47,966 --> 00:00:51,986 အသားပိုကိုထုတ်ပစ်ဖို့ ဗိုက်ကို ဖောက်တော့ ပြည်တည်အိတ်ကို ခင်ဗျား မထုတ်တော့ဘူးလား။" 12 00:00:52,146 --> 00:00:54,336 ကဲ၊ ကျွန်မ စိန်ခေါ်ခံရပြီပေါ့နော်။ 13 00:00:54,336 --> 00:00:57,256 ဒီဆေးရုံမှာပဲ ခွဲစိတ်မှုခံယူလို့ ရတယ်လေ။ 14 00:00:57,259 --> 00:01:00,219 ဆရာဝန်တွေ၊ သူနာပြုတွေနဲ့က ရင်းနှီးပြီးသားပဲလေ။ 15 00:01:00,219 --> 00:01:02,569 ဒီမှာပဲ ခွဲစိတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ 16 00:01:02,939 --> 00:01:04,313 ကျွန်မ သတ္တိမွေးလိုက်တယ်။ 17 00:01:04,313 --> 00:01:09,003 ကျွန်မက ဆေးရုံ တစ်ခါမှ မတက်ဖူဘူး၊ ချုပ်တာတို့ဘာတို့ကို မခံဖူးဘူး။ 18 00:01:09,003 --> 00:01:12,573 ရိုးရိုး လုပ်ငန်းစဉ်တိုင်းပဲ သွားခဲ့တယ်၊ နှစ်နာရီ ခွဲစိတ်မှုတစ်ခုပါ၊ 19 00:01:12,573 --> 00:01:14,882 ICU မှာ နောက် ၁၀ နာရီကြာမှ နိုးလာခဲ့တယ်။ 20 00:01:14,882 --> 00:01:17,794 ကင်ဆာရောဂါသည် ကလေးတွေနဲ့ ကျွန်မနေခဲ့ဖူးတဲ့ ICU မှာပါပဲ။ 21 00:01:18,499 --> 00:01:22,181 အောက်ကို ငုံ့ကြည့်လိုက်တော့ ဒီပြွန်လေးတွေနဲ့ ကြိုးတွေ တွေ့ရတာပေါ့။ 22 00:01:22,181 --> 00:01:24,081 (ရယ်သံများ) 23 00:01:24,086 --> 00:01:25,714 ကျွန်မဗိုက်ကို ချုပ်ထားတယ်။ 24 00:01:25,717 --> 00:01:28,168 သူနာပြုကို ခေါ်ပြီး "ကင်ဆာလား"လို့ မေးလိုက်တယ်။ 25 00:01:28,168 --> 00:01:29,808 သူက "ဟုတ်တယ်"တဲ့။ 26 00:01:29,818 --> 00:01:31,810 ကျွန်မရဲ့မိဘတွေကို ခေါ်လို့ရမလားလို့ 27 00:01:31,810 --> 00:01:34,760 မေးလိုက်တော့ သူက ဧည့်ချိန်လွန်နေပြီတဲ့။ 28 00:01:35,200 --> 00:01:38,830 ဒါနဲ့ ကျွန်မ အိပ်ပျော်တဲ့အထိ ကျွန်မလက်ကို ကိုင်ထားဖို့ သူ့ကိုပြောလိုက်တယ်။ 29 00:01:39,118 --> 00:01:41,462 နောက်တော့ ဆေးရုံအခန်းထဲမှာ ကျွန်မ နိုးလာခဲ့တယ်၊ 30 00:01:41,462 --> 00:01:45,638 ကျွန်မမှာ ကင်ဆာ၊ ဆင့်ပွားအကျိတ်နဲ့ သံသယဖြစ်ရတဲ့ သွေးဖြူဖုတွေရှိတယ်။ 31 00:01:46,118 --> 00:01:49,675 ကလေးတွေကို ကျွန်မ အမြဲပြောတာက "ဒါကို ဂူဂဲလ်မှာ မကြည့်နဲ့နော်"။ 32 00:01:49,675 --> 00:01:54,228 တကယ်တော့ ဒါက ရှာဖို့ အကောင်းဆုံးနေရာ မဟုတ်ဘူးလေ၊ 33 00:01:54,230 --> 00:01:56,630 ကံကောင်းတယ် ဆိုရင်တောင်မှနော်။ 34 00:01:57,123 --> 00:02:01,025 ဒါနဲ့ စိတ်ချရတဲ့နေရာတွေမှာ သတင်းအချက်အလက်ရှာခဲ့တယ်။ 35 00:02:01,025 --> 00:02:03,813 ဆေးရုံ ဝက်ဘ်ဆိုဒ်တွေမှာ စပြီး သုတေသနလုပ်ခဲ့တယ်။ 36 00:02:03,820 --> 00:02:07,305 အဲဒီအချိန်တုန်းကတော့ ကျွန်မအတွက် "စိတ်ချရတဲ့" တစ်ခုတည်းသော သတင်းအချက်အလက်က 37 00:02:07,305 --> 00:02:08,706 ကျွန်မ သေတော့မယ်ဆိုတာပဲလေ။ 38 00:02:08,706 --> 00:02:12,850 အကြောင်းက ဒါဟာ အကြမ်းကြုတ်ဆုံးအကျိတ်မျိုး ကုသဖို့အခွင့်အလမ်းမရှိသလောက်မို့လို့ပါ။ 39 00:02:13,413 --> 00:02:17,321 တဖြည်းဖြည်း သတိပြုမိလာတာက သတင်းအချက်အလက်ပမာဏက 40 00:02:17,333 --> 00:02:20,335 တစ်ခါတစ်ရံ အထောက်အကူမဖြစ်တာ၊ စိတ်ဝင်စားချင်အောင် လုပ်မပေးတာပါ။ 41 00:02:20,345 --> 00:02:22,438 မကြာခဏ "ကင်ဆာ"ဆိုတာကို အသံထွက်မဆိုနိုင်တဲ့အခါ 42 00:02:22,438 --> 00:02:26,425 တစ်ဦးဦးကို စိတ်ဝင်စားဖို့ သင်ဘယ်လိုများလုပ်မလဲ။ 43 00:02:26,885 --> 00:02:29,092 ကျွန်မ ထိပ်ပြောင်သွားပြီး 44 00:02:31,062 --> 00:02:34,632 ဆံပင်တုက ကျွန်မကို စိတ်ရှုပ်စေတယ်၊ ဒါက ပူပြီး ယားကျိကျိနဲ့လေ။ 45 00:02:34,632 --> 00:02:37,778 ဒါပေမဲ့ သူငယ်ချင်းတွေက ကျွန်မကိုကူညီဖို့ သူတို့ဆံပင်တွေ လှူပေးနေတယ် 46 00:02:38,048 --> 00:02:40,018 ဒါက ကျွန်မကို ဆံပင်လှူခြင်းဆိုတဲ့ 47 00:02:40,018 --> 00:02:43,245 သူတို့မှာရှိတဲ့ သတင်းအချက်အလက်ကို ကျွန်မ သဘေပါက်ချိန်ပါ။ 48 00:02:43,248 --> 00:02:47,198 တကယ်ဆို ဆံပင်တုက ကျွန်မကြောင့် မဟုတ်ပဲ သူတို့ကြောင့်ပါ 49 00:02:47,198 --> 00:02:49,174 ကျွန်မကို ထိပ်ပြောင်နဲ့ မမြင်ချင်ကြဘူးလေ။ 50 00:02:49,504 --> 00:02:52,129 ဒါနဲ့အတူ မသင့်လျော်ဆုံးလို့ ကျွန်မထင်ခဲ့တဲ့ 51 00:02:52,129 --> 00:02:54,655 သတင်းအချက်အလက် အများကြီး စတွေ့ခဲ့တယ်၊ 52 00:02:55,335 --> 00:02:58,981 ထိပ်ပြောင်နဲ့ ဆေးရုံထဲကို ကျွန်မ လမ်းလျှောက်ဝင်လာတော့ ကလေးတွေက 53 00:02:58,981 --> 00:03:02,413 "အိုး၊ ကတုံး တုံးလိုက်တာ ဒါဆို ကျွန်တော်တို့နဲ့ တူသွားပြီးပေါ့"တဲ့။ 54 00:03:02,415 --> 00:03:04,796 ကျွန်မက " အေး၊ အခု ငါ မင်းတို့လိုပဲလေ၊ 55 00:03:04,802 --> 00:03:08,142 ငါ့မှာ ကင်ဆာရှိတယ်၊ မင်းတို့ဆီက ရတာလေ။ 56 00:03:08,547 --> 00:03:12,496 စိတ်အေးအေးထား၊ မင်းတို့ကို မကူးနိုင်ဘူး၊ နီးနီးနေလို့ရတယ်၊ မင်းတို့ကို မကူးဘူး။" 57 00:03:13,597 --> 00:03:15,773 ဒါပေမဲ့ ပြက်လုံးက ကူးသွားတယ်။ 58 00:03:15,776 --> 00:03:18,023 ကလေးတွေ အများကြီး စပြောတော့တာပဲ၊ 59 00:03:18,023 --> 00:03:20,573 လုပ်ငန်းစဉ်တွေကို ကျွန်မကို ပြောကြတယ်။ 60 00:03:20,573 --> 00:03:24,573 ကျွန်မ ပိုက်သွင်းတဲ့အခါ ကျွန်မက အရင် ဓာတ်တုကုထုံးမလုပ်ဖူးတော့ 61 00:03:24,573 --> 00:03:27,951 ပထမတစ်ခုက အကြောကနေ သွင်းတာပါ၊၊ 62 00:03:27,953 --> 00:03:29,874 ကျွန်မ ဆေးရုံသုံး ကိရိယာတစ်စုံ ရတယ်။ 63 00:03:29,874 --> 00:03:35,315 ဒီကိရိယာထဲမှာ ဆပ်ပြာတစ်တုံး၊ သွားတိုက်ဆေးနဲ့ သွားပွတ်တံပါတယ်။ 64 00:03:35,318 --> 00:03:39,214 ဒါပေမဲ့ ခေါင်းလျှော်ရည်၊ ရေချိုး ခေါင်းစွပ်နဲ့ ဘီးလည်းပါတယ်။ 65 00:03:39,215 --> 00:03:40,848 ဒါပေမဲ့ ကျွန်မမှာ ဆံပင်မရှိဘူးလေ။ 66 00:03:41,761 --> 00:03:43,641 ကျွန်မအတွက်တော့ သတင်းအချက်အလက်ပါ၊ 67 00:03:43,646 --> 00:03:45,783 လုပ်ငန်းစဉ်ကို စပြီး ဓာတ်ပုံရိုက်တယ်၊ 68 00:03:45,783 --> 00:03:47,398 ကျွန်မ အကုန်လုံး ရှာကြည့်တယ်။ 69 00:03:47,399 --> 00:03:50,284 ကလေးတွေဆီ ဓာတ်ပုံတွေပိုပြီး သူတို့ကို ကြိုးစားရှင်းပြတယ် 70 00:03:50,284 --> 00:03:52,882 "ကြည့်၊မင်းတို့ ဒါဖြတ်ကျော်ရမယ်။ ဟိုဟာ ဖြတ်ကျော်ရမယ်။" 71 00:03:52,882 --> 00:03:54,222 ဘာဖြစ်ခဲ့လဲလား။ 72 00:03:54,222 --> 00:03:58,091 ကလေးတွေက သူတို့လုပ်ငန်းစဉ်အကြောင်း တုံ့ပြန်ချက် စပေးတယ်။ 73 00:03:58,091 --> 00:04:01,272 အရာတွေကို ကျွန်မကိုပြတယ်၊ အပေါက်ဖောက်တဲ့ ဗီဒီယိုတွေ၊ ဓာတုကုထုံး၊ 74 00:04:01,272 --> 00:04:03,993 ရေဒီယိုကုထုံးလုပ်တာတွေ ပို့ပေးတယ်။ 75 00:04:03,996 --> 00:04:07,801 ကျွန်မတောင် မလုပ်ခဲ့တဲ့ အဆင့်အများကြီးကိုပြပေးတယ်။ 76 00:04:08,103 --> 00:04:11,121 ဒါနဲ့အတူ ကျွန်မတို့ဟာ ရှေ့ဆက်ပြီး အတူတူ ကစားနေခဲ့တာပေါ့။ 77 00:04:11,131 --> 00:04:14,142 ဒါပေမဲ့ ကလေးတွေနားမလည်ကြဘူးလို့ ကျွန်မတို့ ထင်ကြတယ်မို့လား။ 78 00:04:14,145 --> 00:04:16,422 ကလေးတွေ မသိဘူးလို့ ကျွန်မတို့ ထင်ကြတယ်။ 79 00:04:16,427 --> 00:04:19,565 ကျင့်ဝတ်၊ ဓာတုကုထုံးအတွက်အမည်၊ 80 00:04:19,588 --> 00:04:21,555 လုပ်ငန်းစဉ် အကုန်လုံး သူတို့သိတယ်။ 81 00:04:21,555 --> 00:04:24,781 တစ်ခါတစ်လေ မိဘတွေက သူတို့ကိုကာကွယ်ဖို့ မပြောဖို့ကြိုးစားပေမဲ့ 82 00:04:24,781 --> 00:04:26,496 နောက်တော့ သင်ပြောမယ်လို့ သင်ထင်တာက 83 00:04:26,501 --> 00:04:30,237 "ဓာတုကုထုံးဟာ ပြင်းထန်တဲ့ ဆေးဝါးဖြစ်လို့ ဆံပင် ကျွတ်တယ်။" 84 00:04:30,237 --> 00:04:33,977 ဒီနောက် ကလေးဟာ သူ့အမေနဲ့ ဆေးဆိုင်ကို လိုက်သွားတော့ ဆေးရောင်းသူက 85 00:04:33,977 --> 00:04:35,498 ဒါဟာ ပြင်းထန်တဲ့ဆေးလို့ ပြောတယ်။ 86 00:04:35,498 --> 00:04:37,748 သူတို့ ဘယ်လိုထင်မလဲ။ သူတို့ဆံပင် ကျွတ်မှာပေါ့။ 87 00:04:37,748 --> 00:04:41,628 ဒါပေမဲ့ ဓာတုကုထုံးက ဆံပင်ကျွတ်စေတာက 88 00:04:41,630 --> 00:04:45,313 နှစ်ဆ အမြန်ပွားတဲ့ ဆဲလ်တွေကိုသတ်တာကြောင့်၊ 89 00:04:45,313 --> 00:04:48,826 အမြန် နှစ်ဆပွားတဲ့ အကျိတ်ဆဲလ်တွေတင်မက 90 00:04:48,826 --> 00:04:50,940 ဆံပင်ဆဲတွေကိုရောလို့ ရှင်းပြတဲ့အခါ 91 00:04:50,940 --> 00:04:53,946 သူတို့ နားလည်သွားပြီး ပြောတာက "အိုး၊ အလုပ်လုပ်နေတယ်။" 92 00:04:54,236 --> 00:04:56,342 ဒါက ကလေးတွေကို စတင်စိတ်ဝင်စားစေတယ်။ 93 00:04:56,352 --> 00:04:59,229 လုပ်ငန်းစဉ်တွေအကြောင်း အများကြီး စပြောခဲ့တယ်။
 94 00:04:59,229 --> 00:05:02,316 ဆရာဝန်တွေက ကျွန်မကို စမခေါ်ခင် အထိပေါ့၊ 95 00:05:02,316 --> 00:05:06,606 "ကောင်းပြီ၊ ပိုက်သွင်းရမယ့် လူနာတစ်ဦး ရှိတယ်၊ ခင်ဗျား ဒီကို လာလို့ရမလား" 96 00:05:06,615 --> 00:05:07,809 ကျွန်မ သွားခဲ့တယ်။ 97 00:05:07,811 --> 00:05:11,195 ခြေထောက်ဖြတ်ခံရမယ့် လူနာတစ်ယောက် ရှိတယ်။ ခင်ဗျား ဒီကိုလာနိုင်မလား။ 98 00:05:11,195 --> 00:05:15,397 ကျွန်မက "ဒေါက်တာ၊ ကျွန်မမှာ ကိုယ်အင်္ဂါ ငါးခုမရှိပေမဲ့ ခြေနှစ်ဖက်တော့ရှိတယ်။" 99 00:05:15,398 --> 00:05:18,091 "ဒါဆို ပြေးလာလေ။" 100 00:05:18,091 --> 00:05:19,231 ကျွန်မ သွားခဲ့တယ်။ 101 00:05:19,231 --> 00:05:23,602 ကြော်ငြာလုပ်ငန်းနဲ့ ကျွန်မ မလုပ်နိုင်တော့တဲ့နေ့ မတိုင်ခင်ပေါ့ 102 00:05:23,602 --> 00:05:27,693 ဆရာဝန်တွေ၊ ဆေးဘက်ပညာရှင်တွေ၊ ဖန်တီးတဲ့ မိတ်ဆွေတွေကို ခေါ်လိုက်ပြီး 103 00:05:27,693 --> 00:05:29,834 NGO တစ်ခု ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။ 104 00:05:29,834 --> 00:05:31,434 ဒါနဲ့ Beaba ကိုတည်ထောင်ခဲ့တယ်။ 105 00:05:31,434 --> 00:05:33,934 Beaba လို့ခေါ်တာက ကင်ဆာရဲ့ အခြေခံဖြစ်လို့ပါ။ 106 00:05:33,934 --> 00:05:35,419 ကျွန်မတို့ ဘာတွေလုပ်ခဲ့လဲ။ 107 00:05:35,419 --> 00:05:38,253 အမြဲလိုလိုလို ကျန်းမာရေးအကြောင်း သတင်းအချက်အလက် ပေးသူတွေဟာ 108 00:05:38,253 --> 00:05:40,470 ကျန်းမာရေးနဲ့ ကြော်ငြာ ကျွမ်းကျင်သူတွေပါ၊ 109 00:05:40,470 --> 00:05:43,392 ဒါပေမဲ့ သတင်းအချက်အလက်က မိဘ ဗဟိုပြုလို့ပြောလို့ရတယ်။ 110 00:05:43,392 --> 00:05:45,607 ဒါပေမဲ့ မိဘဆိုတာ နောက်ဆုံး ဒါကို အတည်ပြုဖို့လေ။ 111 00:05:45,607 --> 00:05:48,990 ဒါက မိဘ ဗဟိုပြု၊ သူတို့တွေပါပေမဲ့ လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးမှပါ။ 112 00:05:48,990 --> 00:05:52,136 လူနာကို လုပ်ငန်းစဉ်ရဲ့ အလယ်မှာထားဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့တယ်။ 113 00:05:52,136 --> 00:05:54,066 ဒါနဲ့ ကလေးတွေကို အလုပ်လုပ်စေတယ်။ 114 00:05:54,436 --> 00:05:58,630 ကျွန်တို့ တိုးတက်အောင်လုပ်နိုင်တယ် ထင်တာ၊ ကျွန်မတို့မှာရှိတဲ့ မေးခွန်းတွေနဲ့ 115 00:05:58,630 --> 00:06:03,118 ဆရာဝန်တွေပြောပေမဲ့ နားမလည်နိုင်တာ တွေကို စာရင်းပြုရင်း အချိန်အတော်ကြာခဲ့တယ်။ 116 00:06:03,118 --> 00:06:07,430 ဒါနဲအတူ ကင်ဆာကျိတ်ဆိုင်ရာ ဝန်းကျင်ရဲ့ အသုံးအများဆုံး ဝေါဟာရတွေကို 117 00:06:07,430 --> 00:06:09,210 သရုပ်ဖော်ခဲ့တယ်။ 118 00:06:09,210 --> 00:06:13,910 ဒါအားလုံးကို ကျန်းမာရေး ပညာရှင်တွေရဲ အထောက်အပံ့နဲ့ သရုပ်ဖော်ခဲ့ပါတယ်။ 119 00:06:13,910 --> 00:06:15,762 ဒါပေမဲ့ အင်မတန် အရေးပါတဲ့အချက်နဲ့အတူ 120 00:06:15,762 --> 00:06:20,405 တစ်ခါတစ်လေမှာ အရာတွေဟာ မြင်ရတဲ့အတိုင်း ရှင်းလင်းချက်တွေ မလိုအပ်တာပါ။ 121 00:06:20,405 --> 00:06:22,313 တစ်ယောက်ယောက်ကို သဘောကျတဲ့အခါ 122 00:06:22,313 --> 00:06:26,707 "ချစ်တယ်"လို့ရေးပြီး အသည်းပုံထည့်တယ်၊ သွေးကြောတွေဆွဲလို့လား။ 123 00:06:26,707 --> 00:06:27,782 ကျွန်မတော့ မထင်ဘူး။ 124 00:06:27,782 --> 00:06:29,675 ဒါနဲ့ ဒါကို စလုပ်ခဲ့ကြတယ်။ 125 00:06:29,675 --> 00:06:32,681 ဒါနဲ့အတူ ကလေးတွေဟာ လုပ်ငန်းစဉ်တွေကို စတင် နားလည်လာတယ်။ 126 00:06:32,681 --> 00:06:36,275 ဒီဝေါဟာရတွေကနေ ကျွန်မတို့ရဲ့ ပထမဆုံး ကုန်ကြမ်းထွက်လာတယ်။ လမ်းညွှန်တစ်ခုပါ။ 127 00:06:36,695 --> 00:06:39,991 ဒီလမ်းညွှန်ကို ကုသမှုထဲက ကလေးတွေဆီ ဖြန့်ဝေတယ်။ 128 00:06:39,991 --> 00:06:44,806 ကံဆိုးချင်တော့ တစ်နှစ် အစောင် နှစ်ထောင်၊ သုံးထောင်လောက်ပဲထုတ်ဝေနိုင်ပါတယ်။ 129 00:06:44,806 --> 00:06:46,785 ပရိတ်သတ်ထဲမှာ ကမကထပြုသူများ ရှိမလားလို့ 130 00:06:46,785 --> 00:06:47,875 (ရယ်သံများ) 131 00:06:47,875 --> 00:06:52,392 ဘရာဇီးမှာ ကင်ဆာရောဂါဖြစ်တဲ့ကလေး တစ်နှစ်ကို တစ်သောင်းသုံးထောင်ရှိပါတယ်။ 132 00:06:52,392 --> 00:06:54,285 ဘာဖြစ်ခဲ့လဲ 133 00:06:54,745 --> 00:06:57,791 ဆေးရုံတွေဟာ လမ်းညွှန်စသုံးလာတယ်၊ ဒါကို တောင်းလာကြတယ်။ 134 00:06:57,791 --> 00:07:00,763 ဘရာဇီးမှာ ဆေးရုံ ၄၀ ကျော်ရှိတယ်။ 135 00:07:00,763 --> 00:07:03,672 ကလေးတွေဟာ ဒါကို မြင်လာပြီး စတောင်းလာကြတယ်၊ 136 00:07:03,672 --> 00:07:06,357 နယူးဇီလန်၊ ဂျပန်နဲ့ နိုင်ငံအမျိုးမျိုးက ကလေးတွေပါ။ 137 00:07:06,357 --> 00:07:10,113 ကျွန်မ ပြောတာက "ဒါက ပေါ်တူဂီလိုရေးတာ" သူတို့က "ကျွန်တော်တို့မှာ ဘာသာပြန်ရှိတယ်" 138 00:07:10,113 --> 00:07:13,886 လမ်းညွှန်ကို ဘရာဇီး မြောက်ပိုင်းနဲ့ အရှေ့အမြောက်ကိုက အရမ်းတောင်းခံတယ်၊ 139 00:07:13,886 --> 00:07:17,714 အကြာင်းက ကလေးတွေနဲ့ သူတို့မိဘတွေက စာမတတ်ကြတာများလို့ပါ။ 140 00:07:17,714 --> 00:07:19,124 နောက် ဆရာဝန်တွေ တောင်းကြတယ်။ 141 00:07:19,124 --> 00:07:22,753 လုပ်ငန်းစဉ်ရဲ့စာမျက်နှာတွေကို ခြေရာခံတယ်၊ကလေးတွေ ကြုံရတော့မှာလေ။ 142 00:07:23,063 --> 00:07:27,854 ဒါနဲ့အတူ ရှင်းလင်းအောင်လုပ်ပြီး လူတွေကို စိတ်ဝင်စားအောင်လုပ်တယ်၊ 143 00:07:27,854 --> 00:07:30,024 အခြားလုပ်ဆောင်မှုများစွာ လုပ်တယ်။ 144 00:07:30,544 --> 00:07:33,348 သတင်းအချက်အလက်၊ လူတွေဟာ အရမ်း အရေးကြီးပါတယ်။ 145 00:07:33,348 --> 00:07:37,283 တစ်ခါတစ်ရံ သတင်းအချက်အလက်တစ်ခုဟာ ဆိုတာတာက သတင်းအချက်အလက် နည်းပညာပါ၊ 146 00:07:37,283 --> 00:07:42,384 ခေတ်မီ၊ ရှုပ်ထွေးတဲ့ 3D ပုံ၊ စက်ရုပ်တွေမဟုတ်ဘူး။ 147 00:07:42,415 --> 00:07:45,953 တစ်ခါတစ်ရံ သတင်းအချက်အလက်တစ်ခုဟာ ကိရိယာထဲက ဘီးတစ်ချောင်းပါ။ 148 00:07:46,233 --> 00:07:49,604 ဒီတော့ ဘာပြောမလဲ၊ ဘာ ဟောပြောမလဲ။ 149 00:07:49,604 --> 00:07:51,962 အရာတိုင်းအတွက် သတင်းအချက်အလက်ရှိဖို့လိုပါတယ်။ 150 00:07:51,962 --> 00:07:56,021 ဥပမာ သိကြလားတော့ မသိဘူး၊ ပွဲတစ်ခုကို စီစဉ်တဲ့အခါ 151 00:07:56,021 --> 00:08:01,505 ထိပ်ပြောင်ကလေးတွေဟာ ထိပ်မပြောင်သူတွေထက် လက်ဆောင်နဲ့ ဂရုစိုက်မှု အများကြီးပိုရတယ်။ 152 00:08:01,505 --> 00:08:03,421 ဒါပေမဲ့ တစ်ခါတစ်လေ ထိပ်ပြောင်ကလေးဟာ 153 00:08:03,421 --> 00:08:05,881 ကုသမှု ခံယူထာပြီးသား ကင်ဆာမရှိတော့ပါဘူး။ 154 00:08:05,881 --> 00:08:09,526 တစ်ခါတစ်လေ ထိပ်မပြောင်တဲ့ကလေးဟာ ကင်ဆာရှိတယ်၊ ဓာတုကုထုံး မပေးရသေးလို့လေ။ 155 00:08:09,526 --> 00:08:13,723 သူတို့ဟာ ကုသမှုလို ဆေးဝါး စောင့်ရှောက်မှုတစ်ခုမှမရှိဘူး။ 156 00:08:14,073 --> 00:08:16,847 တစ်ခါတစ်ရံ ဒါဖြစ်တတ်တာက ကလေးတွေနဲ့တင်မဟုတ်ပဲ 157 00:08:16,847 --> 00:08:18,870 ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းမှာရောပါ။ 158 00:08:19,400 --> 00:08:21,023 ကျွန်မ ကုသမှုခံယူစဉ်က 159 00:08:21,023 --> 00:08:24,483 လူ့အဖွဲ့အစည်းမှာ ဒီလိုဟာတွေရှိတယ် ကံဆိုးချင်တော့ ကျွန်မက ကြော်ငြာလုပ်ငန်း 160 00:08:24,483 --> 00:08:28,679 ထိပ်ပြောင်၊ဝမ်းနည်း၊ ညှိုးငယ်နေတဲ့ကလေး ထည့်ရင် အများကြီး ပိုရောင်းရမှာသိတယ်။ 161 00:08:28,679 --> 00:08:30,486 ငွေအများကြီးပိုပြီး မတည်နိုင်မယ်။ 162 00:08:30,486 --> 00:08:33,779 ဒါပေမဲ့ Beaba ရဲ့ ဝက်ဘ်ဆိုဒ်ကိုကြည့်ရင် ဒါမျိုး တွေ့ရမှာမဟုတ်ဘူး။ 163 00:08:33,779 --> 00:08:36,689 သင်သာ မိဘဆိုရင် ဘာဖြစ်တတ်လဲ။ 164 00:08:36,689 --> 00:08:38,935 အကြိမ်များစွာ ကျွန်မဟာ ဆေးရုံအခန်းထဲမှာပါ၊ 165 00:08:38,935 --> 00:08:42,343 အားနည်း၊ ပျော့ခွေနေပြီး ဒီပစ္စည်းတွေ ရရှိခဲ့ပြီး တွေးမိတာက 166 00:08:42,343 --> 00:08:44,776 "ငါ ဒီအဆင့်ထိ ရောက်ပါ့မလား။" 167 00:08:44,776 --> 00:08:49,190 ဒီနောက် ကျန်းမာတဲ့ ကလေးတွေရဲ မိဘတွေဆီကနေ ဖုန်းဝင်လာတယ်။ 168 00:08:49,206 --> 00:08:53,032 ဖုန်'ခေါ်ပြီး ပြောတာက "ကျွန်တော့ သမီးဟာ အိမ်မှာ ဒုက္ခအတော်ပေးနေတယ်။" 169 00:08:53,032 --> 00:08:56,804 ခက်ခဲတဲ့ အခြေအနေက ဘာဆိုတာ မြင်ဖို့ သူ့ကို ဆေးရုံ ခေါ်သွားချင်တယ်။" 170 00:08:56,804 --> 00:08:58,637 အမေအတွက် ဒါလုပ်ဖို့ အဆင်ပြေပေမဲ့ 171 00:08:58,637 --> 00:09:00,726 ဒီအခန်းထဲမှာရှိတာက ကလေးလား၊ လူကြီးလား 172 00:09:00,726 --> 00:09:03,053 ကျွန်မလား ဆိုတာ သူစဉ်းစားမိလား၊ 173 00:09:03,053 --> 00:09:05,311 ဒီလိုဆို လူတွေပြတင်းပေါက်ကို ဖြတ်သွားခိုက်မှာ 174 00:09:05,311 --> 00:09:07,758 "ငါ့ဘဝဟာ သိပိကောင်းတယ်"လို့ ပြောတဲ့လူတွေကို မြင်ရလား 175 00:09:07,778 --> 00:09:13,456 အကြိမ်များစွာမှာ ဒီလိုပါ၊ အကူအညီလိုတဲ့အခါ လုပ်ပိုင်ခွင့်နဲ့ တန်ဖိုးထားမှုလိုတယ်။ 176 00:09:13,486 --> 00:09:16,074 သင့်ကို ဒေါက်ဖြုတ်တဲ့ သတင်းအချက်အလက်တွေပဲ ရှာတာလေ 177 00:09:16,504 --> 00:09:20,926 ဒီတော့ ဒါကိုလည်း ကျွန်မတို့ ဂရုထားဖို့ အရမ်း အရေးကြီးတယ်လို့ထင်တယ်၊ 178 00:09:20,926 --> 00:09:23,665 လူနာတွေတင်မက၊ လူ့အဖွဲ့အစည်းအတွက်ရောပါ။ 179 00:09:24,305 --> 00:09:28,045 အကူအညီပေးတဲ့ ဒီလူတွေအားလုံးနဲ့ သတင်းအချက်အလက် ဖန်တီးပါတယ်။ 180 00:09:28,045 --> 00:09:29,938 အချစ်တွေ အများကြီးလည်း ပါတာပေါ့လေ၊ 181 00:09:29,938 --> 00:09:31,999 ဘာလို့ဆိုတော့ ဒါက သိပ်အရေးပါတယ်ထင်လို့ပါ။ 182 00:09:31,999 --> 00:09:35,419 ကလေးတစ်ချို့ကို ကယ်တင်ဖို့ ဆေးရုံထဲကို ကျွန်မဝင်ခဲ့တယ်၊ 183 00:09:35,419 --> 00:09:36,898 သူတို့က ကျွန်မအသက်ကို ကယ်ခဲ့တယ်၊ 184 00:09:36,898 --> 00:09:38,269 ဒီနေ့ ကျွန်မလုပ်နိုင်တာကတော့ 185 00:09:38,269 --> 00:09:41,936 အခြားသူများစွာကို ကယ်နိုင်ဖို့ ကျွန်မတို့ အတွက် သတင်းအချက်အလက် ဖန်တီးဖို့ပါ။ 186 00:09:41,936 --> 00:09:43,148 ကျေးဇူးပါ။ 187 00:09:43,148 --> 00:09:45,125 (လက်ခုပ်သံများ) (အားပေးသံများ)