Silvia က ခရမ်းချဉ်သီးပင်တွေ စိုက်ပြီး အပင်အမြင့်ကိုတိုင်းတာနေတယ် ဒါက သူမရရှိတဲ့ အချက်အလက်တွေပါ beefeteak အမျိ ု းအစား ခရမ်းချဉ်သီးပင်က ၃ ၁/၄ ပေရှိတယ် Roma အုပ်စုက ၂ ၇/၈ ပေ ၊ cherry အုပ်စုက ၃ ၁/၂ ပေ ဖြစ်တယ် မေးခွန်းကမေးထားတာက Beefsteak ခရမ်းချဉ်သီးပင်ရဲ့ အမြင့်နဲ့ Roma ခရမ်းချဉ်သီးပင်ရဲ့အမြင့်နဲ့ ကွာခြားချက်ကိုဖော်ပြပါတဲ့ သူတို့ ဒီအပင်အုပ်စုနှစ်မျိ ု းရဲ့ အမြင့်ကွာဟချက်ကို ရှာချင်တာဖြစ်တယ် ဒီတော့ ဒီပုစ္ဆာအရ cherry ခရမ်းချဉ်သီးပင်ရဲ့ အမြင့်က မလိုအပ်တော့ဘူး ကျွန်တော်တို့ရှာရမှာက ဒီအပင်နှစ်မျိ ု းကြား အမြင့်ကွာခြားချက်ပဲ ကျွန်တော်တို့ ကြီးတဲ့ကိန်းထဲက ငယ်တဲ့ကိန်းကို နှုတ်ပါမယ် ဒီတော့ ၃ ၁/၄ ထဲက ၂ ၇/၈ ကို နှုတ်မယ် ပထမဆုံး ကျွန်တော် ဒီကိန်းနှစ်ခုလုံးကို ကိန်းရောအဖြစ်ကို ပြောင်းပါမယ် ဆောရီး သူတို့ကကိန်းရောတွေပဲ သူတို့ကို ကိန်းတုတွေအဖြစ် ပြောင်းပါမယ် ၃ ၁/၄ က ၃ + ၁/၄ နဲ့တူပြီး ၁၂/၄ + ၁/၄ နဲ့တူတယ် ဒါက ၃ ၁/၄ နဲ့တူတူပါပဲ ဒါပြီးတော့ ၂ ၇/၈ ကိုနှုတ်မယ် ၂ ၇/၈ က ၂ + ၇/၈ နဲ့တူတူပဲ ၂ က ၁၆ /၈ နဲ့တူတယ် နောက်က + ၇/၈ ဒီကိန်းတန်းကို ကျွန်တော်တို့ တွက်ထုတ်ရပါမယ် ၁၂/၄ + ၁/၄ ကဘယ်လောက်လဲ ၁၃/၄ ရပါတယ် ပြီးတော့ ၁၆/၈ + ၇/၈ ကဘယ်လောက်ရလဲ အင်း.. ၂၃/၈ ရတယ် ဒီတော့ -၂၃/၈ အခုကျွန်တော်တို့ အပိုင်းကိန်းတွေအချင်းချင်း နှုတ်ပါမယ် ဒါပေမယ့် ကျွန်တော်တို့မှာ ပိုင်းခြေတွေမတူဘူး အဲ့တော့ ပိုင်းခြေတွေမတူရင် တွက်လို့မရဘူး ဒီတော့ ဒီပိုင်းခြေနှစ်ခုရဲ့ အနည်းဆုံး ဘုံဆတိုးကိန်းက ဘာဖြစ်မလဲ။ ၄လား၊ ၈လား ၄ ကော ၈ ကော စားလို့ပြတ်တဲ့ အငယ်ဆုံးကိန်းကဘယ်လောက်လဲ အင်း..၈ ကို ၈နဲ့စားလို့ပြတ်တယ် ပြီးတော့ ၈ ကို ၄နဲ့စားလို့ပြတ်တယ် ဒီတော့ ကျွန်တော်တို့ ၁၃/၄ ကို ပိုင်းခြေ ၈ ဖြစ်အောင်ရေးမယ်ဆိုရင် အားလုံးအဆင်ပြေပါပြီ တွက်ကြည့်ရအောင် ကျွန်တော်တို့ ကိန်းနှစ်ခုလုံးကို ပိုင်းခြေ ၈ ဖြစ်အောင်လုပ်မယ် ဒီကိန်းက ဖြစ်ပြီးသား ၁၃/၄ ကို ပိုင်းခြေ ၈ လုပ်မယ်ဆိုရင် ၄ ကနေ ၈ရဖို့ ပိုင်းခြေကို ၂ နဲ့မြှောက်မယ် အပိုင်းကိန်းရဲ့တန်ဖိုးမပျောက်ဖို့အတွက် ပိုင်းဝေကို ပါ အဲတန်ဖိုးအတိုင်း မြှောက်ရမယ် ၂ နဲ့မြှောက်ပါမယ် ဒီတော့ ၂၆/၈ ရတယ် ၂၆/၈ ကနေ ၂၃/၈ ကို နှုတ်ပါမယ် ဒီကနေ ၂၆-၂၃/၈ ဖြစ်မယ် အဲဒါက ၃ ရတယ် ၃/၈ ရတယ် ဒီတော့ beefsteak ခရမ်းချဉ်သီးမျိ ု းနဲ့ Roma ခရမ်းချဉ်သီးမျိ ု းရဲ့ အမြင့်ကွာခြားချက်က ၃/၈ ဖြစ်တယ် ကျျွန်တော်တို့တစ်လျှောက်လုံး ပေ နဲ့တွက်လာတာဆိုတော့ အဖြေက ၃/၈ ပေ ဖြစ်ပါတယ်