Silvia က ခရမ်းချဉ်သီးပင်တွေ စိုက်ပြီး အပင်အမြင့်ကိုတိုင်းတာနေတယ်
ဒါက သူမရရှိတဲ့ အချက်အလက်တွေပါ
beefeteak အမျိ ု းအစား ခရမ်းချဉ်သီးပင်က ၃ ၁/၄ ပေရှိတယ်
Roma အုပ်စုက ၂ ၇/၈ ပေ ၊ cherry အုပ်စုက ၃ ၁/၂ ပေ ဖြစ်တယ်
မေးခွန်းကမေးထားတာက Beefsteak
ခရမ်းချဉ်သီးပင်ရဲ့ အမြင့်နဲ့
Roma ခရမ်းချဉ်သီးပင်ရဲ့အမြင့်နဲ့
ကွာခြားချက်ကိုဖော်ပြပါတဲ့
သူတို့ ဒီအပင်အုပ်စုနှစ်မျိ ု းရဲ့
အမြင့်ကွာဟချက်ကို ရှာချင်တာဖြစ်တယ်
ဒီတော့ ဒီပုစ္ဆာအရ cherry ခရမ်းချဉ်သီးပင်ရဲ့ အမြင့်က
မလိုအပ်တော့ဘူး
ကျွန်တော်တို့ရှာရမှာက ဒီအပင်နှစ်မျိ ု းကြား
အမြင့်ကွာခြားချက်ပဲ
ကျွန်တော်တို့ ကြီးတဲ့ကိန်းထဲက
ငယ်တဲ့ကိန်းကို နှုတ်ပါမယ်
ဒီတော့ ၃ ၁/၄ ထဲက ၂ ၇/၈ ကို
နှုတ်မယ်
ပထမဆုံး ကျွန်တော် ဒီကိန်းနှစ်ခုလုံးကို
ကိန်းရောအဖြစ်ကို ပြောင်းပါမယ်
ဆောရီး သူတို့ကကိန်းရောတွေပဲ
သူတို့ကို ကိန်းတုတွေအဖြစ် ပြောင်းပါမယ်
၃ ၁/၄ က ၃ + ၁/၄ နဲ့တူပြီး
၁၂/၄ + ၁/၄ နဲ့တူတယ်
ဒါက ၃ ၁/၄ နဲ့တူတူပါပဲ
ဒါပြီးတော့ ၂ ၇/၈ ကိုနှုတ်မယ်
၂ ၇/၈ က ၂ + ၇/၈ နဲ့တူတူပဲ
၂ က ၁၆ /၈ နဲ့တူတယ် နောက်က + ၇/၈
ဒီကိန်းတန်းကို ကျွန်တော်တို့ တွက်ထုတ်ရပါမယ်
၁၂/၄ + ၁/၄ ကဘယ်လောက်လဲ
၁၃/၄ ရပါတယ်
ပြီးတော့ ၁၆/၈ + ၇/၈ ကဘယ်လောက်ရလဲ
အင်း.. ၂၃/၈ ရတယ်
ဒီတော့ -၂၃/၈
အခုကျွန်တော်တို့ အပိုင်းကိန်းတွေအချင်းချင်း နှုတ်ပါမယ်
ဒါပေမယ့် ကျွန်တော်တို့မှာ ပိုင်းခြေတွေမတူဘူး
အဲ့တော့ ပိုင်းခြေတွေမတူရင်
တွက်လို့မရဘူး
ဒီတော့ ဒီပိုင်းခြေနှစ်ခုရဲ့ အနည်းဆုံး
ဘုံဆတိုးကိန်းက ဘာဖြစ်မလဲ။ ၄လား၊ ၈လား
၄ ကော ၈ ကော စားလို့ပြတ်တဲ့ အငယ်ဆုံးကိန်းကဘယ်လောက်လဲ
အင်း..၈ ကို ၈နဲ့စားလို့ပြတ်တယ်
ပြီးတော့ ၈ ကို ၄နဲ့စားလို့ပြတ်တယ်
ဒီတော့ ကျွန်တော်တို့ ၁၃/၄ ကို ပိုင်းခြေ ၈ ဖြစ်အောင်ရေးမယ်ဆိုရင်
အားလုံးအဆင်ပြေပါပြီ
တွက်ကြည့်ရအောင်
ကျွန်တော်တို့ ကိန်းနှစ်ခုလုံးကို
ပိုင်းခြေ ၈ ဖြစ်အောင်လုပ်မယ်
ဒီကိန်းက ဖြစ်ပြီးသား
၁၃/၄ ကို ပိုင်းခြေ ၈ လုပ်မယ်ဆိုရင်
၄ ကနေ ၈ရဖို့ ပိုင်းခြေကို
၂ နဲ့မြှောက်မယ်
အပိုင်းကိန်းရဲ့တန်ဖိုးမပျောက်ဖို့အတွက်
ပိုင်းဝေကို ပါ
အဲတန်ဖိုးအတိုင်း မြှောက်ရမယ်
၂ နဲ့မြှောက်ပါမယ်
ဒီတော့ ၂၆/၈ ရတယ်
၂၆/၈ ကနေ ၂၃/၈ ကို နှုတ်ပါမယ်
ဒီကနေ ၂၆-၂၃/၈ ဖြစ်မယ်
အဲဒါက ၃ ရတယ်
၃/၈ ရတယ်
ဒီတော့ beefsteak ခရမ်းချဉ်သီးမျိ ု းနဲ့
Roma ခရမ်းချဉ်သီးမျိ ု းရဲ့ အမြင့်ကွာခြားချက်က ၃/၈ ဖြစ်တယ်
ကျျွန်တော်တို့တစ်လျှောက်လုံး ပေ နဲ့တွက်လာတာဆိုတော့
အဖြေက ၃/၈ ပေ ဖြစ်ပါတယ်