WEBVTT 00:00:00.968 --> 00:00:02.118 အားလုံးပဲ မင်္ဂလာပါ။ 00:00:03.562 --> 00:00:08.498 ဒါက နည်းနည်း ရယ်စရာပါ၊ အကြောင်းက လူသားတွေ ဟာ ဒစ်ဂျစ်တယ်ဖြစ်လာမယ်လို့ ရေးခဲ့ပေမဲ့ 00:00:08.522 --> 00:00:11.236 ဒီလောက်မြန်မြန်ကြီး ဖြစ်ပေါ်လာမယ်လို့ မထင်ခဲ့ဘဲ 00:00:11.260 --> 00:00:12.919 ကျွန်တော့ကို ဖြစ်ပေါ်လာစေလို့ပါ။ 00:00:13.649 --> 00:00:16.331 ဒါပေမဲ့ ကျွန်တော်ဒီမှာ၊ ဒစ်ဂျစ်တယ် ပြယုဂ်အဖြစ်နဲ့ 00:00:16.355 --> 00:00:19.021 ဟောဒီမှာပါ၊ စလိုက်ရအောင်။ 00:00:20.070 --> 00:00:22.203 မေးခွန်းတစ်ခုနဲ့ စလိုက်ရအောင်။ 00:00:22.823 --> 00:00:26.357 ဒီနေ့ ပရိတ်သတ်ထဲမှာ ဖက်ဆစ်ဘယ်နှစ်ယောက်ရှိလဲ။ NOTE Paragraph 00:00:26.381 --> 00:00:27.831 (ရယ်သံများ) NOTE Paragraph 00:00:27.855 --> 00:00:30.204 ကောင်းပြီ၊ ဒါက ပြောဖို့ နည်းနည်းခက်ပါတယ်၊ 00:00:30.228 --> 00:00:33.695 ဘာလို့ဆိုတော့ ဖက်ဆစ်ဝါဒက ဘာဆိုတာကို ကျွန်တော်တို့ မေ့သွားကြပြီကိုး။ 00:00:34.498 --> 00:00:37.077 အခု လူတွေဟာ "ဖက်ဆစ်"စကားရပ်ကို 00:00:37.101 --> 00:00:40.109 ယေဘုယျ ရည်ရွယ်ချက် မတရားပြု တာမျိုးအနေနဲ့ သုံးကြတယ်။ 00:00:40.133 --> 00:00:44.080 (သို့) ဖက်ဆစ်ဝါဒကို အမျိုးသားရေးဝါဒနဲ့ ရောထွေးကြတယ်။ 00:00:44.863 --> 00:00:50.251 ဒီတော့ တကယ်တော့ ဖက်ဆစ်ဝါဒက ဘာလဲ၊ အမျိုးသားရေးဝါဒနဲ့ ဘယ်လိုကွာခြားလဲဆိုတာ 00:00:50.275 --> 00:00:53.395 ရှင်းလင်းဖို့ အချိန်နည်း နည်းယူလိုက်ရအောင်။ NOTE Paragraph 00:00:53.838 --> 00:00:58.879 အမျိုးသားရေးဝါဒရဲ့ ပိုသိမ်မွေ့တဲ့ ပုံစံတွေ လူသားဖန်တီးမှုတွေရဲ့ အကျိုးပြုဆုံးတွေ 00:00:58.903 --> 00:01:00.361 ကြားမှာ ရှိဖူးပါတယ်။ 00:01:00.990 --> 00:01:05.101 နိုင်ငံတွေဟာ အချင်းချင်း မသိကြတဲ့ သန်းချီတဲ့ သူစိမ်းတွေရဲ့ 00:01:05.125 --> 00:01:06.838 အသိုက်အမြုံတွေပါ။ 00:01:07.489 --> 00:01:10.894 ဥပမာ၊ ကျွန်တော်နဲ့ အစ္စရေးနိုင်ငံသားချင်းတူတဲ့ 00:01:10.918 --> 00:01:13.474 လူ ရှစ်သန်းကို ကျွန်တော် မသိဘူး။ 00:01:14.109 --> 00:01:16.276 ဒါပေမဲ့ အမျိုးသားရေးဝါဒရဲ့ ကျေးဇူးကြောင့် 00:01:16.300 --> 00:01:20.106 တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိင်ကြတယ်။ 00:01:20.450 --> 00:01:21.650 ဒါက အတော်ကောင်းပါတယ်။ 00:01:22.093 --> 00:01:27.831 John Lennon လို လူတစ်ချို့ဟာ အမျိုးသားရေးဝါဒမပါပဲ စိတ်ကူးကြတယ်၊ 00:01:27.855 --> 00:01:31.645 ကမ္ဘာကြီးဟာ ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံတစ်ခုပေါ့။ 00:01:32.010 --> 00:01:33.438 ဒါပေမဲ့ ပိုဖြစ်နိုင်တာက 00:01:33.462 --> 00:01:38.239 အမျိုးသားရေးဝါဒမပါရင် ကျွန်တော်တို့ဟာ မျိုနွယ်စု ဖရိုဖရဲထဲမှာနေထိုင်နေလိမ့်မယ်။ 00:01:38.684 --> 00:01:43.819 ဒီနေ့ ကမ္ဘာမှာ အကြွယ်ဝဆုံးနဲ့ အငြိမ်းချမ်းဆုံးတိုင်းပြည်တွေကို ကြည့်ရင်၊ 00:01:43.843 --> 00:01:48.133 ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ ဂျပန်လို နိုင်ငံမျိုးတွေပေါ့ 00:01:48.157 --> 00:01:53.120 သူတို့မှာ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ သဘောတစ်ခုရှိတာ မြင်ရလိမ့်မယ်။ 00:01:53.750 --> 00:01:57.910 ဆန့်ကျင်ဘက်နေနဲ့ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ ကင်းမဲ့တဲနိုင်ငံတွေဖြစ်တဲ့ 00:01:57.934 --> 00:02:01.355 ကွန်ဂို၊ ဆိုမာလီယာနဲ့ အာဖဂန်နစ္စတန်တို့ဆို 00:02:01.379 --> 00:02:03.553 အကြမ်းဖက်ပြီး ဆင်းရဲလေ့ရှိကြတယ်။ 00:02:04.855 --> 00:02:08.993 ဒီတော့ ဖက်ဆစ်ဝါဒက ဘာလဲ။ အမျိုးသားရေးဝါဒနဲ့ ဘာခြားနားလဲ။ 00:02:09.941 --> 00:02:15.344 ကောင်းပြီ၊ အမျိုးသားရေးဝါဒ ကျွန်တော့နိုင်ငံက ပြိုင်ဘက်ကင်းပြီး 00:02:15.368 --> 00:02:19.169 ကျွန်တော့မှာ နိုင်ငံအတွက် အထူးတာဝန်တွေ ရှိတယ်လို့ ကျွန်တော့ကို ပြောတယ်။ 00:02:19.641 --> 00:02:25.847 ဆန့်ကျင်ဘက်အနေနဲ့ ဖက်ဆစ်ဝါဒက ကျွန်တော့နိုင်ငံဟာ အထွက်အထိပ်ဖြစ်ပြီး 00:02:25.871 --> 00:02:29.783 ကျွန်တော့မှာ နိုင်ငံအတွက် သီးသန့် တာဝန်တွေရှိတယ်လို့ ကျွန်တော့ကို ပြောတယ်။ 00:02:30.895 --> 00:02:35.726 ကိုယ့်နိုင်ထက် ဘယ်သူ့ကိုမှ (သို့) ဘယ်အရာကိုမှ ဂရုစိုက်စရာမလိုဘူး။ 00:02:36.465 --> 00:02:40.068 အမြဲလိုလိုမှာ တကယ်တမ်းက လူတွေမှာ အုပ်စုအမျိုးမျိုးအတွက် များစွာသော 00:02:40.092 --> 00:02:42.514 ကိုယ်ပိုင်လက္ခဏာတွေနဲ့ သစ္စာစောင့်သိမှုတွေရှိပါတယ်။ 00:02:43.036 --> 00:02:47.840 ဥပမာ ကျွန်တော်ဟာ မျိုးချစ်ပုဂ္ဂိုလ်ကောင်း၊ ကိုယ့်နိုင်ငံကို သစ္စာရှိသူဖြစ်နိုင်ပြီး 00:02:47.864 --> 00:02:51.102 တစ်ချိန်တည်းမှာ ကိုယ့်မိသားစု၊ 00:02:51.126 --> 00:02:53.487 ကိုယ့်အိမ်နီးချင်းနဲ့ ကိုယ်အလုပ်၊ 00:02:53.511 --> 00:02:54.971 ခြုံပြောရရင် လူသားမျိုးနွယ်၊ 00:02:54.995 --> 00:02:56.599 အမှန်နဲ့ အလှတရားကို သစ္စာရှိတယ်။ 00:02:57.370 --> 00:03:01.641 တကယ်က ကိုယ့်မှာ မတူညီတဲ့ ကိုယ်ပိုင်လက္ခဏာ တွေနဲ့ သစ္စာစောင့်သိမှုတွေရှိတဲ့အခါ 00:03:01.665 --> 00:03:04.998 ဒါက တစ်ခါတစ်ရံဝိရောဓိတွေနဲ့ ရှုပ်ထွေးတဲ့ အရာတွေကို ဖန်တီးပါတယ်။ 00:03:05.506 --> 00:03:09.140 ဒါပေမဲ့ ကောင်းပြီ၊ ဘဝဆိုတာ လွယ်ကူတယ်လို့ ဘယ်သူကများ သင့်ကိုပြောဖူးလဲ။ 00:03:09.649 --> 00:03:11.689 ဘဝဟာ ရှုပ်ထွေးတယ်။ 00:03:11.713 --> 00:03:12.863 ဒါကို ရင်ဆိုင်လိုက်ပါ။ NOTE Paragraph 00:03:14.331 --> 00:03:20.331 ဖက်ဆစ်ဝါဒက လူတွေက ရှုပ်ထွေးမှုတွေကို လျစ်လျူရှုပြီး သူတို့ကိုယ်တိုင်အတွက် ဘဝကို 00:03:20.355 --> 00:03:23.464 လွယ်ကူလွန်းအောင် ဖန်တီးဖို့ ကြိုးစားတဲ့အခါ ဖြစ်ပေါ်တာပါ။ 00:03:24.128 --> 00:03:29.700 ဖက်ဆစ်ဝါဒက အမျိုးသားရေး လက္ခဏာကလွဲပြီး လက္ခဏာအားလုံးကို ငြင်းပယ်ပြီး 00:03:29.724 --> 00:03:34.833 ကိုယ့်နိုင်ငံအတွက်ပဲ တာဝန်တွေရှိတယ်လို့ အတင်း တောင်းဆိုတယ်။ 00:03:35.421 --> 00:03:39.525 နိုင်ငံက ကျွန်တော့မိသားစုကို စတေးပါလို့တောင်းဆိုရင် 00:03:39.549 --> 00:03:41.985 ကျွန်တော့မိသားစုကို စတေးမယ်။ 00:03:42.009 --> 00:03:46.283 နိုင်ငံက လူသန်းချီပြီး သတ်ပါလို့ တောင်းဆိုရင် 00:03:46.307 --> 00:03:48.965 လူသန်းချီပြီး ကျွန်တော်သတ်မယ်။ 00:03:49.442 --> 00:03:55.517 ပြီးတော့ နိုင်ငံက အမှန်တရားနဲ့ အလှတရားကို သစ္စာဖောက်ပါလို့ တောင်းဆိုရင် 00:03:55.541 --> 00:03:58.564 အမှန်တရားနဲ့ အလှတရားကို ကျွန်တော် သစ္စာဖောက်သင့်တယ်။ 00:03:59.587 --> 00:04:04.113 ဥပမာ၊ ဖက်ဆစ်ဝါဒီတစ်ယောက်က အနုပညာကို ဘယ်လို တန်ဖိုးဖြတ်သလဲ။ 00:04:04.615 --> 00:04:09.904 ရုပ်ရှင်တစ်ကားက ကောင်းလား၊ ဆိုးလားဆိုတာ ဖက်ဆစ်ဝါဒီတစ်ယောက်က ဘယ်လိုဆုံးဖြတ်သလဲ။ 00:04:10.728 --> 00:04:14.900 ကောင်းပြီ၊ အင်မတန်ကို ရိုးစင်းပါတယ်။ 00:04:15.260 --> 00:04:17.188 တကယ့်ကို စံတစ်ခုပဲရှိတာပါ၊ 00:04:17.593 --> 00:04:21.069 ရုပ်ရှင်က နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးရင် 00:04:21.093 --> 00:04:22.537 ရုပ်ရှင်ကောင်းတယ်၊ 00:04:22.561 --> 00:04:25.744 ရုပ်ရှင်က နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းမပေးရင် 00:04:25.768 --> 00:04:26.990 ရုပ်ရှင်က မကောင်းဘူး။ 00:04:27.014 --> 00:04:28.164 ဒါပဲလေ။ 00:04:28.496 --> 00:04:33.384 အလားတူပဲ ကျောင်းမှာ ကလေးတွေကို သင်ကြားတာကို ဖက်ဆစ်စနစ်က ဘယ်လိုဆုံးဖြတ်လဲ။ 00:04:33.877 --> 00:04:35.964 ထပ်ပြောရရင်၊ သိပ်ရှင်းပါတယ်။ 00:04:35.988 --> 00:04:37.933 စံတစ်ခုပဲရှိပါတယ်။ 00:04:37.957 --> 00:04:42.902 နိုင်ငံရဲ့အကျိုးစီးပွားကို ဖြည့်ဆည်း ပေးတာမှန်သမျှ ကလေးတွေကို သင်ပေးတယ်။ 00:04:43.323 --> 00:04:45.910 အမှန်တရားက လုံးဝကို အရေးမပါတာ။ NOTE Paragraph 00:04:48.372 --> 00:04:53.798 ကဲ ဒုတိယ ကမ္ဘာစစ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ အနိဋ္ဌာရုံတွေက 00:04:53.822 --> 00:04:57.955 ဒီတွေးခေါ်ပုံရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေ ကို ကျွန်တော်တို့ကို သတိပေးတယ်။ 00:04:58.508 --> 00:05:03.053 ဒါပေမဲ့ အမြဲလိုလိုကတော့ ဖက်ဆစ်ဝါဒရဲ့ မကောင်းကြောင်းကို ပြောတဲ့အခါ 00:05:03.077 --> 00:05:06.037 ထိရောက်မှုမရှိတဲ့ နည်းနဲ့ ပြောကြတာပါ၊ 00:05:06.061 --> 00:05:10.799 အကြောင်းက ဒါနဲ့ပတ်သက်ပြီး ဘာက ဒီလောက်စွဲလမ်းစေတာကို မရှင်းပြဘဲနဲ့ 00:05:10.823 --> 00:05:14.729 ဖက်ဆစ်ဝါဒကိုကြောက်မက်ဖွယ် သတ္တဝါ တစ်ကောင်မဖြစ် သရုပ်ဖော်တတ်ကြလို့ပါ။ 00:05:15.284 --> 00:05:19.998 ဒါက လူဆိုးတွေကို သရုပ်ဖော်တဲ့ ဟောလိဝုဒ်ကားတွေနဲ့ နည်နည်းဆင်တယ်၊ 00:05:20.022 --> 00:05:24.045 Voldemort (သို့) Sauron (သို့) Darth Vader ပေါ့၊ 00:05:24.069 --> 00:05:26.701 အကျည်းတန်၊ ယုတ်မာပြီးရက်စက်သူတွေအဖြစ်လေ။
 00:05:26.725 --> 00:05:29.263 သူတို့ဟာ သူတို့ရဲ့ထောက်ခံသူတွေကိုတောင် ရက်စက်ကြတယ်။ 00:05:29.670 --> 00:05:33.291 ဒီရုပ်ရှင်တွေ ကြည့်တဲ့ခါ ကျွန်တော် လုံးဝ နားမလည်တာက 00:05:33.315 --> 00:05:39.820 ဘာကြောင့် Voldemort လို စက်ဆုပ်စရာ ကပ်ဖား နောက်လိုက်ဖို့ သွေးဆောင်တာလဲပေါ့။ 00:05:40.895 --> 00:05:44.411 မကောင်းဆိုးဝါးနဲ့ ပြဿနာက လက်တွေ့ဘဝမှာ ရှိတာပါ။ 00:05:44.435 --> 00:05:47.326 မကောင်းဆိုးဝါးဟာ သေချာပေါက် ရုပ်ဆိုးတဲ့ပုံ မပေါက်ဘူး။ 00:05:47.688 --> 00:05:49.580 အင်မတန် လှပလို့ရပါတယ်။ 00:05:50.354 --> 00:05:53.077 ဒါက ခရစ်ယာန်ဘာသာက ကောင်းကောင်း သိနေတဲ့ အရာတစ်ခုပါ၊ 00:05:53.101 --> 00:05:56.807 ဒါကြောင့်ပဲ ခရစ်ယာန် အနုပညာဟာ ဟောလီဝုဒ်နဲ့ (ဆန့်ကျင်ပြီး) 00:05:56.831 --> 00:06:00.699 ဆာတန်ကို အမြဲလိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျားအဖြစ် သရုပ်ဖော်တယ်။ 00:06:01.259 --> 00:06:05.855 ဒါကြောင့်ပဲ ဆာတန်ရဲ့ သွေးဆောင်မှုကို ခံနိုင်စွမ်းရှိဖို့ သိပ်ခက်ခဲပြီး 00:06:05.879 --> 00:06:10.623 ဒါကြောင့်ပဲ့ ဖက်ဆစ်ဝါဒရဲ့ သွေးဆောင်မှုကို ခံနိုင်စွမ်းရှိဖို့ သိပ်ခက်ခဲတာပါ။ NOTE Paragraph 00:06:10.980 --> 00:06:13.702 ဖက်ဆစ်ဝါဒက လူတွေကို ကမ္ဘာကြီးထဲက 00:06:13.726 --> 00:06:18.969 အလှပဆုံးနဲ့ အရေးပါဆုံးအရာနဲ့ ထိုက်တန်နေ သလိုမျိုး သူတို့ကိုယ်သူတို့ မြင်စေတယ်၊ 00:06:18.993 --> 00:06:20.295 နိုင်ငံကိုပြောတာပါ။ 00:06:20.319 --> 00:06:21.665 ဒီနောက် လူတွေတွေးတာက 00:06:21.689 --> 00:06:24.878 "ကောင်းပြီ၊ ဖက်ဆစ်ဝါဒဟာ အကျည်းတန်တယ်လို့ ကျုပ်တို့ကို သင်ပေးတယ်။ 00:06:25.442 --> 00:06:28.466 ဒါပေမဲ့ ကျုပ် မှန်ထဲကိုကြည့်တော့ အင်မတန်လှပတာတစ်ခု ကျုပ်မြင်တယ်၊ 00:06:28.490 --> 00:06:30.681 ဒီတော့ ကျုပ်ဟာ ဖက်ဆစ် မဖြစ်နိုင်ဘူးမို့လား။" 00:06:31.022 --> 00:06:32.173 မှားပါတယ်။ NOTE Paragraph 00:06:32.197 --> 00:06:33.744 ဒါက ဖက်ဆစ်စနစ်ဆိုင်ရာ ပြဿနာပါ။ 00:06:33.768 --> 00:06:36.387 ဖက်ဆစ် မှန်ထဲကို သင်ကြည့်တဲ့အခါ 00:06:36.411 --> 00:06:40.945 သင့် တကယ့်အရှိထက် အများကြီး ပိုလှနေသလို့ သင့်ကိုယ်သင် မြင်ရတယ်။ 00:06:41.371 --> 00:06:45.664 ၁၉၃၀ နှစ်လွန်တွေမှာ ဂျာမန်တွေဟာ ဖက်ဆစ်မှန်ထဲကို ကြည့်ခဲ့တော့၊ 00:06:45.688 --> 00:06:49.728 သူတို့ဟာ ဂျာမဏီကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ခဲ့ကြတယ်။ 00:06:50.244 --> 00:06:53.680 ဒီနေ့မှာ ရုရှားတွေသာ ဖက်ဆစ်မှန်ထဲကို ကြည့်ကြရင် 00:06:53.704 --> 00:06:57.263 ရုရှားကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ကြပါလိမ့်မယ်။ 00:06:57.577 --> 00:07:00.705 ပြီးတော့ အစ္စရေးတွေသာ ဖက်ဆစ် မှန်ထဲကို ကြည့်ကြရင် 00:07:00.729 --> 00:07:05.109 အစ္စရေးကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ကြပါလိမ့်မယ်။ 00:07:06.657 --> 00:07:11.714 ဒါက ၁၉၃၀ နှစ်လွန်တွေရဲ့ တစ်ကျော့ပြန်တာကို ကျွန်တော်တို့ ရင်ဆိုင်နေရတယ်လို့မဆိုလိုဘူး NOTE Paragraph 00:07:12.304 --> 00:07:15.779 ဖက်ဆစ်ဝါဒနဲ့ အာဏာရှင်စနစ်ခေတ်တွေ ပြန်မလာနိုင်လောက်ပေမဲ့ 00:07:15.803 --> 00:07:19.042 သူတို့ဟာ ပုံစံသစ်တစ်ခုနဲ့ ပြန်လာလိမ့်မယ်၊ 00:07:19.066 --> 00:07:21.807 ၂၁ ရာစုရဲ့ နည်းပညာဆိုင်ရာ 00:07:21.831 --> 00:07:25.640 ဒီဌဖြစ်ရပ် အသစ်တွေနဲ့ အများကြီး ပိုပြီး ဆက်စပ်ပါတယ်။ 00:07:26.538 --> 00:07:28.085 ရှေးခေတ်တုန်းကတော့ 00:07:28.109 --> 00:07:32.269 မြေဟာ ကမ္ဘာမှာ အဖိုးတန်ဆုံး ပစ္စည်းဖြစ်ခဲ့တယ်၊ 00:07:32.911 --> 00:07:36.775 ဒါကြောင့် နိုင်ငံရေးဟာ မြေကို ထိန်းချုပ်ဖို့ ရုန်းကန်လှုပ်ရှားမှုပါ။ 00:07:37.141 --> 00:07:43.001 အာဏာရှင်ခေတ်ဆိုတာ နယ်မြေတစ်ခုလုံးကို အုပ်ချုပ်သူတစ်ဦးတည်း 00:07:43.025 --> 00:07:44.897 (သို့) လူနည်းစု အစိုးရက ပိုင်ဆိုင်တာပါ။ 00:07:45.827 --> 00:07:50.646 ခေတ်သစ်မှာတော့ စက်ပစ္စည်းတွေက မြေထက် ပိုအရေးကြီးလာခဲ့တယ်။ 00:07:51.347 --> 00:07:54.947 နိုင်ငံရေးက စက်ပစ္စည်းတွေကို ထိန်းချုပ် ဖို့ ရုန်းကန်လှုပ်ရှားမှုဖြစ်လာတယ်။ 00:07:55.354 --> 00:07:57.350 အာဏာရှင်ခေတ်ဆိုတာက 00:07:57.374 --> 00:08:01.284 များပြားလွန်းတဲ့ စက်ပစ္စည်းတွေဟာ အစိုးရ (သို့) 00:08:01.308 --> 00:08:04.588 အခွင့်ထူးခံ အဖွဲ့လေးတစ်ခုရဲ့ လက်တွေထဲမှာ စုစည်းလာတာပါ။ 00:08:05.109 --> 00:08:09.815 အခုဆို ဒေတာဟာ မြေနဲ့စက်ပစ္စည်း နှစ်ခုစလုံးကို အဖိုးတန်ဆုံး ပစ္စည်းအဖြစ် 00:08:09.839 --> 00:08:11.950 နေရာယူနေတယ်။ 00:08:12.600 --> 00:08:17.940 နိုင်ငံရေးက ဒေတာ စီးဆင်းမှုထိန်းချုပ်ဖို့ ရုန်းကန်လှုပ်ရှားမှုဖြစ်လာတယ်။ 00:08:17.964 --> 00:08:20.672 အာဏာရှင်ခေတ်ဆိုတာ အခုတော့ 00:08:20.696 --> 00:08:26.476 များပြားလွန်းတဲ့ ဒေတာဟာ အစိုးရ(သို့) အခွင့်ထူးခံ အဖွဲ့လေးရဲ့ 00:08:26.500 --> 00:08:28.420 လက်တွေထဲမှာ စုစည်းနေတာပါ။ NOTE Paragraph 00:08:28.871 --> 00:08:33.783 လွတ်လပ်တဲ့ ဒီမိုကရေစီ အခု ရင်ဆိုင်နေရတဲ့ အကြီးဆုံးအန္တရာယ်က 00:08:33.807 --> 00:08:37.077 သတင်းအချက်အလက် နည်းပညာမှာရှိတဲ့ တော်လှန်ရေးဟာ ဒီမိုကရေစီတွေထက် 00:08:37.101 --> 00:08:41.891 ပိုထိရောက်တဲ့ အာဏာရှင်ခေတ်တွေ ဖန်တီးမှာကိုပါ။ NOTE Paragraph 00:08:42.760 --> 00:08:44.379 ၂၀ ရာစုမှာ 00:08:44.403 --> 00:08:49.363 ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒဟာ ဖက်ဆစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကိုအနိုင်ယူခဲ့တာက 00:08:49.387 --> 00:08:54.589 ဒီမိုကရေစီ ဒေတာထုတ်လုပ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းမှာ ပိုကောင်းလို့ပါ။ 00:08:55.319 --> 00:08:57.685 ၂၀ ရာစုနည်းပညာကို ထောက်ဆရရင် 00:08:57.709 --> 00:09:03.744 များလွန်းတဲ့ ဒေတာနဲ့ များလွန်းတဲ့ အာဏာကို တစ်နေရာတည်းမှာ ကြိုးစား၊စုစည်းဖို့ 00:09:03.768 --> 00:09:06.527 ထိရောက်မှုကို မရှိတာပါ။ NOTE Paragraph 00:09:07.244 --> 00:09:11.727 ဒါပေမဲ့ ဗဟိုက ချုပ်ကိုင်ထားတဲ့ ဒေတာ ထုပ်လုပ်ခြင်းဟာ 00:09:11.751 --> 00:09:17.355 ဖြန့်ဖြူးထားတဲ့ ဒေတာ ထုပ်လုပ်ခြင်း ထက်အမြဲတမ်း ထိရောက်မှု ပိုနည်းတာက 00:09:17.379 --> 00:09:19.926 သဘာဝ နိယာမတော့မဟုတ်ဘူး။ 00:09:20.605 --> 00:09:24.042 ဉာဏ်ရည်တုနဲ့ စက်က သင်ယူမှု တိုးမြင့်လာခြင်းနဲ့အတူ 00:09:24.066 --> 00:09:29.903 ဧရာမ သတင်းအချက်အလက် ပမာဏတွေကို တစ်နေရာတည်းမှာ ထိရောက်စွာ ထုတ်လုပ်ဖို့နဲ့ 00:09:29.927 --> 00:09:32.537 တစ်နေရာတည်းမှာ ဆုံးဖြတ်ချက်အားလုံးချဖို့ 00:09:32.561 --> 00:09:35.752 ဖြစ်နိုင်ခြေရှိလာလောက်ပြီး 00:09:35.776 --> 00:09:40.196 ဒီနောက်မှာ ဗဟိုကချုပ်ကိုင်ထားတဲ့ ဒေတာထုတ်လုပ်ခြင်းဟာ ဖြန့်ဖြူးထားတဲ့ 00:09:40.220 --> 00:09:42.420 ဒေတာ ထုပ်လုပ်ခြင်းထက် ပိုထိရောက်လိမ့်မယ်။ 00:09:43.053 --> 00:09:46.813 ဒီနောက်မှာ ၂၀ ရာစုမှာရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ 00:09:46.837 --> 00:09:48.474 အဓိက အားနည်းချက်က 00:09:48.498 --> 00:09:53.014 သတင်းအချက်အလက်အားလုံးကို တစ်နေရာတည်းမှာ စုစည်းဖို့ သူတိုရဲ့ကြိုးပမ်းမှုဟာ 00:09:53.038 --> 00:09:56.404 သူတို့ရဲ့အကြီးဆုံး အသာစီးရမှု ဖြစ်လာမယ်။ NOTE Paragraph 00:09:58.768 --> 00:10:03.675 အနာဂတ် ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့ နောက်ထပ် နည်းပညာ အန္တရာယ်က 00:10:03.699 --> 00:10:08.858 သတင်းအချက်အလက်နည်းပညာနဲ့ ဇီဝနည်းပညာရဲ့ ပေါင်းခြင်းပါ၊ 00:10:08.882 --> 00:10:12.887 ဒါက ကျွန်တော့အကြောင်းကို ကျွန်တော့ထက် ပိုကောင်းကောင်း သိတဲ့ 00:10:12.911 --> 00:10:17.227 အယ်လ်ဂိုရစ်သမ် ဖန်တီးမှု အကျိုးဆက်ပေါ်ထွန်းနိုင်ပါတယ်။ 00:10:17.688 --> 00:10:19.768 သင့်မှာ ဒီလိုအယ်လ်ဂိုရစ်သမ်တွေရှိဆိုတာနဲ့ 00:10:19.792 --> 00:10:22.641 အစိုးရလို ပြင်ပ စနစ်တစ်ခုဟာ 00:10:22.665 --> 00:10:26.189 ကျွန်တော့ဆုံးဖြတ်ချက်တွေကို ကြိုသိနိုင်တာတင်မက 00:10:26.213 --> 00:10:30.134 ကျွန်တော့ခံစားမှုတွေ၊ စိတ်ကူးတွေကိုပါ ခြယ်လှယ်နိုင်ပါတယ်။ 00:10:30.641 --> 00:10:35.886 အာဏာရှင်တစ်ယောက်ဟာ ကျွန်တော့ကို ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်လောက်ပေမဲ့ 00:10:35.910 --> 00:10:39.283 ကျွန်တော် သူ့ကို ချစ်ပြီး၊ အတိုက်ခံကို 00:10:39.307 --> 00:10:41.974 မုန်းအောင်တော့ လုပ်နိုင်လိမ့်မယ်။ 00:10:43.037 --> 00:10:48.500 ဒီမိုကရေစီဟာ ဒီလို ဖွံ့ဖြိုးမှုထဲမှာ ရှင်ကျန်ဖို့ကို ခက်ခဲတယ်လို့ မြင်လိမ့်မယ်၊ 00:10:48.524 --> 00:10:50.674 အကြောင်းက အဆုံးမှာတော့ 00:10:50.698 --> 00:10:54.825 ဒီမိုကရေစီဟာ လူ့ဆင့်ခြင်တုံတရားမှာ အခြေမခံပဲ 00:10:54.849 --> 00:10:57.269 လူ့ခံစားချက်တွေမှာ အခြေခံတာကြောင့်ပါ။ 00:10:58.355 --> 00:11:00.855 ရွေးကောက်ပွဲတွေနဲ့ ဆန္ဒခံယူပွဲတွေအတွင်း 00:11:00.879 --> 00:11:03.575 "သင်ဘယ်လို ထင်သလဲ"လို့ အမေးမခံရဘဲ 00:11:03.998 --> 00:11:07.394 တကယ်ကျတော့"သင်ဘယ်လို ခံစားရလဲ" လို့ အမေးခံနေရတယ်။ 00:11:08.228 --> 00:11:12.855 တစ်ဦးဦးက သင့်ခံစားမှုတွေကို ထိထိရောက်ရောက် ခြယ်လှယ်နိုင်ရင် 00:11:12.879 --> 00:11:16.632 ဒီမိုကရေစီဟာ စိတ်ထိခိုက်ဖွယ် ရုပ်သေးပွဲ တစ်ပွဲ ဖြစ်လာလိမ့်မယ်။ NOTE Paragraph 00:11:18.006 --> 00:11:22.521 ဒီတော့ ဖက်ဆစ်ဝါဒ တစ်ကျော့ပြန်လာပြီး အာဏာရှင်ခေတ်အသစ် ထကြွမှုကို NOTE Paragraph 00:11:22.545 --> 00:11:25.195 တားဆီးဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ 00:11:25.990 --> 00:11:32.300 ကျွန်တော်တို့ရင်ဆိုင်ရတဲ့ နံပါတ်တစ် မေးခွန်းက ဒေတာကို ဘယ်သူထိန်းချုပ်လဲ။ 00:11:32.823 --> 00:11:34.498 သင်ဟာ အင်ဂျင်နီယာတစ်ယောက်ဆိုရင် 00:11:34.522 --> 00:11:38.490 မဆိုစလောက် လက်တွေထဲမှာ ဒေတာ အလွန်အမင်း စုစည်းနေတာကို 00:11:38.514 --> 00:11:41.339 တားဆီးဖို့ နည်းလမ်းတွေရှာပါ။ 00:11:41.752 --> 00:11:44.696 ဖြန့်ဝေထားတဲ့ ဒေတာထုတ်လုပ်မှုကို 00:11:44.720 --> 00:11:49.133 အနည်းဆုံး ဗဟိုကချုပ်ကိုင်ထားတဲ့ ဒေတာ ထုတ်လုပ်ခြင်းလောက် ထိရောက်တာ 00:11:49.157 --> 00:11:51.553 သေချာဖို့ နည်လမ်းတွေရှာပါ။ 00:11:52.077 --> 00:11:55.918 ဒါဟာ ဒီမိုကရေစီအတွက် အကောင်းဆုံး ဘေးစီးရန်ကာဖြစ်လိမ့်မယ်။ 00:11:55.942 --> 00:11:59.268 အင်ဂျင်နီယာမဟုတ်တဲ့ ကျန်တဲ့ ကျွန်တော်တို့အတွက် 00:11:59.292 --> 00:12:02.736 ရင်ဆိုင်နေရတဲ့ နံပါတစ် မေးခွန်းကတော့ 00:12:02.760 --> 00:12:07.407 ဒီဒေတာ ထိန်းချုပ်သူတွေရဲ့ ခြယ်လှယ်ခွင့် 00:12:07.431 --> 00:12:10.237 ကိုယ့်ဘာသာ မပေးမိစေဖို့ နည်းလမ်းပါ။ NOTE Paragraph 00:12:11.387 --> 00:12:15.493 လွတ်လပ်တဲ့ ဒီမိုကရေစီရဲ့ ရန်သူတွေက သူတို့မှာ နည်းစနစ်တစ်ခုရှိတယ်။ 00:12:15.919 --> 00:12:18.291 ကျွန်တော်တို့ ခံစားချက်တွေကို ရယူနှောင့်ယှက်ကြတယ်။ 00:12:18.315 --> 00:12:20.767 ကျွန်တော်တို့ရဲ့ အီးမေးလ်တွေ၊ ဘဏ်စာရင်းတွေတင်မက 00:12:20.791 --> 00:12:25.998 ကျွန်တော်တို့ရဲ့အကြောက်၊ အမုန်း၊ပလွှားမှု ခံစားချက်တွေကို ရယူနှောင့်ယှက်တယ်၊ 00:12:26.022 --> 00:12:28.450 နောက် အတွင်းကနေ ဒီမိုကရေစီကို 00:12:28.474 --> 00:12:32.426 နှစ်ခြမ်းကွဲကာ ဖျက်ဆီးဖို့ ဒီခံစားချက်တွေကို အသုံးပြုကြတယ်။ 00:12:32.903 --> 00:12:34.823 ဒါက တကယ်တော့ Silicon ကျွန်တော်တို့ကို 00:12:34.847 --> 00:12:39.896 ထုတ်ကုန်တွေရောင်းဖို့ Valle က တီထွင်ခဲ့တဲ့ နည်းစနစ်တစ်ခုပါ။ 00:12:40.381 --> 00:12:45.403 ဒါပေမဲ့ အခုတော့ ဒီမိုကရေစီရဲ့ရန်သူတွေဟာ ကျွန်တော်တို့ကို အကြောက်၊ အမုန်းနဲ့ 00:12:45.427 --> 00:12:49.151 ပလွှားမှုတွေရောင်းဖို့ ဒီနည်းစနစ်ကိုပဲ သုံးနေကြတယ်။ 00:12:49.863 --> 00:12:53.522 ဘာမှမရှိတာကနေ ဒီခံစားချက်တွေကို သူတို့ မဖန်တီးနိုင်ပါဘူး။ 00:12:54.212 --> 00:12:58.043 ဒီတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ကြိုရှိပြီးသားအားနည်းချက်ကို သိဖို့လိုတယ်။ 00:12:58.403 --> 00:13:00.974 ဒီနောက် ကျွန်တော်တို့ကို ဆန့်ကျင်ပြီး ဒါတွေကို သုံးတယ်။ 00:13:01.482 --> 00:13:04.990 ဒါကြောင့် ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သိလာအောင်လုပ်ဖို့နဲ့ 00:13:05.014 --> 00:13:07.648 ဒီမိုကရေစီရဲ့ ရန်သူတွေလက်ထဲမှာ 00:13:07.672 --> 00:13:11.307 လက်နက်တစ်ခု ဖြစ်မလာဖို့ သေချာအောင်လုပ်ဖို့က 00:13:11.331 --> 00:13:14.214 ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပါ။ NOTE Paragraph 00:13:15.315 --> 00:13:17.863 ကိုယ်ပိုင်အားနည်းချက်ကို သိလာခြင်းကလည်း 00:13:17.887 --> 00:13:23.470 ဖက်ဆစ် မှန်ရဲ့ထောင်ချောက်ကို ရှောင်ရှားဖို့ ကူညီပေးလိမ့်မယ်။ 00:13:24.204 --> 00:13:28.355 အစောပိုင်းက ရှင်းပြခဲ့သလို ဖက်ဆစ်ဝါဒက ကျွန်တော်တို့ရဲ့ပလွှားမှုကိုအမြတ်ထုတ်တယ်။ 00:13:28.805 --> 00:13:34.551 ကျွန်တော်တို့အရှိတဲ့ အများကြီး ပိုလှတာကို ကိုယ်တိုင် မြင်အောင်ဖန်တီးတယ်။ 00:13:34.575 --> 00:13:36.042 ဒါက သွေးဆောင်မှုပါ။ 00:13:36.424 --> 00:13:38.871 ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်သိရင်တော့ 00:13:38.895 --> 00:13:42.363 ဒီလိုမြှောက်ပင့်မှုမျိုးနဲ့ အနှပ်ခံ ရမှာမဟုတ်ပါဘူး။ 00:13:42.879 --> 00:13:46.942 တစ်ဦးဦးက သင့်ရဲ့ရုပ်ဆိုးတဲ့ အစအနအားလုံးကို ဖုန်းကွယ်ပြီး 00:13:46.966 --> 00:13:52.026 သင့်အရှိထက် အများကြီး ပိုလှတာကို သင်ကိုယ်တိုင် 00:13:52.050 --> 00:13:56.334 မြင်ရအောင် ဖန်တီးတဲ့မှန်တစ်ချပ် 00:13:56.358 --> 00:13:57.949 သင့်မျက်လုံးတွေရှေ့မှာထားရင် 00:13:57.973 --> 00:14:00.837 မှန်ကို ရိုက်ခွဲလိုက်ပေတော့။ NOTE Paragraph 00:14:01.696 --> 00:14:02.847 ကျေးဇူးတင်ပါတယ်။ NOTE Paragraph 00:14:02.871 --> 00:14:09.253 (လက်ခုပ်သံများ) NOTE Paragraph 00:14:10.677 --> 00:14:12.309 Chris Anderson: Yuval ကျေးဇူးပါ။ 00:14:12.333 --> 00:14:13.484 ကောင်းလိုက်တာဗျာ၊ 00:14:13.958 --> 00:14:15.898 ခင်ဗျာကို ထပ်တွေ့ရတာ ကောင်းတယ်။ 00:14:15.922 --> 00:14:17.513 ဒီတော့ ကျွန်တော်နားလည်တာမှန်ရင် 00:14:17.537 --> 00:14:20.204 ကျွန်တော်တို့ကို ဒီမှာ အန္တရာယ်နှစ်ခုကို သတိပေးနေတာပါ။ 00:14:20.228 --> 00:14:24.720 တစ်ခုက ဖက်ဆစ်ဝါဒရဲ့ သွေးဆောင်တဲ့ ပုံစံတစ်ခု ပြန်ပေါ်လာနိုင်ခြေရှိပေမဲ့ 00:14:24.744 --> 00:14:28.998 ဒါနဲ့ကပ်လျက်က ဖက်ဆစ်ဝါဒနဲ့ အတိအကျ မတူလောက်ပေမဲ့ ဒေတာအားလုံးကို ထိန်းချုပ်တဲ့ 00:14:29.022 --> 00:14:31.585 အာဏာရှင်ခေတ်တွေပါ။ 00:14:31.609 --> 00:14:33.705 တွေးမိတာက ဒီမှာရှိတဲ့ လူတစ်ချို့ 00:14:33.729 --> 00:14:35.847 ဖော်ပြပြီးထားတဲ့ တတိယ ပူပန်မှုတစ်ခုရှိရင် 00:14:35.871 --> 00:14:40.768 ဒီမှာ အစိုးရတွေမဟုတ်ပေမဲ့ ကော်ပိုရေးရှင်း ကြီးတွေက ဒေတာ အားလုံးကို ထိန်းချုပ်တယ်၊ 00:14:40.792 --> 00:14:42.101 ဒါကို ဘယ်လိုခေါ်ပြီး 00:14:42.125 --> 00:14:44.512 ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လို ပူပန်ကြမလဲ။ NOTE Paragraph 00:14:44.536 --> 00:14:47.875 Yuval Noah Harari: ကောင်းပြီ၊ အဆုံးမှာတော့ ကော်ပိုရေးရေးရှင်းတွေနဲ့ 00:14:47.899 --> 00:14:50.325 အစိုးရတွေကြားမှာ ဒီလောက် ခြားနားမှုမရှိပါဘူး။ 00:14:50.349 --> 00:14:53.769 အကြောင်းက ပြောခဲ့သလိုပဲ မေးခွန်းက ဒေတာကို ဘယ်သူထိန်းချုပ်လဲ။ 00:14:53.793 --> 00:14:55.188 ဒါက အစိုးရစစ်စစ်ပါ။ 00:14:55.212 --> 00:14:57.656 ဒါကို ကော်ပိုရေးရှင်း(သို့) အစိုးရလို့ခေါရင်၊ 00:14:57.680 --> 00:15:00.835 ဒါက ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ဒေတာအားလုံးကို တကယ် ထိန်းချုပ်ရင် 00:15:00.859 --> 00:15:02.787 ဒါကျွန်တော်တို့ အစိုးရစစ်စစ်ပါ။ 00:15:02.811 --> 00:15:05.878 ဒီတော့ ခြားနားမှုက အစစ်ထက် ပိုပြီး ထင်ရှားပါတယ်။ NOTE Paragraph 00:15:06.529 --> 00:15:09.387 CA: ဒါပေမဲ့ ဘာဖြစ်ဖြစ် အနည်းဆုံး ကောင်ပိုရေးရှင်းတွေနဲ့ဆို 00:15:09.411 --> 00:15:12.930 ၎င်းတို့ကို ဖြုတ်ချတဲ့ စျေးကွက် ယန္တရားတွေကို စိတ်ကူးကြည့်နိုင်ပါတယ်၊ NOTE Paragraph 00:15:12.954 --> 00:15:14.871 ဆိုလိုတာက ကုမ္ပဏီဟာ အကျိုးစီးပွားမှာ 00:15:14.895 --> 00:15:17.649 မလည်ပတ်တော့ဘူးလို့ စားသုံးသူတွေက ဆုံးဖြတ်ရင် 00:15:17.673 --> 00:15:19.586 ဒါက နောက်စျေးကွက်အတွက် တံခါးဖွင့်တာပါ။ 00:15:19.610 --> 00:15:21.156 ပြောရရင် နိုင်ငံသားတွေ ထကြွပြီး 00:15:21.180 --> 00:15:24.331 အရာရာကို ထိန်းချုပ်ထားတဲ့ အစိုးရကို ဖြုတ်ချတယ်ဆိုတာထက် 00:15:24.355 --> 00:15:25.967 စိတ်ကူးကြည့်ဖို့ ပိုလွယ်ပုံရတယ်။ NOTE Paragraph 00:15:25.991 --> 00:15:27.546 YNH: အဲဒီကို မရောက်သေးပေမဲ့ 00:15:27.570 --> 00:15:32.728 ထပ်ပြောရရင်၊ ကော်ပိုရေးရှင်းတစ်ခုဟာ သင် ကိုယ်တိုင်ထက် သင့်ကို ပိုကောင်းကောင်းသိရင် 00:15:32.752 --> 00:15:38.006 အနည်းဆုံး သင့်ရဲ့အနက်ရှိုင်းဆုံး စိတ်ခံစား မှုတွေ၊ ဆန္ဒတွေကို ခြယ်လှယ်နိုင်ပြီး 00:15:38.030 --> 00:15:39.696 သင် သဘောမပေါက်တာတောင် 00:15:39.720 --> 00:15:42.299 ဒါဟာ သင့်ရဲ့ အတ္တအစစ်အမှန်လို့ သင်တွေးမိပါလိမ့်မယ်။ 00:15:42.768 --> 00:15:46.823 ဒီတော့ သီအိုရီအရ၊ ဟုတ် သီအိုရီအရတော့ ကော်ပိုရေးရှင်းတစ်ခုကို ပုန်ကန်နိုင်ပါတယ်၊ 00:15:46.847 --> 00:15:50.580 သီအိုရီအရ အာဏာရှင်ကာလတစ်ခုကို ပုန်ကန်သလိုမျိုးပေါ့။ 00:15:50.982 --> 00:15:54.265 ဒါပေမဲ့ လက်တွေ့မှာတော့ ဒါဟာ အင်မတန် ခက်ခဲပါတယ်။ NOTE Paragraph 00:15:55.281 --> 00:15:59.363 CA: ဒီတော့ " Homo Deus" မှာ ခင်ဗျား ငြင်းခုံထားတာက 00:15:59.387 --> 00:16:02.798 ဉာဏ်ရည်တု ဖွံဖြိုးမှုကနေ (သို့) ဗီဇပြောင်းလဲမှုကနေဖြစ်ဖြစ် 00:16:02.822 --> 00:16:05.815 လူသားတွေဟာ နတ်ဘုရားတွေလိုမျိုးဖြစ်လာတဲ့အခါ 00:16:05.839 --> 00:16:08.768 ဒါဟာ ရာစုဖြစ်လာမယ်တဲ့။ 00:16:08.792 --> 00:16:14.260 နိုင်ငံရေးဆိုင်ရာ စနစ်ပြောင်းမှု၊ ပြိုကျမှုရဲ့အလားအလာက 00:16:14.284 --> 00:16:16.948 ဒီဖြစ်နိုင်ခြေအပေါ် သင့်အမြင်ကို သက်ရောက်မှုရှိသွားလား။ NOTE Paragraph 00:16:17.553 --> 00:16:20.648 YNH: ကောင်းပြီ၊ ပိုတောင် ဖြစ်လာနိုင်ခြေရှိပြီး 00:16:20.672 --> 00:16:23.601 ပိုမြန်မြန် ဖြစ်ပေါ်လာပါလိမ့်မယ်။ 00:16:23.625 --> 00:16:28.648 အကြောင်းက လူတွေဟာအကျပ်အတည်း ကာလတွေမှာ အခြားအခြေနေမှာ လုပ်မှာမဟုတ်တဲ့ 00:16:28.672 --> 00:16:30.656 စွန့်စားမှုတွလုပ်ဖို့ ဆန္ဒရှိနေမှာမို့ပါ 00:16:30.680 --> 00:16:33.498 လူတွေဟာ မြင့်မားတဲ့ စွန့်စားမှုတွေ၊ 00:16:33.522 --> 00:16:37.395 မြင့်မားတဲ့ တိုးတက်မှု နည်းပညာမျိုးစုံကို စမ်းဖို့ ဆန္ဒရှိနေမှာပါ။ 00:16:37.760 --> 00:16:41.990 ဒီတော့ ဒီအကျပ်အတည်းတွေဟာ ၂၀ ရာစုက ကမ္ဘာစစ် နှစ်ခုလိုပဲ 00:16:42.014 --> 00:16:45.228 အလားတူ လုပ်ဆောင်မှုကို ဖြည့်ဆည်းပေးလောက်ပါတယ်။ 00:16:45.252 --> 00:16:48.464 ကမ္ဘာစစ် နှစ်ခုဟာ သစ်ဆန်းပြီး 00:16:48.488 --> 00:16:52.100 အန္တရာယ်များတဲ့ နည်းပညာတွေ ဖွံ့ဖြိုးမှုကို ကြီးမားစွာ အရှိန်မြှင့်ခဲ့တယ်။ 00:16:52.124 --> 00:16:55.408 ၂၁ ရာစုမှာလည်း အလားတူအရာ ဖြစ်ပေါ်နိုင်လောက်ပါတယ်။ 00:16:55.721 --> 00:16:59.618 ဆိုလိုတာက သိပ်အမြန်ကြီး လုပ်ဆောင်ဖို့ နည်းနည်းတော့ ရူးသွပ်ဖို့လိုတာပါ။ 00:16:59.642 --> 00:17:01.967 ဆိုကြပါစို့၊ ဗီဇပြောင်းလဲခြင်းနဲ့ပေါ့။ 00:17:01.991 --> 00:17:05.101 ဒါပေမဲ့ အခု ကမ္ဘာ့နိုင်ငံ အမျိုမျိုးမှာ တာဝန်ယူကြတဲ့ 00:17:05.125 --> 00:17:07.806 ပိုပိုပြီး ရူးသွပ်တဲ့လူတွေ ရှိလာနေတော့ 00:17:07.830 --> 00:17:10.897 ဖြစ်နိင်ခြေတွေက ပိုနိမ့်မလာပဲ မြင့်လာနေတာပါ။ NOTE Paragraph 00:17:11.647 --> 00:17:15.012 CA: ဒီတော့ အားလုံးစုရရင် Yuval ရေ ခင်ဗျားမှာ ဒီထူးခြားတဲ့ အမြင်ရှိတယ်။ 00:17:15.036 --> 00:17:16.623 နာရီကို ရှေ့နှစ် ၃၀ ကိုလှည့်ပါ။ 00:17:16.647 --> 00:17:19.910 ခင်ဗျား မှန်းတာ ကလူသားဆန်မှုဟာ တစ်နည်းနည်းနဲ့ ပွတ်ကာသီကာကျော်ပြီး 00:17:19.934 --> 00:17:23.069 ပြန်ကြည့်ကာ ပြောမှာက "အိုး၊ သီသီကလေးနော်၊ တို့လုပ်ခဲ့တာဟ"လို့လား၊ 00:17:23.093 --> 00:17:24.529 ဒါမဟုတ် မဟုတ်ဘူးလား။ NOTE Paragraph 00:17:24.553 --> 00:17:28.401 YNH: လောလောဆယ်တော့ အရင်က အကျပ်အတည်း အားလုံးကို ကျော်လွှားနိုင်ပါပြီ။ 00:17:28.425 --> 00:17:31.244 အထူးသဖြင့် လွတ်လပ်တဲ့ ဒီမိုကရေစီကိုကြည့်ပြီး 00:17:31.268 --> 00:17:34.212 အခုဆို အခြေအနေတွေဟာ ဆိုးတယ်လို့ ထင်ရင် 00:17:34.236 --> 00:17:40.702 ၁၉၃၈ (သို့) ၁၉၆၈ ခုနှစ်မှာ ဘယ်လောက်များ ပိုဆိုးခဲ့တယ်ဆိုတာ သတိရပါ။ 00:17:40.726 --> 00:17:43.717 ဒီတော့ ဒါက တကယ် ဘာမှ မဟုတ်ပါဘူး၊ ဒါက အကျပ်အတည်းလေးတစ်ခုပါ။ 00:17:44.167 --> 00:17:46.136 ဒါပေမဲ့ သင်ဘယ်တော့မှ မသိဘူး၊ 00:17:46.160 --> 00:17:48.291 အကြောင်းက သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ 00:17:48.315 --> 00:17:53.089 လူသားရဲ့ မိုက်မဲမှုကို ဘယ်တော့မှ သင် လျှောမတွက်သင့်တာ သိလို့ပါ။ NOTE Paragraph 00:17:53.113 --> 00:17:54.268 (ရယ်သံများ) (လက်ခုပ်သံ) NOTE Paragraph 00:17:54.292 --> 00:17:58.296 ဒါဟာ သမိုင်းကို ပုံဖော်တဲ့ အစွမ်းအထက်ဆုံး အင်အားတွေထဲက တစ်ခုပါ။ NOTE Paragraph 00:17:59.433 --> 00:18:02.298 CA: Yuval ကျွန်တော်တို့နဲ့အတူရှိတာ လုံးဝ ဝမ်းမြောက်ဖွယ်ရာပါ။ 00:18:02.322 --> 00:18:04.139 ဒီပကတိနီးပါး ခရီးအတွက် ကျေးဇူးပါ။ 00:18:04.163 --> 00:18:06.036 Tel Aviv မှာ သာယာတဲ့ ညနေခင်းဖြစ်ပါစေ၊ 00:18:06.060 --> 00:18:07.211 Yuval Harari NOTE Paragraph 00:18:07.235 --> 00:18:08.611 YNH: ကျေးဇူးအများကြီးတင်တယ်။ NOTE Paragraph 00:18:08.635 --> 00:18:09.785 (လက်ခုပ်သံများ)