အားလုံးပဲ မင်္ဂလာပါ။ ဒါက နည်းနည်း ရယ်စရာပါ၊ အကြောင်းက လူသားတွေ ဟာ ဒစ်ဂျစ်တယ်ဖြစ်လာမယ်လို့ ရေးခဲ့ပေမဲ့ ဒီလောက်မြန်မြန်ကြီး ဖြစ်ပေါ်လာမယ်လို့ မထင်ခဲ့ဘဲ ကျွန်တော့ကို ဖြစ်ပေါ်လာစေလို့ပါ။ ဒါပေမဲ့ ကျွန်တော်ဒီမှာ၊ ဒစ်ဂျစ်တယ် ပြယုဂ်အဖြစ်နဲ့ ဟောဒီမှာပါ၊ စလိုက်ရအောင်။ မေးခွန်းတစ်ခုနဲ့ စလိုက်ရအောင်။ ဒီနေ့ ပရိတ်သတ်ထဲမှာ ဖက်ဆစ်ဘယ်နှစ်ယောက်ရှိလဲ။ (ရယ်သံများ) ကောင်းပြီ၊ ဒါက ပြောဖို့ နည်းနည်းခက်ပါတယ်၊ ဘာလို့ဆိုတော့ ဖက်ဆစ်ဝါဒက ဘာဆိုတာကို ကျွန်တော်တို့ မေ့သွားကြပြီကိုး။ အခု လူတွေဟာ "ဖက်ဆစ်"စကားရပ်ကို ယေဘုယျ ရည်ရွယ်ချက် မတရားပြု တာမျိုးအနေနဲ့ သုံးကြတယ်။ (သို့) ဖက်ဆစ်ဝါဒကို အမျိုးသားရေးဝါဒနဲ့ ရောထွေးကြတယ်။ ဒီတော့ တကယ်တော့ ဖက်ဆစ်ဝါဒက ဘာလဲ၊ အမျိုးသားရေးဝါဒနဲ့ ဘယ်လိုကွာခြားလဲဆိုတာ ရှင်းလင်းဖို့ အချိန်နည်း နည်းယူလိုက်ရအောင်။ အမျိုးသားရေးဝါဒရဲ့ ပိုသိမ်မွေ့တဲ့ ပုံစံတွေ လူသားဖန်တီးမှုတွေရဲ့ အကျိုးပြုဆုံးတွေ ကြားမှာ ရှိဖူးပါတယ်။ နိုင်ငံတွေဟာ အချင်းချင်း မသိကြတဲ့ သန်းချီတဲ့ သူစိမ်းတွေရဲ့ အသိုက်အမြုံတွေပါ။ ဥပမာ၊ ကျွန်တော်နဲ့ အစ္စရေးနိုင်ငံသားချင်းတူတဲ့ လူ ရှစ်သန်းကို ကျွန်တော် မသိဘူး။ ဒါပေမဲ့ အမျိုးသားရေးဝါဒရဲ့ ကျေးဇူးကြောင့် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိင်ကြတယ်။ ဒါက အတော်ကောင်းပါတယ်။ John Lennon လို လူတစ်ချို့ဟာ အမျိုးသားရေးဝါဒမပါပဲ စိတ်ကူးကြတယ်၊ ကမ္ဘာကြီးဟာ ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံတစ်ခုပေါ့။ ဒါပေမဲ့ ပိုဖြစ်နိုင်တာက အမျိုးသားရေးဝါဒမပါရင် ကျွန်တော်တို့ဟာ မျိုနွယ်စု ဖရိုဖရဲထဲမှာနေထိုင်နေလိမ့်မယ်။ ဒီနေ့ ကမ္ဘာမှာ အကြွယ်ဝဆုံးနဲ့ အငြိမ်းချမ်းဆုံးတိုင်းပြည်တွေကို ကြည့်ရင်၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ ဂျပန်လို နိုင်ငံမျိုးတွေပေါ့ သူတို့မှာ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ သဘောတစ်ခုရှိတာ မြင်ရလိမ့်မယ်။ ဆန့်ကျင်ဘက်နေနဲ့ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ ကင်းမဲ့တဲနိုင်ငံတွေဖြစ်တဲ့ ကွန်ဂို၊ ဆိုမာလီယာနဲ့ အာဖဂန်နစ္စတန်တို့ဆို အကြမ်းဖက်ပြီး ဆင်းရဲလေ့ရှိကြတယ်။ ဒီတော့ ဖက်ဆစ်ဝါဒက ဘာလဲ။ အမျိုးသားရေးဝါဒနဲ့ ဘာခြားနားလဲ။ ကောင်းပြီ၊ အမျိုးသားရေးဝါဒ ကျွန်တော့နိုင်ငံက ပြိုင်ဘက်ကင်းပြီး ကျွန်တော့မှာ နိုင်ငံအတွက် အထူးတာဝန်တွေ ရှိတယ်လို့ ကျွန်တော့ကို ပြောတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဖက်ဆစ်ဝါဒက ကျွန်တော့နိုင်ငံဟာ အထွက်အထိပ်ဖြစ်ပြီး ကျွန်တော့မှာ နိုင်ငံအတွက် သီးသန့် တာဝန်တွေရှိတယ်လို့ ကျွန်တော့ကို ပြောတယ်။ ကိုယ့်နိုင်ထက် ဘယ်သူ့ကိုမှ (သို့) ဘယ်အရာကိုမှ ဂရုစိုက်စရာမလိုဘူး။ အမြဲလိုလိုမှာ တကယ်တမ်းက လူတွေမှာ အုပ်စုအမျိုးမျိုးအတွက် များစွာသော ကိုယ်ပိုင်လက္ခဏာတွေနဲ့ သစ္စာစောင့်သိမှုတွေရှိပါတယ်။ ဥပမာ ကျွန်တော်ဟာ မျိုးချစ်ပုဂ္ဂိုလ်ကောင်း၊ ကိုယ့်နိုင်ငံကို သစ္စာရှိသူဖြစ်နိုင်ပြီး တစ်ချိန်တည်းမှာ ကိုယ့်မိသားစု၊ ကိုယ့်အိမ်နီးချင်းနဲ့ ကိုယ်အလုပ်၊ ခြုံပြောရရင် လူသားမျိုးနွယ်၊ အမှန်နဲ့ အလှတရားကို သစ္စာရှိတယ်။ တကယ်က ကိုယ့်မှာ မတူညီတဲ့ ကိုယ်ပိုင်လက္ခဏာ တွေနဲ့ သစ္စာစောင့်သိမှုတွေရှိတဲ့အခါ ဒါက တစ်ခါတစ်ရံဝိရောဓိတွေနဲ့ ရှုပ်ထွေးတဲ့ အရာတွေကို ဖန်တီးပါတယ်။ ဒါပေမဲ့ ကောင်းပြီ၊ ဘဝဆိုတာ လွယ်ကူတယ်လို့ ဘယ်သူကများ သင့်ကိုပြောဖူးလဲ။ ဘဝဟာ ရှုပ်ထွေးတယ်။ ဒါကို ရင်ဆိုင်လိုက်ပါ။ ဖက်ဆစ်ဝါဒက လူတွေက ရှုပ်ထွေးမှုတွေကို လျစ်လျူရှုပြီး သူတို့ကိုယ်တိုင်အတွက် ဘဝကို လွယ်ကူလွန်းအောင် ဖန်တီးဖို့ ကြိုးစားတဲ့အခါ ဖြစ်ပေါ်တာပါ။ ဖက်ဆစ်ဝါဒက အမျိုးသားရေး လက္ခဏာကလွဲပြီး လက္ခဏာအားလုံးကို ငြင်းပယ်ပြီး ကိုယ့်နိုင်ငံအတွက်ပဲ တာဝန်တွေရှိတယ်လို့ အတင်း တောင်းဆိုတယ်။ နိုင်ငံက ကျွန်တော့မိသားစုကို စတေးပါလို့တောင်းဆိုရင် ကျွန်တော့မိသားစုကို စတေးမယ်။ နိုင်ငံက လူသန်းချီပြီး သတ်ပါလို့ တောင်းဆိုရင် လူသန်းချီပြီး ကျွန်တော်သတ်မယ်။ ပြီးတော့ နိုင်ငံက အမှန်တရားနဲ့ အလှတရားကို သစ္စာဖောက်ပါလို့ တောင်းဆိုရင် အမှန်တရားနဲ့ အလှတရားကို ကျွန်တော် သစ္စာဖောက်သင့်တယ်။ ဥပမာ၊ ဖက်ဆစ်ဝါဒီတစ်ယောက်က အနုပညာကို ဘယ်လို တန်ဖိုးဖြတ်သလဲ။ ရုပ်ရှင်တစ်ကားက ကောင်းလား၊ ဆိုးလားဆိုတာ ဖက်ဆစ်ဝါဒီတစ်ယောက်က ဘယ်လိုဆုံးဖြတ်သလဲ။ ကောင်းပြီ၊ အင်မတန်ကို ရိုးစင်းပါတယ်။ တကယ့်ကို စံတစ်ခုပဲရှိတာပါ၊ ရုပ်ရှင်က နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးရင် ရုပ်ရှင်ကောင်းတယ်၊ ရုပ်ရှင်က နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းမပေးရင် ရုပ်ရှင်က မကောင်းဘူး။ ဒါပဲလေ။ အလားတူပဲ ကျောင်းမှာ ကလေးတွေကို သင်ကြားတာကို ဖက်ဆစ်စနစ်က ဘယ်လိုဆုံးဖြတ်လဲ။ ထပ်ပြောရရင်၊ သိပ်ရှင်းပါတယ်။ စံတစ်ခုပဲရှိပါတယ်။ နိုင်ငံရဲ့အကျိုးစီးပွားကို ဖြည့်ဆည်း ပေးတာမှန်သမျှ ကလေးတွေကို သင်ပေးတယ်။ အမှန်တရားက လုံးဝကို အရေးမပါတာ။ ကဲ ဒုတိယ ကမ္ဘာစစ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ အနိဋ္ဌာရုံတွေက ဒီတွေးခေါ်ပုံရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေ ကို ကျွန်တော်တို့ကို သတိပေးတယ်။ ဒါပေမဲ့ အမြဲလိုလိုကတော့ ဖက်ဆစ်ဝါဒရဲ့ မကောင်းကြောင်းကို ပြောတဲ့အခါ ထိရောက်မှုမရှိတဲ့ နည်းနဲ့ ပြောကြတာပါ၊ အကြောင်းက ဒါနဲ့ပတ်သက်ပြီး ဘာက ဒီလောက်စွဲလမ်းစေတာကို မရှင်းပြဘဲနဲ့ ဖက်ဆစ်ဝါဒကိုကြောက်မက်ဖွယ် သတ္တဝါ တစ်ကောင်မဖြစ် သရုပ်ဖော်တတ်ကြလို့ပါ။ ဒါက လူဆိုးတွေကို သရုပ်ဖော်တဲ့ ဟောလိဝုဒ်ကားတွေနဲ့ နည်နည်းဆင်တယ်၊ Voldemort (သို့) Sauron (သို့) Darth Vader ပေါ့၊ အကျည်းတန်၊ ယုတ်မာပြီးရက်စက်သူတွေအဖြစ်လေ။ သူတို့ဟာ သူတို့ရဲ့ထောက်ခံသူတွေကိုတောင် ရက်စက်ကြတယ်။ ဒီရုပ်ရှင်တွေ ကြည့်တဲ့ခါ ကျွန်တော် လုံးဝ နားမလည်တာက ဘာကြောင့် Voldemort လို စက်ဆုပ်စရာ ကပ်ဖား နောက်လိုက်ဖို့ သွေးဆောင်တာလဲပေါ့။ မကောင်းဆိုးဝါးနဲ့ ပြဿနာက လက်တွေ့ဘဝမှာ ရှိတာပါ။ မကောင်းဆိုးဝါးဟာ သေချာပေါက် ရုပ်ဆိုးတဲ့ပုံ မပေါက်ဘူး။ အင်မတန် လှပလို့ရပါတယ်။ ဒါက ခရစ်ယာန်ဘာသာက ကောင်းကောင်း သိနေတဲ့ အရာတစ်ခုပါ၊ ဒါကြောင့်ပဲ ခရစ်ယာန် အနုပညာဟာ ဟောလီဝုဒ်နဲ့ (ဆန့်ကျင်ပြီး) ဆာတန်ကို အမြဲလိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျားအဖြစ် သရုပ်ဖော်တယ်။ ဒါကြောင့်ပဲ ဆာတန်ရဲ့ သွေးဆောင်မှုကို ခံနိုင်စွမ်းရှိဖို့ သိပ်ခက်ခဲပြီး ဒါကြောင့်ပဲ့ ဖက်ဆစ်ဝါဒရဲ့ သွေးဆောင်မှုကို ခံနိုင်စွမ်းရှိဖို့ သိပ်ခက်ခဲတာပါ။ ဖက်ဆစ်ဝါဒက လူတွေကို ကမ္ဘာကြီးထဲက အလှပဆုံးနဲ့ အရေးပါဆုံးအရာနဲ့ ထိုက်တန်နေ သလိုမျိုး သူတို့ကိုယ်သူတို့ မြင်စေတယ်၊ နိုင်ငံကိုပြောတာပါ။ ဒီနောက် လူတွေတွေးတာက "ကောင်းပြီ၊ ဖက်ဆစ်ဝါဒဟာ အကျည်းတန်တယ်လို့ ကျုပ်တို့ကို သင်ပေးတယ်။ ဒါပေမဲ့ ကျုပ် မှန်ထဲကိုကြည့်တော့ အင်မတန်လှပတာတစ်ခု ကျုပ်မြင်တယ်၊ ဒီတော့ ကျုပ်ဟာ ဖက်ဆစ် မဖြစ်နိုင်ဘူးမို့လား။" မှားပါတယ်။ ဒါက ဖက်ဆစ်စနစ်ဆိုင်ရာ ပြဿနာပါ။ ဖက်ဆစ် မှန်ထဲကို သင်ကြည့်တဲ့အခါ သင့် တကယ့်အရှိထက် အများကြီး ပိုလှနေသလို့ သင့်ကိုယ်သင် မြင်ရတယ်။ ၁၉၃၀ နှစ်လွန်တွေမှာ ဂျာမန်တွေဟာ ဖက်ဆစ်မှန်ထဲကို ကြည့်ခဲ့တော့၊ သူတို့ဟာ ဂျာမဏီကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ခဲ့ကြတယ်။ ဒီနေ့မှာ ရုရှားတွေသာ ဖက်ဆစ်မှန်ထဲကို ကြည့်ကြရင် ရုရှားကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ကြပါလိမ့်မယ်။ ပြီးတော့ အစ္စရေးတွေသာ ဖက်ဆစ် မှန်ထဲကို ကြည့်ကြရင် အစ္စရေးကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ကြပါလိမ့်မယ်။ ဒါက ၁၉၃၀ နှစ်လွန်တွေရဲ့ တစ်ကျော့ပြန်တာကို ကျွန်တော်တို့ ရင်ဆိုင်နေရတယ်လို့မဆိုလိုဘူး ဖက်ဆစ်ဝါဒနဲ့ အာဏာရှင်စနစ်ခေတ်တွေ ပြန်မလာနိုင်လောက်ပေမဲ့ သူတို့ဟာ ပုံစံသစ်တစ်ခုနဲ့ ပြန်လာလိမ့်မယ်၊ ၂၁ ရာစုရဲ့ နည်းပညာဆိုင်ရာ ဒီဌဖြစ်ရပ် အသစ်တွေနဲ့ အများကြီး ပိုပြီး ဆက်စပ်ပါတယ်။ ရှေးခေတ်တုန်းကတော့ မြေဟာ ကမ္ဘာမှာ အဖိုးတန်ဆုံး ပစ္စည်းဖြစ်ခဲ့တယ်၊ ဒါကြောင့် နိုင်ငံရေးဟာ မြေကို ထိန်းချုပ်ဖို့ ရုန်းကန်လှုပ်ရှားမှုပါ။ အာဏာရှင်ခေတ်ဆိုတာ နယ်မြေတစ်ခုလုံးကို အုပ်ချုပ်သူတစ်ဦးတည်း (သို့) လူနည်းစု အစိုးရက ပိုင်ဆိုင်တာပါ။ ခေတ်သစ်မှာတော့ စက်ပစ္စည်းတွေက မြေထက် ပိုအရေးကြီးလာခဲ့တယ်။ နိုင်ငံရေးက စက်ပစ္စည်းတွေကို ထိန်းချုပ် ဖို့ ရုန်းကန်လှုပ်ရှားမှုဖြစ်လာတယ်။ အာဏာရှင်ခေတ်ဆိုတာက များပြားလွန်းတဲ့ စက်ပစ္စည်းတွေဟာ အစိုးရ (သို့) အခွင့်ထူးခံ အဖွဲ့လေးတစ်ခုရဲ့ လက်တွေထဲမှာ စုစည်းလာတာပါ။ အခုဆို ဒေတာဟာ မြေနဲ့စက်ပစ္စည်း နှစ်ခုစလုံးကို အဖိုးတန်ဆုံး ပစ္စည်းအဖြစ် နေရာယူနေတယ်။ နိုင်ငံရေးက ဒေတာ စီးဆင်းမှုထိန်းချုပ်ဖို့ ရုန်းကန်လှုပ်ရှားမှုဖြစ်လာတယ်။ အာဏာရှင်ခေတ်ဆိုတာ အခုတော့ များပြားလွန်းတဲ့ ဒေတာဟာ အစိုးရ(သို့) အခွင့်ထူးခံ အဖွဲ့လေးရဲ့ လက်တွေထဲမှာ စုစည်းနေတာပါ။ လွတ်လပ်တဲ့ ဒီမိုကရေစီ အခု ရင်ဆိုင်နေရတဲ့ အကြီးဆုံးအန္တရာယ်က သတင်းအချက်အလက် နည်းပညာမှာရှိတဲ့ တော်လှန်ရေးဟာ ဒီမိုကရေစီတွေထက် ပိုထိရောက်တဲ့ အာဏာရှင်ခေတ်တွေ ဖန်တီးမှာကိုပါ။ ၂၀ ရာစုမှာ ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒဟာ ဖက်ဆစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကိုအနိုင်ယူခဲ့တာက ဒီမိုကရေစီ ဒေတာထုတ်လုပ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းမှာ ပိုကောင်းလို့ပါ။ ၂၀ ရာစုနည်းပညာကို ထောက်ဆရရင် များလွန်းတဲ့ ဒေတာနဲ့ များလွန်းတဲ့ အာဏာကို တစ်နေရာတည်းမှာ ကြိုးစား၊စုစည်းဖို့ ထိရောက်မှုကို မရှိတာပါ။ ဒါပေမဲ့ ဗဟိုက ချုပ်ကိုင်ထားတဲ့ ဒေတာ ထုပ်လုပ်ခြင်းဟာ ဖြန့်ဖြူးထားတဲ့ ဒေတာ ထုပ်လုပ်ခြင်း ထက်အမြဲတမ်း ထိရောက်မှု ပိုနည်းတာက သဘာဝ နိယာမတော့မဟုတ်ဘူး။ ဉာဏ်ရည်တုနဲ့ စက်က သင်ယူမှု တိုးမြင့်လာခြင်းနဲ့အတူ ဧရာမ သတင်းအချက်အလက် ပမာဏတွေကို တစ်နေရာတည်းမှာ ထိရောက်စွာ ထုတ်လုပ်ဖို့နဲ့ တစ်နေရာတည်းမှာ ဆုံးဖြတ်ချက်အားလုံးချဖို့ ဖြစ်နိုင်ခြေရှိလာလောက်ပြီး ဒီနောက်မှာ ဗဟိုကချုပ်ကိုင်ထားတဲ့ ဒေတာထုတ်လုပ်ခြင်းဟာ ဖြန့်ဖြူးထားတဲ့ ဒေတာ ထုပ်လုပ်ခြင်းထက် ပိုထိရောက်လိမ့်မယ်။ ဒီနောက်မှာ ၂၀ ရာစုမှာရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ အဓိက အားနည်းချက်က သတင်းအချက်အလက်အားလုံးကို တစ်နေရာတည်းမှာ စုစည်းဖို့ သူတိုရဲ့ကြိုးပမ်းမှုဟာ သူတို့ရဲ့အကြီးဆုံး အသာစီးရမှု ဖြစ်လာမယ်။ အနာဂတ် ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့ နောက်ထပ် နည်းပညာ အန္တရာယ်က သတင်းအချက်အလက်နည်းပညာနဲ့ ဇီဝနည်းပညာရဲ့ ပေါင်းခြင်းပါ၊ ဒါက ကျွန်တော့အကြောင်းကို ကျွန်တော့ထက် ပိုကောင်းကောင်း သိတဲ့ အယ်လ်ဂိုရစ်သမ် ဖန်တီးမှု အကျိုးဆက်ပေါ်ထွန်းနိုင်ပါတယ်။ သင့်မှာ ဒီလိုအယ်လ်ဂိုရစ်သမ်တွေရှိဆိုတာနဲ့ အစိုးရလို ပြင်ပ စနစ်တစ်ခုဟာ ကျွန်တော့ဆုံးဖြတ်ချက်တွေကို ကြိုသိနိုင်တာတင်မက ကျွန်တော့ခံစားမှုတွေ၊ စိတ်ကူးတွေကိုပါ ခြယ်လှယ်နိုင်ပါတယ်။ အာဏာရှင်တစ်ယောက်ဟာ ကျွန်တော့ကို ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်လောက်ပေမဲ့ ကျွန်တော် သူ့ကို ချစ်ပြီး၊ အတိုက်ခံကို မုန်းအောင်တော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီဟာ ဒီလို ဖွံ့ဖြိုးမှုထဲမှာ ရှင်ကျန်ဖို့ကို ခက်ခဲတယ်လို့ မြင်လိမ့်မယ်၊ အကြောင်းက အဆုံးမှာတော့ ဒီမိုကရေစီဟာ လူ့ဆင့်ခြင်တုံတရားမှာ အခြေမခံပဲ လူ့ခံစားချက်တွေမှာ အခြေခံတာကြောင့်ပါ။ ရွေးကောက်ပွဲတွေနဲ့ ဆန္ဒခံယူပွဲတွေအတွင်း "သင်ဘယ်လို ထင်သလဲ"လို့ အမေးမခံရဘဲ တကယ်ကျတော့"သင်ဘယ်လို ခံစားရလဲ" လို့ အမေးခံနေရတယ်။ တစ်ဦးဦးက သင့်ခံစားမှုတွေကို ထိထိရောက်ရောက် ခြယ်လှယ်နိုင်ရင် ဒီမိုကရေစီဟာ စိတ်ထိခိုက်ဖွယ် ရုပ်သေးပွဲ တစ်ပွဲ ဖြစ်လာလိမ့်မယ်။ ဒီတော့ ဖက်ဆစ်ဝါဒ တစ်ကျော့ပြန်လာပြီး အာဏာရှင်ခေတ်အသစ် ထကြွမှုကို တားဆီးဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ နံပါတ်တစ် မေးခွန်းက ဒေတာကို ဘယ်သူထိန်းချုပ်လဲ။ သင်ဟာ အင်ဂျင်နီယာတစ်ယောက်ဆိုရင် မဆိုစလောက် လက်တွေထဲမှာ ဒေတာ အလွန်အမင်း စုစည်းနေတာကို တားဆီးဖို့ နည်းလမ်းတွေရှာပါ။ ဖြန့်ဝေထားတဲ့ ဒေတာထုတ်လုပ်မှုကို အနည်းဆုံး ဗဟိုကချုပ်ကိုင်ထားတဲ့ ဒေတာ ထုတ်လုပ်ခြင်းလောက် ထိရောက်တာ သေချာဖို့ နည်လမ်းတွေရှာပါ။ ဒါဟာ ဒီမိုကရေစီအတွက် အကောင်းဆုံး ဘေးစီးရန်ကာဖြစ်လိမ့်မယ်။ အင်ဂျင်နီယာမဟုတ်တဲ့ ကျန်တဲ့ ကျွန်တော်တို့အတွက် ရင်ဆိုင်နေရတဲ့ နံပါတစ် မေးခွန်းကတော့ ဒီဒေတာ ထိန်းချုပ်သူတွေရဲ့ ခြယ်လှယ်ခွင့် ကိုယ့်ဘာသာ မပေးမိစေဖို့ နည်းလမ်းပါ။ လွတ်လပ်တဲ့ ဒီမိုကရေစီရဲ့ ရန်သူတွေက သူတို့မှာ နည်းစနစ်တစ်ခုရှိတယ်။ ကျွန်တော်တို့ ခံစားချက်တွေကို ရယူနှောင့်ယှက်ကြတယ်။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေ၊ ဘဏ်စာရင်းတွေတင်မက ကျွန်တော်တို့ရဲ့အကြောက်၊ အမုန်း၊ပလွှားမှု ခံစားချက်တွေကို ရယူနှောင့်ယှက်တယ်၊ နောက် အတွင်းကနေ ဒီမိုကရေစီကို နှစ်ခြမ်းကွဲကာ ဖျက်ဆီးဖို့ ဒီခံစားချက်တွေကို အသုံးပြုကြတယ်။ ဒါက တကယ်တော့ Silicon ကျွန်တော်တို့ကို ထုတ်ကုန်တွေရောင်းဖို့ Valle က တီထွင်ခဲ့တဲ့ နည်းစနစ်တစ်ခုပါ။ ဒါပေမဲ့ အခုတော့ ဒီမိုကရေစီရဲ့ရန်သူတွေဟာ ကျွန်တော်တို့ကို အကြောက်၊ အမုန်းနဲ့ ပလွှားမှုတွေရောင်းဖို့ ဒီနည်းစနစ်ကိုပဲ သုံးနေကြတယ်။ ဘာမှမရှိတာကနေ ဒီခံစားချက်တွေကို သူတို့ မဖန်တီးနိုင်ပါဘူး။ ဒီတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ကြိုရှိပြီးသားအားနည်းချက်ကို သိဖို့လိုတယ်။ ဒီနောက် ကျွန်တော်တို့ကို ဆန့်ကျင်ပြီး ဒါတွေကို သုံးတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သိလာအောင်လုပ်ဖို့နဲ့ ဒီမိုကရေစီရဲ့ ရန်သူတွေလက်ထဲမှာ လက်နက်တစ်ခု ဖြစ်မလာဖို့ သေချာအောင်လုပ်ဖို့က ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပါ။ ကိုယ်ပိုင်အားနည်းချက်ကို သိလာခြင်းကလည်း ဖက်ဆစ် မှန်ရဲ့ထောင်ချောက်ကို ရှောင်ရှားဖို့ ကူညီပေးလိမ့်မယ်။ အစောပိုင်းက ရှင်းပြခဲ့သလို ဖက်ဆစ်ဝါဒက ကျွန်တော်တို့ရဲ့ပလွှားမှုကိုအမြတ်ထုတ်တယ်။ ကျွန်တော်တို့အရှိတဲ့ အများကြီး ပိုလှတာကို ကိုယ်တိုင် မြင်အောင်ဖန်တီးတယ်။ ဒါက သွေးဆောင်မှုပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်သိရင်တော့ ဒီလိုမြှောက်ပင့်မှုမျိုးနဲ့ အနှပ်ခံ ရမှာမဟုတ်ပါဘူး။ တစ်ဦးဦးက သင့်ရဲ့ရုပ်ဆိုးတဲ့ အစအနအားလုံးကို ဖုန်းကွယ်ပြီး သင့်အရှိထက် အများကြီး ပိုလှတာကို သင်ကိုယ်တိုင် မြင်ရအောင် ဖန်တီးတဲ့မှန်တစ်ချပ် သင့်မျက်လုံးတွေရှေ့မှာထားရင် မှန်ကို ရိုက်ခွဲလိုက်ပေတော့။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ) Chris Anderson: Yuval ကျေးဇူးပါ။ ကောင်းလိုက်တာဗျာ၊ ခင်ဗျာကို ထပ်တွေ့ရတာ ကောင်းတယ်။ ဒီတော့ ကျွန်တော်နားလည်တာမှန်ရင် ကျွန်တော်တို့ကို ဒီမှာ အန္တရာယ်နှစ်ခုကို သတိပေးနေတာပါ။ တစ်ခုက ဖက်ဆစ်ဝါဒရဲ့ သွေးဆောင်တဲ့ ပုံစံတစ်ခု ပြန်ပေါ်လာနိုင်ခြေရှိပေမဲ့ ဒါနဲ့ကပ်လျက်က ဖက်ဆစ်ဝါဒနဲ့ အတိအကျ မတူလောက်ပေမဲ့ ဒေတာအားလုံးကို ထိန်းချုပ်တဲ့ အာဏာရှင်ခေတ်တွေပါ။ တွေးမိတာက ဒီမှာရှိတဲ့ လူတစ်ချို့ ဖော်ပြပြီးထားတဲ့ တတိယ ပူပန်မှုတစ်ခုရှိရင် ဒီမှာ အစိုးရတွေမဟုတ်ပေမဲ့ ကော်ပိုရေးရှင်း ကြီးတွေက ဒေတာ အားလုံးကို ထိန်းချုပ်တယ်၊ ဒါကို ဘယ်လိုခေါ်ပြီး ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လို ပူပန်ကြမလဲ။ Yuval Noah Harari: ကောင်းပြီ၊ အဆုံးမှာတော့ ကော်ပိုရေးရေးရှင်းတွေနဲ့ အစိုးရတွေကြားမှာ ဒီလောက် ခြားနားမှုမရှိပါဘူး။ အကြောင်းက ပြောခဲ့သလိုပဲ မေးခွန်းက ဒေတာကို ဘယ်သူထိန်းချုပ်လဲ။ ဒါက အစိုးရစစ်စစ်ပါ။ ဒါကို ကော်ပိုရေးရှင်း(သို့) အစိုးရလို့ခေါရင်၊ ဒါက ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ဒေတာအားလုံးကို တကယ် ထိန်းချုပ်ရင် ဒါကျွန်တော်တို့ အစိုးရစစ်စစ်ပါ။ ဒီတော့ ခြားနားမှုက အစစ်ထက် ပိုပြီး ထင်ရှားပါတယ်။ CA: ဒါပေမဲ့ ဘာဖြစ်ဖြစ် အနည်းဆုံး ကောင်ပိုရေးရှင်းတွေနဲ့ဆို ၎င်းတို့ကို ဖြုတ်ချတဲ့ စျေးကွက် ယန္တရားတွေကို စိတ်ကူးကြည့်နိုင်ပါတယ်၊ ဆိုလိုတာက ကုမ္ပဏီဟာ အကျိုးစီးပွားမှာ မလည်ပတ်တော့ဘူးလို့ စားသုံးသူတွေက ဆုံးဖြတ်ရင် ဒါက နောက်စျေးကွက်အတွက် တံခါးဖွင့်တာပါ။ ပြောရရင် နိုင်ငံသားတွေ ထကြွပြီး အရာရာကို ထိန်းချုပ်ထားတဲ့ အစိုးရကို ဖြုတ်ချတယ်ဆိုတာထက် စိတ်ကူးကြည့်ဖို့ ပိုလွယ်ပုံရတယ်။ YNH: အဲဒီကို မရောက်သေးပေမဲ့ ထပ်ပြောရရင်၊ ကော်ပိုရေးရှင်းတစ်ခုဟာ သင် ကိုယ်တိုင်ထက် သင့်ကို ပိုကောင်းကောင်းသိရင် အနည်းဆုံး သင့်ရဲ့အနက်ရှိုင်းဆုံး စိတ်ခံစား မှုတွေ၊ ဆန္ဒတွေကို ခြယ်လှယ်နိုင်ပြီး သင် သဘောမပေါက်တာတောင် ဒါဟာ သင့်ရဲ့ အတ္တအစစ်အမှန်လို့ သင်တွေးမိပါလိမ့်မယ်။ ဒီတော့ သီအိုရီအရ၊ ဟုတ် သီအိုရီအရတော့ ကော်ပိုရေးရှင်းတစ်ခုကို ပုန်ကန်နိုင်ပါတယ်၊ သီအိုရီအရ အာဏာရှင်ကာလတစ်ခုကို ပုန်ကန်သလိုမျိုးပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒါဟာ အင်မတန် ခက်ခဲပါတယ်။ CA: ဒီတော့ " Homo Deus" မှာ ခင်ဗျား ငြင်းခုံထားတာက ဉာဏ်ရည်တု ဖွံဖြိုးမှုကနေ (သို့) ဗီဇပြောင်းလဲမှုကနေဖြစ်ဖြစ် လူသားတွေဟာ နတ်ဘုရားတွေလိုမျိုးဖြစ်လာတဲ့အခါ ဒါဟာ ရာစုဖြစ်လာမယ်တဲ့။ နိုင်ငံရေးဆိုင်ရာ စနစ်ပြောင်းမှု၊ ပြိုကျမှုရဲ့အလားအလာက ဒီဖြစ်နိုင်ခြေအပေါ် သင့်အမြင်ကို သက်ရောက်မှုရှိသွားလား။ YNH: ကောင်းပြီ၊ ပိုတောင် ဖြစ်လာနိုင်ခြေရှိပြီး ပိုမြန်မြန် ဖြစ်ပေါ်လာပါလိမ့်မယ်။ အကြောင်းက လူတွေဟာအကျပ်အတည်း ကာလတွေမှာ အခြားအခြေနေမှာ လုပ်မှာမဟုတ်တဲ့ စွန့်စားမှုတွလုပ်ဖို့ ဆန္ဒရှိနေမှာမို့ပါ လူတွေဟာ မြင့်မားတဲ့ စွန့်စားမှုတွေ၊ မြင့်မားတဲ့ တိုးတက်မှု နည်းပညာမျိုးစုံကို စမ်းဖို့ ဆန္ဒရှိနေမှာပါ။ ဒီတော့ ဒီအကျပ်အတည်းတွေဟာ ၂၀ ရာစုက ကမ္ဘာစစ် နှစ်ခုလိုပဲ အလားတူ လုပ်ဆောင်မှုကို ဖြည့်ဆည်းပေးလောက်ပါတယ်။ ကမ္ဘာစစ် နှစ်ခုဟာ သစ်ဆန်းပြီး အန္တရာယ်များတဲ့ နည်းပညာတွေ ဖွံ့ဖြိုးမှုကို ကြီးမားစွာ အရှိန်မြှင့်ခဲ့တယ်။ ၂၁ ရာစုမှာလည်း အလားတူအရာ ဖြစ်ပေါ်နိုင်လောက်ပါတယ်။ ဆိုလိုတာက သိပ်အမြန်ကြီး လုပ်ဆောင်ဖို့ နည်းနည်းတော့ ရူးသွပ်ဖို့လိုတာပါ။ ဆိုကြပါစို့၊ ဗီဇပြောင်းလဲခြင်းနဲ့ပေါ့။ ဒါပေမဲ့ အခု ကမ္ဘာ့နိုင်ငံ အမျိုမျိုးမှာ တာဝန်ယူကြတဲ့ ပိုပိုပြီး ရူးသွပ်တဲ့လူတွေ ရှိလာနေတော့ ဖြစ်နိင်ခြေတွေက ပိုနိမ့်မလာပဲ မြင့်လာနေတာပါ။ CA: ဒီတော့ အားလုံးစုရရင် Yuval ရေ ခင်ဗျားမှာ ဒီထူးခြားတဲ့ အမြင်ရှိတယ်။ နာရီကို ရှေ့နှစ် ၃၀ ကိုလှည့်ပါ။ ခင်ဗျား မှန်းတာ ကလူသားဆန်မှုဟာ တစ်နည်းနည်းနဲ့ ပွတ်ကာသီကာကျော်ပြီး ပြန်ကြည့်ကာ ပြောမှာက "အိုး၊ သီသီကလေးနော်၊ တို့လုပ်ခဲ့တာဟ"လို့လား၊ ဒါမဟုတ် မဟုတ်ဘူးလား။ YNH: လောလောဆယ်တော့ အရင်က အကျပ်အတည်း အားလုံးကို ကျော်လွှားနိုင်ပါပြီ။ အထူးသဖြင့် လွတ်လပ်တဲ့ ဒီမိုကရေစီကိုကြည့်ပြီး အခုဆို အခြေအနေတွေဟာ ဆိုးတယ်လို့ ထင်ရင် ၁၉၃၈ (သို့) ၁၉၆၈ ခုနှစ်မှာ ဘယ်လောက်များ ပိုဆိုးခဲ့တယ်ဆိုတာ သတိရပါ။ ဒီတော့ ဒါက တကယ် ဘာမှ မဟုတ်ပါဘူး၊ ဒါက အကျပ်အတည်းလေးတစ်ခုပါ။ ဒါပေမဲ့ သင်ဘယ်တော့မှ မသိဘူး၊ အကြောင်းက သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ လူသားရဲ့ မိုက်မဲမှုကို ဘယ်တော့မှ သင် လျှောမတွက်သင့်တာ သိလို့ပါ။ (ရယ်သံများ) (လက်ခုပ်သံ) ဒါဟာ သမိုင်းကို ပုံဖော်တဲ့ အစွမ်းအထက်ဆုံး အင်အားတွေထဲက တစ်ခုပါ။ CA: Yuval ကျွန်တော်တို့နဲ့အတူရှိတာ လုံးဝ ဝမ်းမြောက်ဖွယ်ရာပါ။ ဒီပကတိနီးပါး ခရီးအတွက် ကျေးဇူးပါ။ Tel Aviv မှာ သာယာတဲ့ ညနေခင်းဖြစ်ပါစေ၊ Yuval Harari YNH: ကျေးဇူးအများကြီးတင်တယ်။ (လက်ခုပ်သံများ)