1 00:00:00,968 --> 00:00:02,118 အားလုံးပဲ မင်္ဂလာပါ။ 2 00:00:03,562 --> 00:00:08,498 ဒါက နည်းနည်း ရယ်စရာပါ၊ အကြောင်းက လူသားတွေ ဟာ ဒစ်ဂျစ်တယ်ဖြစ်လာမယ်လို့ ရေးခဲ့ပေမဲ့ 3 00:00:08,522 --> 00:00:11,236 ဒီလောက်မြန်မြန်ကြီး ဖြစ်ပေါ်လာမယ်လို့ မထင်ခဲ့ဘဲ 4 00:00:11,260 --> 00:00:12,919 ကျွန်တော့ကို ဖြစ်ပေါ်လာစေလို့ပါ။ 5 00:00:13,649 --> 00:00:16,331 ဒါပေမဲ့ ကျွန်တော်ဒီမှာ၊ ဒစ်ဂျစ်တယ် ပြယုဂ်အဖြစ်နဲ့ 6 00:00:16,355 --> 00:00:19,021 ဟောဒီမှာပါ၊ စလိုက်ရအောင်။ 7 00:00:20,070 --> 00:00:22,203 မေးခွန်းတစ်ခုနဲ့ စလိုက်ရအောင်။ 8 00:00:22,823 --> 00:00:26,357 ဒီနေ့ ပရိတ်သတ်ထဲမှာ ဖက်ဆစ်ဘယ်နှစ်ယောက်ရှိလဲ။ 9 00:00:26,381 --> 00:00:27,831 (ရယ်သံများ) 10 00:00:27,855 --> 00:00:30,204 ကောင်းပြီ၊ ဒါက ပြောဖို့ နည်းနည်းခက်ပါတယ်၊ 11 00:00:30,228 --> 00:00:33,695 ဘာလို့ဆိုတော့ ဖက်ဆစ်ဝါဒက ဘာဆိုတာကို ကျွန်တော်တို့ မေ့သွားကြပြီကိုး။ 12 00:00:34,498 --> 00:00:37,077 အခု လူတွေဟာ "ဖက်ဆစ်"စကားရပ်ကို 13 00:00:37,101 --> 00:00:40,109 ယေဘုယျ ရည်ရွယ်ချက် မတရားပြု တာမျိုးအနေနဲ့ သုံးကြတယ်။ 14 00:00:40,133 --> 00:00:44,080 (သို့) ဖက်ဆစ်ဝါဒကို အမျိုးသားရေးဝါဒနဲ့ ရောထွေးကြတယ်။ 15 00:00:44,863 --> 00:00:50,251 ဒီတော့ တကယ်တော့ ဖက်ဆစ်ဝါဒက ဘာလဲ၊ အမျိုးသားရေးဝါဒနဲ့ ဘယ်လိုကွာခြားလဲဆိုတာ 16 00:00:50,275 --> 00:00:53,395 ရှင်းလင်းဖို့ အချိန်နည်း နည်းယူလိုက်ရအောင်။ 17 00:00:53,838 --> 00:00:58,879 အမျိုးသားရေးဝါဒရဲ့ ပိုသိမ်မွေ့တဲ့ ပုံစံတွေ လူသားဖန်တီးမှုတွေရဲ့ အကျိုးပြုဆုံးတွေ 18 00:00:58,903 --> 00:01:00,361 ကြားမှာ ရှိဖူးပါတယ်။ 19 00:01:00,990 --> 00:01:05,101 နိုင်ငံတွေဟာ အချင်းချင်း မသိကြတဲ့ သန်းချီတဲ့ သူစိမ်းတွေရဲ့ 20 00:01:05,125 --> 00:01:06,838 အသိုက်အမြုံတွေပါ။ 21 00:01:07,489 --> 00:01:10,894 ဥပမာ၊ ကျွန်တော်နဲ့ အစ္စရေးနိုင်ငံသားချင်းတူတဲ့ 22 00:01:10,918 --> 00:01:13,474 လူ ရှစ်သန်းကို ကျွန်တော် မသိဘူး။ 23 00:01:14,109 --> 00:01:16,276 ဒါပေမဲ့ အမျိုးသားရေးဝါဒရဲ့ ကျေးဇူးကြောင့် 24 00:01:16,300 --> 00:01:20,106 တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပြီး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိင်ကြတယ်။ 25 00:01:20,450 --> 00:01:21,650 ဒါက အတော်ကောင်းပါတယ်။ 26 00:01:22,093 --> 00:01:27,831 John Lennon လို လူတစ်ချို့ဟာ အမျိုးသားရေးဝါဒမပါပဲ စိတ်ကူးကြတယ်၊ 27 00:01:27,855 --> 00:01:31,645 ကမ္ဘာကြီးဟာ ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံတစ်ခုပေါ့။ 28 00:01:32,010 --> 00:01:33,438 ဒါပေမဲ့ ပိုဖြစ်နိုင်တာက 29 00:01:33,462 --> 00:01:38,239 အမျိုးသားရေးဝါဒမပါရင် ကျွန်တော်တို့ဟာ မျိုနွယ်စု ဖရိုဖရဲထဲမှာနေထိုင်နေလိမ့်မယ်။ 30 00:01:38,684 --> 00:01:43,819 ဒီနေ့ ကမ္ဘာမှာ အကြွယ်ဝဆုံးနဲ့ အငြိမ်းချမ်းဆုံးတိုင်းပြည်တွေကို ကြည့်ရင်၊ 31 00:01:43,843 --> 00:01:48,133 ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ ဂျပန်လို နိုင်ငံမျိုးတွေပေါ့ 32 00:01:48,157 --> 00:01:53,120 သူတို့မှာ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ သဘောတစ်ခုရှိတာ မြင်ရလိမ့်မယ်။ 33 00:01:53,750 --> 00:01:57,910 ဆန့်ကျင်ဘက်နေနဲ့ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ ကင်းမဲ့တဲနိုင်ငံတွေဖြစ်တဲ့ 34 00:01:57,934 --> 00:02:01,355 ကွန်ဂို၊ ဆိုမာလီယာနဲ့ အာဖဂန်နစ္စတန်တို့ဆို 35 00:02:01,379 --> 00:02:03,553 အကြမ်းဖက်ပြီး ဆင်းရဲလေ့ရှိကြတယ်။ 36 00:02:04,855 --> 00:02:08,993 ဒီတော့ ဖက်ဆစ်ဝါဒက ဘာလဲ။ အမျိုးသားရေးဝါဒနဲ့ ဘာခြားနားလဲ။ 37 00:02:09,941 --> 00:02:15,344 ကောင်းပြီ၊ အမျိုးသားရေးဝါဒ ကျွန်တော့နိုင်ငံက ပြိုင်ဘက်ကင်းပြီး 38 00:02:15,368 --> 00:02:19,169 ကျွန်တော့မှာ နိုင်ငံအတွက် အထူးတာဝန်တွေ ရှိတယ်လို့ ကျွန်တော့ကို ပြောတယ်။ 39 00:02:19,641 --> 00:02:25,847 ဆန့်ကျင်ဘက်အနေနဲ့ ဖက်ဆစ်ဝါဒက ကျွန်တော့နိုင်ငံဟာ အထွက်အထိပ်ဖြစ်ပြီး 40 00:02:25,871 --> 00:02:29,783 ကျွန်တော့မှာ နိုင်ငံအတွက် သီးသန့် တာဝန်တွေရှိတယ်လို့ ကျွန်တော့ကို ပြောတယ်။ 41 00:02:30,895 --> 00:02:35,726 ကိုယ့်နိုင်ထက် ဘယ်သူ့ကိုမှ (သို့) ဘယ်အရာကိုမှ ဂရုစိုက်စရာမလိုဘူး။ 42 00:02:36,465 --> 00:02:40,068 အမြဲလိုလိုမှာ တကယ်တမ်းက လူတွေမှာ အုပ်စုအမျိုးမျိုးအတွက် များစွာသော 43 00:02:40,092 --> 00:02:42,514 ကိုယ်ပိုင်လက္ခဏာတွေနဲ့ သစ္စာစောင့်သိမှုတွေရှိပါတယ်။ 44 00:02:43,036 --> 00:02:47,840 ဥပမာ ကျွန်တော်ဟာ မျိုးချစ်ပုဂ္ဂိုလ်ကောင်း၊ ကိုယ့်နိုင်ငံကို သစ္စာရှိသူဖြစ်နိုင်ပြီး 45 00:02:47,864 --> 00:02:51,102 တစ်ချိန်တည်းမှာ ကိုယ့်မိသားစု၊ 46 00:02:51,126 --> 00:02:53,487 ကိုယ့်အိမ်နီးချင်းနဲ့ ကိုယ်အလုပ်၊ 47 00:02:53,511 --> 00:02:54,971 ခြုံပြောရရင် လူသားမျိုးနွယ်၊ 48 00:02:54,995 --> 00:02:56,599 အမှန်နဲ့ အလှတရားကို သစ္စာရှိတယ်။ 49 00:02:57,370 --> 00:03:01,641 တကယ်က ကိုယ့်မှာ မတူညီတဲ့ ကိုယ်ပိုင်လက္ခဏာ တွေနဲ့ သစ္စာစောင့်သိမှုတွေရှိတဲ့အခါ 50 00:03:01,665 --> 00:03:04,998 ဒါက တစ်ခါတစ်ရံဝိရောဓိတွေနဲ့ ရှုပ်ထွေးတဲ့ အရာတွေကို ဖန်တီးပါတယ်။ 51 00:03:05,506 --> 00:03:09,140 ဒါပေမဲ့ ကောင်းပြီ၊ ဘဝဆိုတာ လွယ်ကူတယ်လို့ ဘယ်သူကများ သင့်ကိုပြောဖူးလဲ။ 52 00:03:09,649 --> 00:03:11,689 ဘဝဟာ ရှုပ်ထွေးတယ်။ 53 00:03:11,713 --> 00:03:12,863 ဒါကို ရင်ဆိုင်လိုက်ပါ။ 54 00:03:14,331 --> 00:03:20,331 ဖက်ဆစ်ဝါဒက လူတွေက ရှုပ်ထွေးမှုတွေကို လျစ်လျူရှုပြီး သူတို့ကိုယ်တိုင်အတွက် ဘဝကို 55 00:03:20,355 --> 00:03:23,464 လွယ်ကူလွန်းအောင် ဖန်တီးဖို့ ကြိုးစားတဲ့အခါ ဖြစ်ပေါ်တာပါ။ 56 00:03:24,128 --> 00:03:29,700 ဖက်ဆစ်ဝါဒက အမျိုးသားရေး လက္ခဏာကလွဲပြီး လက္ခဏာအားလုံးကို ငြင်းပယ်ပြီး 57 00:03:29,724 --> 00:03:34,833 ကိုယ့်နိုင်ငံအတွက်ပဲ တာဝန်တွေရှိတယ်လို့ အတင်း တောင်းဆိုတယ်။ 58 00:03:35,421 --> 00:03:39,525 နိုင်ငံက ကျွန်တော့မိသားစုကို စတေးပါလို့တောင်းဆိုရင် 59 00:03:39,549 --> 00:03:41,985 ကျွန်တော့မိသားစုကို စတေးမယ်။ 60 00:03:42,009 --> 00:03:46,283 နိုင်ငံက လူသန်းချီပြီး သတ်ပါလို့ တောင်းဆိုရင် 61 00:03:46,307 --> 00:03:48,965 လူသန်းချီပြီး ကျွန်တော်သတ်မယ်။ 62 00:03:49,442 --> 00:03:55,517 ပြီးတော့ နိုင်ငံက အမှန်တရားနဲ့ အလှတရားကို သစ္စာဖောက်ပါလို့ တောင်းဆိုရင် 63 00:03:55,541 --> 00:03:58,564 အမှန်တရားနဲ့ အလှတရားကို ကျွန်တော် သစ္စာဖောက်သင့်တယ်။ 64 00:03:59,587 --> 00:04:04,113 ဥပမာ၊ ဖက်ဆစ်ဝါဒီတစ်ယောက်က အနုပညာကို ဘယ်လို တန်ဖိုးဖြတ်သလဲ။ 65 00:04:04,615 --> 00:04:09,904 ရုပ်ရှင်တစ်ကားက ကောင်းလား၊ ဆိုးလားဆိုတာ ဖက်ဆစ်ဝါဒီတစ်ယောက်က ဘယ်လိုဆုံးဖြတ်သလဲ။ 66 00:04:10,728 --> 00:04:14,900 ကောင်းပြီ၊ အင်မတန်ကို ရိုးစင်းပါတယ်။ 67 00:04:15,260 --> 00:04:17,188 တကယ့်ကို စံတစ်ခုပဲရှိတာပါ၊ 68 00:04:17,593 --> 00:04:21,069 ရုပ်ရှင်က နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းပေးရင် 69 00:04:21,093 --> 00:04:22,537 ရုပ်ရှင်ကောင်းတယ်၊ 70 00:04:22,561 --> 00:04:25,744 ရုပ်ရှင်က နိုင်ငံရဲ့ အကျိုးစီးပွားကို ဖြည့်ဆည်းမပေးရင် 71 00:04:25,768 --> 00:04:26,990 ရုပ်ရှင်က မကောင်းဘူး။ 72 00:04:27,014 --> 00:04:28,164 ဒါပဲလေ။ 73 00:04:28,496 --> 00:04:33,384 အလားတူပဲ ကျောင်းမှာ ကလေးတွေကို သင်ကြားတာကို ဖက်ဆစ်စနစ်က ဘယ်လိုဆုံးဖြတ်လဲ။ 74 00:04:33,877 --> 00:04:35,964 ထပ်ပြောရရင်၊ သိပ်ရှင်းပါတယ်။ 75 00:04:35,988 --> 00:04:37,933 စံတစ်ခုပဲရှိပါတယ်။ 76 00:04:37,957 --> 00:04:42,902 နိုင်ငံရဲ့အကျိုးစီးပွားကို ဖြည့်ဆည်း ပေးတာမှန်သမျှ ကလေးတွေကို သင်ပေးတယ်။ 77 00:04:43,323 --> 00:04:45,910 အမှန်တရားက လုံးဝကို အရေးမပါတာ။ 78 00:04:48,372 --> 00:04:53,798 ကဲ ဒုတိယ ကမ္ဘာစစ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ အနိဋ္ဌာရုံတွေက 79 00:04:53,822 --> 00:04:57,955 ဒီတွေးခေါ်ပုံရဲ့ဆိုးရွားတဲ့ အကျိုးဆက်တွေ ကို ကျွန်တော်တို့ကို သတိပေးတယ်။ 80 00:04:58,508 --> 00:05:03,053 ဒါပေမဲ့ အမြဲလိုလိုကတော့ ဖက်ဆစ်ဝါဒရဲ့ မကောင်းကြောင်းကို ပြောတဲ့အခါ 81 00:05:03,077 --> 00:05:06,037 ထိရောက်မှုမရှိတဲ့ နည်းနဲ့ ပြောကြတာပါ၊ 82 00:05:06,061 --> 00:05:10,799 အကြောင်းက ဒါနဲ့ပတ်သက်ပြီး ဘာက ဒီလောက်စွဲလမ်းစေတာကို မရှင်းပြဘဲနဲ့ 83 00:05:10,823 --> 00:05:14,729 ဖက်ဆစ်ဝါဒကိုကြောက်မက်ဖွယ် သတ္တဝါ တစ်ကောင်မဖြစ် သရုပ်ဖော်တတ်ကြလို့ပါ။ 84 00:05:15,284 --> 00:05:19,998 ဒါက လူဆိုးတွေကို သရုပ်ဖော်တဲ့ ဟောလိဝုဒ်ကားတွေနဲ့ နည်နည်းဆင်တယ်၊ 85 00:05:20,022 --> 00:05:24,045 Voldemort (သို့) Sauron (သို့) Darth Vader ပေါ့၊ 86 00:05:24,069 --> 00:05:26,701 အကျည်းတန်၊ ယုတ်မာပြီးရက်စက်သူတွေအဖြစ်လေ။
 87 00:05:26,725 --> 00:05:29,263 သူတို့ဟာ သူတို့ရဲ့ထောက်ခံသူတွေကိုတောင် ရက်စက်ကြတယ်။ 88 00:05:29,670 --> 00:05:33,291 ဒီရုပ်ရှင်တွေ ကြည့်တဲ့ခါ ကျွန်တော် လုံးဝ နားမလည်တာက 89 00:05:33,315 --> 00:05:39,820 ဘာကြောင့် Voldemort လို စက်ဆုပ်စရာ ကပ်ဖား နောက်လိုက်ဖို့ သွေးဆောင်တာလဲပေါ့။ 90 00:05:40,895 --> 00:05:44,411 မကောင်းဆိုးဝါးနဲ့ ပြဿနာက လက်တွေ့ဘဝမှာ ရှိတာပါ။ 91 00:05:44,435 --> 00:05:47,326 မကောင်းဆိုးဝါးဟာ သေချာပေါက် ရုပ်ဆိုးတဲ့ပုံ မပေါက်ဘူး။ 92 00:05:47,688 --> 00:05:49,580 အင်မတန် လှပလို့ရပါတယ်။ 93 00:05:50,354 --> 00:05:53,077 ဒါက ခရစ်ယာန်ဘာသာက ကောင်းကောင်း သိနေတဲ့ အရာတစ်ခုပါ၊ 94 00:05:53,101 --> 00:05:56,807 ဒါကြောင့်ပဲ ခရစ်ယာန် အနုပညာဟာ ဟောလီဝုဒ်နဲ့ (ဆန့်ကျင်ပြီး) 95 00:05:56,831 --> 00:06:00,699 ဆာတန်ကို အမြဲလိုလို ဆွဲဆောင်မှုရှိတဲ့ ယောက်ျားအဖြစ် သရုပ်ဖော်တယ်။ 96 00:06:01,259 --> 00:06:05,855 ဒါကြောင့်ပဲ ဆာတန်ရဲ့ သွေးဆောင်မှုကို ခံနိုင်စွမ်းရှိဖို့ သိပ်ခက်ခဲပြီး 97 00:06:05,879 --> 00:06:10,623 ဒါကြောင့်ပဲ့ ဖက်ဆစ်ဝါဒရဲ့ သွေးဆောင်မှုကို ခံနိုင်စွမ်းရှိဖို့ သိပ်ခက်ခဲတာပါ။ 98 00:06:10,980 --> 00:06:13,702 ဖက်ဆစ်ဝါဒက လူတွေကို ကမ္ဘာကြီးထဲက 99 00:06:13,726 --> 00:06:18,969 အလှပဆုံးနဲ့ အရေးပါဆုံးအရာနဲ့ ထိုက်တန်နေ သလိုမျိုး သူတို့ကိုယ်သူတို့ မြင်စေတယ်၊ 100 00:06:18,993 --> 00:06:20,295 နိုင်ငံကိုပြောတာပါ။ 101 00:06:20,319 --> 00:06:21,665 ဒီနောက် လူတွေတွေးတာက 102 00:06:21,689 --> 00:06:24,878 "ကောင်းပြီ၊ ဖက်ဆစ်ဝါဒဟာ အကျည်းတန်တယ်လို့ ကျုပ်တို့ကို သင်ပေးတယ်။ 103 00:06:25,442 --> 00:06:28,466 ဒါပေမဲ့ ကျုပ် မှန်ထဲကိုကြည့်တော့ အင်မတန်လှပတာတစ်ခု ကျုပ်မြင်တယ်၊ 104 00:06:28,490 --> 00:06:30,681 ဒီတော့ ကျုပ်ဟာ ဖက်ဆစ် မဖြစ်နိုင်ဘူးမို့လား။" 105 00:06:31,022 --> 00:06:32,173 မှားပါတယ်။ 106 00:06:32,197 --> 00:06:33,744 ဒါက ဖက်ဆစ်စနစ်ဆိုင်ရာ ပြဿနာပါ။ 107 00:06:33,768 --> 00:06:36,387 ဖက်ဆစ် မှန်ထဲကို သင်ကြည့်တဲ့အခါ 108 00:06:36,411 --> 00:06:40,945 သင့် တကယ့်အရှိထက် အများကြီး ပိုလှနေသလို့ သင့်ကိုယ်သင် မြင်ရတယ်။ 109 00:06:41,371 --> 00:06:45,664 ၁၉၃၀ နှစ်လွန်တွေမှာ ဂျာမန်တွေဟာ ဖက်ဆစ်မှန်ထဲကို ကြည့်ခဲ့တော့၊ 110 00:06:45,688 --> 00:06:49,728 သူတို့ဟာ ဂျာမဏီကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ခဲ့ကြတယ်။ 111 00:06:50,244 --> 00:06:53,680 ဒီနေ့မှာ ရုရှားတွေသာ ဖက်ဆစ်မှန်ထဲကို ကြည့်ကြရင် 112 00:06:53,704 --> 00:06:57,263 ရုရှားကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ကြပါလိမ့်မယ်။ 113 00:06:57,577 --> 00:07:00,705 ပြီးတော့ အစ္စရေးတွေသာ ဖက်ဆစ် မှန်ထဲကို ကြည့်ကြရင် 114 00:07:00,729 --> 00:07:05,109 အစ္စရေးကို ကမ္ဘာမှာ အလှဆုံးအရာအဖြစ် မြင်ကြပါလိမ့်မယ်။ 115 00:07:06,657 --> 00:07:11,714 ဒါက ၁၉၃၀ နှစ်လွန်တွေရဲ့ တစ်ကျော့ပြန်တာကို ကျွန်တော်တို့ ရင်ဆိုင်နေရတယ်လို့မဆိုလိုဘူး 116 00:07:12,304 --> 00:07:15,779 ဖက်ဆစ်ဝါဒနဲ့ အာဏာရှင်စနစ်ခေတ်တွေ ပြန်မလာနိုင်လောက်ပေမဲ့ 117 00:07:15,803 --> 00:07:19,042 သူတို့ဟာ ပုံစံသစ်တစ်ခုနဲ့ ပြန်လာလိမ့်မယ်၊ 118 00:07:19,066 --> 00:07:21,807 ၂၁ ရာစုရဲ့ နည်းပညာဆိုင်ရာ 119 00:07:21,831 --> 00:07:25,640 ဒီဌဖြစ်ရပ် အသစ်တွေနဲ့ အများကြီး ပိုပြီး ဆက်စပ်ပါတယ်။ 120 00:07:26,538 --> 00:07:28,085 ရှေးခေတ်တုန်းကတော့ 121 00:07:28,109 --> 00:07:32,269 မြေဟာ ကမ္ဘာမှာ အဖိုးတန်ဆုံး ပစ္စည်းဖြစ်ခဲ့တယ်၊ 122 00:07:32,911 --> 00:07:36,775 ဒါကြောင့် နိုင်ငံရေးဟာ မြေကို ထိန်းချုပ်ဖို့ ရုန်းကန်လှုပ်ရှားမှုပါ။ 123 00:07:37,141 --> 00:07:43,001 အာဏာရှင်ခေတ်ဆိုတာ နယ်မြေတစ်ခုလုံးကို အုပ်ချုပ်သူတစ်ဦးတည်း 124 00:07:43,025 --> 00:07:44,897 (သို့) လူနည်းစု အစိုးရက ပိုင်ဆိုင်တာပါ။ 125 00:07:45,827 --> 00:07:50,646 ခေတ်သစ်မှာတော့ စက်ပစ္စည်းတွေက မြေထက် ပိုအရေးကြီးလာခဲ့တယ်။ 126 00:07:51,347 --> 00:07:54,947 နိုင်ငံရေးက စက်ပစ္စည်းတွေကို ထိန်းချုပ် ဖို့ ရုန်းကန်လှုပ်ရှားမှုဖြစ်လာတယ်။ 127 00:07:55,354 --> 00:07:57,350 အာဏာရှင်ခေတ်ဆိုတာက 128 00:07:57,374 --> 00:08:01,284 များပြားလွန်းတဲ့ စက်ပစ္စည်းတွေဟာ အစိုးရ (သို့) 129 00:08:01,308 --> 00:08:04,588 အခွင့်ထူးခံ အဖွဲ့လေးတစ်ခုရဲ့ လက်တွေထဲမှာ စုစည်းလာတာပါ။ 130 00:08:05,109 --> 00:08:09,815 အခုဆို ဒေတာဟာ မြေနဲ့စက်ပစ္စည်း နှစ်ခုစလုံးကို အဖိုးတန်ဆုံး ပစ္စည်းအဖြစ် 131 00:08:09,839 --> 00:08:11,950 နေရာယူနေတယ်။ 132 00:08:12,600 --> 00:08:17,940 နိုင်ငံရေးက ဒေတာ စီးဆင်းမှုထိန်းချုပ်ဖို့ ရုန်းကန်လှုပ်ရှားမှုဖြစ်လာတယ်။ 133 00:08:17,964 --> 00:08:20,672 အာဏာရှင်ခေတ်ဆိုတာ အခုတော့ 134 00:08:20,696 --> 00:08:26,476 များပြားလွန်းတဲ့ ဒေတာဟာ အစိုးရ(သို့) အခွင့်ထူးခံ အဖွဲ့လေးရဲ့ 135 00:08:26,500 --> 00:08:28,420 လက်တွေထဲမှာ စုစည်းနေတာပါ။ 136 00:08:28,871 --> 00:08:33,783 လွတ်လပ်တဲ့ ဒီမိုကရေစီ အခု ရင်ဆိုင်နေရတဲ့ အကြီးဆုံးအန္တရာယ်က 137 00:08:33,807 --> 00:08:37,077 သတင်းအချက်အလက် နည်းပညာမှာရှိတဲ့ တော်လှန်ရေးဟာ ဒီမိုကရေစီတွေထက် 138 00:08:37,101 --> 00:08:41,891 ပိုထိရောက်တဲ့ အာဏာရှင်ခေတ်တွေ ဖန်တီးမှာကိုပါ။ 139 00:08:42,760 --> 00:08:44,379 ၂၀ ရာစုမှာ 140 00:08:44,403 --> 00:08:49,363 ဒီမိုကရေစီနဲ့ အရင်းရှင်ဝါဒဟာ ဖက်ဆစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကိုအနိုင်ယူခဲ့တာက 141 00:08:49,387 --> 00:08:54,589 ဒီမိုကရေစီ ဒေတာထုတ်လုပ်ခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းမှာ ပိုကောင်းလို့ပါ။ 142 00:08:55,319 --> 00:08:57,685 ၂၀ ရာစုနည်းပညာကို ထောက်ဆရရင် 143 00:08:57,709 --> 00:09:03,744 များလွန်းတဲ့ ဒေတာနဲ့ များလွန်းတဲ့ အာဏာကို တစ်နေရာတည်းမှာ ကြိုးစား၊စုစည်းဖို့ 144 00:09:03,768 --> 00:09:06,527 ထိရောက်မှုကို မရှိတာပါ။ 145 00:09:07,244 --> 00:09:11,727 ဒါပေမဲ့ ဗဟိုက ချုပ်ကိုင်ထားတဲ့ ဒေတာ ထုပ်လုပ်ခြင်းဟာ 146 00:09:11,751 --> 00:09:17,355 ဖြန့်ဖြူးထားတဲ့ ဒေတာ ထုပ်လုပ်ခြင်း ထက်အမြဲတမ်း ထိရောက်မှု ပိုနည်းတာက 147 00:09:17,379 --> 00:09:19,926 သဘာဝ နိယာမတော့မဟုတ်ဘူး။ 148 00:09:20,605 --> 00:09:24,042 ဉာဏ်ရည်တုနဲ့ စက်က သင်ယူမှု တိုးမြင့်လာခြင်းနဲ့အတူ 149 00:09:24,066 --> 00:09:29,903 ဧရာမ သတင်းအချက်အလက် ပမာဏတွေကို တစ်နေရာတည်းမှာ ထိရောက်စွာ ထုတ်လုပ်ဖို့နဲ့ 150 00:09:29,927 --> 00:09:32,537 တစ်နေရာတည်းမှာ ဆုံးဖြတ်ချက်အားလုံးချဖို့ 151 00:09:32,561 --> 00:09:35,752 ဖြစ်နိုင်ခြေရှိလာလောက်ပြီး 152 00:09:35,776 --> 00:09:40,196 ဒီနောက်မှာ ဗဟိုကချုပ်ကိုင်ထားတဲ့ ဒေတာထုတ်လုပ်ခြင်းဟာ ဖြန့်ဖြူးထားတဲ့ 153 00:09:40,220 --> 00:09:42,420 ဒေတာ ထုပ်လုပ်ခြင်းထက် ပိုထိရောက်လိမ့်မယ်။ 154 00:09:43,053 --> 00:09:46,813 ဒီနောက်မှာ ၂၀ ရာစုမှာရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ 155 00:09:46,837 --> 00:09:48,474 အဓိက အားနည်းချက်က 156 00:09:48,498 --> 00:09:53,014 သတင်းအချက်အလက်အားလုံးကို တစ်နေရာတည်းမှာ စုစည်းဖို့ သူတိုရဲ့ကြိုးပမ်းမှုဟာ 157 00:09:53,038 --> 00:09:56,404 သူတို့ရဲ့အကြီးဆုံး အသာစီးရမှု ဖြစ်လာမယ်။ 158 00:09:58,768 --> 00:10:03,675 အနာဂတ် ဒီမိုကရေစီကို ခြိမ်းခြောက်တဲ့ နောက်ထပ် နည်းပညာ အန္တရာယ်က 159 00:10:03,699 --> 00:10:08,858 သတင်းအချက်အလက်နည်းပညာနဲ့ ဇီဝနည်းပညာရဲ့ ပေါင်းခြင်းပါ၊ 160 00:10:08,882 --> 00:10:12,887 ဒါက ကျွန်တော့အကြောင်းကို ကျွန်တော့ထက် ပိုကောင်းကောင်း သိတဲ့ 161 00:10:12,911 --> 00:10:17,227 အယ်လ်ဂိုရစ်သမ် ဖန်တီးမှု အကျိုးဆက်ပေါ်ထွန်းနိုင်ပါတယ်။ 162 00:10:17,688 --> 00:10:19,768 သင့်မှာ ဒီလိုအယ်လ်ဂိုရစ်သမ်တွေရှိဆိုတာနဲ့ 163 00:10:19,792 --> 00:10:22,641 အစိုးရလို ပြင်ပ စနစ်တစ်ခုဟာ 164 00:10:22,665 --> 00:10:26,189 ကျွန်တော့ဆုံးဖြတ်ချက်တွေကို ကြိုသိနိုင်တာတင်မက 165 00:10:26,213 --> 00:10:30,134 ကျွန်တော့ခံစားမှုတွေ၊ စိတ်ကူးတွေကိုပါ ခြယ်လှယ်နိုင်ပါတယ်။ 166 00:10:30,641 --> 00:10:35,886 အာဏာရှင်တစ်ယောက်ဟာ ကျွန်တော့ကို ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်လောက်ပေမဲ့ 167 00:10:35,910 --> 00:10:39,283 ကျွန်တော် သူ့ကို ချစ်ပြီး၊ အတိုက်ခံကို 168 00:10:39,307 --> 00:10:41,974 မုန်းအောင်တော့ လုပ်နိုင်လိမ့်မယ်။ 169 00:10:43,037 --> 00:10:48,500 ဒီမိုကရေစီဟာ ဒီလို ဖွံ့ဖြိုးမှုထဲမှာ ရှင်ကျန်ဖို့ကို ခက်ခဲတယ်လို့ မြင်လိမ့်မယ်၊ 170 00:10:48,524 --> 00:10:50,674 အကြောင်းက အဆုံးမှာတော့ 171 00:10:50,698 --> 00:10:54,825 ဒီမိုကရေစီဟာ လူ့ဆင့်ခြင်တုံတရားမှာ အခြေမခံပဲ 172 00:10:54,849 --> 00:10:57,269 လူ့ခံစားချက်တွေမှာ အခြေခံတာကြောင့်ပါ။ 173 00:10:58,355 --> 00:11:00,855 ရွေးကောက်ပွဲတွေနဲ့ ဆန္ဒခံယူပွဲတွေအတွင်း 174 00:11:00,879 --> 00:11:03,575 "သင်ဘယ်လို ထင်သလဲ"လို့ အမေးမခံရဘဲ 175 00:11:03,998 --> 00:11:07,394 တကယ်ကျတော့"သင်ဘယ်လို ခံစားရလဲ" လို့ အမေးခံနေရတယ်။ 176 00:11:08,228 --> 00:11:12,855 တစ်ဦးဦးက သင့်ခံစားမှုတွေကို ထိထိရောက်ရောက် ခြယ်လှယ်နိုင်ရင် 177 00:11:12,879 --> 00:11:16,632 ဒီမိုကရေစီဟာ စိတ်ထိခိုက်ဖွယ် ရုပ်သေးပွဲ တစ်ပွဲ ဖြစ်လာလိမ့်မယ်။ 178 00:11:18,006 --> 00:11:22,521 ဒီတော့ ဖက်ဆစ်ဝါဒ တစ်ကျော့ပြန်လာပြီး အာဏာရှင်ခေတ်အသစ် ထကြွမှုကို 179 00:11:22,545 --> 00:11:25,195 တားဆီးဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ 180 00:11:25,990 --> 00:11:32,300 ကျွန်တော်တို့ရင်ဆိုင်ရတဲ့ နံပါတ်တစ် မေးခွန်းက ဒေတာကို ဘယ်သူထိန်းချုပ်လဲ။ 181 00:11:32,823 --> 00:11:34,498 သင်ဟာ အင်ဂျင်နီယာတစ်ယောက်ဆိုရင် 182 00:11:34,522 --> 00:11:38,490 မဆိုစလောက် လက်တွေထဲမှာ ဒေတာ အလွန်အမင်း စုစည်းနေတာကို 183 00:11:38,514 --> 00:11:41,339 တားဆီးဖို့ နည်းလမ်းတွေရှာပါ။ 184 00:11:41,752 --> 00:11:44,696 ဖြန့်ဝေထားတဲ့ ဒေတာထုတ်လုပ်မှုကို 185 00:11:44,720 --> 00:11:49,133 အနည်းဆုံး ဗဟိုကချုပ်ကိုင်ထားတဲ့ ဒေတာ ထုတ်လုပ်ခြင်းလောက် ထိရောက်တာ 186 00:11:49,157 --> 00:11:51,553 သေချာဖို့ နည်လမ်းတွေရှာပါ။ 187 00:11:52,077 --> 00:11:55,918 ဒါဟာ ဒီမိုကရေစီအတွက် အကောင်းဆုံး ဘေးစီးရန်ကာဖြစ်လိမ့်မယ်။ 188 00:11:55,942 --> 00:11:59,268 အင်ဂျင်နီယာမဟုတ်တဲ့ ကျန်တဲ့ ကျွန်တော်တို့အတွက် 189 00:11:59,292 --> 00:12:02,736 ရင်ဆိုင်နေရတဲ့ နံပါတစ် မေးခွန်းကတော့ 190 00:12:02,760 --> 00:12:07,407 ဒီဒေတာ ထိန်းချုပ်သူတွေရဲ့ ခြယ်လှယ်ခွင့် 191 00:12:07,431 --> 00:12:10,237 ကိုယ့်ဘာသာ မပေးမိစေဖို့ နည်းလမ်းပါ။ 192 00:12:11,387 --> 00:12:15,493 လွတ်လပ်တဲ့ ဒီမိုကရေစီရဲ့ ရန်သူတွေက သူတို့မှာ နည်းစနစ်တစ်ခုရှိတယ်။ 193 00:12:15,919 --> 00:12:18,291 ကျွန်တော်တို့ ခံစားချက်တွေကို ရယူနှောင့်ယှက်ကြတယ်။ 194 00:12:18,315 --> 00:12:20,767 ကျွန်တော်တို့ရဲ့ အီးမေးလ်တွေ၊ ဘဏ်စာရင်းတွေတင်မက 195 00:12:20,791 --> 00:12:25,998 ကျွန်တော်တို့ရဲ့အကြောက်၊ အမုန်း၊ပလွှားမှု ခံစားချက်တွေကို ရယူနှောင့်ယှက်တယ်၊ 196 00:12:26,022 --> 00:12:28,450 နောက် အတွင်းကနေ ဒီမိုကရေစီကို 197 00:12:28,474 --> 00:12:32,426 နှစ်ခြမ်းကွဲကာ ဖျက်ဆီးဖို့ ဒီခံစားချက်တွေကို အသုံးပြုကြတယ်။ 198 00:12:32,903 --> 00:12:34,823 ဒါက တကယ်တော့ Silicon ကျွန်တော်တို့ကို 199 00:12:34,847 --> 00:12:39,896 ထုတ်ကုန်တွေရောင်းဖို့ Valle က တီထွင်ခဲ့တဲ့ နည်းစနစ်တစ်ခုပါ။ 200 00:12:40,381 --> 00:12:45,403 ဒါပေမဲ့ အခုတော့ ဒီမိုကရေစီရဲ့ရန်သူတွေဟာ ကျွန်တော်တို့ကို အကြောက်၊ အမုန်းနဲ့ 201 00:12:45,427 --> 00:12:49,151 ပလွှားမှုတွေရောင်းဖို့ ဒီနည်းစနစ်ကိုပဲ သုံးနေကြတယ်။ 202 00:12:49,863 --> 00:12:53,522 ဘာမှမရှိတာကနေ ဒီခံစားချက်တွေကို သူတို့ မဖန်တီးနိုင်ပါဘူး။ 203 00:12:54,212 --> 00:12:58,043 ဒီတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ ကြိုရှိပြီးသားအားနည်းချက်ကို သိဖို့လိုတယ်။ 204 00:12:58,403 --> 00:13:00,974 ဒီနောက် ကျွန်တော်တို့ကို ဆန့်ကျင်ပြီး ဒါတွေကို သုံးတယ်။ 205 00:13:01,482 --> 00:13:04,990 ဒါကြောင့် ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သိလာအောင်လုပ်ဖို့နဲ့ 206 00:13:05,014 --> 00:13:07,648 ဒီမိုကရေစီရဲ့ ရန်သူတွေလက်ထဲမှာ 207 00:13:07,672 --> 00:13:11,307 လက်နက်တစ်ခု ဖြစ်မလာဖို့ သေချာအောင်လုပ်ဖို့က 208 00:13:11,331 --> 00:13:14,214 ကျွန်တော်တို့အားလုံးရဲ့ တာဝန်ပါ။ 209 00:13:15,315 --> 00:13:17,863 ကိုယ်ပိုင်အားနည်းချက်ကို သိလာခြင်းကလည်း 210 00:13:17,887 --> 00:13:23,470 ဖက်ဆစ် မှန်ရဲ့ထောင်ချောက်ကို ရှောင်ရှားဖို့ ကူညီပေးလိမ့်မယ်။ 211 00:13:24,204 --> 00:13:28,355 အစောပိုင်းက ရှင်းပြခဲ့သလို ဖက်ဆစ်ဝါဒက ကျွန်တော်တို့ရဲ့ပလွှားမှုကိုအမြတ်ထုတ်တယ်။ 212 00:13:28,805 --> 00:13:34,551 ကျွန်တော်တို့အရှိတဲ့ အများကြီး ပိုလှတာကို ကိုယ်တိုင် မြင်အောင်ဖန်တီးတယ်။ 213 00:13:34,575 --> 00:13:36,042 ဒါက သွေးဆောင်မှုပါ။ 214 00:13:36,424 --> 00:13:38,871 ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်သိရင်တော့ 215 00:13:38,895 --> 00:13:42,363 ဒီလိုမြှောက်ပင့်မှုမျိုးနဲ့ အနှပ်ခံ ရမှာမဟုတ်ပါဘူး။ 216 00:13:42,879 --> 00:13:46,942 တစ်ဦးဦးက သင့်ရဲ့ရုပ်ဆိုးတဲ့ အစအနအားလုံးကို ဖုန်းကွယ်ပြီး 217 00:13:46,966 --> 00:13:52,026 သင့်အရှိထက် အများကြီး ပိုလှတာကို သင်ကိုယ်တိုင် 218 00:13:52,050 --> 00:13:56,334 မြင်ရအောင် ဖန်တီးတဲ့မှန်တစ်ချပ် 219 00:13:56,358 --> 00:13:57,949 သင့်မျက်လုံးတွေရှေ့မှာထားရင် 220 00:13:57,973 --> 00:14:00,837 မှန်ကို ရိုက်ခွဲလိုက်ပေတော့။ 221 00:14:01,696 --> 00:14:02,847 ကျေးဇူးတင်ပါတယ်။ 222 00:14:02,871 --> 00:14:09,253 (လက်ခုပ်သံများ) 223 00:14:10,677 --> 00:14:12,309 Chris Anderson: Yuval ကျေးဇူးပါ။ 224 00:14:12,333 --> 00:14:13,484 ကောင်းလိုက်တာဗျာ၊ 225 00:14:13,958 --> 00:14:15,898 ခင်ဗျာကို ထပ်တွေ့ရတာ ကောင်းတယ်။ 226 00:14:15,922 --> 00:14:17,513 ဒီတော့ ကျွန်တော်နားလည်တာမှန်ရင် 227 00:14:17,537 --> 00:14:20,204 ကျွန်တော်တို့ကို ဒီမှာ အန္တရာယ်နှစ်ခုကို သတိပေးနေတာပါ။ 228 00:14:20,228 --> 00:14:24,720 တစ်ခုက ဖက်ဆစ်ဝါဒရဲ့ သွေးဆောင်တဲ့ ပုံစံတစ်ခု ပြန်ပေါ်လာနိုင်ခြေရှိပေမဲ့ 229 00:14:24,744 --> 00:14:28,998 ဒါနဲ့ကပ်လျက်က ဖက်ဆစ်ဝါဒနဲ့ အတိအကျ မတူလောက်ပေမဲ့ ဒေတာအားလုံးကို ထိန်းချုပ်တဲ့ 230 00:14:29,022 --> 00:14:31,585 အာဏာရှင်ခေတ်တွေပါ။ 231 00:14:31,609 --> 00:14:33,705 တွေးမိတာက ဒီမှာရှိတဲ့ လူတစ်ချို့ 232 00:14:33,729 --> 00:14:35,847 ဖော်ပြပြီးထားတဲ့ တတိယ ပူပန်မှုတစ်ခုရှိရင် 233 00:14:35,871 --> 00:14:40,768 ဒီမှာ အစိုးရတွေမဟုတ်ပေမဲ့ ကော်ပိုရေးရှင်း ကြီးတွေက ဒေတာ အားလုံးကို ထိန်းချုပ်တယ်၊ 234 00:14:40,792 --> 00:14:42,101 ဒါကို ဘယ်လိုခေါ်ပြီး 235 00:14:42,125 --> 00:14:44,512 ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လို ပူပန်ကြမလဲ။ 236 00:14:44,536 --> 00:14:47,875 Yuval Noah Harari: ကောင်းပြီ၊ အဆုံးမှာတော့ ကော်ပိုရေးရေးရှင်းတွေနဲ့ 237 00:14:47,899 --> 00:14:50,325 အစိုးရတွေကြားမှာ ဒီလောက် ခြားနားမှုမရှိပါဘူး။ 238 00:14:50,349 --> 00:14:53,769 အကြောင်းက ပြောခဲ့သလိုပဲ မေးခွန်းက ဒေတာကို ဘယ်သူထိန်းချုပ်လဲ။ 239 00:14:53,793 --> 00:14:55,188 ဒါက အစိုးရစစ်စစ်ပါ။ 240 00:14:55,212 --> 00:14:57,656 ဒါကို ကော်ပိုရေးရှင်း(သို့) အစိုးရလို့ခေါရင်၊ 241 00:14:57,680 --> 00:15:00,835 ဒါက ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ဒေတာအားလုံးကို တကယ် ထိန်းချုပ်ရင် 242 00:15:00,859 --> 00:15:02,787 ဒါကျွန်တော်တို့ အစိုးရစစ်စစ်ပါ။ 243 00:15:02,811 --> 00:15:05,878 ဒီတော့ ခြားနားမှုက အစစ်ထက် ပိုပြီး ထင်ရှားပါတယ်။ 244 00:15:06,529 --> 00:15:09,387 CA: ဒါပေမဲ့ ဘာဖြစ်ဖြစ် အနည်းဆုံး ကောင်ပိုရေးရှင်းတွေနဲ့ဆို 245 00:15:09,411 --> 00:15:12,930 ၎င်းတို့ကို ဖြုတ်ချတဲ့ စျေးကွက် ယန္တရားတွေကို စိတ်ကူးကြည့်နိုင်ပါတယ်၊ 246 00:15:12,954 --> 00:15:14,871 ဆိုလိုတာက ကုမ္ပဏီဟာ အကျိုးစီးပွားမှာ 247 00:15:14,895 --> 00:15:17,649 မလည်ပတ်တော့ဘူးလို့ စားသုံးသူတွေက ဆုံးဖြတ်ရင် 248 00:15:17,673 --> 00:15:19,586 ဒါက နောက်စျေးကွက်အတွက် တံခါးဖွင့်တာပါ။ 249 00:15:19,610 --> 00:15:21,156 ပြောရရင် နိုင်ငံသားတွေ ထကြွပြီး 250 00:15:21,180 --> 00:15:24,331 အရာရာကို ထိန်းချုပ်ထားတဲ့ အစိုးရကို ဖြုတ်ချတယ်ဆိုတာထက် 251 00:15:24,355 --> 00:15:25,967 စိတ်ကူးကြည့်ဖို့ ပိုလွယ်ပုံရတယ်။ 252 00:15:25,991 --> 00:15:27,546 YNH: အဲဒီကို မရောက်သေးပေမဲ့ 253 00:15:27,570 --> 00:15:32,728 ထပ်ပြောရရင်၊ ကော်ပိုရေးရှင်းတစ်ခုဟာ သင် ကိုယ်တိုင်ထက် သင့်ကို ပိုကောင်းကောင်းသိရင် 254 00:15:32,752 --> 00:15:38,006 အနည်းဆုံး သင့်ရဲ့အနက်ရှိုင်းဆုံး စိတ်ခံစား မှုတွေ၊ ဆန္ဒတွေကို ခြယ်လှယ်နိုင်ပြီး 255 00:15:38,030 --> 00:15:39,696 သင် သဘောမပေါက်တာတောင် 256 00:15:39,720 --> 00:15:42,299 ဒါဟာ သင့်ရဲ့ အတ္တအစစ်အမှန်လို့ သင်တွေးမိပါလိမ့်မယ်။ 257 00:15:42,768 --> 00:15:46,823 ဒီတော့ သီအိုရီအရ၊ ဟုတ် သီအိုရီအရတော့ ကော်ပိုရေးရှင်းတစ်ခုကို ပုန်ကန်နိုင်ပါတယ်၊ 258 00:15:46,847 --> 00:15:50,580 သီအိုရီအရ အာဏာရှင်ကာလတစ်ခုကို ပုန်ကန်သလိုမျိုးပေါ့။ 259 00:15:50,982 --> 00:15:54,265 ဒါပေမဲ့ လက်တွေ့မှာတော့ ဒါဟာ အင်မတန် ခက်ခဲပါတယ်။ 260 00:15:55,281 --> 00:15:59,363 CA: ဒီတော့ " Homo Deus" မှာ ခင်ဗျား ငြင်းခုံထားတာက 261 00:15:59,387 --> 00:16:02,798 ဉာဏ်ရည်တု ဖွံဖြိုးမှုကနေ (သို့) ဗီဇပြောင်းလဲမှုကနေဖြစ်ဖြစ် 262 00:16:02,822 --> 00:16:05,815 လူသားတွေဟာ နတ်ဘုရားတွေလိုမျိုးဖြစ်လာတဲ့အခါ 263 00:16:05,839 --> 00:16:08,768 ဒါဟာ ရာစုဖြစ်လာမယ်တဲ့။ 264 00:16:08,792 --> 00:16:14,260 နိုင်ငံရေးဆိုင်ရာ စနစ်ပြောင်းမှု၊ ပြိုကျမှုရဲ့အလားအလာက 265 00:16:14,284 --> 00:16:16,948 ဒီဖြစ်နိုင်ခြေအပေါ် သင့်အမြင်ကို သက်ရောက်မှုရှိသွားလား။ 266 00:16:17,553 --> 00:16:20,648 YNH: ကောင်းပြီ၊ ပိုတောင် ဖြစ်လာနိုင်ခြေရှိပြီး 267 00:16:20,672 --> 00:16:23,601 ပိုမြန်မြန် ဖြစ်ပေါ်လာပါလိမ့်မယ်။ 268 00:16:23,625 --> 00:16:28,648 အကြောင်းက လူတွေဟာအကျပ်အတည်း ကာလတွေမှာ အခြားအခြေနေမှာ လုပ်မှာမဟုတ်တဲ့ 269 00:16:28,672 --> 00:16:30,656 စွန့်စားမှုတွလုပ်ဖို့ ဆန္ဒရှိနေမှာမို့ပါ 270 00:16:30,680 --> 00:16:33,498 လူတွေဟာ မြင့်မားတဲ့ စွန့်စားမှုတွေ၊ 271 00:16:33,522 --> 00:16:37,395 မြင့်မားတဲ့ တိုးတက်မှု နည်းပညာမျိုးစုံကို စမ်းဖို့ ဆန္ဒရှိနေမှာပါ။ 272 00:16:37,760 --> 00:16:41,990 ဒီတော့ ဒီအကျပ်အတည်းတွေဟာ ၂၀ ရာစုက ကမ္ဘာစစ် နှစ်ခုလိုပဲ 273 00:16:42,014 --> 00:16:45,228 အလားတူ လုပ်ဆောင်မှုကို ဖြည့်ဆည်းပေးလောက်ပါတယ်။ 274 00:16:45,252 --> 00:16:48,464 ကမ္ဘာစစ် နှစ်ခုဟာ သစ်ဆန်းပြီး 275 00:16:48,488 --> 00:16:52,100 အန္တရာယ်များတဲ့ နည်းပညာတွေ ဖွံ့ဖြိုးမှုကို ကြီးမားစွာ အရှိန်မြှင့်ခဲ့တယ်။ 276 00:16:52,124 --> 00:16:55,408 ၂၁ ရာစုမှာလည်း အလားတူအရာ ဖြစ်ပေါ်နိုင်လောက်ပါတယ်။ 277 00:16:55,721 --> 00:16:59,618 ဆိုလိုတာက သိပ်အမြန်ကြီး လုပ်ဆောင်ဖို့ နည်းနည်းတော့ ရူးသွပ်ဖို့လိုတာပါ။ 278 00:16:59,642 --> 00:17:01,967 ဆိုကြပါစို့၊ ဗီဇပြောင်းလဲခြင်းနဲ့ပေါ့။ 279 00:17:01,991 --> 00:17:05,101 ဒါပေမဲ့ အခု ကမ္ဘာ့နိုင်ငံ အမျိုမျိုးမှာ တာဝန်ယူကြတဲ့ 280 00:17:05,125 --> 00:17:07,806 ပိုပိုပြီး ရူးသွပ်တဲ့လူတွေ ရှိလာနေတော့ 281 00:17:07,830 --> 00:17:10,897 ဖြစ်နိင်ခြေတွေက ပိုနိမ့်မလာပဲ မြင့်လာနေတာပါ။ 282 00:17:11,647 --> 00:17:15,012 CA: ဒီတော့ အားလုံးစုရရင် Yuval ရေ ခင်ဗျားမှာ ဒီထူးခြားတဲ့ အမြင်ရှိတယ်။ 283 00:17:15,036 --> 00:17:16,623 နာရီကို ရှေ့နှစ် ၃၀ ကိုလှည့်ပါ။ 284 00:17:16,647 --> 00:17:19,910 ခင်ဗျား မှန်းတာ ကလူသားဆန်မှုဟာ တစ်နည်းနည်းနဲ့ ပွတ်ကာသီကာကျော်ပြီး 285 00:17:19,934 --> 00:17:23,069 ပြန်ကြည့်ကာ ပြောမှာက "အိုး၊ သီသီကလေးနော်၊ တို့လုပ်ခဲ့တာဟ"လို့လား၊ 286 00:17:23,093 --> 00:17:24,529 ဒါမဟုတ် မဟုတ်ဘူးလား။ 287 00:17:24,553 --> 00:17:28,401 YNH: လောလောဆယ်တော့ အရင်က အကျပ်အတည်း အားလုံးကို ကျော်လွှားနိုင်ပါပြီ။ 288 00:17:28,425 --> 00:17:31,244 အထူးသဖြင့် လွတ်လပ်တဲ့ ဒီမိုကရေစီကိုကြည့်ပြီး 289 00:17:31,268 --> 00:17:34,212 အခုဆို အခြေအနေတွေဟာ ဆိုးတယ်လို့ ထင်ရင် 290 00:17:34,236 --> 00:17:40,702 ၁၉၃၈ (သို့) ၁၉၆၈ ခုနှစ်မှာ ဘယ်လောက်များ ပိုဆိုးခဲ့တယ်ဆိုတာ သတိရပါ။ 291 00:17:40,726 --> 00:17:43,717 ဒီတော့ ဒါက တကယ် ဘာမှ မဟုတ်ပါဘူး၊ ဒါက အကျပ်အတည်းလေးတစ်ခုပါ။ 292 00:17:44,167 --> 00:17:46,136 ဒါပေမဲ့ သင်ဘယ်တော့မှ မသိဘူး၊ 293 00:17:46,160 --> 00:17:48,291 အကြောင်းက သမိုင်းပညာရှင် တစ်ယောက်အနေနဲ့ 294 00:17:48,315 --> 00:17:53,089 လူသားရဲ့ မိုက်မဲမှုကို ဘယ်တော့မှ သင် လျှောမတွက်သင့်တာ သိလို့ပါ။ 295 00:17:53,113 --> 00:17:54,268 (ရယ်သံများ) (လက်ခုပ်သံ) 296 00:17:54,292 --> 00:17:58,296 ဒါဟာ သမိုင်းကို ပုံဖော်တဲ့ အစွမ်းအထက်ဆုံး အင်အားတွေထဲက တစ်ခုပါ။ 297 00:17:59,433 --> 00:18:02,298 CA: Yuval ကျွန်တော်တို့နဲ့အတူရှိတာ လုံးဝ ဝမ်းမြောက်ဖွယ်ရာပါ။ 298 00:18:02,322 --> 00:18:04,139 ဒီပကတိနီးပါး ခရီးအတွက် ကျေးဇူးပါ။ 299 00:18:04,163 --> 00:18:06,036 Tel Aviv မှာ သာယာတဲ့ ညနေခင်းဖြစ်ပါစေ၊ 300 00:18:06,060 --> 00:18:07,211 Yuval Harari 301 00:18:07,235 --> 00:18:08,611 YNH: ကျေးဇူးအများကြီးတင်တယ်။ 302 00:18:08,635 --> 00:18:09,785 (လက်ခုပ်သံများ)