အလုပ်မှ ခေတ္တထွက်နားခဲ့တဲ့နောက်
အလုပ်ခွင် ပြန်ဝင်လာသူတွေကို
ကျွန်မက တစ်ကျော့ပြန်တွေလို့ခေါ်တယ်။
ဒီလူတွေဟာ သက်ကြီးရွယ်အိုတွေကို
စောင့်ရှောက်ဖို့၊ ကလေးစောင့်ရှောက်ရေး၊
တစ်ကိုယ်ရေ စိတ်ဝင်စားမှုတွေ
လိုက်စားဖို့၊ (သို့) ကျန်းမာရေး
ပြဿနာတွေအတွက် အလုပ်မှ နားခဲ့ရးသူတွေပါ။
နီးကပ်စွာဆက်နွယ်နေတာက မျိုးစုံလှတဲ့
အလုပ်အကိုင် ကူးပြောင်းသူတွေပါ၊
စစ်မှုထမ်းဟောင်းတွေ၊
စစ်မှုထမ်း အိမ်ထောင်ဘက်တွေ
အငြိမ်းစားယူထားတဲ့ အြငိမ်းစားတွေ၊
(သို့) ပြန်ပို့ခံရတဲ့ ပြည်ပြေးတွေပါ။
အလုပ်ကနားပြီး အလုပ်ပြန်ဝင်တာက
ခက်ခဲတဲ့ အကြောင်းက
အလုပ်ရှင်တွေနဲ့ တစ်ကျော့ပြန်တွေကြား
အဆက်ပြတ်မှုကြောင့်ပါ။
အလုပ်ရှင်တွေက အလုပ်ပြန်စရာမှာ
ကွာဟမှုနဲ့ လူတွေကို ခန့်တာကို
အရဲစွန့်မှု မြင့်တဲ့ အဆိုလို့
မြင်နိုင်ပြီး
အလုပ်နားထားတဲ့သူတွေဟာ သူတို့အလုပ်
ပြန်စဖို့ သူတို့ရဲ့ အရည်အချင်းတွေကို
သံသယရှိနိုင်ပါတယ်၊
အထူးသဖြင့် အကြာကြီး ပြတ်နေရင်ပေါ့။
အဆက်ပြတ်တာဟာ ကျွန်မ ဖြေရှင်းဖို့
ကြိုးစားနေတဲ့ ပြဿနာတစ်ရပ်ပါ။
အခုဆို အောင်မြင်တဲ့ တစ်ကျော့ပြန်တွေဟာ
နေရာတိုင်း၊ နယ်ပယ်တိုင်းမှာပါ။
ဒါက Sami Kafala ပါ။
သူဟာ UK က နျူကလိယ ရူပဗေဒပညာရှင်ဖြစ်ပြီး
သူ့ ကလေးငါးယောက်နဲ့ အိမ်မှာနေဖို့
အလုပ် ၅ နှစ်နားခဲ့သူပါ။
မကြာခင်က စင်္ကာပူ သတင်းစာက အကြာကြီး
အလုပ်ကနားပြီး အလုပ်ခွင် ပြန်ဝင်တဲ့
သူနာပြုတွေ အကြောင်း ရေးခဲ့တယ်။
အကြာကြီး အလုပ်နားတဲ့အကြောင်းဆိုလို့
ဒါက Mimi Kahn ပါ။
သူမက California မှာရှိတဲ့
Orange County က လူမှုဖူလုံရေး ဝန်ထမ်းပါ၊
၂၅ နှစ် အလုပ်နားပြီး လူမှုရေးလုပ်ငန်း
အဖွဲ့တစ်ခုမှာ
အလုပ်ပြန်ဝင်သူပါ။
ကျွန်မ သတိထားမိသမျှမှာ အကြာဆုံး
အလုပ်ရပ်နားမှုပါ။
တရားရုံးချုပ် တရားသူကြီး
Sandra Day O'Connor ဟာ
သူမရဲ့ လုပ်သက် အစောပိုင်းမှာ
၅ နှစ် အလုပ်က နားခဲ့တယ်။
ဒါကတော့ Tracy Shapiro ပါ၊ ၁၁ နှစ်
အလုပ် နားခဲ့သူပါ။
Tracy ဟာ အလုပ်ပြန်ဝင်ဖို့ ကြိုးစားသူ
တွေဆီကနေ Today Show က
အက်ဆေး ခေါ်ဆိုမှုတစ်ခုကို ဖြေခဲ့တယ်။
ဒါပေမဲ့ ခက်ခဲ့တဲ့ ကာလတစ်ခုပါ။
Tracy ရေးခဲ့တာက သူမဟာ အိမ်မှာရှိရတဲ့
အချိန်ကို နှစ်သက်တဲ့ မိခင်တစ်ဦးဖြစ်ပေမဲ့
ကွာရှင်းလိုက်တော့
အလုပ်ပြန်ဝင်ဖို့ လိုခဲ့တယ်၊
ပြီးတော့ အလုပ်ကို သူမရဲ့ ဘဝထဲ
တကယ်ကို ပြန်ယူလာချင်ခဲ့တယ်၊
သူမက အလုပ်ကို ချစ်တာကြောင့်ပါ။
Tracy ဟာ အလုပ်ရှာရာမှာ
ပျော်ပိုက်တယ်လို့ ကျွန်မတို့
ခံစားရတဲ့အခါမှာ ကျွန်မတို့ တော်တော်
များများ လုပ်တာကို လုပ်နေခဲ့တယ်။
ငွေကြေးနဲ့ ငွေစာရင်းပိုင်း ကဏ္ဍမှာ
ရှာနေခဲ့ပြီး
လွန်ခဲ့တဲ့ ကိုးလ အချိန်ကုန်ခံပြီး
အွန်လိုင်းမှာ
ကုမ္ပဏီတွေကို ဝီရိယရှိရှိ သုသေသနပြုပြီး
အလုပ်တွေ လျှောက်နေခဲ့ပေမဲ့
ရလဒ်မထူးခဲ့ပါ။
ကျွန်မ Tracy ကို ၂၀၁၁ ဇွန်လမှာ ဆုံခဲ့တယ်၊
Today Show က သူမ အခြေအနေတွေ
ပိုကောင်းအောင် ကူညီနိုင်မလားကြည့်ဖို့
သူမနဲ့ တွဲလုပ်နိုင်လားလို့
မေးတဲ့အခါမှာပါ။
Tracy ကို ကျွန်မ ပထမဆုံး ပြောခဲ့တာက
အိမ်ကနေထွက်ဖို့လိုတယ်လို့ပါ။
သူမရဲ့ အလုပ်ရှာတာကို
လူတိုင်းသိအောင်လုပ်ဖို့လိုပြီး
အလုပ်ပြန်ဝင်ဖို့ စိတ်ဝင်စားမှုအကြောင်း
သူမသိတာကို လူတိုင်းကိုပြောပြဖို့ပါ။
ပြောသေးတာက "ဘယ်ကိုမှ မရောက်တဲ့
စကားပြောဆိုတာတွေ
အများကြီး မင်းမှာရှိလိမ့်မယ်၊
ဒါတော့ မျှော်လင့်ထားပါ၊
ဒါနဲ့ စိတ်ဓာတ်မကျသွားနဲ့။
ဒါက နောက်ဆုံးမှာ အလုပ်
အခွင့်အလမ်းဆီကို ဦးတည်တဲ့
လက်တစ်ဆုပ်စာ ရှိလာမယ်လေ။"
Tracy နဲ့ ဖြစ်ပျက်ခဲ့တာကို နည်းနည်း
လေး ပြောပြပါမယ်။
ဒါပေမဲ့ အချိန်ပြည့် အလုပ်အင်အားစုကထွက်ပြီး
ကိုယ်တိုင် ၁၁ နှစ်တာ
အလုပ်နားပြီးတဲ့နောက်မှာ ကျွန်မ
တွေ့ရှိခဲ့တာတစ်ခုကို မျှဝေချင်တာပါ။
ပြီးတော့ ဒါက လူတွေက သင့်ကို
မြင်ကြတဲ့ အချိန်ထဲမှာ အေးခဲနေတာပါ။
ဒါရဲ့ ဆိုလိုချက်က လူတွေနဲ့
စတင် အဆက်အသွယ်ရပြီး
အတိတ်က လူတွေနဲ့ အဆက်အသွယ်
ပြန်ရတဲ့အခါမှာပါ။
သင်နဲ့အတူ အလုပ်လုပ်ခဲ့တဲ့ (သို့)
ကျောင်းတက်ခဲ့တဲ့ သူတွေပေါ့။
သူတို့ဟာ သင် အလုပ်မနားခင်ကအတိုင်း
မှတ်မိတော့မှာလေ။
အချိန်ကြာတော့ သင့်ပင်ကိုယ် အသိက
ယုတ်လျော့သွားပြီဆိုတာတောင်
ကျွန်မတို့ အများအြပား ကြုံရသလို
အတတ်ပညာပိုင်း လက္ခဏာတွေကနေ
ပိုပြီး ကွဲပြားသွားတာတောင်ပါ။
ဒီတော့ ဥပမာအနေနဲ့ သင့်ကိုယ်သင်
ဒီလိုပုံပေါက်နေတဲ့
လူတစ်ဦးလို ထင်ကောင်းထင်မိမယ်။
ဒါက ကျွန်မပဲ။ မှန်လုံကားလေးမောင်းပြီး
နောက်တစ်ရက်မှာ အရူးထနေတာလေ။
ဒါမှမဟုတ် ဒီမှာ မီးဖိုချောင်ထဲမှာလေ။
ဒါပေမဲ့ ဒီ အတိတ်က လူတွေက
ဒီအကြောင်း ဘာမှ မသိကြဘူး။
သင်ဖြစ်ခဲ့တာကိုပဲ မှတ်မိကြတာ၊
ဒါဟာ ဒီလူတွေနဲ့ ပြန်ဆက်သွယ်ဖို့ တကယ့်
ယုံကြည်ချက် မြှင့်တင်မှုတစ်ခုဖြစ်ပြီး
သင်အလုပ်ပြန်ဝင်တာ စိတ်ဝင်စားတဲ့
အကြောင်း သူတို့ရဲ့ တက်ကြွမှုကို သိရတာပါ။
ကိုယ်ပိုင် အလုပ်နားတာကနေ ရှင်းရှင်းကြီး
မှတ်မိနေတဲ့ နောက်တစ်ခုရှိသေးတယ်။
ဒါက ကျွန်မဟာ စီးပွားရေး သတင်းတွေနဲ့
အဆက်အသွယ် မရှိသလောက်ပါ။
ကျွန်မရဲ့ နောက်ခံက ဘဏ္ဍာရေးပါ၊
ကလေး လေးငယ်ယောက်ကို ပြုစုရင်း
အိမ်မှာနေတော့
စီးပွားရေး သတင်းတွေနဲ့
အဆက်အသွယ် မရှိသလောက်ပါ။
ဒါကြောင့် လန့်မိတာက လူတွေ့ဝင်ရမှာနဲ့
မရှိတော့တဲ့ ကုမ္ပဏီတွေ
အကြောင်းကို စပြောမိမှာကိုပေါ့။
ဒါကြောင့် Wall Street Journal ပြန်မှာရပြီး
တစ်ဖန် စီးပွားရေးလောကမှာ ဖြစ်ပျက်နေ
တာကို ကိုင်တွယ်ခဲ့ သလိုမျိုး
ခံစားမိတဲ့အထိ ခြောက်လလောက်
ကောင်းကောင်း ဖတ်လိုက်တယ်။
တစ်ကျော့ပြန်တွေဟာ အလုပ်အင်အားစုရဲ့
ရတနာတစ်ပါးလို့ ယုံကြည်မိကာ
အကြောင်းကတော့ ဒီမှာပါ။
ဘဝရဲ့ အဆင့်တွေကို တွေးပါ။
ကလေး အကြောင်းပြချက် အတွက်
အလုပ်နားတဲ့ ကျွန်မတို့အတွက်
သားဖွားခွင့် ပိုနည်းတာ (သို့) မရတာပါ။
ဒါကို ရှိနှင့်ပြီးပါပြီ။
ခင်ပွန်း (သို့) အဖော် နေရာပြောင်းတာ
ပိုနည်းပါတယ်။
ဘဝထဲမှာ ပိုအခြေကျတယ်။
ကြီးမားတဲ့ အလုပ် အတွေ့အကြုံရှိတယ်။
ပိုရင့်ကျက်တဲ့ အမြင်ရှိတယ်။
အလုပ်ရှင်ရဲ့ ကုန်ကျစရိတ်မှာ ကိုယ့်
ကိုယ်ကို ရှိနေဖို့ ကြိုးစားမနေဘူး။
ဒါ့အပြင် အလုပ်ပြန်ဝင်ဖို့ စွမ်းအင်၊
စိတ်ထက်သန်မှုရှိတယ်၊
တိတိကျကျဆို ကာလတစ်ခုအကြာ
ဒါနဲ့ ဝေးနေတာကြောင့်ပါ။
အခြားတစ်ဖက်မှာ အလုပ်ရှင်တွေနဲ့
စကားပြောကြည့်တော့
တစ်ကျော့ပြန်တွေကို ခန့်ထားတာနဲ့
ပတ်သက်ပြီး
အလုပ်ရှင်တွေမှာ ပူပန်မှုနှစ်ခုရှိတယ်။
ပထမတစ်ခုက တစ်ကျော့ပြန်တွေဟာ
နည်းပညာပိုင်း ခေတ်နောက်ကျတာကို
အလုပ်ရှင်တွေ ပူပန်ကြတယ်။
ကဲ ကျွန်မ ပြောနိုင်ပါတယ်၊
ကျွန်မကိုယ်တိုင် တစ်ချိန်မှာတော့ နည်းပညာ
ပိုင်း ခေတ်နောက်ကျနေတာပါ။
ဒါက ယာယီ အခြေအနေတစ်ခုပါ။
Lotus 1-2-3 သုံးခဲ့တဲ့ ဘဏ္ဍာရေး
စိစစ်ချက် အတော်ကြာက လုပ်ခဲ့ဖူးတယ်။
ဒီလောက် အဝေးကြီး ဘယ်သူ
မှတ်မိနိုင်လဲတော့ မသိဘူး။
ဒါပေမဲ့ ကျွန်မတော့ Excel မှာ
ပြန်သင်လိုက်ရတယ်။
ဒါက ဒီလောက်မခက်ပါဘူး။ ညွှန်ကြားချက်
အတော်များများကတူပါတယ်။
PowerPoint က အများကြီး
စိန်ခေါ်မှု ပိုရှိတယ်။
အခုတော့ PowerPoint တစ်ချိန်လုံး သုံးတယ်။
တစ်ကျော့ပြန်တွေကို ပြောပြတာက အလုပ်ရှင်
တွေက သူတို့တို အခြေခံ ရုံးပိုင်း စီမံမှု
ဆောဖ်ဝဲရဲ့ အလုပ်တဲ့ အသိပညာနဲ့
စားပွဲကို လာဖို့ မျှော်လင့်တာလို့။
သူတို့အနေနဲ့ အြမန်မရရင်
ရဖို့ကတော့ သူတို့တာဝန်ပါ။
သူတို့ လုပ်ကြပါတယ်။
တစ်ကျော့ပြန်တွေနဲ့ ပတ်သက်ပြီး
အလုပ်ရှင်တွေ ပူပန်တဲ့ ဒုတိယ အပိုင်းက
တစ်ကျော့ပြန်တွေဟာ သူတို့လုပ်ချင်တာကို
မသိမှာကို စိုးရိမ်ကြတယ်။
တစ်ကျော့ပြန်တွေကို ပြောပြတာက
အလုပ်နားစဉ်အတွင်း
သူတို့ရဲ့ စိတ်ဝင်စားမှုတွေနဲ့
ကျွမ်းကျင်မှုတွေ ပြောင်းသွားတယ်၊
မပြောင်းသွားဘူးဆိုတာကို
ကြိုးစား မှန်းဆကြဖို့ဖို့လိုတယ်လို့ပါ။
ဒါက အလုပ်ရှင်အလုပ်မဟုတ်ဘူး။
သူတို့ဟာ အများဆုံး တန်ဘိုးကို ထပ်ဖြည့်
နိုင်တယ်ဆိုတာ အလုပ်ရှင်ကို ပြသဖို့က
တစ်ကျော့ပြန်တွေရဲ့
တာဝန်ပါ။
၂၀၁၀ ကိုပြန်ကြည့်တော့ တစ်ခုခု
စသတိထားမိခဲ့တယ်။
၂၀၀၈ ကတည်းက အလုပ်ခွင်ပြန်ဝင်တဲ့
ပရိုဂရမ်ကို ခြေရာခံနေခဲ့ပြီး
၂၀၁၀ မှာ ရေတို အခပေး အလုပ်
အခွင့်အလမ်းရဲ့ အသုံးကို စသတိထားမိတယ်၊
ဒါကို အလုပ်သင်လို့ ခေါ်တာ၊ မခေါ်တာထက်
အတွေ့အကြုံလို အလုပ်သင်ဟာတစ်ယောက်ဟာ
အလုပ်ပြန်ဝင်ဖို့ ပညာရှင်တွေရဲ့
နည်းလမ်းတစ်ခုပါ။
Goldman Sachs နဲ့ Sara Lee တို့
ပြန်ဝင်တဲ့ အလုပ်သင် ပရိုဂရမ်တွေမှာ
စတင် ပူးပေါင်းတာ တွေ့မိတယ်။
ပြန်ဝင်တဲ့ အင်ဂျင်နီယာတစ်ဦး၊ အစဉ်အလာ
မဟုတ် ပြန်ဝင်တဲ့ အလောင်းအလျာတစ်ဦး
စစ်တပ်မှာ ဝင်ခွင့် အဆင့် အလုပ်သင်
ပရိုဂရမ်အတွက် လျှောက်ပြီး
နောက်မှ အမြဲတမ်းအလုပ်
တစ်ခုရသွားတာ တွေ့မိတယ်။
တက္ကသိုလ် နှစ်ခုဟာ အလုပ်သင်တွေကို
အလုပ်အကိုင်အတွင်း စီမံခန့်ခွဲရေး
ပညာရေး ပရိုဂရမ်အြဖစ်
ပေါင်းသွားတာ တွေ့ရတယ်။
ဒီတော့ ကျွန်မတွေ့နေတာတွေအကြောင်း
အစီရင်ခံစာတစ်စောင်ရေးပြီး
ဒါက Harvard Business Review အတွက်
"အသက် ၄၀ အလုပ်သင်" ခေါ်တဲ့
ဒီဆောင်းပါးဖြစ်လာတယ်။
အဲဒီက စာတည်းတွေကို ဒီခေါင်းစဉ်နဲ့
ဒီသရုပ်ဖော်ပုံအတွက်ပါ
ကျေးဇူးတင်ရမှာပါ။
အဲဒီမှာ ကောလိပ် အလုပ်သင်တွေကြားမှာ
အသက် ၄၀ အလုပ်သင်ကိုတွေ့နိုင်တယ်လေ။
ဒီနောက် Fox Business News ရဲ့ ကျေးဇူးနဲ့
ဒီစိတ်ကူးကို "အသက် ၅၀
အလုပ်သင်" လို့ ခေါ်ခဲ့တယ်။
(ရယ်သံများ)
ဒါနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု
ကုမ္ပဏီကြီးတွေအနက် ငါးခုမှာ
ဘဏ္ဍာရေး ပညာရှင်တွေ စုစောင်းဖို့
ပြန်ဝင်တဲ့အလုပ်သင်ပရိုဂရမ်တွေ ရှိကြတယ်။
အဲဒီအခိုက်မှာ ရာနဲ့ချီတဲ့ လူတွေ
ပါဝင်ကြတယ်။
ဒီအလုပ်သင်တွေက လစာရပြီး
အမြဲတမ်း အလုပ်တွေထိ တိုးသွားသူတွေဟာ
အသာစီးရတဲ့ အြပိုင်အဆိုင် လစာတွေပါ။
အခုတော့ အကြီးဆုံး အင်ဂျင်နီယာ
ကုမ္ပဏီတွေအနက် ခုနှစ်ဟာ
Society of Women Engineers နဲ့
အတူ ပဏာမ ခြေလှမ်းအဖြစ်
ပြန်ဝင်တဲ့အလုပ်သင်ပရိုဂရမ်တွေ
ရှေ့ပြေးစမ်းသပ်နေပါတယ်။
ကဲ ဘာလို့ ကုမ္ပဏီတွေဟာ ပြန်ဝင်တဲ့
အလုပ်သင်ကို လက်ခံယုံကြည်နေတာလဲ။
အကြောင်းကတော့ အလုပ်သင်ဟာ အလုပ်ရှင်ကို
သူတို့ရဲ့ ငှားရမ်းတဲ့ ဆုံးဖြတ်ချက်ကို လူ
တွေ့မေးမြန်းမှု တစ်သီကြီးအစား ရိုးစင်းတဲ့
တကယ့် အလုပ်ကို အခြေခံခွင့်
ပေးပြီး
အလုပ်ရှင်ဟာ အလုပ်သင်ကာလ မပြီးမချင်း
အြမဲ ငှားရမ်းတဲ့
ဆုံးဖြတ်ချက် ချစရာ မလိုတာကြောင့်ပါ။
ဒီစစ်ဆေးခြင်း ကာလဟာ တစ်ချို့
မန်နေဂျာတွေ တစ်ကျော့ပြန်တွေကို
ငှားရာမှာ စွဲနေတဲ့ တွေးဆထားတဲ့
ဘေးရန်ကို ဖယ်ရှားပြီး သူတို့ဟာ
ကြီးကျယ်တဲ့ အငှားတွေအဖြစ်
ပြောင်းသွားသူ ထူးကဲတဲ့
တစ်ကျော့ပြန်တွေကို စိတ်ဝင်စားသွားတယ်။
ကျွန်မတို့ ဘယ်လောက် ခရီးရောက်တာ တွေးပါ။
ဒါမတိုင်မီက အလုပ်ရှင်အများက
တစ်ကျော့ပြန်တွေ
ပါဝင်ဖို့ လုံးဝ စိတ်မဝင်စားခဲ့ကြဘူး။
အခုတော့ အထူးသဖြင့် စိတ်ထဲမှာ
တစ်ကျော့ပြန်တွေနဲ့အတူ
ပရိုဂရမ်တွေ ဖွံ့ဖြိုးနေတာတင်မက
သင့် ကိုယ်ရေးမှတ်တမ်းမှာ အဟ မရှိဘူးဆိုရင်
ဒီပရိုဂရမ်တွေကို လျှောက်လို့မရဘူးလေ။
ဒါက စစ်မှန်တဲ့ အဖွဲ့အစည်း ပြောင်းလဲမှုရဲ့
တကယ့် ပြောင်းလဲမှုရဲ့ အမှတ်အသားပါ၊
အကြောင်းက တစ်ကျော့ပြန်တွအတွက်
ဒီပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုရင်
အခြား အလုပ်အကိုင် ကူးပြောင်းသူတွေ
အတွက်ပါ ဖြေရှင်းပေးနိုင်ပါတယ်။
တကယ်က အလုပ်ရှင်တစ်ဦး ပြောဖူးတာက
သူတို့ ဝန်ထမ်းဟောင်းတွေ အလုပ်ပြန်ဝင်တာဟာ
သူတို့ရဲ့ ပြန်ဝင်တဲ့ အလုပ်သင် ပရိုဂရမ်မှာ
အခြေခံပါတယ်တဲ့။
အြငိမ်းစာ အလုပ်သင် ပရိုဂရမ် မရှိနိုင်တဲ့
အကြောင်းရင်း မရှိပါဘူး။
လူစုမတူပေမဲ့ စိတ်ကူးက အတူတူပါ။
ဒီတော့ Tracy Shapiro
ဖြစ်ပုံကို ပြောပါရစေ။
သူမဟာ အလုပ်ပြန်ဝင်ဖို့ သူမရဲ့
စိတ်ဝင်စားမှုကို
လူတိုင်းကို ပြောပြဖို့လိုတာကို သတိရပါ။
ကဲ သူမ အသိုင်းအဝိုင်းထဲက အြခား မိဘတစ်ဦး
နဲ့ အရေးပါတဲ့ ပြောဆိုမှုတစ်ခုက Tracy အတွက်
အလုပ်တစ်ခု ကမ်းလှမ်းဖို့ ဖြစ်သွားတယ်။
ဒါက ဘဏ္ဍာရေး ဌာနက စာရင်းကိုင် အလုပ်ပါ။
ဒါပေမဲ့ ယာယီ အလုပ်ပါ။
ကုမ္ပဏီက သူမကို ပြောတာက ဒါက ပိုကောင်းတာ
တစ်ခုခုကို ပြောင်းလဲနိုင်ခြေရှိတယ်၊
အာမခံတော့ မရှိဘူးတဲ့။
အချိန်က ၂၀၁၁ ဆောင်းဦးပါ။
Tracy က ဒီကုမ္ပဏီကို ကြိုက်တယ်၊
လူတွေကို ကြိုက်တယ်။
ရုံးက အိမ်ကနေ ၁၀ မိနစ်တောင် မရှိဘူး။
ဒါနဲ့ အြမဲတမ်း အချိန်ပြည့် အလုပ်အတွက်
အြခားကုမ္ပဏီက ဒုတိယ
ကမ်းလှမ်းမှုရှိတာတောင်မှ
ဒီအလုပ်သင်နဲ့ စွန့်စားဖို့
ဆုံးဖြတ်လိုက်ပြီး
အကောင်းဆုံးကို မျှော်လင့်လိုက်တယ်။
အင်း သူမရဲ့ မျှော်လင့်ချက်တွေ အားလုံး
အရာထင်ရင်း အဆုံးသတ်သွားတယ်၊
ကုမ္ပဏီဟာ ၂၀၁၂ အစမှာ သူမကို ရုံးမှာ
အမြဲတမ်းခန့်တာတင်မက
ပိုစိတ်ဝင်စားပြီး စိန်ခေါ်မှုရှိ
အောင်တောင် လုပ်ခဲ့တယ်၊
အကြောင်းက Tracy
ကိုင်တွယ်နိုင်တာ သိကြတာကိုး။
၂၀၁၅ ကို အြမန်ကျော်ရအောင်။
Tracy ရာထူးတိုးခံရတယ်။
ညဖက်မှာ MBA ယူဖို့ သူမအတွက် လစာပေးတယ်။
သူမအတွက် အလုပ်လုပ်ဖို့ နောက်တစ်ကျော့ပြန်
တစ်ယောက်တောင် ခန့်လိုက်တယ်။
Tracy ရဲ့ ယာယီအလုပ်က အလုပ်သင်တစ်ခုလို
အားစမ်းမှုတစ်ခုဖြစ်ပြီး
Tracy နဲ့ အလုပ်ရှင် နှစ်ရပ်လုံးအတွက်
အနိုင်တစ်ခုအဖြစ် အဆုံးသတ်သွားတယ်လေ။
ကဲ ကျွန်မ ရည်မှန်းချက်က ပြန်ဝင်တဲ့
အလုပ်သင် စိတ်ကူးကို
ပိုပိုများတဲ့ အလုပ်ရှင်တွေဆီ
ဆောင်ကြဉ်းပေးဖို့ပါ။
ဒါပေမဲ့ တစ်ချိန်တည်းမှာ
သင်တို့ဟာ အလုပ်ကနားပြီး
အလုပ်ခွင်ပြန်ဝင်မှာဆိုရင်
ပုံမှန် ပြန်ဝင်တဲ့ အလုပ်သင် ပရိုဂရမ်
မရှိတဲ့ အလုပ်ရှင်တစ်ဦးကို
အလုပ်သင် (သို့) အလုပ်သင်လို အစီအစဉ်တစ်ခု
အကြံပြုဖို့ မနှောင့်နှေးကြပါနဲ့။
သူတို့ရဲ့ ပထမဆုံးအောင်မြင်မှု
ဇာတ်လမ်းဖြစ်စေပြီး
သင်ဟာ ပိုများတဲ့ တစ်ကျာ့ပြန်တွေ
လာစေဖို့ နမူနာဖြစ်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)