1 00:00:01,440 --> 00:00:04,040 ကျွန်မဟာ ရေအောက် စူးစမ်းရေးသမားပါ၊ 2 00:00:05,480 --> 00:00:08,280 ပိုတိတိကျကျပြောရရင်၊ ဥမင်ရေငုပ်သမားပါ။ 3 00:00:09,200 --> 00:00:11,816 ကလေးတုန်းက အာကာသယာဉ်မှူး ဖြစ်ချင်ခဲ့ပေမဲ့ 4 00:00:11,840 --> 00:00:16,440 Canada မှာကြီးပြင်းခဲ့တဲ့ မိန်းကလေးတစ် ယောက်အနေနဲ့ ဒီအခွင့်ကို မရနိုင်ခဲ့ဘူး။ 5 00:00:17,680 --> 00:00:21,456 ဒါပေမဲ့ ဖြစ်နေတာက ကျွန်မတို့ဟာ အာကာသအကြောင်းကို 6 00:00:21,480 --> 00:00:25,816 ကမ္ဘာကို ဖြတ်ပြီး စီဆင်းနေတဲ့ ရေအောက်စီးကြောင်းတွေထက် ပိုသိကြတယ်။ 7 00:00:25,840 --> 00:00:28,800 မိခင်မြေကြီးရဲ့ တကယ့် အသက်သွေးကြောလေ။ 8 00:00:29,720 --> 00:00:33,096 ဒီတော့ အာကာသကို စူးစမ်းလေ့လာမယ့် အစား ဒီထက်ပိုပြီး မှတ်သားစရာကောင်းတာ 9 00:00:33,120 --> 00:00:35,576 တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ 10 00:00:35,600 --> 00:00:38,760 အတွင်းပိုင်းနေရာရဲ့ အံ့ဖွယ်ရာတွေကို စူးစမ်းချင်ခဲ့တယ်။ 11 00:00:39,920 --> 00:00:41,576 ကဲ လူတော်တော်များများက ပြောမှာက 12 00:00:41,600 --> 00:00:45,720 ဥမင်ရေငုပ်ခြင်းဟာ အန္တရာယ်အရှိဆုံး စူးစမ်းမှုဖြစ်လောက်တယ်လို့ပါ။ 13 00:00:46,560 --> 00:00:49,456 ဆိုလိုတာက ကိုယ့်တိုင် ဒီအခန်းထဲမှာလို့ စိတ်ကူးကြည့်လိုက်ပါ။ 14 00:00:49,480 --> 00:00:52,376 ရုတ်တရက် အမှောင်ထဲကို ထိုးဆင်းလိုက်တယ်ဆိုရင် 15 00:00:52,400 --> 00:00:54,816 တစ်ခုတည်းသောလုပ်စရာက ထွက်ပေါက်ရှာဖို့ပါ။ 16 00:00:54,840 --> 00:00:57,176 တစ်ခါတစ်ခါ ဒီကြီးမားတဲ့ နေရာတွေကို ကူးဖြတ်ရင်းနဲ့ 17 00:00:57,200 --> 00:01:00,536 အခြားအချိန်တွေမှာ ထိုင်ခုံတွေအောက်ကို တွားသွားရင်း 18 00:01:00,560 --> 00:01:03,096 ပါးလျတဲ့ လမ်းညွှန်ချက်နောက်လိုက်နာရင်း၊ 19 00:01:03,120 --> 00:01:07,856 နောက်အသက်ရှူတာကို ထောက်ပံ့တဲ့ အသက်ကယ်အကူကိုသာ စောင့်နေရင်းပေါ့။ 20 00:01:07,880 --> 00:01:09,600 ကဲ ဒါက ကျွန်မရဲ့ လုပ်ငန်းခွင်ပါ။ 21 00:01:10,760 --> 00:01:12,736 ဒါပေမဲ့ ဒီနေ့ ရှင်တို့ကို သင်ပြချင်တာက 22 00:01:12,760 --> 00:01:17,136 ကျွန်မတို့ ကမ္ဘာဟာ ပကတိကျောက်တုံးကြီး တစ်တုံးမဟုတ်ပဲ 23 00:01:17,160 --> 00:01:19,120 ရေမြှုပ်တစ်ခုနဲ့ ပိုတူတာပါ။ 24 00:01:19,960 --> 00:01:23,816 ကျွန်မတို့ ကမ္ဘာမြေရဲ့ ရေမြှုပ်ထဲက စိမ့် ပေါက် အများကြီးထဲကို ဖြတ်ကူးနိုင်ပေမဲ့ 25 00:01:23,840 --> 00:01:25,256 ကျွန်မ မတတ်နိုင်တဲ့နေရာမှာ 26 00:01:25,280 --> 00:01:30,296 အခြားသက်ရှိတွေနဲ့ အထည်ဒြပ်တွေဟာ ကျွန်မမပါပဲ ခရီးသွားနိုင်ကြတယ်။ 27 00:01:30,320 --> 00:01:33,336 ကျွန်မရဲ့ အသံက မိခင် မြေရဲ့ အတွင်းဘက် 28 00:01:33,360 --> 00:01:36,280 အကြောင်း သင်ကြားပေးမယ့် အရာပါ။ 29 00:01:38,640 --> 00:01:41,616 Antarctic ရေခဲစိုင်တွေအတွင်းက ဥမင်ရေငုပ်ဖို့ 30 00:01:41,640 --> 00:01:47,696 ဆုံးဖြတ်ချက်ချတုန်းက ကျွန်မအတွက် လမ်းညွှန်စာအုပ်မရှိခဲ့ဘူး။ 31 00:01:47,720 --> 00:01:52,136 ၂၀၀၀ ခုနှစ်မှာ ဒါက ကမ္ဘာမှာ အကြီးမားဆုံး ရွေ့ရှားနေတဲ့ ဝတ္ထုပါ။ 32 00:01:52,160 --> 00:01:54,176 ဒါကနေ Ross Ice Shelf ကွဲထွက်ခဲ့တော့ 33 00:01:54,200 --> 00:01:57,136 ရေခဲစွန်း ဂေဟဗေဒကို စူးစမ်းဖို့ ငုပ်ဆင်းခဲ့ပြီး ရေခဲအောက်ခြေက 34 00:01:57,160 --> 00:01:59,800 သက်ရှိသဏ္ဍာန်တွေကို ရှာခဲ့တယ်။ 35 00:02:00,440 --> 00:02:03,616 ရေငုပ်အသက်ရှူကိရိယာ လို့ခေါ်တဲ့ နည်းပညာကို သုံးပါတယ်။ 36 00:02:03,640 --> 00:02:07,856 ဒါက အာကာသမှာ လမ်းလျှောက်ဖို့ သုံးတဲ့ နည်းပညာနဲ့ အတော်တူပါတယ်။ 37 00:02:07,880 --> 00:02:10,336 နည်းပညာက လွန်ခဲ့တဲ့ ၁၀ နှစ်က စိတ်ကူးလို့ရနိုင်တာထက် 38 00:02:10,360 --> 00:02:13,096 ပိုနက်နက်သွားဖို့ကို ကျွန်မတို့ကို ထောက်ကူပေးတယ်။ 39 00:02:13,120 --> 00:02:15,176 ထူးဆန်းတဲ့ ဓာတ်ငွေ့တွေကို သုံးတော့ 40 00:02:15,200 --> 00:02:20,400 ရေအောက်မှာ နာရီ ၂၀ ကြာ အထိတောင် တာဝန်ယူနိင်တယ်။ 41 00:02:21,160 --> 00:02:23,336 ဇီဝဗေဒပညာရှင်တွေနဲ့ တွဲလုပ်ပါတယ်။ 42 00:02:23,360 --> 00:02:27,896 ဥမင်တွေဟာ အံ့စရာကောင်းတဲ့ သက်ရှိ သဏ္ဍာန်တွေ၊ ကျွန်မတို့ ဘယ်တုန်းကမှ 43 00:02:27,920 --> 00:02:30,720 ရှိတယ်လို့ မသိခဲ့တဲ့ မျိုးစိတ်တွေရဲ့တဲ့ သိုက်တွေဖြစ်နေတယ်။ 44 00:02:31,760 --> 00:02:35,056 ဒီသက်ရှိသဏ္ဍာန် အများအပြားဟာ တမူထူးခြားစွာ ရှင်သန်ကြတယ်။ 45 00:02:35,080 --> 00:02:39,016 တော်များများမှာ မျက်လုံး မရှိကြဘဲ နဂိုအရောင်ရယ်လို့ မရှိကြပဲ 46 00:02:39,040 --> 00:02:43,536 ဒီတိရစ္ဆာန်တွေဟာ အသက်လည်း အင်မတန်ရှည်ကြတယ်။ 47 00:02:43,560 --> 00:02:47,016 တကယ်က ဒီနေ့ ဒီဥမင်တွေထဲမှာ ကူးခပ်နေတဲ့ တိရစ္ဆာန်တွေဟာ 48 00:02:47,040 --> 00:02:49,536 ဒိုင်နိုဆော မျိုးသုဉ်းခြင်းထက် အလျင်ကျတဲ့ 49 00:02:49,560 --> 00:02:52,896 ရုပ်ကြွင်းမှတ်တမ်းထဲကနဲ့ တထေရာတည်းပါ။ 50 00:02:52,920 --> 00:02:56,656 ဒီတော့ ဒါတွေဟာ ကူးခပ်နတေဲ့ ဒိုင်နိုဆော ပေါက်စလေးတွေလို့ စိတ်ကူးကြည့်လိုက်ပါ။ 51 00:02:56,680 --> 00:03:00,120 သူတို့က ကျွန်မတိုကို ဆင့်ကဲဖြစ်စဉ်နဲ့ ရှင်ကျန်တာကို သင်ပေးနိုင်မလား။ 52 00:03:01,120 --> 00:03:05,136 ဖန်ဘူးထဲမှာ ကူးနေတဲ့ ဒီ remipede လို တိရစ္ဆာန်ကို ကြည့်တဲ့အခါ 53 00:03:05,160 --> 00:03:08,016 သူ့မှာ အဆိပ်ပါတဲ့ ဧရာမ အစွယ်တွေရှိတယ်။ 54 00:03:08,040 --> 00:03:12,296 သူ့အရွယ်ထက် အဆ ၄၀ ကြီးတဲ့ဟာကို တိုက်ခိုက်ပြီး သတ်ပစ်နိုင်တယ်။ 55 00:03:12,320 --> 00:03:14,096 သူသာ ကြောင်တစ်ကောင်အရွယ်ဆိုရင် 56 00:03:14,120 --> 00:03:16,720 ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး ဖြစ်လိမ့်မယ်။ 57 00:03:17,920 --> 00:03:21,176 ပြီးတော့ ဒီတိရိစ္ဆာန်တွေက အံ့လောက်အောင် လှပတဲ့ နေရာတွေမှာနေပြီး 58 00:03:21,200 --> 00:03:25,816 တစ်ချို့အခြေအနေတွေမှာ ဒီလို ဥမင်တွေဟာ အရမ်း သက်တမ်းနုပြီး 59 00:03:25,840 --> 00:03:27,576 တိရစ္ဆာန်တွေကတော့ ရှေးကျပါတယ်။ 60 00:03:27,600 --> 00:03:28,880 သူတို့ ဘယ်လိုရောက်လာခဲ့လဲ 61 00:03:29,880 --> 00:03:32,056 ရူပဗေဒပညာရှင်တွေနဲ့လည်း တွဲလုပ်ပါတယ်။ 62 00:03:32,080 --> 00:03:35,696 သူတို့ဟာ မကြာခဏတော့ ကမ္ဘာ့ရာသီ ဥတု အပြောင်းအလဲကို စိတ်ဝင်စားတာပါ။ 63 00:03:35,720 --> 00:03:38,016 ဂူတွေအတွင်းက ကျောက်တွေကို ယူနိုင်ပြီး 64 00:03:38,040 --> 00:03:41,096 ဒါတွေကို လွှာလိုက်ပြီး ကျောက်တွေအတွင်းက အလွှာတွေကို ကြည့်ကြတယ်။ 65 00:03:41,120 --> 00:03:43,056 သစ်ပင်တစ်ပင်ရဲ့ ကွင်းတွေလိုမျိုး 66 00:03:43,080 --> 00:03:45,096 သမိုင်းကို ပြန်ရေတွက်နိုင်ပြီး 67 00:03:45,120 --> 00:03:48,816 မတူညီတဲ့ ကာလတွေက ကျွန်မတို့ ကမ္ဘာရဲ့ ရာသီဥတုကို လေ့လာနိုင်ပါတယ်။ 68 00:03:48,840 --> 00:03:51,336 ဒီဓာတ်ပုံမှာမြင်ရတဲ့ အနီရောင်က 69 00:03:51,360 --> 00:03:54,696 တကယ်တော့ Sahara သဲကန္တာရက သဲမှုန်တွေပါ။ 70 00:03:54,720 --> 00:03:58,816 ဒီတော့ ဒါကို Atlantic သမုဒ္ဒရာတစ်လျှောက် တိုက်ခတ်တဲ့ လေက သယ်လာတယ်။ 71 00:03:58,840 --> 00:04:03,216 ဒီအဖြစ်မှာ Bahamas မှာရှိတဲ့ Abaco ကျွန်းပေါ်မှာ မိုးရွာချတယ်။ 72 00:04:03,240 --> 00:04:04,856 ဒါကို မြေကြီးက တဆင့် စုပ်ယူပြီး 73 00:04:04,880 --> 00:04:08,856 ဒီဥမင်တွေ အတွင်းဘက်က ကျောက် တွေပေါ်မှာ ၎င်းဘာသာ ပို့ချပါတယ်။ 74 00:04:08,880 --> 00:04:12,696 ဒီကျောက်တွေရဲ့ အလွှာတွေထဲကို ကြည့်လိုက် တော့ ကမ္ဘာပေါ်မှာ ရာသီဥတု 75 00:04:12,720 --> 00:04:15,496 အရမ်း၊ အရမ်း ခြောက်သွေ့ခဲ့တဲ့ ကာလတွေကို မြင်နိုင်ပြီး 76 00:04:15,520 --> 00:04:19,279 နှစ်သိန်းပေါင်းများစွာချီတဲ့ဆီ ပြန်သွားနိုင်ပါတယ်။ 77 00:04:20,560 --> 00:04:22,816 ရှေးပဝေသဏီကာလ ပညာရှင်တွေလည်း ကမ္ဘာပေါ်က 78 00:04:22,840 --> 00:04:26,136 အခြားကာလတွေမှာ ပင်လယ်မျက်နှာပြင် ရှိတဲ့ နေရာကို စိတ်ဝင်စားကြတယ်။ 79 00:04:26,160 --> 00:04:28,376 ဒါက Bermuda မှာပါ။ ဒီဒေသမှာ ကျွန်မတို့အဖွဲ့ 80 00:04:28,400 --> 00:04:31,456 အနက်ဆုံး ရေငုပ်တာတွေ စတင် တာဝန်ယူ လုပ်ဆောင်ဖူးခဲ့ပြီး 81 00:04:31,480 --> 00:04:33,096 ပင်လယ်ပြင်ဟာ လက်ရှိ အမြင့်တွေရဲ့ 82 00:04:33,120 --> 00:04:36,656 အောက် ပေရာပေါင်းချီတဲ့ကမ်းရိုးကို 83 00:04:36,680 --> 00:04:39,520 ရိုက်ခတ်ခဲ့ဖူးတဲ့ နေရာတွေကို ရှာနေခဲ့တယ်။ 84 00:04:40,880 --> 00:04:44,376 ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေနဲ့လည်း တွဲလုပ်ခဲ့ပါတယ်။ 85 00:04:44,400 --> 00:04:48,776 Mexico Bahamas နဲ့ Cuba လိုနေရာမျိုးတွေတောင်မှပါ၊ 86 00:04:48,800 --> 00:04:53,496 ယဉ်ကျေးမှု အကြွင်းအကျန်တွေနဲ့ ဥမင်တွေ အတွင်းက လူသား အကြွင်းအကျန်တွေပါ 87 00:04:53,520 --> 00:04:54,776 ရှာနေခဲ့ပြီး ဒါတွေက 88 00:04:54,800 --> 00:04:57,880 ဒီဒေသက အစောဆုံး နေထိုင်သူတစ်ချို့ အကြောင်း အများကြီးပြောပါတယ်။ 89 00:04:58,760 --> 00:05:02,256 ဒါပေမဲ့ ကျွန်မ အနှစ်သက်ဆုံး ပရောဂျက်က လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကပါ၊ 90 00:05:02,280 --> 00:05:04,804 မြေအောက် မျက်နှာပြင်ရဲ့ တိကျတဲ့ ပထမဆုံး သုံးဖက်မြင် 91 00:05:04,828 --> 00:05:08,136 မြေပုံလုပ်တဲ့ အဖွဲ့မှာ တစ်စိတ်တစ်ပိုင်း ပါဝင်တုန်းကပါ။ 92 00:05:08,160 --> 00:05:10,536 ဥမင်ကိုဖြတ်ပြီး ရိုက်သွင်းတဲ့ ကိရိယာက 93 00:05:10,560 --> 00:05:15,016 ကျွန်မတို့ ရိုက်သွင်းစဉ်မှာ သုံးဘက်မြင် ပုံစံကို တကယ်ပဲ ဖန်တီးနေပါတယ်။ 94 00:05:15,040 --> 00:05:17,096 ဥမင်ထဲက ကျွန်မတို့ရဲ့ တည်နေရာ အတိအကျကို 95 00:05:17,120 --> 00:05:21,800 မျက်နှာပြင်ဆီ ပြန်လွှင့်ပေးတဲ့ ကြိမ် နှုန်းနိမ့်လွန် ရေဒီယိုလည်း သုံးဖူးတယ်။ 96 00:05:22,320 --> 00:05:27,136 ဒါနဲ့ ကျွန်မဟာ အိမ်တွေ၊ စီးပွားရေးလုပ်ငန်း တွေ၊ ဘိုးလင်းမြောင်းတွေ၊ ဂေါက်ကွင်းတွေနဲ့ 97 00:05:27,160 --> 00:05:30,320 Sonny BBQ စားသောက်ဆိုင် ရဲ့ အောက်မှာတောင် ကူးခဲ့တာပေါ့။ 98 00:05:31,080 --> 00:05:33,176 တော်တော် မှတ်သားစရာပါ၊ ဒါက ကျွန်မကို 99 00:05:33,200 --> 00:05:36,096 သင်ပေးတာက ကမ္ဘာ့မျက်နှာပြင်မှာ ကျွန်မတို့လုပ်သမျှဟာ 100 00:05:36,120 --> 00:05:38,536 ကျွန်မတို့ သောက်သုံးတာဆီ ပြန်လာမယ်ဆိုတာပါ။ 101 00:05:38,560 --> 00:05:43,336 ကျွန်မတို့ရဲ့ ရေကမ္ဘာဟာ မြစ်တွေ၊ ကန်တွေ၊ သမုဒ္ဒရာတွေချည်းပဲ မဟုတ်ပဲ 102 00:05:43,360 --> 00:05:48,136 ကျွန်မတို့အားလုံးကို အတူတူဆက်ထားတဲ့ ကျယ်ပြန့်တဲ့ မြေအောက်ရေ ကွန်ရက်ပါ။ 103 00:05:48,160 --> 00:05:52,016 ကျွန်မတို့ သောက်တာအားလုံးအတွက် ဘုံအရင်းအမြစ်ပါ။ 104 00:05:52,040 --> 00:05:56,336 မြေအောက်ရေနဲ့ ပြီးတော့ ကျွန်မတို့ ဂြိုဟ်ပေါ်က ရေအရင်းအမြစ်တွေအားလုံးနဲ့ 105 00:05:56,360 --> 00:05:59,016 လူသား ဆက်နွှယ်နေပုံကို နားလည်လာနိုင်ရင် 106 00:05:59,040 --> 00:06:00,776 ဒီရာစုရဲ့ အရေးကြီးဆုံး ဖြစ်လောက်တဲ့ 107 00:06:00,800 --> 00:06:04,160 ပြဿနာကို ကျွန်မတို့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ 108 00:06:05,040 --> 00:06:08,456 ဒီတော့ ကိုယ်ဖြစ်ချင်ခဲ့တဲ့ အာကာသယာဉ်မှူး ဘယ်တော့မှ ဖြစ်မလာတော့ပေမဲ့ 109 00:06:08,480 --> 00:06:12,096 Dr. Bill Stone ရေးဆွဲတဲ့ ဒီပုံထုတ် ကိရိယာလေးတော့ ဖြစ်ပါလိမ့်မယ်။ 110 00:06:12,120 --> 00:06:13,536 ဒါက တကယ်ပဲ ပြောင်းလဲလိုက်တယ်။ 111 00:06:13,560 --> 00:06:16,856 အခုဆို ဉာဏ်ရည် တုပထားတဲ့ သူ့ဘာသာ 112 00:06:16,880 --> 00:06:18,536 မောင်းနှင်တဲ့ ရေးကူးတဲ့ စက်ရုပ်ပါ။ 113 00:06:18,560 --> 00:06:22,136 ၎င်းရဲ့ အန္တိမပန်းတိုင်က Jupiter ရဲ့လ Europa ကိုသွားဖို့ဖြစ်ပြီး 114 00:06:22,160 --> 00:06:26,760 ဒီကိုယ်ထည်ရဲ့ အေးခဲနေတဲ့ မျက်နှာပြင် အောက်က သမုဒ္ဒရာတွေကို စူးစမ်းဖို့ပါ။ 115 00:06:27,480 --> 00:06:29,400 ဒါက တော်တော် အံ့မခန်းပါပဲ။ 116 00:06:30,160 --> 00:06:35,880 (လက်ခုပ်သံများ)