လူတိုင်းဟာ သင်ယူသူ တစ်ယောက်ဖြစ်သလို သင်ကြားပေးသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါက ကျွန်တော့ရဲ့ လက်ဦးဆရာ ကျွန်တော့ မေမေဆီကနေ လှုံဆော်မှုတွေရရှိနေတဲ့ ကျွန်တော်ပါ။ နောက်ပြီး ဒါကတော့ ကျောင်းသား (၂၀၀)ကို ဉာဏ်ရည်တုအကြောင်းကို Stanford University မှာ သင်ကြားပေးနေတဲ့ ကျွန်တော်ပါ။ ဒါနဲ့ပဲ ကျွန်တော်ရော ကျောင်းသားတွေပါ စာသင်ခန်းကို နှစ်ချိုက်ကြတယ်ဆိုပါတော့ဗျာ။ ဒါပေမဲ့ ကျွန်တော်တွေကြုံခဲ့ရတာကတော့ သင်ကြားမယ့်အကြောင်းအရာနဲ့ စာသင်ခန်းက အဆင့်မြင့်ပြီး ခေတ်မီနေပေမယ့်ဗျာ သင်ကြားရေးနည်းပညာက အဲလိုမဟုတ်ဘူးဖြစ်နေတယ်လေ။ တကယိဆိုရင် ကျွန်တော်အသုံးပြုတဲ့ နည်းပညာက အခြေခံအားဖြင့်တော့ဗျာ (၁၄)ရာစုခေတ်က စာသင်ခန်းမှာ သုံးတဲ့အတိုင်းပဲလေ။ ပြဋ္ဌာန်းစာအုပ်ကိုပဲကြည့်လေ၊ စင်မြင့်ပေါ်က ပညာရှိကြီးပေါ့၊ ပြီးတော့ နောက်မှာက အိပ်ပျော်နေတဲ့ကောင်ပေါ့။ (ရယ်သံများ) ဒီနေ့ခေတ်လိုပါပဲဗျာ။ ဒီတော့ ကျွန်တော်နဲ့ ကျွန်တော့ တွဲဖက်ဆရာ Sebastian Thrun ပိုကောင်းတဲ့ နည်းလမ်းတစ်ခုတော့ ရှိကိုရှိရမယ်လို့ စဉ်းစားမိလိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ Stanford မှာရှိတဲ့ စာသင်ခန်းတွေထက် မသာရင်တောင်၊ အရည်အသွေးတူညီတဲ့ အွန်လိုင်း အတန်းတစ်ခုကို ဖန်တီးဖို့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ စိန်ခေါ်လိုက်ကြတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူမဆို အခမဲ့ ပါဝင်သင်ယူနိူင်ဖို့ပါ။ ဇူလိုင် (၂၉) မှာ အတန်းကို ကြေညာထုတ်ပြန်ပြီး သီတင်း(၂)ပတ်အတွင်းမှာ ဒီအတန်းအတွက် ဦးရေ(၅၀၀၀၀) စာရင်းသွင်းခဲ့ကြပြီးပါပြီ။ နောက်ပြီး နိူင်ငံပေါ်င်း (၂၀၉) နိူင်ငံက ကျောင်းသားဦးရေ (၁၆၀၀၀၀) အထိ တိုးပွားလာခဲ့ပါတယ်။ ဒီလိုမျိုး ပရိတ်သတ်ကြီး ရှိလာတယ်ဆိုတော့ ပီတိဖြာမိတာပေါ့ဗျာ။ ပြီးတော့ အတန်းပြင်ဆင်ရေး မပြီးစီးမှာကိုလည်း နည်းနည်းတော့လန့်တာပေါ့ဗျာ။ (ရယ်သံများ) ဒီတော့ ကျွန်တော်တို့ အလုပ်လုပ်ရတော့တာပေါ့ဗျာ။ အခြားသူတွေ ပြုစုထားခဲ့တာတွေကို လေ့လာခဲ့ကြပါတယ်။ ကူးလို့ရတာ ကူး၊ ပြောင်းလို့ရတာ ပြောင်းနဲ့ပေါ့။ Benjamin Bloom က တစ်ဦးချင်း သင်ကြားပေးခြင်းဟာ အကောင်းဆုံးလို့ ဆိုထားခဲ့ပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့မေမေလိုမျိုးပဲပေါ့၊ ဒါကြောင့် တစ်ယောက်နဲ့ ထောင်နဲ့ချီပြီးရှိနေလိမ့်မယ်ဆိုတာကို သိနေခဲ့တာတောင်မှပဲ ဒါကို ကျွန်တော်တို့ သူ့ထက်သာအောင် ကြိုးစားခဲ့တာပဲပေါ့၊ ဒီမှာက ခေါင်းပေါ်မှာရှိတဲ့ ဗီဒီယို ကင်မရာတစ်လုံးက ကျွန်တော် ပြောဆိုနေတုန်းနဲ့ စာရွက်တစ်ရွက်ပေါ်မှာ ရေးဆွဲနေတုန်းမှာ ကျွန်တော့ကို ရိုက်ယူနေတယ်လေ။ ကျောင်းသားတစ်ယောက် ပြောတာက "ဒီစာသင်ခန်းက ကိုယ်နားမလည်လိုက်တာတွေကို ရှင်းပြနေတဲ့ အရမ်းကိုတော်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဘားတစ်ခုထဲမှာ ထိုင်နေရသလိုမျိုးပဲဗျာ၊ ဒါပေမဲ့ ခင်ဗျားနားလည်တော့မယ်လေ"တဲ့။ ဒါဟာ ကျွန်တော်တို့ ရည်ရွယ်ရင်း အတိအကျပါပဲဗျာ။ ကဲ ခမ်း အကယ်ဒမီကပါ၊ အဲဒီ (၁၀)မိနစ်စာ ဗီဒီယိုအတိုလေးဟာ တစ်နာရီလောက်ကြာတဲ့ ပို့ချက်တစ်ခုကို ကြိုးစာပမ်းစား ရိုက်ကူးပြီးတော့ ပုံစံချထားတဲ့ ဖန်သားပြင်ကလေးပေါ်မှာတင်တာထက်စာရင် အများကြီးကို ပိုပြီးအလုပ်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်မိပါတယ်။ ပိုပြီးတိုတိုနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေ ပိုလုပ်နိုင်တဲ့ဆီကိုတောင်သွားကြဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ပုံမှန် ဗီဒီယိုက (၂)မိနစ်ပါ။ တစ်ခါတစ်ရံ ပိုတောင်တိုပါသေးတယ်၊ ဘယ်တော့မှ (၆)မိနစ်မကျော်ပါဘူး။ ပြီးတော့ ဉာဏ်စမ်းမေးခွန်းတစ်ခုမေးဖို့အတွက် ခဏရပ်ပါတယ်။ တစ်ဦးချင်း သင်ကြားသလိုမျိုး ခံစားမိစေဖို့ပါ။ ဒီမှာ ကွန်ပြူတာတစ်လုံးက စာကြောင်းတွေကို သရုပ်ခွဲဖို့ အင်္ဂလိပ်စာသဒ္ဒါကို ဘယ်လို အသုံးပြုတယ်ဆိုတာကို ကျွန်တော်ရှင်းပြနေတာပါ။ နောက်ဒီမှာကတော့ ခဏလေးရပ်လိုက်ပြီး ကျောင်းသားဟာ စဉ်းစားဆင်ခြင်ဖို့၊ ဘာတွေဆက်ဖြစ်နေဆယ်ဆိုတာ နားလည်ဖို့ နောက်ပြီး သူတို့ ရှေ့ကိုမဆက်ခင် မှန်တဲ့အကွက်ကို စစ်ဆေးကြည့်လိုပါတယ်။ ကျောင်းသားတွေအနေနဲ့ အကောင်းဆုံးသင်ယူမှုဆိုတာက သူတို့တွေ တက်တက်ကြွကြွနဲ့ လက်တွေ့လုပ်ဆောင်ရတဲ့အခါမှာပါ။ ကျွန်တော်တို့တွေအနေနဲ့ သူတို့တွေကို ပါဝင်ပတ်သက်စေချင်တယ်၊ မရေရာမှုတွေနဲ့ လုံးထွေးသတ်ပုတ်ပြီး၊ အဓိကကျတဲ့ အတွေးအခေါ်တွေကို သူတို့ဘာသာသူတို့ ပေါင်းစပ်ဖို့ကို လမ်းညွန်ပေးချင်ပါတယ်။ များသောအားဖြင့်တော့ ဒီလိုမေးခွန်းမျိုးကို ကျွန်တော်တို့ ရှောင်ပါတယ်။ " ရော့ ဒီမှာ ပုံသေနည်းဟေ့၊ ကဲ X ဟာ (၂)နဲ့ညီတယ်ဆိုရင် ငါ့ကို Y ရဲ့တန်ဖိုးကို ပြောစမ်းကွာ။" ကျွန်တော်တို့တွေဟာ ဖြန့်ထွက်တွေးရတဲ့ မေးခွန်းတွေကို ပိုကြိုက်ကြပါတယ်။ ကျောင်းသားတစ်ယောက် ရေးထားတာက "အခုတော့ ကျွန်တော် Bayes ကွန်ရက်နဲ့ ဂိမ်းသီအိုရီရဲ့ နမူနာတွေကို ဘယ်မှာကြည့်ကြည့် တွေ့နေပါတယ်။" ဒီလို ပြန်ကြားချက်မျိုးကို ကြိုက်ပါတယ်။ ကျွန်တော်တို့ ကြံရွယ်ထားတာလည်း ဒါပါပဲ။ ကျောင်းသားတွေကို ပုံသေနည်းတွေကို အလွတ်မကျက်စေချင်ခဲ့ပါဘူး။ သူတို့တွေ လောကကြီးကို ရှုမြင်ပုံကို ပြောင်းလဲစေချင်ခဲ့တာပါ။ ပြီတော့ ကျွန်တော်တို့ အောင်မြင်ခဲ့တာပေါ့။ ကျွန်တော်ပြောသင့်တာက ကျောင်းသားတွေ အောင်မြင်ခဲ့တယ်လို့ပေါ့ဗျာ။ နောက်ပြီး နည်းနည်းလေး လွဲနေတာတစ်ခုကတော့ ကျွန်တော်တို့တွေဟာ အစဉ်အလာ ပညာသင်ကြားရေးကို ဖျက်လိုဖျက်စီးလုပ်ဖို့ အစပျိုးပေးနေခဲ့တယ်ဆိုပါတော့ဗျာ။၊ အင်း....အဲဒီလိုလုပ်ရင်းကနေ အွန်လိုင်း စာသင်ခန်း ဆိုတာထက် သမားရိုကျ တက္ကသိုလ်က စာသင်ခန်းတစ်ခုနဲ့ အများကြီးပိုဆင်တူတဲ့ အွန်လိုင်း စာသင်ခန်းပြုလုပ်ဖို့ဆိုတာကို အဆုံးသတ်လိုက်ကြတယ်။ အွန်လိုင်း စာသင်ခန်းအများစုမှာ ဗီဒီယို သင်ခန်းစာတွေ အမြဲပဲ ရှိနေပါတယ်။ ခင်ဗျားကြိုက်တဲ့အချိန်မှာ ကြည့်လို့ရတယ်။ ဒါပေမဲ့ ခင်ဗျား အချိန်မရွေးလုပ်လို့ရတယ်ဆိုတာက ခင်ဗျား မနက်ဖြန်ရောက်မှ လုပ်လို့ရတယ်ဆိုတဲ့ သဘောနော်။ ဒီတော့ ခင်ဗျား မနက်ဖြန်ရောက်မှ လုပ်လို့ရတယ်ဆိုရင် ခင်ဗျား လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မှာပေါ့ဗျာ။ (ရယ်သံများ) ဒါကြောင့် ကျွန်တော်တို့ တိကျတဲ့ နေ့ရက်တွေ သတ်မှတ်ပေးခြင်းဆိုတဲ့ ဆန်းသစ်ပြောင်းလဲခြင်းတစ်ခုကို ပြန်လည်အသုံးပြုခဲ့တာပေါ့။ (ရယ်သံများ) ဗီဒီယိုကို သီတင်းပတ်အတွင်း ကြိုက်တဲ့အချိန်မှာ ကြည့်လို့ရပါတယ်၊ ဒါပေမဲ့ သီတင်းပတ်အဆုံးမှာတော့ ခင်ဗျားအိမ်စာကို အပြီးလုပ်ဖို့လိုပါတယ်။ ဒါဟာ ကျောင်းသားတွေကို ဆက်ဆက်ပြီးလုပ်စေဖို့ တွန်းအားပေးပါတယ်။ ပြီးတော့ လူတိုင်းဟာ တစ်ချိန်တည်းမှာ အကြောင်းအရာ တစ်မျိုးတည်းကို လုပ်နေတယ်လို့ အဓိပ္ပါယ်လည်း သက်ရောက်စေပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲကိုတက်ရောက်တယ်ဆိုရင် သူ့လို လေ့လာသူတစ်ယောက်ဆီက အဖြေတစ်ခုကို မိနစ်ပိုင်းအတွင်းရနိူင်တာပေါ့ဗျာ။ ကဲအခုခင်ဗျုးတို့ကို ဒီဆွေးနွေးပွဲတွေကို ပြသပါ့မယ်။ အများစုကတော့ ကျောင်းသားတွေကိုယ်တိုင် စုစည်းကျင်းပထားကြတာတွေပါ။ From Daphne Koller နှင့် Andrew Ng တို့ ဆီကပါ၊ ကျွန်တော်တို့တွေ စာသင်ခန်းကို "တစ်ပတ်လှန်ခြင်း"ဆိုတဲ့ အယူအဆတစ်ခုကို လေ့လာသိရှိခဲ့ရတယ်။ ကျောင်သားတွေဟာ ဗီဒီယိုကို သူတို့ဘာသာကြည့်ပြီး နောက်မှာတော့ ဒီအကြောင်းတွေကို ဆွေးနွေးဖို့ စုစည်းလိုက်ကြပါတယ်။ Eric Mazur ဆီကပါ၊ ကျွန်တော် အချင်ချင်း သင်ကြားပို့ချမှုအကြောင်းကို လေ့လာသိရှိခဲ့ရတယ်။ ကိုယ့်အဖော်တွေဟာ အကောင်းဆုံး ဆရာတွေပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ နားမလည်နိူင်တဲ့ဟာမျိုးဟာ ဘာလဲဆိုတာကို သတိရကြတဲ့ သူတွေဖြစ်ကြလို့ပါပဲ။ Sebastian နဲ့ ကျွန်တော်တို့ အဲဒီထဲက တစ်ချို့ကတော့ မေ့သွားကြပါပြီ။ တကယ်တမ်းကျတော့ ကျွန်တော်တို့မှာ ကျောင်းသားတွေ ထောင်နဲ့ချီပြီးရှိနေတဲ့ စာသင်ခန်း ဆွေးနွေးပွဲ တစ်ခု ကျင်းပဖို့ဆိုတာ မဖြစ်နိူင်ပါဘူးဗျာ။ ဒါကြောင့် ဒီ အွန်လိုင်း ဆွေးနွေးပွဲတွေကို အားပေးပြီး မြေတောင်မြှောက်ပေးခဲ့တာပေါ့ဗျာ။ ဒီတော့ နောက်ဆုံးကတော့ Teach For America ကပါ၊ ကျွန်တော် လေ့လာသိရှိလိုက်ရတာကတော့ စာသင်ခန်းတစ်ခုဆိုတာ သတင်းအချက်အလက်အတွက်ပဲ အဓိကမဟုတ်ဘူးဆိုတာပါ။ ပိုပြီး အဓိကကျတာက စိတ်ပါဝင်စားမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုပါ။ ကျွန်တော်တို့တွေဟာ သူတို့တွေအတွက် ကြိုးစာလုပ်ကိုင်ပေးနေကြတယ်၊ သူတို့တွေဟာ အချင်းချင်း ပံ့ပိုးပေးနေကြတယ်ဆိုတာကို ကျောင်းသားတွေ သိမြင်နားလည်ခြင်းက အရေးပါတာပါ။ ကဲ ဒီအတန်းက (၁၀)ပတ်ကြာခဲ့ပါတယ်။ အဆုံးမှာတော့ ကျောင်းသားပေါင်း(၁၆၀၀၀၀)ထဲက တစ်ဝက်လောက်ကတော့ တစ်ပတ်ကို ဗီဒီယိုတစ်ခုတော့ ကြည့်ခဲ့ကြပါတယ်။ (၂၀၀၀၀)ကျော်လောက်က အိမ်စာအားလုံးပြီးစီးကြပြီး နာရီပေါင်း(၅၀)နဲ့ (၁၀၀)အတွင်း သူတို့ အချိန်ပေးခဲ့ကြတယ်။ သူတို့တွေဟာ ဒီလို ပြီးမြောက်အောင်မြင်မှု ကြေညာချက်ကို ရရှိခဲ့ကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာတွေသိရှိသွားပြီလဲ။ ကောင်းပြီဗျာ၊ ကျွန်တော်တို့တွေ စိတ်ကူးဟောင်းတစ်ချို့နဲ့ အသစ်တစ်ချို့ကို စမ်းသပ်ပြီး ဒါတွေကို အတူကကွ ပေါင်းစပ်လိုက်ပါတယ်။ Sebastian ဟာ နောက်အတန်း တစ်ခုကို အခုသင်နေပါတယ်။ ကျွန်တော်ကတော့ ဆောင်းဦးမှာ တစ်တန်းစမှာပါ။ Stanford Stanford Coursera, Udacity, MITx နဲ့ အခြားနေရာတွေမှာ အတန်းတွေပိုများလာဖို့ရှိပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့အမြင် ဒါရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အစိတ်အပိုင်းက ကျွန်တော်တို့ စုဆောင်းနေကြတဲ့ အချက်အလက်တွေပါ။ တစ်တန်းချင်းစီမှာ ထောင်နဲ့ချီပြီးရှိတဲ့ ကျောင်းသားတိုင်းရဲ့ တုံ့ပြန်ဆက်သွယ်မှုတွေကို ကျွန်တော်တို့ စုဆောင်းနေကြပါတယ်၊ စုစုပေါင်းလိုက်ရင် တုံ့ပြန်ဆက်သွယ်မှုတွေ သန်းထောင်ချီပြီး ရှိနေတာပေါ့။ နောက်ပြီးတော့ ဒါကို ကျွန်တော်တို့ စီစစ်စိတ်ဖြာနေကြပြီး ဒါကနေ လေ့လာသိရှိ ၊ စမ်းသပ်လေ့လာမှုတွေ လုပ်ချိန်မှာတော့ ဒါဟာ တကယ့်ကို လုံးဝပြောင်းလဲခြင်းဖြစ်ပေါ်လာမယ့် အချိန်ပေါ့ဗျာ။ နောက်ပြီး အံ့ဩဖွယ်ရာကောင်းတဲ့ ကျောင်းသားတွေရဲ့ မျိုးဆက်သစ်တစ်ခုရဲ့ ရလဒ်အကျိုးဆက်တွေကို ခင်ဗျားတို့ မြင်ခွင့်ရနိူင်ပါလိမ့်မယ်။ (လက်ခုပ်သံများ)