0:00:01.135,0:00:03.111 လူတိုင်းဟာ သင်ယူသူ တစ်ယောက်ဖြစ်သလို 0:00:03.111,0:00:04.623 သင်ကြားပေးသူ တစ်ယောက်လည်းဖြစ်ပါတယ်။ 0:00:04.623,0:00:07.079 ဒါက ကျွန်တော့ရဲ့ လက်ဦးဆရာ 0:00:07.079,0:00:08.270 ကျွန်တော့ မေမေဆီကနေ လှုံဆော်မှုတွေရရှိနေတဲ့ 0:00:08.270,0:00:09.215 ကျွန်တော်ပါ။ 0:00:09.215,0:00:11.838 နောက်ပြီး ဒါကတော့ 0:00:11.838,0:00:13.791 ကျောင်းသား (၂၀၀)ကို ဉာဏ်ရည်တုအကြောင်းကို 0:00:13.791,0:00:15.031 Stanford University မှာ 0:00:15.031,0:00:16.303 သင်ကြားပေးနေတဲ့ ကျွန်တော်ပါ။ 0:00:16.303,0:00:17.759 ဒါနဲ့ပဲ ကျွန်တော်ရော ကျောင်းသားတွေပါ 0:00:17.759,0:00:18.935 စာသင်ခန်းကို နှစ်ချိုက်ကြတယ်ဆိုပါတော့ဗျာ။ 0:00:18.935,0:00:20.351 ဒါပေမဲ့ ကျွန်တော်တွေကြုံခဲ့ရတာကတော့ 0:00:20.351,0:00:22.062 သင်ကြားမယ့်အကြောင်းအရာနဲ့ 0:00:22.062,0:00:23.351 စာသင်ခန်းက အဆင့်မြင့်ပြီး 0:00:23.351,0:00:24.039 ခေတ်မီနေပေမယ့်ဗျာ 0:00:24.039,0:00:26.358 သင်ကြားရေးနည်းပညာက အဲလိုမဟုတ်ဘူးဖြစ်နေတယ်လေ။ 0:00:26.358,0:00:28.694 တကယိဆိုရင် ကျွန်တော်အသုံးပြုတဲ့ နည်းပညာက 0:00:28.694,0:00:31.064 အခြေခံအားဖြင့်တော့ဗျာ (၁၄)ရာစုခေတ်က 0:00:31.064,0:00:33.694 စာသင်ခန်းမှာ သုံးတဲ့အတိုင်းပဲလေ။ 0:00:33.694,0:00:36.494 ပြဋ္ဌာန်းစာအုပ်ကိုပဲကြည့်လေ၊ 0:00:36.494,0:00:39.438 စင်မြင့်ပေါ်က ပညာရှိကြီးပေါ့၊ 0:00:39.438,0:00:41.337 ပြီးတော့ နောက်မှာက အိပ်ပျော်နေတဲ့ကောင်ပေါ့။ 0:00:41.337,0:00:42.238 (ရယ်သံများ) 0:00:42.238,0:00:45.175 ဒီနေ့ခေတ်လိုပါပဲဗျာ။ 0:00:45.175,0:00:48.286 ဒီတော့ ကျွန်တော်နဲ့ ကျွန်တော့ တွဲဖက်ဆရာ 0:00:48.286,0:00:49.926 Sebastian Thrun ပိုကောင်းတဲ့ နည်းလမ်းတစ်ခုတော့ 0:00:49.926,0:00:51.700 ရှိကိုရှိရမယ်လို့ စဉ်းစားမိလိုက်ကြတယ်။ 0:00:51.700,0:00:53.354 ကျွန်တော်တို့ရဲ့ Stanford မှာရှိတဲ့ 0:00:53.354,0:00:54.645 စာသင်ခန်းတွေထက် မသာရင်တောင်၊ အရည်အသွေးတူညီတဲ့ 0:00:54.645,0:00:56.276 အွန်လိုင်း အတန်းတစ်ခုကို ဖန်တီးဖို့ 0:00:56.276,0:00:58.612 ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ စိန်ခေါ်လိုက်ကြတယ်။ 0:00:58.612,0:01:00.822 ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူမဆို 0:01:00.822,0:01:02.452 အခမဲ့ ပါဝင်သင်ယူနိူင်ဖို့ပါ။ 0:01:02.452,0:01:05.019 ဇူလိုင် (၂၉) မှာ အတန်းကို ကြေညာထုတ်ပြန်ပြီး 0:01:05.019,0:01:08.229 သီတင်း(၂)ပတ်အတွင်းမှာ ဒီအတန်းအတွက် ဦးရေ(၅၀၀၀၀) 0:01:08.229,0:01:09.636 စာရင်းသွင်းခဲ့ကြပြီးပါပြီ။ 0:01:09.636,0:01:12.741 နောက်ပြီး နိူင်ငံပေါ်င်း (၂၀၉) နိူင်ငံက 0:01:12.741,0:01:14.805 ကျောင်းသားဦးရေ (၁၆၀၀၀၀) အထိ တိုးပွားလာခဲ့ပါတယ်။ 0:01:14.805,0:01:16.613 ဒီလိုမျိုး ပရိတ်သတ်ကြီး ရှိလာတယ်ဆိုတော့ ပီတိဖြာမိတာပေါ့ဗျာ။ 0:01:16.613,0:01:17.734 ပြီးတော့ အတန်းပြင်ဆင်ရေး 0:01:17.734,0:01:20.373 မပြီးစီးမှာကိုလည်း 0:01:20.373,0:01:22.684 နည်းနည်းတော့လန့်တာပေါ့ဗျာ။ (ရယ်သံများ) 0:01:22.684,0:01:24.296 ဒီတော့ ကျွန်တော်တို့ အလုပ်လုပ်ရတော့တာပေါ့ဗျာ။ 0:01:24.296,0:01:25.932 အခြားသူတွေ ပြုစုထားခဲ့တာတွေကို လေ့လာခဲ့ကြပါတယ်။ 0:01:25.932,0:01:28.255 ကူးလို့ရတာ ကူး၊ ပြောင်းလို့ရတာ ပြောင်းနဲ့ပေါ့။ 0:01:28.255,0:01:30.916 Benjamin Bloom က တစ်ဦးချင်း သင်ကြားပေးခြင်းဟာ 0:01:30.916,0:01:32.725 အကောင်းဆုံးလို့ ဆိုထားခဲ့ပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့မေမေလိုမျိုးပဲပေါ့၊ 0:01:32.725,0:01:34.853 ဒါကြောင့် တစ်ယောက်နဲ့ ထောင်နဲ့ချီပြီးရှိနေလိမ့်မယ်ဆိုတာကို 0:01:34.853,0:01:36.293 သိနေခဲ့တာတောင်မှပဲ 0:01:36.293,0:01:37.798 ဒါကို ကျွန်တော်တို့ 0:01:37.798,0:01:39.716 သူ့ထက်သာအောင် ကြိုးစားခဲ့တာပဲပေါ့၊ 0:01:39.716,0:01:41.917 ဒီမှာက ခေါင်းပေါ်မှာရှိတဲ့ ဗီဒီယို ကင်မရာတစ်လုံးက 0:01:41.917,0:01:43.749 ကျွန်တော် ပြောဆိုနေတုန်းနဲ့ စာရွက်တစ်ရွက်ပေါ်မှာ ရေးဆွဲနေတုန်းမှာ 0:01:43.749,0:01:45.428 ကျွန်တော့ကို ရိုက်ယူနေတယ်လေ။ 0:01:45.428,0:01:47.837 ကျောင်းသားတစ်ယောက် ပြောတာက "ဒီစာသင်ခန်းက 0:01:47.837,0:01:48.989 ကိုယ်နားမလည်လိုက်တာတွေကို 0:01:48.989,0:01:50.468 ရှင်းပြနေတဲ့ အရမ်းကိုတော်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ 0:01:50.468,0:01:51.672 ဘားတစ်ခုထဲမှာ ထိုင်နေရသလိုမျိုးပဲဗျာ၊ 0:01:51.672,0:01:53.973 ဒါပေမဲ့ ခင်ဗျားနားလည်တော့မယ်လေ"တဲ့။ 0:01:53.973,0:01:56.089 ဒါဟာ ကျွန်တော်တို့ ရည်ရွယ်ရင်း အတိအကျပါပဲဗျာ။ 0:01:56.089,0:01:58.877 ကဲ ခမ်း အကယ်ဒမီကပါ၊ 0:01:58.877,0:02:00.701 အဲဒီ (၁၀)မိနစ်စာ ဗီဒီယိုအတိုလေးဟာ တစ်နာရီလောက်ကြာတဲ့ 0:02:00.701,0:02:02.477 ပို့ချက်တစ်ခုကို ကြိုးစာပမ်းစား ရိုက်ကူးပြီးတော့ 0:02:02.477,0:02:04.548 ပုံစံချထားတဲ့ ဖန်သားပြင်ကလေးပေါ်မှာတင်တာထက်စာရင် အများကြီးကို 0:02:04.548,0:02:06.965 ပိုပြီးအလုပ်ဖြစ်တယ်လို့ ကျွန်တော်တို့ မြင်မိပါတယ်။ 0:02:06.965,0:02:09.157 ပိုပြီးတိုတိုနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေ ပိုလုပ်နိုင်တဲ့ဆီကိုတောင်သွားကြဖို့ 0:02:09.157,0:02:10.805 ဆုံးဖြတ်ထားခဲ့ပါတယ်။ 0:02:10.805,0:02:13.052 ကျွန်တော်တို့ရဲ့ ပုံမှန် ဗီဒီယိုက (၂)မိနစ်ပါ။ 0:02:13.052,0:02:14.804 တစ်ခါတစ်ရံ ပိုတောင်တိုပါသေးတယ်၊ ဘယ်တော့မှ (၆)မိနစ်မကျော်ပါဘူး။ 0:02:14.804,0:02:17.493 ပြီးတော့ ဉာဏ်စမ်းမေးခွန်းတစ်ခုမေးဖို့အတွက် 0:02:17.493,0:02:18.860 ခဏရပ်ပါတယ်။ တစ်ဦးချင်း 0:02:18.860,0:02:20.738 သင်ကြားသလိုမျိုး ခံစားမိစေဖို့ပါ။ 0:02:20.738,0:02:23.140 ဒီမှာ ကွန်ပြူတာတစ်လုံးက စာကြောင်းတွေကို သရုပ်ခွဲဖို့ အင်္ဂလိပ်စာသဒ္ဒါကို 0:02:23.140,0:02:24.388 ဘယ်လို အသုံးပြုတယ်ဆိုတာကို ကျွန်တော်ရှင်းပြနေတာပါ။ 0:02:24.388,0:02:26.565 နောက်ဒီမှာကတော့ ခဏလေးရပ်လိုက်ပြီး 0:02:26.565,0:02:28.629 ကျောင်းသားဟာ စဉ်းစားဆင်ခြင်ဖို့၊ 0:02:28.629,0:02:30.866 ဘာတွေဆက်ဖြစ်နေဆယ်ဆိုတာ နားလည်ဖို့ 0:02:30.866,0:02:32.506 နောက်ပြီး သူတို့ ရှေ့ကိုမဆက်ခင် မှန်တဲ့အကွက်ကို 0:02:32.506,0:02:33.923 စစ်ဆေးကြည့်လိုပါတယ်။ 0:02:33.923,0:02:36.371 ကျောင်းသားတွေအနေနဲ့ အကောင်းဆုံးသင်ယူမှုဆိုတာက 0:02:36.371,0:02:37.619 သူတို့တွေ တက်တက်ကြွကြွနဲ့ လက်တွေ့လုပ်ဆောင်ရတဲ့အခါမှာပါ။ 0:02:37.619,0:02:39.915 ကျွန်တော်တို့တွေအနေနဲ့ သူတို့တွေကို ပါဝင်ပတ်သက်စေချင်တယ်၊ 0:02:39.915,0:02:42.883 မရေရာမှုတွေနဲ့ လုံးထွေးသတ်ပုတ်ပြီး၊ အဓိကကျတဲ့ အတွေးအခေါ်တွေကို 0:02:42.883,0:02:44.548 သူတို့ဘာသာသူတို့ ပေါင်းစပ်ဖို့ကို လမ်းညွန်ပေးချင်ပါတယ်။ 0:02:44.548,0:02:46.260 များသောအားဖြင့်တော့ ဒီလိုမေးခွန်းမျိုးကို ကျွန်တော်တို့ ရှောင်ပါတယ်။ 0:02:46.260,0:02:47.971 " ရော့ ဒီမှာ ပုံသေနည်းဟေ့၊ 0:02:47.971,0:02:49.046 ကဲ X ဟာ (၂)နဲ့ညီတယ်ဆိုရင် 0:02:49.046,0:02:50.258 ငါ့ကို Y ရဲ့တန်ဖိုးကို ပြောစမ်းကွာ။" 0:02:50.258,0:02:52.075 ကျွန်တော်တို့တွေဟာ ဖြန့်ထွက်တွေးရတဲ့ မေးခွန်းတွေကို ပိုကြိုက်ကြပါတယ်။ 0:02:52.075,0:02:55.253 ကျောင်းသားတစ်ယောက် ရေးထားတာက "အခုတော့ ကျွန်တော် 0:02:55.253,0:02:57.115 Bayes ကွန်ရက်နဲ့ ဂိမ်းသီအိုရီရဲ့ နမူနာတွေကို 0:02:57.115,0:02:58.683 ဘယ်မှာကြည့်ကြည့် တွေ့နေပါတယ်။" 0:02:58.683,0:03:00.421 ဒီလို ပြန်ကြားချက်မျိုးကို ကြိုက်ပါတယ်။ 0:03:00.421,0:03:02.227 ကျွန်တော်တို့ ကြံရွယ်ထားတာလည်း ဒါပါပဲ။ 0:03:02.227,0:03:04.421 ကျောင်းသားတွေကို ပုံသေနည်းတွေကို အလွတ်မကျက်စေချင်ခဲ့ပါဘူး။ 0:03:04.421,0:03:05.611 သူတို့တွေ လောကကြီးကို 0:03:05.611,0:03:06.701 ရှုမြင်ပုံကို ပြောင်းလဲစေချင်ခဲ့တာပါ။ 0:03:06.701,0:03:08.027 ပြီတော့ ကျွန်တော်တို့ အောင်မြင်ခဲ့တာပေါ့။ 0:03:08.027,0:03:10.427 ကျွန်တော်ပြောသင့်တာက ကျောင်းသားတွေ အောင်မြင်ခဲ့တယ်လို့ပေါ့ဗျာ။ 0:03:10.427,0:03:12.346 နောက်ပြီး နည်းနည်းလေး လွဲနေတာတစ်ခုကတော့ ကျွန်တော်တို့တွေဟာ 0:03:12.346,0:03:15.259 အစဉ်အလာ ပညာသင်ကြားရေးကို ဖျက်လိုဖျက်စီးလုပ်ဖို့ အစပျိုးပေးနေခဲ့တယ်ဆိုပါတော့ဗျာ။၊ 0:03:15.259,0:03:17.275 အင်း....အဲဒီလိုလုပ်ရင်းကနေ အွန်လိုင်း စာသင်ခန်း ဆိုတာထက် 0:03:17.275,0:03:18.859 သမားရိုကျ တက္ကသိုလ်က စာသင်ခန်းတစ်ခုနဲ့ 0:03:18.859,0:03:21.186 အများကြီးပိုဆင်တူတဲ့ အွန်လိုင်း စာသင်ခန်းပြုလုပ်ဖို့ဆိုတာကို 0:03:21.186,0:03:23.027 အဆုံးသတ်လိုက်ကြတယ်။ 0:03:23.027,0:03:26.242 အွန်လိုင်း စာသင်ခန်းအများစုမှာ ဗီဒီယို သင်ခန်းစာတွေ အမြဲပဲ ရှိနေပါတယ်။ 0:03:26.242,0:03:28.059 ခင်ဗျားကြိုက်တဲ့အချိန်မှာ ကြည့်လို့ရတယ်။ 0:03:28.059,0:03:30.346 ဒါပေမဲ့ ခင်ဗျား အချိန်မရွေးလုပ်လို့ရတယ်ဆိုတာက 0:03:30.346,0:03:31.851 ခင်ဗျား မနက်ဖြန်ရောက်မှ လုပ်လို့ရတယ်ဆိုတဲ့ သဘောနော်။ 0:03:31.851,0:03:33.259 ဒီတော့ ခင်ဗျား မနက်ဖြန်ရောက်မှ လုပ်လို့ရတယ်ဆိုရင် 0:03:33.259,0:03:35.421 ခင်ဗျား လုပ်ဖြစ်ချင်မှ လုပ်ဖြစ်တော့မှာပေါ့ဗျာ။ 0:03:35.421,0:03:37.179 (ရယ်သံများ) 0:03:37.179,0:03:39.371 ဒါကြောင့် ကျွန်တော်တို့ တိကျတဲ့ နေ့ရက်တွေ သတ်မှတ်ပေးခြင်းဆိုတဲ့ ဆန်းသစ်ပြောင်းလဲခြင်းတစ်ခုကို 0:03:39.371,0:03:41.458 ပြန်လည်အသုံးပြုခဲ့တာပေါ့။ (ရယ်သံများ) 0:03:41.458,0:03:42.770 ဗီဒီယိုကို သီတင်းပတ်အတွင်း 0:03:42.770,0:03:44.682 ကြိုက်တဲ့အချိန်မှာ ကြည့်လို့ရပါတယ်၊ 0:03:44.682,0:03:45.837 ဒါပေမဲ့ သီတင်းပတ်အဆုံးမှာတော့ 0:03:45.837,0:03:47.554 ခင်ဗျားအိမ်စာကို အပြီးလုပ်ဖို့လိုပါတယ်။ 0:03:47.554,0:03:49.467 ဒါဟာ ကျောင်းသားတွေကို ဆက်ဆက်ပြီးလုပ်စေဖို့ တွန်းအားပေးပါတယ်။ 0:03:49.467,0:03:52.323 ပြီးတော့ လူတိုင်းဟာ တစ်ချိန်တည်းမှာ အကြောင်းအရာ တစ်မျိုးတည်းကို လုပ်နေတယ်လို့ 0:03:52.323,0:03:53.841 အဓိပ္ပါယ်လည်း သက်ရောက်စေပါတယ်။ 0:03:53.841,0:03:55.338 ဒါကြောင့် ဆွေးနွေးပွဲကိုတက်ရောက်တယ်ဆိုရင် 0:03:55.338,0:03:58.042 သူ့လို လေ့လာသူတစ်ယောက်ဆီက အဖြေတစ်ခုကို မိနစ်ပိုင်းအတွင်းရနိူင်တာပေါ့ဗျာ။ 0:03:58.042,0:04:00.981 ကဲအခုခင်ဗျုးတို့ကို ဒီဆွေးနွေးပွဲတွေကို ပြသပါ့မယ်။ အများစုကတော့ 0:04:00.981,0:04:03.747 ကျောင်းသားတွေကိုယ်တိုင် စုစည်းကျင်းပထားကြတာတွေပါ။ 0:04:03.747,0:04:06.971 From Daphne Koller နှင့် Andrew Ng တို့ ဆီကပါ၊ ကျွန်တော်တို့တွေ 0:04:06.971,0:04:08.967 စာသင်ခန်းကို "တစ်ပတ်လှန်ခြင်း"ဆိုတဲ့ အယူအဆတစ်ခုကို လေ့လာသိရှိခဲ့ရတယ်။ 0:04:08.967,0:04:10.262 ကျောင်သားတွေဟာ ဗီဒီယိုကို 0:04:10.262,0:04:11.850 သူတို့ဘာသာကြည့်ပြီး နောက်မှာတော့ ဒီအကြောင်းတွေကို 0:04:11.850,0:04:13.560 ဆွေးနွေးဖို့ စုစည်းလိုက်ကြပါတယ်။ 0:04:13.560,0:04:16.716 Eric Mazur ဆီကပါ၊ ကျွန်တော် အချင်ချင်း သင်ကြားပို့ချမှုအကြောင်းကို လေ့လာသိရှိခဲ့ရတယ်။ 0:04:16.716,0:04:19.341 ကိုယ့်အဖော်တွေဟာ အကောင်းဆုံး ဆရာတွေပါဗျာ။ 0:04:19.341,0:04:20.773 ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ 0:04:20.773,0:04:23.621 နားမလည်နိူင်တဲ့ဟာမျိုးဟာ ဘာလဲဆိုတာကို သတိရကြတဲ့ သူတွေဖြစ်ကြလို့ပါပဲ။ 0:04:23.621,0:04:26.302 Sebastian နဲ့ ကျွန်တော်တို့ အဲဒီထဲက တစ်ချို့ကတော့ မေ့သွားကြပါပြီ။ 0:04:26.302,0:04:28.701 တကယ်တမ်းကျတော့ ကျွန်တော်တို့မှာ ကျောင်းသားတွေ 0:04:28.701,0:04:30.333 ထောင်နဲ့ချီပြီးရှိနေတဲ့ စာသင်ခန်း ဆွေးနွေးပွဲ တစ်ခု 0:04:30.333,0:04:31.879 ကျင်းပဖို့ဆိုတာ မဖြစ်နိူင်ပါဘူးဗျာ။ 0:04:31.879,0:04:35.365 ဒါကြောင့် ဒီ အွန်လိုင်း ဆွေးနွေးပွဲတွေကို အားပေးပြီး မြေတောင်မြှောက်ပေးခဲ့တာပေါ့ဗျာ။ 0:04:35.365,0:04:38.413 ဒီတော့ နောက်ဆုံးကတော့ Teach For America ကပါ၊ 0:04:38.413,0:04:39.894 ကျွန်တော် လေ့လာသိရှိလိုက်ရတာကတော့ စာသင်ခန်းတစ်ခုဆိုတာ 0:04:39.894,0:04:41.390 သတင်းအချက်အလက်အတွက်ပဲ အဓိကမဟုတ်ဘူးဆိုတာပါ။ 0:04:41.390,0:04:44.221 ပိုပြီး အဓိကကျတာက စိတ်ပါဝင်စားမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုပါ။ 0:04:44.221,0:04:46.061 ကျွန်တော်တို့တွေဟာ သူတို့တွေအတွက် ကြိုးစာလုပ်ကိုင်ပေးနေကြတယ်၊ 0:04:46.061,0:04:47.861 သူတို့တွေဟာ အချင်းချင်း ပံ့ပိုးပေးနေကြတယ်ဆိုတာကို 0:04:47.861,0:04:49.270 ကျောင်းသားတွေ သိမြင်နားလည်ခြင်းက အရေးပါတာပါ။ 0:04:49.270,0:04:52.238 ကဲ ဒီအတန်းက (၁၀)ပတ်ကြာခဲ့ပါတယ်။ 0:04:52.238,0:04:56.149 အဆုံးမှာတော့ ကျောင်းသားပေါင်း(၁၆၀၀၀၀)ထဲက တစ်ဝက်လောက်ကတော့ 0:04:56.149,0:04:57.712 တစ်ပတ်ကို ဗီဒီယိုတစ်ခုတော့ ကြည့်ခဲ့ကြပါတယ်။ 0:04:57.712,0:05:00.405 (၂၀၀၀၀)ကျော်လောက်က အိမ်စာအားလုံးပြီးစီးကြပြီး 0:05:00.405,0:05:02.069 နာရီပေါင်း(၅၀)နဲ့ (၁၀၀)အတွင်း သူတို့ အချိန်ပေးခဲ့ကြတယ်။ 0:05:02.069,0:05:03.622 သူတို့တွေဟာ ဒီလို ပြီးမြောက်အောင်မြင်မှု ကြေညာချက်ကို ရရှိခဲ့ကြပါတယ်။ 0:05:03.622,0:05:05.741 ဒီတော့ ကျွန်တော်တို့ ဘာတွေသိရှိသွားပြီလဲ။ 0:05:05.741,0:05:08.557 ကောင်းပြီဗျာ၊ ကျွန်တော်တို့တွေ စိတ်ကူးဟောင်းတစ်ချို့နဲ့ 0:05:08.557,0:05:10.214 အသစ်တစ်ချို့ကို စမ်းသပ်ပြီး 0:05:10.214,0:05:12.296 ဒါတွေကို အတူကကွ ပေါင်းစပ်လိုက်ပါတယ်။ 0:05:12.296,0:05:14.110 Sebastian ဟာ နောက်အတန်း တစ်ခုကို အခုသင်နေပါတယ်။ 0:05:14.110,0:05:15.478 ကျွန်တော်ကတော့ ဆောင်းဦးမှာ တစ်တန်းစမှာပါ။ 0:05:15.478,0:05:19.238 Stanford Stanford Coursera, Udacity, MITx နဲ့ 0:05:19.238,0:05:21.509 အခြားနေရာတွေမှာ အတန်းတွေပိုများလာဖို့ရှိပါတယ်။ 0:05:21.509,0:05:22.997 တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပေါ့ဗျာ။ 0:05:22.997,0:05:24.469 ဒါပေမဲ့ ကျွန်တော့အမြင် ဒါရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အစိတ်အပိုင်းက 0:05:24.469,0:05:27.445 ကျွန်တော်တို့ စုဆောင်းနေကြတဲ့ အချက်အလက်တွေပါ။ 0:05:27.445,0:05:30.141 တစ်တန်းချင်းစီမှာ ထောင်နဲ့ချီပြီးရှိတဲ့ ကျောင်းသားတိုင်းရဲ့ 0:05:30.141,0:05:31.797 တုံ့ပြန်ဆက်သွယ်မှုတွေကို ကျွန်တော်တို့ စုဆောင်းနေကြပါတယ်၊ 0:05:31.797,0:05:34.005 စုစုပေါင်းလိုက်ရင် တုံ့ပြန်ဆက်သွယ်မှုတွေ သန်းထောင်ချီပြီး ရှိနေတာပေါ့။ 0:05:34.005,0:05:36.509 နောက်ပြီးတော့ ဒါကို ကျွန်တော်တို့ 0:05:36.509,0:05:37.973 စီစစ်စိတ်ဖြာနေကြပြီး ဒါကနေ လေ့လာသိရှိ ၊ 0:05:37.973,0:05:39.214 စမ်းသပ်လေ့လာမှုတွေ လုပ်ချိန်မှာတော့ 0:05:39.214,0:05:41.454 ဒါဟာ တကယ့်ကို လုံးဝပြောင်းလဲခြင်းဖြစ်ပေါ်လာမယ့် အချိန်ပေါ့ဗျာ။ 0:05:41.454,0:05:44.230 နောက်ပြီး အံ့ဩဖွယ်ရာကောင်းတဲ့ ကျောင်းသားတွေရဲ့ 0:05:44.230,0:05:46.493 မျိုးဆက်သစ်တစ်ခုရဲ့ ရလဒ်အကျိုးဆက်တွေကို ခင်ဗျားတို့ မြင်ခွင့်ရနိူင်ပါလိမ့်မယ်။ 0:05:46.493,0:05:48.746 (လက်ခုပ်သံများ)