ထင်ရှားတဲ့ ရှေးဂရိကြီးတစ်ဦး တစ်ချိန်က ပြောခဲ့တာက "ရပ်ဖို့တစ်နေရာ ကျုပ်ကို ပေးပါ ကျုပ် ကမ္ဘာကြီးကို နေရာရွေ့လိုက်မယ်" တဲ့ဗျ ဒါပေမဲ့ ဒါက မဖြစ်တန်ရာတွေ လုပ်ပြဖို့ ပြောနေတဲ့ မှော်ဆရာတော့ မဟုတ်ပါဘူး၊ သူကတော့.. သင်္ချာပညာရှင် အာခမိဒိ ပါ။ မောင်းတံ နောက်ကွယ်က အခြေခံကျတဲ့ နိယာမကို ဖော်ထုတ်ပေး သူပါ။ တစ်ယောက်တည်းနဲ့ ဒီလောက် ကြီးမားတဲ့ ဝန်ထုပ်ကို ရွှေ့မယ့် သူရဲ့ စိတ်ကူးက မှော်ပညာဆန် နေနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တာကတော့ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ဒါကို မြင်နေရတာပါ။ ခင်ဗျား မှတ်မိနိုင်တဲ့ အကောင်းဆုံး ဥပမာတွေထဲက တစ်ခုဟာ ကလေး ကစားကွင်းထဲက နိမ့်မောင်း မြင့်မောင်း သို့မဟုတ် စီးဆောပါ။ ခင်ဗျားနဲ့ မိတ်ဆွေတစ်ဦး အဲဒါကို တက်စီးကြတယ် ဆိုပါတော့ ခင်ဗျားတို့ နှစ်ယောက်လုံး အလေးချိန်တူနေရင် မောင်းကို ခပ် လွယ်လွယ်လေး နိမ့်ချီ မြင့်ချီ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား မိတ်ဆွေက အချိန်ပိုစီးသွားရင် ဘာဖြစ်သွားမလဲ။ ရုတ်တရက်၊ ခင်ဗျား လေထဲမှာ ထိုးရပ်သွားမှာပါ။ ကံကောင်းတာက ဘာလုပ်ရမှာကို ခင်ဗျားသိနေနိုင်ပါတယ်။ စီးဆောပေါ်မှာ နောက်ကိုလှန်ပေးရုံနဲ့ အောက်ကို ခင်ဗျား ပြန်ဆင်းသွားပါတယ်။ ဒါက ရိုးရိုးလေးပဲ၊ သိရအလွယ်လေးပဲ ထင်စရာပါ။ ဒါပေမဲ့ ခင်ဗျား တကယ်တမ်း လုပ်လိုက်တာ လေးလွန်းတဲ့ တခြား ဝန်တစ်ခုကိုမဖို့ ကုတ်ကို အသုံးချလိုက်တာပါ။ ဒီ ကုတ်ဟာ သာမန်စက်အမျိုးအစား လို့ခေါ်တဲ့ စက်တွေထဲက စက် တစ်ခုပါ။ ရူပဗေဒရဲ့ အခြေခံ ဥပဒေသတွေကို ပါးပါးနပ်နပ် အသုံးပြုထားပြီး အလုပ် လုပ်ဖို လိုအပ်တဲ့ စွမ်းအင်ကို ပမာဏ လျော့ချပေးတဲ့ အခြေခံ ပစ္စည်းပါပဲ။ ၎င်း လုပ်ဆောင်ပုံကို တစ်ချက်ကြည့်လိုက်စို့။ ကုတ်တိုင်းမှာပါတဲ့ အဓိက သုံးပိုင်းက စိုက်မောင်း၊ ခံမောင်းနဲ့ လည်ချက်တွေပါ။ ခုကိစ္စမှာတော့ ခင်ဗျားရဲ့ ကိုယ်အလေးချိန်က စိုက်အားပါ။ ခင်ဗျား သူငယ်ချင်းရဲ့ ကိုယ်အလေးချိန်ကတော့ ခုခံအားပါ။ အာခမိဒိ သိခဲ့တာက ဒီအားတွေနဲ့ လည်ချက်မှ အကွာအဝေးပမာဏတွေရဲ့ ကြားက အရေးပါတဲ့ ဆက်သွယ်ချက် တစ်ခုရှိတာကိုပါ။ စိုက်အားနဲ့ စိုက်မောင်းရဲ့ အလျား မြောက်လဒ်က ခုခံအားနဲ့ ခံမောင်းရဲ့အလျားမြောက်လဒ်တို့ ညီချိန်မှာတော့.. ကုတ် ဟာ ဘက်ညီသွားပါတယ်။ ဒါက jouleနဲ့တိုင်းတဲ့ အလုပ်ဟာ အားသုံးတဲ့ အကွာအဝေးပေါ်မူတယ်ဆိုတဲ့ ရူပဗေဒရဲ့ အခြေခံ ဥပဒေသတွေထဲက တစ်ခုပေါ်မှာ အခြေခံပါတယ်။ ကုတ်က တစ်ခုခုကို မဖို့လိုအပ်တဲ့ အလုပ် ပမာဏကို လျော့မပေးနိုင်ပေမဲ့ ခင်ဗျားကိုတော့ အတိုး အလျော့ ပေးလုပ်ပါတယ်။ အကွာအဝေး တိုးရင် ခင်ဗျား အားအနည်းငယ်ပဲ သုံးနိုင်ပါတယ်။ အရာ၀တ္ထုကို တိုက်ရိုက် မလိုက်ခြင်းထက် ကုတ်က ၀တ္ထုရဲ့ အလေးချိန်ကို စိုက်မောင်းနဲ့ ခံမောင်းတို့ရဲ့ အကွာအဝေး တစ်လျောက်လုံး ပြန့်ထွက်စေခြင်းဖြင့် အလုပ် ပြီးမြောက်ဖို့ ပို လွယ်ကူသွားစေပါတယ်။ ဒီတော့ ခင်ဗျားထက် နှစ်ဆ လေးတဲ့ ခင်ဗျားရဲ့ မိတ်ဆွေကို မဖို့ဆိုရင် သူနဲ့ ဗဟိုကြား အကွာအဝေးထက် နှစ်ဆ ပိုဝေးရာမှာ ခင်ဗျား ထိုင်ဖို့လိုပါတယ်။ အလားတူပဲ ခင်ဗျား ကိုယ်အလေးချိန်ရဲ့ လေးပုံတစ်ပုံသာရှိတဲ့ သူ့ ညီမက ခင်ဗျားထက် လေးဆလောက်ပိုဝေးတဲ့ နေရာမှာ ထိုင်ပြီး ခင်ဗျားကို ပြန်မနိုင်ပါတယ်။ ဆီးဆောက အပျော်ပါ။ ဒါပေမဲ့ ကုတ်တွေရဲ့ ပတ်သက်ဆက်နွယ်မှုတွေနဲ့ အသုံးပြုနိုင်တာတွေက ဒီထက်မက ပိုလို့ အထင်ကြီးလောက်စရာဖြစ်ပါတယ်။ လေးလွန်းတဲ့ အရာတွေကို လိုသလောက် ရှည်တဲ့ ကုတ် တစ်ချောင်းနဲ့ မနိုင်ပါတယ်။ ကိုယ်အလေးချိန် ပေါင် ၁၅၀ သို့မဟုတ် ၆၈ ကီလိုရှိသူက ကားလေးတစ်စီးနဲ့ ချိန်ခွင်ညှိဖို့ ၃.၇ မီတာ အရှည်ရှိတဲ့ ကုတ် တံတစ်ချောင်း ဒါမှမဟုတ် ပိရစ်မစ်တွေ ဆောက်ရာမှာ သုံးတဲ့ ၂.၅ တန် ကျောက်တုံးကို မဖို့ဆို ၁၀ မီတာ ရှည်တဲ့ ကုတ်ကို အသုံးနိုင်ပါတယ်။ အီဖယ် မျှော်စင်ကြီးကို မချင်ရင်တော့ ခင်ဗျားရဲ့ ကုတ်ဟာ နည်းနည်းပိုရှည်ရမှာပါ ၄၀.၆ ကီလိုမီတာ လောက်ပေါ့။ ဒီတော့ အာခမိဒိရဲ့ ကျော်ကြားတဲ့ ကြုံးဝါးသံဆိုရင်ရော သဘောတရား အရဖြစ်နိုင်တာ သေချာပါတယ်။ ကမ္ဘာက ၆ x ၁၀^၂၄ ကီလိုဂရမ် ရှိပြီးတော့ လမင်း က ၃၈၄,၄၀၀ ကီလိုမီတာ အကွာလောက်မှာ ရှိတော့ လည်ချက် လုပ်လို့ရလိမ့်မယ်။ ဒီတော့ ကမ္ဘာကြီးကို ခင်ဗျား မဖို့ အလင်းနှစ် quadrillion လောက် ရှည်တဲ့ ကုတ် တစ်ချောင်းလိုပါတယ်။ အကွာအဝေးက Andormeda ကြယ်စုထက် ၁.၅ ဘီလျံ ဝေးပါတယ် အဲဒီနေရာဟာ ခင်ဗျားရပ်ဖို့ နေရာပါပဲ။ ဒီတော့ သာမန် စက်တစ်ခုပေမဲ့ ကုတ်ဟာ သိပ် အံဩဖွယ်ရာတွေကို လုပ်ပြနိုင်တဲ့ အရည်အသွေးရှိပါတယ်။ ကုတ်နဲ့ တခြား ရိုးရှင်းတဲ့ စက်တွေရဲ့ အခြေခံအစိတ်အပိုင်းတွေကို ကျုပ်တို့ ဝန်းကျင်က အမျိုးမျိုးသော ကိရိယာ တန်ဆာပလာတွေမှာ မြင်တွေ့ရပါတယ်။ ဒီတော့ ကျုပ်တို့အပြင် တခြားတိရစ္ဆာန်တွေ ရှင်သန်ခွင့် တိုးမြင့်အောင် ဒါမှမဟုတ် ရှင်သန် နေထိုင်မှုတွေကို ပိုလွယ်ကူစေဖို့ သုံးပါတယ်။ အဆုံးမှာတော့ ဒါဟာ ကမ္ဘာကို လည်ပတ်စေတဲ့ စက်ပစ္စည်းတွေရဲ့နောက်ကွယ်က သင်္ချာ အခြေခံသဘောတရားတွေပါ။