တစ်ခုခုကို အသေအချာ အာရုံစိုက်ရတာ၊
တကယ်တော့ မလွယ်ဘူးနော်။
ကျွန်တော်တို့ အာရုံစိုက်မှုဟာ တစ်ကြိမ်မှာ
အရမ်းများတဲ့ လမ်းကြောင်းစုံထဲ အဆွဲခံရကာ
တကယ်က သင်ဟာ စူးစိုက်နေနိုင်တယ်ဆိုရင်
အတော်လေး အထင်ကြီးစရာပါ။
အာရုံစိုက်တာဟာ ကျွန်တော်တို့ စူးစိုက်နေတဲ့
အရာလို့ လူတော်တော်များများ ထင်ကြပေမဲ့
ဒါဟာ ဦးနှောက်က စစ်ထုတ်နေတဲ့
အရာတွေအကြောင်းလည်း ဟုတ်ပါတယ်
သင့်အာရုံကို ဦးတည်ပေးဖို့
နည်းလမ်းနှစ်ခုရှိပါတယ်။
ပထမ ဗြောင်ကျတဲ့အာရုံစိုက်ခြင်းပါ
ဗြောင်ကျတဲ့ အာရုံစိုက်ခြင်းမှာ
တစ်ခုခုကို အာရုံစိုက်ဖို့ မျက်လုံးတွေကို
၎င်းဘက်ကို ရွှေ့ပါတယ်။
နောက်ပြီး တိတ်တခိုး အာရုံစိုက်ခြင်းပါ။
တိတ်တခိုး အာရုံစိုက်ခြင်းမှာ
တစ်ခုခုကို အာရုံစိုက်ပေမဲ့
မျက်လုံးတွေကိုတော့ မရွှေ့ပါဘူး။
ကားမောင်းတာကို ခဏလောက်တွေးကြည့်ပါ။
သင့်ရဲ့ ဗြောင်ကျတဲ့ အာရုံစိုက်ခြင်း
မျက်လုံးတွေရဲ့ ဦးတည်ရာဟာ
ရှေ့မှာပါ။
ဒါပေမဲ့ တိတ်တခိုး အာရုံစိုက်ခြင်းမှာ
ပတ်ဝန်းကျင် ဧရိယာကို
အမြဲ အနှံ့ကြည့်နေတော့
ဒါတွေကို တကယ်ကြည့်နေတာ မဟုတ်ပါဘူး။
ကျွန်တော်က ကွန်ပြူတာ အာရုံကြောပညာရှင်ပါ။
ဦးနှောက် စက် သိမှတ်မှု ကြားခံတွေ
(သို့) ဦးနှောက်နဲ့ စက်
အတူတူတွဲပေး ရာမှာ လုပ်ကိုင်ပါတယ်။
ဦးနှောက်အဆင်တွေကို သဘောကျတယ်။
ဒါတွေဟာ ကျွန်တော်တို့အတွက် အရေးပါတယ်
အကြောင်းက ဒါတွေကို အခြေခံပြီး ကွန်ပြုတာတွေ
အတွက် ပုံစံငယ်တွေဆောက်နိုင်ပြီး
ဒီပုံစံငယ်တွေကို အခြေခံပြီး
ကွန်ပြူတာတွေ ကျွန်တော်တို့ ဦးနှောက်
ကောင်းစွာလုပ်ဆောင်ပုံကို မှတ်မိနိုင်လို့ပါ
ဒါက ကောင်းမွန်စွာ အလုပ်မလုပ်ရင်
ဒီကွန်ပြူတာတွေကို ကုထုံးတွေအတွက်
အကူကိရိယာတွေအဖြစ်
သုံးနိုင်ပါတယ်။
ဒါပေမဲ့ ဒါက တစ်ခုခု ဆိုလိုသေးတယ်၊
အကြောင်းက မှားယွင်းတဲ့ အဆင်တွေကို
ရွေးချယ်ခြင်းဟာ
ကျွန်တော်တို့ကို ပုံစံအမှားတွေပေးတော့
ကုထုံးအမှားတွေဖြစ်ပါလိမ့်မယ်။
ဟုတ်တယ်နော်။
အာရုံစိုက်ခြင်း ကိစ္စမှာ
အာရုံစိုက်မှုကို
မျက်လုံးတွေကနေ
ရွေ့နိုင်တယ်ဆိုတဲ့ အချက်တင်မက
တွေးခြင်းနဲ့လည်း
တိတ်တခိုးအာရုံစိုက်မှုကို ကွန်ပြူတာတွေ
အတွက် စိတ်ဝင်စားစရာ ပုံစံ ဖန်တီးနိုင်တယ်။
ဒီတော့ ကျွန်တော်သိချင်တာက
သင်ဟာ ဗြောင်ကျကျ (သို့)
တိတ်တခိုးကြည့်တဲ့အခါ ဦးနှောက်လှိုင်း
အဆင်တွေက ဘာတွေလဲဆိုတာပါ။
ဒါအတွက် စမ်းသပ်မှုတစ်ခု တည်လိုက်တယ်။
ဒီစမ်းသပ်မှုမှာ မှိတ်တုတ်
ဖြစ်နေတဲ့ စတုရန်း နှစ်ခုရှိပြီး
တစ်ခုက အခြားတစ်ခုထက်
မှိတ်တုတ်နှုန်း ပိုနှေးပါတယ်။
သင်အာရုံစိုက်နေတဲ့ ဒီမှိတ်တုတ်အလင်းရောင်
တွေ အပေါ်မူတည်ပြီး
သင့်ဦးနှောက်ရဲ့ အချို့အပိုင်းတွေဟာ
ဒီမှိတ်တုတ်အလင်းနှုန်းအတိုင်း
အလားတူနှုန်းနဲ့ အသံဟိန်းပါတယ်။
ဒါနဲ့ သင့်ဦးနှောက် အချက်ပြတွေကို
စိစစ်ရင်းကနေ
သင်ဘယ်ကို ကြည့်နေတယ်
(သို့) ဘာကို အာရုံစိုက်နေတယ်ဆိုတာ
ခြေရာခံနိုင်ပါတယ်။
ဒီတော့ ဗြောင်ကျတဲ့ အာရုံစိုက်မှုလုပ်တဲ့အခါ
သင့်ဦးနှောက်မှာ ဖြစ်ပေါ်တာကိုမြင်ဖို့
လူတွေကို ဒီစတုရန်းတစ်ခုကို
တည့်တည့်ကြည့်ခိုင်းပြီး
ဒါကို အာရုံစိုက်ခိုင်းတယ်။
ဒီကိစ္စမှာ အံဩစရာမရှိတာက ဒီမှိတ်တုတ်
စတုရန်းတွေဟာသူတို့ ဦးနှောက်အချက်ပြတွေမှာ
ပေါ်လာတာကို မြင်ရတာပါ။
ဒါက သူ့တို့ ခေါင်းနောက်ကနေလာပြီး
သင့်ရဲ့ အမြင်ပိုင်း သတင်းအချက်အလက်ရဲ့
ဖြစ်စဉ်အတွက် တာဝန်ရှိပါတယ်။
ဒါပေမဲ့ တကယ်စိတ်ဝင်စားမိတာက
တိတ်တခိုး အာရုံစိုက်တဲ့အခါ သင့်
ဦးနှောက်ထဲမှာ ဖြစ်ပျက်တာကို ကြည့်ဖို့ပါ။
ဒီတစ်ခါမှာတော့ လူတွေကို မျက်နှာပြင်
အလယ်ကို ကြည့်ခိုင်းပြီး
သူတို့ မျက်လုံးတွေ မရွှေ့ပဲ
ဒီစတုရန်း တစ်ခုခုကို
အာရုံစိုက်ဖို့ပြောပါတယ်။
ဒါကို လုပ်တဲ့အခါ
ဒီမှိတ်တုတ်နှုန်း နှစ်ခုလုံးဟာ သူတို့ရဲ့
ဦးနှောက် အချက်ပြတွေမှာ ပေါ်တာ တွေ့ရတယ်။
ဒါေပမဲ့ စိတ်ဝင်စားစရာက
အာရုံစိုက်တဲ့ သူတစ်ယောက်ပဲ
ပိုအားကောင်းတဲ့ အချက်ပြမှုတွေရှိတာကြောင့်
ဦးနှောက်ထဲက အရာက အခြေခံအားဖြင့်
ရှေ့ဦးပိုင်း ဧရိယာရဲ့ခလုတ်ဖွင့်တာဖြစ်အောင်
ဒီသတင်းအချက်အလက်ကို ကိုင်တွယ်တဲ့
ဦးနှောက်ထဲမှာ တစ်ခုခုရှိနေတာပါ။
သင့်ဦးနှောက်ရဲ့ အရှေ့ပိုင်းဟာ
လူသားတစ်ဦးအဖြစ်
ပိုမြင့်မားတဲ့ သိမှတ်မှု လုပ်ဆောင်ချက်
တွေအတွက် တာဝန်ယူတယ်။
ရှေ့ဦးပိုင်းဟာ
အစစ်တစ်ခုလို လုပ်ဆောင်ပုံရပါတယ်။
သင်အာရုံစိုက်နေတဲ့ မှန်ကန်တဲ့ မှိတ်တုတ်
အလင်းကနေပဲ သတင်းအချက်အလက်
ပေးဝင်ဖို့ ကြိုးစားရင်းနဲ့
ဂရုမထားတဲ့ တစ်ခုဆီက လာတဲ့ သတင်း
အချက်အလက်ကို တားဆီးဖို့ ကြိုးစားနေတာပါ။
ဦးနှောက်ရဲ့ မှိတ်တုတ် အစွမ်းက တကယ်တော့
အာရုံစိုက်တာအတွက် အခရာပါ။
ဒါက လူတစ်ချို့မှာ ပျောက်နေပါတယ်။
ဥပမာ ADHD ရှိတဲ့ လူတွေပေါ့။
ဒီတော့ ADHD ရှိတဲ့ လူတစ်ယောက်ဟာ
ဒီအာရုံပျက်တာတွေကို မတားဆီးနိုင်တာကြောင့်
အလုပ်တစ်ခုတည်းကို
ကြာရှည် မစူးစိုက်နိုင်ပါဘူး။
ဒါပေမဲ့ ဒီလူဟာ
သူ့ဦးနှောက်ကို ကွန်ပြူတာနဲ့ ဆက်ထားတဲ့
သီးသန့် ဂိမ်းတစ်ခုကို ကစားနိုင်ပြီး
ဒါက ဒီအာရုံပျက်တာတွေကို တားဆီးဖို့
သူ့ဦးနှောက်ကို လေ့ကျင့်ပေးရင်ရော။
ADHD က ဥပမာတစ်ပါပဲ။
ဒီသိမှတ်မှု ဦနှောက် စက် ကြားခံတွေကို
အခြားသိမှတ်မှု နယ်ပယ်များစွာမှာ
သုံးနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပါ။
ကျွန်တော့အဖိုး လေဖြတ်ခဲ့တယ်
စကားပြောဖို့ အစွမ်း လုံးဝပျောက်သွားတယ်။
သူဟာ လူတိုင်းကို နားလည်နိုင်ပေမဲ့
တုံပြန်ဖို့ နည်းလမ်းမရှိခဲ့ဘူး။
သူက စာမတတ်တော့
ရေးတောင် မရေးနိုင်ခဲ့ဘူး။
ဒါနဲ့ သူ တိတ်တဆိတ်ပဲ ကွယ်လွန်သွားတယ်။
အဲဒီအချိန်က တွေးတာကို အမှတ်ရမိတယ်။
ကျွန်တော်တို့မှာ သူ့အတွက် စကားပြော
ပေးနိုင်တဲ့ ကွန်ပြူတာတစ်လုံး
ရှိနိုင်မယ်ဆိုရင်ရော။
အခု ဒီနယ်ပယ်မှာရှိတာ နှစ်တွေကြာပြီးနောက်
ဒါဟာ ဖြစ်နိုင်လောက် တယ်လို့
မြင်နိုင်ပါတယ်။
လူတွေဟာ ပုံရိပ်တွေ (သို့) စာလုံးတွေကို
တောင်မှ တွေးတဲ့အခါ
ဦးနှောက်လှိုင်းအဆင်တွေကို ရှာတွေ့နိုင်
မလားလို့ စိတ်ကူးကြည့်ပါ။
ဥပမာ စာလုံး A ဟာ B နဲ့ မတူတဲ့
ဦးနှောက်လှိုင်းအဆင်တစ်ခု
ထုတ်လား စသည်ဖြင့်ပေါ့။
တစ်နေ့ ကွန်ပြူတာတစ်လုံးဟာ စကားမပြောနိုင်
သူတွေအတွက် ဆက်သွယ်ပေးနိုင်မလား။
အကယ်၍ ကွန်ပြူတာတစ်လုံးက
မေ့မြောနေတဲ့လူရဲ့ အတွေးတွေကို နားလည်ဖို့
ကျွန်တော်တို့ကို ကူညီနိုင်မယ်ဆိုရင်ရော။
အဲဒီထိ ကျွန်တော်တို့ မရောက်သေးဘူး၊
ဒါပေမဲ့ အနီးကပ် အာရုံစိုက်ပါ။
မကြာခင် ကျွန်တော်တို့ ရောက်မှာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)