လှိုင်းတွေအောက်မှာ သင်္ဘောတစ်စင်း
ပြိုလဲနေခိုက်မှာ မိုးချုန်းသံတွေနဲ့
လျှပ်စီးတွေက လှိုင်းထနေတဲ့ ပင်လယ်ကို
မီးထွန်းပေးတယ်။
ဒါဟာ သာမန်မုန်တိုင်းတစ်ခုမဟုတ်ဘဲ
ပြင်းထန် အငြိုးကြီးတဲ့မိုးသက်မုန်တိုင်းပါ
Shakespeare ရဲ့ ပဟေဠိအဆန်ဆုံး
ပြဇာတ်အတွက် ဇာတ်စင်ကို ခင်းကျင်းတာပါ။
မိုးသားတွေ ကြည်လင်သွားစဉ်မှာ
ကျွန်ုပ်တို့ကမ္ဘာနဲ့
အတော်ခြားနားပုံရပေမဲ့ လွတ်လပ်မှု၊ အာဏာနဲ့
ထိန်းချုပ်မှုနဲ့ပတ်သက် ကျွမ်းဝင်နေတဲ့
ပူပန်မှုတွေ ထူပြောနေတဲ့ ကမ္ဘာတစ်ခုဆီကို
ဖိတ်ကြားခံရပါတယ်။
The Tempest ဟာ သဘာဝအင်အားစုတွေနဲ့ထိတွေ့တဲ့
လူသူကင်းတဲ့ကျွန်းမှာ ဇာတ်အိမ်တည်ကာ
Pospero ပြည်နှင်ဒဏ်ခံရတဲ့ Milan နယ်စား
ကနေ မှော်ပညာ၊ ခွန်အားနဲ့ အုပ်ချုပ်ထားတာပါ။
သူ့ညီတော် Antonio ရဲ့ သစ္စာဖောက်တာခံရတဲ့
Prospero ဟာ ကျွန်းပေါ်မှာ သူ့သမီး Mirandar
သူရဲ့ ချစ်လှစွာသော စာအုပ်တွေနဲ့အတူ
အနှစ်နှစ်ဆယ် စွန့်ပစ်ခံရတာပါ။
ဒီကာလအတွင်းမှာ ကျွန်းရဲ့ မှော်ပညာကို
တတ်မြောက်ခဲ့ပြီး
၎င်းရဲ့ မှင်စာလေးတွေကို
ထိန်းချုပ်အသုံးချဖို့ အသုံးပြုခဲ့တယ်။
ကျွန်းရဲ့ လောကီရေးရာ လူသားများနဲ့
စိတ်မချမ်းမြေ့ဖွယ် မကောင်းဆိုးဝါးဖြစ်တဲ့
Caliban ကိုလည်း သူ အုပ်ချုပ်ခဲ့တယ်။
ဒါပေမဲ့ လက်စားချေဖို့ နှစ်ချီ ကြံစည်ခဲ့ရာ
Prospero ရဲ့ ရန်သူဟာ နောက်ဆုံး ရောက်လာတယ်။
တဖျပ်ဖျပ်ပျံတဲ့ မှင်စာကလေး
Ariel ရဲ့အကူအညီနဲ့
မှော်ဆရာဟာ သူ့ညီရဲ့လှေကိုဖျက်ဆီးပြီး
သင်္ဘောသားတွေကို ကမ်းပေါ်မျှောတင်လိုက်တယ်။
Prospero ရဲ့ကြံစည်မှုဟာ သူ့သမီးရဲ့
အချစ်ရေးထိ ပတ်သက်လာတယ်၊
ကမ်းတင်နေတဲ့ မင်းသား Ferdinand ကို
ကျသွားစေဖို့ သူစီစဉ်တယ်။
Prospero နဲ့ Ariel ဟာ
Antonio အပေါ်မှာ လွှမ်းမိုးလာတယ်။
Caliban ဟာ ကျွန်းကို သိမ်းယူဖို့
ဟာသ ဇာတ်ကွက်ဖန်တီးသူ
အရက်မူးသမား သင်္ဘောသားတစ်ချို့နဲ့
အင်အားစုလိုက်တယ်။
ဒီပြဇာတ်ဟာ လူ့အဖွဲ့အစည်း ရဲ့ အနိမ့်ကျဆုံး
ဆန္ဒတွေအထိ တစ်စစီ ဖြုတ်ချလိုက်တယ်။
တစ်ပိုင်းစီဟာ အာဏာနောက်
အပူတပြင်းလိုက်မှုပါ။ မြေယာ၊ အြခားလူတွေ
(သို့) သူတို့ရဲ့ ကြမ္မာတွေဆိုပါတော့။
ဒါပေမဲ့ ဒီအာဏာဟာ အမြဲ ရွေ့နေတဲ့
ပစ်မှတ်တစ်ခုဆိုတာ Shakespeare သိပြီး
ဆိုးရွားတဲ့သမိုင်းတွေရဲ့ ဇာတ်ကောင်တွေကို
သူဖွင့်ပြခိုက်မှာ
ဒီရုန်းမထွက်နိုင်တဲ့ ဝဲသြဃဟာ
ဆုံးပါတော့မလားလို့ တွေးမိစေတယ်။
Prospero ဟာ Antonio ရဲ့ မတရားပြုတာခံရပေမဲ့
သူ့ရဲ့ မတရားမှုတွေနဲ့ ကျွန်းပေါ်မှာ
ရှည်ကြာစွာ ဒုက္ခပေးခဲ့တယ်၊
ကျွန်းရဲ့ မှော်အစွမ်းတွေနဲ့ သဘာဝ ရင်းမြစ်
တွေကို သူကိုယ်တိုင်အတွက် စုဆောင်းရင်းပေါ့
Caliban ဟာ အထူးသဖြင့် ဒီသိမ်းယူမှုကို
မကျေမချမ်းဖြစ်မိတယ်။
အရင်က ဒီကျွန်းကို အုပ်စိုးခဲ့တဲ့
ကဝေမ Sycorax ရဲ့သားဖြစ်တဲ့
သူဟာ ပြည်နှင်ဒဏ်ခံရသူတွေ
ခြေကုပ်ရှာတွေ့ဖို့ အစမှာ ကူညီခဲ့တယ်။
ဒါပေမဲ အဲဒီကတည်းက သူတို့ရဲ့ကျွန်ဖြစ်လာပြီး
ပြင်းထန်တဲ့ နောင်တနဲ့ ကြိမ်းမောင်းတာက
'ဒီနောက် ကျုပ်ခင်ဗျားကို နှစ်သက်ခဲ့ပြီး
ကျွန်းရဲ့
ကြန်အင်လက္ခဏာဟူသမျှကို ကျုပ်ပြခဲ့တယ်။
ရေစမ်းအသစ်တွေ၊
ဆားငန်တွင်းတွေ၊ ကျတ်တီးမြေနဲ့
မြေသြဇာကောင်းတွေ၊
ကျုပ်ဒီလိုလုပ်ခဲ့တာ ကျိန်စာမိရောလား။'
သူ့ရဲ့ ဟိန်းနေတဲ့ ဘာသာစကားနဲ့
ပွက်ထနေတဲ့ ဒေါသနဲ့အတူ
Caliban က Prospero ကို အရင်က
ဖြစ်ခဲ့တာအကြောင်း မပြတ်သတိပေးတာက
ဒီကျွန်းဟာ ကျုပ်ဟာ၊ကျုပ်အမေ Sycorax
ပိုင်တာ၊ ခင်ဗျားက ကျုပ်ဆီက ယူသွားတာ၊
ဒါပေမဲ့ Sycorax လည်း
ကျွန်းကို မတရားပြုခဲ့တယ်
ပြီးတော့ Prospero က မလွတ်ပေးမချင်း
Ariel ကို အကျဉ်းချခဲ့တယ်။
Ariel ဟာ သူ့အကြွေးကို ပြန်ဆပ်ဖို့နဲ့
လွတ်လပ်ဖို့ မျှော်လင့်ကာ ကုန်ဆုံးချိိန်
Caliban ကတော့ အကန့်အသတ်မရှိ
(သို့) အနည်းဆုံး Prospero ဦးစီးသရွေ့တော့
ကျွန်ပြုခံနေရတယ်။
ဒါနဲ့ အခြားများစွာသော
အကြောင်းပြချက်တွေအတွက်
The Tempest ကို ကိုလိုနီစနစ်ရဲ့
ရှာဖွေမှုတစ်ခုနဲ့ ကမ္ဘာသစ်ရှာဖွေမှုမှာ
ကြုံကြိုက်မှုနဲ့ပါလာတဲ့ ကိုယ်ကျင့်ဆိုင်ရာ
အကျပ်ရိုက်မှုအဖြစ်နဲ့ ဖတ်ခဲ့ကြတယ်။
ကြားဝင်မှုနဲ့ တရားမျှတမှုရဲ့ မေးခွန်းတွေက
ပြဇာတ်မှာ ဖိစီးနေတယ်။
Calibanဟာ နယ်မြေရဲ့ဖြစ်ထိုက်တဲ့
အရှင်လား။
တဖျပ်ဖျပ်နဲ့ Ariel လွတ်သွားမလား။
နောက်တော့ အင်အားကြီးမားတဲ့
ကြီးကြပ်သူ Prospero
(သို့)ဇာတ်ကောင်တစ်ကောင်ရဲ့ နားလည်မှုအလွန်က
လက်စွမ်းမှာ ပိုနက်နဲတဲ့ မှော်ဆန်မှုရှိလား
ပြဇာတ်တစ်လျှာက်လုံးမှာ
Ariel ဟာ Prospero ကို သူ ဝတ္တရားရှိတဲ့
လွတ်လပ်မှုအကြောင်း မပြတ်သတိပေးတယ်။
ဒါပေမဲ့ ကျူးကျော်သူက သူ့ချုပ်ကိုင်မှုကို
စွန့်လွတ်ပေးနိုင်မလား
ဆိုတဲ့ မေးခွန်းက ရစ်ဝဲနေတယ်။
တစ်စုံတစ်ယောက်ရဲ့ မင်းပြုမှု နိဂုံးရဲ့
ယုံမှားသံသယက အထူးသဖြင့် ထိမိတာက
The Tempest ဟာ Shakespeare ရဲ့
နောက်ဆုံးပြဇာတ်လို့ ယုံကြည့်ရတာကြောင့်ပါ။
Prospero ဟာ ဖျော်ဖြေသူကိုယ်တိုင်ရဲ့
လုပ်ရပ်တွေနဲ့ နည်းလမ်းများစွာ ပဲ့တင်ထပ်တယ်
သူ့ဝန်းကျင်မှာ လမ်းကြောင်းပေးတဲ့
အသေးစိတ်စီစဉ်ထားတဲ့ ဇာတ်ကွက်တွေကို
ဖန်တီးပေးပြီး ပရိတ်သတ်တွေလိုပဲ
ဇာတ်ကောင်တွေအပေါ်ကိုပြုစားသူပါ။
ဒါပေမဲ့ အာဏာနဲ့ ထိန်းချုပ်မှုရဲ့
ဖျော်ဖြေပွဲကြီးရဲ့ အဆုံးမှာတော့
Prospero ရဲ့ နောက်ဆုံးစာကြောင်းတွေက
သူရဲ့ဖန်ဆင်းမှုတွေအပေါ် ထိန်းထားတဲ့
သူ့ပရိတ်သတ်၊ အာဏာက
သူ့ကို မာန်စွယ်ချိုးတာကို မြင်မိစေတယ်။
"သင်တို့ရဲ့ ကောင်းမွန်တဲ့ လက်တွေကူညီမှုနဲ့
ရွက်တွေအတွက် သင်တို့ရဲ့ နူညံ့တဲ့လေ
ဖြည့်ပေးရမယ် မဟုတ်လျှင် ကျွန်ုပ် စီမံချက်
ကျဆုံးစေတာပါ။ဒါက ကျေနပ်စေဖို့ပါ။"
ဒါက အဆုံးမှာ ကျွန်ုပ်တို့လက်ခုပ်သံတွေကို
သူကိုယ်တိုင် အရှုံးပေးလိုက်သူ
Shakespeare ရဲ့ ကဏ္ဍကို ပြောင်မြောက်တဲ့
ဖျော်ဖြေသူအဖြစ် သတိရစေတယ်။