ပျမ်းမျှ အသက် ၂၀ ရှိသူတစ်ဦးဟာ မတူတဲ့ စကားလုံး ၂၇၀၀၀ နဲ့ ၅၂၀၀၀ ကြားကို သိတယ်။ ၆၀ အရွယ်မှာ အရေအတွက်က ၃၅၀၀၀ နဲ့ ၅၆၀၀၀ ကြား ပျမ်းမျှရှိတယ်။ အသံထွက်ပြီးပြောတဲ့ ဒီစကားလုံးအများစုဟာ စက္ကန့်လျော့လျော့ ကြာတယ်။ ဒီလို စကားလုံးတိုင်း ကြားရတာနဲ့ ဦးနှောက်က လျင်မြန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရတယ်။ ဒီထောင်ချီရှိတဲ့ ရွေးစရာတွေထဲက ဘယ်တစ်လုံးက ကြားလိုက်ရတာနဲ့ လိုက်ဖက်လဲ။ အချိန်ရဲ့ ၉၈ % ခန့်မှာ ဦးနှောက်ဟာ မှန်ကန်တဲ့ စကားလုံးကို ရွေးချယ်တတ်တယ်။ ဒါပေမဲ့ ဘယ်လိုများလဲ။ နှုတ်စကားကို နားလည်ခြင်းဟာ အဖတ် နားလည်ခြင်းနဲ့ ကွာခြားပေမဲ့ လက်ဟန်ပြ ဘာသာစကားနဲ့တော့ ဆင်တူတယ်။ ဒါပေမဲ့ နှုတ်ပြော စကားလုံး သိမှတ်မှုကို လက်ဟန်ပြ ဘာသာစကားထက် ပိုလေ့လာခဲ့ကြတယ်။ နှုတ်ပြောကို နားလည်နိုင်မှု အတွက် အဓိကက အပြိုင် လုပ်ဆောင်တဲ့စက်လိုဖြစ်တဲ့ ဦးနှောက်ရဲ့ အခန်းကဏ္ဍပါ။ ဆိုလိုတာက တစ်ချိန်တည်းမှာ မတူတဲ့ အရာမျိုးစုံကို လုပ်နိုင်တာပါ။ ကျွန်ုပ်တို့ သိကြတဲ့ စာလုံးတိုင်းကို အလုပ်တစ်ခုသာရှိတဲ့ သီးခြား ထုတ်လုပ်ခြင်း ယူနစ်တစ်ခုမှ တင်ပြတယ်လို့ အယူအဆ အများစုက လက်ခံကြတယ်။ စကားလုံး တစ်လုံးလုံးနဲ့ လိုက်ဖက်တဲ့ စကားအသစ်ရဲ့ ဖြစ်နိုင်ခြေကို အကဲဖြတ်ဖို့ပါ။ ဦးနှောက်နဲ့ ဆက်စပ်တဲ့ အခြေအနေမှာ စကားလုံးတစ်လုံးကို ကိုယ်စားပြုတဲ့ ထုတ်လုပ်ခြင်း ယူနစ်ဟာ ဦးနှောက် အပြင်လွှာ ထဲက နျူရွန်းတစ်စု အနှံ့က နိုးကြွနေတဲ့ လုပ်ဆောင်မှု ပုံစံတစ်ခု ဖြစ်နိုင်တယ်။ စကားလုံးတစ်လုံးရဲ့ အစကို ကြားတဲ့အခါ ဒီလို ထောင်ချီတဲ့ ယူနစ်တွေက နိုးကြွလာနိုင်တယ်။ အကြောင်းက စကားလုံး တစ်လုံးရဲ့ အစနဲ့တင် ဖြစ်နိုင်တဲ့ လိုက်ဖက်တာတွေ များစွာရှိလို့ပါ။ ဒီနောက် စကားလုံးက ရှေ့ဆက်လေ သတင်းအချက်အလက် ရဲ့အရေးပါတဲ့ အပိုင်းတစ်ခုခုဟာ လွဲနေပြီး လုပ်ဆောင်မှု ပျောက်ဆုံးတာကို ပိုများတဲ့ ယူနစ်တွေက မှတ်တမ်းတင်တယ်။ ဖြစ်နိုင်တာက စကားလုံးရဲ့ အဆုံးသတ် မတိုင်မီမှာ စကားလုံးတစ်လုံးနဲ့ လျော်ညီတဲ့ တစ်ခုတည်းသော နိုးကြွတဲ့ ပုံစံက ဆက်လက် အသက်ဝင်နေတယ်။ ဒါကို "သိမှတ်မှု အမှတ်"လို့ ခေါ်တယ်။ စကားလုံးတစ်လုံးကို သနေတဲ့ဖြစ်စဉ်မှာ တက်ကြွတဲ့ ယူနစ်တွေက အရေးပါတဲ့ မီလီစက္ကန့်တွေကို သက်သာစေရင်း အခြားဟာတွေရဲ့လုပ်ဆောင်မှုကို ဖိနှိပ်တယ်။ လူအများစုဟာ တစ်စက္ကန့်မှာ ဝဏ္ဏ ရှစ်လုံးခန့်အထိ နားလည်နိုင်တယ်။ ဒါပေမဲ့ ပန်းတိုင်က စကားလုံးကို မှတ်မိဖို့တင်မက ၎င်းရဲ့ သိုမှီးထားတဲ့ အဓိပ္ပာယ်ဆီ ဝင်ကြည့်ဖို့ရောပါ။ ဦးနှောက်ဟာ စကားလုံးကို အပြည့်အဝ မဖော်ထုတ်ရခင် ဖြစ်နိင်တဲ့ အနက်များစွာကို တစ်ချိန်တည်းမှာ ဝင်ကြည့်တယ်။ ဒါကို သိကြတာက " cap" လို စကားလုံး အပိုင်အစကို ကြားတာတောင် နားထောင်သူတွေဟာ ဖြစ်နိုင်တဲ့ အဓိပ္ပာယ်မျိုးစုံကို စတင် မှတ်တမ်းတင်တာ ပြသတဲ့ လေ့လာမှုတွေကနေပါ။ ဥပမာ စကားလုံး အပြည့်အဝ မပေါ်ခင် captain သို့ capital ဆိုတာပေါ့။ ဒါက ညွှန်းတာက စကားလုံး တစ်လုံးကို ကြားတိုင်း စိတ်တွေထဲမှာ အဓိပ္ပာယ်တွေရဲ့ ခဏတာ အဟုန်နဲ့ တိုးပွားမှုတစ်ခုရှိကာ ဒီသိမှတ်မှု အချက်ကနေ ဦးနှောက်ဟာ အနက်ကောက်မှုတစ်ခုကို ရွေးလိုက်တာပါ ဒီသိမှတ်မှု လုပ်ငန်းစဉ်ဟာ ကျပန်း စကားလုံး တစ်တွဲမှာ ဆိုတာထက် စကားစပ်ကို ပေးတဲ့ ဝါကျတစ်ခုနဲ့အတူ ပို မြန်မြန် ရွေ့လျားတယ်။ စကားစပ်ဟာ အနက်ကောက်မှုမျိုးစုံနဲ့အတူ စကားလုံးရဲ့ ရည်ရွယ်တဲ့အနက်ဆီကို လမ်းပြပေးဖို့ပါ ကူညီတယ်။ ဥပမာ "bat" (သို့) "crane" (သို့) ဘယ်သံတူကြောင်းကွဲတွေ ဖြစ်ဖြစ်ပါ။ ဘာသာစကားမျိုးစုံ ပြောသူတွေအတွက် သူတို့ နားထောင်နေတဲ့ ဘာသာစကားဟာ ဘာသာစကား စကားစပ်နဲ့မလိုက်တဲ့ ဖြစ်နိုင်ခြေ စကားလုံး တွေကို သုတ်သင်ဖို့သုံးတဲ့ နောက်အဆက်စကားပါ။ ဒီတော့ ဒီစနစ်ထဲကို စကားလုံး အသစ်စက်စက် တစ်လုံး ထည့်တာကျတော့ရော။ လူကြီးတွေအနေနဲ့တောင် ရက်အနည်းငယ်တိုင်းမှာ စကားလုံးသစ်တွေ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ စကားလုံးတိုင်းဟာ လုပ်ဆောင်မှုရဲ့ နျူရွန်းများစွာမှာ ပျံ့နှံ့နေတဲ့ အသေးစိတ် ချိန်ညှိထားတဲ့ ပုံစံတစ်ခုအဖြစ် ကိုယ်စားပြုရင် စကားလုံး အဟောင်းတွေအပေါ် အသစ်တွေက ဖြည့်သွင်းဖျက်ဆီးတာကိုဘယ်လို ကာကွယ်ကြလဲ။ ထင်တာက ဒီပြဿနာကို ရှောင်ရှားဖို့ စကားလုံးသစ်တွေဟာ ဦးနှောက် အပြင်လွှာထဲက ပင်မ စကားလုံး သိုလှောင်ခန်းကနေ ဝေးကွာတဲ့ hippocampus လို့ခေါ်တဲ့ဦးနှောက်ရဲ့ အပိုင်းတစ်ခုထဲမှာ ကနဦး သိုမှီးထားတော့ ၎င်းတိုဟာ အခြား စကားလုံးတွေနဲ့ နူရွန်းတွေကို ခွဲဝေမသုံးဘူးဆိုတာပါ။ ဒီနောက် အိပ်စက်မှု ညပေါင်းမျာစွာ အကြာမှာ ဒီစကားလုံးသစ်တွေဟာ အဟောင်းတွေနဲ့ တဖြည်းဖြည်း ကူးပြောင်း ယှက်နွယ်သွားတယ်။ သုတေသီတွေက ဒီတဖြည်းဖြည်း သိုမှီးမှု လုပ်ငန်းစဉ်က ရှိနေတဲ့ စကားလုံးတွေကို အလျင်ပြတ်ခြင်းက ရှောင်ရှားဖို့ ကူညီတယ်လို့ ထင်ကြတယ်။ ဒီတော့ နေ့ဘက်မှာ သတိမမူမိတဲ့ လုပ်ဆောင်မှုက စကားပြောစဉ်မှာ အဓိပ္ပာယ် တိုးပွားခြင်းတွေကို ထုတ်ပေးတယ်။ ညဘက်မှာ အနားယူကြပေမဲ့ ဦးနှောက်ဟာ အသိသုတသစ်တွေကို စကားလုံးကွန်ရက်ထဲကို ပေါင်းပေးရင်း အလုပ်များနေတယ်။ ကျွန်ုပ်တို့ အိပ်ရာနိုးတဲ့အခါ အမြဲ ပြောင်းလဲနေတဲ့ ဘာသာစကား ကမ္ဘာကြီးအတွက် အဆင်သင့် ဖြစ်နေဖို့ကို ဒီလုပ်ငန်းစဉ်က အာမခံပေးပါတယ်။