ကျွန်မ ငယ်ငယ်တုန်းက အမေနဲ့ကျွန်မ ဒီအပေးအယူလုပ်ခဲ့တယ်။ ကျွန်မ ကျောင်းမှာ စာ ကောင်းကောင်း ဆက်လုပ်နေသရွေ့ စာသင်နှစ်ဝက်တိုင်းမှာ စိတ်ကျန်းမာရေး နားရက် သုံးရက် ယူခွင့်ပေးတယ်။ ဒါက ကျွန်မ ခြောက်နှစ်အရွယ်မှာပဲ ကျွန်မရဲ့ စိတ်ကျန်းမာရေး ခရီးစဉ် စတင်ခဲ့တာကြောင့်ပါ။ ကျွန်မရဲ့အတန်းကျောင်း ဆရာတွေ ခေါ်နေတဲ့ "ပူပန်သူတစ်ယောက်" အမြဲ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်း သောကကြောင့် ဖြစ်တဲ့ ပူပန်မှုနဲ့ ခံစားချက်ကင်းတဲ့ စိတ်အားငယ်မှုရှိတာ သိရတယ်။ ဒါက ကြီးပြင်းလာတာကို အတော်ခက်စေတယ်။ အခြားကလေးတွေ မပူပန်တဲ့ အရာများစွာကို ကျွန်မ ပူပန်ခဲ့ပြီး တစ်ခါတစ်ရံ ကျောင်းဟာ တကယ့်ကို ဖိစီးစရာ ဖြစ်လာခဲ့တယ်။ အကျိုးဆက်က စိတ်ယိုယွင်းမှုတွေ၊ ထိတ်လန့်စရာ ထိုးနှက်မှုတွေပါ။ တစ်ခါတစ်ရံ အလွန် ထုတ်အားကောင်းပြီး အခြားနေ့တွေကျတော့ ဘာမှ လုပ်မရနိုင်ခဲ့ဘူး။ စိတ်ကျန်းမာရေးအကြောင်း အခုလောက် များများ မဆွေးနွေးတဲ့ကာလတစ်ခုအတွင်းမှာ ဒါအားလုံး ဖြစ်နေခဲ့တာပါ။ အထူးသဖြင့် လူငယ်စိတ်ကျန်းမာရေး။ တချို့စာသင်နှစ်ဝက်တွေမှာ ကျန်နေ့တွေ အားလုံးကို အပြည့်အဝ အသုံးပြုတယ်။ အခြားနေ့တွေမှာတော့ ဘာမှ မလိုခဲ့ဘူး။ ဒါပေမဲ့ ဒါတွေက ရွေးစရာတစ်ခု အမြဲဖြစ်တဲ့ အချက်က ကျွန်မကို ပျော်ရွှင်၊ကျန်းမာအောင်မြင်တဲ့ ကျောင်းသူဆက်ဖြစ်စေတာပါ။ ကလေးတုန်းက သင်ခဲ့တဲ့ ကျွမ်းကျင်မှုတွေကို စိတ်ကျန်းမာရေး စိန်ခေါ်မှုတွေရှိတဲ့ အခြားကျောင်းသားတွေကို ကူညီဖို့ အခု သုံးနေတယ်။ ဒီနေ့ ဒီမှာတော့ ဆယ်ကျော်သက် စိတ်ကျန်းမာရေး ကမ္ဘာထဲက ထိုးတွင်းအမြင်တချို့ ပေးဖို့ပါ။ ဘာဆက်ဖြစ်နေလဲ၊ဒီကို ဘယ်လိုရောက်ခဲ့လဲ၊ ဘာတွေ လုပ်နိုင်လဲ။ ဒါပေမဲ့ သင်တို့ ပထမဆုံး နားလည်ဖို့လိုတာက လူတိုင်းဟာ ကျွန်မလို့ စိတ်မကျန်းမာမှု မဖြစ်ကြပေမဲ့၊ လုံးဝ လူတိုင်းမှာ အားလုံးမှာ စိတ်ကျန်းမာရေးရှိတယ်ဆိုတာပါ။ ရုပ်ပိုင်းကျန်းမာသုခအတွက် စောင့်ရှောက်တဲ့ပုံအတိုင်း စောင့်ရှောက်ဖို့လိုတဲ့ ဦးနှောက် တစ်လုံး အားလုံးမှာ ရှိပါတယ်။ ကျွန်မတို့ရဲ့ ခေါင်းနဲ့ကိုယ်ဟာ အဆုံးမတော့ လည်းပင်ထက် အများကြီး ပိုဆက်နွယ်နေတယ်။ စိတ်မကျန်းမာမှုဟာ ရုပ်ပိုင်း နည်းလမ်း တချို့နဲ့ ၎င်းဘာသာ ပြသတယ်။ ဥပမာ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းတာ၊ အသက်ရှုမြန်တာတို့ပါ။ စိတ်ကျန်းမာရေးက အားလုံးကို ထိခိုက်နိုင်တာကြောင့် အားလုံး ရနိုင်တဲ့ ဖြေရှင်းနည်းတွေကို ကျွန်မတို့ မရသင့်ဘူးလား။ ဒါက ကျွန်မကို ကျွန်မ ဇာတ်လမ်းရဲ့ ဒုတိယပိုင်းဆီ ခေါ်လာတယ်။ အထက်တန်းကျောင်းမှာတုန်းက ကိုယ့်ကိုယ်ပိုင် စိတ်ကျန်းမာရေးကို စီမံရာမှာ အတော် တော်တယ်။ အောင်မြင်တဲ့ ကျောင်းသူ၊ OregonAssociation of Student Councils ရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်လောက်မှာ စတင်သဘောပေါက်ခဲ့တာက စိတ်ကျန်းမာရေးဟာ ကျွန်မ ကိုယ်တိုင်ထက် အများကြီး ကြီးမားတယ်ဆိုတာပါ။ ကံဆိုးစွာပဲ ကျွန် မွေးရပ်မြို့ဟာ အထက်တန်းကျောင်း ပထမနှစ်အတွင်းမှာ မိမိကိုယ်ကိုယ်သတ်သေမှု မျိုးစုံကြုံရတယ်။ ဒီကြေကွဲစရာအဖြစ်တွေဟာ ရပ်ရွာ တစ်ခုလုံးကို လှုပ်ယမ်းတာကို တွေ့ခဲ့တယ်။ နိုင်ငံတစ်လွှားအဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌအနေနဲ ဒါက သူတို့ရဲ့မြို့မှာပါ ဖြစ်တယ်ဆိုတဲ့ ကျောင်းသားတွဆီကနေ ဇာတ်လမ်းတွေ ပိုပြီး စကြားလာရတယ်။ ဒါနဲ့ ၂၀၁၈ နှစ်စဉ် နွေဦး စခန်းချပွဲမှာ အထက်တန်းကျောင်းသား ၁၁၀ ခန့်နဲ့ ဆယ်ကျော်သက်တို့နဲ့ စိတ်ကျန်းမာရေး ဆွေးနွေးပွဲတစ်ခုလုပ်တယ်။ ကျွန်မတို့ ဘာလုပ်နိုင်ခဲ့လဲ။ ဒီစကားဝိုင်းကို မျှဝေခံစားမှုနဲ့ ရိုးသားမှုရဲ့ ဧရာမ ပမာဏနဲ့ ချဉ်းကပ်ခဲ့ပြီး အကျိုးဆက်တွေက အံ့ဩဖွယ်ရာပါ။ စိတ်အလှုပ်ရှားဆုံးက ကျွန်မနဲ့ ရွယ်တူ တစ်ဦးစီတိုင်းမှာ သူတိုရဲ့ကျောင်းမှာ စိတ်ကျန်းမာရေး အကျပ်အတည်း ဇာတ်လမ်းရှိတာပါ။ သူတို့ဟာ Oregon အရှေ့ပိုင်း မြို့ငယ်လေး (သို့) Portland မြို့လယ်က ဖြစ်ဖြစ်ပါ။ ဒါက နေရာတိုင်းမှာ ဖြစ်နေတာပါ။ သုတေသနတောင် လုပ်ခဲ့ပြီး သတ်သေခြင်းဟာ အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်ကြား Oregon လူငယ်တွေအတွက် သေခြင်းရဲ့ ဒုတိယ အဓိက အကြောင်းအရင်း ဆိုတာ တွေ့ရတယ်။ ဒုတိယ အဓိက အကြောင်းရင်းပါ။ တစ်ခုခု လုပ်ဖို့လိုတာ သိတယ်။ ဒီတော့ နောက် လအနည်းငယ်မှာ Students for a Healthy Oregon, ခေါ်တဲ့ ကော်မီတီတစ်ခု ဖွဲ့ပြီး စိတ်ကျန်းမာရေး အမည်းစက်ကို အဆုံးသတ်ဖို့ ရည်မှန်းချက်ချတယ်။ ကျောင်းတွေမှာ စိတ်ကျန်းမာရေးကို ဦးစာပေး ပေးချင်ပါသေးတယ်။ ထောက်ခံ မဲဆွယ်သူတချို့နဲ့ စိတ်ကျန်းမာရေး ပညာရှင် အနည်းငယ်ရဲ့ အကူအညီနဲ့ House Bill 2191 ကို တင်ပြခဲ့တယ်။ ဥပဒေမူကြမ်းက ကျောင်းသားတွေ ကျောင်းကနေ စိတ်ကျန်းမာရေးနေ့ ယူခွင့်ရတယ်။ ကိုယ်ကျန်းမာရေးနေ့ ခွင့်ယူသလို အလားတူပါ။ အကြောင်း တစ်ခါတရံမှာ ဒီနားရက်ဟာ တစ်ခုလုံး ပိုကောင်းတာနဲ့ တစ်ခုလုံး ပိုဆိုးတာရဲ့ ကြားက ခံစားချက် ခြားနားမှုမို့ပါ ကျွန်မ ငယ်ငယ်တုန်းက အမေ ကျွန်မကို ပေးတဲ့ နေ့တွေလိုမျိုးပါ။ ဒါနဲ့ နောက် လအနည်းငယ်မှာ ကျွန်မတို့ရဲ့ ဥပဒေမူကြမ်းအတွက် မဲဆွယ်၊ သုတေသနလုပ်ကာ စည်းရုံးခဲ့ပြီး ၂၀၁၉ ဇွန်လမှာ ဥပဒေအဖြစ် နောက်ဆုံး လက်မှတ်ထိုးခဲ့တယ်။ (လက်ခုပ်သံ၊ ဩဘာသံများ) ဒါက Oregon ကျောင်းသားတွေအတွက် မြေစမ်းခရမ်းပျိုး ကာလတစ်ခုပါ။ ဒီမှာတော့ ဒါက အခု လုပ်ဆောင်နေပုံရဲ့ ဥပမာတစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ တကယ် ခက်ခဲတဲ့ လတစ်လ ရှိနေတယ်ဆိုပါစို့။ သူတို့ဟာ ဖိစီးခံရပြီး အလုပ်မိနေတယ်။ ကျောင်းမှာ စာမလိုက်နိုင်ဖြစ်ပြီး အကူအညီလိုတာ သူတို့ သိနေတယ်။ သူတို့ဟာ မိဘတွေနဲ့ စိတ်ကျန်းမာရေးအကြောင်း အရင်က မဆွေးနွေးဖူးလောက်ပေမဲ့ အခုတော့ ဒီစကားဝိုင်းကို အစပြု ကူညီဖို့ ဥပဒေတစ်ခု သူတို့ဘက်မှာ ရှိတယ်။ မိဘက ကျောင်းကို ဖုန်းဆက်ပြီး ပျက်ကွက် မှုကို အကြောင်းပြဖို့ လိုန​ေသေးပေမဲ့ ဒါက ကလေးတွေအတွက် လွပ်လပ်ခွင့် လိုမဟုတ်ပါ။ ဒါပေမဲ့ ပိုအရေးကြီးဆုံးက အခု ကျောင်းမှာ စိတ်ကျန်းမာရေးနေ့အဖြစ် ပျက်ကွက်မှုကို မှတ်တမ်းတာပါ။ ​ကျောင်းသား ဘယ်နှစ်ယောက် စိတ်ကျန်းမာရေးနေ့ ဘယ်နှစ်ရက်ယူတာကို ခြေရာခံနိုင်ပါတယ်။ ကျောင်းသားက ရက်အများကြီး ယူရင် သူတို့ကို ကျောင်းအတိုင်ပင်ခံဆီ ဝင်တွေ့ဖို့ ညွှန်းပေးလိမ့်မယ်။ အရေးကြီးတဲ့အကြောင်းက သိပ်နောက်မကျခင် ရုန်းကန်နေတဲ့ ကျောင်းသားတွေကို ကျွန်မတို့ မီနိုင်လို့ပါ။ ၂၀၁၈ ဆွေးနွေးပွဲမှာ ကျွန်မတို့ ကြားခဲ့ရတဲ့ အဓိက အရာတွေထဲက တစ်ခုက မကြာခဏတော့ ရှေ့သို့လှမ်းပြီး အကူအညီ ရယူခြင်းက အခက်ခဲဆုံး ခြေလှမ်းပါတဲ့။ ဒီဥပဒေက ဒါကို ကူညီ နိုင်တယ်လို့ မျှော်လင့်နေတယ်။ ကလေးတွေကို ငယ်စဉ်မှာ ကိုယ်တိုင်စောင့် ရှောက်နည်း၊ ကိုယ်တိုင်စောင့်ရှောက်တဲ့ အကျင့်နဲ့ဖိစီးမှု ကိုင်တွယ်မှုကို သင်ပေးရုံမက ပြောရရင် အသက်တွေလည်း ကယ်တင်နိင်ပါတယ်။ အခု ပြည်နယ်ပေါင်းစုံက ကျောင်းသားတွေ ကလည်း ဒီဥပဒေတွေပြဌာန်းဖို့ ကြိုးစားနေတယ်။ လောလောဆယ် California နဲ့ Colorado နှစ်ခုစလုံးက ကျောင်းသားတွေနဲ့ အလားတူ တွဲပြီးလုပ်နေတယ်။ နေရာတိုင်းက ကျောင်းသားတွေဟာ ပိုနေကောင်းခွင့် နဲ့ထိုက်တန်တာကို ယုံကြည်လို့ပါ။ လက်တွေ့အကြောင်းပြချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေအားလုံးက လွဲလို့ House Bill 2191 ဟာ တကယ့်ကို ထူးခြားတာက ၎င်းရဲ့နောက်ကွယ်ကအဓိက သဘောတရားကြောင့်ပါ။ ရုပ်နဲ့ စိတ်ကျန်းမာရေးဟာ တူညီပြီး ဒီအတိုင်း ပြုစုသင့်တယ်။ တကယ်တေ့ ဒါတွေဟာ ဆက်နွယ်နေတယ်။ ဥပမာ ကျန်းမာရေးစောင့်ရှောက်မှု CPR ကို တွေးကြည့်ပါ။ သင့်ကို အခြေအနေတစ်ခုထဲမှာထားပြီး သင်က CPR ကို စီမံဖို့ လိုတယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာကို အနည်းဆုံး နည်းနည်းတော့ သိမယ်မိုလား။ ကိုယ်တိုင် တွေးကြည့်ပါ။ အဖြစ်နိုင်ဆုံးပါ CPR သင်တန်းတွေကို ကျောင်း အများစု၊အလုပ်ခွင်တွေ၊ အွန်လိုင်းမှာတောင် ပေးထားလို့ပါ။ ဒါနဲ့ လိုက်ဖက်တဲ့ သီချင်းတွေတောင်ရှိတယ်။ စိတ်ကျန်းမာရေး စောင့်ရှောက်ကျတော့ရော။ ခုနှစ်တန်း ကျန်းမာရေး အတန်းမှာ ကျွန်မကို CPR သင်ပေးခဲ့တာ သိတယ်။ ခုနှစ်တန်းမှာ ကျွန်မရဲ့စိတ်ကျန်းမာရေးကို စီမံပုံ (သို့) စိတ်ကျန်းမာရေး အကျပ်အတည်းကို တုံ့ပြန်ပုံ လေ့ကျင့်ပေးမယ်ဆိုရင်ရော။ စိတ်ကျန်းမာရေးအကျပ်အတည်း ကြုံနေရတဲ့မိတ်ဆွေ၊ လုပ်ဖော်၊မိသားစုဝင် (သို့)သူစိမ်းကိုတောင်ကူညီဖို့ လူတိုင်းမှာ ကျွမ်ကျင်မှုကိရိယာတစ်ခု ရှိတဲ့ကမ္ဘာတစ်ခုကိုမြင်ချင်တယ်။ ဒီရင်းမြစ်တွေဟာ အထူးသဖြင့် ကျောင်းတွေမှာ ရှိနေသင့်ပါတယ်။ အကြောင်းက အဲဒီနေရာက ကျောင်းသားတွေ အရုန်းကန်ရဆုံးဘနေရာဖြစ်လို့ပါ။ ဒီနေ့ သင်တို့ ယူသွားဖို့ ရိုးသားစွာ မျှော်လင့်တဲ့ အခြားအယူအဆက အဆင်မပြေဖို့ အမြဲတမ်း အဆင်ပြေပြီး အနားယူဖို့က အမြဲတမ်း အဆင်ပြေပါတယ်။ တစ်နေ့လုံး ဖြစ်စရာမလိုပါဘူး။ တစ်ခါတစ်လေ ဒါက လက်တွေ့မကျဘူး။ ဒါပေမဲ့ ဟိုနား၊ ဒီနား ကိုယ်တိုင် ဝင်ကြည့်ဖို့ အချိန်ခဏလေး ဖြစ်နိုင်တယ်။ ဘဝကို ပြေးပွဲတစ်ပွဲလို တွေးပါ၊ တာဝေး အပြေးနိုင်ပွဲတစ်ပွဲလိုပေါ့။ အစပိုင်းမှာတင် ခြေကုန်သုတ်ရင် သင်ဟာ ကိုယ်စိတ် ပင်ပန်းတော့မှာပါ။ အတင်း တွန်းလုပ်ရာက နာတောင် နာကျင်နိုင်တယ်။ ဒါပေမဲ့ သင့်ကိုယ်သင် ချိန်ဆ တစ်ခါတစ်ရံ တမင်တကာ နှေးချလိုက်ပြီး အခြားအချိန်တွေမှာ တွန်းလုပ်ရင် ပိုအောင်မြင်ဖို့ သေချာပါတယ်။ ဒီတော့ ကျေးဇူးပြုပြီး အချင်းချင်း စောင့်ရှောက်ကြပါ။ ကလေးတွေ၊ဆယ်ကျော်သက် တွေကို စောင့်ရှောက်ပါ အထူးသဖြင့် သူတို့ အားလုံးမှာ အတူတူရှိတယ် ထင်ရသူတွေပါ။ စိတ်ကျန်းမာရေး စိန်ခေါ်မှုတေွ မပျောက်ပေမဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ အချင်းချင်း စောင့်ရှောက်ကာ ဒါတွေ ကိုင်တွယ်ပုံကို သင်နိုင်တယ်။ သင့်ကိုယ်သင်လည်း ဂရုစိုက်ပါ။ ကျွန်မ အမေ ပြောပြောနေသလို "တစ်ခါတစ်လေတော့ အနားယူပါဦး" ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)