0:00:00.613,0:00:03.652 ကျွန်တော်တို့ဟာ သင်္ချာကို ဘာဖြစ်လို့ သင်ယူကြတာလဲ။ 0:00:03.652,0:00:06.200 ရှင်းနေတဲ့ အကြောင်းရင်း သုံးခု ရှိပါတယ်၊ 0:00:06.200,0:00:07.828 တွက်ချက်ဖို့ 0:00:07.828,0:00:09.728 အသုံးချဖို့ 0:00:09.728,0:00:12.415 ပြီးတော့ နောက်ဆုံး၊ စိတ်မကောင်းစရာကတော့ 0:00:12.415,0:00:14.520 ဉာဏ်ကွန့်မြူးဖို့ ကျတော့ ကျွန်တော်တို့ ပေးကြတဲ့ အချိန်က 0:00:14.520,0:00:16.442 အနည်းဆုံးပဲလေ။ 0:00:16.442,0:00:18.714 သင်္ချာဟာ တကယ်တော့ ပုံစံများရဲ့ သိပ္ပံပညာပါ။ 0:00:18.714,0:00:22.072 ပြီးတော့ ယုတ္တိကျကျ၊ ဝေဖန်မှုစိတ်နဲ့ 0:00:22.072,0:00:24.599 ဖန်တီးလိုစိတ်မျိုးနဲ့ ဘယ်လို တွေးရမယ်[br]ဆိုကာကို သင်ပေးတာပါ။ 0:00:24.599,0:00:27.525 ဒါပေမဲ့၊ ကျောင်းမှာ ကျွန်တော်တို့ သင်ရတဲ့ [br]သင်္ချာပညာက တော်တော်များများကို 0:00:27.525,0:00:29.844 ထိထိရောက်ရောက် လှုံ့ဆော် မပေးပါဘူး 0:00:29.844,0:00:31.269 ကျွန်တော်တို့ရဲ့ ကျောင်းသားတွေက 0:00:31.269,0:00:32.944 "ဒါကို ကျွန်တော်တို့ ဘာလုပ်ဖို့ သင်နေကြတာလဲ။" လို့ [br]မေးကြတဲ့အခါမှာ 0:00:32.944,0:00:34.905 တစ်နေ့ကျရင် သူတို့ အဲဒါတွေ လိုအပ်လာမယ် 0:00:34.905,0:00:38.170 လာမယ့် အတန်းတွေထဲမှာ ဒါမှမဟုတ် အနာဂတ် [br]စမ်းသပ်မှုထဲမှာ လိုမယ်လို့ ကြားကြရပါတယ်။ 0:00:38.170,0:00:39.972 ဒါပေမဲ့၊ တကယ့်ကျတော့ ကျွန်တော်တို့ဟာ 0:00:39.972,0:00:42.490 တစ်ခါတရံမှာ ပျော်စရာ ကောင်းခဲ့လို့ [br]ဒါမှမဟုတ် လှပခဲ့လို့သာ 0:00:42.490,0:00:45.439 အဲဒါက စိတ်ကို လှုပ်ရှား တက်ကြွစေခဲ့လို့သာ 0:00:45.439,0:00:47.529 သင်္ချာကို လေ့လာခဲ့ကြမယ် ဆိုရင် [br]သိပ်ကို ကောင်းခဲ့မှာပါ။ 0:00:47.529,0:00:49.251 အဲဒီလို ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းများကို 0:00:49.251,0:00:51.570 မကြုံခဲ့ကြရတာကို ကျွန်တော် သိပါတယ်။ 0:00:51.570,0:00:53.399 အဲဒါကြောင့်မို့လို့ သာဓက တစ်ခုဖြင့် 0:00:53.399,0:00:55.740 ကျွန်တော့် စိတ်ကြိုက် ဂဏန်းတွေနဲ့ 0:00:55.740,0:00:58.468 ဖီဘိုနာချီ ဂဏန်းတွေနဲ့ ပြပေးပါရစေ။ [br](လက်ခုပ်တီးသံများ) 0:00:58.468,0:01:00.520 ဟုတ်ပြီ၊ ဖီဘိုနာချီ ဝါသနာအိုးတွေ ဒီမှာ ရှိနေကြတာကိုး။ 0:01:00.520,0:01:01.836 အဲဒါသိပ်ကောင်းတယ်။ 0:01:01.836,0:01:03.952 အဲဒီ ကိန်းဂဏန်းတွေက 0:01:03.952,0:01:05.830 နည်းအမျိုးမျိုးဖြင့် လေ့လာကြည့်လို့ ရနိုင်ပါတယ်။ 0:01:05.830,0:01:08.539 တွက်ချက်ပုံကို အခြေခံ ပြောရရင် 0:01:08.539,0:01:10.216 နားလည်ဖို့ လွယ်ပါတယ် 0:01:10.216,0:01:12.770 တစ်အပေါင်းတစ် နှစ်ဖြစ်သလိုပါပဲ။ 0:01:12.770,0:01:14.773 အဲဒီနောက် တစ်အပေါင်းနှစ်ဟာ သုံးပါ 0:01:14.773,0:01:17.787 နှစ်အပေါင်းသုံးက ငါး၊ သုံးအပေါင်းငါးက ရှစ်၊ 0:01:17.787,0:01:19.312 စသဖြင့်ပေါ့လေ။ 0:01:19.312,0:01:21.489 တကယ်တမ်းတွင်ကျတော့၊ ကျွန်တော်တိုက [br]ဒီနေ့ ဖီဘိုနာချီလို့ ခေါ်တဲ့သူရဲ့ 0:01:21.489,0:01:24.669 တကယ့်နာမည်က Leonardo of Pisa ဖြစ်ခဲ့ပါတယ် 0:01:24.669,0:01:27.722 ဒီကိန်းဂဏန်းတွေဟာ သူရဲ့ "Liber Abaci" ဆိုတဲ့ [br]စာအုပ်ထဲမှာ ပေါ်လာခဲ့ကြပါတယ်။ 0:01:27.722,0:01:29.372 ဒီနေ့မှာ ကျွန်တော်တို့ သိရှိကြတဲ့ သင်္ချာကို 0:01:29.372,0:01:32.199 အနောက်တိုင်း ကမ္ဘာကို သင်ပေးခဲ့တဲ့[br]စာအုပ်တစ်အုပ်ပါပဲ။ 0:01:32.199,0:01:33.920 အသုံးချ ရှုဒေါင့်ကနေ ကြည့်ပြောရရင် 0:01:33.920,0:01:36.103 ဖီဘိုနာချီ ကိန်းဂဏန်းတွေကို 0:01:36.103,0:01:37.960 သဘာ၀ ပတ်ဝန်းကျင်ထဲမှာ [br]တွေ့ရှိရတာဟာ အံ့အားသင့်စရာပါပဲ။ 0:01:37.960,0:01:39.700 ပန်းတစ်ပွင့်ထဲက ပွင့်ဖတ်တွေရဲ့ အရေအတွက် 0:01:39.700,0:01:41.562 သိပ်ကို ထင်ရှားတဲ့ ဖီဘိုနာချီ ဂဏန်းပါ။ 0:01:41.562,0:01:44.332 ဒါမှမဟုတ် နေကြာပန်း အပေါ်က [br]ကြောင်လိမ်လမ်းကြောင်းတွေ 0:01:44.332,0:01:45.743 ဒါမှမဟုတ် နာနတ်သီး ဆိုရင်လည်း 0:01:45.743,0:01:48.137 ဖီဘိုနာချီ ဂဏန်းပဲ ဖြစ်နေပါတယ်။ 0:01:48.137,0:01:51.640 တကယ့်တကယ်ကျတော့ ဖီဘိုနာချီ ကိန်းဂဏန်းများကို [br]အမျိုးမျိုး အသုံးချ ရနိုင်ပါတယ်။ 0:01:51.640,0:01:54.200 ဒါပေမဲ့ ကျွန်တော့်အတွက် [br]၎င်းတို့ရဲ့ အံ့အားအသင့်ဆုံး အချက်ကတော့ 0:01:54.200,0:01:56.934 ၎င်းတို့က ခင်းကျင်းပြကြတဲ့ ဇယားပုံတွေပါပဲ။ 0:01:56.934,0:01:59.128 ကျွန်တော့် စိတ်ကြိုက်များထဲက တစ်ခုကို ပြပါရစေ။ 0:01:59.128,0:02:01.349 ခင်ဗျားဟာ ဂဏန်းတွေကိုယူပြီး [br]နှစ်ထပ်ကိန်း ရှာချင်တယ် ဆိုပါစို့၊ 0:02:01.349,0:02:04.024 တကယ်တော့ အဲဒါကို မကြိုက်သူ ဘယ်သူများ ရှိနိုင်မလဲ။ [br](ရယ်မောသံများ) 0:02:04.040,0:02:06.280 နှစ်ထပ်ကိန်းတွေကို ကြည့်ကြပါစို့၊ 0:02:06.280,0:02:08.131 ဖီဘိုနာချီ ဂဏန်းတွေရဲ့ နှစ်ထပ်ကိန်းတွေပါ။ 0:02:08.131,0:02:10.161 တစ်ရဲ့ နှစ်ထပ်ကိန်းကတစ်ပေါ့၊ 0:02:10.161,0:02:12.478 နှစ်ကို နှစ်ထပ်ကိန်းရှာရင် လေး၊ သုံးရဲ့ နှစ်ထပ်ကိန်းက ကိုး၊ 0:02:12.478,0:02:15.651 ငါးရဲ့ နှစ်ထပ်ကိန်းက ၂၅၊ စသဖြင့်ပေါ့လေ။ 0:02:15.651,0:02:17.552 ကျွန်တော်တို့ဟာ ဆက်တိုက် ရှိကြတဲ့ [br]ဖီဘိုနာချီ ဂဏန်းတွေကို 0:02:17.552,0:02:20.380 ယူယူပြီး ပေါင်းသွားမယ်ဆိုရင် ဆက်တိုက် ဖီဘိုနာချီ [br]ဂဏန်းတွေကို ရကြခြင်းဟာ 0:02:20.380,0:02:22.412 ဘာမှ အံ့အားသင့်စရာ မဟုတ်ပါဘူး။ [br]ဟုတ်တယ် မဟုတ်လား။ 0:02:22.412,0:02:23.807 ၎င်းတို့ကို ဖန်တီးထားတဲ့ သဘာဝကိုက အဲဒီလို ရှိပါတယ်။ 0:02:23.807,0:02:25.580 ဒါပေမဲ့၊ ၎င်းတို့ရဲ့ နှစ်ထပ်ကိနးတွေကို [br]ယူပြီး ထည့်ပေါင်းမယ်ဆိုရင် 0:02:25.580,0:02:28.656 အထူးစိတ်ဝင်စားစရာ တစ်ခုခု ဖြစ်လာမယ်လို့ [br]မျှော်လင့် မရနိုင်ပါ။ 0:02:28.656,0:02:30.002 ဘယ်လိုပဲဖြစ်ဖြစ် အဲဒါကို စစ်ကြည့်ရအောင်။ 0:02:30.002,0:02:32.003 တစ်နှင့်တစ်ပေါင်းလိုက်တော့ နှစ်ကို ရပါတယ် 0:02:32.003,0:02:34.765 အဲဒီနောက် (၁)ကို လေးနဲ့ပေါင်းရင် ငါး ရပါတယ်။ 0:02:34.765,0:02:36.960 ပြီးတော့ လေးကို ကိုးနဲ့ပေါင်းလိုက်ရင် ၁၃ ရတယ် 0:02:36.960,0:02:40.173 ကိုးအပေါင်း ၂၅ က ၃၄၊ 0:02:40.173,0:02:42.832 ကောင်းပြီ၊ ပုံစံကို ဆက်ပြီး မြင်နိုင်ပါတယ်။ 0:02:42.832,0:02:44.453 တကယ်ကျတော့ ဒီမှာက တစ်မျိုးပါ 0:02:44.453,0:02:46.297 ခုနက ရလိုက်တဲ့ ပထမ ဖီဘိုနာချီ ဂဏန်းတွေရဲ့ 0:02:46.297,0:02:48.795 နှစ်ထပ်ကိန်းတွေကို လိုက်ပေါင်းကြည့်ကြပါမယ်။ 0:02:48.795,0:02:50.403 ဒီလိုနည်းဖြင့် လုပ်ကြည့်လို့ ရတာကို ကြည့်ကြရအောင်။ 0:02:50.403,0:02:52.542 ဒီတော့ တစ်အပေါင်းတစ်အပေါင်းလေးက ခြောက်။ 0:02:52.542,0:02:55.547 အဲဒီထဲကို ကိုးကို ထည့်လိုက်တော့ ၁၅ ကိုရပါတယ်။ 0:02:55.547,0:02:57.760 ၂၅ ထပ်ထည့်ရင် ကျွန်တော်တို့ ၄၀ ရမယ်။ 0:02:57.760,0:03:00.551 64 ထည့်ရင် ကျွန်တော်တို့ ၁၀၄ ရမယ်။ 0:03:00.551,0:03:02.203 အဲဒီလို ရလိုက်တဲ့ ဂဏန်းတွေကို အခု ကြည့်ကြည့်ရအောင်။ 0:03:02.203,0:03:04.587 အဲဒါတွေဟာ ဖီဘိုနာချီ ဂဏန်းတွေ မဟုတ်ကြပါ 0:03:04.587,0:03:06.466 ဒါပေမဲ့ ၎င်းတို့ကို နီးနီးကပ်ကပ် လေ့လာကြည့်မယ်ဆိုရင် 0:03:06.466,0:03:08.349 ၎င်းတို့ထဲမှာ ဖီဘိုနာချီ ဂဏန်းတွေ 0:03:08.349,0:03:10.527 နစ်မြုပ်လျက် ရှိနေတာကို မြင်လာရမှာပါ။ 0:03:10.527,0:03:12.597 ခင်ဗျားတို့ မြင်နိုင်ရဲ့လား။ ကျွန်တော် ခင်ဗျားတို့ကို ပြပါမယ်။ 0:03:12.597,0:03:16.330 ခြောက်ဟာ နှစ်သုံးလီပါ၊ ၁၅ ဟာ ငါးသုံးလီပါ၊ 0:03:16.330,0:03:18.389 ၄ဝဟာ ရှစ်ငါးလီပါ၊ 0:03:18.389,0:03:21.317 နှစ်၊ သုံး၊ ငါး၊ ရှစ် ဆိုတော့ ကျွန်တော်တို့ [br]ရလာတာက ဘာတွေလဲ? 0:03:21.317,0:03:22.504 (ရယ်မောသံများ) 0:03:22.504,0:03:24.659 ဖီဘိုနာချီပါပဲ။ ဟုတ်တယ်ဗျ။ 0:03:24.659,0:03:28.442 ကောင်းပါပြီ၊ ဒီလို ရှိနေတဲ့ ပုံစံကို မြင်တွေ့နိုင်ခြင်းဟာ [br]ပျော်စရာ ကောင်းသလိုပဲ 0:03:28.442,0:03:30.924 အဲဒီလို မှန်ကန်နေခြင်းဟာ ဘာကြောင့်လဲဆိုတာကို 0:03:30.924,0:03:32.882 နးလည်လာခြင်းကလည်း [br]ကျေနပ်စရာ ကောင်းပါတယ်။ 0:03:32.882,0:03:34.771 ခုနက နောက်ဆုံး ညီမျှခြင်းကို ကြည့်ကြရအောင်။ 0:03:34.771,0:03:38.639 ဘာဖြစ်လို့များ တစ်၊ တစ် နှစ်၊ သုံး၊ ငါး နှင့် ရှစ်တို့ရဲ့ [br]စတုရန်းတွေကို ပေါင်းလိုက်ရင် 0:03:38.639,0:03:41.184 ၁၃ ရှစ်လီ ဖြစ်လာရတာလဲ။ 0:03:41.184,0:03:44.145 ကျွန်တော်ဟာ အဲဒါကို ပုံတစ်ပုံကို [br]ရေးဆွဲပြီး ပြပါ့မယ်။ 0:03:44.145,0:03:46.832 ကျွန်တော်တို့ဟာ တစ်အမြှောက်တစ် စတုရန်းပုံက စကြပါမယ် 0:03:46.832,0:03:50.997 အဲဒါရဲ့ နောက်မှာ ကျွန်တော်တို့ရဲ့ စတုရန်းတွေကို [br]တစ်ခုပြီးတစ်ခု ထည့်ဆွဲကြပါမယ်။ 0:03:50.997,0:03:54.405 ၎င်းတို့ဟာ အတူတူကျတော့ [br]တစ်အမြှောက်နှစ် စတုဂံပုံ ဖြစ်ပါတယ်။ 0:03:54.405,0:03:56.954 အဲဒါရဲ့ အောက်မှာ ကျွန်တော်ဟာ [br]နှစ်အမြှောက်နှစ် စတုရန်းပုံကို ထည့်ပါမယ် 0:03:56.954,0:03:59.749 အဲဒါရဲ့ ဘေးမှာ သုံးအမြှောက်သုံး စတုရန်းကို ထည့်ပါမယ် 0:03:59.749,0:04:01.750 အဲဒါရဲ့ အောက်မှာ ငါးအမြှောက်ငါး စတုရန်း ထည့်ပါမယ် 0:04:01.750,0:04:03.662 အဲဒါရဲ့ နောက်မှာ ရှစ်အမြှောက်ရှစ် စတုရန်းကို ထည့်ပါမယ် 0:04:03.662,0:04:06.234 အဲဒီလိုနည်းဖြင့် ဧရာမ စတုဂံပုံကြီးကို ရလာတယ်၊ [br]တွေ့တယ် မဟုတ်လား။ 0:04:06.234,0:04:08.150 အခုတော့ ကျွန်တော်ဟာ မေးခွန်းလေး တစ်ခုကို မေးပါရစေ၊ 0:04:08.150,0:04:11.806 အဲဒီ စတုဂံရဲ့ ဧရိယာက ဘယ်လောက်လဲ။ 0:04:11.806,0:04:13.777 ကောင်းပြီ၊ တစ်ဖက်မှ ကြည့်ရင် 0:04:13.777,0:04:16.307 အဲဒါဟာ ဧရိယာတွေ အားလုံးကို စုပေါင်းပေးမှုပါ 0:04:16.307,0:04:18.173 အထဲမှာ ရှိနေကြတဲ့ စတုရန်းတွေကို ပေါင်းပေးမှုပါပဲ။ 0:04:18.173,0:04:19.531 ကျွန်တော်တို့က တစ်ခုပြီးတစ်ခု [br]ထည့်ပေးသွားကြတဲ့ အတိုင်းပါပဲ။ 0:04:19.531,0:04:21.704 အဲဒီမှာ တစ်ရဲ့နှစ်ထပ်ကိန်း ဘေးမှာ [br]နောက်တစ်ခါ တစ်ရဲ့နှစ်ထပ်ကိန်း 0:04:21.704,0:04:23.937 အပေါင်း နှစ်ရဲ့ နှစ်ထပ်ကိန်း၊ အပေါင်း သုံးရဲ့ နှစ်ထပ်ကိန်း 0:04:23.937,0:04:26.536 အပေါင်း ငါး နှစ်ထပ်ကိန်း အပေါင်း ရှစ် နှစ်ထပ်ကိန်း။ [br]ဟုတ်တယ် မဟုတ်လား။ 0:04:26.536,0:04:28.393 အဲဒါက ဧရိယာပါပဲ။ 0:04:28.393,0:04:30.719 နောက်တစ်ဖက်မှ ကြည့်ကြည့်ရင်၊ [br]အဲဒါဟာ စတုဂံဖြစ်တယ်ဆိုတော့ 0:04:30.719,0:04:34.367 ဧရိယာဟာ အဲဒါရဲ့ အမြင့်ကိ အခြေခံနဲ့[br]မြှောက်လို့ရတဲ့ဟာပါပဲ 0:04:34.367,0:04:36.414 ဒီမှာ အမြင့်က ရှစ်ဖြစ်မှန်း ရှင်းနေပါတယ် 0:04:36.414,0:04:39.317 ပြီးတော့ အဲဒီအခြေဟာ ငါးအပေါင်းရှစ် [br]ဖြစ်နေပြန်ပါတယ် 0:04:39.317,0:04:43.255 အဲဒီနောက်မှာ လာရမယ့် ဖီဘိုနာချီ ဂဏန်းက [br]ဘာများပါလိမ့်၊ ၁၃။ ဟုတ်တယ်မဟုတ်လား။ 0:04:43.255,0:04:46.618 အဲဒါကြောင့်မို့လို့ ဧရိယာဟာ ၁၃ အမြှောက် ရှစ်ပါပဲ။ 0:04:46.618,0:04:48.880 ကျွန်တော်တို့ဟာ ဧရိယာကို မတူကြတဲ့ နည်းလမ်း နှစ်မျိုးဖြင့် 0:04:48.880,0:04:50.567 မှန်ကန်စွာ တွက်ချက်ခဲ့ကြတ်ဆိုတော့ 0:04:50.567,0:04:52.739 ရလဒ်နှစ်မျိုးဟာ တူညီကြရပါမယ် 0:04:52.739,0:04:56.130 အဲဒါကြောင့်မို့လို့ တစ်၊တစ်၊ နှစ်၊ သုံး၊ ငါး နှင့် ရှစ်တို့ရဲ့ [br]နှစ်ထပ်ကိန်းတွေကို 0:04:56.130,0:04:58.421 ပေါင်းသွားမယ်ဆိုရင် ရှစ်အမြှောက် ၁၃ ရပါမယ်။ 0:04:58.421,0:05:00.795 အခု ကျွန်တော်တို့က အဲဒီ ဖြစ်စဉ်ကို [br]ဆက်သွားမယ်ဆိုရင် 0:05:00.795,0:05:04.773 ကျွန်တော်တို့ဟာ ၁၃ အမြှောက် ၂၁ ဆိုတဲ့ [br]စတုဂံကို ရရှိလာပါမယ် 0:05:04.773,0:05:07.167 ၂၁ အမြှောက် ၃၄၊ စသဖြင့် ရရှိသွားပါလိမ့်မယ်။ 0:05:07.167,0:05:08.576 နောက်တစ်ခု စစ်ကြည့်ပါဦး။ 0:05:08.576,0:05:10.769 ခင်ဗျားတို့ဟာ ၁၃ ကို ရှစ်နဲ့ စားကြည့်မယ်ဆိုရင် 0:05:10.769,0:05:12.812 ခင်ဗျားဟာ ၁.၆၂၅ ကို ရပါမယ်။ 0:05:12.812,0:05:16.239 အဲဒီနောက်မှာ ပိုကြီးတဲ့ ဂဏန်းကိုယူပြီး ငယ်တဲ့ [br]ဂဏန်းနဲ့ စားကြည့်မယ်ဆိုရင် 0:05:16.239,0:05:19.112 ခုနက ရခဲ့တဲ့ အချိုးအစားဟာ ၁.၆၁၈ နားဆီကို 0:05:19.112,0:05:21.765 တိုးတိုး နီးလာမှာပါ 0:05:21.765,0:05:25.066 တော်တော်များက သိထားကြတဲ့ [br]ရွှေအချိုးအစား ဆိုတာပါပဲ 0:05:25.066,0:05:27.662 သင်္ချာ ပညာရှင်တွေ၊ သိပ္ပံပညာတွေ နှင့် [br]အနုပညာရှင်တွေ တသီကြီးကို 0:05:27.662,0:05:30.908 ရာစုနှစ်နဲ့ချီ တစ်ချိန်လုံး [br]ဆွဲဆောင် အံ့အားသင့်စေခဲ့တဲ့ ဂဏန်းပါပဲ။ 0:05:30.908,0:05:33.139 ကောင်းပါပြီ၊ ဒါတွေအားလုံးကို [br]ကျွန်တော်က ခင်ဗျားတို့ကို ပြပေးနေတာက 0:05:33.139,0:05:35.164 သင်္ချာ ပညာထဲက အချက်အလက်တွေ အများကြီးလိုပဲ 0:05:35.164,0:05:37.131 အဲဒါဆီမယ် လှပ်တဲ့ ဖက်တစ်ဖက်လည်း ရှိသေးလို့ပါ 0:05:37.131,0:05:39.146 အဲဒါကို ကျွန်တော်တို့ ကျေင်းတွေမှာ လုံလောက်စွာ 0:05:39.146,0:05:40.713 အလေးမပေးကြတာကို စိုးရိမ်ေနေလို့ပါပဲ။ 0:05:40.713,0:05:43.546 ကျွန်တော်တို့ဟာ တွက်ချက်မှုကို [br]အချိန် အများကြီး ပေးကြပါတယ် 0:05:43.546,0:05:46.302 ဒါပေမဲ့ အသုံးချရေးကိစ္စကိုလည်း မေ့မရနိုင်ပါ 0:05:46.302,0:05:49.756 ကျွန်တော့်စိတ်ထင် အရေးကြီးဆုံး အသုံးချမှုဖြစ်တဲ့ 0:05:49.756,0:05:51.832 စဉ်းစားတွေးခေါ်မှု အပါအဝင်ကိုလည်း[br]အာရုံစိုက်ဖို့ လိုပါတယ်။ 0:05:51.832,0:05:53.789 ဒါကို ကျွန်တော့်အနေနဲ့ စာတစ်ကြောင်းတည်းဖြင့် 0:05:53.789,0:05:55.250 အတိုချုံးပြီး ပြောရင်တော့ 0:05:55.250,0:05:58.610 သင်္ချာ ပညာဆိုတာ မသိကြတဲ့ x ရဲ့ အဖြေကို [br]ရှာမှုသက်သက် မဟုတ်ဘဲ 0:05:58.610,0:06:01.535 ဘာဖြစ်လို့လဲ ဆိုတာကိုပါ ဖေါ်ထုတ်မှုပါပဲ။ 0:06:01.535,0:06:03.350 ကျေးဇူးတင်ပါတယ်။ 0:06:03.350,0:06:07.757 (လက်ခုပ်တီးသံများ)