1 00:00:00,926 --> 00:00:03,416 ကျွန်မတို့ဟာ လူ့သမိုင်းရဲ့ အရေးပါတဲ့ အခြေအနေမှာပါ 2 00:00:03,416 --> 00:00:08,943 ကြယ်တွေလှမ်းယူချိန်မှာ ကျွန်ုပ်တို့ရဲ့ ဂြိုဟ်ကို ဆုံးရှုံတော့မယ့် မျိုးစိတ်ပါ။ 3 00:00:09,332 --> 00:00:12,062 မကြာသေးတဲ့ နှစ်တွေကတောင် ကမ္ဘာမြေရဲ့ စကြာဝဠာထဲ ပါဝင် 4 00:00:12,062 --> 00:00:16,392 ဆက်နွယ်မှု အကြောင်း အသိပညာတွေကို အတော့်ကို ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။ 5 00:00:16,392 --> 00:00:19,130 NASA ရဲ့ Kepler အထူးစူးစမ်းေ၇း အအဖွဲ့က ကြယ်တွေတစ်ဝိုက်က 6 00:00:19,130 --> 00:00:22,079 လူနေနိုင်ဖို့ အလားအလာရှိတဲ့ ဂြိုဟ်တွေကိုထောင်ချီ တွေ့ရှိထားတယ်။ 7 00:00:22,079 --> 00:00:26,273 ကမ္ဘာဂြိုဟ်ဟာ ဟင်းလင်းပြင် ကြယ်စုထဲက သန်းထောင်ချီ ဂြိုဟ်တွေထဲက တစ်ခုမျှပါ။ 8 00:00:26,273 --> 00:00:28,143 Kepler ဟာ ဂြိုဟ်တွေ ကြယ်တွေရှေ့မှ 9 00:00:28,143 --> 00:00:32,434 ဖြတ်သွားစဥ် ကျွန်မတို့ဆီလာတဲ့ အလင်းကို နည်းနည်းလေး ကာဆီးရင်း ကြယ်တွေရဲ့ 10 00:00:32,434 --> 00:00:35,282 အလင်းရောင်ကိုတိုင်းတာတဲ့ သိမ်မွေ့တဲ့ အာကာသ မှန်ပြောင်းပါ။ 11 00:00:35,732 --> 00:00:38,332 Kepler ရဲ့ ဒေတာက ဂြိုဟ်တွေရဲ့ အရွယ်အစားအပြင် 12 00:00:38,332 --> 00:00:41,118 ၄င်းတို့ရဲ့ ပင်မကြယ်ကနေ အကွာအဝေးကိုပါ ပြပါတယ်။ 13 00:00:41,118 --> 00:00:45,158 ပေါင်းလိုက်တော့ ဒီဂြိုဟ်တွေဟာ ကျွန်မတို့ နေအဖွဲ့အစည်းက ဂြိုဟ်တွေလိုပဲ သေးလား၊ 14 00:00:45,158 --> 00:00:47,713 ကျောက်တုံးတွေနဲ့ပြည့်နေလား၊ ပင်မနေမှ အလင်းဘယ်လောက် 15 00:00:47,713 --> 00:00:51,079 ရရှိတယ်ဆိုတာကိုလည်း နားလည်ဖို့ ကူညီပေးတယ်။ 16 00:00:51,079 --> 00:00:54,957 တစ်ဖက်မှာ ဒါက ကျွန်မတို့ရှာတွေ့တဲ့ ဒီဂြိုဟ်တွေဟာ နေထိုင်လို့ရ၊ မရ 17 00:00:54,957 --> 00:00:57,418 သဲလွန်စတွေ ပေးနိုင်တာပေါ့။ 18 00:00:57,418 --> 00:01:01,481 ဖြစ်ချင်တော့ တစ်ချိန်တည်းမှာ နေလို့ ရမယ်လို့ အလားအလာရှိတဲ့ ကမ္ဘာတွေရဲ့ 19 00:01:01,481 --> 00:01:03,594 ရတနာသိုက်ကို ကျွန်မတို့ ရှာတွေ့နေစဉ်မှာ 20 00:01:03,594 --> 00:01:07,054 ကျွန်မတို့ရဲ့ ဂြိုဟ်ဟာ လူသားရဲ့ ၀န်ထုပ်၀န်ပိုး အောက်မှာ အိကျနေပါတယ်။ 21 00:01:07,054 --> 00:01:11,466 မှတ်တမ်းအရ ၂၀၁၄ ခုဟာ အပူဆုံးနှစ်ပါ။ 22 00:01:11,466 --> 00:01:14,809 ကျွန်မတို့နဲ့အတူ နှစ်ထောင်ချီ ရှိလာခဲ့တဲ့ ရေခဲမြစ်တွေနဲ့ ပင်လယ်တွေဟာ 23 00:01:14,809 --> 00:01:17,944 အခုတော့ ဆယ်စုနှစ် တွေဆိုတဲ့ အချိန်မှာ ပျောက်ကွယ်သွားတော့မယ်။ 24 00:01:17,944 --> 00:01:23,055 ကျွန်ုပ်တို့ရဲ့ လက်ချက် ဂြိုဟ်တစ်ခုလုံး ဆိုင်ရာ အဲဒီပတ်ဝန်းကျင် ပြောင်းလဲမှုတွေ 25 00:01:23,055 --> 00:01:26,527 ကြောင့် အဲဒီလမ်းကြောင်းမှ တိမ်းရှောင်ရန် အလားအလာဟာ ကုန်ဆုံးပါတော့မယ်။ 26 00:01:27,347 --> 00:01:31,062 ဒါပေမဲ့ ကျွန်မက ရာသီဥတု သိပ္ပံပညာရှင် မဟုတ်ဘူး၊ နတ္ခတ္တဗေဒပညာရှင်ပါ။ 27 00:01:31,062 --> 00:01:34,432 ဂြိုဟ်ဆိုင်ရာ နေထိုင်ရနိုင်မှုကို လေ့လာတယ်၊ ကြယ်တွေရဲ့ သက်ရောက်မှုနဲ့ 28 00:01:34,432 --> 00:01:36,890 စကြာဝဠာထဲမှာ ကိုယ့်ဂြိုဟ်ကို လွန်ပြီး သက်ရှိတွေ 29 00:01:36,890 --> 00:01:39,862 တွေ့နိုင်မယ့် နေရာတွေ ရှိနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ 30 00:01:39,862 --> 00:01:43,402 ကျွန်မဟာ ရွေးချယ်စရာ အိမ်ခြံမြေ အသစ်ကို ရှာနေတယ်လို့ ဆိုနိုင်တာပေါ့။ 31 00:01:43,902 --> 00:01:48,244 ကဲ စကြာဝဠာထဲမှာ သက်ရှိရှာဖွေရေးကို နက်နက်နဲနဲ စွဲဝင်နေတဲ့ လူတစ်ယောက်အနေနဲ့ 32 00:01:48,244 --> 00:01:51,611 ပြောနိုင်တာက ကမ္ဘာမြေနဲ့တူတဲ့ ဂြိုဟ်ကို ရှာဖို့ ကြိုးစားလေလေ၊ 33 00:01:51,611 --> 00:01:55,257 ကိုယ့်ကမ္ဘာမြေကို ပိုတန်ဖိုးထားလာလေလေပါ။ 34 00:01:55,257 --> 00:01:57,950 ကမ္ဘာအသစ်တွေထဲက တစ်ခုချင်းစီကို ကိုယ်အကောင်းဆုံး 35 00:01:57,950 --> 00:02:01,572 သိထားတဲ့ ဂြိုဟ်တွေနဲ့ နှိုင်းယှဉ်ချင်တာ သဘာဝကျပါတယ်။ 36 00:02:01,572 --> 00:02:03,662 ကျွန်မတို့ရဲ့ နေအဖွဲ့အစည်းက ဂြိုဟ်တွေပေါ့။ 37 00:02:03,662 --> 00:02:05,624 အိမ်နီးချင်း အင်္ဂါဂြိုဟ်ကို တွေးလိုက်ပါ။ 38 00:02:05,624 --> 00:02:09,409 အင်္ဂါဂြိုဟ်ဟာ သေးငယ်ပြီး ကျောက်ထူတယ်၊ နေကနေ နည်းနည်းဝေးပေမဲ့ Kepler လို 39 00:02:09,409 --> 00:02:11,934 အထူးအဖွဲ့ကသာ တွေ့ခဲ့ရင် နေထိုင်ဖို့ အလားအလာရှိနိုင်တဲ့ 40 00:02:11,934 --> 00:02:13,936 ကမ္ဘာတစ်ခုလို့ တွေးနိုင်စရာရှိပါတယ်။ 41 00:02:13,936 --> 00:02:17,303 တကယ်တော့ အင်္ဂါဂြိုဟ်ဟာ အတိတ်တုန်းက နေထိုင်လို့ရနိုင်ခဲ့ဖွယ် ရှိပါတယ်။ 42 00:02:17,303 --> 00:02:20,740 တစ်ပိုင်းအားဖြင့် ဒါကြောင့်ပဲ အင်္ဂါဂြိုဟ်ကို အရမ်းလေ့လာကြတယ်။ 43 00:02:20,740 --> 00:02:24,130 Curiosity လို ယာဉ်တွေဟာ ၎င်းရဲ့ မျက်နှာပြင်ကို လှိမ့်သွားတယ်၊ 44 00:02:24,130 --> 00:02:27,380 ကိုယ်သိတဲ့ သက်ရှိမူလအစရဲ့ သဲလွန်စ ဆိုတာမျိုးတွေကို လှန်လှောရင်းပေါ့။ 45 00:02:27,380 --> 00:02:30,886 MAVEN အထူးအဖွဲ့လို ဂြိုဟ်ထုတွေဟာ အင်္ဂါဂြိုဟ် လေထုလွာကို နမူနာကောက်ပြီး 46 00:02:30,886 --> 00:02:34,578 ၎င်းဟာ ဘယ်လိုလုပ်ပြီး နေထိုင်လို့မရ ဖြစ်လာတာလဲ နားလည်ဖို့ အားထုတ်ခဲ့တယ်။ 47 00:02:34,578 --> 00:02:39,143 ပုဂ္ဂလိက အာကာသခရီးစဉ် ကုမ္ပဏီတွေက အခု အာကာသအနီး ခရီးတိုသာမက အင်္ဂါဂြိုဟ်ပေါ် 48 00:02:39,143 --> 00:02:42,844 ကျွန်မတို့ နေထိုင်ဖို့ အသည်းယားစရာ ဖြစ်နိုင်ခြေကိုပါ ကမ်းလှမ်းကြတယ်။ 49 00:02:42,844 --> 00:02:44,794 ဒါပေမဲ့ ဒီ အင်္ဂါဂြိုဟ် မြင်ကွင်းတွေဟာ 50 00:02:44,794 --> 00:02:47,349 ကျွန်မတို့ ကမ္ဘာမြေက ကန္တာရတွေနဲ့ ဆင်တူကြကာ 51 00:02:47,349 --> 00:02:52,921 စွန့်စားစရာ နေရာတွေနဲ့ စိတ်ကူးတွေထဲမှာ ဆက်စပ်နေတဲ့ နေရာမျိုးပါ။ 52 00:02:52,921 --> 00:02:54,593 ကမ္ဘာမြေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် 53 00:02:54,593 --> 00:02:57,890 အင်္ဂါဂြိုဟ်ဟာ နေထိုင်ဖို့ တော်တော်ဆိုးဝါးတဲ့နေရာပါ။ 54 00:02:57,890 --> 00:03:01,164 မသိမ်းပိုက်နိုင်သေးတဲ့ ကိုယ့်ဂြိုဟ်ပေါ်က ကန္တာရတွေဆိုရင် 55 00:03:01,164 --> 00:03:03,068 အင်္ဂါဂြိုဟ်နဲ့စာရင် 56 00:03:03,068 --> 00:03:05,901 စိမ်းလန်း စိုပြေနေတယ်လို့ ထင်စရာရှိပါတယ်။ 57 00:03:05,901 --> 00:03:08,687 ကမ္ဘာပေါ်က အခြောက်သွေ့ဆုံး အမြင့်ဆုံး နေရာတွေမှာတောင် 58 00:03:08,687 --> 00:03:11,287 လေထုဟာ မိုင်ထောင်ချီဝေးတဲ့ မိုးသစ်တောတွေဆီက 59 00:03:11,287 --> 00:03:15,374 ရှူထုတ်လိုက်တဲ့ သန့်ရှင်းတဲ့ အောက်စီဂျင်နဲ့ ချိုမြထူထဲပါတယ်။ 60 00:03:15,374 --> 00:03:21,318 စိုးရိမ်မိတာက ဒီအင်္ဂါဂြိုဟ်နဲ့ အခြား ဂြိုဟ်တွေကို သိမ်းပိုကုရေးဆိုတဲ့ 61 00:03:21,318 --> 00:03:24,429 စိတ်လှုပ်ရှားမှုနဲ့အတူ မှောင်မည်းနေတဲ့ အရိပ်တစ်ခုပါ ပါလာမှာကိုပါ− 62 00:03:24,429 --> 00:03:26,449 တကယ့်ကို နေထိုင်ရန် ကောင်းခဲ့တဲ့ 63 00:03:26,449 --> 00:03:30,002 ကမ္ဘာမြေကို မိမိဘာသာ ဒုက္ခပေးဖျက်ဆီး လိုက်ကြတဲ့ ကျွန်မတို့ကို ကယ်တင် 64 00:03:30,002 --> 00:03:34,135 ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်တွေ့ လုပ်ကိုင်မှုတွေပါပဲ။ 65 00:03:34,135 --> 00:03:36,573 ဂြိုဟ်များအား စူးစမ်းလေ့လာမှုကို ကျွန်မ အရမ်းနှစ်သက်ပေမဲ့၊ 66 00:03:36,573 --> 00:03:38,918 အဲဒီစိတ်ကူးကိုတော့ အပြင်းအထန် ကန့်ကွက်ချင်ပါတယ်။ 67 00:03:38,918 --> 00:03:41,611 အင်္ဂါဂြိုဟ်ကိုသွားဖို့ အကြောင်းပြချက် ကောင်းတွေ များစွာ 68 00:03:41,611 --> 00:03:45,025 ရှိပေမဲ့ အင်္ဂါဂြိုဟ်ဟာ လူသားကို ထောက်ပံ့ဖို့ ဖြစ်မယ်လို့ ပြောတဲ့သူဟာ 69 00:03:45,025 --> 00:03:48,133 တကယ့်ဖြစ်မှာက နောက်ပိုင်းတွင် မြင်ကြရမယ့် အသက်ကယ်လှေတွေပါလို့ 70 00:03:48,133 --> 00:03:50,504 Titanic သင်္ဘော ရေယာဉ်မှူးက ပြောပြနေတာနဲ့ တူပါတယ်။ 71 00:03:50,504 --> 00:03:53,453 (ရယ်သံများ) 72 00:03:53,453 --> 00:03:56,355 (လက်ခုပ်သံများ) 73 00:03:56,355 --> 00:03:59,142 ကျေးဇူးတင်ပါတယ်။ 74 00:03:59,142 --> 00:04:02,928 ဒါပေမဲ့ ဂြိုဟ်များအား လေ့လာ စူးစမ်းခြင်းနဲ့ ထိန်းသိမ်းထားခြင်းရဲ့ 75 00:04:02,928 --> 00:04:05,109 ရည်ရွယ်ချက်တွေဟာ အချင်းချင်း မဆန့်ကျင်ပါဘူး။ 76 00:04:05,109 --> 00:04:07,640 နိုး၊ တကယ်က တူညီတဲ့ ပန်းတိုင်ရဲ့ ဘက်နှစ်ဘက်ပါ၊ 77 00:04:07,640 --> 00:04:11,982 အနာဂတ်ထဲမှာ သက်ရှိဘဝကို နားလည်၊ ထိန်းသိမ်း တိုးတက်ဖို့ပေါ့။ 78 00:04:11,982 --> 00:04:16,045 ကျွန်မတို့ ကိုယ်ပိုင်ကမ္ဘာရဲ့ လွန်ကဲတဲ့ ဝန်းကျင်တွေဟာ စိမ်းနေတဲ့ မြင်ကွင်းတွေပါ။ 79 00:04:16,045 --> 00:04:17,926 ဒါတွေဟာ ဇာတိရပ်နဲ့ ပိုပြီးနီးပါတယ်။ 80 00:04:17,926 --> 00:04:22,105 ဒီကမ္ဘာမြေက စိမ်းကားပြီး နေချင်စရာ မကောင်းတဲ့ နေရာတွေကို 81 00:04:22,105 --> 00:04:25,495 နေထိုင်လို့ရတဲ့ နေရုအဖြစ် ဘယ်လို ဖန်တီးထိန်းသိမ်းမှာကို နားလည်နိုင်ရင် 82 00:04:25,495 --> 00:04:28,932 ကျွန်မတို့ဟာ ကိုယ့်ဝန်းကျင်ကိုထိန်းသိမ်း ရေးကိုရော အခြားနေရာသို့ 83 00:04:28,932 --> 00:04:31,161 ရွေ့ခြင်းကိုပါ လုပ်နိုင်ကြပါတယ်။ 84 00:04:31,161 --> 00:04:33,471 နောက်ဆုံး အတွေး စမ်းသပ်ချက် တစ်ခု ထားရစ်ခဲ့ပါမယ်၊ 85 00:04:33,471 --> 00:04:35,166 Fermi ရဲ့ ဝိရောဓိ သဘောပါ။ 86 00:04:35,166 --> 00:04:40,028 နှစ်ပေါင်းများစွာက ရူပဗေဒပညာရှင် Enrico Fermi မေးခဲ့တာက ကျုပ်တို့စကြာဝဠာဟာ 87 00:04:40,028 --> 00:04:42,875 ကြာမြင့်လှပြီ ဖြစ်ပြီး ၎င်းရဲ့ အတွင်းမှာလည်း ဂြိုဟ်တွေ 88 00:04:42,875 --> 00:04:45,545 အများကြီးရှိတယ်လို့ မျှော်လင့်တာ ကိုထောက်ဆရင်ဖြင့် 89 00:04:45,545 --> 00:04:48,633 အခုဆို ဂြိုဟ်သားတွေအတွက် အထောက် အထား ကျုပ်တို့ တွေ့သင့်ပြီပေါ့၊ 90 00:04:48,633 --> 00:04:50,676 ဒီတော့ သူတို့ဘယ်မှာလဲ။ 91 00:04:50,676 --> 00:04:54,043 ကောင်းပြီ၊ Fermi ရဲ့ ဝိရောဓိအတွက် ဖြစ်နိုင်တဲ့ အဖြေက 92 00:04:54,043 --> 00:04:57,526 လူ့ယဉ်ကျေးမှုတွေဟာ ကြယ်တွေအလယ်မှာ နေထိုင်ခြင်းကို စဉ်းစားနိုင်လောက်အောင် 93 00:04:57,526 --> 00:04:59,848 နည်းပညာပိုင်း အဆင့်မြင့်လာပြီး 94 00:04:59,848 --> 00:05:02,332 ဒီတိုးတက်မှုတွေကို အစပြုပေးတဲ့ နေထိုင်ရာ 95 00:05:02,332 --> 00:05:06,860 ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက် ရေးဟာ အရေးကြီးတာကို မျက်ခြေပြတ်သွားပါတယ်။ 96 00:05:06,860 --> 00:05:11,248 ဂြိုဟ်နယ်မြေများကို သိမ်းပိုက်ခြင်းကသာ ကိုယ့်ကိုယ်ကို ကယ်တင်လိမ့်မယ်လို့ 97 00:05:11,248 --> 00:05:13,129 ယုံကြည်ချက်တာ မိုက်မဲတဲ့ စိတ်ကူးပါ၊ 98 00:05:13,129 --> 00:05:16,658 ဒါပေမဲ့ ဂြိုဟ်များကို ထိန်းသိမ်းခြင်းနဲ့ စူးစမ်းရှာဖွေခြင်း 99 00:05:16,658 --> 00:05:18,552 နှစ်ခုစလုံး လုပ်ကိုင်လို့ ရနိုင်ပါတယ်။ 100 00:05:18,552 --> 00:05:20,675 လူနေထိုင်ရာအတွက် အင်္ဂါဂြိုဟ်ရဲ့ ကြမ်းလှတဲ့ 101 00:05:20,675 --> 00:05:24,181 ဝန်းကျင်တွေကို ပြင်ဆင်ဖို့ ကိုယ့် အရည်အချင်းကို တကယ်ယုံကြည်ရင်တော့ 102 00:05:24,181 --> 00:05:27,767 ကမ္ဘာမြေရဲ့ နေထိုင်ရနိုင်မှုကို ထိန်းသိမ်းရေးဆိုတဲ့ 103 00:05:27,767 --> 00:05:29,940 လုပ်ငန်းဆိုတာ အရမ်း လွယ်လာမှာပါ။ 104 00:05:29,940 --> 00:05:30,986 ကျေးဇူးတင်ပါတယ်။ 105 00:05:30,996 --> 00:05:37,516 (လက်ခုပ်သံများ)