ကျွန်မတို့ဟာ လူ့သမိုင်းရဲ့
အရေးပါတဲ့ အခြေအနေမှာပါ
ကြယ်တွေလှမ်းယူချိန်မှာ ကျွန်ုပ်တို့ရဲ့
ဂြိုဟ်ကို ဆုံးရှုံတော့မယ့် မျိုးစိတ်ပါ။
မကြာသေးတဲ့ နှစ်တွေကတောင်
ကမ္ဘာမြေရဲ့ စကြာဝဠာထဲ ပါဝင်
ဆက်နွယ်မှု အကြောင်း အသိပညာတွေကို
အတော့်ကို ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။
NASA ရဲ့ Kepler အထူးစူးစမ်းေ၇း
အအဖွဲ့က ကြယ်တွေတစ်ဝိုက်က
လူနေနိုင်ဖို့ အလားအလာရှိတဲ့
ဂြိုဟ်တွေကိုထောင်ချီ တွေ့ရှိထားတယ်။
ကမ္ဘာဂြိုဟ်ဟာ ဟင်းလင်းပြင် ကြယ်စုထဲက
သန်းထောင်ချီ ဂြိုဟ်တွေထဲက တစ်ခုမျှပါ။
Kepler ဟာ ဂြိုဟ်တွေ ကြယ်တွေရှေ့မှ
ဖြတ်သွားစဥ် ကျွန်မတို့ဆီလာတဲ့ အလင်းကို
နည်းနည်းလေး ကာဆီးရင်း ကြယ်တွေရဲ့
အလင်းရောင်ကိုတိုင်းတာတဲ့ သိမ်မွေ့တဲ့
အာကာသ မှန်ပြောင်းပါ။
Kepler ရဲ့ ဒေတာက ဂြိုဟ်တွေရဲ့
အရွယ်အစားအပြင်
၄င်းတို့ရဲ့ ပင်မကြယ်ကနေ
အကွာအဝေးကိုပါ ပြပါတယ်။
ပေါင်းလိုက်တော့ ဒီဂြိုဟ်တွေဟာ ကျွန်မတို့
နေအဖွဲ့အစည်းက ဂြိုဟ်တွေလိုပဲ သေးလား၊
ကျောက်တုံးတွေနဲ့ပြည့်နေလား၊
ပင်မနေမှ အလင်းဘယ်လောက်
ရရှိတယ်ဆိုတာကိုလည်း နားလည်ဖို့ ကူညီပေးတယ်။
တစ်ဖက်မှာ ဒါက ကျွန်မတို့ရှာတွေ့တဲ့
ဒီဂြိုဟ်တွေဟာ နေထိုင်လို့ရ၊ မရ
သဲလွန်စတွေ ပေးနိုင်တာပေါ့။
ဖြစ်ချင်တော့ တစ်ချိန်တည်းမှာ နေလို့
ရမယ်လို့ အလားအလာရှိတဲ့ ကမ္ဘာတွေရဲ့
ရတနာသိုက်ကို ကျွန်မတို့ ရှာတွေ့နေစဉ်မှာ
ကျွန်မတို့ရဲ့ ဂြိုဟ်ဟာ လူသားရဲ့
၀န်ထုပ်၀န်ပိုး အောက်မှာ အိကျနေပါတယ်။
မှတ်တမ်းအရ ၂၀၁၄ ခုဟာ အပူဆုံးနှစ်ပါ။
ကျွန်မတို့နဲ့အတူ နှစ်ထောင်ချီ ရှိလာခဲ့တဲ့
ရေခဲမြစ်တွေနဲ့ ပင်လယ်တွေဟာ
အခုတော့ ဆယ်စုနှစ် တွေဆိုတဲ့
အချိန်မှာ ပျောက်ကွယ်သွားတော့မယ်။
ကျွန်ုပ်တို့ရဲ့ လက်ချက် ဂြိုဟ်တစ်ခုလုံး
ဆိုင်ရာ အဲဒီပတ်ဝန်းကျင် ပြောင်းလဲမှုတွေ
ကြောင့် အဲဒီလမ်းကြောင်းမှ တိမ်းရှောင်ရန်
အလားအလာဟာ ကုန်ဆုံးပါတော့မယ်။
ဒါပေမဲ့ ကျွန်မက ရာသီဥတု သိပ္ပံပညာရှင်
မဟုတ်ဘူး၊ နတ္ခတ္တဗေဒပညာရှင်ပါ။
ဂြိုဟ်ဆိုင်ရာ နေထိုင်ရနိုင်မှုကို
လေ့လာတယ်၊ ကြယ်တွေရဲ့ သက်ရောက်မှုနဲ့
စကြာဝဠာထဲမှာ ကိုယ့်ဂြိုဟ်ကို
လွန်ပြီး သက်ရှိတွေ
တွေ့နိုင်မယ့် နေရာတွေ ရှိနိုင်မလား
ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။
ကျွန်မဟာ ရွေးချယ်စရာ အိမ်ခြံမြေ
အသစ်ကို ရှာနေတယ်လို့ ဆိုနိုင်တာပေါ့။
ကဲ စကြာဝဠာထဲမှာ သက်ရှိရှာဖွေရေးကို
နက်နက်နဲနဲ စွဲဝင်နေတဲ့ လူတစ်ယောက်အနေနဲ့
ပြောနိုင်တာက ကမ္ဘာမြေနဲ့တူတဲ့
ဂြိုဟ်ကို ရှာဖို့ ကြိုးစားလေလေ၊
ကိုယ့်ကမ္ဘာမြေကို ပိုတန်ဖိုးထားလာလေလေပါ။
ကမ္ဘာအသစ်တွေထဲက
တစ်ခုချင်းစီကို ကိုယ်အကောင်းဆုံး
သိထားတဲ့ ဂြိုဟ်တွေနဲ့ နှိုင်းယှဉ်ချင်တာ
သဘာဝကျပါတယ်။
ကျွန်မတို့ရဲ့ နေအဖွဲ့အစည်းက ဂြိုဟ်တွေပေါ့။
အိမ်နီးချင်း အင်္ဂါဂြိုဟ်ကို တွေးလိုက်ပါ။
အင်္ဂါဂြိုဟ်ဟာ သေးငယ်ပြီး ကျောက်ထူတယ်၊
နေကနေ နည်းနည်းဝေးပေမဲ့ Kepler လို
အထူးအဖွဲ့ကသာ တွေ့ခဲ့ရင် နေထိုင်ဖို့
အလားအလာရှိနိုင်တဲ့
ကမ္ဘာတစ်ခုလို့ တွေးနိုင်စရာရှိပါတယ်။
တကယ်တော့ အင်္ဂါဂြိုဟ်ဟာ အတိတ်တုန်းက
နေထိုင်လို့ရနိုင်ခဲ့ဖွယ် ရှိပါတယ်။
တစ်ပိုင်းအားဖြင့် ဒါကြောင့်ပဲ
အင်္ဂါဂြိုဟ်ကို အရမ်းလေ့လာကြတယ်။
Curiosity လို ယာဉ်တွေဟာ ၎င်းရဲ့
မျက်နှာပြင်ကို လှိမ့်သွားတယ်၊
ကိုယ်သိတဲ့ သက်ရှိမူလအစရဲ့ သဲလွန်စ
ဆိုတာမျိုးတွေကို လှန်လှောရင်းပေါ့။
MAVEN အထူးအဖွဲ့လို ဂြိုဟ်ထုတွေဟာ
အင်္ဂါဂြိုဟ် လေထုလွာကို နမူနာကောက်ပြီး
၎င်းဟာ ဘယ်လိုလုပ်ပြီး နေထိုင်လို့မရ
ဖြစ်လာတာလဲ နားလည်ဖို့ အားထုတ်ခဲ့တယ်။
ပုဂ္ဂလိက အာကာသခရီးစဉ် ကုမ္ပဏီတွေက
အခု အာကာသအနီး ခရီးတိုသာမက အင်္ဂါဂြိုဟ်ပေါ်
ကျွန်မတို့ နေထိုင်ဖို့ အသည်းယားစရာ
ဖြစ်နိုင်ခြေကိုပါ ကမ်းလှမ်းကြတယ်။
ဒါပေမဲ့ ဒီ အင်္ဂါဂြိုဟ် မြင်ကွင်းတွေဟာ
ကျွန်မတို့ ကမ္ဘာမြေက
ကန္တာရတွေနဲ့ ဆင်တူကြကာ
စွန့်စားစရာ နေရာတွေနဲ့ စိတ်ကူးတွေထဲမှာ
ဆက်စပ်နေတဲ့ နေရာမျိုးပါ။
ကမ္ဘာမြေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်
အင်္ဂါဂြိုဟ်ဟာ နေထိုင်ဖို့
တော်တော်ဆိုးဝါးတဲ့နေရာပါ။
မသိမ်းပိုက်နိုင်သေးတဲ့
ကိုယ့်ဂြိုဟ်ပေါ်က ကန္တာရတွေဆိုရင်
အင်္ဂါဂြိုဟ်နဲ့စာရင်
စိမ်းလန်း စိုပြေနေတယ်လို့
ထင်စရာရှိပါတယ်။
ကမ္ဘာပေါ်က အခြောက်သွေ့ဆုံး
အမြင့်ဆုံး နေရာတွေမှာတောင်
လေထုဟာ မိုင်ထောင်ချီဝေးတဲ့
မိုးသစ်တောတွေဆီက
ရှူထုတ်လိုက်တဲ့ သန့်ရှင်းတဲ့
အောက်စီဂျင်နဲ့ ချိုမြထူထဲပါတယ်။
စိုးရိမ်မိတာက ဒီအင်္ဂါဂြိုဟ်နဲ့ အခြား
ဂြိုဟ်တွေကို သိမ်းပိုကုရေးဆိုတဲ့
စိတ်လှုပ်ရှားမှုနဲ့အတူ မှောင်မည်းနေတဲ့
အရိပ်တစ်ခုပါ ပါလာမှာကိုပါ−
တကယ့်ကို နေထိုင်ရန် ကောင်းခဲ့တဲ့
ကမ္ဘာမြေကို မိမိဘာသာ ဒုက္ခပေးဖျက်ဆီး
လိုက်ကြတဲ့ ကျွန်မတို့ကို ကယ်တင်
ပေးလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့
လက်တွေ့ လုပ်ကိုင်မှုတွေပါပဲ။
ဂြိုဟ်များအား စူးစမ်းလေ့လာမှုကို
ကျွန်မ အရမ်းနှစ်သက်ပေမဲ့၊
အဲဒီစိတ်ကူးကိုတော့
အပြင်းအထန် ကန့်ကွက်ချင်ပါတယ်။
အင်္ဂါဂြိုဟ်ကိုသွားဖို့ အကြောင်းပြချက်
ကောင်းတွေ များစွာ
ရှိပေမဲ့ အင်္ဂါဂြိုဟ်ဟာ လူသားကို
ထောက်ပံ့ဖို့ ဖြစ်မယ်လို့ ပြောတဲ့သူဟာ
တကယ့်ဖြစ်မှာက နောက်ပိုင်းတွင်
မြင်ကြရမယ့် အသက်ကယ်လှေတွေပါလို့
Titanic သင်္ဘော ရေယာဉ်မှူးက
ပြောပြနေတာနဲ့ တူပါတယ်။
(ရယ်သံများ)
(လက်ခုပ်သံများ)
ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ ဂြိုဟ်များအား လေ့လာ
စူးစမ်းခြင်းနဲ့ ထိန်းသိမ်းထားခြင်းရဲ့
ရည်ရွယ်ချက်တွေဟာ အချင်းချင်း
မဆန့်ကျင်ပါဘူး။
နိုး၊ တကယ်က တူညီတဲ့ ပန်းတိုင်ရဲ့
ဘက်နှစ်ဘက်ပါ၊
အနာဂတ်ထဲမှာ သက်ရှိဘဝကို
နားလည်၊ ထိန်းသိမ်း တိုးတက်ဖို့ပေါ့။
ကျွန်မတို့ ကိုယ်ပိုင်ကမ္ဘာရဲ့ လွန်ကဲတဲ့
ဝန်းကျင်တွေဟာ စိမ်းနေတဲ့ မြင်ကွင်းတွေပါ။
ဒါတွေဟာ ဇာတိရပ်နဲ့ ပိုပြီးနီးပါတယ်။
ဒီကမ္ဘာမြေက စိမ်းကားပြီး နေချင်စရာ
မကောင်းတဲ့ နေရာတွေကို
နေထိုင်လို့ရတဲ့ နေရုအဖြစ် ဘယ်လို
ဖန်တီးထိန်းသိမ်းမှာကို နားလည်နိုင်ရင်
ကျွန်မတို့ဟာ ကိုယ့်ဝန်းကျင်ကိုထိန်းသိမ်း
ရေးကိုရော အခြားနေရာသို့
ရွေ့ခြင်းကိုပါ လုပ်နိုင်ကြပါတယ်။
နောက်ဆုံး အတွေး စမ်းသပ်ချက်
တစ်ခု ထားရစ်ခဲ့ပါမယ်၊
Fermi ရဲ့ ဝိရောဓိ သဘောပါ။
နှစ်ပေါင်းများစွာက ရူပဗေဒပညာရှင်
Enrico Fermi မေးခဲ့တာက ကျုပ်တို့စကြာဝဠာဟာ
ကြာမြင့်လှပြီ ဖြစ်ပြီး ၎င်းရဲ့
အတွင်းမှာလည်း ဂြိုဟ်တွေ
အများကြီးရှိတယ်လို့ မျှော်လင့်တာ
ကိုထောက်ဆရင်ဖြင့်
အခုဆို ဂြိုဟ်သားတွေအတွက် အထောက်
အထား ကျုပ်တို့ တွေ့သင့်ပြီပေါ့၊
ဒီတော့ သူတို့ဘယ်မှာလဲ။
ကောင်းပြီ၊ Fermi ရဲ့ ဝိရောဓိအတွက်
ဖြစ်နိုင်တဲ့ အဖြေက
လူ့ယဉ်ကျေးမှုတွေဟာ ကြယ်တွေအလယ်မှာ
နေထိုင်ခြင်းကို စဉ်းစားနိုင်လောက်အောင်
နည်းပညာပိုင်း အဆင့်မြင့်လာပြီး
ဒီတိုးတက်မှုတွေကို အစပြုပေးတဲ့ နေထိုင်ရာ
ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်
ရေးဟာ အရေးကြီးတာကို မျက်ခြေပြတ်သွားပါတယ်။
ဂြိုဟ်နယ်မြေများကို သိမ်းပိုက်ခြင်းကသာ
ကိုယ့်ကိုယ်ကို ကယ်တင်လိမ့်မယ်လို့
ယုံကြည်ချက်တာ မိုက်မဲတဲ့ စိတ်ကူးပါ၊
ဒါပေမဲ့ ဂြိုဟ်များကို ထိန်းသိမ်းခြင်းနဲ့
စူးစမ်းရှာဖွေခြင်း
နှစ်ခုစလုံး လုပ်ကိုင်လို့ ရနိုင်ပါတယ်။
လူနေထိုင်ရာအတွက်
အင်္ဂါဂြိုဟ်ရဲ့ ကြမ်းလှတဲ့
ဝန်းကျင်တွေကို ပြင်ဆင်ဖို့ ကိုယ့်
အရည်အချင်းကို တကယ်ယုံကြည်ရင်တော့
ကမ္ဘာမြေရဲ့ နေထိုင်ရနိုင်မှုကို
ထိန်းသိမ်းရေးဆိုတဲ့
လုပ်ငန်းဆိုတာ အရမ်း လွယ်လာမှာပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)