Bayeku က ကြိုဆိုပါတယ်ရှင်၊ Lagos က Ikorodu မှာရှိတဲ့ မြစ်ကမ်းနေ လူမှုအဖွဲ့အစည်းတစ်ခုပါ။ Nigeria တစ်လွှားက များစွာသော လူမှုအဖွဲ့ အစည်းတွေရဲ့ ထင်ရှားတဲ့ ကိုယ်စားပြုချက်ပါ၊ ၎င်းတို့ရဲ့ ရေကြောင်းတွေဟာ တိုးဝင်ပြန့်ပွားတဲ့ ရေမှော်ပင်တွေရဲ့ ဖိစီးတာခံနေရတဲ့ လူမှုအဖွဲ့ အစည်းတွေပါ။ စီးပွားရေးရာ အသက်မွေးဝမ်းကျောင်းမှုတွေ ဟန့်တားခံရတဲ့ လူမှုအဖွဲ့အစည်းတွေပါ။ ငါးဖမ်းခြင်း၊ ရေကြောင်းပို့ဆောင်ရေးနဲ့ ရောင်းဝယ်၊ ဖောက်ကားကြတာပါ။ ငါးအထွက်နှုန်း ဆုတ်ယုတ်လာတဲ့ လူမှုအဖွဲ့အစည်းတွေပါ။ ကျောင်းသားငယ်လေးတွေ နေ့များစွာ၊ တစ်ခါတစ်လေ သီတင်းပတ်တွေချီပြီး ကျောင်းကို မသွားနိုင်တဲ့ လူမှုအဖွဲ့အစည်းတွေပါ။ ဒီအရွက်ဝိုင်းဝိုင်း၊ ရိုးတံဖောင်းဖောင်းနဲ့ ခပ်ကြွားကြွား လာဗင်ဒါပွင့်တွေနဲ့ အပင်တွေဟာ ဒီလူမှုအဖွဲ့အစည်းတွေကို ဒီလောက် ဗြောင်းဆန်စေမယ်လို့ ဘယ်သူတွေးမိမှာတုန်း။ ဒီအပင်ကို ဗေဒါပင်လို့ လူသိများပြီး ရုက္ခဗေဒ အမည်ကတော့ Eichhornia crassipes ပါ။ စိတ်ဝင်စားစရာက Nigeria မှာ ဒီအပင်က အခြားအမည်တွေနဲ့ သိနေတာပါ။ ဒဏ္ဍာရီတွေနဲ့ရှိသလို သမိုင်းဝင်အဖြစ်အပျက် တွေနဲ့ ဆက်စပ် နေတဲ့ အမည်တွေပါ၊ တစ်ချို့နေရာတွေမှာ ဒီအပင်ကို Babangida လို့ခေါ်တယ်။ Babangida လို့ကြားတဲ့အခါ စစ်တပ်နဲ့ စစ်တပ် အာဏာသိမ်းမှုတွေကို အမှတ်ရကြပါတယ်။ တွေးမိတာက ကြောက်ရွံ့မှု၊ ချုပ်ထိန်းမှုပါ။ Niger မြစ်ဝှမ်းက Nigeria ဒေသတွေမှာတော့ ဒီအပင်ကို Abiola လို့ လူသိများတယ်။ Abiola လို့ကြားတဲ့အခါ ဖျက်သိမ်းလိုက်တဲ့ ရွေးကောက်ပွဲတွေကို အမှတ်ရကြပြီး တွေးမိတာက လွှင့်ပယ်သွားတဲ့ မျှော်လင့်ချက်တွေပေါ့။ Nigeria ရဲ့ အနောက်တောင်ဘက်မှာတော့ ဒီအပင်ကို Gbe'borun လို့ အသိများတယ်။ Gbe'borun ဆိုတာက "အတင်းအဖျင်း"၊ တနည်း "စကားသယ်သူ" လို့ ဘာသာပြန်လို့ရတဲ့ Yoruba စကားစုတစ်ခုပါ၊ အတင်းအဖျင်းအကြောင်းဆိုတော့ တွေးမိတာ က ပြန်လည်ထုတ်ပေးခြင်း၊ ဖျက်ဆီးခြင်းပါ။ Nigeria ရဲ့ Igala စကားပြောတဲ့နေရာတွေမှာ ဒီအပင်ကို A Kp'iye Kp'oma လို့ အသိများပါတယ်။ ပြီးတော့ ဒါကိုကြားတဲ့အခါ သေခြင်းတရားကို တွေးမိပါတယ်။ တိုက်ရိုက် ပြန်ဆိုချက်က "မိခင်နဲ့ ကလေးကို သေစေခြင်း" ပါ။ ၂၀၀၉ ခုမှာ ဒီအပင်နဲ့ ကိုယ်တိုင် ကြုံတွေ့ဖူးခဲ့တယ်။ ဒါက US ကနေ Nigeria ကို ရုံးပြောင်းတဲ့ ခဏချင်းအတွင်းမှာပါ။ America ကုမ္ပဏီက အလုပ်ကိုထွက်လိုက်ပြီး ဒီထူးခြားစွန့်စားတဲ့ စိတ်ကူးကို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ Nigeria က တည်တံ့တဲ့ ဖွံ့ဖြိုးမှုရဲ့ဒေသမှာ လုပ်စရာတွေ အများကြီး ရှိတယ်ဆို တဲ့ နက်ရှိုင်းတဲ့ ခံယူချက်ကနေ ပေါက်ဖွားလာတဲ့ ထူးခြားစွန့်စားတဲ့ စိတ်ကူးပါ။ ဒါနဲ့ ၂၀၀၉ တွင် ဒီမှာ ရှိခဲ့တယ်၊ တကယ်က ၂၀၀၉ အကုန်မှာပါ၊ Third Mainland Bridge ပေါ်က Lagos မှာပါ။ ဘယ်ဘက်ကို ကြည့်လိုက်တော့ အရမ်း ဖမ်းစားတဲ့ ဒီပုံရိပ်ကို မြင်ခဲ့တယ်။ ဒါက ထူထပ် ကျပ်ခဲနေတဲ့ ဗေဒါပင်တွေကြောင့် ပိတ်မိနေတဲ့ ငါးဖမ်းလှေတွေရဲ့ ပုံပါ။ မြင်လိုက်ရတာကြောင့် တကယ်ကို နာကျင်သွားမိတာက ကိုယ့်ကိုယ်ကို တွေ့မိလိုက်တာက "ဒီ ဆင်းရဲသား တံငါသည်တွေ၊ ဒီကန့်သတ်မှုတွေနဲ့ နေ့စဉ်ဘဝ လုပ်ဆောင်မှုတွေကို ဘယ်လိုများ လုပ်ကြမလဲ" လို့ပါ။ ပြီတော့ "ပိုကောင်းတဲ့ နည်းလမ်းရှိဖို့ လိုပြီ"လို့ တွေးမိတယ်။ နှစ်ဘက်လှ ဖြေရှင်းချက်ဖြစ်တဲ့ လမ်း ကြောင်းကနေ ဒီမှော်ပင်တွေကို ရှင်းလိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို စောင့်ရှောက်ခြင်းနဲ့ မှော်ပင်ပွားတာ ကြောင့် အများဆုံး ထိခိုက်နေတဲ့ ရပ်ရွာတွေကလူတွေရဲ့ ဘဝတွေအတွက် စီးပွားရေး အကျိုးကျေးဇူး အသွင် ပြောင်းလိုက်တာပါ။ ဒါက ကျွန်မရဲ့ လင်းလက်သွားတဲ့ ကာလလို့ ပြောရမှာပါ။ ဒါနဲ့ ဒီမှော်ပင်တွေရဲ့ အကျိုးပြုတဲ့ အသုံးတွေကို ပိုရှာတွေ့ဖို့ သုသေသနပြုခဲ့တယ်။ အများကြီးထဲကမှ ကျွန်မကို ခိုက်သွားစေတဲ့ တစ်ခုက ဒီအပင်ကို လက်မှုပစ္စည်းတွေအတွက် အသုံးပြုတာပါ။ "ကောင်းလိုက်တဲ့ အကြံပဲ"လို့ တွေးမိတယ်။ ကျွန်မသဘောအရ လက်မှုပစ္စည်းတွေကို ကြိုက်တယ်၊ အထူးသဖြင့် ပုံပြင်တစ်ခုကို ဝန်းရံ ရက်ထားတဲ့ လက်မှုပစ္စည်းတွေပေါ့။ ဒါနဲ့ "ဒါဟာ လူမှုအဖွဲ့အစည်းတွေ အတွင်းမှာ နည်းပညာ ကျွမ်းကျင်မှုတွေ မပါဘဲနဲ့ လွယ်လွယ် အသုံးချလို့ရနိုင်တယ်"လို့ တွေးမိတယ်။ " ဒါတွေဟာ ဧရာမ အဖြေ အတွက် ရိုးစင်းတဲ့ ခြေလှမ်းတွေ"လို့ ကိုယ့်ဘာသာတွေးမိတယ်။ ပထမအဆင့်၊ ရေလမ်းကြောင်းတွေထဲကို သွားပြီး ဗေဒါတွေကို ရိတ်သိမ်းတာပါ။ ဒီနည်းက အခွင့်အလမ်းကို ဖန်တီးတာပေါ့။ ဒုတိယအနေနဲ့ ဗေဒါရိုးတွေကို အခြောက်လှန်းတာပါ။ တတိယက ဗေဒါတွေကို ထုတ်ကုန်အဖြစ် ရက်လုပ်တာပါ။ တတိယအဆင့်က စိန်ခေါ်မှုတစ်ခုပါ။ နောက်ခံအနေနဲ့ ကျွန်မက ကွန်ပြူတာ သိပ္ပံပညာရှင်ဖြစ်ပြီး ဖန်တီးတဲ့ အနုပညာရှင် တစ်ယောက်မဟုတ်ဘူး။ ဒီတော့ ဘယ်လို ရက်လုပ်တယ်ဆိုတာ သိရအောင် စတင် စူးစမ်းတယ်။ ဒီရှာဖွေမှုက ကျွန်မကို က Sabo လို့ခေါ် တဲ့ ကျွန်နေတဲ့ Ibadan က လူမှုအဖွဲ့အစည်း တစ်ခုဆီ ခေါ်သွားတယ်။ Sabo ကို "သူစိမ်း ရပ်ကွက်"လို့ ပြန်ဆိုပါတယ် ဒီလူမှုအဖွဲ့အစည်းက တိုင်းပြည်ရဲ့ မြောက်ပိုင်းကလူတွေနဲ့ အဓိက ဖွဲ့စည်းထားတာပါ။ ဒီတော့ မှော်ပင်ခြောက်တွေကို တကယ့်ကို လက်ထဲကိုင် ယူလာခဲ့တယ်၊ ဒီထက်အများကြီး ပိုများခဲ့ပြီး ဒီကြာပင်တွေကို ကြိုးကျစ်ဖို့ ဘယ်သူ ကိုယ့်ကိုသင်ပေးနိုင်မလဲဆိုပြီး အိမ်ပေါက်စေ့ တံခါးဆက်ခေါက်ခဲ့တယ်။ ကျွန်မကို Mariam Yahaya တို့ရဲ့ ရုံကို သွားဖို့လမ်းညွန်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာက Mariam Yahaya တို့က အင်္ဂလိပ်လို မပြောဘူး၊ ကျွန်မကလည်း Huasa စကား မပြောတတ်ဘူးလေ။ ဒါပေမဲ့ ကလေးငယ်လေးတွေ အကူရောက်လာပြီး ဝိုင်းကူ ဘာသာပြန်ပေးကြတယ်။ ဒါက ကျွန်မရဲ့ ရက်လုပ်နည်း သင်ယူခြင်း ခရီးစတင်ခဲ့ပြီး ဒီဗေဒါရိုးခြောက်တွေကို ကြိုးရှည်တွေအဖြစ် ပြောင်းလဲခဲ့တာပေါ့။ လက်ထဲက ကြိုးရှည်တွေနဲ့ ထုတ်ကုန်တွေ ဖန်တီးဖို့ အခု ပစ္စည်းစုံသွားတာပေါ့။ ပြီတော့ ဒါက အစုစပ်လုပ်ငန်းရဲ့ နိဒါန်းပဲပေါ့။ ထုတ်ကုန်တွေရလာဖို့ ကြိမ်ထည် ရက်လုပ်သူတွေနဲ့ တွဲလုပ်တာပါ။ ဒီတော့ ဒါလက်ထဲမှာ ရှိပြီဆိုတော့ ဒီဗဟုသုတကို မြစ်ကမ်းဘေးနေ လူမှုအဖွဲ့အစည်းတွေဆီ ပြန်ပေးနိုင်ကာ သူတို့ရဲ့ ဒုက္ခကို ကြီးပွားခြင်းအဖြစ် ပြောင်းလဲဖို့ ကူညီ နိုင်လိမ့်မယ်လို့ ယုံကြည်မိသွားတယ်။ ဒါနဲ့ ဒီမှော်ပင်တွေကိုယူပြီး ရောင်းလို့ ရတဲ့ ထုတ်ကုန်တွေအဖြစ် တကယ်ကို ရက်လုပ်ခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့မှာ ဘောပင်တွေ၊ ပန်းကန်ခွက်ယောက်တွေ ရှိတယ်။ ပိုက်ဆံအိတ်တွေ၊ တစ်ရှူးဘူးတွေ ရှိတယ်။ ဒီနည်းနဲ့ လူမှုအဖွဲ့အစည်းတွေကို ဗေဒါပင်ကို ထူးခြားတဲ့ အလင်းရောင်တစ်ခုအဖြစ် သိမြင်ဖို့ ကူညီခြင်းပါ။ ဗေဒါပင်ကို အဖိုးတန်တဲ့၊ သုခုမမြောက်တဲ့၊ တာရှည်ခံ၊ ခိုင်ခံ့ပြီး ဒူပေနာပေခံတာအဖြစ် သိစေခြင်းပါ။ အမည်တွေကိုပြောင်းခြင်း၊ အသက်မွေး မှုတွေကို ပြောင်းပေးခြင်းပါ။ Gbe'borun အတင်းအဖျင်းကနေ Olusotan ပုံပြောသူ လို့ပေါ့။ ပြီးတော့ A Kp'iye Kp'Oma " မိခင်နဲ့ ကလေးကို သတ်သူ" ဆိုတာကနေ Ya du j'wlye Kp'Oma ဆိုတဲ့ "မိခင်နဲ့ ကလေးကို အစာထောက်ပံ့သူ " လို့ပါ။ Michael Maegolis ရဲ့ အဆိုအမိန့်လေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ သူပြောတာက " ယဉ်ကျေးမှုတစ်ခုအကြောင်း လေ့လာချင်ရင် ပုံပြင်တွေကို နားထောင်ပါ။ ယဉ်ကျေးမှုတစ်ခုကို ပြောင်းလဲချင်ရင် ပုံပြင်တွေကို ပြောင်းလိုက်ပါ "တဲ့။ ဒီလိုနဲ့ Makoko လူမှုအဖွဲ့အစည်းကနေ Abobiri သို့ Ewoi သို့ Kolo သို့ Owahwa Esaba သို့ ကျွန်မတို့ ပုံပြင်ကို ပြောင်းလိုက်ပါပြီ။ နားဆင်ပေးတဲ့အတွက် ကျေးဇူးပါ။ (လက်ခုပ်သံများ)