ကျွန်တော့နာမည် Stuart Duncan ပါ၊
ဒါပေမဲ့ တကယ်ကျတော့ "AutismFather" လို့
ပိုအသိများလောက်ပါတယ်။
ဒါက အင်တာနက်က ကျွန်တော်ပါ။
ဆင်တူမှုက မသိုးမသန့်ဖြစ်စရာ
ဆိုတာ သိတယ်။
(ရယ်သံများ)
ဒါပေမဲ့ ဒီနေ့ Minecraft အကြောင်း
နည်းနည်း ပြောမလို့ပါ။
ဒါ ကျွန်တော့ Minecraft ဇာတ်ကောင်
ဒီကစားနည်းကို သင်သိပ်မသိဘူးဆိုရင်
ဒီအတွက် သိပ်ပြီးတော့စိတ်မပူပါနဲ့။
ဒါက လိုအပ်ချက်တစ်ခုကိုဖြည့်ဖို့ အဲဒီ
အချိန်မှာ သုံးခဲ့တဲ့ ကြားခံတစုပါပဲ။
ကျွန်တော်ပြောချင်တဲ့အကြောင်းက အတော်များတဲ့
အခြေအနေတိုင်းတွက် သက်ဆိုင်ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်လောက်က
အထီးကျန်စိတ်ဝေဒနာရှင် ကလေးငယ်တွေနဲ့
သူတို့မိသားစုတွေအတွက် Minecraft
ဆာဗာကို စတင်ခဲ့ပြီး
"Autcraft" လို့ခေါ်ခဲ့တယ်။
ဒီကတည်းက ကမ္ဘာတစ်ခွင်က
သတင်းတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့
မဂ္ဂဇင်းတွေမှာ ကျွန်တော်တို့ပါခဲ့တယ်။
Buzzfeed က "အင်တာနက်က အကောင်းဆုံး
နေရာတွေထဲကတစ်ခု"လို့ ခေါ်ခဲ့တယ်။
"Appropriating Minecraft as an Assistive
Technology for Youth with Autism"
ခေါ်တဲ့ ဆုရ သုသေသန စာတမ်းတစ်ခုရဲ့
အကြောင်းအရာလည်းဖြစ်ခဲ့တယ်။
ခေါ်ရတာ နည်းနည်း ထောင့်တယ်။
ဒါပေမဲ့ စိတ်ကူးတော့ ရတယ်ထင်တယ်။
ဒီတော့ သုတေသန စာတမ်းအကောင်းနဲ့
ဒါက ဘာအကြောင်းဆိုတာ
နည်းနည်းပြောချင်ပေမဲ့
ဦးဆုံး ဆာဗာ ဖြစ်လာပုံသမိုင်းကို
နည်းနည်း ပြောချင်တယ်
၂၀၁၃ ကဆို ကလေးရော၊
လူကြီးပါ မကျန်၊
လူတိုင်း Minecraft ကို
ကစားနေကြတယ်။
အထီးကျန်စိတ်ရောဂါ ရှိရှိ၊ မရှိရှိပါ။
ဒါပေမဲ့ ဒါက ရေးကြီခွင်ကျယ်ပါ၊
လူမှုမီဒီယာက မိဘတွေဟာ အခြားမိဘတွေကို
သူတို့ရဲ့ဝေဒနာရှင်ကလေးတွေနဲ့
အတူ ကစားလို့ရမလားလို့ မေးမြန်းရင်း
ဆက်သွယ်နေတာ တွေ့ခဲ့ရတယ်။
အကြောင်းရင်းက အများသုံး ဆာဗာတွေမှာ
သူတို့ကစားဖို့ကြိုးစားတဲ့အခါ
အနိုင်ကျင့်တာတွေ၊ နောက်ပြောင်တာတွေ
ကြုံရလို့ပါ။
အထီးကျန်စိတ်ဝေဒနာရှိရင် တစ်ခါတစ်ရံ
နည်းနည်း ထူးခြားစွာ ပြုမူတယ်၊
တစ်ခါတစ်ခါ အတော် ထူးထူးခြားခြားပါ။
သူတို့ရဲ့ နောက်ထပ်အပစ်မှတ်လုပ်ဖို့
အနိုင်ကျင့်သူတစ်ဦးအတွက်လိုတာက
အနည်းငယ် ခြားနားမှုဆိုတာ အာလုံးသိပါတယ်၊
ဒီတော့ အွန်လိုင်းက အရမ်းဆိုးတဲ့လူတွေဟာ
သူတို့ကြိုးစားလုပ်သမျှတိုင်းတို
ဖျက်ဆီးကြလိမ့်မယ်။
သူတို့ရဲ့ ပစ္စည်းကို ခိုးပြီး
သူတို့ကို အကြိမ်ကြိမ်သတ်လိမ့်မယ်၊
ကစားလို့မရအောင်နီနီး လုပ်ကြလိမ့်မယ်။
ဒါပေမဲ့ အဆိုဆုံးအပိုင်း
တကယ့်ကို အနာကျင်စေဆုံးအပိုင်းက
ဒီအနိုင်ကျင့်သူတွေဟာ
ဒီကလေးတွေကို ပြောကြမယ့်ဟာပါ။
သူတို့ကို အပယ်ခံတွေ၊
အပြစ်အနာအဆာတွေ၊
လူနုံတွေလို့ ခေါ်ကြမယ်။
တစ်ချို့ဆို ခြောက်နှစ်လောက်ထိ
ငယ်တဲ့ ဒီကလေးတွေကို
လူ့အဖွဲ့အစည်းက သူတိုကို မလိုချင်၊
မိဘတွေက ချည့်နဲ့နေတဲ့ ကလေးကို
မလိုချင် ကိုယ့်ဘယသာ
သတ်သေသင့်တယ်
လို့ ပြောကြမယ်။
တကယ်တော့ ဒီကလေးတွေဟာ
ဒီစိတ်တိုပြီး နာကျင်စေတဲ့
ဆာဗာတွေကနေ ထွက်ကြမယ်ဆိုတာ
သင်နားလည်ပါတယ်။
သူတို့ရဲ့ ကီးဘုတ်တွေကို ရိုက်ချိုးပြီး
ပြောရရင် ကိုယ့်ကိုယ်ကိုယ် မုန်းကာ
သူတို့မိဘတွေဟာ တစ်ခုခုလုပ်ဖို့
အစွမ်းမဲ့သွားတယ်။
ဒါနဲ့ ငါကြိုးစား၊
ကူညီရမယ်လို့ ဆုံးဖြတ်တယ်။
ကျွန်တော့မှာ ရောဂါရှိတယ်၊
အကြီးဆုံးသားမှာ ဒီရောဂါရှိပြီး
ကျွန်တော့နဲ့ ကလေးနှစ်ယောက်စလုံး
Minecraft
ကြိုက်တော့ တစ်ခုခုလုပ်ဖို့လိုတယ်။
ကျွန်တော်ကိုယ်တိုင် Minecraft
ဆာဗာတစ်ခု ယူလိုက်ပြီး
အချိန် ကုန်ဆုံးခဲ့တယ်၊
လမ်းတစ်ချို့ပါတဲ့ ရွာလေးတစ်ရွာ၊
ကြိုဆိုတဲ့ ဆိုင်းဘုတ်ကြီး၊ ကျွန်တော်နဲ့
ဒီငနဲ၊ တောင်ထိပ်မှာ တဲလေးဆောက်
နှစ်လိုဖွယ်ဖြစ်အောင်ကြိုးစားခဲ့တယ်။
စိတ်ကူးက အတော်လေး ရိုးပါတယ်။
ကျွန်တော့မှာ လက်ခံတဲ့ စာရင်းတစ်ခုရှိတော့
အတည်ပြုတဲ့လူတွေပဲ ဝင်လို့ရတယ်။
ဆာဗာကို ကျွန်တော်တတ်နိုင်သလောက်
စောင့်ကြည့်တယ်၊
တစ်ခုခု အမှားမဖြစ်စေဖို့ပါ။
ဒါပါပဲ၊ လုံးဝ ကတိပေးတာက
ကလေးတွေ ဘေးကင်းဖို့ဆိုတော့
သူတို့ ကစားနိုင်ပြီပေါ့။
ပြီးသွားတဲ့အခါ Facebook ကို သွားပြီး
လူတိုင်းကိုမဟုတ်ပဲ မိတ်ဆွေတွေကို
သတင်းစကား ရိုးရိုးတစ်ခု တင်တယ်။
ဒါကို စိတ်ဝင်စားတာရှိလား၊
တကယ် ကူညီနိုင်လားဆိုတာ
ကျွန်တော် သိချင်ခဲ့တယ်။
ဖြစ်သွားတာက ဒါက ဘယ်လောက်တောင်
လိုအပ်တယ်ဆိုတာ အများကြီးလျှော့တွက်မိတာပါ၊
အကြောင်းက ၄၈ နာရီအတွင်း
အီးလ်မေး အစောင် ၇၅၀ ရခဲ့လို့ပါ။
ဒီလောက်များတဲ့ Facebook
မိတ်ဆွေ မရှိဘူးလေ။
(ရယ်သံများ)
ရှစ်ရက်အတွင်း လက်ခံတဲ့အတွဲကို
ရှစ်ကြိမ် အဆင့်မြင့်ခဲ့ရတယ်။
အောက်ခြေအတွဲကနေ
သသတို့မှာရှိတဲ့ စျေးအကြီးဆုံးအတွဲအထိပါ၊
အခု လေးနှစ်နီးပါးအကြာမှာ
တစ်ကမ္ဘာလုံးက လက်ခံတဲ့ စာရင်းမှာ
အမည် ၈၀၀၀ ရခဲ့တယ်။
ဒါပေမဲ့ ဒီမှာ ဒီနေ့ တက်လာတဲ့အကြောင်းက
ကလေးတွေ
ကစားဖို့ ဘေးကင်းတဲ့
နေရာတစ်ခု ပေးတာတင် မဟုတ်ဘဲ
ကစားစဉ်မှာ ဖြစ်ပျက်ခဲ့တာကိုပြောဖို့ပါ။
ဆာဗာမှာ ကစားခြင်းနဲ့ ကလေးတွေဟာ
စာဖတ်၊ စာရေးသင်နေတယ်လို့ပြောတဲ့
မိဘတွေဆီကနေ စကြားလာရတယ်။
အစတော့ ကလေးအများစုလုပ်သလို
အသံနဲ့ စာလုံးပေါင်းကြတယ်၊
ဒါပေမဲ့ လူစုတစ်ခုရဲ့ အစိတ်အပိုင်းဆိုတော့
အခြားသူတွေ ဒီစကားလုံးတွေကိုပဲ
ကျကျနန ပေါင်းတာ မြင်ပြီး
ထိတွေ့ကျွမ်းဝင်သွားတယ်။
သူတို့ရဲ့စကားမပြောတဲ့ ကလေးတွေဟာ
စကားစပြောနေတယ်လို့
မိဘတွေဆီက စကြားလာရတယ်။
သူတို့ဟာ Minecraft အကြောင်းပဲ
ပြောနေပေမဲ့ စကားပြောနေတာလေ။
(ရယ်သံများ)
တစ်ချို့ကလေးတွေက ပထမဆုံးအဖြစ်
ကျောင်းမှာ မိတ်ဖွဲ့ကြတယ်။
တစ်ချို့က မျှဝေတယ်၊သူများကို
ပစ္စည်းတွေတောင်ပေးတယ်။
ဒါက အံ့သြစရာတစ်ခုပါ။
မိဘတစ်ဦးချင်းစီက ကျွန်တော့ဆီလာပြီး
ပြောတာက ဒါက Autcraft ကြောင့်၊
ရှင်လုပ်နေတာကြောင့်တဲ့။
ဒါပေမဲ့ ဘာကြောင့်ပါလိမ့်
ဒါအားလုံးက ဗီဒီယိုဂိမ်းဆာဗာတစ်ခုကနေ
ဘယ်လိုဖြစ်နိုင်တာတုန်း
ကဲ၊ ကျွန်တော်ပြောနေတဲ့ သုတေသန
စာတမ်းဆီ ပြန်ရောက်သွားတယ်။
ဒီအထဲမှာ ကျွန်တော် ဆာဗာ ဖန်တီးစဉ်က
လမ်းညွှန်တစ်ချို့ကို သူရေးထားတယ်။
လူတွေ အကောင်းဆုံးဖြစ်ဖို့ အားပေးကူညီ
တယ်လို့ ထင်တဲ့ လမ်းညွှန်တွေပါ။
ကျွန်တော် မျှော်လင့်တာပါ
ဥပမာ၊ ဆက်သွယ်ရေးပါ။
အထီကျန် စိတ်ဝေဒနာရှင်
ကလေးတွေနဲ့
ဒီဝေဒနာရှင် အရွယ်ရောက်တွေအတွက်
ခက်ခဲနိုင်ပါတယ်။
ဒါပေမဲ့ ကလေးတွေကို အပြစ်မပေးသင့်ပဲ
သူတို့ကို
စကားပြောသင့်တယ်လို့ ထင်တယ်။
ဆယ်ယောက်မှာ ကိုးယောက်
ဆာဗာက ကလေးတွေ ဆိုးတဲ့အခါ
ကျောင်း(သို့)အိမ်မှာ အဲဒီနေ့မှာ
တစ်ခုခုဖြစ်ပျက်ခဲ့တာကြောင့်ပါ။
အိမ်ကအကောင် သေတာမျိုးလေ။
တစ်ခါတစ်ရံ ကလေးနှစ်ဦးကြားက
ဆက်သွယ်ရေးလွဲချော်မှုတစ်ခုပါ။
တစ်ယောက်က သူတို့လုပ်မှာကို မပြောတာပါ။
ဒါနဲ့ ကူညီဖို့ ကမ်းလှမ်းတယ်
ဆာဗာပေါ်က ကလေးတွေကို ငါတို့ဟာ
ရူးနေတာမဟုတ်ဘူး၊ သူတို့ဟာ
ဒုက္ခရောက်နေတာ မဟုတ်ဘူး၊
ကူညီချင်တာပဲ အမြဲပြောတယ်
ဒါက ကျွန်တော်တို့ဟာ ဂရုစိုတင်တာတင်မက
သူတို့ရဲ့အမြင်ကို နားထောင်ဖို့အထိ
သူတို့ကို လေးစားတယ်ဆိုတာ ပြပါတယ်။
လေးစားမှုဟာ တာသွားပါတယ်။
ဒါအပြင် ဒါက သူတို့ကိုယ်ပိုင် အနာဂတ်မှာ
ဒီပြဿနာတွေကို
ဖြေရှင်းနိုင်ဖို့ လိုတာမှန်သမျှ
သူတို့မှာရှိနေတာကို ပြပေးတာပါ၊
ဖြစ်နိုင်တာက ရှောင်ရှားဖို့တောင်ပါ၊
သိတဲ့အတိုင်း ဆက်သွယ်ရေးလေ။
ဗီဒီယိုဂီမ်းတွေဆိုတော့ တော့ဆာဗာအများစုမှာ
ကလေးတွေကို ဆုပေးကြတယ်၊အင်း
ကစားသူတွေကို ဆုချတယ်ပေါ့၊
ပြိုင်ပွဲမှာ ဘယ်လိုကောင်းကောင်း
ကစားတာအတွက်ပါ။
ပိုကောင်းကောင်း ကစားလေ
ဆုပိုကောင်းကောင်းရလေပါ။
ဒါကို အလိုလိုလုပ်နိုင်တယ်၊ ဆာဗာက
လုပ်တယ်၊ ကုဒ်ရှိတယ်လေ။
Autcraft မှာတော့ ဒါမလုပ်ဘူး။
ဒီလိုဟာတွေရှိတယ်၊
"တစ်ပတ်တာ ကစားသမာ" နဲ့ "CBAs"
ဒါက "Caught Being Awesome" လေ။
(ရယ်သံများ)
ပြသတဲ့ ပင်ကိုအရည်အချင်းပေါ်မူတည်ပြီး
ကစားသမားတွေကို ဆာဗာမှာ အဆင့်တွေ ပေးတယ်၊
ဥပမာ အခြားသူတွေကို ဖော်ရွေတဲ့
လူတွေအတွက် "Buddy" အဆင့်၊
အခြားသူတွေကို ကူညီသူတွေအတွက်
"Junior Helper" ပေါ့။
လူကြီးတွေအတွက် "Senior Helper"
ရှိပါတယ်။
ဒါပေမဲ့ သူတို့က သိသာတယ်လေ။
ဆိုပါစို၊ ဘာကို မျှော်လင်တယ်၊ ဒါတွေ
ဘယ်လိုရနိုင်တယ်ဆိုလူတွေသိတယ်လေ၊
သူတို့ကို နာမည်ပေးထားတာကိုး။
ဆာဗာမှာ တစ်ဦးဦး အမည်သွင်းလိုက်တာနဲ့
သူတို့လုပ်နိုင်တာမဟုတ်ပဲ
သူတို့ဘယ်သူဆိုတာအတွက်
ဆုချခံရတော့မယ်ဆိုတာ သိကြတယ်။
ထိပ်ဆုံးဆုက AutismFather Sword ပါ၊
ကျွန်တော်က တည်ထောင်သူဖြစ်လို့
ကျွန်တော့နာမည် ပေးထားတာပါ၊
သင်ကိုယ်တိုင်ရဲ့အထက်မှာ
အဖွဲကို လုံးလုံး ထားတဲ့
သင်ဘယ်သူဆိုတာရဲ့ ဗဟိုမှာ
စာစုနာမှု၊ ကြင်နာမှုရှိတာကိုပြတာထက်
ဂီမ်းမှာ အြခားနည်းနဲ့ မရနိုင်လောက်အောင်
အစွမ်းထက်တဲ့ ဓားပါ။
ဒီဓားတစ်ချို့ကို တော်တော်လေး
ပေးထားတယ်ဆိုတာ တကယ်ပါ။
မှန်းရတာက အဆိုးတစ်ခုမှာ မဖြစ်တာသေချာဖို့
ဆာဗာကို စောင့်ကြည်နေတယ်ဆိုရင်
ကောင်းတာတွေဖြစ်တာကိုလည်း စောင့်ကြည့်ပြီး
သူတို့အတွက် ဆုပေးသင့်ပါတယ်။
လူတိုင်း ညီမျှတယ်လို့
ကစားသမားအားလုံးကို
ပြသဖို့ အမြဲကြိုးစားနေပါတယ်။
ကျွန်တော်တောင်နော်။
ဒါပေမဲ့ ဒါလုပ်ဖို့ လူတွေကို ညီမျစွာ
မပြုမူနိုင်တာ သိတယ်။
တစ်ချို့ကစားသမာတွေက
လွယ်လွယ်နဲ့ စိတ်တိုကြတယ်။
တစ်ချို့က စိတ်ဝေဒနာအပြင်
အပိုရုန်းကန်မှုတွေရှိတယ်။
ဥပမာ OCD (သို့) Tourette ရောဂါပေါ့။
ဒီတော့ ကျွန်တော့မှာကစာသမားအားလုံးကို
မှတ်မိတဲ့ ညဉ်ရှိတယ်။
သူတို့ ပထတဆုံးနေ့ ၊စကားပြောတာတွေ၊
ပြောဆိုတဲ့အကြောင်းတွေ
သူတိုတည်ဆောက်ခဲ့တာတွေကို
မှတ်မိတယ်။
ဒီတော့ တစ်ဦးဦး
ပြဿနာနဲ့ ကျွန်တော့ဆီလာရင်
အခြားကစားသမားတွေနဲ့စာရင်
သူတို့အကြောင်း ကိုယ်သိတာကို အခြေခံပြီး
အခြေအနေကို ခြားနားစွာ ကိုင်တွယ်တယ်
အခြား အုပ်ချုပ်သူတွေ၊ကူညီသူတွေအတွက်
အရာတိုင်းကို မှတ်တမ်းလုပ်တယ်၊
ဒါက ကောင်းတဲ့၊ဆိုးတဲ့
စိုးရိမ်ရတဲ့ ပြောဆိုမှုတစ်ခုဖြစ်ဖြစ်
အဲဒီမှာ လူတိုင်းသတိပြုနိုင်အောင်ပါ။
ဒီကစားသမားတစ်ဦးရဲ့နမူနာ
တစ်ခုကိုပေးချင်ပါတယ်။
သူ ကျွန်တော်တို့ရှိတာ ခဏလေးပေမဲ့
တစ်ချိန်မှာတော့ စကားပြောအကွက်မှာ
မျဉ်းရှည်တွေ လျှောက်ပို့တယ်။
စခရင်တစ်လျှောက်လုံးမှာ
မျဉ်းကြောင်းရှည်ကြီးတစ်ကြောင်း၊
နည်းနည်းကြာတော့ ဒါကို ထပ်လုပ်တယ်။
အခြားကစာသမားတွေက ဒါမလုပ်
ဖို့ပြောရင် သူက "အေးပါ"တဲ့။
နောက်တော့ ထပ်လုပ်ပြန်တယ်။
သူစည်းကမ်းဖောက်တဲ့အတွက်
သူ့ကို တိတ်ခိုင်းဖို့၊ ဒဏ်ပေးဖို့
သူတို့ပြောပေမဲ့
ဒီထက်ပိုတာ တစ်ခုခုလုပ်ဖို့လိုတာ
ကျွန်တော်သိတယ်။
ဒါနဲ သူ့အတွက် ကျွန်တော်ဆက်သွယ်လို့ရတဲ့
သူ့အဒေါ်ဆီသွားခဲ့တယ်။
သူရှင်းပြတာက သူက
မျက်စိတစ်ဘက် ကန်းနေပြီး
အခြားဘယ်မှာ မှုန်လာနေတယ်တဲ့။
ဒီတော့ သူလုပ်နေခဲ့တာက စကားပြောအကွက်ကို
စာလုံးတွေကို ပိုမြင်ရဖို့ ခွဲနေတာပါ။
ဒါက အတော်လေး တော်တယ်။
ဒီတော့ ညတွင်းချင်းပဲ ကုဒ်ရေးတဲ့မိတ်ဆွေ
တစ်ယောက်နဲ့ စကားပြောခဲ့တယ်။
ဆာဗာအတွက် တပ်စရာ အသစ်တစ်ခု ဖန်တီးခဲ့တယ်။
ဒါက သူအပါအဝင် ဆာဗာက ကစားသမားတိုင်း
ညွှန်ကြားချက်ပေးပြီး
စာကြောင်းတိုင်းကို မျဉ်းရှည်နဲ့
အရံသင့်
ခြားလို့ရသွားစေတယ်။
ဒါ့အပြင် ခရေပွင့်တွေ (သို့)
မျဉ်းလွတ်တွေ
မှန်သမျှ အကောင်းဆုံးကို
ဒါတွေကလုပ်ပေးနိုင်တယ်။
နည်းနည်း ရှေ့တိုးလိုက်ပြီး
သင့်နာမည်ကို ထင်းနေအောင်လုပ်လိုက်တယ်။
တစ်ယောက်ယောက် သင့်ကိုဖော်ပြရင်
မြင်ရလွယ်အောင်အောင်လေ။
ဒါက နည်းနည်းထပ်ဖြည့်ပုံရဲ့
နမူနာတစ်ခုပါပဲ၊
အသေးစား မွမ်းမံမှုပေမဲ့
လူတိုင်း တူညီတဲ့ အခြေအနေမှာရှိဖို့
ကူညီတယ်၊
ကစားသမားတစ်ယောက်တည်းကိုပဲ
နည်းနည်း အပိုလုပ် ထားတာတောင်ပါ။
အကြီးတစ်ခုက မကြောက်ဖို့ပါ။
ကျွန်တော့ဆာဗာက ကလေးတွေဟာ
မကြောက်ကြဘူး။
သူတို့ကိုယ်သူတို့ ဖြစ်ခွင့်ရှိပြီး
ဒါက အချင်းချင်း ထောက်ပံ့၊ အားပေး၊
ချီးကျူးတာကြောင့်ပါ။
အပယ်ခံဖြစ်ရတာနဲ့ တည်ရှိခြင်းအတွက်
အမုန်းခံရတာကို
ကျွန်တော်တို့ အားလုံးသိတယ်။
ဒီတော့ ဆာဗာမှာ အတူရှိတဲ့အခါ
ကျွန်တော်တို့ မကြောက်တော့ဘူး။
ဆာဗာမှာ ပထမ နှစ်နှစ်လောက်လုံးလုံး
ပျှမ်းမျှ တစ်ပတ်တစ်ခါ သေကြောင်းကြံတဲ့
သဘောရှိတဲ့ ကလေးနှစ်ယောက်စကားပြောတယ်။
ဒါပေမဲ့ သူတို့လာတာက ကျွန်တော်က
လုံခြုမှုပေးတယ်လို့ ခံစားရလို့ပါ။
ကမ္ဘာမှာ သူတို့စကားပြောနိုင်သူဟာ
ကျွန်တော်ပဲလို့ သူတို့ခံစားရတယ်။
ဒီတော့ ကျွန်တော့သတင်းစကားက
သင့်မှာ လူမှုရေးအဖွဲ့(သို့)
အခြားအဖွဲ့အစည်းတစ်ခုရှိရှိ၊
သင်ဟာ ဆရာ (သို့) ကုထုံးပညာရှင်
(သို့)အကောင်းဆုံးလုပ်နေတဲ့ မိဘတစ်ယောက်
(သို့) ကျွန်တော့လို စိတ်ဝေဒနာရှင်
ဘယ်သူပဲဖြစ်ဖြစ်ပါ
အခြားဘာမှ မလုပ်ခင်
ဒီကလေးတွေ အကြောက်တရားကင်းဖို့
သင်တို့ လုံးဝ ကူညီရပါမယ်၊
အကြောင်းက သူတို ကြောက်နေတယ်
ဆိုရင် အြခားတစ်ခုက
ဖီစီးနေတယ်လို့ ခံစားနေရလို့ပါ။
ဒါကြောင့် အပြုသဘော အားပေးမှုက
အြခား ပြစ်ဒဏ်တစ်ခုခုထက်
အမြဲ ပိုကောင်းအောင် လုပ်ပေးလိမ့်မယ်။
ဘေးကင်းပြီး ပျော်ရွှင်တဲ့အခါ
သူတို့ သင်ယူချင်တယ်။
ဒါက သဘာဝအတိုင်း ဖြစ်တာပါ၊
သင်ယူဖို့တောင် မကြိုးစားရဘူး။
ဒါတွေဟာ ဆာဗာကို သရုပ်ဖော်ဖို့
ဆာဗာပေါ်က ကလေးတွေဆီက စကားလုံးတွေပါ။
သင်တို့ယူဆောင်သွားနိုင်မယ်လို့
မျှော်လင့်မယ့်တစ်ခုက
အခြားလူတစ်ဦးဟာ လောလောဆယ်
ဘဝမှာ ဘာပဲ ကြုံနေရ၊ကြုံနေရ
အိမ်(သို့) ကျောင်းမှာ အနိုင်ကျင့်
ခံနေရတာဖြစ်ဖြစ်၊
လိင်(သို့) ကျား၊မလက္ခဏာတောင်
မေးခွန်းထုတ်နေတာဖြစ်ဖြစ်
ဒါက ဒီစိတ်ဝေဒနာရှင် လူစုမှာ
အဖြစ်များပါတယ်။
သူတို့ဟာ အထီးကျန်တာ(သို့) သတ်သေဖို့
ဖြစ်နေရင်တောင်
သင်ဟာ သူတို့လာပြီးပြောပြနိုင်တဲ့
လူတစ်ယောက်လို ခံစားရတဲ့
နည်းလမ်းမျိုးနဲ့ သင့်ဘဝကို
ရှင်သန်နိုင်တယ်။
ဒါကိုသင့်ကို ပြောခြင်းနဲ့
အပြည့်အဝ လုံခြုံမှု ခံစားဖို့လိုတယ်။
အထီးကျန်ဝေဒနာရှင် ကလေး
အုပ်စုတစ်ခုကို သင်မြင်ချင်ရင်၊
လူမှုရေးခေါင်းပါးတယ်၊ မျှဝေခံစားမှု
ကင်းတယ်လို့ လု့အဖွဲ့အစည်းက
မှာယွင်းစွာ အထင်ခံရတဲ့ကလေးတွေပါ၊
သင်မြင်ဖူးသမျှထဲမှာ မေတ္တာကရုဏာ
အကြီးဆုံး၊ဖော်ရွေမှုရှိပြီး ရက်ရောတဲ့
အသိုက်အမြုံကို အတူ လာတည်ဆောက်တဲ့
သူတို့ကို မြင်ချင်ရင်၊
အင်တာနက်မှာ အကောင်းဆုံးနေရာတွေထဲက
တစ်ခုလို့
လူတွေရေးရေးခဲ့ကြမယ့် နေရာမျိုး
သူတို့ ဒါကို လုပ်ကြမှာပါ
ကျွန်တော် မြင်ပြီးပါပြီ၊
ကျွန်တော် ဒီမှာ နေ့စဉ်ရှိတယ်
ဒါပေမဲ့ သူတို့မှာ ဒါလုပ်ဆောင်ဖို့
ကျော်လွှားရမယ့်အခက်အခဲကြီးတွေရှိပြီး
အဲဒီမှာ တစ်ဦးဦးရှိနေရင် တကယ့်ကို
အထောက်အကူရပါလိမ့်မယ်၊
သူတို့ ကြောက်ဖို့လိုတဲ့ တစ်ခုတည်းသော
အရာက မိမိကိုယ်ကိုယ် သံသယရှိတာဆိုတာ
ကူညီပြသပေးနိုင်သူပါ။
ဒီတော့ သူတို့အတွက် ဒီလိုလူဖြစ်စေဖို့
တောင်းခံနေတာလို့ထင်ပါတယ်
အကြောင်းက သူတို့အတွက်
ဒီကလေးတွေအတွက်
ဒါက အဓိကကျပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်
(လက်ခုပ်သံများ)