[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:00.90,0:00:02.57,Default,,0000,0000,0000,,(၂၀၀၁)ခုနှစ်မှာ ကျွန်တော့ရဲ့ ပထမဆုံးကလေးစာအုပ် Dialogue: 0,0:00:02.57,0:00:04.29,Default,,0000,0000,0000,,ပုံနှိပ်ထုတ်ဝေလိုက်တော့ Dialogue: 0,0:00:04.29,0:00:06.51,Default,,0000,0000,0000,,ကျွန်တော့ရဲ့ မူလတန်းကျောင်းဟောင်းကို ပြန်သွားပြီး Dialogue: 0,0:00:06.51,0:00:08.45,Default,,0000,0000,0000,,ကျောင်းသူ၊ကျောင်သားတွေကို စာရေးဆရာနဲ့ သရုပ်ဖော်ပုံတွေရေးဆွဲသူ ပန်းချီဆရာတစ်ယောက်ရဲ့ Dialogue: 0,0:00:08.45,0:00:10.16,Default,,0000,0000,0000,,ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။ Dialogue: 0,0:00:10.16,0:00:12.90,Default,,0000,0000,0000,,မုန့်စားတန်း ခန်းမကျယ်ထဲမှာ ကျွန်တော့ရဲ့ Dialogue: 0,0:00:12.90,0:00:16.10,Default,,0000,0000,0000,,ဆလိုက်ပရိုဂျက်တာကို ဆင်နေတုန်းမှာ Dialogue: 0,0:00:16.10,0:00:18.15,Default,,0000,0000,0000,,အခန်းထဲကို ဝေ့ဝဲကြည့်မိလိုက်တယ်။ Dialogue: 0,0:00:18.15,0:00:20.76,Default,,0000,0000,0000,,ပြီးတော့ သူမက အဲဒီမှာရှိနေတာပေါ့။ Dialogue: 0,0:00:20.76,0:00:22.60,Default,,0000,0000,0000,,ကျွန်တော့ရဲ့ အရင်တုန်းက နေ့လည်စာ စီစဉ်ပေးသူ အမျိုးသမီးကြီးပါ။ Dialogue: 0,0:00:22.60,0:00:24.57,Default,,0000,0000,0000,,သူမဟာ အခုထက်ထိ ကျောင်းမှာရှိနေတုန်းပါပဲ။ Dialogue: 0,0:00:24.57,0:00:27.46,Default,,0000,0000,0000,,ပြီးတော့ တစ်နေ့တာအတွက် နေ့လည်စာတွေကို မနေမနား စီစဉ်နေတုန်းပဲလေ။ Dialogue: 0,0:00:27.46,0:00:29.10,Default,,0000,0000,0000,,ဒါကြောင့် သူ့ကို နှုတ်ခွန်းဆက်ဖို့ သူမအနားကပ်သွားလိုက်ပြီး ပြောလိုက်တာက Dialogue: 0,0:00:29.10,0:00:30.99,Default,,0000,0000,0000,,"ဟိုင်း၊ ဂျင်းနီရေ၊ နေကောင်းတယ်နော်" လို့ပေါ့။ Dialogue: 0,0:00:30.99,0:00:32.56,Default,,0000,0000,0000,,ဒီမှာ သူမက ကျွန်တော့ကို ကြည့်လိုက်ပါတယ်၊ Dialogue: 0,0:00:32.56,0:00:34.28,Default,,0000,0000,0000,,သူမ ကျွန်တော့ကို မှတ်မိတယ်ဆိုတာ ကျွန်တော်ပြောရဲတယ်ဗျာ။ Dialogue: 0,0:00:34.28,0:00:37.37,Default,,0000,0000,0000,,ဒါပေမဲ့ သူမဟာ ကျွန်တော့ကို သိပ်ပြီး မမှတ်မိဘူးဖြစ်နေတယ်။ ဒါနဲ့ သူမက ကျွန်တော့ကို ကြည့်ပြီးပြောလိုက်တာက " Dialogue: 0,0:00:37.37,0:00:40.13,Default,,0000,0000,0000,," Stephen Krosoczka လား"တဲ့။ Dialogue: 0,0:00:40.13,0:00:42.27,Default,,0000,0000,0000,,ဒီတော့ ကျွန်တော် Krosoczka ဆိုတာကို သူမသိတယ်ဆိုတော့ ကျွန်တော် အံ့အားသင့်သွားတာပေါ့ဗျာ။ Dialogue: 0,0:00:42.27,0:00:45.70,Default,,0000,0000,0000,,ဒါပေမဲ့ စတီဖန်ဆိုတာက ကျွန်တော့ထက် အသက်(၂၀)ပိုကြီးတဲ့ ကျွန်တော့ဦးလေးပါ။ Dialogue: 0,0:00:45.70,0:00:48.84,Default,,0000,0000,0000,,သူရဲ့ ကလေးဘဝတုန်းကလည်း သူမက နေ့လည်စာ စီစဉ်ပေးတဲ့သူ ဖြစ်ခဲ့တာကိုး။ Dialogue: 0,0:00:48.84,0:00:51.34,Default,,0000,0000,0000,,နောက်ပြီးတော့ သူမရဲ့ မြေးတွေအကြောင်းကို ကျွန်တော့ကို စတင်ပြီး ပြောနေတော့တာပေါ့။ Dialogue: 0,0:00:51.34,0:00:54.05,Default,,0000,0000,0000,,ဒါက ကျွန်တော့ကို ဘဝင်ခိုက်သွားစေတာပေါ့ဗျာ။ Dialogue: 0,0:00:54.05,0:00:55.84,Default,,0000,0000,0000,,ကျွန်တော့ရဲ့ နေလည်စာ စီစဉ်ပေးသူ အမျိုးသမီကြီးမှာ မြေးတွေရှိခဲ့တယ်၊ Dialogue: 0,0:00:55.84,0:00:56.81,Default,,0000,0000,0000,,ဒါကြောင့် ကလေးတွေဟာ ၊ Dialogue: 0,0:00:56.81,0:01:00.06,Default,,0000,0000,0000,,ဒါကြောင့်ပဲ အဆုံးမှာ ကျောင်းက ထွက်သွားတတ်တာကိုး။ Dialogue: 0,0:01:00.06,0:01:01.81,Default,,0000,0000,0000,,ကျွန်တော်ထင်ထားမိတာက သူမဟာ မုန့်စားတန်းထဲမှာ Dialogue: 0,0:01:01.81,0:01:02.68,Default,,0000,0000,0000,,ဇွန်းတွေ တည်ခင်းပေးရင်း နေထိုင်ခဲ့တယ်ဆိုတာပဲ။ Dialogue: 0,0:01:02.68,0:01:04.62,Default,,0000,0000,0000,,အဲဒီမတိုင်မှီက ဒီအကြောင်းကို ကျွန်တော် တစ်ခါကလေးမှ မတွေးမိခဲ့ဖူးပါဘူးဗျာ။ Dialogue: 0,0:01:04.62,0:01:08.35,Default,,0000,0000,0000,,ကောင်းပြီဗျာ၊ အဲဒီ အကြောင်းတရားနဲ့ ကြုံတွေလိုက်ရတာက ကျွန်တော့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကွန့်မြူးစေခဲ့တာပေါ့။ Dialogue: 0,0:01:08.35,0:01:11.90,Default,,0000,0000,0000,,ကျွန်တော် Lunch Lady ဆိုတဲ့ ရုပ်ပြဝတ္ထုတွဲတွေကို ဖန်တီးခဲ့ပါတယ်။ Dialogue: 0,0:01:11.90,0:01:14.08,Default,,0000,0000,0000,,နေ့လည်စာ စီစဉ်ပေးတဲ့ အမျိုးသမီးဟာ မကောင်းဆိုးဝါး Dialogue: 0,0:01:14.08,0:01:16.68,Default,,0000,0000,0000,,လူသားစက်ရုပ်ကြီးတွေ၊ ကျောင်းကားမှာရှိတဲ့ သတ္တဝါကြီးတစ်ကောင်၊ Dialogue: 0,0:01:16.68,0:01:19.58,Default,,0000,0000,0000,,သန္ဓေပြောင်း သင်္ချာပြိုင်ပွဲဝင်တွေကို သူမရဲ့ ငါးတုတ်ချောင်း နန်ချပ်ကူကိုသုံးပြီး Dialogue: 0,0:01:19.58,0:01:22.89,Default,,0000,0000,0000,,တိုက်ထုတ်တဲ့ ကာတွန်းဇာတ်လမ်းတွဲတွေပေါ့။ Dialogue: 0,0:01:22.89,0:01:24.36,Default,,0000,0000,0000,,ပြီးတော့ စာအုပ်အဆုံးသတ်တိုင်းမှာ Dialogue: 0,0:01:24.36,0:01:25.86,Default,,0000,0000,0000,,သူတို့တွေဟာ လူဆိုးကို ဆံထုံးအုပ်နဲ့ဖမ်းပြီး Dialogue: 0,0:01:25.86,0:01:29.62,Default,,0000,0000,0000,,ကြေညာလိုက်တာက "တရားမျှတမှုကို ထမ်းဆောင်လိုက်ပါတယ် ဗျို့"တဲ့။ Dialogue: 0,0:01:29.62,0:01:33.87,Default,,0000,0000,0000,,(ရယ်သံများ) (လက်ခုပ်သံများ) Dialogue: 0,0:01:33.87,0:01:36.48,Default,,0000,0000,0000,,ပြီးတော့ ဒါဟာ အံ့ဩစရာကောင်းနေခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲကို Dialogue: 0,0:01:36.48,0:01:39.37,Default,,0000,0000,0000,,ကလေးတွေရဲ့ စာဖတ်ခြင်း လောကမှာ အရမ်းကြီး ကြိုဆိုလက်ခံကြပြီး Dialogue: 0,0:01:39.37,0:01:41.61,Default,,0000,0000,0000,,သူတို့တွေက အံ့ဩစရာအကောင်းဆုံး စာတွေ၊ Dialogue: 0,0:01:41.61,0:01:43.76,Default,,0000,0000,0000,,ကတ်ပြားတွေ၊ သရုပ်ဖော်ပုံတွေကို ကျွန်တော့ဆီကို ပို့ခဲ့ကြတယ်လေ။ Dialogue: 0,0:01:43.76,0:01:46.24,Default,,0000,0000,0000,,နောက်ပြီး ကျောင်းတွေကို ကျွန်တော်သွားသွားနေတုန်း သတိထားမိလိုက်တာက Dialogue: 0,0:01:46.24,0:01:48.79,Default,,0000,0000,0000,,နေ့လည်စာ ဝန်ထမ်းတွေဟာ အစီအစဉ်မှာ အင်မတန်ကိုမှ အဓိပ္ပါယ်ရှိလှတဲ့ Dialogue: 0,0:01:48.79,0:01:50.94,Default,,0000,0000,0000,,နည်းလမ်းတစ်ခု ပါဝင်ပတ်သက်နေနေတာပါပဲ။ Dialogue: 0,0:01:50.94,0:01:52.68,Default,,0000,0000,0000,,နောက်ပြီးတော့ တစ်နံတစ်လျားမှာရှိတဲ့ Dialogue: 0,0:01:52.68,0:01:54.78,Default,,0000,0000,0000,,နေ့လည်စာဝန်ထမ်း အမျိုးသမီးတွေအားလုံးက တစ်လေသံတည်း ကျွန်တော့ကို ပြောပြကြတာက Dialogue: 0,0:01:54.78,0:01:58.68,Default,,0000,0000,0000,,"ကျွန်မတို့နဲ့ ဆင်တဲ့ ထိပ်တန်းလူစွမ်းကောင်းတစ်ဦးကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"တဲ့လေ။ Dialogue: 0,0:01:58.68,0:02:01.44,Default,,0000,0000,0000,,ဘာဖြစ်လို့လဲဆိုတော့ဗျာ ကြာလာတော့ ခေတ်သစ်ယဉ်ကျေးမှုမှာ Dialogue: 0,0:02:01.44,0:02:04.97,Default,,0000,0000,0000,,နေ့လည်စာဝန်ထမ်း အမျိုးသမီးကို ဖော်ဖော်ရွေရွေနဲ့ မဆက်ဆံကြတော့ဘူးလေ။ Dialogue: 0,0:02:04.97,0:02:07.14,Default,,0000,0000,0000,,ဒါပေမဲ့ ဒါက ဂျင်းနီအတွက် အရမ်းကို အဓိပ္ပါယ်အရှိဆုံးဖြစ်နေတယ်လေ။ Dialogue: 0,0:02:07.14,0:02:08.83,Default,,0000,0000,0000,,စာအုပ်တွေပထမဆုံး ပုံနှိပ်ထုတ်ဝေတော့ Dialogue: 0,0:02:08.83,0:02:10.93,Default,,0000,0000,0000,,စာအုပ်မိတ်ဆက်ပွဲမှာ သူမကိုဖိတ်ကြားခဲ့ပါတယ်။ Dialogue: 0,0:02:10.93,0:02:12.74,Default,,0000,0000,0000,,လူတိုင်းရဲ့ရှေ့မှောက်မှာ၊ Dialogue: 0,0:02:12.74,0:02:14.04,Default,,0000,0000,0000,,သူမနှစ်ပေါင်းများစွာ ကျွေးမွေးပြုစုခဲ့တဲ့ သူတွေရဲ့ရှေ့မှောက်မှာပေါ့၊ Dialogue: 0,0:02:14.04,0:02:16.98,Default,,0000,0000,0000,,ကျွန်တော် သူမကို ပန်းချီလက်ရာတစ်ခုနဲ့ စာအုပ်တစ်ချို့ကို ပေးခဲ့ပါတယ်။ Dialogue: 0,0:02:16.98,0:02:19.55,Default,,0000,0000,0000,,ဒီဓါတ်ပုံရိုက်ပြီး နောက်(၂)နှစ် အကြာမှာတော့ Dialogue: 0,0:02:19.55,0:02:21.36,Default,,0000,0000,0000,,သူမ ကွယ်လွန်သွားရှာခဲ့ပါတယ်။ Dialogue: 0,0:02:21.36,0:02:22.45,Default,,0000,0000,0000,,သူမရဲ့ အသုဘ ညစောင့်အိပ်တာကို ကျွန်တော်တက်ရောက်တော့ Dialogue: 0,0:02:22.45,0:02:25.29,Default,,0000,0000,0000,,ကျွန်တော်မြင်လိုက်ရတာက ကျွန်တော်လုံးဝ မမျှော်လင့်ထားခဲ့တဲ့အရာပါ။ Dialogue: 0,0:02:25.29,0:02:28.77,Default,,0000,0000,0000,,အကြောင်းကတော့ သူမရဲ့ ခေါင်းဘေးမှာရှိခဲ့တာက ဒီပန်းချီကားလေးဗျာ။ Dialogue: 0,0:02:28.77,0:02:32.34,Default,,0000,0000,0000,,ပြီး သူမရဲ့ အမျိုးသားကပြောတာက ကျွန်တော် အသိအမှတ်ပြုခဲ့မိလိုက်တဲ့ Dialogue: 0,0:02:32.34,0:02:34.76,Default,,0000,0000,0000,,သူမရဲ့ အလုပ်ကြိုးစားမှု၊ ကျွန်တော် သက်သေပြုခဲ့လိုက်တဲ့ သူမလုပ်ခဲ့တာတွေဟာ Dialogue: 0,0:02:34.76,0:02:37.62,Default,,0000,0000,0000,,သူမအတွက်အတော်ကို အရေးပါခဲ့တယ်တဲ့လေ။ Dialogue: 0,0:02:37.62,0:02:39.52,Default,,0000,0000,0000,,နောက်ပြီးတော့ ဒါက နိူင်ငံတလွှားမှာရှိတဲ့ Dialogue: 0,0:02:39.52,0:02:41.77,Default,,0000,0000,0000,,မုန့်စားတန်းတွေမှာရှိတဲ့ ခံစားချက်ကို ကျွန်တော်တို့ ပြန်လည်ထူထုတ်ဖော်နိူင်တဲ့ Dialogue: 0,0:02:41.77,0:02:44.78,Default,,0000,0000,0000,,နေ့တစ်နေ့ကို ဖန်တီးဖို့ ကျွန်တော့ကို စေ့ဆော်ပေးခဲ့ပါတယ်။ Dialogue: 0,0:02:44.78,0:02:46.43,Default,,0000,0000,0000,,"ကျောင်းမုန့်စာတန်း လူစွမ်းကောင်းများနေ့"။ ကျောင်းက ကလေးတွေ သူတို့ရဲ့ နေလည်စာ ဝန်ထမ်းတွေအတွက် Dialogue: 0,0:02:46.43,0:02:49.29,Default,,0000,0000,0000,,ထိုးထွင်းဖန်တီးထားတဲ့ ပရောဂျက်တွေ ပြုလုပ်နိူင်တဲ့ နေ့တစ်နေ့ပေါ့ဗျာ။ Dialogue: 0,0:02:49.29,0:02:51.50,Default,,0000,0000,0000,,ကျွန်တော် "ကျောင်းအဟာရ အဖွဲ့အစည်းနဲ့ တွဲဖက်လိုက်ပါတယ်။ Dialogue: 0,0:02:51.50,0:02:54.62,Default,,0000,0000,0000,,နေ့စဉ်နေ့တိုင်း ကျောင်းနေ့လည်စာ အစီအစဉ်မှာ ကလေးပေါင်း Dialogue: 0,0:02:54.62,0:02:56.45,Default,,0000,0000,0000,,သန်း (၃၀)ကျော်ကျော် ပါဝင်ဆောင်ရွက်ကြတယ်ဆိုတာ သင်သိပါသလား။ Dialogue: 0,0:02:56.45,0:02:59.80,Default,,0000,0000,0000,,ဒါဟာဆိုရင် ကျောင်းစာသင်နှစ်တိုင်းမှာ ပြုလုပ်တဲ့ နေ့လည်စာ သန်း(၅၀၀၀)ကျော်ကျော် Dialogue: 0,0:02:59.80,0:03:01.30,Default,,0000,0000,0000,,အရေအတွက်နဲ့ ညီမျှတာပေါ့။ Dialogue: 0,0:03:01.30,0:03:03.69,Default,,0000,0000,0000,,သူရဲကောင်း ဆန်တဲ့ ဇာတ်လမ်းတွေဟာ ကလေးတစ်ယောက်က သူတို့ရဲ့ လင်ပန်းပေါ်မှာ Dialogue: 0,0:03:03.69,0:03:05.68,Default,,0000,0000,0000,,အပိုကြက်သားတုံးကလေး အနည်းငယ်ကိုတင်လိုက်တယ် ဆိုတာထက်ကို Dialogue: 0,0:03:05.68,0:03:06.84,Default,,0000,0000,0000,,အများကြီးကျော်လွန် သွားပါတယ်။ Dialogue: 0,0:03:06.84,0:03:08.55,Default,,0000,0000,0000,,ကယ်လီဖိုးနီးယားမှာ Ms. Brenda ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ Dialogue: 0,0:03:08.55,0:03:11.34,Default,,0000,0000,0000,,သူမဟာဆိုရင် သူမရဲ့ လိုင်းကို ဖြတ်လျှောက်လာတဲ့ ကလေးတိုင်းကို Dialogue: 0,0:03:11.34,0:03:13.83,Default,,0000,0000,0000,,အနီးကပ်စောင့်ကြည့်ပြီး၊ တစ်ခုခုလွဲချော်သွားရင် လမ်းညွှန်ချက်ပေးတဲ့ Dialogue: 0,0:03:13.83,0:03:15.18,Default,,0000,0000,0000,,အကြံပေးပုဂ္ဂိုလ်ကို အစီရင်ခံပါတယ်။ Dialogue: 0,0:03:15.18,0:03:16.60,Default,,0000,0000,0000,,ကျောင်းသာ(၆၇)ရာခိုင်နှုန်းဟာ နေ့တိုင်းပဲ ဒီနေ့လည်စာတွေကို Dialogue: 0,0:03:16.60,0:03:19.24,Default,,0000,0000,0000,,မှီခိုနေရတယ်ဆိုတာကို နားလည်သဘောပေါက်သူတွေကတော့ Dialogue: 0,0:03:19.24,0:03:21.21,Default,,0000,0000,0000,,ကန်တပ်ကီမှာရှိတဲ့ နေ့လည်စာဝန်ထမ်း အမျိုးသမီးတွေပါ။ Dialogue: 0,0:03:21.21,0:03:23.32,Default,,0000,0000,0000,,သူတို့တွေဟာ နွေရာသီမှာ မစားမသောက်ပဲနေခဲ့မှာဆိုတော့ Dialogue: 0,0:03:23.32,0:03:25.35,Default,,0000,0000,0000,,သူတို့တွေဟာ ရွေ့လျား ကျွေးမွေးခြင်း ယူနစ်တစ်ခုကို ဖန်တီးဖို့ Dialogue: 0,0:03:25.35,0:03:27.10,Default,,0000,0000,0000,,ကျောင်းကားတစ်စီးကို ပြန်လည်ပံ့ပိုးပေးခဲ့ပါတယ်။ Dialogue: 0,0:03:27.10,0:03:28.34,Default,,0000,0000,0000,,နောက်ပြီး နွေရာသီကာလအတွင်းမှာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရပ်ကွက်တွေကို Dialogue: 0,0:03:28.34,0:03:31.13,Default,,0000,0000,0000,,ခရီးဆန့်ပြီး တစ်နေ့ကို ကလေး(၅၀၀) ကျွေးမွေးခဲ့ပါတယ်။ Dialogue: 0,0:03:31.13,0:03:33.73,Default,,0000,0000,0000,,နောက်ပြီးတော့ ကလေးတွေဟာ အံ့ဩဖွယ်ရာ အကောင်းဆုံး ပရောဂျက်တွေကို ဖန်တီးခဲ့ကြပါတယ်။ Dialogue: 0,0:03:33.73,0:03:34.78,Default,,0000,0000,0000,,သူတို့လုပ်လိမ့်မယ်လို့ ကျွန်တော်သိနေတယ်လေ။ Dialogue: 0,0:03:34.78,0:03:36.39,Default,,0000,0000,0000,,ကလေးတွေဟာ ရောင်စုံ ကတ်ထူစက္ကူတွေကိုသုံးပြီး Dialogue: 0,0:03:36.39,0:03:38.38,Default,,0000,0000,0000,,ဟန်ဘာဂါ ကတ်ပြားတွေလုပ်ခဲ့ကြတယ်။ Dialogue: 0,0:03:38.38,0:03:40.29,Default,,0000,0000,0000,,သူတို့ရဲ့ နေ့လည်စာ ဝန်ထမ်းအမျိုးသမီးရဲ့ ဦးခေါင်းကို ဓာတ်ပုံရိုက်ယူပြီး၊ Dialogue: 0,0:03:40.29,0:03:42.09,Default,,0000,0000,0000,,ကျွန်တော့ရဲ့ ကာတွန်းရုပ်ပေါ်မှာလာကပ်၊ Dialogue: 0,0:03:42.09,0:03:43.89,Default,,0000,0000,0000,,ပြီးတော့ နွားနို့ဘူးတစ်ဘူးပေါ်မှာ တပ်ဆင်လိုက်ပြီး Dialogue: 0,0:03:43.89,0:03:46.37,Default,,0000,0000,0000,,သူတို့ကို ပန်းပွင့်တွေနဲ့အတူ လက်ဆောင်ပေးလိုက်ကြတယ်။ Dialogue: 0,0:03:46.37,0:03:48.38,Default,,0000,0000,0000,,နောက်ပြီး သူတို့ကိုယ်ပိုင် ရုပ်ပြောင်တွေဖန်တီးခဲ့ကြတယ်၊ Dialogue: 0,0:03:48.38,0:03:49.74,Default,,0000,0000,0000,,ကာတွန်း နေ့လည်စာ ဝန်ထမ်းအမျိုးသမီးနဲ့ Dialogue: 0,0:03:49.74,0:03:51.96,Default,,0000,0000,0000,,တကယ့် နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတို့ ယှဉ်တွဲ သရုပ်ဆောင်နေတဲ့ပုံတွေပေါ့။ Dialogue: 0,0:03:51.96,0:03:53.90,Default,,0000,0000,0000,,နောက်ပြီး ကျေးဇူးတင်ချီးမွမ်းတဲ့ ပီဇာတွေ သူတို့လုပ်ကြပါတယ်၊ Dialogue: 0,0:03:53.90,0:03:55.81,Default,,0000,0000,0000,,ဒီမှာ ရောင်စုံ ကတ်ထူစက္ကူ ပီဇာရဲ့ အပေါ်က လောင်းထားတဲ့ အလွှာအမျိုးမျိုးမှာ Dialogue: 0,0:03:55.81,0:03:58.77,Default,,0000,0000,0000,,ကလေးတိုင်းက လက်မှတ်ထိုးထားကြတယ်လေ။ Dialogue: 0,0:03:58.77,0:04:02.37,Default,,0000,0000,0000,,ကျွန်တော့အဖို့ကတော့ဗျာ နေ့လည်စာ တည်ခင်းတဲ့ အမျိုးသမီးတွေဆီကလာတဲ့ Dialogue: 0,0:04:02.37,0:04:04.35,Default,,0000,0000,0000,,တုံ့ပြန်မှုကြောင့် အရမ်းကြီးကို စိတ်လှုပ်ရှားမိခဲ့တာပေါ့။ Dialogue: 0,0:04:04.35,0:04:06.23,Default,,0000,0000,0000,,ဘာဖြစ်လို့လဲဆိုတော့ဗျာ အမျိုးသမီးတစ်ယောက်က ကျွန်တော့ကို ပြောလိုက်လို့ပါ၊ သူပြောလိုက်တာက Dialogue: 0,0:04:06.23,0:04:08.76,Default,,0000,0000,0000,,"ဒီနေ့မတိုင်ခင်က ကျွန်မဟာ ဒီကျောင်းမှာရှိတဲ့ Dialogue: 0,0:04:08.76,0:04:11.20,Default,,0000,0000,0000,,ဂြိုဟ်ကမ္ဘာရဲ့ အစွန်းကိုရောက်သလိုမျိုး ခံစားမိပါတယ်ရှင်။ Dialogue: 0,0:04:11.20,0:04:13.58,Default,,0000,0000,0000,,ကျွန်မတို့ ဟောဒီမှာရှိနေတာကို ဘယ်သူကမှ သတိထားမိခဲ့တယ်လို့တောင် မထင်မိခဲ့ဘူးရှင်"တဲ့လေ။ Dialogue: 0,0:04:13.58,0:04:15.44,Default,,0000,0000,0000,,နောက်ထပ် အမျိုးသမီးတစ်ယောက် ပြောတာက Dialogue: 0,0:04:15.44,0:04:17.99,Default,,0000,0000,0000,,"ရှင်သိတဲ့အတိုင်းပဲလေ၊ ကျွန်မ ဒီကနေ ရရှိလိုက်တဲ့ အကျိုးကျေးဇူးက Dialogue: 0,0:04:17.99,0:04:20.94,Default,,0000,0000,0000,,ကျွန်မလုပ်ဆောင်တာဟာ အရေးပါတယ်ဆိုတာပါပဲရှင်"တဲ့။ Dialogue: 0,0:04:20.94,0:04:23.28,Default,,0000,0000,0000,,သူမလုပ်ဆောင်တာဟာ အရေးပါတယ်ဆိုတာ မှန်တာပေါ့ဗျာ။ Dialogue: 0,0:04:23.28,0:04:25.39,Default,,0000,0000,0000,,သူတို့အားလုံး လုပ်ဆောင်တာတွေဟာ အရေးပါပါတယ်ဗျာ။ Dialogue: 0,0:04:25.39,0:04:28.78,Default,,0000,0000,0000,,သူတို့တွေဟာ ကျွန်တော့တို့ ကလေးတွေကို နေ့တိုင်း ကျွေးမွေးနေကြတာဖြစ်ပြီးတော့ Dialogue: 0,0:04:28.78,0:04:31.24,Default,,0000,0000,0000,,ကလေးတစ်ယောက်ဟာ စာမသင်ခင် Dialogue: 0,0:04:31.24,0:04:33.77,Default,,0000,0000,0000,,သူတို့ရဲ့ ဗိုက်တွေပြည့် နေဖို့လိုတာပေါ့။ Dialogue: 0,0:04:33.77,0:04:35.54,Default,,0000,0000,0000,,ရှေ့တန်းမျက်နှာစာတွေမှာ အလုပ်လုပ်နေကြတဲ့ Dialogue: 0,0:04:35.54,0:04:37.47,Default,,0000,0000,0000,,ဒီအမျိုးသမီး၊ အမျိုးသားတွေဟာ ပညာတတ် Dialogue: 0,0:04:37.47,0:04:39.67,Default,,0000,0000,0000,,လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖို့ပါ။ Dialogue: 0,0:04:39.67,0:04:42.44,Default,,0000,0000,0000,,ဒါကြောင့်မို့လို့ ခင်ဗျားတို့ရဲ့ နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတွေကို Dialogue: 0,0:04:42.44,0:04:44.34,Default,,0000,0000,0000,,ကျေးဇူးတင်စကားပြောဖို့ "ကျောင်းနေ့လည်စာ လူစွမ်းကောင်းများနေ့" Dialogue: 0,0:04:44.34,0:04:46.38,Default,,0000,0000,0000,,အထိရောက်တဲ့အထိကို စောင့်နေကြမှာ မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်မိပါတယ်။ Dialogue: 0,0:04:46.38,0:04:48.42,Default,,0000,0000,0000,,ကျေးဇူးတင်မှုတစ်ခုဟာ ဘယ်လိုအစွမ်းထက်မြက်တယ်ဆိုတာကို Dialogue: 0,0:04:48.42,0:04:51.27,Default,,0000,0000,0000,,ခင်ဗျားတို့ မှတ်မိကြမယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ်။ Dialogue: 0,0:04:51.27,0:04:53.26,Default,,0000,0000,0000,,ကျေးဇူးတင်မှုတစ်ခုဟာ ဘဝတစ်ခုကို ပြောင်းလဲနိူင်ပါတယ်။ Dialogue: 0,0:04:53.26,0:04:56.47,Default,,0000,0000,0000,,ဒါကို လက်ခံရရှိသူ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေပါတယ်။ Dialogue: 0,0:04:56.47,0:04:58.75,Default,,0000,0000,0000,,ဒါကို နှုတ်မြွက်ပြောဆိုသူတစ်ယောက်ရဲ့ Dialogue: 0,0:04:58.75,0:05:00.38,Default,,0000,0000,0000,,ဘဝကို ပြောင်းလဲစေပါတယ်။ Dialogue: 0,0:05:00.38,0:05:02.73,Default,,0000,0000,0000,,ကျေးဇူးတင်ပါတယ်ဗျာ။ Dialogue: 0,0:05:02.73,0:05:06.73,Default,,0000,0000,0000,,(လက်ခုပ်သံများ)