PA: ဟိုင်း ပရိတ်သတ်: ဟိုင်း။ PA:ကိုယ့်လူတွေကို မေးခွန်းတစ်ခုမေးချင်တယ်။ ဘာသာစကား ဘယ်နှစ်ခု ပြောကြလဲ။ ဒါအဖြေမတောင်းတဲ့ မေးခွန်းမဟုတ်ဘူး။ ကိန်းတစ်ခုကို တကယ် စဉ်းစားစေချင်တာပါ။ တချို့တွေအတွက် အတော်လေး လွယ်ပါတယ်။ ခေါင်းထဲမှာ တွေးမိတာက "ဒီတစ်ခုလေ၊ ခင်ဗျား ဒါကို ပြောနေတာ၊ ပြီးပြီ။" အခြားသူတွေ တွေးနေလောက်တာက ဘာသာစကားက ရည်းစားဟောင်း တစ်ယောက်က သင့်ကို သင်ပေးခဲ့တာဆိုရင် သင်ယူခဲ့တာက ကျိန်ဆဲတဲ့စကားလုံးတွေပါ။ ဒါကို ရေတွက်ရင် ဆက်ပြီး ရေတွက်ပါ။ ကျွန်တော့ကိုယ် ကျွန်တော် မေးကြည့်တော လေးခု ရတယ်။ သောက်နေတာဆိုရင် ဘာဖြစ်ဖြစ် ငါးခုဗျ။ (ရယ်သံများ) ((အီတာလျံ၊ ဝိုင်နည်းနည်းနဲ့ဆို ကျွန်တော် အီတလီလိုပြောတတ်တယ်။) (လက်ခုပ်သံများ) ကျေးဇူးပါ။ ဒါပေမဲ့ စာမေးပွဲ နီးလာတဲ့အခါ ၈၃ ခု ၊ ဘာသာစကား ၈၃ ခု ရလာတယ်။ ကျွန်တော် ပင်ပန်းသွားပြီး ဆက်မရေတော့ဘူး။ ဒါက ကျွန်တော်တို့ရှိတဲ့ ဘာသာစကားရဲ့ ဒီအဓိပ္ပာယ်ကို အတင်း ပြန်တွေးခိုင်းတယ်။ ပထမဆုံး ဖွင့်ဆိုချက်က "လူသား ဆက်သွယ်ရေး နည်းလမ်း အပြော (သို့) အရေးတစ်ခုခု ဖွဲ့စည်းထားတဲ့(သို့) အဆင်ပြေတဲ့ နည်းတစ်ခု ထဲကစကားလုံးတွေအသုံးပြုမှု ပါခြင်း" အောက်က အဓိပ္ပာယ်ဖွင့်ဆိုချက်က ဆေးပညာ၊ သိပ္ပံ၊ နည်းပညာလို အထူးပြု နယ်ပယ်တွေကို ရည်ညွှန်းတယ်။ ဒါတွေမှာ ကိုယ်ပိုင် ဒေသဝေါဟာရ၊ စကားနွမ်းတွေရှိတယ် ဒါပေမဲ့ စိတ်အဝင်စားဆုံးက ဟောဒီ အလယ်တည့်တည့်က အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ "လူမှုအဖွဲ့ (သို့) နိုင်ငံတစ်ခုခုက အသုံးပြတဲ့ ဆက်သွယ်ရေးစနစ်" ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောင်းဖို့ ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော်တို့ လုပ်တာတိုင်းအတွက် ဒါကို အသုံးချရတာကို စိတ်ဝင်စားတယ်။ အကြောင်းက ကျွန်တော်တို့ဟာ ကိုယ်သိတာ ထက် ပိုများတဲ့ ဘာသာစကားတွေကို ပြောကြတာကို ယုံကြည်လို့ပါ။ ကျန်တဲ့ အတူရှိနေမယ့် အချိန်အတွက် ဒီအခန်းထဲက လူတစ်ဦးချင်းအတွက်ပင်ကိုယ်ဖြစ်တဲ့ ဘာသာစကားနဲ့ ပြောဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ အရာတွေကို အနည်းငယ်ပြောင်းတယ်။ အကြောင်းက ဒီနောက်မှာ တင်ဆက်ခြင်းမရှိတော့ဘူး။ ဒါက စကားဝိုင်းတစ်ခု ဖြစ်လာပြီး စကာဝိုင်းတိုင်းမှာ တုံ့လှည့်ဆက်သွယ်မှုမျိုးတော့ ရှိရမယ်။ တုံ့လှည့်ဆက်သွယ်မှု ဖြစ်ပေါ်ဖို့အတွက် နှစ်ဘက်စလုံးမှာ ဆန္ဒရှိမှု ပမာဏတစ်ခု ရှိဖို့လိုတယ်။ ကျွန်တော်တို့သာ ဆန္ဒရှိနေတယ်ဆိုရင် ဆန္ဒနည်းနည်းလေးနဲ့ကို မှော်ဆန်မှု ဖြစ်နိုင်တာကို မြင်ရမယ် ထင်ပါတယ်။ ဒီတော့ အတော်လေး ဘေးနည်းတဲ့ ဘုံပိုင်းခြေတစ်ခုကို ရွေးထားပါတယ်။ အားလုံး ဆန္ဒရှိရင် ဒါဟာ အခြေခံစံတစ်ခုလို ဖြစ်နိုင်ပါတယ်။ သင်ဟာ ပျော်ပြီး ဒါကို သိရင် လက်ခုပ်တီးကြပါ။ (လက်ခုပ်သံများ) အခု သင်တို့ ပြောနေတာလေ။ ( စပိန်ဘာသာဖြင့်။ စပိန်စကား ပြောသူအားလုံးအတွက်) မတ်တတ်ရပ်ပေးပါ။ သင့်ဘေးမှာ ထိုင်နေသူကို ကြည့်ပြီး စရယ်မောလိုက်ပါ) (ရယ်သံများ) ကျေးဇူး အများကြီးတင်ပါတယ်။ ထိုင်ကြပါတော့။ ကဲ ဒါက နည်းနည်း ကသိကအောက်ဖြစ်ရင် ရယ်စာလုပ်ရာမှာ ပြက်လုံးမရှိဘူးလို့ ကျွန်တော် ကတိပေးတယ်။ ကျွန်တော်က စပိန်စကားပြောတဲ့ ပရိတ်သတ်ကို မတ်တတ်ရပ်ပြီး အနီးမှာ ထိုင်နေတဲ့သူကို ကြည့်ပြီး ရယ်ခိုင်းရုံသက်သက်ပါ။ ဒါဟာ မကောင်းတာ သိတော့ တောင်းပန်ပါတယ်။ ဒါပေမဲ့ အဲဒီအခိုက်မှာ ကျွန်တော်တို့တချို့ တစ်ခုခုခံစားရတယ်။ လူတစ်ယောက်ရဲ့ ဘာသာစကားကို ပြောကြတဲ့အခါ မကြာခဏ ဘာသာစကားက လုပ်တာကို သတိပြုမိတယ်။ ဒါက ဆက်သွယ်ပေးတာ၊ ဒါက ချည်နှောင်ပေးတာပါ။ ဒါပေမဲ့ ဒီဘာသာစကားကို မပြောတတ်ရင် ၎င်းက လုပ်ပေးတာကို မကြာခဏ မေ့တယ်။ ဒါက ခွဲခြားဖို့ လုပ်တာ၊ ဒါက ဖယ်ထုတ်ဖို့ လုပ်တာပါ။ ကျွန်တော်တို့ရဲ့ ဘာသာစကား လမ်းလျှောက်ထွက်မှုလေးကနေ ခရီးသွားခိုက်မှာ ဆုပ်ကိုင်ထားစေချင်တယ်။ ( ဖာရ်စီ ဘာသာဖြင့်။ "taarof" ဆိုတဲ့ စိတ်ကူးကို ဘာသာပြန်ချင်တယ်) ဖာရ်စီလို ပြောခဲ့တာက "ပါးရှန်း ယဉ်ကျေးမှုထဲက 'taarof' စိတ်ကူးကို ဘာသာပြန်ချင်တယ်။" ဒါက တကယ်တော့ အင်္ဂလိပ် ဝေါဟာရ စာရင်းမှာ တူတာမရှိဘူး။ အကောင်းဆုံး အနက်ဖွင့်ဆိုမှုက အင်မတန် တင့်တယ်မှု၊ အင်မတန် စာနာမှုလို တစ်ခုခုဖြစ်မယ်။ ဒါပေမဲ့ သိပ်မှန်တဲ့ ပြန်ဆိုချက်မဟုတ်ဘူး ဒီတော့ နမူနာတစ်ခု ပေးပါမယ်။ လူကြီးနှစ်ယောက် ဖြတ်လျှောက်သွားခိုက်မှာ ပထမဆုံးတစ်ခုအတွက် ပြောဆိုဖို့ အဖြစ်များတာက (ဖာရ်စီစကား၊၊ ကျေးဇူးရှိတယ်) "ခင်ဗျား ကျေးဇူးရှိတယ်" ဆိုလိုတာပါ။ နောက်လူကြီးလူကောင်းက ပြန်ပြောမှာက (ဖာရ်စီစကား။အင်္ကျီကို ဖွင့်ထားတယ်။) "ခင်ဗျားအတွက် ကျုပ်အကျင်္ီကို ဖွင့်ထားတယ်"။ ပထမလူ ပြန်ပြောမှာက (ဖာရ်စီဘာသာဖြင့်။ ကျွန်တော်ဟာ ခင်ဗျားရဲ့ အစေအပါးပါ။ ဆိုလိုတာက "ခင်ဗျားရဲ့ အစေအပါးပါ"။ ဒီနောက် ဒုတိယလူက သူ့ကို ပြန်ပြော မှာက (ဖာရ်စီစကား။ ကျွန်တော်က ဖဝါးအောက်က ဖုန်။) တိုက်ရိုက်ကတော့ "ဖဝါးအောက်က ဖုန်မှုန့်" လို့ဆိုလိုပါတယ်။ (ရယ်သံများ) ဒါက ကိုယ့်လူတွေအတွက် တကယ်လို့ နားမလည်ဘူးဆိုရင်အထောက်အထားတစ်ခုပါ။ (ရယ်သံများ) ဒါကို ခင်ဗျားတို့နဲ့ မျှဝေတာက ဘာသာစကား အသစ်တွေကအရင်က မရှိခဲ့တဲ့ အယူအဆအသစ်တွေနဲ့ လာလို့ပါ။ နောက်ပြီး အခြားအရာက တစ်ခါတစ်လေမှာ ဘာသာစကားဟာ စကားတစ်လုံးရဲ့ အနက်ကို နားလည်တာလို့ တင်ကြပေမဲ့ ဘာသာစကားဟာ စကားတစ်လုံးကို ကိုယ်တိုင်အတွက် အဓိပ္ပာယ်ရှိအောင် လုပ်တာလို့ ယုံကြည်တယ်။ စခရင်ပေါ်က ဒီစကားလုံး အစဉ်အတန်းကို ထိုးပြလိုက်မယ်ဆိုရင် တချို​့တွေတော့ ဘာလဲဆိုတာ အတိအကျ ချက်ချင်း သိကြလိမ့်မယ်။ အခြားသူတွေကတော့ နည်းနည်း အားထုတ်ရလောက်တယ်။ အသက် ၃၅ နှစ်ဝန်းကျင်နဲ့ ပိုကြီးတဲ့သူ၊ ပိုငယ်တဲ့လူ လို့ဆိုပြီး ကျွန်တော် ပိုင်းခြားပေးနိုင်လောက်တယ်။ သိကြတဲ့ သူတွေအတွက်အတော့ ဒါဟာ စာသား စကားပြော(သို့) SMS ဘာသာစကားဆို သိပါတယ်။ ဒါက အက္ခရာအနည်းဆုံးနဲ့ အဓိပ္ပာယ် အများဆုံး ပမာဏကိုပေးတဲ့​ အက္ခရာတန်းတစ်ခုပါ။ ဒါက ဘာသာစကားတွေရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကနဲ့ အတော်တူတယ်။ "လူ့အဖွဲ့အစည်းတစ်ခုက သုံးတဲ့ ဆက်သွယ်ရေးစနစ်" ကဲ စာသားကနေ ဆွေးနွေးငြင်းခုံ ဖူးသူတိုင်း ဒါဟာ ဆက်သွယ်ရေးရဲ့ အကောင်းဆုံးနည်း မဖြစ်နိုင်ပုံကို ပြဿနာလုပ်နိုင်ပေမဲ့ ခုနက မြင်ခဲ့ရတာက ခေတ်ပေါ် ရည်းစားစာတစ်စောင်လို့ ကျွန်တော် ပြောမယ်ရင်ရော။ လိုက်ဖတ်ကြည့်ရင​် "လောလောဆယ် မင်းကို သိပ်ချစ်တယ်။ မင်းက ငါ့ဆီကို အကောင်းဆုံးတွေ အတိအကျ ယူလာပေးလို့ပါ။ ငါ အသံထွက် ရယ်လိုက်တယ်၊ ဆိုရရင် ဘာဖြစ်ဖြစ် ငါ့ကိုအသိပေးပါ။ ဘာလို့ဆိုတော့ ငါ့အမြင် မင်ဟာ ချစ်စရာလေး။ မင်းကို မြင်ဖို သိရသရွေ့၊ တစ်ယောက်ယောက်ကို မင်း တွေ့မနေရင် ငါ့ကို ပျော်ရွင်စေမှာပါ။ မင်းရဲ့သတင်းအချက်အလက်အတွက် အဲဒီမှာ ငါ အမြဲရှိမယ်။ ဘယ်ကိစ္စမဆို အဆက်အသွယ်လုပ်ပါ၊ တုံ့ပြန်ဖို့ မလိုဘူး။ ဆန္ဒမွန်များစွာဖြင့်၊ တစ်ယောက်ယောက် ဒါကိုတွေ့မလား မသိ၊ဂရုမစိုက်။ အဲဒီကို မသွားနဲ့၊ နောက်မှတွေ့မယ်၊ နှုတ်ဆက်တယ်။ အနမ်းတွေနဲ့။ ဘဝမှာ တစ်ခါပဲ အသက်ရှင်တာပါ။" (လက်ခုပ်သံများ) ခေတ်သစ် ရိုမီရို (သို့) ဂျူးလိယက်ဆန်ဆန်ပေါ့။ အဲဒီအခိုက်မှာ သင် ရယ်လိုက်ရင် ရှင်းပြစရာမလိုတဲ့ ဘာသာစကားတစ်ခုကို သင်ပြောလိုက်တာပါ။ ရယ်သံပါ။ ကမ္ဘာမှာ အသိအများဆုံး ဘာသာစကားတွေထဲ့က တစ်ခုပါ။ ဒါကို အချင်းချင်း ရှင်းပြဖို့မလိုဘူး။ ဒါက အားလုံး ခံစားရတာတစ်ခုသာဖြစ်ပြီး ဒါကြောင့်ပဲ ရယ်သံလို၊ ဂီတလိုအရာတွေဟာ နေရာတိုင်းမှာ ရှိနေတာပါ။ ဘာလို့ဆိုတော့ ဒါတွေက တစ်နည်းနည်းနဲ့ ရှင်းလင်းချက်ကို ကျော်လွန်ပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ် ပမာဏတစ်ခုကို သိရှိစေလို့ပါ။ ကျွန်တော်တို့ သင်ယူတဲ့ ဘာသာစကား တိုင်းဟာ မုခ်ဦးတစ်ခုပါ။ ဒါကနေ အခြားဘာသာစကား တစ်ခုဆီ ဝင်ရောက်ခွင့်ရနိုင်တယ် ပိုသိလာလေလေ၊ ပိုပြောနိုင်လေလေပါ။ ဒါက အားလုံး လုပ်ကြတဲ့ တူညီတဲ့အရာတစ်ခုပါ။ သဘောတရားသစ်တစ်ခုခုကို ယူပြီး ကိုယ့်ကိုယ်တွင်းမှာ ရှိပြီးသား သဘာဝကျမှုရဲ့ဝင်ခွင့်နဲ့ ဒါကို စစ်ချလိုက်တယ်။ ဒါကြောင့် ဘာသာစကားတွေကို သိပ်အရေးကြီးတာပါ။ ဘာလိုဆို ဒါတွေက ကျွန်တော်တို့ကို လူတွေသာမက ကမ္ဘာသစ်တွေဆီ ဝင်ခွင့် ပေးလို့ပါ။ ဒါက မြင်ခြင်း(သို့) ကြားခြင်းသာမဟုတ်ဘဲ ခံစားခြင်း၊ တွေ့ကြုံခြင်း၊ မျှဝေခြင်းပါ။ ဖုံးဖိထားတဲ့ ဒီဘာသာစကားတွေ ရှိနေပေမဲ့ အလေးနက်ဆုံး ဘာသာစကားတစ်ခုကိုတော့ ဖုံးဖိမထားဘူးလို့တော့ ထင်တယ်။ ဒါကတော့ အတွေ့အကြုံရဲ့ ဘာသာစကားပါ။ ဒါကြောင့် သင် လူတစ်ယောက်နဲ့စကားပြောတဲ့အခါ သင်မျှဝေလိုက်တဲ့တာကို သူတို့ မျှဝေခံစားရင် သိပ်အများကြီး ရှင်းပြစရာမလိုဘူးလေ။ (သို့) ဒါကြောင့်ပဲ သင်က ဇာတ်လမ်း တစ်ပုဒ်ကို မျှဝေပြီး အဆုံးသတ်တော့ သင်ပြောနေတဲ့ လူတွေက သိပ်နားမလည်တဲ့အခါ အာလုံးပြောကြတဲ့ ပထမဆုံးအရာက "သင်တို့ အဲဒီမှာရှိနေခဲ့ ရတာကို တွေးကြည့်ပါ၊" ဒီသီတင်းပတ် သင်တို့ ဒီမှာရှိဖို့လိုတာက ဒါက ဘာဆိုတာသိဖို့လို့ ကျွန်တော်ထင်တယ်။ ဒါက ရှင်းပြဖို့ ခက်တဲ့အရာမျိုးလား။ ကျွန်တော်တို့ရဲ့ သုတေသန အကျိုးအတွက် ဒီဘာသာစကား အတွေ့အကြုံထဲမှာ နောက်တစ်ခေါက် သင်တို့ကို ပါဝင်ခိုင်းရင်းနဲ့ အဆုံးသတ်ပါတော့မယ်။ ဘာသာစကားတချို့ကနေ စစ်ထုတ်တော့မှာဖြစ်ပြီး ကျွန်တော်ဟာ သင့်ဘာသာစကားကို ပြောနေတယ်ဆိုရင် သင်တို့ မတ်တပ်ရပ်ပြီး ရပ်မြဲရပ်နေ ခိုင်းတော့မှာပါ။ ခွင့်ပြုချက် တောင်းစရာမလိုဘူး။ ကျွန်တော့ကို သင်မြင်တာအသိပေးရုံပါ သင် ဒီအတွေ့အကြုံ ဘာသာစကားပြောရင် သင့်ကိုပါ ကျွန်တော် မြင်ရပါတယ်။ ဒီဘာသာစကားကို သင်ပြောလား။ ကျွန်တော်က မူလတန်းကျောင်းမှာ ကြီးပြင်းလာတော့ နှစ်အဆုံးမှာ ပါတီပွဲတွေ ကျင်းပခဲ့ပြီး အပန်းဖြေဥယျာဉ်မှာ (သို့) ရေလွှာ ဥယျာဉ်မှာကျင်းပချင်လားဆိုတာ မဲပေးကြတယ်။ ပါတီပွဲကို ရေလွှာဥယျာဉ်မှာ မဖြစ်ပါစေနဲ့လို့မျှော်လင့်တယ် ဘာလို့ဆိုတော့ ရေးကူးဝတ်စုံ ဝတ်ရတော့မှာကိုး။ သင်တို့တော့ မသိဘူး။ ဒါပေမဲ့ တစ်ခါတစ်လေ အဝတ်လဲခန်းကို နားကပ်တဲ့အခါ ချွေးဂလင်းတွေက အလိုလို နှိုးဆော်ကြတယ်။ ဘာလို့ဆိုတော့ ဒီအဝတ်အစားက ကိုယ်နဲ့ မလိုက်တာ သိလို့လေ။ အရုပ်မှာ ဝတ်ထားသလိုမျိုးပေါ့။ ဒါကျတော့ရော။ မိသားစုပွဲတွေ(သို့) မိသားစု တွေ့ဆုံပွဲတွေ သွားရမယ့်အခါ အကြိမ်တိုင်း ဒုတိယပန်းကန်ကိုယူတယ်။ အမြဲလိုလို လုပ်ခဲ့တာလေ။ (ရယ်သံများ) ဒါက တွက်ခြေကိုက် စိစစ်မှုထဲက အလေ့အကျင့် တစ်ခုလုံးပါ။ အမျိုးတွေက ကျွန်တော့ကို ကြည့်ပြီး "ငါတော့ မသိဘူး။ မင်း တကယ် လိုလို့လား။ မင်း အဆင်ပြေပုံရတယ်နော်၊ ကောင်လေး" ကျွန်တော့ပါးတွေမှာ ကျွန်တော် မမြင်တဲ့ "ငါ့ကို ထိုးပါ"ဆိုတဲ့ အမှတ်အသားရှိလို့လား။ သင်ဟာ ရှက်ကိုးရှက်ကန်း(သို့) ရယ်နေတာ (သို့) မတ်တတ်ရပ်တာ (သို့) စပြီး မတ်တတ်ရပ်နေတယ်ဆိုရင် "ခပ်ဝဝ ကလေးတစ်ယောက် ကြီးပြင်း လာတာရဲ့ ဘာသာစကား"လို့ ချစ်စဖွယ် ဘာသာစကားကို သင်ပြောနေတာပါ။ ခန္ဓာကိုယ် ပုံရိပ် ကိစ္စက ဒီဘာသာစကားရဲ့ ဒေသိယစကားပါ။ သင်တို့ကို ဆက်ရပ်စေချင်တယ်။ ကျွန်တော်ဟာ သင်တို့ရဲ့ ဘာသာစကားကို ပြောနေတယ်ဆိုရင် ဆက်ရပ်နေပေးပါ။ လက်ထဲမှာ ငွေတောင်းလွှာ နှစ်ခု ရှိတယ်ပေါ့ တစ်ခုက ဖုန်းအတွက် နောက်တစ်ခုက မိတာခအတွက်ပါ။ Eeny, meeny, miny, mo, တစ်ခုကို စာရင်းရှင်း၊ နောက်တစ်ခု ထားလိုက်။ ဆိုလိုတာက "လောလောဆယ် နှစ်ခုစလုံးကို ပေးဖို့ ငွေ အလုံအလောက် မရှိနိုင်တာပါ။" ကြံရည်ဖန်ရည် ရှိဖို့လိုတယ်။ ဒါကို အဖြေရှာဖို့လိုတယ်။ သင်ဟာ မတ်တတ်ရပ်နေရင် လောက်ငရုံသာရှိတဲ့ ငွေရေးကြေးရေး အကျပ်အတည်းရဲ့ ဘာသာစကားကို သင်သိတယ်။ ဒီဘာသာစကားကို ပြောရလောက်အောင် ကံကောင်းဖူးတယ်ဆိုရင် ချို့တဲ့မှလို ကြီးမြတ်တဲ့ နှိုးဆော်မှု မရှိတာကို နားလည်တယ်။ ရင်းမြစ်တွေမရှိခြင်း၊ အသွင်တွေမရှိခြင်း၊ ငွေကြေးမရှိခြင်းက မကြာခဏ ကျတ်တီးမြေ ဖြစ်နိုင်တယ်။ ဒီကနေ အဖြစ်ထွန်းဆုံး ပျိုးစေ့တွေကို ဒုက္ခသုက္ခခံကာ ထွန်ယက်၊ ရိတ်သိမ်းတာပါ။ ဒီဘာသာစကား သင်တို့ ပြောလားလို့ မေးတော့မယ်။ ဒါကို သင် သတိပြုမိတဲ့အခိုက်မှာ လွတ်လပ်စွာ ရပ်လိုက်ပါ။ ရောဂါတွေ့ရှိမှုကို ကြားတဲ့အခါ တွေးမိတာက "ဒီစကားလုံး မဟုတ်ဘူး ဒီစကားလုံးကလွဲရင် ရတယ်။ ဒီစကားလုံးကို မုန်းတယ်။" ဒီနောက် မေးခွန်းတစ်သီကြီး သင် မေးတယ်။ "သေချာလို့လား။" "ဒါက ပျံ့သွားပြီလား။" "ဘယ်လောက် ကြာပြီလဲ။" "ဒေါက်တာ၊ ကြာပြီလား" အဖြေတွေတစ်သီးကြီးက လူတစ်ယောက်ရဲ့ဘဝကို သတ်မှတ်တယ်။ အဖေ ဗိုက်ဆာတော့ ကျွန်တော်တို့အားလုံး ညစာစားပွဲဆီစားဖို့ အပြေးသွားတယ်။ ဒါက အရင်က လုပ်ခဲ့တာမို့ပါ။ ကျွန်တော်တို့ အတူစားကြတော့ ဒါကို ဆက်လုပ်နေမှာပါ။ ဘာကြောင့် ဒီတိုက်ပွဲကို ရှုံးနေခဲ့တာ နားမလည်ခဲ့ဘူး။ ဘာလို့ဆိုတော့ တိုက်ခိုက်ပြီး မှန်ကန်တဲ့ စိတ်ရှိရင် နိုင်သင့်တယ်လို့ သင်ပေးခဲ့လို့ပါ။ ကျွန်တော်တို့ နိုင်မနေဘူး။ မတ်တတ်ရပ်ခဲ့သူတိုင်းအတွက် ကင်ဆာကို တိုက်နေတဲ့ ချစ်ရသူ ကို စောင့်ကြည့်ခြင်း ဘာသာစကား ကျွန်တော်ပြောနေတာ သင်တို့ ကောင်းကောင်း သိတယ်။ (လက်ခုပ်သံများ) ကျွမ်းနေတဲ့ ရောဂါတိုင်းဟာ ဒီဘာသာစကားရဲ့ ဆင့်ပွားမှုတစ်ခုပါ။ နောက်ဆုံး ဘာသာစကားတစ်ခု ပြောတော့မယ်။ အိုး မဟုတ်ဘူး၊ နားထောင်နေမှာ ရေး၊ ရေး ၊နိုး၊နိုး၊နိုး ကျွန်တော်နဲ့သင် ဟောဒီမှာလေ။ (ရယ်သံများ) နိုး၊ ကျွန်တော် သင်နဲ့အတူနော်။ (ရယ်သံများ) (သို့) မီးတွေ အကုန်မှိတ်ပြီး ခုတင်မှာ လှဲနေစဉ် မျက်နှာမှာ အပြာရောင် မီးတစ်ခု တောက်ပနေတယ်လို့ စိတ်ကူးကြည့်ပါ။ တချို့က ကျွန်တော့လိုပဲ မျက်နှာတည့်တည့် ဖုန်းလွှတ်ချလိုက်တာ သိပါတယ်။ (ရယ်သံများ) ဒီတစ်ယောက်၊ ဟုတ်လား။ ခရီးသည်ခုံက စိတ်ပေါက်ပြီး "သင် လမ်းကို ကြည့်လို့ရလား။" မတ်တတ်ရပ်သူတိုင်းအတွက် "ပြတ်တောက်မှု ဘာသာစတား" လို့ ကျွန်တော် ခေါ်ချင်တဲ့ ဘာသာစကားကို သင်တို့ ပြောတယ်။ "ဆက်သွယ်မှု ဘာသာစကား" လို့ ခေါ်ခဲ့ဖူးပေမဲ့ "ပြတ်တောက်မှု ဘာသာစတား" လို့ပဲ ခေါ်ချင်တယ်။ ပြတ်တောက်မှုလို့ မဆိုလိုပါ။ ပြတ်တောက်မှု လို့ဆိုလိုတယ်။ လူသား ပြတ်တောက်မှုပါ။ အချင်းချင်း ပြတ်တောက်မှုပါ။ ရှိတဲ့နေရာက၊ ကိုယ်ပိုင်အတွေးတွေကနေဆိုတော့ အခြားတစ်နေရာကို ကျွန်တော်တို့ ယူနိုင်တယ်။ သင် ရပ်မနေဘူးဆိုရင် ဝိုင်းပယ်ခံရတာ ဘယ်လိုဆိုတာ သင်သိလောက်တယ်။ (ရယ်သံများ) (လက်ခုပ်သံများ) လူတိုင်းဟာ တစ်ခုခုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်တဲ့အခါနဲ့ မဖြစ်တဲ့အခါ ဘာလိုဆိုတာ သင် သိလောက်တယ်။ အနည်းစုဖြစ်နေခြင်းက ဘယ်လိုဆိုတာ သင်သိပါတယ်။ အခု ကျွန်တော် သင့်ဘာသာစကားကို ပြောနေတယ်။ တူညီတဲ့ ဘာသာစကားကို ပြောနေတော့ မတ်တတ်ရပ်ခိုင်းမှာပါ။ ဘာလို့ဆိုတော့ အများစုဖြစ်ခြင်းရဲ့ ဘာသာစကားဟာ ဘဝမှာ သင်ပြောနိုင်တဲ့ အရေးပါဆုံး ဘာသာစကား တစ်ခုလို့ ယုံကြည်လို့ပါ။ ဘာလို့ဆိုတော့ အပေးအယူလုပ်တဲ့ အနေအထားမှာ ခံစားရပုံက စွမ်းအား အနေအထားမှာ လုပ်ဆောင်ပုံကို တိုက်ရိုက် သတ်မှတ်ပေးမှာမို့ပါ။ ပါဝင်တဲ့အတွက် ကျေးဇူးပါ။ ထိုင်မယ်ဆိုရင် နောက်ဆုံး ဘာသာစကားတစ်ခု ပြောချင်တယ် (လက်ခုပ်သံများ) ဒီတစ်ခုက မတ်တတ်ရပ်ဖို့ မလိုပါ။ သင်တို့ အသိအမှတ်ပြု၊မပြု သိချင်ရုံပါ။ ကမ္ဘာမှာ မိန်းကလေးအများစု ဒါနဲ့ပတ်သက်ပြီး ညည်းညူနေတယ်။ ကမ္ဘာမှာရှိတဲ့ ကဗျာအများစုဟာ ဒါအကြောင်း ရေးထားတယ်။ ရေဒီယိုက ဂီတအများစုဟာ ဒါအကြောင်း ရိုက်ခတ်နေတယ်၊ ကန်ကျောက်နေတယ်၊ (သို့) ဆုတ်ဖြဲနေတယ်။ ကစားပွဲ့ထဲက စာပိုဒ်အများစုက ဒါကို ဆဲရေးနေတယ်။ ကမ္ဘာမှာရှိတဲ့ သီချင်းအများစု၊ လူတွေဟာ ဒါအကြောင်း ပြောနေ ကြေကွဲတဲ့ နှလုံးသားအများစုဟာ ဒါမပါဘဲ လမ်းလျှောက်နေတယ် ဒါကို စတင် သံသယထာပြီး ဒါမပါရင် ဆုံးရှုံးကြတယ် အမှောင်ထဲက အရိပ်အများစုဟာ ဒါအကြောင်း မေ့သွားကြပြီ ကမ္ဘာပေါ်က လူတိုင်း ဒါမပါရင် ခလုတ်တိုက်နေလိမ့်မယ် ဒါမရှိရင် ကောင်လေး၊ ကောင်မလေးတိုင်း သေလိမ့်မယ် ဒါမပါပဲ ရုန်းကန်၊ ဒါမပါဘဲ ဘာမှမရှိ။ စာမျက်နှာ အများစုကို ဒါအကြောင်းနဲ့ ဖြည့်ထားထတယ်။ ဒါပတ်သက်ပြီး မျက်ရည်တွေ လျှံလျှံကျနေတယ်။ ဒါရှိတဲ့ လူတွေက ဒါကို အစစ်အမှန်လို့ ခံစားရတယ်။ ဒါမရှိ၏တဲ့ ဘဝတစ်ခုဟာ မင်း ပျောက်ဆုံးလိမ့်မယ်။ ငါ အတွင်းမှာရှိပြီး ဒါကိုခံစားမိရင် ဒါကို အော်ဟစ်နေ တစ်ကမ္ဘာလုံးက လူတိုင်း ဒါအကြောင်း သိကြတယ် ငါ နာကျင် ကွဲကြေပြီး ဒါနဲ့ပတ်သက်ပြီး စီးဆင်းနေ ဒါနဲ့ပတ်သက်ပြီး မှားနေတယ် ငါ ခွင့်မပြုခဲ့လို့ ဒါမပါဘဲ ဒဏ်ရာ (သို့) အမာရွတ် ပျောက်လား။ ဒါနဲ့ပတ်သက်ပြီး ခံစာရပုံကို ဖုံးကွယ်လို့မရဘူးလား။ လူတိုင်းမှာ ဒါနဲ့ပတ်သက်ပြီး ကိုယ်ပိုင်စံရှိကြတယ်။ ဒါအကြောင်း အိပ်မက်မက်တယ်၊ ဒါနဲ့ပတ်သက်ပြီး အသနားခံတယ် ဒီတော့ ဒါနဲ့ပတ်သက်တဲ့ အပေးအယူက ဘာလဲ။ ဒါမပါရင်ဘဝဟာ အိပ်မက်တစ်ခု၊ စိတ္တဇဆန်တယ်လို့ ဒါကို ခင်ဗျား သိတော့မလား။ ဒါပေမဲ့ ကျွန်တော် စာရေးဆရာသက်သက် ဒါအကြောင်း ဘာကို ဖောိပြနိုင်လဲ။ ဘာကြောင့် ကမ္ဘာမှာ အပြောအများဆုံး ဘာသာစကားက ကျွန်တော်တို့ အခက်ခဲဆုံး အချိန်မှာ ပြောနေ(သို့) ဖော်ပြနေတဲ့ တစ်ခုဖြစ်တာလဲ။ စာအုပ် ဘယ်နှစ်အုပ်၊ ဆွေးနွေးပွဲ ဘယ်နှစ်ခု၊ ဘဝ ပညာပေးသင်တန်းတွေ ဘယ်လောက် တက်တက် လောက်ကို မလောက်နိုင်တာပါ။ အခု သင်တို့ကို မေးမယ်- အစက သင်တို့မှာ ရှိခဲ့တဲ့ ကိန်းဂဏန်၊ ပြောင်းသွားပြီလား။ ကျွန်တော် စိန်ခေါ်တယ်၊ လူတစ်ယောက်ကိုတွေ့ရင် ကိုယ့်ကိုယ်ကို မေးပါ။ ဘယ်ဘာသာစကားတွေ ကျွန်တော်တို့ မျှဝေကြလဲ။ ခင်ဗျား တစ်ခုမှ ရမလာသေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးပါ၊ ဘယ် ဘာသာစကား မျှဝေနိုင်လဲ။ ခင်ဗျား တစ်ခုမှ ရမလာသေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မေးပါ၊ ဘယ်ဘာသာစကား ငါ သင်နိုင်လဲ။ အခု ဘယ်လိုပဲ မဆီလျော်တာ (သို့) စကားဝိုင်းကလောလောဆယ် မထင်မရှားဖြစ်ပါစေ၊ ဒါက အနာဂတ်မှာ သင့်ကို ကယ်တင်မယ်လို့ ကတိပေးတယ်။ ကျွန်တော့ နာမည် Poet Ali ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)