WEBVTT 00:00:07.375 --> 00:00:13.333 ဒီဟောပြောချက်ထဲမှာ ကျွန်တော်ဟာ ကျွန်တော့ လုပ်ဘက်များ နဲ့ ကျွန်တော်တို့က 00:00:13.334 --> 00:00:18.751 ဦးနှောက် စကင်လုပ်မှု ၈၃၀၀၀ မှ သိလာရတဲ့ အရေးကြီးဆုံးအချက်တွေကို ပြောပြပါမယ်။ 00:00:19.331 --> 00:00:23.386 ဒါပေမဲ့၊ ဦးစွာ အဲဒါနဲ့ ဆက်စပ်နေတဲ့ အကြောင်းတွေကို ပြောဖို့ လိုပါမယ်။ 00:00:23.387 --> 00:00:25.874 ကျွန်တော်ဆီမှာ ကလေး ခုနစ်ယောက် ဝန်းရံလျက် ရှိနေသူပါ။ 00:00:25.875 --> 00:00:29.202 ကြီးလာတော့ အဖေက ကျွန်တော့ကို သမရိုးကျ မဟုတ်ဘူးလို့ ခေါ်ခဲ့ပါတယ်၊ 00:00:29.203 --> 00:00:32.473 သိပ်ကောင်းတာ မဟုတ်တဲ့ သဘောပါ။ 00:00:32.475 --> 00:00:33.862 (ရယ်မောသံများ) 00:00:33.863 --> 00:00:37.279 ၁၉၇၂ ခုနှစ်မှာ စစ်တပ်က ကျွန်တော့ဆီ ဖုန်းဆက်လာတယ်၊ 00:00:37.280 --> 00:00:42.376 ခြေလျင်တပ် ဆရာဝန်အဖြစ် သင်တန်းတက်ခဲ့ရာ ဆေးပညာကို မြတ်နိုးစိတ် ပေါ်လာခဲ့တာပါ။ 00:00:43.284 --> 00:00:49.711 ဒါပေမဲ့ ပစ်သတ်ခံရမှာ ဒါမှမဟုတ် ရွှံနွံထဲ အိပ်ရမှာကို ကျွန်တော် မကြိုက်ခဲ့တော့ 00:00:50.331 --> 00:00:53.731 ကျွန်တော်ဟာ ဓာတ်မှန် ကျွမ်းကျင် ပညာရှင် သင်တန်းကို ပြန်တက်ခဲ့ပါတယ်၊ 00:00:53.732 --> 00:00:57.687 ကုသမှုအတွက် ပုံရိုက်ကူးမှု ပညာကို သိပ်ကြိုက်လို့ အထူးပြုလေ့လာခဲ့ပါတယ်။ 00:00:57.688 --> 00:01:02.823 "မကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ?"- ပါမောက္ခတွေကို ဆိုကြတာိကိုး။ 00:01:03.393 --> 00:01:07.217 ၁၉၇၉ ခုနှစ်မှာ ဒုတိယနှစ် ဆေးကျောင်းသား ဘဝတုန်းက 00:01:07.218 --> 00:01:11.286 ကျွန်တော့ မိသားစုထဲက တယောက်ဟာ တကယ့်ကို ကိုယ့်ကိုယ်ကို လုပ်ကြံလိုစိတ် ရှိလာခဲ့တယ်၊ 00:01:12.136 --> 00:01:14.678 အဲဒါနဲ့ သူ့ကို သိပ်ကောင်းတဲ့ စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားတယ်။ 00:01:15.148 --> 00:01:20.896 နောက်မှာ ကျွန်တော် စဉ်းစားမိတာက ဆရာဝန်ဟာ သူ့ကို ကူညီပေးနိုင်ခဲ့တာက 00:01:20.897 --> 00:01:24.003 သူ့အသက်ကို ကယ်ပေးလိုက်ရုံသာမက၊ 00:01:24.004 --> 00:01:29.689 စိတ်ချမ်းသာနေကာ တည်ငြိမ်နေတဲ့ လူတယောက်က သူတို့ကို စောင့်ရှောက်ပေးမယ်ဆိုတော့ 00:01:29.690 --> 00:01:35.942 သူ့ကလေးတွေကို၊ သူ့အနာဂတ် မြေးတွေကိုတောင် ကူပေးလိုက်တာပါပဲ၊ 00:01:36.505 --> 00:01:38.763 စိတ်ရောဂါ ပညာရှင်တွေဟာ လူသားမျိုးဆက် တခုမကကို ကူညီပေးနိုင်တာမို့ 00:01:38.764 --> 00:01:45.363 ကျွန်တော်ဟာ စိတ်ရောဂါပညာကို သိပ် လေးစားလာခဲ့ပါတယ်။ 00:01:47.000 --> 00:01:51.334 ၁၉၉၁ ခုနှစ်မှာ ကျွန်တော်ဟာ ဦးနှောက် SPECT ပုံရိုက်ကူးမှု ပို့ချက်ချက်ကို တက်ခဲ့တယ်။ 00:01:51.353 --> 00:01:56.836 SPECT ဟာ ဦးနှောက်ရဲ့ သွေးစီးမှု နဲ့ တက်ကြွမှုဆိုင်ရာ နျူကလီယား ကျန်းမာရေးပညာပါ၊ 00:01:56.837 --> 00:02:00.168 ဦးနှောက် အလုပ်လုပ်ပုံကို လေ့လာတာပါ။ 00:02:00.748 --> 00:02:04.193 စိတ်ရောဂါကို ဆရာဝန်တွေအတွက် လူနာကို ကူပေးနိုင်မယ့် အချက်အလက်အသစ်တွေကို ပညာရှင် 00:02:04.194 --> 00:02:08.895 ပေးနိုင်မယ့် ကိရိယာ တခုအဖြစ် SPECT ကို မိတ်ဆက်ပေးခဲ့ပါတယ်။ 00:02:09.538 --> 00:02:13.337 ပို့ချချက်ထဲမှာ ဆေးကုသဖို့ ပုံရိုက်ကူးမှု နဲ့ စိတ်ရောဂါကု ပညာတို့ဟာ 00:02:13.338 --> 00:02:15.829 ပေါင်းစည်း လက်တွဲမိလာကြကာ 00:02:15.830 --> 00:02:20.505 ကျွန်တော့ဘဝကို တော်လှန်ပြောင်းလဲ ပစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ 00:02:21.045 --> 00:02:24.977 အဲဒီနောက်ပိုင်း ၂၂ နှစ်အတွင်းမှာ ကျွန်တော် နဲ့ ကျွန်တော့ လုပ်ဖက်တို့ဟာ 00:02:24.978 --> 00:02:29.609 လူနာတွေရဲ့ ပြုမူပုံကို လေ့လာဖို့အတွက် ဦးနှောက်ကို စကင်လုပ်ထားတဲ့ 00:02:29.610 --> 00:02:32.854 ကမ္ဘာ့အကြီးမားဆုံးဒေတာကို စုစည်းနိုင်ခဲ့ရာ ၉၃ နိုင်ငံမှ လူနာတွေပါဝင်ကြတယ်။ 00:02:33.592 --> 00:02:37.528 SPECT ဟာ ဦးနှောက်နဲ့ ပတ်သက်ပြီး ပြောပြနိုင်တဲ့ အဓိက အချက် သုံးချက်ရှိတယ်- 00:02:37.529 --> 00:02:41.071 ကောင်းမွန်တဲ့ တက်ကြွမှု၊ သိပ်နည်းနေခြင်း ဒါမှမဟုတ် သိပ်များနေခြင်းပါပဲ။ 00:02:41.072 --> 00:02:43.756 ဒါက ကျန်းမာနေတဲ့ SPECT စကင်တွေပါ။ 00:02:43.757 --> 00:02:48.199 ဘယ်ဘက် ပုံထဲမှာ ဦးနှောက်ရဲ့ ပြင်ပ မျက်နှာပြင်ကို ပြထားပါတယ်၊ 00:02:48.200 --> 00:02:53.176 ကျန်းမာတဲ့ စကင်ဆိုရင် ပြည့်ဝ၊ ညီညာနေကာ အချိုးညီတဲ့ တက်ကြွမှုကို ပြသပါတယ်။ 00:02:53.177 --> 00:02:58.146 အရေးကြီးတာက အရောင် မဟုတ်ဘဲ ပုံပန်းသဏ္ဍာန်ပါ၊ 00:02:58.147 --> 00:03:03.521 ညာဘက် ပုံထဲမှာ အနီရောင် နေရာတွေဟာ တက်ကြွမှု မြင့်မားတာကို ပြပါတယ်၊ 00:03:03.522 --> 00:03:08.837 ကျန်းးမာတဲ့ ဦးနှောက်ထဲမှာ ပုံမှန်အားဖြင့် ဦးနှောက်ရဲ့ နောက်ပိုင်းမှာ ရှိတာပါ။ 00:03:10.241 --> 00:03:14.128 ဟောဒီမှာကျတော့ ကျန်းမာတဲ့ စကင်ကို လေနှစ်ကြိမ်ဖြတ်ခဲ့သူရဲ့ စကင်နဲ့ ယှဉ်ထားတယ်။ 00:03:14.129 --> 00:03:16.796 တက်ကြွမှု ဟာပေါက်တွေကို ခင်ဗျားတို့ မြင်နိုင်ကြမှာပါ။ 00:03:17.502 --> 00:03:19.284 ဒီမှာ Alzheimer ရောဂါကို မြင်ရပုံပါပဲ၊ 00:03:19.285 --> 00:03:23.108 ဦးနှောက်ရဲ့ ကျောပိုင်း တဝက်ဟာ ပျက်စီးလာနေပါတယ်။ 00:03:23.109 --> 00:03:28.419 လက်တွေ့မှာ ကျတော့ Alzheimer ရောဂါဟာ ရောဂါလက္ခဏာ တစုံတခု ပေါ်မလာမီ 00:03:28.420 --> 00:03:33.014 နှစ်ပေါင်း 30 မှ 50 စောပြီး ဦးနှောက်ထဲမှာ စလာတာကို ခင်ဗျားတို့ သိကြလား? 00:03:34.171 --> 00:03:36.514 ဟောဒါက ဒဏ်ရာရထားတဲ့ ဦးနှောက်ရဲ့ စကင်ပါပဲ။ 00:03:36.515 --> 00:03:40.232 ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ပျော့နေကာ ဦးခေါင်းခွံကျတော့ တကယ့်ကို မာပါတယ်။ 00:03:41.002 --> 00:03:42.844 ဆေးအလွဲသုံးစာမှု ဆိုပါစို့။ 00:03:42.845 --> 00:03:47.059 ဦးနှောက်ကို ဖျက်ဆီးပစ်နေကြလို့ ဆေးတွေကို မသုံးစွဲသင့်ပါ။ 00:03:48.059 --> 00:03:49.753 စွဲလန်းမှုဟာ – ဆန္ဒပြင်းပြတဲ့ ပျက်စီးမှုပါ၊ 00:03:49.754 --> 00:03:52.925 ဦနှောက်ရဲ့ ရှေ့ပိုင်းဟာ အပြင်းအထန် အလုပ်လုပ်နေလို့ 00:03:53.745 --> 00:03:56.736 လူတွေဟာ သူတို့ရဲ့ အတွေးကို ပြောင်းလဲနိုင်စွမ်း မရှိကြတော့ပါ။ 00:03:57.406 --> 00:04:03.379 ဝက်ရူးပြန် ရောဂါဆိုရင် တက်ကြွမှု မြင့်တဲ့ နေရာတွေကို မကြာခဏ မြင်ရပါတယ်။ 00:04:04.473 --> 00:04:08.822 ၁၉၉၂ ခုနှစ်တုန်းက ကျွန်တော်ဟာ တနေ့လုံး တက်ရတဲ့ ဦးနှောက် SPECT ပုံရိုက်ကူးမှု 00:04:08.823 --> 00:04:11.959 တွေ့ဆုံပွဲကို တက်ခဲ့ရာ အံ့ဩစရာပါပဲ၊ ကျွန်တော်တို့က အစောပိုင်းနှစ်များထဲ 00:04:11.960 --> 00:04:17.899 စိတ်ရောဂါအတွက် SPECT ကို အသုံးချခဲ့ကြပုံ သုံးသပ်လေ့လာခဲ့ကြပါတယ်။ 00:04:17.901 --> 00:04:23.202 အဲဒီတွေ့ဆုံပွဲမှာ လေ့လာသူတွေက ကျယ်လောင်စွာ ညည်းလာကြတာက 00:04:23.203 --> 00:04:27.667 ကျွန်တော့လို ဆေးခန်းမှာ စိတ်ရောဂါကုသူတို့ဟာ စကင်ကို မလုပ်သင့်ဘူး၊ 00:04:27.668 --> 00:04:31.699 အဲဒါဟာ လေ့လာသူတွေအတွက် သက်သက်ပဲလို့ ဆိုလာကြပါတယ်။ 00:04:32.519 --> 00:04:37.196 သူများနဲ့မတူ စဉ်းစားတတ်သူ ဖြစ်ပြီး ဆေးခန်း အတွေ့အကြုံရှိတဲ့ ကျွန်တော်က 00:04:37.197 --> 00:04:40.251 အဲဒါဟာ စိတ်ညစ်စရာ အတွေးအခေါ်ဖြစ်တာ နားလည်လိုက်တယ်။ 00:04:40.252 --> 00:04:41.527 (ရယ်မောသံများ) 00:04:42.177 --> 00:04:44.198 ပုံကိုမရိုက်ကူးဘဲနဲ့ဆိုရင် 00:04:44.199 --> 00:04:49.913 စိတ်ရောဂါကု ဆရာဝန်ဟာ အရင်တုန်းကရော အခုပါ 00:04:49.914 --> 00:04:52.800 အဗရာဟမ် လင်ကွန်း စိတ်ဓာတ်ကျနေခဲ့စဉ် ၁၈၄၀ ခုနှစ်တုန်းကလိုပဲ၊ 00:04:52.801 --> 00:04:57.533 လူနာနဲ့ စကားပြောရင်း ရောဂါ လက္ခဏာတွေ တပုံကြီးကို ထည့်စဉ်းစားရင်း ကုခဲ့ကြတာပါ။ 00:04:58.323 --> 00:05:01.630 ပုံတွေကျတော့ ပိုကောင်းတဲ့ နည်းလမ်းရှိတာကို ကျွန်တော်တို့ကို ပြလာကြတယ်။ 00:05:01.631 --> 00:05:06.748 စိတ်ရောဂါကု ဆရာဝန်တွေဟာ သူတို့ ကုသပေးတဲ့ ခန္ဓာကိုအပိုင်းကို 00:05:06.749 --> 00:05:10.275 ကြည့်ရှုခြင်း မပြုလုပ်ကြတဲ့ တခုတည်းသော ပညာရှင်တွေဆိုတာ ခင်ဗျားတို့ သိခဲ့ကြလား? 00:05:10.276 --> 00:05:11.414 အဲဒါကို စဉ်းစားကြည့်ကြပါ! 00:05:11.894 --> 00:05:17.399 နှလုံးကု ပညာရှင်၊ အာရုံကြော ပညာရှင်၊ အရိုးကု ပညာရှင်၊ အားလုံး ကြည့်ကြပါတယ်၊ 00:05:17.400 --> 00:05:21.665 ကုသပေးကြတဲ့ အထူးကျွမ်းကျင် ပညာရှင်တွေ အားလုံးတို့ဟာ ကြည့်ရှုကြပါတယ်၊ 00:05:21.666 --> 00:05:23.579 စိတ်ရောဂါကုသူတွေကျတော့ ခန့်မှန်းကြပါတယ်။ 00:05:24.589 --> 00:05:25.937 ပုံကိုမရိုက်ကူးနိုင်စဉ်တုန်းက 00:05:25.938 --> 00:05:31.798 မှောင်မဲနေချိန်မှာ ကျွန်တော့ လူနာတွေကို မြားငယ်တွေနဲ့ ပစ်နေသလို ခံစားမိခဲ့တယ်၊ 00:05:31.799 --> 00:05:37.170 အဲဒါ တယောက်ယောက်ကို ထိမှန်သွားမှာကို ကျွန်တော် သိပ်ကို စိတ်ခြောက်ခြားနေခဲ့တယ်။ 00:05:37.760 --> 00:05:39.191 စိတ်ရောဂါကု ဆေး တော်တော်များဆီမှာ 00:05:39.192 --> 00:05:42.674 အထူးသတိပေးချက်တွေ ပါရှိတတ်တာဟာ အကြောင်းရှိပါတယ်။ 00:05:43.274 --> 00:05:49.230 အဲဒီလို ဆေးကို မတည့်တဲ့ လူကို ပေးမိရင် ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ မျှော်လင့်ရတယ်။ 00:05:51.722 --> 00:05:56.082 အစောပိုင်းနှစ်များတုန်းက ပုံရိုက်ကူးမှုမှ အရေးကြီးတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်၊ 00:05:56.083 --> 00:06:00.166 ADHD ရောဂါ၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ် ကျဆင်းမှု၊ စွဲလန်းမှုလို ရောဂါတွေဟာ၊ 00:06:00.183 --> 00:06:04.403 ဦးနှောက်ထဲက သာမန် ပြဿနာ ဒါမှမဟုတ် တခုတည်းသော ပြဿနာ မဟုတ်ဘဲ 00:06:04.404 --> 00:06:07.040 ပြဿာနာ မျိုးစုံ ရောယှက်နေခြင်းမို့လို့ပါ။ 00:06:07.041 --> 00:06:09.263 ဥပမာ၊ ဒီမှာ လူနာ နှစ်ယောက်ရှိတယ်၊ 00:06:09.264 --> 00:06:12.542 သူတို့နှစ်ယောက်စလုံးဆီမှာ စိတ်ဓာတ် အကြီးအကျယ် ကျနေတဲ့ ရောဂါရှိခဲ့တယ်။ 00:06:12.543 --> 00:06:18.105 အပြင်ပမ်းအားဖြင့် ရောဂါလက္ခဏာတွေ တူသလိုလို ရှိပေမဲ့၊ ဦးနှောက်ကျတော့ လုံးဝကို မတူပါ။ 00:06:18.106 --> 00:06:24.199 တယောက်ရဲ့ ဦးနှောက်ထဲမှာ တက်ကြွမှု နည်းတယ်၊ အခြားတယောက်ကျတော့ တက်ကြွမှု သိပ်မြင့်လှတယ်။ 00:06:25.464 --> 00:06:31.235 ဒါကို မမြင်ဘဲနဲ့ သူတို့ကို ဘာလုပ်ပေးရမယ် ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ? 00:06:31.662 --> 00:06:34.428 ကုသမှုကို ရောဂါလက္ခတွေ တပုံကြီးကို ကြည့်ပြီး မဟုတ်ဘဲ 00:06:34.429 --> 00:06:39.276 တဦးချင်ရဲ့ ဦးနှောက်ကို လိုက်ပြီး ညှိနှိုင်းလုပ်ဖို့ လိုအပ်တယ်။ 00:06:40.352 --> 00:06:42.276 ကျွန်တော်တို့ရဲ့ ပုံတွေရိုက်ကူးမှက ထောက်ပြနေသေးတာက 00:06:42.277 --> 00:06:48.514 ဦးနှောက်ကို နဲနဲလေး ထိခိုက်မှုဟာ စိတ်ရောဂါ ဖြစ်လာခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ကာ 00:06:48.515 --> 00:06:50.684 လူတွေရဲ့ ဘဝတွေကို ဖျက်ဆီးနေပါတယ်၊ 00:06:50.685 --> 00:06:55.713 တချိန်တည်းမှာ သူတို့ဟာ စိတ်ရောဂါကု ပညာရှင်အား ပြပေမဲ့ အဲဒါကို လက်တွေ့မှာ မသိတော့ 00:06:55.714 --> 00:07:00.690 စိတ်တိုမှု၊ ပူပန်မှု၊ စိတ်ဓာတ်ကျမှု နဲ့ အိပ်မရခြင်းလို ပြဿနာတွေကို ပြောပြကြတယ်၊ 00:07:00.691 --> 00:07:03.918 သူတို့က ပြဿနာဇာတ်ြမစ်ကို မမြင်နိုင်ကြတော့၊ ဘယ်လိုမှာမှ မသိနိုင်ခဲ့ကြပါ။ 00:07:04.838 --> 00:07:07.921 ဒါက ၁၅ နှစ်အရွယ် ကလေးတယောက်ရဲ့ စကင်ပုံပါ၊ 00:07:07.922 --> 00:07:11.615 သူဟာ သုံးနှစ်အရွယ်တုန်းက လှေခါးထစ် အတိုင်း အောက်ကို လဲကျသွားခဲ့တာပါ။ 00:07:12.335 --> 00:07:17.204 သူဟာ မိနစ်အနည်းငယ်ကြာမျှသာ သတိလစ်နေခဲ့ပေမဲ့၊ 00:07:18.554 --> 00:07:24.543 အဲဒီဒဏ်ရာရမှုကြောင့် အဲဒီကလေးရဲ့ ဘဝထဲမှာ 00:07:24.544 --> 00:07:27.549 ခံစားလာရတာဟာ မသက်သာလှခဲ့ပါ။ 00:07:27.550 --> 00:07:32.123 သူ့ကို ကျွန်တော် တွေ့ခဲ့စဉ် ၁၅ နှစ်အရွယ်မှာ သူဟာ အကြမ်းဖက်မှုကို 00:07:32.124 --> 00:07:36.525 ကုသရေး ရပ်ကွက်ဆိုင်ရာ အစီအစဉ်ထဲမှ ထုတ်ပစ်ခံလိုက်ရပါတယ်။ 00:07:36.526 --> 00:07:40.077 သူလိုအပ်နေခဲ့တာက ဦးနှောက် နာလန်ထူရေး အစီအစဉ် 00:07:40.078 --> 00:07:45.044 ဒါမှမဟုတ် ပြုမူမှု ကုသမှုကိုပါ၊ ဒါပေမဲ့ သူ့ကို ဘာမှမကြည့်ဘဲနဲ့ 00:07:45.045 --> 00:07:50.504 ဆေးတွေတပုံကြီးနဲ့ ကုသပေးမှုဟာ ရက်စက်လှပါတယ်။ 00:07:50.505 --> 00:07:52.984 သူရဲ့ ပြုမူမှုဟာ ပြဿနာ မဟုတ်ခဲ့ဘဲ ပြဿနာအား ထုတ်ဖေါ်ပြသမှု ဖြစ်ပေမဲ့၊ 00:07:52.985 --> 00:07:58.437 ပြုမူမှုကို ကုသဖို့ ကြိုးပမ်းနေခဲ့ကြတာပါ။ 00:07:59.500 --> 00:08:02.921 ဦးနှောက် ဒဏ်ရာရမှု ရောဂါကို စူးစမ်းဖေါ်ထုတ် မပေးနိုင်ခဲ့ခြင်းဟာ 00:08:02.922 --> 00:08:08.130 အိမ်မဲ့၊ ဆေးစွဲမှု၊ အရက်အလွဲသုံးစားမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ ရုတ်တရက် ထိုးနှက်လိုမှု၊ 00:08:08.131 --> 00:08:11.617 ADHD နဲ့ လုပ်ကြံလိုမှုတို့ရဲ့ အကြောင်းရင်း ဖြစ်တာကို သုတေသီတွေ့ တွေ့ခဲ့ကြပါတယ်။ 00:08:12.126 --> 00:08:15.496 အီရတ် နဲ့ အာဖဂနစ္စတန် နိုင်ငံများမှနေပြီး ပြန်လာကြတဲ့ 00:08:15.497 --> 00:08:18.156 စစ်သားတွေ ရာချီ၊ ထောင်ချီတို့ဟာ 00:08:18.157 --> 00:08:20.565 လက်တွေ့မှာမှ ဘသူမှာမှ သူတို့ရဲ့ ဦးနှောက်ကို ရိုက်မကြည့်ကြတော့ 00:08:20.566 --> 00:08:25.342 ကျွန်တော်တို့ဟာ တကယ့် ကပ်ဘေးကြီးကို အချိန် ဆိုင်းငံ့ထားသလို ဖြစ်နေပါတယ်။ 00:08:26.749 --> 00:08:30.815 ကျွန်တော်တို့ဟာ SPECT ကို ဆက်လုပ်ကိုင်လာကြရာ 00:08:30.816 --> 00:08:35.318 ဝေဖန်သံတွေ ပိုပိုကျယ်လောင်လာခဲ့တယ်၊ ရရှိတဲ့ သင်ခန်းစားတွေလဲ တိုးလာခဲ့ပါတယ်။ 00:08:36.140 --> 00:08:40.576 တရားသူကြီး နဲ့ ရှေ့နေတွေဟာ ရာဇဝတ်ကောင်ရဲ့ အပြုအမူကို နားလည်ဖို့ အကူအညီတောင်းလာကြတယ်။ 00:08:40.577 --> 00:08:43.822 ဒီနေ့အထိ ကျွန်တော်တို့ဟာ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့သူ ၅၀၀ ကို စကင် လုပ်ခဲ့ပါပြီ၊ 00:08:43.823 --> 00:08:46.415 လူသတ်ကောင် ၉၀ ပါခဲ့ပါတယ်။ 00:08:46.956 --> 00:08:49.750 ကျွန်တော်တို့ရဲ့ အလုပ်မှ သိလာရတာက ဆိုးဝါးတဲ့ အရာတွေကို လုပ်ကြတဲ့ လူတွေရဲ့ 00:08:49.751 --> 00:08:52.055 ဦးနှောက်ထဲမှာ မကြာခဏဆိုသလို ပြဿနာတွေ ရှိတတ်ပါတယ်။ 00:08:52.056 --> 00:08:54.133 အဲဒါဟာ ဘာမှ အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။ 00:08:54.134 --> 00:08:56.708 ကျွန်တော်တို့ကို အံ့ဩလာစေခဲ့တဲ့ အချက်က 00:08:56.709 --> 00:09:02.293 အဲဒီလို ဦးနှောက် တော်တော်များများကို ပြန်လည်ကုသပေးလို့ ရနိုင်ခဲ့ခြင်းပါပဲ။ 00:09:03.540 --> 00:09:05.544 အဲဒါနဲ့ လုံးဝကို ဆန်းသစ်တဲ့ စိတ်ကူးပေါ်လာခဲ့တယ်။ 00:09:05.545 --> 00:09:08.529 ကျွန်တော်တို့ဟာ ပြဿနာရှိနေကြတဲ့ ဦးနှောက်တွေကို အန္တရာယ်များကာ ဖိစီးနေတဲ့ 00:09:08.530 --> 00:09:13.558 ဝန်းကျင်မျိုးထဲမှာ ပစ်ထားမယ့်အစား ခေါ်ယူပြီး စိစစ်ကုပေးကြမယ် ဆိုရင်ကော? 00:09:13.559 --> 00:09:19.625 ကျွန်တော့အတွေ့အကြုံအရဆိုရင် အဲဒီလိုလူတွေကို ပိုနေထိုင်လွယ်အောင် 00:09:20.345 --> 00:09:23.299 လုပ်ပေးလိုက်ခြင်းဖြင့်၊ သူတို့ ထောင်ထဲမှ ထွက်လာကြတဲ့ အခါမှာ၊ 00:09:23.300 --> 00:09:27.238 သူတို့ဟာ အလုပ်လုပ်လာနိုင်ကြမယ်၊ သူတို့ မိသားစုကို ကူပေးနိုင်ကြကာ 00:09:27.239 --> 00:09:31.049 အခွန်တွေကို ထမ်းဆောင်ပေးနိုင်ကြမှာပါ။ 00:09:32.389 --> 00:09:35.538 Dostoyevsky က တကြိမ်တုန်းက ပြောခဲ့တာက၊ "လူ့အဖွဲ့အစည်း တရပ်ကို အကဲဖြတ်ရာတွင် 00:09:35.539 --> 00:09:38.805 ၎င်းက နာမည်ကြီး ပုဂ္ဂိုလ်တွေကို ဆက်ဆံပုံကို မဟုတ်ဘဲ 00:09:39.905 --> 00:09:42.737 ၎င်းရဲ့ ရာဇဝတ်ကောင်တွေကို ဆက်ဆံပုံကို ကြည့်သင့်ပါတယ်။" 00:09:43.277 --> 00:09:47.481 ရာဇဝတ်မှုကို ဒဏ်ခတ်စီရင်မှုအစား 00:09:47.482 --> 00:09:53.686 ကျွန်တော်တို့ဟာ ရာဇဝတ်မှုကို အကဲခတ်မှု နဲ့ ကုသမှု အကြောင်းကို စဉ်းစားသင့်ပါတယ်။ 00:09:53.687 --> 00:09:55.191 (လက်ခုပ်သံများ) 00:10:00.074 --> 00:10:04.528 ဒီတော့ ၂၂ နှစ်ကြာ အလုပ်လုပ်ခဲ့ကာ စကင် ၈၃၀၀၀ လုပ်ပြီးခဲ့တဲ့နောက်မှာ 00:10:05.378 --> 00:10:10.077 ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ ရယူနိုင်ခဲ့တဲ့ တခုတည်းသော သင်ခန်းစာမှာ 00:10:10.078 --> 00:10:12.495 ကျွန်တော်တို့ လူတွေရဲ့ ဦးနှောက်ကို တကယ့်ကို ပြောင်းလဲနိုင်ကြပါတယ်။ 00:10:13.365 --> 00:10:16.242 အဲဒီလို လုပ်ပေးနိုင်ခြင်းက သူတို့ရဲ့ ဘဝကိုပါ ပြောင်းလဲပေးတာပါ။ 00:10:16.243 --> 00:10:18.548 ကျွန်တော်တို့ဟာ ရှိနေတဲ့ ဦးနှောက်နဲ့ တသက်လုံး နေထိုင်ရန် မလိုပါ၊ 00:10:18.549 --> 00:10:21.874 ကျွန်တော်တို့ဟာ ၎င်းကို ပိုကောင်းလာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ 00:10:22.524 --> 00:10:26.798 ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ဟာ ကစားနေဆဲ နဲ့ အငြိမ်းစား NFL အားကစားသမားတွေကို 00:10:26.799 --> 00:10:29.881 ပထမဦးဆုံး အကြိမ်အဖြစ် အကျယ်ပြန့်ဆုံး 00:10:29.882 --> 00:10:34.275 လေ့လာမှုကို ပြုလုပ်ခဲ့ကြရာ အဲဒီ အားကစားသမားတွေဆီမှာ 00:10:34.276 --> 00:10:38.045 ဒဏ်ရာတွေ အများအပြား ရှိနေတာကို တွေ့ခဲ့ကြတယ်၊ 00:10:38.046 --> 00:10:40.742 NFL ကျတော့ ဘောလုံးကစားမှုက ရေရှည် ဦးနှောက် ဒဏ်ရာတွေ ရှိတာကို မသိရှိခဲ့ပါ။ 00:10:41.562 --> 00:10:44.106 တကယ်တော့ သူတို့ဟာ အဲဒါကို မသိချင်ခဲ့ကြတာပါ။ 00:10:44.107 --> 00:10:45.327 အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။ 00:10:45.334 --> 00:10:48.210 တကယ်လို့များ အစဉ်းစားတတ်ဆုံး ၉ နှစ်အရွယ် ကလေးတွေကို ခေါ်ယူပြီး၊ 00:10:48.217 --> 00:10:52.334 ဦးနှောက်ဟာ ပျော့ကာ ထောပတ်လို အနေအထားမျိုး ရှိတာ၊ 00:10:52.335 --> 00:10:56.423 ၎င်းကို တကယ့်ကို မာကျောလှပြီး ချွန်ထက်နေတဲ့ အရိုးတွေရှိတဲ့ ဦးခေါင်းခွံထဲမှာ ရှိနေတာ 00:10:56.424 --> 00:10:59.765 ပြောပြပါက လူ ၃၀ အထဲက ၂၈ ဦးတို့က၊ 00:10:59.766 --> 00:11:02.259 "ကျွန်တော်တို့ရဲ့ ဘဝအတွက် သိပ်မကောင်း ပါကလား"လို့ ဆိုကြမှာ သေချာတယ်။ 00:11:02.260 --> 00:11:03.932 (ရယ်မောသံများ) 00:11:04.812 --> 00:11:09.801 ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာက အားကစားသမားတွေကို 00:11:09.802 --> 00:11:14.736 ဦးနှောက် စမတ်ဖြစ်လာရေး အစီအစဉ်ကို လုပ်ခိုင်းခဲ့ကြလို့ 00:11:14.737 --> 00:11:20.019 သူတို့ထဲက ၈၀ % တို့ဟာ သူတို့ရဲ့ဒ သွေးစီးမှု၊ မှတ်ဉာဏ်၊ 00:11:20.020 --> 00:11:23.845 စိတ်နေစိတ်ထား စတာတွေကို များစွာမှ တိုးတက်လာတာကို တွေ့လိုက်ရခြင်းပါပဲ၊ 00:11:23.846 --> 00:11:27.148 ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ ဦးနှောက်နဲ့ တသက်လုံး နေထိုင်ဖို့ မလိုပါ၊ 00:11:27.149 --> 00:11:31.329 ကျွန်တော်တိုဟာ ဦးနှောက် စမတ်ဖြစ်ရေး အစီ အစဉ်နဲ့ဆိုရင် ပိုကောင်းလာစေနိုင်ပါတယ်။ 00:11:31.330 --> 00:11:33.038 အဲဒါ စိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား? 00:11:33.039 --> 00:11:34.829 ကျွန်တော်ဟာ သိပ်ကို စိတ်လှုပ်ရှားမိပါတယ်။ 00:11:34.834 --> 00:11:39.126 ဦးနှောက် ဒဏ်ရာရမှုကို ပြန်ပြုပြင်ပေးရေးဟာ သိပ်ကို စိတ်လှုပ်ရှားစရာ မျက်နှာစာပါပဲ၊ 00:11:39.127 --> 00:11:42.709 ဒါပေမဲ့ လက်တွေ့မှာ အသုံးချနိုင်မှုဟာ များစွာမှ ကျယ်ပြန့်ပါတယ်။ 00:11:42.710 --> 00:11:47.163 ADHD ရှိနေတဲ့ ဆယ်ကျော်အရွယ် ကလေးမ တစ်ယောက်ရဲ့ စကင်ကို ကြည့်ကြပါ၊ 00:11:47.164 --> 00:11:52.240 သူဟာ သူ့ကိုသူ လှီးဖြတ်နေခဲ့တယ်၊ ကျောင်းမှာ စာမေးပွဲကျနေခဲ့ကာ မိဘတွေနဲ့ တိုက်ပွဲဖြစ်နေသူပါ။ 00:11:52.880 --> 00:11:55.306 ကျွန်တော်တို့က သူ့ဦးနှောက်ကို မြှင့်တင်ပေးလိုက်တော့၊ 00:11:55.307 --> 00:12:00.096 သူဟာ D တွေ F တွေကို ရခဲ့ရာမှ A တွေနဲ့ B တွေကို ရလာတယ်၊ 00:12:00.097 --> 00:12:02.799 ပြီးတေ့ သူ့စိတ်ဟာ များစွာမှ တည်ငြိမ်လာခဲ့တယ်။ 00:12:03.389 --> 00:12:05.485 Nancy ရဲ့ စကင်ကို ယူကြည့်ကြပါစို့။ 00:12:05.486 --> 00:12:08.693 Nancy ဆီမှာ ဦးနှောက် ဒဏ်ရာရှိခဲ့ဘူးတယ်၊ 00:12:08.694 --> 00:12:13.332 သူမဆရာဝန်က သူမအတွက် ဂေဟါတခုကို ရှာဖို့ သူ့ယောင်္ကျားကို မှာတယ်၊ 00:12:13.333 --> 00:12:17.517 တနှစ်အတွင်းမှာ သူမဟာ သူ့နာမည်ကို မှတ်မိတော့မှာ မဟုတ်လို့ပါ။ 00:12:18.377 --> 00:12:24.984 ဒါပေမဲ့ ဦးနှောက် နာလန်ထူရေး အစီအစဉ်နဲ့ အပြင်းအထန် ကုပေးလိုက်လို့ 00:12:25.814 --> 00:12:30.407 Nancy ရဲ့ ဦးနှောက်တင်မက မှတ်ဉာဏ်ပါ ပိုကောင်းလာကာ 00:12:30.408 --> 00:12:35.987 လေးနှစ် ကြာလာတာတေ င် Nancy ဟာ သူ့ယောက်ျားရဲ့ အမည်ကို မှတ်မိနေတုန်းပါ။ 00:12:36.969 --> 00:12:41.253 ဒီအချက်ကို ထောက်ပြဖို့ ကျွန်တော် သိပ်ကြိုက်တဲ့ ဖြစ်ရပ်ရှိပါတယ်- Andrew ။ 00:12:41.253 --> 00:12:45.160 ၉ နှစ်အရွယ် ကလေးဘဝတုန်းက သူဟာ ခိုင်လုံတဲ့ အကြောင်းမရှိဘဲ ကလေးမလေးကို 00:12:45.161 --> 00:12:47.399 ဘေ့စ်ဘော ကစားကွင်းမှာ တိုက်ခဲ့ပါတယ်။ 00:12:47.400 --> 00:12:50.758 ပြီးတော့ သူဟာ သူ့ကိုသူ ပုံဆွဲလေ့ ရှိတတ်ရာ 00:12:50.759 --> 00:12:55.041 သစ်ပင်ပေါ်မှနေပြီး အခြားကလေးတွေကို သေနတ်နဲ့ ပစ်တဲ့ ပုံပါပဲ။ 00:12:56.308 --> 00:13:00.204 Andrew ဟာ တနေ့နေ့တွင် Columbine၊ Aurora 00:13:01.664 --> 00:13:04.490 နှင့် Sandy Hook လိုဟာမျိုး ဖြစ်လာခဲ့မှာပါ။ 00:13:04.491 --> 00:13:06.956 စိတ်ရောဂါကု ပညာရှင် အများစုဟာ Eric Harris နဲ့ လူတွေကို အစုလိုက် သတ်ခဲ့တဲ့ 00:13:06.957 --> 00:13:11.491 အခြား လူသတ်သမားတွေလိုပဲ သူတို့ကို အဲဒီရာဇတ်မှုတွေ မကျူးလွန်ခဲ့မှာ 00:13:11.492 --> 00:13:14.355 ဆေးတွေနဲ့ ကုသခဲ့ကြသလိုပဲ Andrew ကိုပါ ကုသခဲ့ကြမှာပါ။ 00:13:14.356 --> 00:13:19.060 ဒါပေမဲ့ SPECT ပုံတွေကို လုပ်ကိုင်မှုအရ သူ့ဦးနှောက်ကို ကြည့်ရန် လိုပြီး 00:13:19.061 --> 00:13:23.885 သူလိုအပ်တာကို သိလာဖို့အတွက် အမှောင်ထဲမှာ မြားငယ်တွေနဲ့ မပစ်သင့်တာ ကျွန်တော် သိနေပြီ။ 00:13:24.465 --> 00:13:30.209 သူရဲ့ SPECT စကင်က သူ့ဆီမှာ ဂေါက်သီးအလုံးလို ပြည်တည်အိတ် တခု 00:13:30.210 --> 00:13:34.005 ဘယ်ဘက် နားထင်မှာ ရှိနေတာကို ပြသပါတယ်။ 00:13:34.006 --> 00:13:37.737 ဒီတော့ Andrew ဘယ်လောက်ဘဲ ပေးကုကု ကုပေးနိုင်ခဲ့မှာ မဟုတ်ပါ။ 00:13:37.738 --> 00:13:40.075 အဲဒီ ပြည်တည်အိတ်ကို ဖယ်ရှားပစ်လိုက်တော့၊ 00:13:41.685 --> 00:13:45.150 သူရဲ့ ပြုမူပုံဟာ လုံးဝကို ပြောင်းသွားပြီး ပုံမှန် ပြန်ဖြစ်လာတတယ်၊ 00:13:45.151 --> 00:13:50.863 သူဟာ သူ အစဉ် လိုချင်ခဲ့သလိုပဲ အချစ်ဆုံး အကောင်းဆုံး ကောင်လေး ဖြစ်ခဲ့တယ်။ 00:13:51.738 --> 00:13:55.510 ဒီနေ့ ၁၈ နှစ်ကြာသွားတဲ့ နောက်မှာ ကျွန်တော့တူ ဖြစ်တဲ့ Andrew ဟာ 00:13:56.520 --> 00:14:01.237 ကိုယ်ပိုင် အိမ်နဲ့နေထိုင်သူ၊ အလုပ်ရှိနေသူ အခွန်ထမ်း တယောက်ပါ။ 00:14:01.238 --> 00:14:03.309 (ရယ်မောသံများ) 00:14:03.310 --> 00:14:07.418 တယောက်ယောက်က သူ့ဦးနှောက်ကို ပုံရိုက်ကြည့်ဖို့ စိတ်ကူးရခဲ့လို့၊ 00:14:07.419 --> 00:14:10.530 သူဟာ ပိုကောင်းတဲ့ သားတယောက် ဖြစ်လာခဲ့တယ်၊ 00:14:10.531 --> 00:14:16.480 ကြည့်ရတာ ယောက်ျားကောင် တယောက်၊ ကောင်းမွန်တဲ့ ဖခင်၊ အဖိုးလည်း ဖြစ်လာမှာပါ။ 00:14:17.781 --> 00:14:22.563 အဲဒီလို လူတယောက်ရဲ့ ဦးနှောက်ကို ပြောင်းလဲပေးနိုင်တယ် ဆိုရင်၊ 00:14:22.564 --> 00:14:25.660 အဲဒီလူရဲ့ ဘဝကိုသာ ပြောင်းလဲ ပေးလိုက်ခြင်း မကဘဲ 00:14:25.661 --> 00:14:30.745 နောင်လာ မျိုးဆက်များကိုပါ ပြောင်းလဲ ပေးနိုင်တဲ့ အခွင့်အလားကြီးပါပဲ။ 00:14:31.627 --> 00:14:33.569 ကျွန်တော်က ဒေါက်တာ Daniel Amen ပါ။ ကျေးဇူးတင်ပါတယ်။ 00:14:33.570 --> 00:14:35.255 (လက်ခုပ်သံများ)