[Script Info] Title: [Events] Format: Layer, Start, End, Style, Name, MarginL, MarginR, MarginV, Effect, Text Dialogue: 0,0:00:07.38,0:00:13.33,Default,,0000,0000,0000,,ဒီဟောပြောချက်ထဲမှာ ကျွန်တော်ဟာ\Nကျွန်တော့ လုပ်ဘက်များ နဲ့ ကျွန်တော်တို့က Dialogue: 0,0:00:13.33,0:00:18.75,Default,,0000,0000,0000,,ဦးနှောက် စကင်လုပ်မှု ၈၃၀၀၀ မှ သိလာရတဲ့\Nအရေးကြီးဆုံးအချက်တွေကို ပြောပြပါမယ်။ Dialogue: 0,0:00:19.33,0:00:23.39,Default,,0000,0000,0000,,ဒါပေမဲ့၊ ဦးစွာ အဲဒါနဲ့ ဆက်စပ်နေတဲ့\Nအကြောင်းတွေကို ပြောဖို့ လိုပါမယ်။ Dialogue: 0,0:00:23.39,0:00:25.87,Default,,0000,0000,0000,,ကျွန်တော်ဆီမှာ ကလေး ခုနစ်ယောက်\Nဝန်းရံလျက် ရှိနေသူပါ။ Dialogue: 0,0:00:25.88,0:00:29.20,Default,,0000,0000,0000,,ကြီးလာတော့ အဖေက ကျွန်တော့ကို\Nသမရိုးကျ မဟုတ်ဘူးလို့ ခေါ်ခဲ့ပါတယ်၊ Dialogue: 0,0:00:29.20,0:00:32.47,Default,,0000,0000,0000,,သိပ်ကောင်းတာ မဟုတ်တဲ့ သဘောပါ။ Dialogue: 0,0:00:32.48,0:00:33.86,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:00:33.86,0:00:37.28,Default,,0000,0000,0000,,၁၉၇၂ ခုနှစ်မှာ စစ်တပ်က\Nကျွန်တော့ဆီ ဖုန်းဆက်လာတယ်၊ Dialogue: 0,0:00:37.28,0:00:42.38,Default,,0000,0000,0000,,ခြေလျင်တပ် ဆရာဝန်အဖြစ် သင်တန်းတက်ခဲ့ရာ\Nဆေးပညာကို မြတ်နိုးစိတ် ပေါ်လာခဲ့တာပါ။ Dialogue: 0,0:00:43.28,0:00:49.71,Default,,0000,0000,0000,,ဒါပေမဲ့ ပစ်သတ်ခံရမှာ ဒါမှမဟုတ် ရွှံနွံထဲ \Nအိပ်ရမှာကို ကျွန်တော် မကြိုက်ခဲ့တော့ Dialogue: 0,0:00:50.33,0:00:53.73,Default,,0000,0000,0000,,ကျွန်တော်ဟာ ဓာတ်မှန် ကျွမ်းကျင် ပညာရှင်\Nသင်တန်းကို ပြန်တက်ခဲ့ပါတယ်၊ Dialogue: 0,0:00:53.73,0:00:57.69,Default,,0000,0000,0000,,ကုသမှုအတွက် ပုံရိုက်ကူးမှု ပညာကို\Nသိပ်ကြိုက်လို့ အထူးပြုလေ့လာခဲ့ပါတယ်။ Dialogue: 0,0:00:57.69,0:01:02.82,Default,,0000,0000,0000,,"မကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ?"-\Nပါမောက္ခတွေကို ဆိုကြတာိကိုး။ Dialogue: 0,0:01:03.39,0:01:07.22,Default,,0000,0000,0000,,၁၉၇၉ ခုနှစ်မှာ \Nဒုတိယနှစ် ဆေးကျောင်းသား ဘဝတုန်းက Dialogue: 0,0:01:07.22,0:01:11.29,Default,,0000,0000,0000,,ကျွန်တော့ မိသားစုထဲက တယောက်ဟာ တကယ့်ကို \Nကိုယ့်ကိုယ်ကို လုပ်ကြံလိုစိတ် ရှိလာခဲ့တယ်၊ Dialogue: 0,0:01:12.14,0:01:14.68,Default,,0000,0000,0000,,အဲဒါနဲ့ သူ့ကို သိပ်ကောင်းတဲ့\Nစိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားတယ်။ Dialogue: 0,0:01:15.15,0:01:20.90,Default,,0000,0000,0000,,နောက်မှာ ကျွန်တော် စဉ်းစားမိတာက\Nဆရာဝန်ဟာ သူ့ကို ကူညီပေးနိုင်ခဲ့တာက Dialogue: 0,0:01:20.90,0:01:24.00,Default,,0000,0000,0000,,သူ့အသက်ကို ကယ်ပေးလိုက်ရုံသာမက၊ Dialogue: 0,0:01:24.00,0:01:29.69,Default,,0000,0000,0000,,စိတ်ချမ်းသာနေကာ တည်ငြိမ်နေတဲ့ လူတယောက်က\Nသူတို့ကို စောင့်ရှောက်ပေးမယ်ဆိုတော့ Dialogue: 0,0:01:29.69,0:01:35.94,Default,,0000,0000,0000,,သူ့ကလေးတွေကို၊ သူ့အနာဂတ် မြေးတွေကိုတောင်\Nကူပေးလိုက်တာပါပဲ၊ Dialogue: 0,0:01:36.50,0:01:38.76,Default,,0000,0000,0000,,စိတ်ရောဂါ ပညာရှင်တွေဟာ လူသားမျိုးဆက်\Nတခုမကကို ကူညီပေးနိုင်တာမို့ Dialogue: 0,0:01:38.76,0:01:45.36,Default,,0000,0000,0000,,ကျွန်တော်ဟာ စိတ်ရောဂါပညာကို သိပ်\Nလေးစားလာခဲ့ပါတယ်။ Dialogue: 0,0:01:47.00,0:01:51.33,Default,,0000,0000,0000,,၁၉၉၁ ခုနှစ်မှာ ကျွန်တော်ဟာ ဦးနှောက် SPECT\Nပုံရိုက်ကူးမှု ပို့ချက်ချက်ကို တက်ခဲ့တယ်။ Dialogue: 0,0:01:51.35,0:01:56.84,Default,,0000,0000,0000,,SPECT ဟာ ဦးနှောက်ရဲ့ သွေးစီးမှု နဲ့ \Nတက်ကြွမှုဆိုင်ရာ နျူကလီယား ကျန်းမာရေးပညာပါ၊ Dialogue: 0,0:01:56.84,0:02:00.17,Default,,0000,0000,0000,,ဦးနှောက် အလုပ်လုပ်ပုံကို လေ့လာတာပါ။ Dialogue: 0,0:02:00.75,0:02:04.19,Default,,0000,0000,0000,,စိတ်ရောဂါကို ဆရာဝန်တွေအတွက် လူနာကို\Nကူပေးနိုင်မယ့် အချက်အလက်အသစ်တွေကို ပညာရှင် Dialogue: 0,0:02:04.19,0:02:08.90,Default,,0000,0000,0000,,ပေးနိုင်မယ့် ကိရိယာ တခုအဖြစ် SPECT ကို\Nမိတ်ဆက်ပေးခဲ့ပါတယ်။ Dialogue: 0,0:02:09.54,0:02:13.34,Default,,0000,0000,0000,,ပို့ချချက်ထဲမှာ ဆေးကုသဖို့ ပုံရိုက်ကူးမှု \Nနဲ့ စိတ်ရောဂါကု ပညာတို့ဟာ Dialogue: 0,0:02:13.34,0:02:15.83,Default,,0000,0000,0000,,ပေါင်းစည်း လက်တွဲမိလာကြကာ Dialogue: 0,0:02:15.83,0:02:20.50,Default,,0000,0000,0000,,ကျွန်တော့ဘဝကို တော်လှန်ပြောင်းလဲ \Nပစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ Dialogue: 0,0:02:21.04,0:02:24.98,Default,,0000,0000,0000,,အဲဒီနောက်ပိုင်း ၂၂ နှစ်အတွင်းမှာ\Nကျွန်တော် နဲ့ ကျွန်တော့ လုပ်ဖက်တို့ဟာ Dialogue: 0,0:02:24.98,0:02:29.61,Default,,0000,0000,0000,,လူနာတွေရဲ့ ပြုမူပုံကို လေ့လာဖို့အတွက်\Nဦးနှောက်ကို စကင်လုပ်ထားတဲ့ Dialogue: 0,0:02:29.61,0:02:32.85,Default,,0000,0000,0000,,ကမ္ဘာ့အကြီးမားဆုံးဒေတာကို စုစည်းနိုင်ခဲ့ရာ \N၉၃ နိုင်ငံမှ လူနာတွေပါဝင်ကြတယ်။ Dialogue: 0,0:02:33.59,0:02:37.53,Default,,0000,0000,0000,,SPECT ဟာ ဦးနှောက်နဲ့ ပတ်သက်ပြီး\Nပြောပြနိုင်တဲ့ အဓိက အချက် သုံးချက်ရှိတယ်- Dialogue: 0,0:02:37.53,0:02:41.07,Default,,0000,0000,0000,,ကောင်းမွန်တဲ့ တက်ကြွမှု၊ သိပ်နည်းနေခြင်း \Nဒါမှမဟုတ် သိပ်များနေခြင်းပါပဲ။ Dialogue: 0,0:02:41.07,0:02:43.76,Default,,0000,0000,0000,,ဒါက ကျန်းမာနေတဲ့ SPECT စကင်တွေပါ။ Dialogue: 0,0:02:43.76,0:02:48.20,Default,,0000,0000,0000,,ဘယ်ဘက် ပုံထဲမှာ ဦးနှောက်ရဲ့ ပြင်ပ\Nမျက်နှာပြင်ကို ပြထားပါတယ်၊ Dialogue: 0,0:02:48.20,0:02:53.18,Default,,0000,0000,0000,,ကျန်းမာတဲ့ စကင်ဆိုရင် ပြည့်ဝ၊ ညီညာနေကာ\Nအချိုးညီတဲ့ တက်ကြွမှုကို ပြသပါတယ်။ Dialogue: 0,0:02:53.18,0:02:58.15,Default,,0000,0000,0000,,အရေးကြီးတာက အရောင် မဟုတ်ဘဲ \Nပုံပန်းသဏ္ဍာန်ပါ၊ Dialogue: 0,0:02:58.15,0:03:03.52,Default,,0000,0000,0000,,ညာဘက် ပုံထဲမှာ အနီရောင် နေရာတွေဟာ\Nတက်ကြွမှု မြင့်မားတာကို ပြပါတယ်၊ Dialogue: 0,0:03:03.52,0:03:08.84,Default,,0000,0000,0000,,ကျန်းးမာတဲ့ ဦးနှောက်ထဲမှာ ပုံမှန်အားဖြင့် \Nဦးနှောက်ရဲ့ နောက်ပိုင်းမှာ ရှိတာပါ။ Dialogue: 0,0:03:10.24,0:03:14.13,Default,,0000,0000,0000,,ဟောဒီမှာကျတော့ ကျန်းမာတဲ့ စကင်ကို\Nလေနှစ်ကြိမ်ဖြတ်ခဲ့သူရဲ့ စကင်နဲ့ ယှဉ်ထားတယ်။ Dialogue: 0,0:03:14.13,0:03:16.80,Default,,0000,0000,0000,,တက်ကြွမှု ဟာပေါက်တွေကို ခင်ဗျားတို့\Nမြင်နိုင်ကြမှာပါ။ Dialogue: 0,0:03:17.50,0:03:19.28,Default,,0000,0000,0000,,ဒီမှာ Alzheimer ရောဂါကို မြင်ရပုံပါပဲ၊ Dialogue: 0,0:03:19.28,0:03:23.11,Default,,0000,0000,0000,,ဦးနှောက်ရဲ့ ကျောပိုင်း တဝက်ဟာ\Nပျက်စီးလာနေပါတယ်။ Dialogue: 0,0:03:23.11,0:03:28.42,Default,,0000,0000,0000,,လက်တွေ့မှာ ကျတော့ Alzheimer ရောဂါဟာ\Nရောဂါလက္ခဏာ တစုံတခု ပေါ်မလာမီ Dialogue: 0,0:03:28.42,0:03:33.01,Default,,0000,0000,0000,,နှစ်ပေါင်း 30 မှ 50 စောပြီး ဦးနှောက်ထဲမှာ\Nစလာတာကို ခင်ဗျားတို့ သိကြလား? Dialogue: 0,0:03:34.17,0:03:36.51,Default,,0000,0000,0000,,ဟောဒါက ဒဏ်ရာရထားတဲ့ ဦးနှောက်ရဲ့ စကင်ပါပဲ။ Dialogue: 0,0:03:36.52,0:03:40.23,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ပျော့နေကာ\Nဦးခေါင်းခွံကျတော့ တကယ့်ကို မာပါတယ်။ Dialogue: 0,0:03:41.00,0:03:42.84,Default,,0000,0000,0000,,ဆေးအလွဲသုံးစာမှု ဆိုပါစို့။ Dialogue: 0,0:03:42.84,0:03:47.06,Default,,0000,0000,0000,,ဦးနှောက်ကို ဖျက်ဆီးပစ်နေကြလို့ ဆေးတွေကို\Nမသုံးစွဲသင့်ပါ။ Dialogue: 0,0:03:48.06,0:03:49.75,Default,,0000,0000,0000,,စွဲလန်းမှုဟာ – ဆန္ဒပြင်းပြတဲ့ ပျက်စီးမှုပါ၊ Dialogue: 0,0:03:49.75,0:03:52.92,Default,,0000,0000,0000,,ဦနှောက်ရဲ့ ရှေ့ပိုင်းဟာ အပြင်းအထန် \Nအလုပ်လုပ်နေလို့ Dialogue: 0,0:03:53.74,0:03:56.74,Default,,0000,0000,0000,,လူတွေဟာ သူတို့ရဲ့ အတွေးကို\Nပြောင်းလဲနိုင်စွမ်း မရှိကြတော့ပါ။ Dialogue: 0,0:03:57.41,0:04:03.38,Default,,0000,0000,0000,,ဝက်ရူးပြန် ရောဂါဆိုရင် တက်ကြွမှု\Nမြင့်တဲ့ နေရာတွေကို မကြာခဏ မြင်ရပါတယ်။ Dialogue: 0,0:04:04.47,0:04:08.82,Default,,0000,0000,0000,,၁၉၉၂ ခုနှစ်တုန်းက ကျွန်တော်ဟာ တနေ့လုံး\Nတက်ရတဲ့ ဦးနှောက် SPECT ပုံရိုက်ကူးမှု Dialogue: 0,0:04:08.82,0:04:11.96,Default,,0000,0000,0000,,တွေ့ဆုံပွဲကို တက်ခဲ့ရာ အံ့ဩစရာပါပဲ၊\Nကျွန်တော်တို့က အစောပိုင်းနှစ်များထဲ Dialogue: 0,0:04:11.96,0:04:17.90,Default,,0000,0000,0000,,စိတ်ရောဂါအတွက် SPECT ကို အသုံးချခဲ့ကြပုံ\Nသုံးသပ်လေ့လာခဲ့ကြပါတယ်။ Dialogue: 0,0:04:17.90,0:04:23.20,Default,,0000,0000,0000,,အဲဒီတွေ့ဆုံပွဲမှာ လေ့လာသူတွေက\Nကျယ်လောင်စွာ ညည်းလာကြတာက Dialogue: 0,0:04:23.20,0:04:27.67,Default,,0000,0000,0000,,ကျွန်တော့လို ဆေးခန်းမှာ စိတ်ရောဂါကုသူတို့ဟာ\Nစကင်ကို မလုပ်သင့်ဘူး၊ Dialogue: 0,0:04:27.67,0:04:31.70,Default,,0000,0000,0000,,အဲဒါဟာ လေ့လာသူတွေအတွက်\Nသက်သက်ပဲလို့ ဆိုလာကြပါတယ်။ Dialogue: 0,0:04:32.52,0:04:37.20,Default,,0000,0000,0000,,သူများနဲ့မတူ စဉ်းစားတတ်သူ ဖြစ်ပြီး ဆေးခန်း\Nအတွေ့အကြုံရှိတဲ့ ကျွန်တော်က Dialogue: 0,0:04:37.20,0:04:40.25,Default,,0000,0000,0000,,အဲဒါဟာ စိတ်ညစ်စရာ အတွေးအခေါ်ဖြစ်တာ\Nနားလည်လိုက်တယ်။ Dialogue: 0,0:04:40.25,0:04:41.53,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:04:42.18,0:04:44.20,Default,,0000,0000,0000,,ပုံကိုမရိုက်ကူးဘဲနဲ့ဆိုရင် Dialogue: 0,0:04:44.20,0:04:49.91,Default,,0000,0000,0000,,စိတ်ရောဂါကု ဆရာဝန်ဟာ အရင်တုန်းကရော\Nအခုပါ Dialogue: 0,0:04:49.91,0:04:52.80,Default,,0000,0000,0000,,အဗရာဟမ် လင်ကွန်း စိတ်ဓာတ်ကျနေခဲ့စဉ်\N၁၈၄၀ ခုနှစ်တုန်းကလိုပဲ၊ Dialogue: 0,0:04:52.80,0:04:57.53,Default,,0000,0000,0000,,လူနာနဲ့ စကားပြောရင်း ရောဂါ လက္ခဏာတွေ\Nတပုံကြီးကို ထည့်စဉ်းစားရင်း ကုခဲ့ကြတာပါ။ Dialogue: 0,0:04:58.32,0:05:01.63,Default,,0000,0000,0000,,ပုံတွေကျတော့ ပိုကောင်းတဲ့ နည်းလမ်းရှိတာကို\Nကျွန်တော်တို့ကို ပြလာကြတယ်။ Dialogue: 0,0:05:01.63,0:05:06.75,Default,,0000,0000,0000,,စိတ်ရောဂါကု ဆရာဝန်တွေဟာ သူတို့\Nကုသပေးတဲ့ ခန္ဓာကိုအပိုင်းကို Dialogue: 0,0:05:06.75,0:05:10.28,Default,,0000,0000,0000,,ကြည့်ရှုခြင်း မပြုလုပ်ကြတဲ့ တခုတည်းသော\Nပညာရှင်တွေဆိုတာ ခင်ဗျားတို့ သိခဲ့ကြလား? Dialogue: 0,0:05:10.28,0:05:11.41,Default,,0000,0000,0000,,အဲဒါကို စဉ်းစားကြည့်ကြပါ! Dialogue: 0,0:05:11.89,0:05:17.40,Default,,0000,0000,0000,,နှလုံးကု ပညာရှင်၊ အာရုံကြော ပညာရှင်၊\Nအရိုးကု ပညာရှင်၊ အားလုံး ကြည့်ကြပါတယ်၊ Dialogue: 0,0:05:17.40,0:05:21.66,Default,,0000,0000,0000,,ကုသပေးကြတဲ့ အထူးကျွမ်းကျင် ပညာရှင်တွေ\Nအားလုံးတို့ဟာ ကြည့်ရှုကြပါတယ်၊ Dialogue: 0,0:05:21.67,0:05:23.58,Default,,0000,0000,0000,,စိတ်ရောဂါကုသူတွေကျတော့ ခန့်မှန်းကြပါတယ်။ Dialogue: 0,0:05:24.59,0:05:25.94,Default,,0000,0000,0000,,ပုံကိုမရိုက်ကူးနိုင်စဉ်တုန်းက Dialogue: 0,0:05:25.94,0:05:31.80,Default,,0000,0000,0000,,မှောင်မဲနေချိန်မှာ ကျွန်တော့ လူနာတွေကို\Nမြားငယ်တွေနဲ့ ပစ်နေသလို ခံစားမိခဲ့တယ်၊ Dialogue: 0,0:05:31.80,0:05:37.17,Default,,0000,0000,0000,,အဲဒါ တယောက်ယောက်ကို ထိမှန်သွားမှာကို\Nကျွန်တော် သိပ်ကို စိတ်ခြောက်ခြားနေခဲ့တယ်။ Dialogue: 0,0:05:37.76,0:05:39.19,Default,,0000,0000,0000,,စိတ်ရောဂါကု ဆေး တော်တော်များဆီမှာ Dialogue: 0,0:05:39.19,0:05:42.67,Default,,0000,0000,0000,,အထူးသတိပေးချက်တွေ ပါရှိတတ်တာဟာ \Nအကြောင်းရှိပါတယ်။ Dialogue: 0,0:05:43.27,0:05:49.23,Default,,0000,0000,0000,,အဲဒီလို ဆေးကို မတည့်တဲ့ လူကို ပေးမိရင်\Nဆိုးဆိုးဝါးဝါး ဖြစ်လာမှာ မျှော်လင့်ရတယ်။ Dialogue: 0,0:05:51.72,0:05:56.08,Default,,0000,0000,0000,,အစောပိုင်းနှစ်များတုန်းက ပုံရိုက်ကူးမှုမှ \Nအရေးကြီးတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်၊ Dialogue: 0,0:05:56.08,0:06:00.17,Default,,0000,0000,0000,,ADHD ရောဂါ၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ်\Nကျဆင်းမှု၊ စွဲလန်းမှုလို ရောဂါတွေဟာ၊ Dialogue: 0,0:06:00.18,0:06:04.40,Default,,0000,0000,0000,,ဦးနှောက်ထဲက သာမန် ပြဿနာ ဒါမှမဟုတ်\Nတခုတည်းသော ပြဿနာ မဟုတ်ဘဲ Dialogue: 0,0:06:04.40,0:06:07.04,Default,,0000,0000,0000,,ပြဿာနာ မျိုးစုံ ရောယှက်နေခြင်းမို့လို့ပါ။ Dialogue: 0,0:06:07.04,0:06:09.26,Default,,0000,0000,0000,,ဥပမာ၊ ဒီမှာ လူနာ နှစ်ယောက်ရှိတယ်၊ Dialogue: 0,0:06:09.26,0:06:12.54,Default,,0000,0000,0000,,သူတို့နှစ်ယောက်စလုံးဆီမှာ စိတ်ဓာတ် \Nအကြီးအကျယ် ကျနေတဲ့ ရောဂါရှိခဲ့တယ်။ Dialogue: 0,0:06:12.54,0:06:18.10,Default,,0000,0000,0000,,အပြင်ပမ်းအားဖြင့် ရောဂါလက္ခဏာတွေ တူသလိုလို\Nရှိပေမဲ့၊ ဦးနှောက်ကျတော့ လုံးဝကို မတူပါ။ Dialogue: 0,0:06:18.11,0:06:24.20,Default,,0000,0000,0000,,တယောက်ရဲ့ ဦးနှောက်ထဲမှာ တက်ကြွမှု နည်းတယ်၊\Nအခြားတယောက်ကျတော့ တက်ကြွမှု သိပ်မြင့်လှတယ်။ Dialogue: 0,0:06:25.46,0:06:31.24,Default,,0000,0000,0000,,ဒါကို မမြင်ဘဲနဲ့ သူတို့ကို ဘာလုပ်ပေးရမယ်\Nဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ? Dialogue: 0,0:06:31.66,0:06:34.43,Default,,0000,0000,0000,,ကုသမှုကို ရောဂါလက္ခတွေ တပုံကြီးကို\Nကြည့်ပြီး မဟုတ်ဘဲ Dialogue: 0,0:06:34.43,0:06:39.28,Default,,0000,0000,0000,,တဦးချင်ရဲ့ ဦးနှောက်ကို လိုက်ပြီး\Nညှိနှိုင်းလုပ်ဖို့ လိုအပ်တယ်။ Dialogue: 0,0:06:40.35,0:06:42.28,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ ပုံတွေရိုက်ကူးမှက\Nထောက်ပြနေသေးတာက Dialogue: 0,0:06:42.28,0:06:48.51,Default,,0000,0000,0000,,ဦးနှောက်ကို နဲနဲလေး ထိခိုက်မှုဟာ စိတ်ရောဂါ\Nဖြစ်လာခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ကာ Dialogue: 0,0:06:48.52,0:06:50.68,Default,,0000,0000,0000,,လူတွေရဲ့ ဘဝတွေကို ဖျက်ဆီးနေပါတယ်၊ Dialogue: 0,0:06:50.68,0:06:55.71,Default,,0000,0000,0000,,တချိန်တည်းမှာ သူတို့ဟာ စိတ်ရောဂါကု \Nပညာရှင်အား ပြပေမဲ့ အဲဒါကို လက်တွေ့မှာ မသိတော့ Dialogue: 0,0:06:55.71,0:07:00.69,Default,,0000,0000,0000,,စိတ်တိုမှု၊ ပူပန်မှု၊ စိတ်ဓာတ်ကျမှု နဲ့ \Nအိပ်မရခြင်းလို ပြဿနာတွေကို ပြောပြကြတယ်၊ Dialogue: 0,0:07:00.69,0:07:03.92,Default,,0000,0000,0000,,သူတို့က ပြဿနာဇာတ်ြမစ်ကို မမြင်နိုင်ကြတော့၊\Nဘယ်လိုမှာမှ မသိနိုင်ခဲ့ကြပါ။ Dialogue: 0,0:07:04.84,0:07:07.92,Default,,0000,0000,0000,,ဒါက ၁၅ နှစ်အရွယ် ကလေးတယောက်ရဲ့\Nစကင်ပုံပါ၊ Dialogue: 0,0:07:07.92,0:07:11.62,Default,,0000,0000,0000,,သူဟာ သုံးနှစ်အရွယ်တုန်းက လှေခါးထစ်\Nအတိုင်း အောက်ကို လဲကျသွားခဲ့တာပါ။ Dialogue: 0,0:07:12.34,0:07:17.20,Default,,0000,0000,0000,,သူဟာ မိနစ်အနည်းငယ်ကြာမျှသာ\Nသတိလစ်နေခဲ့ပေမဲ့၊ Dialogue: 0,0:07:18.55,0:07:24.54,Default,,0000,0000,0000,,အဲဒီဒဏ်ရာရမှုကြောင့် အဲဒီကလေးရဲ့ ဘဝထဲမှာ Dialogue: 0,0:07:24.54,0:07:27.55,Default,,0000,0000,0000,,ခံစားလာရတာဟာ မသက်သာလှခဲ့ပါ။ Dialogue: 0,0:07:27.55,0:07:32.12,Default,,0000,0000,0000,,သူ့ကို ကျွန်တော် တွေ့ခဲ့စဉ် ၁၅ နှစ်အရွယ်မှာ\Nသူဟာ အကြမ်းဖက်မှုကို Dialogue: 0,0:07:32.12,0:07:36.52,Default,,0000,0000,0000,,ကုသရေး ရပ်ကွက်ဆိုင်ရာ အစီအစဉ်ထဲမှ\Nထုတ်ပစ်ခံလိုက်ရပါတယ်။ Dialogue: 0,0:07:36.53,0:07:40.08,Default,,0000,0000,0000,,သူလိုအပ်နေခဲ့တာက \Nဦးနှောက် နာလန်ထူရေး အစီအစဉ် Dialogue: 0,0:07:40.08,0:07:45.04,Default,,0000,0000,0000,,ဒါမှမဟုတ် ပြုမူမှု ကုသမှုကိုပါ၊ ဒါပေမဲ့ \Nသူ့ကို ဘာမှမကြည့်ဘဲနဲ့ Dialogue: 0,0:07:45.04,0:07:50.50,Default,,0000,0000,0000,,ဆေးတွေတပုံကြီးနဲ့\Nကုသပေးမှုဟာ ရက်စက်လှပါတယ်။ Dialogue: 0,0:07:50.50,0:07:52.98,Default,,0000,0000,0000,,သူရဲ့ ပြုမူမှုဟာ ပြဿနာ မဟုတ်ခဲ့ဘဲ\Nပြဿနာအား ထုတ်ဖေါ်ပြသမှု ဖြစ်ပေမဲ့၊ Dialogue: 0,0:07:52.98,0:07:58.44,Default,,0000,0000,0000,,ပြုမူမှုကို ကုသဖို့ ကြိုးပမ်းနေခဲ့ကြတာပါ။ Dialogue: 0,0:07:59.50,0:08:02.92,Default,,0000,0000,0000,,ဦးနှောက် ဒဏ်ရာရမှု ရောဂါကို\Nစူးစမ်းဖေါ်ထုတ် မပေးနိုင်ခဲ့ခြင်းဟာ Dialogue: 0,0:08:02.92,0:08:08.13,Default,,0000,0000,0000,,အိမ်မဲ့၊ ဆေးစွဲမှု၊ အရက်အလွဲသုံးစားမှု၊\Nစိတ်ဓာတ်ကျဆင်းမှု၊ ရုတ်တရက် ထိုးနှက်လိုမှု၊ Dialogue: 0,0:08:08.13,0:08:11.62,Default,,0000,0000,0000,,ADHD နဲ့ လုပ်ကြံလိုမှုတို့ရဲ့ အကြောင်းရင်း\Nဖြစ်တာကို သုတေသီတွေ့ တွေ့ခဲ့ကြပါတယ်။ Dialogue: 0,0:08:12.13,0:08:15.50,Default,,0000,0000,0000,,အီရတ် နဲ့ အာဖဂနစ္စတန် နိုင်ငံများမှနေပြီး\Nပြန်လာကြတဲ့ Dialogue: 0,0:08:15.50,0:08:18.16,Default,,0000,0000,0000,,စစ်သားတွေ ရာချီ၊ ထောင်ချီတို့ဟာ Dialogue: 0,0:08:18.16,0:08:20.56,Default,,0000,0000,0000,,လက်တွေ့မှာမှ ဘသူမှာမှ သူတို့ရဲ့ ဦးနှောက်ကို\Nရိုက်မကြည့်ကြတော့ Dialogue: 0,0:08:20.57,0:08:25.34,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ တကယ့် ကပ်ဘေးကြီးကို\Nအချိန် ဆိုင်းငံ့ထားသလို ဖြစ်နေပါတယ်။ Dialogue: 0,0:08:26.75,0:08:30.82,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ SPECT ကို \Nဆက်လုပ်ကိုင်လာကြရာ Dialogue: 0,0:08:30.82,0:08:35.32,Default,,0000,0000,0000,,ဝေဖန်သံတွေ ပိုပိုကျယ်လောင်လာခဲ့တယ်၊\Nရရှိတဲ့ သင်ခန်းစားတွေလဲ တိုးလာခဲ့ပါတယ်။ Dialogue: 0,0:08:36.14,0:08:40.58,Default,,0000,0000,0000,,တရားသူကြီး နဲ့ ရှေ့နေတွေဟာ ရာဇဝတ်ကောင်ရဲ့\Nအပြုအမူကို နားလည်ဖို့ အကူအညီတောင်းလာကြတယ်။ Dialogue: 0,0:08:40.58,0:08:43.82,Default,,0000,0000,0000,,ဒီနေ့အထိ ကျွန်တော်တို့ဟာ ပြစ်မှုကြီးတွေကို\Nကျူးလွန်ခဲ့သူ ၅၀၀ ကို စကင် လုပ်ခဲ့ပါပြီ၊ Dialogue: 0,0:08:43.82,0:08:46.42,Default,,0000,0000,0000,,လူသတ်ကောင် ၉၀ ပါခဲ့ပါတယ်။ Dialogue: 0,0:08:46.96,0:08:49.75,Default,,0000,0000,0000,,ကျွန်တော်တို့ရဲ့ အလုပ်မှ သိလာရတာက\Nဆိုးဝါးတဲ့ အရာတွေကို လုပ်ကြတဲ့ လူတွေရဲ့ Dialogue: 0,0:08:49.75,0:08:52.06,Default,,0000,0000,0000,,ဦးနှောက်ထဲမှာ မကြာခဏဆိုသလို\Nပြဿနာတွေ ရှိတတ်ပါတယ်။ Dialogue: 0,0:08:52.06,0:08:54.13,Default,,0000,0000,0000,,အဲဒါဟာ ဘာမှ အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။ Dialogue: 0,0:08:54.13,0:08:56.71,Default,,0000,0000,0000,,ကျွန်တော်တို့ကို အံ့ဩလာစေခဲ့တဲ့ အချက်က Dialogue: 0,0:08:56.71,0:09:02.29,Default,,0000,0000,0000,,အဲဒီလို ဦးနှောက် တော်တော်များများကို\Nပြန်လည်ကုသပေးလို့ ရနိုင်ခဲ့ခြင်းပါပဲ။ Dialogue: 0,0:09:03.54,0:09:05.54,Default,,0000,0000,0000,,အဲဒါနဲ့ လုံးဝကို ဆန်းသစ်တဲ့ \Nစိတ်ကူးပေါ်လာခဲ့တယ်။ Dialogue: 0,0:09:05.54,0:09:08.53,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ပြဿနာရှိနေကြတဲ့\Nဦးနှောက်တွေကို အန္တရာယ်များကာ ဖိစီးနေတဲ့ Dialogue: 0,0:09:08.53,0:09:13.56,Default,,0000,0000,0000,,ဝန်းကျင်မျိုးထဲမှာ ပစ်ထားမယ့်အစား\Nခေါ်ယူပြီး စိစစ်ကုပေးကြမယ် ဆိုရင်ကော? Dialogue: 0,0:09:13.56,0:09:19.62,Default,,0000,0000,0000,,ကျွန်တော့အတွေ့အကြုံအရဆိုရင်\Nအဲဒီလိုလူတွေကို ပိုနေထိုင်လွယ်အောင် Dialogue: 0,0:09:20.34,0:09:23.30,Default,,0000,0000,0000,,လုပ်ပေးလိုက်ခြင်းဖြင့်၊ သူတို့ ထောင်ထဲမှ\Nထွက်လာကြတဲ့ အခါမှာ၊ Dialogue: 0,0:09:23.30,0:09:27.24,Default,,0000,0000,0000,,သူတို့ဟာ အလုပ်လုပ်လာနိုင်ကြမယ်၊\Nသူတို့ မိသားစုကို ကူပေးနိုင်ကြကာ Dialogue: 0,0:09:27.24,0:09:31.05,Default,,0000,0000,0000,,အခွန်တွေကို ထမ်းဆောင်ပေးနိုင်ကြမှာပါ။ Dialogue: 0,0:09:32.39,0:09:35.54,Default,,0000,0000,0000,,Dostoyevsky က တကြိမ်တုန်းက ပြောခဲ့တာက၊\N"လူ့အဖွဲ့အစည်း တရပ်ကို အကဲဖြတ်ရာတွင် Dialogue: 0,0:09:35.54,0:09:38.80,Default,,0000,0000,0000,,၎င်းက နာမည်ကြီး ပုဂ္ဂိုလ်တွေကို \Nဆက်ဆံပုံကို မဟုတ်ဘဲ Dialogue: 0,0:09:39.90,0:09:42.74,Default,,0000,0000,0000,,၎င်းရဲ့ ရာဇဝတ်ကောင်တွေကို\Nဆက်ဆံပုံကို ကြည့်သင့်ပါတယ်။" Dialogue: 0,0:09:43.28,0:09:47.48,Default,,0000,0000,0000,,ရာဇဝတ်မှုကို ဒဏ်ခတ်စီရင်မှုအစား Dialogue: 0,0:09:47.48,0:09:53.69,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ရာဇဝတ်မှုကို အကဲခတ်မှု နဲ့\Nကုသမှု အကြောင်းကို စဉ်းစားသင့်ပါတယ်။ Dialogue: 0,0:09:53.69,0:09:55.19,Default,,0000,0000,0000,,(လက်ခုပ်သံများ) Dialogue: 0,0:10:00.07,0:10:04.53,Default,,0000,0000,0000,,ဒီတော့ ၂၂ နှစ်ကြာ အလုပ်လုပ်ခဲ့ကာ\Nစကင် ၈၃၀၀၀ လုပ်ပြီးခဲ့တဲ့နောက်မှာ Dialogue: 0,0:10:05.38,0:10:10.08,Default,,0000,0000,0000,,ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ \Nရယူနိုင်ခဲ့တဲ့ တခုတည်းသော သင်ခန်းစာမှာ Dialogue: 0,0:10:10.08,0:10:12.50,Default,,0000,0000,0000,,ကျွန်တော်တို့ လူတွေရဲ့ ဦးနှောက်ကို\Nတကယ့်ကို ပြောင်းလဲနိုင်ကြပါတယ်။ Dialogue: 0,0:10:13.36,0:10:16.24,Default,,0000,0000,0000,,အဲဒီလို လုပ်ပေးနိုင်ခြင်းက သူတို့ရဲ့ \Nဘဝကိုပါ ပြောင်းလဲပေးတာပါ။ Dialogue: 0,0:10:16.24,0:10:18.55,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ရှိနေတဲ့\Nဦးနှောက်နဲ့ တသက်လုံး နေထိုင်ရန် မလိုပါ၊ Dialogue: 0,0:10:18.55,0:10:21.87,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ၎င်းကို ပိုကောင်းလာအောင်\Nမြှင့်တင်ပေးနိုင်ပါတယ်။ Dialogue: 0,0:10:22.52,0:10:26.80,Default,,0000,0000,0000,,ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ဟာ ကစားနေဆဲ \Nနဲ့ အငြိမ်းစား NFL အားကစားသမားတွေကို Dialogue: 0,0:10:26.80,0:10:29.88,Default,,0000,0000,0000,,ပထမဦးဆုံး အကြိမ်အဖြစ် အကျယ်ပြန့်ဆုံး Dialogue: 0,0:10:29.88,0:10:34.28,Default,,0000,0000,0000,,လေ့လာမှုကို ပြုလုပ်ခဲ့ကြရာ အဲဒီ\Nအားကစားသမားတွေဆီမှာ Dialogue: 0,0:10:34.28,0:10:38.04,Default,,0000,0000,0000,,ဒဏ်ရာတွေ အများအပြား ရှိနေတာကို\Nတွေ့ခဲ့ကြတယ်၊ Dialogue: 0,0:10:38.05,0:10:40.74,Default,,0000,0000,0000,,NFL ကျတော့ ဘောလုံးကစားမှုက ရေရှည်\Nဦးနှောက် ဒဏ်ရာတွေ ရှိတာကို မသိရှိခဲ့ပါ။ Dialogue: 0,0:10:41.56,0:10:44.11,Default,,0000,0000,0000,,တကယ်တော့ သူတို့ဟာ \Nအဲဒါကို မသိချင်ခဲ့ကြတာပါ။ Dialogue: 0,0:10:44.11,0:10:45.33,Default,,0000,0000,0000,,အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။ Dialogue: 0,0:10:45.33,0:10:48.21,Default,,0000,0000,0000,,တကယ်လို့များ အစဉ်းစားတတ်ဆုံး ၉ နှစ်အရွယ်\Nကလေးတွေကို ခေါ်ယူပြီး၊ Dialogue: 0,0:10:48.22,0:10:52.33,Default,,0000,0000,0000,,ဦးနှောက်ဟာ ပျော့ကာ ထောပတ်လို\Nအနေအထားမျိုး ရှိတာ၊ Dialogue: 0,0:10:52.34,0:10:56.42,Default,,0000,0000,0000,,၎င်းကို တကယ့်ကို မာကျောလှပြီး ချွန်ထက်နေတဲ့\Nအရိုးတွေရှိတဲ့ ဦးခေါင်းခွံထဲမှာ ရှိနေတာ Dialogue: 0,0:10:56.42,0:10:59.76,Default,,0000,0000,0000,,ပြောပြပါက လူ ၃၀ အထဲက ၂၈ ဦးတို့က၊ Dialogue: 0,0:10:59.77,0:11:02.26,Default,,0000,0000,0000,,"ကျွန်တော်တို့ရဲ့ ဘဝအတွက် သိပ်မကောင်း\Nပါကလား"လို့ ဆိုကြမှာ သေချာတယ်။ Dialogue: 0,0:11:02.26,0:11:03.93,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:11:04.81,0:11:09.80,Default,,0000,0000,0000,,ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ \Nကောင်းခဲ့တာက အားကစားသမားတွေကို Dialogue: 0,0:11:09.80,0:11:14.74,Default,,0000,0000,0000,,ဦးနှောက် စမတ်ဖြစ်လာရေး အစီအစဉ်ကို\Nလုပ်ခိုင်းခဲ့ကြလို့ Dialogue: 0,0:11:14.74,0:11:20.02,Default,,0000,0000,0000,,သူတို့ထဲက ၈၀ % တို့ဟာ သူတို့ရဲ့ဒ\Nသွေးစီးမှု၊ မှတ်ဉာဏ်၊ Dialogue: 0,0:11:20.02,0:11:23.84,Default,,0000,0000,0000,,စိတ်နေစိတ်ထား စတာတွေကို များစွာမှ\Nတိုးတက်လာတာကို တွေ့လိုက်ရခြင်းပါပဲ၊ Dialogue: 0,0:11:23.85,0:11:27.15,Default,,0000,0000,0000,,ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ\Nဦးနှောက်နဲ့ တသက်လုံး နေထိုင်ဖို့ မလိုပါ၊ Dialogue: 0,0:11:27.15,0:11:31.33,Default,,0000,0000,0000,,ကျွန်တော်တိုဟာ ဦးနှောက် စမတ်ဖြစ်ရေး အစီ\Nအစဉ်နဲ့ဆိုရင် ပိုကောင်းလာစေနိုင်ပါတယ်။ Dialogue: 0,0:11:31.33,0:11:33.04,Default,,0000,0000,0000,,အဲဒါ စိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား? Dialogue: 0,0:11:33.04,0:11:34.83,Default,,0000,0000,0000,,ကျွန်တော်ဟာ သိပ်ကို စိတ်လှုပ်ရှားမိပါတယ်။ Dialogue: 0,0:11:34.83,0:11:39.13,Default,,0000,0000,0000,,ဦးနှောက် ဒဏ်ရာရမှုကို ပြန်ပြုပြင်ပေးရေးဟာ\Nသိပ်ကို စိတ်လှုပ်ရှားစရာ မျက်နှာစာပါပဲ၊ Dialogue: 0,0:11:39.13,0:11:42.71,Default,,0000,0000,0000,,ဒါပေမဲ့ လက်တွေ့မှာ အသုံးချနိုင်မှုဟာ\Nများစွာမှ ကျယ်ပြန့်ပါတယ်။ Dialogue: 0,0:11:42.71,0:11:47.16,Default,,0000,0000,0000,,ADHD ရှိနေတဲ့ ဆယ်ကျော်အရွယ်\Nကလေးမ တစ်ယောက်ရဲ့ စကင်ကို ကြည့်ကြပါ၊ Dialogue: 0,0:11:47.16,0:11:52.24,Default,,0000,0000,0000,,သူဟာ သူ့ကိုသူ လှီးဖြတ်နေခဲ့တယ်၊ ကျောင်းမှာ\Nစာမေးပွဲကျနေခဲ့ကာ မိဘတွေနဲ့ တိုက်ပွဲဖြစ်နေသူပါ။ Dialogue: 0,0:11:52.88,0:11:55.31,Default,,0000,0000,0000,,ကျွန်တော်တို့က သူ့ဦးနှောက်ကို\Nမြှင့်တင်ပေးလိုက်တော့၊ Dialogue: 0,0:11:55.31,0:12:00.10,Default,,0000,0000,0000,,သူဟာ D တွေ F တွေကို ရခဲ့ရာမှ\NA တွေနဲ့ B တွေကို ရလာတယ်၊ Dialogue: 0,0:12:00.10,0:12:02.80,Default,,0000,0000,0000,,ပြီးတေ့ သူ့စိတ်ဟာ များစွာမှ \Nတည်ငြိမ်လာခဲ့တယ်။ Dialogue: 0,0:12:03.39,0:12:05.48,Default,,0000,0000,0000,,Nancy ရဲ့ စကင်ကို ယူကြည့်ကြပါစို့။ Dialogue: 0,0:12:05.49,0:12:08.69,Default,,0000,0000,0000,,Nancy ဆီမှာ ဦးနှောက် ဒဏ်ရာရှိခဲ့ဘူးတယ်၊ Dialogue: 0,0:12:08.69,0:12:13.33,Default,,0000,0000,0000,,သူမဆရာဝန်က သူမအတွက် ဂေဟါတခုကို\Nရှာဖို့ သူ့ယောင်္ကျားကို မှာတယ်၊ Dialogue: 0,0:12:13.33,0:12:17.52,Default,,0000,0000,0000,,တနှစ်အတွင်းမှာ သူမဟာ သူ့နာမည်ကို\Nမှတ်မိတော့မှာ မဟုတ်လို့ပါ။ Dialogue: 0,0:12:18.38,0:12:24.98,Default,,0000,0000,0000,,ဒါပေမဲ့ ဦးနှောက် နာလန်ထူရေး အစီအစဉ်နဲ့\Nအပြင်းအထန် ကုပေးလိုက်လို့ Dialogue: 0,0:12:25.81,0:12:30.41,Default,,0000,0000,0000,,Nancy ရဲ့ ဦးနှောက်တင်မက မှတ်ဉာဏ်ပါ\Nပိုကောင်းလာကာ Dialogue: 0,0:12:30.41,0:12:35.99,Default,,0000,0000,0000,,လေးနှစ် ကြာလာတာတေ င် Nancy ဟာ\Nသူ့ယောက်ျားရဲ့ အမည်ကို မှတ်မိနေတုန်းပါ။ Dialogue: 0,0:12:36.97,0:12:41.25,Default,,0000,0000,0000,,ဒီအချက်ကို ထောက်ပြဖို့ ကျွန်တော် \Nသိပ်ကြိုက်တဲ့ ဖြစ်ရပ်ရှိပါတယ်- Andrew ။ Dialogue: 0,0:12:41.25,0:12:45.16,Default,,0000,0000,0000,,၉ နှစ်အရွယ် ကလေးဘဝတုန်းက သူဟာ\Nခိုင်လုံတဲ့ အကြောင်းမရှိဘဲ ကလေးမလေးကို Dialogue: 0,0:12:45.16,0:12:47.40,Default,,0000,0000,0000,,ဘေ့စ်ဘော ကစားကွင်းမှာ တိုက်ခဲ့ပါတယ်။ Dialogue: 0,0:12:47.40,0:12:50.76,Default,,0000,0000,0000,,ပြီးတော့ သူဟာ သူ့ကိုသူ ပုံဆွဲလေ့ ရှိတတ်ရာ Dialogue: 0,0:12:50.76,0:12:55.04,Default,,0000,0000,0000,,သစ်ပင်ပေါ်မှနေပြီး အခြားကလေးတွေကို\Nသေနတ်နဲ့ ပစ်တဲ့ ပုံပါပဲ။ Dialogue: 0,0:12:56.31,0:13:00.20,Default,,0000,0000,0000,,Andrew ဟာ တနေ့နေ့တွင် Columbine၊ Aurora Dialogue: 0,0:13:01.66,0:13:04.49,Default,,0000,0000,0000,,နှင့် Sandy Hook လိုဟာမျိုး\Nဖြစ်လာခဲ့မှာပါ။ Dialogue: 0,0:13:04.49,0:13:06.96,Default,,0000,0000,0000,,စိတ်ရောဂါကု ပညာရှင် အများစုဟာ \NEric Harris နဲ့ လူတွေကို အစုလိုက် သတ်ခဲ့တဲ့ Dialogue: 0,0:13:06.96,0:13:11.49,Default,,0000,0000,0000,,အခြား လူသတ်သမားတွေလိုပဲ\Nသူတို့ကို အဲဒီရာဇတ်မှုတွေ မကျူးလွန်ခဲ့မှာ Dialogue: 0,0:13:11.49,0:13:14.36,Default,,0000,0000,0000,,ဆေးတွေနဲ့ ကုသခဲ့ကြသလိုပဲ\NAndrew ကိုပါ ကုသခဲ့ကြမှာပါ။ Dialogue: 0,0:13:14.36,0:13:19.06,Default,,0000,0000,0000,,ဒါပေမဲ့ SPECT ပုံတွေကို လုပ်ကိုင်မှုအရ\Nသူ့ဦးနှောက်ကို ကြည့်ရန် လိုပြီး Dialogue: 0,0:13:19.06,0:13:23.88,Default,,0000,0000,0000,,သူလိုအပ်တာကို သိလာဖို့အတွက် အမှောင်ထဲမှာ\Nမြားငယ်တွေနဲ့ မပစ်သင့်တာ ကျွန်တော် သိနေပြီ။ Dialogue: 0,0:13:24.46,0:13:30.21,Default,,0000,0000,0000,,သူရဲ့ SPECT စကင်က သူ့ဆီမှာ\Nဂေါက်သီးအလုံးလို ပြည်တည်အိတ် တခု Dialogue: 0,0:13:30.21,0:13:34.00,Default,,0000,0000,0000,,ဘယ်ဘက် နားထင်မှာ ရှိနေတာကို ပြသပါတယ်။ Dialogue: 0,0:13:34.01,0:13:37.74,Default,,0000,0000,0000,,ဒီတော့ Andrew ဘယ်လောက်ဘဲ ပေးကုကု\Nကုပေးနိုင်ခဲ့မှာ မဟုတ်ပါ။ Dialogue: 0,0:13:37.74,0:13:40.08,Default,,0000,0000,0000,,အဲဒီ ပြည်တည်အိတ်ကို ဖယ်ရှားပစ်လိုက်တော့၊ Dialogue: 0,0:13:41.68,0:13:45.15,Default,,0000,0000,0000,,သူရဲ့ ပြုမူပုံဟာ လုံးဝကို ပြောင်းသွားပြီး\Nပုံမှန် ပြန်ဖြစ်လာတတယ်၊ Dialogue: 0,0:13:45.15,0:13:50.86,Default,,0000,0000,0000,,သူဟာ သူ အစဉ် လိုချင်ခဲ့သလိုပဲ\Nအချစ်ဆုံး အကောင်းဆုံး ကောင်လေး ဖြစ်ခဲ့တယ်။ Dialogue: 0,0:13:51.74,0:13:55.51,Default,,0000,0000,0000,,ဒီနေ့ ၁၈ နှစ်ကြာသွားတဲ့ နောက်မှာ\Nကျွန်တော့တူ ဖြစ်တဲ့ Andrew ဟာ Dialogue: 0,0:13:56.52,0:14:01.24,Default,,0000,0000,0000,,ကိုယ်ပိုင် အိမ်နဲ့နေထိုင်သူ၊ အလုပ်ရှိနေသူ\Nအခွန်ထမ်း တယောက်ပါ။ Dialogue: 0,0:14:01.24,0:14:03.31,Default,,0000,0000,0000,,(ရယ်မောသံများ) Dialogue: 0,0:14:03.31,0:14:07.42,Default,,0000,0000,0000,,တယောက်ယောက်က သူ့ဦးနှောက်ကို\Nပုံရိုက်ကြည့်ဖို့ စိတ်ကူးရခဲ့လို့၊ Dialogue: 0,0:14:07.42,0:14:10.53,Default,,0000,0000,0000,,သူဟာ ပိုကောင်းတဲ့ သားတယောက် ဖြစ်လာခဲ့တယ်၊ Dialogue: 0,0:14:10.53,0:14:16.48,Default,,0000,0000,0000,,ကြည့်ရတာ ယောက်ျားကောင် တယောက်၊\Nကောင်းမွန်တဲ့ ဖခင်၊ အဖိုးလည်း ဖြစ်လာမှာပါ။ Dialogue: 0,0:14:17.78,0:14:22.56,Default,,0000,0000,0000,,အဲဒီလို လူတယောက်ရဲ့ ဦးနှောက်ကို\Nပြောင်းလဲပေးနိုင်တယ် ဆိုရင်၊ Dialogue: 0,0:14:22.56,0:14:25.66,Default,,0000,0000,0000,,အဲဒီလူရဲ့ ဘဝကိုသာ \Nပြောင်းလဲ ပေးလိုက်ခြင်း မကဘဲ Dialogue: 0,0:14:25.66,0:14:30.74,Default,,0000,0000,0000,,နောင်လာ မျိုးဆက်များကိုပါ ပြောင်းလဲ\Nပေးနိုင်တဲ့ အခွင့်အလားကြီးပါပဲ။ Dialogue: 0,0:14:31.63,0:14:33.57,Default,,0000,0000,0000,,ကျွန်တော်က ဒေါက်တာ Daniel Amen ပါ။\Nကျေးဇူးတင်ပါတယ်။ Dialogue: 0,0:14:33.57,0:14:35.26,Default,,0000,0000,0000,,(လက်ခုပ်သံများ)