1 00:00:07,375 --> 00:00:13,333 ဒီဟောပြောချက်ထဲမှာ ကျွန်တော်ဟာ ကျွန်တော့ လုပ်ဘက်များ နဲ့ ကျွန်တော်တို့က 2 00:00:13,334 --> 00:00:18,751 ဦးနှောက် စကင်လုပ်မှု ၈၃၀၀၀ မှ သိလာရတဲ့ အရေးကြီးဆုံးအချက်တွေကို ပြောပြပါမယ်။ 3 00:00:19,331 --> 00:00:23,386 ဒါပေမဲ့၊ ဦးစွာ အဲဒါနဲ့ ဆက်စပ်နေတဲ့ အကြောင်းတွေကို ပြောဖို့ လိုပါမယ်။ 4 00:00:23,387 --> 00:00:25,874 ကျွန်တော်ဆီမှာ ကလေး ခုနစ်ယောက် ဝန်းရံလျက် ရှိနေသူပါ။ 5 00:00:25,875 --> 00:00:29,202 ကြီးလာတော့ အဖေက ကျွန်တော့ကို သမရိုးကျ မဟုတ်ဘူးလို့ ခေါ်ခဲ့ပါတယ်၊ 6 00:00:29,203 --> 00:00:32,473 သိပ်ကောင်းတာ မဟုတ်တဲ့ သဘောပါ။ 7 00:00:32,475 --> 00:00:33,862 (ရယ်မောသံများ) 8 00:00:33,863 --> 00:00:37,279 ၁၉၇၂ ခုနှစ်မှာ စစ်တပ်က ကျွန်တော့ဆီ ဖုန်းဆက်လာတယ်၊ 9 00:00:37,280 --> 00:00:42,376 ခြေလျင်တပ် ဆရာဝန်အဖြစ် သင်တန်းတက်ခဲ့ရာ ဆေးပညာကို မြတ်နိုးစိတ် ပေါ်လာခဲ့တာပါ။ 10 00:00:43,284 --> 00:00:49,711 ဒါပေမဲ့ ပစ်သတ်ခံရမှာ ဒါမှမဟုတ် ရွှံနွံထဲ အိပ်ရမှာကို ကျွန်တော် မကြိုက်ခဲ့တော့ 11 00:00:50,331 --> 00:00:53,731 ကျွန်တော်ဟာ ဓာတ်မှန် ကျွမ်းကျင် ပညာရှင် သင်တန်းကို ပြန်တက်ခဲ့ပါတယ်၊ 12 00:00:53,732 --> 00:00:57,687 ကုသမှုအတွက် ပုံရိုက်ကူးမှု ပညာကို သိပ်ကြိုက်လို့ အထူးပြုလေ့လာခဲ့ပါတယ်။ 13 00:00:57,688 --> 00:01:02,823 "မကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ?"- ပါမောက္ခတွေကို ဆိုကြတာိကိုး။ 14 00:01:03,393 --> 00:01:07,217 ၁၉၇၉ ခုနှစ်မှာ ဒုတိယနှစ် ဆေးကျောင်းသား ဘဝတုန်းက 15 00:01:07,218 --> 00:01:11,286 ကျွန်တော့ မိသားစုထဲက တယောက်ဟာ တကယ့်ကို ကိုယ့်ကိုယ်ကို လုပ်ကြံလိုစိတ် ရှိလာခဲ့တယ်၊ 16 00:01:12,136 --> 00:01:14,678 အဲဒါနဲ့ သူ့ကို သိပ်ကောင်းတဲ့ စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားတယ်။ 17 00:01:15,148 --> 00:01:20,896 နောက်မှာ ကျွန်တော် စဉ်းစားမိတာက ဆရာဝန်ဟာ သူ့ကို ကူညီပေးနိုင်ခဲ့တာက 18 00:01:20,897 --> 00:01:24,003 သူ့အသက်ကို ကယ်ပေးလိုက်ရုံသာမက၊ 19 00:01:24,004 --> 00:01:29,689 စိတ်ချမ်းသာနေကာ တည်ငြိမ်နေတဲ့ လူတယောက်က သူတို့ကို စောင့်ရှောက်ပေးမယ်ဆိုတော့ 20 00:01:29,690 --> 00:01:35,942 သူ့ကလေးတွေကို၊ သူ့အနာဂတ် မြေးတွေကိုတောင် ကူပေးလိုက်တာပါပဲ၊ 21 00:01:36,505 --> 00:01:38,763 စိတ်ရောဂါ ပညာရှင်တွေဟာ လူသားမျိုးဆက် တခုမကကို ကူညီပေးနိုင်တာမို့ 22 00:01:38,764 --> 00:01:45,363 ကျွန်တော်ဟာ စိတ်ရောဂါပညာကို သိပ် လေးစားလာခဲ့ပါတယ်။ 23 00:01:47,000 --> 00:01:51,334 ၁၉၉၁ ခုနှစ်မှာ ကျွန်တော်ဟာ ဦးနှောက် SPECT ပုံရိုက်ကူးမှု ပို့ချက်ချက်ကို တက်ခဲ့တယ်။ 24 00:01:51,353 --> 00:01:56,836 SPECT ဟာ ဦးနှောက်ရဲ့ သွေးစီးမှု နဲ့ တက်ကြွမှုဆိုင်ရာ နျူကလီယား ကျန်းမာရေးပညာပါ၊ 25 00:01:56,837 --> 00:02:00,168 ဦးနှောက် အလုပ်လုပ်ပုံကို လေ့လာတာပါ။ 26 00:02:00,748 --> 00:02:04,193 စိတ်ရောဂါကို ဆရာဝန်တွေအတွက် လူနာကို ကူပေးနိုင်မယ့် အချက်အလက်အသစ်တွေကို ပညာရှင် 27 00:02:04,194 --> 00:02:08,895 ပေးနိုင်မယ့် ကိရိယာ တခုအဖြစ် SPECT ကို မိတ်ဆက်ပေးခဲ့ပါတယ်။ 28 00:02:09,538 --> 00:02:13,337 ပို့ချချက်ထဲမှာ ဆေးကုသဖို့ ပုံရိုက်ကူးမှု နဲ့ စိတ်ရောဂါကု ပညာတို့ဟာ 29 00:02:13,338 --> 00:02:15,829 ပေါင်းစည်း လက်တွဲမိလာကြကာ 30 00:02:15,830 --> 00:02:20,505 ကျွန်တော့ဘဝကို တော်လှန်ပြောင်းလဲ ပစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ 31 00:02:21,045 --> 00:02:24,977 အဲဒီနောက်ပိုင်း ၂၂ နှစ်အတွင်းမှာ ကျွန်တော် နဲ့ ကျွန်တော့ လုပ်ဖက်တို့ဟာ 32 00:02:24,978 --> 00:02:29,609 လူနာတွေရဲ့ ပြုမူပုံကို လေ့လာဖို့အတွက် ဦးနှောက်ကို စကင်လုပ်ထားတဲ့ 33 00:02:29,610 --> 00:02:32,854 ကမ္ဘာ့အကြီးမားဆုံးဒေတာကို စုစည်းနိုင်ခဲ့ရာ ၉၃ နိုင်ငံမှ လူနာတွေပါဝင်ကြတယ်။ 34 00:02:33,592 --> 00:02:37,528 SPECT ဟာ ဦးနှောက်နဲ့ ပတ်သက်ပြီး ပြောပြနိုင်တဲ့ အဓိက အချက် သုံးချက်ရှိတယ်- 35 00:02:37,529 --> 00:02:41,071 ကောင်းမွန်တဲ့ တက်ကြွမှု၊ သိပ်နည်းနေခြင်း ဒါမှမဟုတ် သိပ်များနေခြင်းပါပဲ။ 36 00:02:41,072 --> 00:02:43,756 ဒါက ကျန်းမာနေတဲ့ SPECT စကင်တွေပါ။ 37 00:02:43,757 --> 00:02:48,199 ဘယ်ဘက် ပုံထဲမှာ ဦးနှောက်ရဲ့ ပြင်ပ မျက်နှာပြင်ကို ပြထားပါတယ်၊ 38 00:02:48,200 --> 00:02:53,176 ကျန်းမာတဲ့ စကင်ဆိုရင် ပြည့်ဝ၊ ညီညာနေကာ အချိုးညီတဲ့ တက်ကြွမှုကို ပြသပါတယ်။ 39 00:02:53,177 --> 00:02:58,146 အရေးကြီးတာက အရောင် မဟုတ်ဘဲ ပုံပန်းသဏ္ဍာန်ပါ၊ 40 00:02:58,147 --> 00:03:03,521 ညာဘက် ပုံထဲမှာ အနီရောင် နေရာတွေဟာ တက်ကြွမှု မြင့်မားတာကို ပြပါတယ်၊ 41 00:03:03,522 --> 00:03:08,837 ကျန်းးမာတဲ့ ဦးနှောက်ထဲမှာ ပုံမှန်အားဖြင့် ဦးနှောက်ရဲ့ နောက်ပိုင်းမှာ ရှိတာပါ။ 42 00:03:10,241 --> 00:03:14,128 ဟောဒီမှာကျတော့ ကျန်းမာတဲ့ စကင်ကို လေနှစ်ကြိမ်ဖြတ်ခဲ့သူရဲ့ စကင်နဲ့ ယှဉ်ထားတယ်။ 43 00:03:14,129 --> 00:03:16,796 တက်ကြွမှု ဟာပေါက်တွေကို ခင်ဗျားတို့ မြင်နိုင်ကြမှာပါ။ 44 00:03:17,502 --> 00:03:19,284 ဒီမှာ Alzheimer ရောဂါကို မြင်ရပုံပါပဲ၊ 45 00:03:19,285 --> 00:03:23,108 ဦးနှောက်ရဲ့ ကျောပိုင်း တဝက်ဟာ ပျက်စီးလာနေပါတယ်။ 46 00:03:23,109 --> 00:03:28,419 လက်တွေ့မှာ ကျတော့ Alzheimer ရောဂါဟာ ရောဂါလက္ခဏာ တစုံတခု ပေါ်မလာမီ 47 00:03:28,420 --> 00:03:33,014 နှစ်ပေါင်း 30 မှ 50 စောပြီး ဦးနှောက်ထဲမှာ စလာတာကို ခင်ဗျားတို့ သိကြလား? 48 00:03:34,171 --> 00:03:36,514 ဟောဒါက ဒဏ်ရာရထားတဲ့ ဦးနှောက်ရဲ့ စကင်ပါပဲ။ 49 00:03:36,515 --> 00:03:40,232 ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ပျော့နေကာ ဦးခေါင်းခွံကျတော့ တကယ့်ကို မာပါတယ်။ 50 00:03:41,002 --> 00:03:42,844 ဆေးအလွဲသုံးစာမှု ဆိုပါစို့။ 51 00:03:42,845 --> 00:03:47,059 ဦးနှောက်ကို ဖျက်ဆီးပစ်နေကြလို့ ဆေးတွေကို မသုံးစွဲသင့်ပါ။ 52 00:03:48,059 --> 00:03:49,753 စွဲလန်းမှုဟာ – ဆန္ဒပြင်းပြတဲ့ ပျက်စီးမှုပါ၊ 53 00:03:49,754 --> 00:03:52,925 ဦနှောက်ရဲ့ ရှေ့ပိုင်းဟာ အပြင်းအထန် အလုပ်လုပ်နေလို့ 54 00:03:53,745 --> 00:03:56,736 လူတွေဟာ သူတို့ရဲ့ အတွေးကို ပြောင်းလဲနိုင်စွမ်း မရှိကြတော့ပါ။ 55 00:03:57,406 --> 00:04:03,379 ဝက်ရူးပြန် ရောဂါဆိုရင် တက်ကြွမှု မြင့်တဲ့ နေရာတွေကို မကြာခဏ မြင်ရပါတယ်။ 56 00:04:04,473 --> 00:04:08,822 ၁၉၉၂ ခုနှစ်တုန်းက ကျွန်တော်ဟာ တနေ့လုံး တက်ရတဲ့ ဦးနှောက် SPECT ပုံရိုက်ကူးမှု 57 00:04:08,823 --> 00:04:11,959 တွေ့ဆုံပွဲကို တက်ခဲ့ရာ အံ့ဩစရာပါပဲ၊ ကျွန်တော်တို့က အစောပိုင်းနှစ်များထဲ 58 00:04:11,960 --> 00:04:17,899 စိတ်ရောဂါအတွက် SPECT ကို အသုံးချခဲ့ကြပုံ သုံးသပ်လေ့လာခဲ့ကြပါတယ်။ 59 00:04:17,901 --> 00:04:23,202 အဲဒီတွေ့ဆုံပွဲမှာ လေ့လာသူတွေက ကျယ်လောင်စွာ ညည်းလာကြတာက 60 00:04:23,203 --> 00:04:27,667 ကျွန်တော့လို ဆေးခန်းမှာ စိတ်ရောဂါကုသူတို့ဟာ စကင်ကို မလုပ်သင့်ဘူး၊ 61 00:04:27,668 --> 00:04:31,699 အဲဒါဟာ လေ့လာသူတွေအတွက် သက်သက်ပဲလို့ ဆိုလာကြပါတယ်။ 62 00:04:32,519 --> 00:04:37,196 သူများနဲ့မတူ စဉ်းစားတတ်သူ ဖြစ်ပြီး ဆေးခန်း အတွေ့အကြုံရှိတဲ့ ကျွန်တော်က 63 00:04:37,197 --> 00:04:40,251 အဲဒါဟာ စိတ်ညစ်စရာ အတွေးအခေါ်ဖြစ်တာ နားလည်လိုက်တယ်။ 64 00:04:40,252 --> 00:04:41,527 (ရယ်မောသံများ) 65 00:04:42,177 --> 00:04:44,198 ပုံကိုမရိုက်ကူးဘဲနဲ့ဆိုရင် 66 00:04:44,199 --> 00:04:49,913 စိတ်ရောဂါကု ဆရာဝန်ဟာ အရင်တုန်းကရော အခုပါ 67 00:04:49,914 --> 00:04:52,800 အဗရာဟမ် လင်ကွန်း စိတ်ဓာတ်ကျနေခဲ့စဉ် ၁၈၄၀ ခုနှစ်တုန်းကလိုပဲ၊ 68 00:04:52,801 --> 00:04:57,533 လူနာနဲ့ စကားပြောရင်း ရောဂါ လက္ခဏာတွေ တပုံကြီးကို ထည့်စဉ်းစားရင်း ကုခဲ့ကြတာပါ။ 69 00:04:58,323 --> 00:05:01,630 ပုံတွေကျတော့ ပိုကောင်းတဲ့ နည်းလမ်းရှိတာကို ကျွန်တော်တို့ကို ပြလာကြတယ်။ 70 00:05:01,631 --> 00:05:06,748 စိတ်ရောဂါကု ဆရာဝန်တွေဟာ သူတို့ ကုသပေးတဲ့ ခန္ဓာကိုအပိုင်းကို 71 00:05:06,749 --> 00:05:10,275 ကြည့်ရှုခြင်း မပြုလုပ်ကြတဲ့ တခုတည်းသော ပညာရှင်တွေဆိုတာ ခင်ဗျားတို့ သိခဲ့ကြလား? 72 00:05:10,276 --> 00:05:11,414 အဲဒါကို စဉ်းစားကြည့်ကြပါ! 73 00:05:11,894 --> 00:05:17,399 နှလုံးကု ပညာရှင်၊ အာရုံကြော ပညာရှင်၊ အရိုးကု ပညာရှင်၊ အားလုံး ကြည့်ကြပါတယ်၊ 74 00:05:17,400 --> 00:05:21,665 ကုသပေးကြတဲ့ အထူးကျွမ်းကျင် ပညာရှင်တွေ အားလုံးတို့ဟာ ကြည့်ရှုကြပါတယ်၊ 75 00:05:21,666 --> 00:05:23,579 စိတ်ရောဂါကုသူတွေကျတော့ ခန့်မှန်းကြပါတယ်။ 76 00:05:24,589 --> 00:05:25,937 ပုံကိုမရိုက်ကူးနိုင်စဉ်တုန်းက 77 00:05:25,938 --> 00:05:31,798 မှောင်မဲနေချိန်မှာ ကျွန်တော့ လူနာတွေကို မြားငယ်တွေနဲ့ ပစ်နေသလို ခံစားမိခဲ့တယ်၊ 78 00:05:31,799 --> 00:05:37,170 အဲဒါ တယောက်ယောက်ကို ထိမှန်သွားမှာကို ကျွန်တော် သိပ်ကို စိတ်ခြောက်ခြားနေခဲ့တယ်။ 79 00:05:37,760 --> 00:05:39,191 စိတ်ရောဂါကု ဆေး တော်တော်များဆီမှာ 80 00:05:39,192 --> 00:05:42,674 အထူးသတိပေးချက်တွေ ပါရှိတတ်တာဟာ အကြောင်းရှိပါတယ်။ 81 00:05:43,274 --> 00:05:49,230 အဲဒီလို ဆေးကို မတည့်တဲ့ လူကို ပေးမိရင် ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ မျှော်လင့်ရတယ်။ 82 00:05:51,722 --> 00:05:56,082 အစောပိုင်းနှစ်များတုန်းက ပုံရိုက်ကူးမှုမှ အရေးကြီးတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်၊ 83 00:05:56,083 --> 00:06:00,166 ADHD ရောဂါ၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ် ကျဆင်းမှု၊ စွဲလန်းမှုလို ရောဂါတွေဟာ၊ 84 00:06:00,183 --> 00:06:04,403 ဦးနှောက်ထဲက သာမန် ပြဿနာ ဒါမှမဟုတ် တခုတည်းသော ပြဿနာ မဟုတ်ဘဲ 85 00:06:04,404 --> 00:06:07,040 ပြဿာနာ မျိုးစုံ ရောယှက်နေခြင်းမို့လို့ပါ။ 86 00:06:07,041 --> 00:06:09,263 ဥပမာ၊ ဒီမှာ လူနာ နှစ်ယောက်ရှိတယ်၊ 87 00:06:09,264 --> 00:06:12,542 သူတို့နှစ်ယောက်စလုံးဆီမှာ စိတ်ဓာတ် အကြီးအကျယ် ကျနေတဲ့ ရောဂါရှိခဲ့တယ်။ 88 00:06:12,543 --> 00:06:18,105 အပြင်ပမ်းအားဖြင့် ရောဂါလက္ခဏာတွေ တူသလိုလို ရှိပေမဲ့၊ ဦးနှောက်ကျတော့ လုံးဝကို မတူပါ။ 89 00:06:18,106 --> 00:06:24,199 တယောက်ရဲ့ ဦးနှောက်ထဲမှာ တက်ကြွမှု နည်းတယ်၊ အခြားတယောက်ကျတော့ တက်ကြွမှု သိပ်မြင့်လှတယ်။ 90 00:06:25,464 --> 00:06:31,235 ဒါကို မမြင်ဘဲနဲ့ သူတို့ကို ဘာလုပ်ပေးရမယ် ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ? 91 00:06:31,662 --> 00:06:34,428 ကုသမှုကို ရောဂါလက္ခတွေ တပုံကြီးကို ကြည့်ပြီး မဟုတ်ဘဲ 92 00:06:34,429 --> 00:06:39,276 တဦးချင်ရဲ့ ဦးနှောက်ကို လိုက်ပြီး ညှိနှိုင်းလုပ်ဖို့ လိုအပ်တယ်။ 93 00:06:40,352 --> 00:06:42,276 ကျွန်တော်တို့ရဲ့ ပုံတွေရိုက်ကူးမှက ထောက်ပြနေသေးတာက 94 00:06:42,277 --> 00:06:48,514 ဦးနှောက်ကို နဲနဲလေး ထိခိုက်မှုဟာ စိတ်ရောဂါ ဖြစ်လာခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ကာ 95 00:06:48,515 --> 00:06:50,684 လူတွေရဲ့ ဘဝတွေကို ဖျက်ဆီးနေပါတယ်၊ 96 00:06:50,685 --> 00:06:55,713 တချိန်တည်းမှာ သူတို့ဟာ စိတ်ရောဂါကု ပညာရှင်အား ပြပေမဲ့ အဲဒါကို လက်တွေ့မှာ မသိတော့ 97 00:06:55,714 --> 00:07:00,690 စိတ်တိုမှု၊ ပူပန်မှု၊ စိတ်ဓာတ်ကျမှု နဲ့ အိပ်မရခြင်းလို ပြဿနာတွေကို ပြောပြကြတယ်၊ 98 00:07:00,691 --> 00:07:03,918 သူတို့က ပြဿနာဇာတ်ြမစ်ကို မမြင်နိုင်ကြတော့၊ ဘယ်လိုမှာမှ မသိနိုင်ခဲ့ကြပါ။ 99 00:07:04,838 --> 00:07:07,921 ဒါက ၁၅ နှစ်အရွယ် ကလေးတယောက်ရဲ့ စကင်ပုံပါ၊ 100 00:07:07,922 --> 00:07:11,615 သူဟာ သုံးနှစ်အရွယ်တုန်းက လှေခါးထစ် အတိုင်း အောက်ကို လဲကျသွားခဲ့တာပါ။ 101 00:07:12,335 --> 00:07:17,204 သူဟာ မိနစ်အနည်းငယ်ကြာမျှသာ သတိလစ်နေခဲ့ပေမဲ့၊ 102 00:07:18,554 --> 00:07:24,543 အဲဒီဒဏ်ရာရမှုကြောင့် အဲဒီကလေးရဲ့ ဘဝထဲမှာ 103 00:07:24,544 --> 00:07:27,549 ခံစားလာရတာဟာ မသက်သာလှခဲ့ပါ။ 104 00:07:27,550 --> 00:07:32,123 သူ့ကို ကျွန်တော် တွေ့ခဲ့စဉ် ၁၅ နှစ်အရွယ်မှာ သူဟာ အကြမ်းဖက်မှုကို 105 00:07:32,124 --> 00:07:36,525 ကုသရေး ရပ်ကွက်ဆိုင်ရာ အစီအစဉ်ထဲမှ ထုတ်ပစ်ခံလိုက်ရပါတယ်။ 106 00:07:36,526 --> 00:07:40,077 သူလိုအပ်နေခဲ့တာက ဦးနှောက် နာလန်ထူရေး အစီအစဉ် 107 00:07:40,078 --> 00:07:45,044 ဒါမှမဟုတ် ပြုမူမှု ကုသမှုကိုပါ၊ ဒါပေမဲ့ သူ့ကို ဘာမှမကြည့်ဘဲနဲ့ 108 00:07:45,045 --> 00:07:50,504 ဆေးတွေတပုံကြီးနဲ့ ကုသပေးမှုဟာ ရက်စက်လှပါတယ်။ 109 00:07:50,505 --> 00:07:52,984 သူရဲ့ ပြုမူမှုဟာ ပြဿနာ မဟုတ်ခဲ့ဘဲ ပြဿနာအား ထုတ်ဖေါ်ပြသမှု ဖြစ်ပေမဲ့၊ 110 00:07:52,985 --> 00:07:58,437 ပြုမူမှုကို ကုသဖို့ ကြိုးပမ်းနေခဲ့ကြတာပါ။ 111 00:07:59,500 --> 00:08:02,921 ဦးနှောက် ဒဏ်ရာရမှု ရောဂါကို စူးစမ်းဖေါ်ထုတ် မပေးနိုင်ခဲ့ခြင်းဟာ 112 00:08:02,922 --> 00:08:08,130 အိမ်မဲ့၊ ဆေးစွဲမှု၊ အရက်အလွဲသုံးစားမှု၊ စိတ်ဓာတ်ကျဆင်းမှု၊ ရုတ်တရက် ထိုးနှက်လိုမှု၊ 113 00:08:08,131 --> 00:08:11,617 ADHD နဲ့ လုပ်ကြံလိုမှုတို့ရဲ့ အကြောင်းရင်း ဖြစ်တာကို သုတေသီတွေ့ တွေ့ခဲ့ကြပါတယ်။ 114 00:08:12,126 --> 00:08:15,496 အီရတ် နဲ့ အာဖဂနစ္စတန် နိုင်ငံများမှနေပြီး ပြန်လာကြတဲ့ 115 00:08:15,497 --> 00:08:18,156 စစ်သားတွေ ရာချီ၊ ထောင်ချီတို့ဟာ 116 00:08:18,157 --> 00:08:20,565 လက်တွေ့မှာမှ ဘသူမှာမှ သူတို့ရဲ့ ဦးနှောက်ကို ရိုက်မကြည့်ကြတော့ 117 00:08:20,566 --> 00:08:25,342 ကျွန်တော်တို့ဟာ တကယ့် ကပ်ဘေးကြီးကို အချိန် ဆိုင်းငံ့ထားသလို ဖြစ်နေပါတယ်။ 118 00:08:26,749 --> 00:08:30,815 ကျွန်တော်တို့ဟာ SPECT ကို ဆက်လုပ်ကိုင်လာကြရာ 119 00:08:30,816 --> 00:08:35,318 ဝေဖန်သံတွေ ပိုပိုကျယ်လောင်လာခဲ့တယ်၊ ရရှိတဲ့ သင်ခန်းစားတွေလဲ တိုးလာခဲ့ပါတယ်။ 120 00:08:36,140 --> 00:08:40,576 တရားသူကြီး နဲ့ ရှေ့နေတွေဟာ ရာဇဝတ်ကောင်ရဲ့ အပြုအမူကို နားလည်ဖို့ အကူအညီတောင်းလာကြတယ်။ 121 00:08:40,577 --> 00:08:43,822 ဒီနေ့အထိ ကျွန်တော်တို့ဟာ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့သူ ၅၀၀ ကို စကင် လုပ်ခဲ့ပါပြီ၊ 122 00:08:43,823 --> 00:08:46,415 လူသတ်ကောင် ၉၀ ပါခဲ့ပါတယ်။ 123 00:08:46,956 --> 00:08:49,750 ကျွန်တော်တို့ရဲ့ အလုပ်မှ သိလာရတာက ဆိုးဝါးတဲ့ အရာတွေကို လုပ်ကြတဲ့ လူတွေရဲ့ 124 00:08:49,751 --> 00:08:52,055 ဦးနှောက်ထဲမှာ မကြာခဏဆိုသလို ပြဿနာတွေ ရှိတတ်ပါတယ်။ 125 00:08:52,056 --> 00:08:54,133 အဲဒါဟာ ဘာမှ အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။ 126 00:08:54,134 --> 00:08:56,708 ကျွန်တော်တို့ကို အံ့ဩလာစေခဲ့တဲ့ အချက်က 127 00:08:56,709 --> 00:09:02,293 အဲဒီလို ဦးနှောက် တော်တော်များများကို ပြန်လည်ကုသပေးလို့ ရနိုင်ခဲ့ခြင်းပါပဲ။ 128 00:09:03,540 --> 00:09:05,544 အဲဒါနဲ့ လုံးဝကို ဆန်းသစ်တဲ့ စိတ်ကူးပေါ်လာခဲ့တယ်။ 129 00:09:05,545 --> 00:09:08,529 ကျွန်တော်တို့ဟာ ပြဿနာရှိနေကြတဲ့ ဦးနှောက်တွေကို အန္တရာယ်များကာ ဖိစီးနေတဲ့ 130 00:09:08,530 --> 00:09:13,558 ဝန်းကျင်မျိုးထဲမှာ ပစ်ထားမယ့်အစား ခေါ်ယူပြီး စိစစ်ကုပေးကြမယ် ဆိုရင်ကော? 131 00:09:13,559 --> 00:09:19,625 ကျွန်တော့အတွေ့အကြုံအရဆိုရင် အဲဒီလိုလူတွေကို ပိုနေထိုင်လွယ်အောင် 132 00:09:20,345 --> 00:09:23,299 လုပ်ပေးလိုက်ခြင်းဖြင့်၊ သူတို့ ထောင်ထဲမှ ထွက်လာကြတဲ့ အခါမှာ၊ 133 00:09:23,300 --> 00:09:27,238 သူတို့ဟာ အလုပ်လုပ်လာနိုင်ကြမယ်၊ သူတို့ မိသားစုကို ကူပေးနိုင်ကြကာ 134 00:09:27,239 --> 00:09:31,049 အခွန်တွေကို ထမ်းဆောင်ပေးနိုင်ကြမှာပါ။ 135 00:09:32,389 --> 00:09:35,538 Dostoyevsky က တကြိမ်တုန်းက ပြောခဲ့တာက၊ "လူ့အဖွဲ့အစည်း တရပ်ကို အကဲဖြတ်ရာတွင် 136 00:09:35,539 --> 00:09:38,805 ၎င်းက နာမည်ကြီး ပုဂ္ဂိုလ်တွေကို ဆက်ဆံပုံကို မဟုတ်ဘဲ 137 00:09:39,905 --> 00:09:42,737 ၎င်းရဲ့ ရာဇဝတ်ကောင်တွေကို ဆက်ဆံပုံကို ကြည့်သင့်ပါတယ်။" 138 00:09:43,277 --> 00:09:47,481 ရာဇဝတ်မှုကို ဒဏ်ခတ်စီရင်မှုအစား 139 00:09:47,482 --> 00:09:53,686 ကျွန်တော်တို့ဟာ ရာဇဝတ်မှုကို အကဲခတ်မှု နဲ့ ကုသမှု အကြောင်းကို စဉ်းစားသင့်ပါတယ်။ 140 00:09:53,687 --> 00:09:55,191 (လက်ခုပ်သံများ) 141 00:10:00,074 --> 00:10:04,528 ဒီတော့ ၂၂ နှစ်ကြာ အလုပ်လုပ်ခဲ့ကာ စကင် ၈၃၀၀၀ လုပ်ပြီးခဲ့တဲ့နောက်မှာ 142 00:10:05,378 --> 00:10:10,077 ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ ရယူနိုင်ခဲ့တဲ့ တခုတည်းသော သင်ခန်းစာမှာ 143 00:10:10,078 --> 00:10:12,495 ကျွန်တော်တို့ လူတွေရဲ့ ဦးနှောက်ကို တကယ့်ကို ပြောင်းလဲနိုင်ကြပါတယ်။ 144 00:10:13,365 --> 00:10:16,242 အဲဒီလို လုပ်ပေးနိုင်ခြင်းက သူတို့ရဲ့ ဘဝကိုပါ ပြောင်းလဲပေးတာပါ။ 145 00:10:16,243 --> 00:10:18,548 ကျွန်တော်တို့ဟာ ရှိနေတဲ့ ဦးနှောက်နဲ့ တသက်လုံး နေထိုင်ရန် မလိုပါ၊ 146 00:10:18,549 --> 00:10:21,874 ကျွန်တော်တို့ဟာ ၎င်းကို ပိုကောင်းလာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ 147 00:10:22,524 --> 00:10:26,798 ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ဟာ ကစားနေဆဲ နဲ့ အငြိမ်းစား NFL အားကစားသမားတွေကို 148 00:10:26,799 --> 00:10:29,881 ပထမဦးဆုံး အကြိမ်အဖြစ် အကျယ်ပြန့်ဆုံး 149 00:10:29,882 --> 00:10:34,275 လေ့လာမှုကို ပြုလုပ်ခဲ့ကြရာ အဲဒီ အားကစားသမားတွေဆီမှာ 150 00:10:34,276 --> 00:10:38,045 ဒဏ်ရာတွေ အများအပြား ရှိနေတာကို တွေ့ခဲ့ကြတယ်၊ 151 00:10:38,046 --> 00:10:40,742 NFL ကျတော့ ဘောလုံးကစားမှုက ရေရှည် ဦးနှောက် ဒဏ်ရာတွေ ရှိတာကို မသိရှိခဲ့ပါ။ 152 00:10:41,562 --> 00:10:44,106 တကယ်တော့ သူတို့ဟာ အဲဒါကို မသိချင်ခဲ့ကြတာပါ။ 153 00:10:44,107 --> 00:10:45,327 အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။ 154 00:10:45,334 --> 00:10:48,210 တကယ်လို့များ အစဉ်းစားတတ်ဆုံး ၉ နှစ်အရွယ် ကလေးတွေကို ခေါ်ယူပြီး၊ 155 00:10:48,217 --> 00:10:52,334 ဦးနှောက်ဟာ ပျော့ကာ ထောပတ်လို အနေအထားမျိုး ရှိတာ၊ 156 00:10:52,335 --> 00:10:56,423 ၎င်းကို တကယ့်ကို မာကျောလှပြီး ချွန်ထက်နေတဲ့ အရိုးတွေရှိတဲ့ ဦးခေါင်းခွံထဲမှာ ရှိနေတာ 157 00:10:56,424 --> 00:10:59,765 ပြောပြပါက လူ ၃၀ အထဲက ၂၈ ဦးတို့က၊ 158 00:10:59,766 --> 00:11:02,259 "ကျွန်တော်တို့ရဲ့ ဘဝအတွက် သိပ်မကောင်း ပါကလား"လို့ ဆိုကြမှာ သေချာတယ်။ 159 00:11:02,260 --> 00:11:03,932 (ရယ်မောသံများ) 160 00:11:04,812 --> 00:11:09,801 ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာက အားကစားသမားတွေကို 161 00:11:09,802 --> 00:11:14,736 ဦးနှောက် စမတ်ဖြစ်လာရေး အစီအစဉ်ကို လုပ်ခိုင်းခဲ့ကြလို့ 162 00:11:14,737 --> 00:11:20,019 သူတို့ထဲက ၈၀ % တို့ဟာ သူတို့ရဲ့ဒ သွေးစီးမှု၊ မှတ်ဉာဏ်၊ 163 00:11:20,020 --> 00:11:23,845 စိတ်နေစိတ်ထား စတာတွေကို များစွာမှ တိုးတက်လာတာကို တွေ့လိုက်ရခြင်းပါပဲ၊ 164 00:11:23,846 --> 00:11:27,148 ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ ဦးနှောက်နဲ့ တသက်လုံး နေထိုင်ဖို့ မလိုပါ၊ 165 00:11:27,149 --> 00:11:31,329 ကျွန်တော်တိုဟာ ဦးနှောက် စမတ်ဖြစ်ရေး အစီ အစဉ်နဲ့ဆိုရင် ပိုကောင်းလာစေနိုင်ပါတယ်။ 166 00:11:31,330 --> 00:11:33,038 အဲဒါ စိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား? 167 00:11:33,039 --> 00:11:34,829 ကျွန်တော်ဟာ သိပ်ကို စိတ်လှုပ်ရှားမိပါတယ်။ 168 00:11:34,834 --> 00:11:39,126 ဦးနှောက် ဒဏ်ရာရမှုကို ပြန်ပြုပြင်ပေးရေးဟာ သိပ်ကို စိတ်လှုပ်ရှားစရာ မျက်နှာစာပါပဲ၊ 169 00:11:39,127 --> 00:11:42,709 ဒါပေမဲ့ လက်တွေ့မှာ အသုံးချနိုင်မှုဟာ များစွာမှ ကျယ်ပြန့်ပါတယ်။ 170 00:11:42,710 --> 00:11:47,163 ADHD ရှိနေတဲ့ ဆယ်ကျော်အရွယ် ကလေးမ တစ်ယောက်ရဲ့ စကင်ကို ကြည့်ကြပါ၊ 171 00:11:47,164 --> 00:11:52,240 သူဟာ သူ့ကိုသူ လှီးဖြတ်နေခဲ့တယ်၊ ကျောင်းမှာ စာမေးပွဲကျနေခဲ့ကာ မိဘတွေနဲ့ တိုက်ပွဲဖြစ်နေသူပါ။ 172 00:11:52,880 --> 00:11:55,306 ကျွန်တော်တို့က သူ့ဦးနှောက်ကို မြှင့်တင်ပေးလိုက်တော့၊ 173 00:11:55,307 --> 00:12:00,096 သူဟာ D တွေ F တွေကို ရခဲ့ရာမှ A တွေနဲ့ B တွေကို ရလာတယ်၊ 174 00:12:00,097 --> 00:12:02,799 ပြီးတေ့ သူ့စိတ်ဟာ များစွာမှ တည်ငြိမ်လာခဲ့တယ်။ 175 00:12:03,389 --> 00:12:05,485 Nancy ရဲ့ စကင်ကို ယူကြည့်ကြပါစို့။ 176 00:12:05,486 --> 00:12:08,693 Nancy ဆီမှာ ဦးနှောက် ဒဏ်ရာရှိခဲ့ဘူးတယ်၊ 177 00:12:08,694 --> 00:12:13,332 သူမဆရာဝန်က သူမအတွက် ဂေဟါတခုကို ရှာဖို့ သူ့ယောင်္ကျားကို မှာတယ်၊ 178 00:12:13,333 --> 00:12:17,517 တနှစ်အတွင်းမှာ သူမဟာ သူ့နာမည်ကို မှတ်မိတော့မှာ မဟုတ်လို့ပါ။ 179 00:12:18,377 --> 00:12:24,984 ဒါပေမဲ့ ဦးနှောက် နာလန်ထူရေး အစီအစဉ်နဲ့ အပြင်းအထန် ကုပေးလိုက်လို့ 180 00:12:25,814 --> 00:12:30,407 Nancy ရဲ့ ဦးနှောက်တင်မက မှတ်ဉာဏ်ပါ ပိုကောင်းလာကာ 181 00:12:30,408 --> 00:12:35,987 လေးနှစ် ကြာလာတာတေ င် Nancy ဟာ သူ့ယောက်ျားရဲ့ အမည်ကို မှတ်မိနေတုန်းပါ။ 182 00:12:36,969 --> 00:12:41,253 ဒီအချက်ကို ထောက်ပြဖို့ ကျွန်တော် သိပ်ကြိုက်တဲ့ ဖြစ်ရပ်ရှိပါတယ်- Andrew ။ 183 00:12:41,253 --> 00:12:45,160 ၉ နှစ်အရွယ် ကလေးဘဝတုန်းက သူဟာ ခိုင်လုံတဲ့ အကြောင်းမရှိဘဲ ကလေးမလေးကို 184 00:12:45,161 --> 00:12:47,399 ဘေ့စ်ဘော ကစားကွင်းမှာ တိုက်ခဲ့ပါတယ်။ 185 00:12:47,400 --> 00:12:50,758 ပြီးတော့ သူဟာ သူ့ကိုသူ ပုံဆွဲလေ့ ရှိတတ်ရာ 186 00:12:50,759 --> 00:12:55,041 သစ်ပင်ပေါ်မှနေပြီး အခြားကလေးတွေကို သေနတ်နဲ့ ပစ်တဲ့ ပုံပါပဲ။ 187 00:12:56,308 --> 00:13:00,204 Andrew ဟာ တနေ့နေ့တွင် Columbine၊ Aurora 188 00:13:01,664 --> 00:13:04,490 နှင့် Sandy Hook လိုဟာမျိုး ဖြစ်လာခဲ့မှာပါ။ 189 00:13:04,491 --> 00:13:06,956 စိတ်ရောဂါကု ပညာရှင် အများစုဟာ Eric Harris နဲ့ လူတွေကို အစုလိုက် သတ်ခဲ့တဲ့ 190 00:13:06,957 --> 00:13:11,491 အခြား လူသတ်သမားတွေလိုပဲ သူတို့ကို အဲဒီရာဇတ်မှုတွေ မကျူးလွန်ခဲ့မှာ 191 00:13:11,492 --> 00:13:14,355 ဆေးတွေနဲ့ ကုသခဲ့ကြသလိုပဲ Andrew ကိုပါ ကုသခဲ့ကြမှာပါ။ 192 00:13:14,356 --> 00:13:19,060 ဒါပေမဲ့ SPECT ပုံတွေကို လုပ်ကိုင်မှုအရ သူ့ဦးနှောက်ကို ကြည့်ရန် လိုပြီး 193 00:13:19,061 --> 00:13:23,885 သူလိုအပ်တာကို သိလာဖို့အတွက် အမှောင်ထဲမှာ မြားငယ်တွေနဲ့ မပစ်သင့်တာ ကျွန်တော် သိနေပြီ။ 194 00:13:24,465 --> 00:13:30,209 သူရဲ့ SPECT စကင်က သူ့ဆီမှာ ဂေါက်သီးအလုံးလို ပြည်တည်အိတ် တခု 195 00:13:30,210 --> 00:13:34,005 ဘယ်ဘက် နားထင်မှာ ရှိနေတာကို ပြသပါတယ်။ 196 00:13:34,006 --> 00:13:37,737 ဒီတော့ Andrew ဘယ်လောက်ဘဲ ပေးကုကု ကုပေးနိုင်ခဲ့မှာ မဟုတ်ပါ။ 197 00:13:37,738 --> 00:13:40,075 အဲဒီ ပြည်တည်အိတ်ကို ဖယ်ရှားပစ်လိုက်တော့၊ 198 00:13:41,685 --> 00:13:45,150 သူရဲ့ ပြုမူပုံဟာ လုံးဝကို ပြောင်းသွားပြီး ပုံမှန် ပြန်ဖြစ်လာတတယ်၊ 199 00:13:45,151 --> 00:13:50,863 သူဟာ သူ အစဉ် လိုချင်ခဲ့သလိုပဲ အချစ်ဆုံး အကောင်းဆုံး ကောင်လေး ဖြစ်ခဲ့တယ်။ 200 00:13:51,738 --> 00:13:55,510 ဒီနေ့ ၁၈ နှစ်ကြာသွားတဲ့ နောက်မှာ ကျွန်တော့တူ ဖြစ်တဲ့ Andrew ဟာ 201 00:13:56,520 --> 00:14:01,237 ကိုယ်ပိုင် အိမ်နဲ့နေထိုင်သူ၊ အလုပ်ရှိနေသူ အခွန်ထမ်း တယောက်ပါ။ 202 00:14:01,238 --> 00:14:03,309 (ရယ်မောသံများ) 203 00:14:03,310 --> 00:14:07,418 တယောက်ယောက်က သူ့ဦးနှောက်ကို ပုံရိုက်ကြည့်ဖို့ စိတ်ကူးရခဲ့လို့၊ 204 00:14:07,419 --> 00:14:10,530 သူဟာ ပိုကောင်းတဲ့ သားတယောက် ဖြစ်လာခဲ့တယ်၊ 205 00:14:10,531 --> 00:14:16,480 ကြည့်ရတာ ယောက်ျားကောင် တယောက်၊ ကောင်းမွန်တဲ့ ဖခင်၊ အဖိုးလည်း ဖြစ်လာမှာပါ။ 206 00:14:17,781 --> 00:14:22,563 အဲဒီလို လူတယောက်ရဲ့ ဦးနှောက်ကို ပြောင်းလဲပေးနိုင်တယ် ဆိုရင်၊ 207 00:14:22,564 --> 00:14:25,660 အဲဒီလူရဲ့ ဘဝကိုသာ ပြောင်းလဲ ပေးလိုက်ခြင်း မကဘဲ 208 00:14:25,661 --> 00:14:30,745 နောင်လာ မျိုးဆက်များကိုပါ ပြောင်းလဲ ပေးနိုင်တဲ့ အခွင့်အလားကြီးပါပဲ။ 209 00:14:31,627 --> 00:14:33,569 ကျွန်တော်က ဒေါက်တာ Daniel Amen ပါ။ ကျေးဇူးတင်ပါတယ်။ 210 00:14:33,570 --> 00:14:35,255 (လက်ခုပ်သံများ)