ဒီဟောပြောချက်ထဲမှာ ကျွန်တော်ဟာ
ကျွန်တော့ လုပ်ဘက်များ နဲ့ ကျွန်တော်တို့က
ဦးနှောက် စကင်လုပ်မှု ၈၃၀၀၀ မှ သိလာရတဲ့
အရေးကြီးဆုံးအချက်တွေကို ပြောပြပါမယ်။
ဒါပေမဲ့၊ ဦးစွာ အဲဒါနဲ့ ဆက်စပ်နေတဲ့
အကြောင်းတွေကို ပြောဖို့ လိုပါမယ်။
ကျွန်တော်ဆီမှာ ကလေး ခုနစ်ယောက်
ဝန်းရံလျက် ရှိနေသူပါ။
ကြီးလာတော့ အဖေက ကျွန်တော့ကို
သမရိုးကျ မဟုတ်ဘူးလို့ ခေါ်ခဲ့ပါတယ်၊
သိပ်ကောင်းတာ မဟုတ်တဲ့ သဘောပါ။
(ရယ်မောသံများ)
၁၉၇၂ ခုနှစ်မှာ စစ်တပ်က
ကျွန်တော့ဆီ ဖုန်းဆက်လာတယ်၊
ခြေလျင်တပ် ဆရာဝန်အဖြစ် သင်တန်းတက်ခဲ့ရာ
ဆေးပညာကို မြတ်နိုးစိတ် ပေါ်လာခဲ့တာပါ။
ဒါပေမဲ့ ပစ်သတ်ခံရမှာ ဒါမှမဟုတ် ရွှံနွံထဲ
အိပ်ရမှာကို ကျွန်တော် မကြိုက်ခဲ့တော့
ကျွန်တော်ဟာ ဓာတ်မှန် ကျွမ်းကျင် ပညာရှင်
သင်တန်းကို ပြန်တက်ခဲ့ပါတယ်၊
ကုသမှုအတွက် ပုံရိုက်ကူးမှု ပညာကို
သိပ်ကြိုက်လို့ အထူးပြုလေ့လာခဲ့ပါတယ်။
"မကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ?"-
ပါမောက္ခတွေကို ဆိုကြတာိကိုး။
၁၉၇၉ ခုနှစ်မှာ
ဒုတိယနှစ် ဆေးကျောင်းသား ဘဝတုန်းက
ကျွန်တော့ မိသားစုထဲက တယောက်ဟာ တကယ့်ကို
ကိုယ့်ကိုယ်ကို လုပ်ကြံလိုစိတ် ရှိလာခဲ့တယ်၊
အဲဒါနဲ့ သူ့ကို သိပ်ကောင်းတဲ့
စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားတယ်။
နောက်မှာ ကျွန်တော် စဉ်းစားမိတာက
ဆရာဝန်ဟာ သူ့ကို ကူညီပေးနိုင်ခဲ့တာက
သူ့အသက်ကို ကယ်ပေးလိုက်ရုံသာမက၊
စိတ်ချမ်းသာနေကာ တည်ငြိမ်နေတဲ့ လူတယောက်က
သူတို့ကို စောင့်ရှောက်ပေးမယ်ဆိုတော့
သူ့ကလေးတွေကို၊ သူ့အနာဂတ် မြေးတွေကိုတောင်
ကူပေးလိုက်တာပါပဲ၊
စိတ်ရောဂါ ပညာရှင်တွေဟာ လူသားမျိုးဆက်
တခုမကကို ကူညီပေးနိုင်တာမို့
ကျွန်တော်ဟာ စိတ်ရောဂါပညာကို သိပ်
လေးစားလာခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာ ကျွန်တော်ဟာ ဦးနှောက် SPECT
ပုံရိုက်ကူးမှု ပို့ချက်ချက်ကို တက်ခဲ့တယ်။
SPECT ဟာ ဦးနှောက်ရဲ့ သွေးစီးမှု နဲ့
တက်ကြွမှုဆိုင်ရာ နျူကလီယား ကျန်းမာရေးပညာပါ၊
ဦးနှောက် အလုပ်လုပ်ပုံကို လေ့လာတာပါ။
စိတ်ရောဂါကို ဆရာဝန်တွေအတွက် လူနာကို
ကူပေးနိုင်မယ့် အချက်အလက်အသစ်တွေကို ပညာရှင်
ပေးနိုင်မယ့် ကိရိယာ တခုအဖြစ် SPECT ကို
မိတ်ဆက်ပေးခဲ့ပါတယ်။
ပို့ချချက်ထဲမှာ ဆေးကုသဖို့ ပုံရိုက်ကူးမှု
နဲ့ စိတ်ရောဂါကု ပညာတို့ဟာ
ပေါင်းစည်း လက်တွဲမိလာကြကာ
ကျွန်တော့ဘဝကို တော်လှန်ပြောင်းလဲ
ပစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။
အဲဒီနောက်ပိုင်း ၂၂ နှစ်အတွင်းမှာ
ကျွန်တော် နဲ့ ကျွန်တော့ လုပ်ဖက်တို့ဟာ
လူနာတွေရဲ့ ပြုမူပုံကို လေ့လာဖို့အတွက်
ဦးနှောက်ကို စကင်လုပ်ထားတဲ့
ကမ္ဘာ့အကြီးမားဆုံးဒေတာကို စုစည်းနိုင်ခဲ့ရာ
၉၃ နိုင်ငံမှ လူနာတွေပါဝင်ကြတယ်။
SPECT ဟာ ဦးနှောက်နဲ့ ပတ်သက်ပြီး
ပြောပြနိုင်တဲ့ အဓိက အချက် သုံးချက်ရှိတယ်-
ကောင်းမွန်တဲ့ တက်ကြွမှု၊ သိပ်နည်းနေခြင်း
ဒါမှမဟုတ် သိပ်များနေခြင်းပါပဲ။
ဒါက ကျန်းမာနေတဲ့ SPECT စကင်တွေပါ။
ဘယ်ဘက် ပုံထဲမှာ ဦးနှောက်ရဲ့ ပြင်ပ
မျက်နှာပြင်ကို ပြထားပါတယ်၊
ကျန်းမာတဲ့ စကင်ဆိုရင် ပြည့်ဝ၊ ညီညာနေကာ
အချိုးညီတဲ့ တက်ကြွမှုကို ပြသပါတယ်။
အရေးကြီးတာက အရောင် မဟုတ်ဘဲ
ပုံပန်းသဏ္ဍာန်ပါ၊
ညာဘက် ပုံထဲမှာ အနီရောင် နေရာတွေဟာ
တက်ကြွမှု မြင့်မားတာကို ပြပါတယ်၊
ကျန်းးမာတဲ့ ဦးနှောက်ထဲမှာ ပုံမှန်အားဖြင့်
ဦးနှောက်ရဲ့ နောက်ပိုင်းမှာ ရှိတာပါ။
ဟောဒီမှာကျတော့ ကျန်းမာတဲ့ စကင်ကို
လေနှစ်ကြိမ်ဖြတ်ခဲ့သူရဲ့ စကင်နဲ့ ယှဉ်ထားတယ်။
တက်ကြွမှု ဟာပေါက်တွေကို ခင်ဗျားတို့
မြင်နိုင်ကြမှာပါ။
ဒီမှာ Alzheimer ရောဂါကို မြင်ရပုံပါပဲ၊
ဦးနှောက်ရဲ့ ကျောပိုင်း တဝက်ဟာ
ပျက်စီးလာနေပါတယ်။
လက်တွေ့မှာ ကျတော့ Alzheimer ရောဂါဟာ
ရောဂါလက္ခဏာ တစုံတခု ပေါ်မလာမီ
နှစ်ပေါင်း 30 မှ 50 စောပြီး ဦးနှောက်ထဲမှာ
စလာတာကို ခင်ဗျားတို့ သိကြလား?
ဟောဒါက ဒဏ်ရာရထားတဲ့ ဦးနှောက်ရဲ့ စကင်ပါပဲ။
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ပျော့နေကာ
ဦးခေါင်းခွံကျတော့ တကယ့်ကို မာပါတယ်။
ဆေးအလွဲသုံးစာမှု ဆိုပါစို့။
ဦးနှောက်ကို ဖျက်ဆီးပစ်နေကြလို့ ဆေးတွေကို
မသုံးစွဲသင့်ပါ။
စွဲလန်းမှုဟာ – ဆန္ဒပြင်းပြတဲ့ ပျက်စီးမှုပါ၊
ဦနှောက်ရဲ့ ရှေ့ပိုင်းဟာ အပြင်းအထန်
အလုပ်လုပ်နေလို့
လူတွေဟာ သူတို့ရဲ့ အတွေးကို
ပြောင်းလဲနိုင်စွမ်း မရှိကြတော့ပါ။
ဝက်ရူးပြန် ရောဂါဆိုရင် တက်ကြွမှု
မြင့်တဲ့ နေရာတွေကို မကြာခဏ မြင်ရပါတယ်။
၁၉၉၂ ခုနှစ်တုန်းက ကျွန်တော်ဟာ တနေ့လုံး
တက်ရတဲ့ ဦးနှောက် SPECT ပုံရိုက်ကူးမှု
တွေ့ဆုံပွဲကို တက်ခဲ့ရာ အံ့ဩစရာပါပဲ၊
ကျွန်တော်တို့က အစောပိုင်းနှစ်များထဲ
စိတ်ရောဂါအတွက် SPECT ကို အသုံးချခဲ့ကြပုံ
သုံးသပ်လေ့လာခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ လေ့လာသူတွေက
ကျယ်လောင်စွာ ညည်းလာကြတာက
ကျွန်တော့လို ဆေးခန်းမှာ စိတ်ရောဂါကုသူတို့ဟာ
စကင်ကို မလုပ်သင့်ဘူး၊
အဲဒါဟာ လေ့လာသူတွေအတွက်
သက်သက်ပဲလို့ ဆိုလာကြပါတယ်။
သူများနဲ့မတူ စဉ်းစားတတ်သူ ဖြစ်ပြီး ဆေးခန်း
အတွေ့အကြုံရှိတဲ့ ကျွန်တော်က
အဲဒါဟာ စိတ်ညစ်စရာ အတွေးအခေါ်ဖြစ်တာ
နားလည်လိုက်တယ်။
(ရယ်မောသံများ)
ပုံကိုမရိုက်ကူးဘဲနဲ့ဆိုရင်
စိတ်ရောဂါကု ဆရာဝန်ဟာ အရင်တုန်းကရော
အခုပါ
အဗရာဟမ် လင်ကွန်း စိတ်ဓာတ်ကျနေခဲ့စဉ်
၁၈၄၀ ခုနှစ်တုန်းကလိုပဲ၊
လူနာနဲ့ စကားပြောရင်း ရောဂါ လက္ခဏာတွေ
တပုံကြီးကို ထည့်စဉ်းစားရင်း ကုခဲ့ကြတာပါ။
ပုံတွေကျတော့ ပိုကောင်းတဲ့ နည်းလမ်းရှိတာကို
ကျွန်တော်တို့ကို ပြလာကြတယ်။
စိတ်ရောဂါကု ဆရာဝန်တွေဟာ သူတို့
ကုသပေးတဲ့ ခန္ဓာကိုအပိုင်းကို
ကြည့်ရှုခြင်း မပြုလုပ်ကြတဲ့ တခုတည်းသော
ပညာရှင်တွေဆိုတာ ခင်ဗျားတို့ သိခဲ့ကြလား?
အဲဒါကို စဉ်းစားကြည့်ကြပါ!
နှလုံးကု ပညာရှင်၊ အာရုံကြော ပညာရှင်၊
အရိုးကု ပညာရှင်၊ အားလုံး ကြည့်ကြပါတယ်၊
ကုသပေးကြတဲ့ အထူးကျွမ်းကျင် ပညာရှင်တွေ
အားလုံးတို့ဟာ ကြည့်ရှုကြပါတယ်၊
စိတ်ရောဂါကုသူတွေကျတော့ ခန့်မှန်းကြပါတယ်။
ပုံကိုမရိုက်ကူးနိုင်စဉ်တုန်းက
မှောင်မဲနေချိန်မှာ ကျွန်တော့ လူနာတွေကို
မြားငယ်တွေနဲ့ ပစ်နေသလို ခံစားမိခဲ့တယ်၊
အဲဒါ တယောက်ယောက်ကို ထိမှန်သွားမှာကို
ကျွန်တော် သိပ်ကို စိတ်ခြောက်ခြားနေခဲ့တယ်။
စိတ်ရောဂါကု ဆေး တော်တော်များဆီမှာ
အထူးသတိပေးချက်တွေ ပါရှိတတ်တာဟာ
အကြောင်းရှိပါတယ်။
အဲဒီလို ဆေးကို မတည့်တဲ့ လူကို ပေးမိရင်
ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ မျှော်လင့်ရတယ်။
အစောပိုင်းနှစ်များတုန်းက ပုံရိုက်ကူးမှုမှ
အရေးကြီးတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်၊
ADHD ရောဂါ၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဓာတ်
ကျဆင်းမှု၊ စွဲလန်းမှုလို ရောဂါတွေဟာ၊
ဦးနှောက်ထဲက သာမန် ပြဿနာ ဒါမှမဟုတ်
တခုတည်းသော ပြဿနာ မဟုတ်ဘဲ
ပြဿာနာ မျိုးစုံ ရောယှက်နေခြင်းမို့လို့ပါ။
ဥပမာ၊ ဒီမှာ လူနာ နှစ်ယောက်ရှိတယ်၊
သူတို့နှစ်ယောက်စလုံးဆီမှာ စိတ်ဓာတ်
အကြီးအကျယ် ကျနေတဲ့ ရောဂါရှိခဲ့တယ်။
အပြင်ပမ်းအားဖြင့် ရောဂါလက္ခဏာတွေ တူသလိုလို
ရှိပေမဲ့၊ ဦးနှောက်ကျတော့ လုံးဝကို မတူပါ။
တယောက်ရဲ့ ဦးနှောက်ထဲမှာ တက်ကြွမှု နည်းတယ်၊
အခြားတယောက်ကျတော့ တက်ကြွမှု သိပ်မြင့်လှတယ်။
ဒါကို မမြင်ဘဲနဲ့ သူတို့ကို ဘာလုပ်ပေးရမယ်
ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မလဲ?
ကုသမှုကို ရောဂါလက္ခတွေ တပုံကြီးကို
ကြည့်ပြီး မဟုတ်ဘဲ
တဦးချင်ရဲ့ ဦးနှောက်ကို လိုက်ပြီး
ညှိနှိုင်းလုပ်ဖို့ လိုအပ်တယ်။
ကျွန်တော်တို့ရဲ့ ပုံတွေရိုက်ကူးမှက
ထောက်ပြနေသေးတာက
ဦးနှောက်ကို နဲနဲလေး ထိခိုက်မှုဟာ စိတ်ရောဂါ
ဖြစ်လာခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်ကာ
လူတွေရဲ့ ဘဝတွေကို ဖျက်ဆီးနေပါတယ်၊
တချိန်တည်းမှာ သူတို့ဟာ စိတ်ရောဂါကု
ပညာရှင်အား ပြပေမဲ့ အဲဒါကို လက်တွေ့မှာ မသိတော့
စိတ်တိုမှု၊ ပူပန်မှု၊ စိတ်ဓာတ်ကျမှု နဲ့
အိပ်မရခြင်းလို ပြဿနာတွေကို ပြောပြကြတယ်၊
သူတို့က ပြဿနာဇာတ်ြမစ်ကို မမြင်နိုင်ကြတော့၊
ဘယ်လိုမှာမှ မသိနိုင်ခဲ့ကြပါ။
ဒါက ၁၅ နှစ်အရွယ် ကလေးတယောက်ရဲ့
စကင်ပုံပါ၊
သူဟာ သုံးနှစ်အရွယ်တုန်းက လှေခါးထစ်
အတိုင်း အောက်ကို လဲကျသွားခဲ့တာပါ။
သူဟာ မိနစ်အနည်းငယ်ကြာမျှသာ
သတိလစ်နေခဲ့ပေမဲ့၊
အဲဒီဒဏ်ရာရမှုကြောင့် အဲဒီကလေးရဲ့ ဘဝထဲမှာ
ခံစားလာရတာဟာ မသက်သာလှခဲ့ပါ။
သူ့ကို ကျွန်တော် တွေ့ခဲ့စဉ် ၁၅ နှစ်အရွယ်မှာ
သူဟာ အကြမ်းဖက်မှုကို
ကုသရေး ရပ်ကွက်ဆိုင်ရာ အစီအစဉ်ထဲမှ
ထုတ်ပစ်ခံလိုက်ရပါတယ်။
သူလိုအပ်နေခဲ့တာက
ဦးနှောက် နာလန်ထူရေး အစီအစဉ်
ဒါမှမဟုတ် ပြုမူမှု ကုသမှုကိုပါ၊ ဒါပေမဲ့
သူ့ကို ဘာမှမကြည့်ဘဲနဲ့
ဆေးတွေတပုံကြီးနဲ့
ကုသပေးမှုဟာ ရက်စက်လှပါတယ်။
သူရဲ့ ပြုမူမှုဟာ ပြဿနာ မဟုတ်ခဲ့ဘဲ
ပြဿနာအား ထုတ်ဖေါ်ပြသမှု ဖြစ်ပေမဲ့၊
ပြုမူမှုကို ကုသဖို့ ကြိုးပမ်းနေခဲ့ကြတာပါ။
ဦးနှောက် ဒဏ်ရာရမှု ရောဂါကို
စူးစမ်းဖေါ်ထုတ် မပေးနိုင်ခဲ့ခြင်းဟာ
အိမ်မဲ့၊ ဆေးစွဲမှု၊ အရက်အလွဲသုံးစားမှု၊
စိတ်ဓာတ်ကျဆင်းမှု၊ ရုတ်တရက် ထိုးနှက်လိုမှု၊
ADHD နဲ့ လုပ်ကြံလိုမှုတို့ရဲ့ အကြောင်းရင်း
ဖြစ်တာကို သုတေသီတွေ့ တွေ့ခဲ့ကြပါတယ်။
အီရတ် နဲ့ အာဖဂနစ္စတန် နိုင်ငံများမှနေပြီး
ပြန်လာကြတဲ့
စစ်သားတွေ ရာချီ၊ ထောင်ချီတို့ဟာ
လက်တွေ့မှာမှ ဘသူမှာမှ သူတို့ရဲ့ ဦးနှောက်ကို
ရိုက်မကြည့်ကြတော့
ကျွန်တော်တို့ဟာ တကယ့် ကပ်ဘေးကြီးကို
အချိန် ဆိုင်းငံ့ထားသလို ဖြစ်နေပါတယ်။
ကျွန်တော်တို့ဟာ SPECT ကို
ဆက်လုပ်ကိုင်လာကြရာ
ဝေဖန်သံတွေ ပိုပိုကျယ်လောင်လာခဲ့တယ်၊
ရရှိတဲ့ သင်ခန်းစားတွေလဲ တိုးလာခဲ့ပါတယ်။
တရားသူကြီး နဲ့ ရှေ့နေတွေဟာ ရာဇဝတ်ကောင်ရဲ့
အပြုအမူကို နားလည်ဖို့ အကူအညီတောင်းလာကြတယ်။
ဒီနေ့အထိ ကျွန်တော်တို့ဟာ ပြစ်မှုကြီးတွေကို
ကျူးလွန်ခဲ့သူ ၅၀၀ ကို စကင် လုပ်ခဲ့ပါပြီ၊
လူသတ်ကောင် ၉၀ ပါခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ အလုပ်မှ သိလာရတာက
ဆိုးဝါးတဲ့ အရာတွေကို လုပ်ကြတဲ့ လူတွေရဲ့
ဦးနှောက်ထဲမှာ မကြာခဏဆိုသလို
ပြဿနာတွေ ရှိတတ်ပါတယ်။
အဲဒါဟာ ဘာမှ အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။
ကျွန်တော်တို့ကို အံ့ဩလာစေခဲ့တဲ့ အချက်က
အဲဒီလို ဦးနှောက် တော်တော်များများကို
ပြန်လည်ကုသပေးလို့ ရနိုင်ခဲ့ခြင်းပါပဲ။
အဲဒါနဲ့ လုံးဝကို ဆန်းသစ်တဲ့
စိတ်ကူးပေါ်လာခဲ့တယ်။
ကျွန်တော်တို့ဟာ ပြဿနာရှိနေကြတဲ့
ဦးနှောက်တွေကို အန္တရာယ်များကာ ဖိစီးနေတဲ့
ဝန်းကျင်မျိုးထဲမှာ ပစ်ထားမယ့်အစား
ခေါ်ယူပြီး စိစစ်ကုပေးကြမယ် ဆိုရင်ကော?
ကျွန်တော့အတွေ့အကြုံအရဆိုရင်
အဲဒီလိုလူတွေကို ပိုနေထိုင်လွယ်အောင်
လုပ်ပေးလိုက်ခြင်းဖြင့်၊ သူတို့ ထောင်ထဲမှ
ထွက်လာကြတဲ့ အခါမှာ၊
သူတို့ဟာ အလုပ်လုပ်လာနိုင်ကြမယ်၊
သူတို့ မိသားစုကို ကူပေးနိုင်ကြကာ
အခွန်တွေကို ထမ်းဆောင်ပေးနိုင်ကြမှာပါ။
Dostoyevsky က တကြိမ်တုန်းက ပြောခဲ့တာက၊
"လူ့အဖွဲ့အစည်း တရပ်ကို အကဲဖြတ်ရာတွင်
၎င်းက နာမည်ကြီး ပုဂ္ဂိုလ်တွေကို
ဆက်ဆံပုံကို မဟုတ်ဘဲ
၎င်းရဲ့ ရာဇဝတ်ကောင်တွေကို
ဆက်ဆံပုံကို ကြည့်သင့်ပါတယ်။"
ရာဇဝတ်မှုကို ဒဏ်ခတ်စီရင်မှုအစား
ကျွန်တော်တို့ဟာ ရာဇဝတ်မှုကို အကဲခတ်မှု နဲ့
ကုသမှု အကြောင်းကို စဉ်းစားသင့်ပါတယ်။
(လက်ခုပ်သံများ)
ဒီတော့ ၂၂ နှစ်ကြာ အလုပ်လုပ်ခဲ့ကာ
စကင် ၈၃၀၀၀ လုပ်ပြီးခဲ့တဲ့နောက်မှာ
ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့
ရယူနိုင်ခဲ့တဲ့ တခုတည်းသော သင်ခန်းစာမှာ
ကျွန်တော်တို့ လူတွေရဲ့ ဦးနှောက်ကို
တကယ့်ကို ပြောင်းလဲနိုင်ကြပါတယ်။
အဲဒီလို လုပ်ပေးနိုင်ခြင်းက သူတို့ရဲ့
ဘဝကိုပါ ပြောင်းလဲပေးတာပါ။
ကျွန်တော်တို့ဟာ ရှိနေတဲ့
ဦးနှောက်နဲ့ တသက်လုံး နေထိုင်ရန် မလိုပါ၊
ကျွန်တော်တို့ဟာ ၎င်းကို ပိုကောင်းလာအောင်
မြှင့်တင်ပေးနိုင်ပါတယ်။
ကျွန်တော်နဲ့ လုပ်ဘက်ကိုင်ဘက်တို့ဟာ ကစားနေဆဲ
နဲ့ အငြိမ်းစား NFL အားကစားသမားတွေကို
ပထမဦးဆုံး အကြိမ်အဖြစ် အကျယ်ပြန့်ဆုံး
လေ့လာမှုကို ပြုလုပ်ခဲ့ကြရာ အဲဒီ
အားကစားသမားတွေဆီမှာ
ဒဏ်ရာတွေ အများအပြား ရှိနေတာကို
တွေ့ခဲ့ကြတယ်၊
NFL ကျတော့ ဘောလုံးကစားမှုက ရေရှည်
ဦးနှောက် ဒဏ်ရာတွေ ရှိတာကို မသိရှိခဲ့ပါ။
တကယ်တော့ သူတို့ဟာ
အဲဒါကို မသိချင်ခဲ့ကြတာပါ။
အံ့အားသင့်စရာ မဟုတ်ခဲ့ပါ။
တကယ်လို့များ အစဉ်းစားတတ်ဆုံး ၉ နှစ်အရွယ်
ကလေးတွေကို ခေါ်ယူပြီး၊
ဦးနှောက်ဟာ ပျော့ကာ ထောပတ်လို
အနေအထားမျိုး ရှိတာ၊
၎င်းကို တကယ့်ကို မာကျောလှပြီး ချွန်ထက်နေတဲ့
အရိုးတွေရှိတဲ့ ဦးခေါင်းခွံထဲမှာ ရှိနေတာ
ပြောပြပါက လူ ၃၀ အထဲက ၂၈ ဦးတို့က၊
"ကျွန်တော်တို့ရဲ့ ဘဝအတွက် သိပ်မကောင်း
ပါကလား"လို့ ဆိုကြမှာ သေချာတယ်။
(ရယ်မောသံများ)
ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာ
ကောင်းခဲ့တာက အားကစားသမားတွေကို
ဦးနှောက် စမတ်ဖြစ်လာရေး အစီအစဉ်ကို
လုပ်ခိုင်းခဲ့ကြလို့
သူတို့ထဲက ၈၀ % တို့ဟာ သူတို့ရဲ့ဒ
သွေးစီးမှု၊ မှတ်ဉာဏ်၊
စိတ်နေစိတ်ထား စတာတွေကို များစွာမှ
တိုးတက်လာတာကို တွေ့လိုက်ရခြင်းပါပဲ၊
ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆီမှာ
ဦးနှောက်နဲ့ တသက်လုံး နေထိုင်ဖို့ မလိုပါ၊
ကျွန်တော်တိုဟာ ဦးနှောက် စမတ်ဖြစ်ရေး အစီ
အစဉ်နဲ့ဆိုရင် ပိုကောင်းလာစေနိုင်ပါတယ်။
အဲဒါ စိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား?
ကျွန်တော်ဟာ သိပ်ကို စိတ်လှုပ်ရှားမိပါတယ်။
ဦးနှောက် ဒဏ်ရာရမှုကို ပြန်ပြုပြင်ပေးရေးဟာ
သိပ်ကို စိတ်လှုပ်ရှားစရာ မျက်နှာစာပါပဲ၊
ဒါပေမဲ့ လက်တွေ့မှာ အသုံးချနိုင်မှုဟာ
များစွာမှ ကျယ်ပြန့်ပါတယ်။
ADHD ရှိနေတဲ့ ဆယ်ကျော်အရွယ်
ကလေးမ တစ်ယောက်ရဲ့ စကင်ကို ကြည့်ကြပါ၊
သူဟာ သူ့ကိုသူ လှီးဖြတ်နေခဲ့တယ်၊ ကျောင်းမှာ
စာမေးပွဲကျနေခဲ့ကာ မိဘတွေနဲ့ တိုက်ပွဲဖြစ်နေသူပါ။
ကျွန်တော်တို့က သူ့ဦးနှောက်ကို
မြှင့်တင်ပေးလိုက်တော့၊
သူဟာ D တွေ F တွေကို ရခဲ့ရာမှ
A တွေနဲ့ B တွေကို ရလာတယ်၊
ပြီးတေ့ သူ့စိတ်ဟာ များစွာမှ
တည်ငြိမ်လာခဲ့တယ်။
Nancy ရဲ့ စကင်ကို ယူကြည့်ကြပါစို့။
Nancy ဆီမှာ ဦးနှောက် ဒဏ်ရာရှိခဲ့ဘူးတယ်၊
သူမဆရာဝန်က သူမအတွက် ဂေဟါတခုကို
ရှာဖို့ သူ့ယောင်္ကျားကို မှာတယ်၊
တနှစ်အတွင်းမှာ သူမဟာ သူ့နာမည်ကို
မှတ်မိတော့မှာ မဟုတ်လို့ပါ။
ဒါပေမဲ့ ဦးနှောက် နာလန်ထူရေး အစီအစဉ်နဲ့
အပြင်းအထန် ကုပေးလိုက်လို့
Nancy ရဲ့ ဦးနှောက်တင်မက မှတ်ဉာဏ်ပါ
ပိုကောင်းလာကာ
လေးနှစ် ကြာလာတာတေ င် Nancy ဟာ
သူ့ယောက်ျားရဲ့ အမည်ကို မှတ်မိနေတုန်းပါ။
ဒီအချက်ကို ထောက်ပြဖို့ ကျွန်တော်
သိပ်ကြိုက်တဲ့ ဖြစ်ရပ်ရှိပါတယ်- Andrew ။
၉ နှစ်အရွယ် ကလေးဘဝတုန်းက သူဟာ
ခိုင်လုံတဲ့ အကြောင်းမရှိဘဲ ကလေးမလေးကို
ဘေ့စ်ဘော ကစားကွင်းမှာ တိုက်ခဲ့ပါတယ်။
ပြီးတော့ သူဟာ သူ့ကိုသူ ပုံဆွဲလေ့ ရှိတတ်ရာ
သစ်ပင်ပေါ်မှနေပြီး အခြားကလေးတွေကို
သေနတ်နဲ့ ပစ်တဲ့ ပုံပါပဲ။
Andrew ဟာ တနေ့နေ့တွင် Columbine၊ Aurora
နှင့် Sandy Hook လိုဟာမျိုး
ဖြစ်လာခဲ့မှာပါ။
စိတ်ရောဂါကု ပညာရှင် အများစုဟာ
Eric Harris နဲ့ လူတွေကို အစုလိုက် သတ်ခဲ့တဲ့
အခြား လူသတ်သမားတွေလိုပဲ
သူတို့ကို အဲဒီရာဇတ်မှုတွေ မကျူးလွန်ခဲ့မှာ
ဆေးတွေနဲ့ ကုသခဲ့ကြသလိုပဲ
Andrew ကိုပါ ကုသခဲ့ကြမှာပါ။
ဒါပေမဲ့ SPECT ပုံတွေကို လုပ်ကိုင်မှုအရ
သူ့ဦးနှောက်ကို ကြည့်ရန် လိုပြီး
သူလိုအပ်တာကို သိလာဖို့အတွက် အမှောင်ထဲမှာ
မြားငယ်တွေနဲ့ မပစ်သင့်တာ ကျွန်တော် သိနေပြီ။
သူရဲ့ SPECT စကင်က သူ့ဆီမှာ
ဂေါက်သီးအလုံးလို ပြည်တည်အိတ် တခု
ဘယ်ဘက် နားထင်မှာ ရှိနေတာကို ပြသပါတယ်။
ဒီတော့ Andrew ဘယ်လောက်ဘဲ ပေးကုကု
ကုပေးနိုင်ခဲ့မှာ မဟုတ်ပါ။
အဲဒီ ပြည်တည်အိတ်ကို ဖယ်ရှားပစ်လိုက်တော့၊
သူရဲ့ ပြုမူပုံဟာ လုံးဝကို ပြောင်းသွားပြီး
ပုံမှန် ပြန်ဖြစ်လာတတယ်၊
သူဟာ သူ အစဉ် လိုချင်ခဲ့သလိုပဲ
အချစ်ဆုံး အကောင်းဆုံး ကောင်လေး ဖြစ်ခဲ့တယ်။
ဒီနေ့ ၁၈ နှစ်ကြာသွားတဲ့ နောက်မှာ
ကျွန်တော့တူ ဖြစ်တဲ့ Andrew ဟာ
ကိုယ်ပိုင် အိမ်နဲ့နေထိုင်သူ၊ အလုပ်ရှိနေသူ
အခွန်ထမ်း တယောက်ပါ။
(ရယ်မောသံများ)
တယောက်ယောက်က သူ့ဦးနှောက်ကို
ပုံရိုက်ကြည့်ဖို့ စိတ်ကူးရခဲ့လို့၊
သူဟာ ပိုကောင်းတဲ့ သားတယောက် ဖြစ်လာခဲ့တယ်၊
ကြည့်ရတာ ယောက်ျားကောင် တယောက်၊
ကောင်းမွန်တဲ့ ဖခင်၊ အဖိုးလည်း ဖြစ်လာမှာပါ။
အဲဒီလို လူတယောက်ရဲ့ ဦးနှောက်ကို
ပြောင်းလဲပေးနိုင်တယ် ဆိုရင်၊
အဲဒီလူရဲ့ ဘဝကိုသာ
ပြောင်းလဲ ပေးလိုက်ခြင်း မကဘဲ
နောင်လာ မျိုးဆက်များကိုပါ ပြောင်းလဲ
ပေးနိုင်တဲ့ အခွင့်အလားကြီးပါပဲ။
ကျွန်တော်က ဒေါက်တာ Daniel Amen ပါ။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)