ဒါက Bop ပါ။
Bop ဟာ လူမှုအက တစ်မျိုးပါ။
အကဟာ ဘာသာစကား တစ်ခုပါ။
လူမှုအကဟာ လူစုတစ်ခုကနေ ပေါ်လာတဲ့
အမူအရာတစ်ခုပါ။
လူမှုအကဟာ လူတစ်ယောက်က ကကွက်ထွင်တာမဟုတ်ပါ။
ကာလတစ်ခုကို ခြေရာခံလို့ မရနိုင်ပါ။
အကတိုင်းမှာ လူတိုင်း သဘောတူနိုင်တဲ့
ကကွက်တွေရှိပေမဲ့
ဒါက တစ်ဦးချင်းနဲ့ ၎င်းတို့ရဲ့
ကိုယ်ပိုင်လက္ခဏာပါ။
ဒီအတွက်ကြောင့်
လူမှုအကတွေဟာ ပလုံစီထတယ်၊
ပြောင်းလဲကြပြီး
တောမီးလို ပျံ့ပါတယ်။
၎င်းတို့ဟာ မှတ်မိထားတဲ့ သမိုင်းလို
အိုဟောင်းပါတယ်။
အာဖရိကန်-အမေရိကန် အကတွေမှာ
အာဖရိကန်နဲ့ အာဖရိကန်-အမေရိကန်
အစဉ်အလာတွေက နှစ်ပေါင်း ၂၀၀ ကျော်
သမိုင်းကို သြဇာလွှမ်းခဲ့ပုံကို မြင်ရတယ်။
ပစ္စုပ္ပန်ထဲမှာ အတိတ်က အမြဲပါတယ်။
.
အတိတ်က ကျွန်မတို့ကို ဘယ်သူဆိုတာနဲ့
ဘယ်သူဖြစ်မယ်ဆိုတာ ပုံဖော်ပါတယ်။
(လက်ခုပ်သံများ)
Juba အကဟာ ကျွန်ပြုခံရတဲ့
အာဖရိကန်တွေရဲ့ ငှက်ပျောခင်းက
အတွေ့အကြုံမှ မွေးဖွားခဲ့တယ်။
အမေရိကကို ယူဆောင်လာပြီး
အများပြော ဘာသာစကားတစ်ခုကို
ခွာယူခဲ့တယ်၊
ဒီအကဟာ ကျွန်ပြုခံရတဲ့ အာဖရိကန်တွေ
သူတို့ဇာတိကို အမှတ်ရဖို့ နည်းလမ်းတစ်ခုပါ။
ဒီလိုမျိုး ပုံပေါက်နေလောက်တယ်။
ပေါင်တွေကို ရိုက်ရင်း
ခြေထောက်တွေကို ရှပ်တိုက်
လက်တွေကို ပုတ်ခြင်းပါ။
ဒါက ကျွန်ပိုင်ရှင်တွေက ဗုံတီးတာ
တားမြစ်တာကို ေရှာင်ကွင်းပုံပါ၊
ရှုပ်ထွေးတဲ့ စည်းချက်တွေကို
လက်တန်းဖန်တီးကာ
ဟေတီမှာ ဘိုးဘွားတွေ ဗုံတွေနဲ့ လုပ်ခဲ့သလို
ဒါမှမဟုတ် အနောက် အာဖရိကက Yoruba
လူစုတွေလိုပေါ့။
ဒါက အကျဉ်းကျမှုအောက်မှာ ယဉ်ကျေးမှု
အစဉ်အလာတွေကို အသက်ဆက်ခြင်းနဲ့
စိတ်တွင်း လွတ်လပ်မှု သဘောကို
ထိန်းသိမ်းထားဖို့ပါ။
ဒါက ဒီအကကို ဖန်တီးတဲ့ အလားတူ
လှုံဆော်ပေးတဲ့ စိတ်ဓာတ်ပါ။
Cakewalk ပါ
တောင်ပိုင်း အထက်တန်းစား လူအဖွဲ့အစည်းရဲ့
ဟန်ထုတ်မှုကို သရော်တဲ့ အကပါ။
ကျွန်ပြုခံရသူတွေအတွက် သခင်တွေကို
အရိပ်ထိုးပုံပါ။
ဒီအကရဲ့ ကြောင်ချက်က
Cakewalk ဟာ သူတို့ဟာ
လှောင်ပြောင်ခံနေရတယ်လို့
ဘယ်လိုမှ သံသယမဖြစ်ကြတဲ့
သခင်တွေအတွက် ဖျော်ဖြေတာပါ။
ဒါကို ရှင်တို့ မှတ်မိလောက်တယ်။
၁၉၂၀ နှစ်တွေ
Charleston ပါ။
Charleston ဟာ ကျပန်းဖန်တီးမှုနဲ့
ဂီတအရည်အသွေးကို
Lindy Hop ထဲမှာ လမ်းဖောက်တာပါ၊
လွှဲကခြင်းနဲ့
Kid n Play တောင်မှာပါ
နဂိုက Funky Charleston လို့ခေါ်ခဲ့တယ်။
South Carolina Charleston နားက စည်းလုံးတဲ့
လူမည်းလူစုက စတင်ခဲ့တဲ့ Charleston ဟာ
တောင်ကုန်းတွေကို စိမ့်ဝင်ခဲ့တယ်။
အဲဒီမှာ အမျိုးသမီးငယ်တွေဟာ ရုတ်တရက်ပဲ
ဖနောင့်တွေကို ဆောင့်ပြီး
ခြေထောက်တွေ လှုပ်ခွင့်ရခဲ့တယ်။
ကဲ လူမှုအကဟာ လူစုနဲ့ ဆက်သွယ်မှုပါ၊
သင်ဟာ ကကွက်တွေကို သိရင်
အုပ်စုတစ်စုမှာ ပါဝင်တယ်လို့ ဆိုလိုတာပါ။
ဒါပေမဲ့ တစ်ကမ္ဘာလုံး အရူးအမူး
ဖြစ်တာကျတော့ရော။
Twist အကထဲ ဝင်လိုက်ပါ။
Twist အကဟာ ၁၉ ရာစုဆီ ခြေရာကောက်နိုင်တာ၊
ကျွန်စနစ်အတွင်း Congo ကနေ အမေရိကကို
ယူလာတာ အံ့သြစရာမရှိပါဘူး။
ဒါပေမဲ့ ၁၉၅၀ နှောင်းကာလ
ပြည်သူ့ အခွင့်အရေး
လှုပ်ရှားမှု မတိုင်ခင်ပဲ
Twist အကဟာ Chubby Checker နဲ့
Dick Clark လက်တင်-အမေရိကက
လူဖြု ဆယ်ကျော်သက်လေးတွေကြောင့်
သီချင်းတွေ၊
ရုပ်ရှင်တွေထဲမှာ
လမ်းကြောင်းဖောက်ခဲ့ရင်း ရေပန်းစားခဲ့တယ်။
လူမှုအကကနေ
အုပ်စုတွေအကြားက နယ်နိမိတ်တွေဟာ
မှုန်ဝါးလာခဲ့တယ်။
ဇာတ်လမ်းက ၁၉၈၀ နဲ့ ၉၀ ကာလတွေထိ ဆက်ခဲ့တယ်။
ဟစ်ဟော့ပ် ဂီတ ပေါ်လာမှုနဲ့အတူ
အာဖရိကန်-အမေရိကန် လူမှုအကဟာ
ပိုတောင် မြင်သာလာခဲ့တယ်၊
ရှည်လျားတဲ့ ၎င်းရဲ့ အတိတ်ကနေ
သယ်ဆောင်ယူရင်း
ယဉ်ကျေးမှုကို ပုံဖော်ပြီး ဒါကနေ
ပုံဖော်ခံရပါတယ်။
ဒီနေ့ခေတ်မှာ ဒီအကတွေဟာ ဆက်လက်
ဆင့်ကဲ့၊ တိုးပွား ပျံ့နှံ့နေတယ်။
ဘာလို့ ကျွန်မတို့ ကကြတာလဲ။
လှုပ်ရှားဖို့၊
ဖြေလျှော့ဖို့၊
ဖော်ထုတ်ဖို့၊ပါ။
ဘာလို့ ကျွန်မတို့ အတူတူကကြတာလဲ။
ကုစားဖို့၊
အမှတ်ရဖို့၊
"အများသိတဲ့ ဘာသာစကား
တစ်ခု ပြောတယ်
ကျွန်မတို့ တည်ရှိနေတယ်၊
လွတ်လပ်ကြပါတယ်" ပြောဆိုဖို့ပါ။