လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး ကမ္ဘာ့ ဇာတ်ခုံ
မှာ နိုင်ငံရေး ကာတွန်းဆရာဖြစ်ခဲ့တယ်။
ဒီနှစ် ၂၀ အတွင်းမှာ အကြောင်းအရာတွေ
အများကြီး ဖြစ်ပျက်တာ မြင်ခဲ့တယ်။
ကတ်သလစ် မတူကြတဲ့ ပုပ်ရဟန်းမင်း
သုံးပါးကို မြင်ခဲ့တယ်၊
ဒီထူးခြားတဲ့ ကာလကို မျက်မြင်ကြုံခဲ့တယ်။
စိန့် ပီတာ ရင်ပြင်ပေါ်ါက ပုပ်ရဟန်းတစ်ပါး
ရွေးချယ်ပွဲ၊
သိတယ်နော်၊ မီးခိုးဖြူလေးနဲ့
တရားဝင် ထုတ်ပြန်ချက်လေ။
[ ကောင်လေးတစ်ယောက်ဟ။]
(ရယ်သံများ)
(လက်ခုပ်သံများ)
အမေရိကန် သမ္မတ လေးဦးကို မြင်ခဲ့တယ်။
Obama ။ ဟုတ်တာပေါ့။
အိုး၊ ဥရောပသားတွေ သူ့ကို
သိပ် သဘောကျတာပေါ့။
သူက ဘက်ပေါင်းစုံ ပါဝင်သူတစ်ယောက်ပါ။
သံတမန်ရေးကို ထောက်ခံတယ်။
အီရန်နဲ့ မိတ်ဆွေဖွဲ့ချင်ခဲ့တယ်။
(ရယ်သံများ)
ဒီနောက်မှာတော့...
Donald Trump က
အမေရိကန် ပြည်ထောင်စုရဲ့
သမ္မတ ဖြစ်လာခဲ့တဲ့ နေ့မှာတော့
ဒိဌဖြစ်ရပ်က ရုပ်ပြောင်ကို တုပခဲ့တယ်။
(ရယ်သံများ)
(လက်ခုပ်သံများ)
သိတဲ့အတိုင်း၊ လူတွေ ကျွန်တော်တို့ဆီ
လာပြီး ပြောကြတာက
"ကာတွန်းဆရာတွေအတွက်တော့ လွယ်လွန်းပါတယ်၊
ဆိုလိုတာက Trump လို လူမျိုးတွေဆိုရင်ပေါ့။
အင်း၊ သူကိုယ်တိုင်က ရုပ်ပြောင်ဖြစ်နေတဲ့
လူတစ်ယောက်ကို ရုပ်ပြောင်ရေးဖို့က
မလွယ်ဘူးဗျ။
(ရယ်သံများ)
မလွယ်ဘူး။
လက်ခုပ်သံများ
လူထု အကျိုးမျှော်ဝါဒီတွေဟာ သရော်ဖို့
လွယ်တဲ့ ပစ်မှတ် မဟုတ်ဘူး။
ဘာလို့ဆိုတော့ တစ်နေ့ သူတို့ကို
တိတိကျကျ ပြောလိုက်ရင်
နောက်နေ့ ကိုယ့်ထက်သာအောင် လုပ်ရော။
ဥပမာ သူ ရွေးချယ်ခံရပြီးပြီးချင်း
ခရစ်စမတ် အကြိုညမှာ Trump တင်မယ့်
တွိတ်ကို ကြိုးစားပြီး မြင်ယောင်ကြည့်တယ်။
ဒီတော့ ကျွန်တော့ ဒါကိုလုပ်လိုက်တယ်၊ ရလား။
[ပျော်စရာ ခရစ်စ္စမတ်ပါ။ သနားစရာ
အရှုံးသမားတွေ မပါ၊ စိတ်မကောင်း]
(ရယ်သံများ
ပင်ကိုအားဖြင့် နောက်တစ်နေ့မှာ
Trump က ဒါကို တင်ခဲ့တယ်။
[ အားလုံးပဲ မင်္ဂလာ နှစ်သစ်ပါ။
ကျုပ်ကို တိုက်ခိုက်ကာ
မရှုမလှ ရှုံးနိမ့်ပြီး
ဘာလုပ်ရမှန်းကို မသိတဲ့
ရန်သူများစွာ အပါအဝင်ပါ။ ချစ်တယ်နော်။]
[ရယ်သံများ)
အတူတူပဲလေ။
(လက်ခုပ်သံများ)
ဒီခေတ်က လူသန်တွေရဲ့ ခေတ်ပါ။
မကြာခင်ပဲ Donald Trump ဟာ သူ့လူစွမ်းကောင်း
Vladimir Putin နဲ့ တွေ့ဆုံနိုင်ခဲ့တယ်။
ဒါကတော့ ပထမ တွေ့ဆုံမှု ဖြစ်ပျက်ခဲ့ပုံပါ။
[ခင်ဗျားကို ဟက်ကာတွေ ရှာပေးမယ်။
ခင်ဗျားရဲ့ စကားဝှက်ပေးပါ]
(ရယ်သံများ)
ကျွန်တော် ဘာကိုမှ ထွင်မထားပါဘူး။
ပထမ တွေ့ဆုံမှုကနေ ထွက်လာခဲ့ပြီး
သူတို့နှစ်ယောက်ဟာ ဆိုင်ဘာလုံခြုံရေးအတွက်
ပူးတွဲ အထူးတပ်ဖွဲ့ကို သဘောတူခဲ့တယ်လို့
ပြောတယ်။
ဒါဟာ အမှန်ပါ။ ခင်ဗျားတို့ မှတ်မိရင်ပေါ့။
ဒီနှစ်၂၀ ကျော်မှာ ကျွန်တော်တို့ မြင်ခဲ့ရ
တာတွေကို စိတ်ကူးမိခဲ့ကြမယ့်သူတွေပေါ့။
ဥရောပ သမဂ္ဂတစ်ခုက ထွက်ပေါက်တစ်ခုဆီ
ပြေးတဲ့ ဂရိတ် ဗြိတိန်ကို မြင်ခဲ့ကြတယ်။
[ ခက်ခဲတဲ့ Brexit လား]
(ရယ်သံများ)
အရှေ့အလယ်ပိုင်းမှာ အာရပ် နွေဦးရဲ့
ဒီမိုကရေဒီကျတဲ့
အံ့ဖွယ်သရဲကို
ခဏတော့ ယုံကြည်ခဲ့ကြတယ်
။
အာဏာရှင်တွေ ကျဆုံးတာ မြင်ခဲ့တယ်။
အခြားသူတွေ တောင့်ခံတာမြင်ခဲ့တယ်။
(ရယ်သံများ)
ဒီနောက်မှာ မြောက် ကိုရီးယားရဲ့
ထာဝရ Kim မင်းဆက်ရှိတယ်။
ဒီလူတွေဟာ Cartoon Network ကနေ
ထွက်လာနေတယ်လို့ ထင်ရတယ်။
ဒါတွေထဲက နှစ်ခုကို ရေးဆွဲနိုင်ဖို့
ကျွန်တော် ကံထူးခဲ့တယ်။
ဖခင် Kim Jong-il
လွန်ခဲ့တဲ့ နှစ် အနည်းငယ်က သူ ဆုံးချိန်က
အန္တရာယ်များတဲ့ ကာလတစ်ခုပါ။
[ သီသီကလေးနော်]
(ရယ်သံများ)
ဒါကတော့ ...
(လက်ခုပ်သံများ)
ဒီနောက်မှာတော့ သူ့သား Kim Jong-un က
ထိုက်တန်တဲ့ ထီနန်းဆက်ခံသူဆိုတာကို
ကိုယ်တိုင် သက်သေထူတယ်။
အခု သူဟာ အမေရိကန် သမ္မတနဲ့
မိတ်ဆွေတွေပေါ့။
သူတို့ အချင်းချင်း တစ်ချိန်လုံးတွေ့ကာ
မိတ်ဆွေတွေလို့ ပြောဆိုကြတယ်။
[ ဘယ် ဆံသဆီ အမျိုးအစားလဲဗျ။]
(ရယ်သံများ)
အတ္တဆန်တဲ့လူတွေ ကြီးစိုးတဲ့
ကမ္ဘာတစ်ခုထဲမှာ နေထိုင်နေရတာ
ကျွန်တော်တို့ အံ့သြသင့်သလား။
သူတို့တွေဟာ ကျွန်တော်တို့ရဲ့
ပုံရိပ်တစ်ခု ဖြစ်နေရင်ရော။
ဆိုလိုတာက အချင်းချင်း ကြည့်လိုက်ပါဦး။
(ရယ်သံများ)
စမတ်ဖုန်းတွေကို ကျွန်တော်တို့ ကြိုက်တယ်။
ဆယ်လ်ဖီတွေကို ကျွန်တော်တို့ ကြိုက်တယ်။
မိမိကိုယ်မိမိ ချစ်ကြတယ်။
Facebook ကျေးဇူးကြောင့်
တစ်ကမ္ဘာလုံးမှာ မိတ်ဆွေတွေ
အများကြီးရှိကြတယ်။
Mark Zuckerberg က
ကျွန်တော်တို့ရဲ့မိတ်ဆွေလေ။
(ရယ်သံများ)
သိတဲ့အတိုင်း သူနဲ့ Silicon Valley က
သူနဲ့ရွယ်တူတွေက
ကျွန်တော်တို့ ခေတ်ရဲ့
ဘုရင်တွေ၊ ဧကရာဇ်တွေလေ။
ဧကရာဇ်တွေမှာ အဝတ်အစားမရှိတာကို
ပြသခြင်းက
သရော်တာရဲ့ အလုပ်မို့လား။
အာဏာကို အမှန် ပြောခြင်းပါ။
ဒါက နိုင်ငံရေး ကာတွန်းဆွဲခြင်းရဲ့
သမိုင်းဝင် ကဏ္ဍဖြစ်ခဲ့ပါပြီ။
၁၈၃၀ နှစ်လွန်တွေမှာ King Louis Philippe
အောက်က တော်လှန်ရေးအလွန် ပြင်သစ်မှာ
သတင်းစာဆရာ၊ကာတွန်းဆရာတွေဟာ သတင်းစာလွတ်လပ်
ခွင့်အတွက် အပြင်းအထန် တိုက်ပွဲဝင်ခဲ့တယ်။
သူတို့တွေဟာ ထောင်ချခံရ၊ ဒဏ်တပ်ခံရပေမဲ့
အော်နိုင်ခဲ့ကြတယ်။
Daumier ဆွဲတဲ့ ဘုရင်ပုံ ဒီရုပ်ပြောင်ဟာ
ဧကရာဇ်ကို အနက်ဖွင့်လာခဲ့တယ်။
သမိုင်းကို အမှတ်အသားပြုတယ်။
ဒါက သက်ဦးဆံပိုင်စနစ်ကို သရော်ခြင်းက
အောင်နိုင်တာရဲ့ ထာဝရ သင်္ကေတဖြစ်လာခဲ့တယ်။
ဒီနေ့ Daumier အလွန် နှစ် ၂၀၀ မှာ
နိုင်ငံရေး ကာတွန်းတွေ ပျောက်ကွယ်တဲ့
အန္တရာယ်ရောက်နေလား။
တူရကီ အတိုက်အခံ သတင်းစာ "Cumhuriyet" ရဲ့
ရှေ့စာမျက်နှာက နေရာလွတ်ကို ကြည့်ပါ။
ဒါက Musa Kart ရဲ့ ကာတွန်းကို
ဖော်ပြခဲ့ဖူးတဲ့ နေရာပါ။
၂၀၁၈ မှာ Musa Kart ဟာ ထောင်သုံးနှစ်
ပြစ်ဒဏ်ပေးခံရတယ်။
ဘာလုပ်တာအတွက်လဲ။
Erdoğan's Turkey မှာ နိုင်ငံရေး
ကာတွန်းတွေ ဆွဲတာကြောင့်ပါ။
ဗင်နီဇွဲလား၊ ရုရှားနဲ့ ဆီးရီးယားက ကာတွန်း
ဆရာတွေဟာ ပြည်နှင်ဒဏ်ပေးခံရတယ်။
ဒီရုပ်ပုံကို ကြည့်ပါ။
အပြစ်ကင်းတယ်လို့ ထင်ရတယ်မို့လား။
ဒါပေမဲ့ အတော့ကို နှိုးဆွပေးပါတယ်။
သူ ဒီပုံကို တင်လိုက်တဲ့အခါ
ဒါက သူ့ဘဝကို ပြောင်းလဲစေမယ်ဆိုတာ
Hani Abbas သိခဲ့တယ်။
ဒါက ၂၀၁၂ ခုနှစ်မှာပါ။ ဆီရီးယန်းတွေဟာ
လမ်းတွေပေါ်ကို ထွက်လာခဲ့ကြတယ်။
တကယ်တမ်း အနီရောင်ပန်းလေးက
ဆီရီးယန်း တော်လှန်ရေးရဲ့ သင်္ကေတပါ။
ဒီတော့ မကြာခင်မှာပဲ အစိုးရက
သူ့နောက်လိုက်ခဲ့ပြီး
သူဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ရတယ်။
သူ့ရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့
ကာတွန်းဆရာ Akram Raslan ဟာ
ဆီးရီးယားကနေ မထွက်ခဲ့ဘူး။
နှိပ်စက်ခံရပြီး သေသွားတယ်။
မကြာခင်က အမေရိကန် ပြည်ထောင်စုမှာ
Nick Anderson နဲ့ Rob Rogers တို့လို
ထိပ်တန်း ကာတွန်းဆရာတစ်ချို့ဟာ
ဒါကတော့ Rob ရဲ့ လက်ရာပါ၊
[၂၀၁၈ အောက်မေ့ဖွယ်နေ့(အုတ်ဂူမှာ)
အမှန်တရား၊ဂုဏ်၊ဥပဒေစည်းမျဉ်း]
ရာထူးတွေ ဆုံးရှုံးခဲ့တာက
သူတို့လက်ရာဟာ Trump ကို ဝေဖန်လွန်း
တယ်လို့ ထုတ်ဝေသူတွေ ထင်လို့ပါ။
ကနေဒီယန်း ကာတွန်းဆရာ Michael de
Adder လည်း အလားတူ ကြုံခဲ့ရတယ်။
ကျွန်တော်တို့ စတင် စိုးရိမ်သင့်ပြီနော်။
နိုင်ငံရေး ကာတွန်းတွေဟာ
ဒီမိုကရေစီနဲ့အတူ မွေးဖွားလာပြီး
လွတ်လပ်မှုရှိတဲ့အခါမှာ စိန်ခေါ်ခံရတယ်။
သိတဲ့အတိုင်း၊ နှစ်တွေကြာလာတော့
Cartooning for Peace Foundation နဲ့
အခြားသော ပဏာမခြေလှမ်းတွေ နဲ့အတူ
Kofi Annan ဟာ ဒါက လူသိပ်မသိပါဘူး၊
ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းရဲ့
ဂုဏ်ထုးဆောင် သဘာပတိပါ။
ကွယ်လွန်သူ ငြိမ်းချမ်းရေး
နိုဘဲလ် စာဆို Kofi Annan ပါ။
သူဟာ ကာတွန်းတွေအတွက် ကြီးကျယ်တဲ့
ခုံကာကွယ်သူပါ။
ဒါမှမဟုတ် American Editorial Cartoonists
အဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့မှာ ထောင်ကျ၊
ခြိမ်းခြောက်ခံ၊အလုပ်ပြုတ်၊ပြည်နှင်ခံရတဲ့
ကာတွန်းဆရာတွေ ကိုယ်စားရှေ့နေလိုက်ပေးတယ်။
ဒါပေမဲ့ သူ မရေးခဲ့တဲ့ ကာတွန်းတစ်ခုအပေါ်မှာ
အလုပ်ပြုတ်တဲ့ သူတစ်ဦးဦးရဲ့
အမှုတစ်ခုမျှ ကျွန်တော် မတွေ့ခဲ့ဘူး။
ဒါက ကျွန်တော် ကြုံတွေ့တာပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး ကျွန်တော်ဟာ
"International Herald Tribune"
"New York Times" မှာပါ။
ဒီနောက် တစ်ခုခု ဖြစ်ပျက်တယ်။
ဧပြီလ ၂၀၁၉ မှာ
လစ္စဘွန်းက "El Expresso" သတင်းစာမှာ
ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့
နာမည်ကျော် ပေါ်တူဂီ ကာတွန်းဆရာ
တစ်ယောက်ရဲ့ ကာတွန်းတစ်ခုကို
"New York Times" ဒယ်ဒီတာက ရွေးချယ်ခဲ့ပြီး
နိုင်ငံတကာ စာစောင်တွေမှာ
ပြန်လည် ပုံနှိပ်ခဲ့တယ်။
ဒါက အရှိန်အဟုန်မြင့်သွားတယ်။
ကျယ်ပြန့်တဲ့ နာကြည်းမှု၊ တောင်းပန်မှုနဲ့
Times က ထိန်းချုပ်တဲ့ အပျက်အစီးများစွာကို
အစပျိုးပေးတဲ့ ဆီမိုက်
ဆန့်ကျင်မှုအဖြစ်
လူသိရှင်ကြား ရှုတ်ချခံရတယ်။
နောက်တစ်လအကြာမှာ ကျွန်တော့ရဲ့အယ်ဒီတာက
နိုင်ငံရေး ကာတွန်းတွေ အားလုံးကို
အဆုံးသတ်တော့မယ်လို့ ပြောတယ်။
ဒါနဲ့ ဒီကာတွန်းအကြောင်းကို ကျွန်တော်တို့
ဆွေးနွေနိုင်၊ ဆွေးနွေးသင့်ခဲ့တယ်။
ဒါက အဆိုးဆုံး ဆီမိုက် ဆန့်ကျင်ရေး ဝါဒဖြန့်
မှုကို သတိရစေတယ်လို့ တစ်ချို့က ဆိုတယ်။
အစ္စရေးအပါအဝင် တစ်ချို့ကတော
မဟုတ်ဘူ၊ ဒါက ကျိုးကြောင်းမမြင်ဘဲ
အစရေး ဝန်ကြီးချုပ် နောက်ကို
လိုက်နေတယ်လို့ ဖော်ပြခံရတဲ့ Trump ကို
အပြင်းအထန် ဝေဖန်တာပါတဲ့။
ဒီကာတွန်းနဲ့ ပြဿနာတွေရှိပေမဲ့
"New York Times" မှာ မဆွေးနွေးဖြစ်ခဲ့ဘူး။
တိုက်ခိုက်မှုအောက်မှာ အနာဂတ်
နိုင်ငံရေး ကာတွန်းတွေမှာ
ပြဿနာ မပေါ်ဖို့ အလွယ်ဆုံး
လမ်းကို သူတို့ ရွေးလိုက်တယ်။
လုံးဝကို မထည့်ဘဲ ထားရအောင်။
ဟေး၊ ဒါက အသစ်ပါ။
ကြိုတင်တားဆီးရေး ကိုယ်တိုင်
စိစစ်မှုကို တီထွင်ခဲ့တာလား။
ဒါက ကာတွန်းတွေထက် ပိုကြီးမား
တယ်လို့ ထင်ပါတယ်။
ဒါက ရွေးချယ်မှု၊
သတင်းစာပညာနဲ့ဆိုင်တာပါ။
အဆုံးမှာတော့ ဒါက
ဒီမိုကရေစီနဲ့ဆိုင်တာပါ။
အခု ကျွန်တော်တို့ဟာ လူမှု မီဒီယာတွေမှာ
လူတတ်လုပ်တဲ့ လူအုပ်တွေ စုပြီး
မုန်တိုင်းလို ထကြွတဲ့ ကမ္ဘာမှာ နေကြတာပါ။
အရမ်းကားဆုံး အသံတွေက စကားဝိုင်းကို
သတ်မှတ်ပေးပြီး ဒေါသဖြစ်နေတဲ့ လူစုကြီးက
နောက်ကနေ လိုက်လာတယ်။
တစ်ခါတစ်လေမှာ စိတ်ဝင်စားသူ လူစုတွေ
မီးလောင်ရာ လေပင့်ထားတဲ့
ဒီလူမှု မီဒီယာ လူအုပ်တွေက
မခံသာအောင် ထိုးနှက်မှုတစ်ခုထဲက
သတင်းခန်းတွေအပေါ်ကို ကျရောက်တယ်။
ထုတ်ဝေသူတွေ၊ အယ်ဒီတာတွေဆီ တန်ပြန်ဆောင်ရွက်
မှုတွေအတွက် အလုအယက်ဋ္ဌ ပို့တယ်။
အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေအတွက်
နေရာ မချန်ထားဘူး။
Twitter ဟာ ဝေဖန်ဆွေးနွေးဖို့အတွက်
မဟုတ်ဘဲ ဒေါသအတွက် နေရာတစ်ခုပါ။
ဘာလဲဆိုတာ သိကြလား။
လူတစ်ယောက်က ဒီဆူညံနေတဲ့ ခေတ်ထဲက
လူသားအခြေအနေကို ကောင်းကောင်းသရုပ်ဖော်တယ်။
ဘယ်သူဆိုတာ သိကြလား။
လွန်ခဲ့တဲ့ နှစ် ၄၀၀ က ရှိတ်စပီးယားပါ။
["(ဘဝဟာာ) အသံနဲ့ ဒေါသပြည့်နေတဲ့ ငတုံး
ပြောတဲ့ ဘာသဘောမျှ မဆောင်တဲ့ ပုံပြင်ပါ။"]
ဒါ ကျွန်တော့ကို ပြောတာ။
ရှိတ်စပီးယား မှန်တုန်းလား။ဒါပေမဲ့
ကမ္ဘာက နည်းနည်း ပြောင်းသွားပြီ။
[ ရှည်ကြာလွန်းတယ်။]
(ရယ်သံများ)
ဒါ အမှန်ပဲ။
(လက်ခုပ်သံများ)
လူမှု မီဒီယာတွေဟာ ကာတွန်းတွေအတွက်
ကောင်းချီးနဲ့ကျိန်စာ နှစ်ခုစလုံးပါ။
ဒီခေတ်က ပုံရိပ် ခေတ်ဆိုတော့
မျှဝေကြတယ်၊ ပျံ့နှံ့သွားတယ်။
ဒါပေမဲ့ ဒါက ၎င်းတို့ကို
အဓိက ပစ်မှတ်လည်း ဖြစ်စေတယ်။
ယေဘုယျထက် ပိုတာက ကာတွန်းနောက်က
တကယ့် ပစ်မှတ်ဟာ
ဒါကို ထုတ်ဝေတဲ့ မီဒီယာပါ။
[အီရတ်ကို ဖုံးတာလား
နိုးTrump]
အစဉ်အလာ မီဒီယာနဲ့ လူမှု မီဒီယာကြားက
ဒီဆက်စပ်မှုဟာ
ရယ်စရာ တစ်ခုပါ။
တစ်ဖက်မှာက သတင်းအချက်အလက်၊
စိစစ်ခြင်း၊ ရွေးချယ်ခြင်းရဲ့
အချိန်စားတဲ့ လုပ်ငန်းစဉ်ရှိတယ်။
အခြားတစ်ဖက်မှာကျတော့
ပြောရရင် အယ်လ်ဂိုရစ်သမ်နဲ့
ဆပွားထားတဲ့ ဟာသတွေ၊ ထင်မြင်ချက်တွေ၊
ခံစားမှုတွေအတွက်
ပွင့်လင်းတဲ့ ပုတ်ခတ်မှုတစ်ခု မဟုတ်ဘူး။
အဆင့်ရှိတဲ့ သတင်းစာတွေတောင် ဝက်ဆိုဒ်မှာ
လူမှု ကွန်ရက်တွေရဲ့ကျင့်ဝတ်တွေကို တုတယ်။
အများဆုံး ဖတ်တဲ့ ၁၀ ပုဒ်၊ အများဆုံး
မျှဝေတဲ့ ဇာတ်လမ်း ၁၀ ပုဒ်ကို အသားပေးကြတယ်။
အရေးအကြီးဆုံး ဇာတ်လမ်း
၁၀ ပုဒ်ကို ရှေ့တန်းတင်သင့်တယ်။
(လက်ခုပ်သံများ)
မီဒီယာတွေဟာ လူမှု မီဒီယာတွေရဲ့
တုပတာ ခံရလို့ မဖြစ်ဘူး။
အယ်ဒီတာတွေဟာ ဒေါသဖြစ်နေတဲ့
လူအုပ်တွေကို ကြောက်နေတာ ရပ်သင့်တယ်။
(လက်ခုပ်သံများ)
စီကရက်ဘူးတွေမှာ လုပ်သလို
သတိပေးချက်တွေ တပ်ကြမှာ မဟုတ်ဘူးလေ။
[
[သရော်တာက စိတ်နာစေနိုင်တယ်]
(ရယ်သံများ)
လာစမ်းပါ။
[ရေကူးဝတ်စုံအောက်မှာ
ရမ္မက်ဗုံး ဝှက်ထားနိုင်တယ်။]
နိုင်ငံရေး ကာတွန်းတွေဟာ နှိုးဆွဖို့ပါ၊
ထင်မြင်ချက်တွေလိုပါပဲ။
ဒါပေမဲ့ အားလုံး မတိုင်ခင်မှာတော့
အတွေးကို နှိုးဆွဖို့ ရည်ရွယ်တာပါ။
ခင်ဗျားတို့ နာကျင်နေလား။
ဖြေလျှော့လိုက်ပါ။
ခင်ဗျား မကြိုက်ဘူးလား။
အခြားနည်းကို ကြည့်လိုက်ပါ။
ထုတ်ဖော်မှု လွတ်လပ်ခွင့်ဟာ ဆွေးနွေးမှု၊
တစ်ယောက်ကို တစ်ယောက်နာထောင်ခြင်းနဲ့
သဟဇာတ်မဖြစ်တာ မဟုတ်ဘူး။
ဒါပေမဲ့ သဘောထားသေးတာနဲ့တော့
သဟဇာတမဖြစ်ဘူး။
(လက်ခုပ်သံများ)
မနှစ်မြို့မယ့်အသုံးအနှုန်း ရှောင်ရှားမှု
အာဏာအရ စိစစ်မှုတွေဖြစ်မလာပါစေနဲ့။
ကျွန်တော်တို့ ရပ်တည်ဖို့လိုတယ်၊
ပြန်တွန်းဖို့လိုတယ်။
ဘာလို့လဲဆိုတော့ မလုပ်ရင်
ကျွန်တော်တို့ဟာ မနက်ဖြန်မှာ
သရော်တာနဲ့ နိုင်ငံရေး ကာတွန်း
ပုံစံတိုင်းဟာ မဖြစ်နိုင်ဘူးလို့ ဖြစ်လာတဲ့၊
သန့်စင်ထားတဲ့ ကမ္ဘာတစ်ခုမှာနိုးလာလိမ့်မယ်။
အကြောင်းက နိုင်ငံရေး ဖိနှိပ်မှုနဲ့ မနှစ်
မြို့မယ့် အသုံးအနှုန်း ရှောင်ရှားမှုဆုံရင်
လွတ်လပ်စွာ ပြောဆိုခွင့် သေဆုံ;လို့ပါ။
(လက်ခုပ်သံများ)
ဇန်နဝါရီ ၂၀၁၅ ကို မှတ်မိကြလား။
ပါရီက "Charlie Hebdo"မှာ
သတင်းစာဆရာတွေ၊ ကာတွန်းသမားတွေကို
အစုလိုက် အပြုံလိုက် သတ်တာနဲ့အတူ
စိစစ်ဖြတ်တောက်ခြင်းရဲ့အစွန်းရောက်ဆုံး
ပုံစံကို ကျွန်တော်တို့ တွေ့ရှိခဲ့ရတယ်၊
လူသတ်မှုပါ။
ဘယ်လို ခံစားခဲ့ဝာကို သတိရပါ။
[ဟာသ မရှိရင် အားလုံး အသေတွေပါ။]
သရော်စာ မဂ္ဂဇင်းတစ်စောင်ကို
ဘယ်ပဲ တွေးတွေး၊
ဒီထူးခြားတဲ့ ကာတွန်းတွေကို
ဘယ်လိုပဲ ခံစားခံစား၊
အားလုံး ခံစားမိတာက အခြေခံကျတဲ့
တစ်ခုက မရေမရာဖြစ်နေတယ်၊
လွတ်လပ်တဲ့ လူမှုအဖွဲတွေရဲ့ နိုင်ငံသားတွေ၊
တကယ်က အဖွဲ့အစည်းတိုင်း နိုင်ငံသားတိုင်းဟာ
အသက်ရှုဖို့ လေကို လိုအပ်သလိုပဲ
ဟာသကို လိုအပ်တယ်ဆိုတာပါ။
ဒါကြောင့်ပဲ အစွန်းရောက်ဝါဒီတွေ၊
အာဏာရှင်တွေ၊ သက်ဦးဆံပိုင်တွေ၊ ပြောရရင်
ကမ္ဘာမှာရှိတဲ့ တရားသေစွဲနေသူတွေအာလုံးဟာ
ဟာသကို သည်းမခံနိုင်ကြဘူး။
ကျွန်တော်တို့ လက်ရှိနေထိုင်တဲ့
ရူးသွပ်နေတဲ့ ကမ္ဘာမှာ
နိုင်ငံရေး ကာတွန်းတွေကို ခါတိုင်းထက်
ပိုလိုအပ်ပါတယ်။
ကျွန်တော်တို့ ဟာသ လိုအပ်တယ်။
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)