ရှင်တို့ အများလိုပဲ ကျွန်မလည်းပဲ မြို့ကြီးတွေမှာ နေထိုင်တဲ့ ကမ္ဘာမြေပေါ်က ဘီလီယံ နှစ်သန်းထဲက တစ်ယောက်ပါ။ နေ့တွေရှိပါတယ်၊ ကျန်တဲ့ ရှင်တို့အကြောင်း တော့ ကျွန်မ မသိဘူး၊ ကျွန်မရဲ့ ဘဝရဲ့ တော်တော်များများ အရာရာတိုင်းအတွက် အခြားသူတွေကို ဘယ်လောက်များ မှီခိုရလဲဆိုတာ သိသိသာသာ ခံစားမိတဲ့ နေ့တွေရှိပါတယ်။ တစ်ချို့နေ့တွေဆို နည်းနည်းတောင် လန့်စရာကောင်းနိုင်တယ်။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ ရှင်တို့ကို ပြောမယ့်အကြောင်းက ဒီတူညီတဲ့ အြပန်အလှန် မှီခိုမှုဟာ ပွင့်လင်းတဲ့ အရင်းအမြစ် ပူးပေါင်း ဆောင်ရွက်ခြင်း သုံးလိုက်ရင် အများပြည်သူ ပြဿနာတွေကို ကူညီ ကုသဖို့ ကျွန်မတို့ ထိန်းချုပ်အသုံးပြုနိုင်တဲ့ တကယ်ပဲ အလွန်အမင်း အားကောင်းတဲ့ လူမှုရေး အခြေခံအဆောက်အအုံ ဖြစ်ပုံကိုပါ။ လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်က ကျွန်မ ဖတ်လိုက်ရတဲ့ New York Times စာရေးဆရာ Michael Pollan ရဲ့ဆောင်းပါးမှာ ဆွေးနွေးထားတာက ကိုယ်ပိုင် အစားအစာ စိုက်ပျိုးခြင်းတောင်မှ ပတ်ဝန်းကျင်အတွက်ကို လုပ်နိုင်တဲ့ အကောင်းဆုံးတစ်ခုတဲ့။ ကဲ ဒါကို ဖတ်နေတုန်းက ဆောင်းတွင်း ခေါင်ခေါင်ကြီးဖြစ်ပြီး New York City က ကျွန်မရဲ့တိုက်ခန်းမှာ ညစ်ပတ်တာ အများကြီးအတွက် လုံးဝ နေရာမရှိခဲ့ဘူး။ ဒါနဲ့ အဓိကက နောက် Wired မဂ္ဂဇင်းတစ်စောင် ဖတ်ရုံ အတွက် ငြိမ်နေချင်စိတ် ဖြစ်နေပြီး ကျွမ်းကျင်သူတွေ အနာဂတ် ပြဿနာအားလုံးကို ကျွန်မတို့အတွက် ဘယ်လို ဖြေရှင်းဖို့ ကြံဆနေတယ်ဆိုတာ ရှာနေတာပေါ့။ ဒါပေမဲ့ ဆောင်းပါးထဲမှာ တကယ်တမ်း Michael Pollan ထောက်ပြနေတဲ့ အချက် အတိအကျက ဒီအရာအားလုံးအတွက် တာဝန်ကို ကျွမ်းကျင်သူတွေဆီ လွှဲပြောင်းတဲ့အခါ ကျွန်မတို့ဟာ ရှုပ်ပွတာမျိုးတွေ ဖြစ်စေတာ၊ အစားအစာ စနစ်နဲ့တွဲမြင်တာဟာ အတိအကျပါပဲ။ ဒါနဲ့ ကိုယ်ပိုင်အလုပ်ကနေ နည်းနည်းသိလိုက်ရတာက NASA ဟာ အာကာသမှာ အစားအစာကို စူစမ်းဖို့ မြေမဲ့စိုက်ပျိုးခြင်းကို သုံးနေပုံ အကြောင်းပါ။ အပင်တွေရဲ့ အမြစ်စနစ်တွေပေါ်ကို အဆင့်မြင့် မြေဆီလွာရည်လိုမျိုးတွေ ထည့်ပေးခြင်းနဲ့ သင့်တော်တဲ့ အဟာရ ပမာဏကို တကယ်ရနိုင်တာပါ။ ဟင်းရွက်ပင် တစ်ပင်အတွက် ကျွန်မ တိုက်ခန်းဟာ အာကာသ ဟင်းလင်းပြင်လောက် မျိုးခြားဖြစ်ဖို့လိုပါတယ်။ ဒါပေမဲ့ သဘာဝ အလင်းနဲ့ တစ်နှစ်လုံး မိုးလေဝသ ထိန်းချုပ်တာတော့ လုပ်ပေးနိုင်ပါတယ်။ ရှေ့နှစ်နစ်ကို ကျော်လိုက်ရအောင်။ အခု ကျွန်မတို့ ပြတင်း စိုက်ခင်းတွေရှိတယ်၊ ဒါတွေဟာ အိမ်တွင်း အစားအစာပျိုးခြင်းအတွက် ထောင်လိုက် မြေမဲ့စိုက်ပျိုးခြင်း ကြမ်းခင်းတွေပါ။ ဒါ အလုပ်လုပ်ပုံက အခြေမှာ ပန့်တစ်ခုရှိတယ်၊ ဒါက ဒီအဟာရ ပျော်ရည်ကို ထိပ်ဖျားထိ ပုံမှန်ပို့ပေးတယ်၊ နောက် ရွံ့လုံးတွေထဲမှာ ချိတ်ဆွဲ ထားတဲ့ အပင် အမြစ်စနစ်တွေကနေ တစ်လိမ့်ချင်း စီးသွားတယ်။ ဒီတော့ ညစ်ပတ်တာ မပါတော့ဘူးပေါ့။ အခု အလင်းရောင်နဲ့ အပူချိန်က ပြတင်း တစ်ခုစီရဲ့ မိုးလေဝသအလိုက် ပြောင်းပါတယ်။ ဒီတော့ ပြတင်း စိုက်ခင်းတစ်ခုဟာ လယ်သမားတစ်ဦး လိုအပ်ပြီး သူမရဲ့ ပြတင်း စိုက်ခင်းမှာ ဘယ်သီးနှံမျိုး စိုက်မယ်၊ အစာကို သဘာဝမြေဩဇာ ကျွေး၊ မကျွေး ဆိုတာ ဆုံးဖြတ်ရပါမယ်။ အဲဒီအချိန်က ပြတင်းစိုက်ခင်း ဆိုတာ စမ်းသပ်ခြင်း အများကြီး လိုအပ်မယ့် နည်းပညာအရ ရှုပ်ထွေးတဲ့ စိတ်ကူး တစ်ခုထက် မပိုခဲ့ပါဘူး။ ပွင့်လင်းတဲ့ ပရောဂျက်တစ်ခု ဖြစ်ချင်ခဲ့တဲ့ အကြောင်းက မြေမဲ့ စိုက်ပျိုးခြင်းဟာ အခုအခါ အမေရိကန် ပြည်ထောင်စုမှာ မူပိုင်ခွင့်တင်တာအြမန်ဆုံး တိုးပွားနေတဲ့ နယ်ပယ်တစ်ခုဖြစ်နေပြီး Monsanto လို နောက်ထပ် ဒေသတစ်ခု ဖြစ်လာနိုင်ခြေရှိလို့ပါ။ လူတွေရဲ့ အစားအစာ နည်းလမ်းမှာ ပေါင်းစည်းထားတဲ့ ဉာဏ်ရည် ပစ္စည်း အများကြီးရှိရာ နေရာပေါ့။ ဒါနဲ့ ဆုံးဖြတ်လိုက်တာက ထုတ်ကုန်တစ်ခု ဖန်တီးမယ့်အစား ကျွန်မလုပ်မှာက တွဲဖက် ဖွံ့ဖြိုးရေးသမားး တစ်ခုလုံးဆီ ဒါကို ဖွင့်ပေးလိုက်တာပါ။ ဖန်တီးခဲ့တဲ့ ပထမဆုံး စနစ်အနည်းငယ် ဟာ အလုပ်ဖြစ်သလိုပဲ။ New York City မြင်နေကျ တိုက်ခန်း ပြတင်းမှာ တစ်ပတ် ဆလပ်ရွက်လောက် တကယ် စိုက်နိုင်တယ်။ ချယ်ရီ၊ ခရမ်းချဉ်နဲ့ သခွားသီးလိုမျိုး အရာတွေ စိုက်နိုင်ခဲ့တယ်။ ပထမဆုံး စနစ်အနည်းငယ်ဟာ ယိုပါတယ်၊ အသံကျယ်ပြီး ပါဝါစားတဲ့ Martha Stewart ဟာ ဘယ်တော့မှ အတည်ပြုခံမှာ မဟုတ်တာ ကျိန်းသေတယ်။ (ရယ်သံများ) ပိုများတဲ့ တွဲဖက် ဖွံ့ဖြိုးရေးသမားတွေ ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာက လူမှုရေး မီဒီယာတစ်ခု ဖန်တီးပြီး ဒီအပေါ်မှာ ဒီဇိုင်းတွေတင်ခဲ့တယ်၊ ဒါတွေ လုပ်ဆောင်ပုံကို ရှင်းပြီး ဒီစနစ်တွေမှာ မှားယွင်းနေတာတိုင်းကို ထောက်ပြတဲ့ထိတောင် လုပ်ခဲ့ပါတယ်။ ဒီနောက် ကမ္ဘာတစ်လွှားက လူတွေကို ဒါတွေ တည်ဆောက်ကာ ကျွန်မတို့နဲ့ တွေ့ကြုံခံစားဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီလိုနဲ့ တကယ်တော့ အခု ဒီဝက်ဘ်ဆိုဒ်မှာ လူပေါင်း ၁၈၀၀၀ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ ပြတင်းစိုက်ခင်းတွေ ရှိပါတယ်။ ကျွန်မတို့ အခုလုပ်နေတာက NASA (သို့) အဖွဲ့အစည်းကြီးတွေက ခေါ်ကြတဲ့ R&D (သို့) သုတေသနနဲ့ ဖွံ့ဖြိုးမှုပါ။ ဒါပေမဲ့ ကျွန်မတို့ကတော့ R&D-I-Y (သို့) ကိုယ်တိုင် သုတေသနနဲ့ ဖွံ့ဖြိုးမှုပါ။ ဥပမာအနေနဲ့က Jackson ရောက်လာပြီး အကြံပြုတာက ရေပန့်တွေအစား လေပန့်တွေ သုံးတာပါ။ စနစ်တစ်စုလုံး မှန်ကန်အောင် ဆောက်ဖို့ လိုပေမဲ့ လုပ်ပြီဆိုတာနဲ့ ကာဗွန်ခြေရာကို ထက်ဝက်နီးပါး လျှော့ချနိုင်ခဲ့ပါတယ်။ Chicago က Tony က အခြား ပြတင်း စိုက်သူတွေလို စိုက်ပျိုးခြင်း စမ်းသပ်မှုတွေလုပ်နေပြီး အလင်းရောင်နိမ့်တဲ့ အခြေအနေမှာ သဘာဝ အဟာရတွေ ပြောင်းလဲရုံနဲ့ကို တစ်နှစ်မှာ ကိုးလကြာ စတော်ဘယ်ရီတွေ သီးအောင်လုပ်နိုင်ခဲ့တယ်။ Finland က လယ်သမားတွေက Finnish ဆောင်းတွေရဲ့ မှောင်တဲ့နေ့တွေအတွက် အခု ပွင့်လင်းတဲ့ အရင်းအမြစ်နဲ့ ပရောဂျက် အစိတ်အပိုင်း အြဖစ်လုပ်နေတဲ့ LED အလင်း မီးသီးတွေ တပ်ဆင်ကာ သူတို့ရဲ့ ပြတင်းစိုက်ခင်းတွေကို လိုက်ဖက်အောင်ပြင်နေတယ်။ ဒီတော့ ပြတင်း စိုက်ခင်းတွေဟာ လျှင်မြန်တဲ့ ပုံစံပြောင်း နည်းစနစ်နဲ့ ဆော့ဖ်ဝဲလို ဆင့်ကဲပြောင်းလဲနေပါတယ်။ ပွင့်လင်းတဲ့အရင်းအမြစ် ပရောဂျက်တိုင်းနဲ့အတူ တကယ့် အကျိုးကျေးဇူးက လူတွေရဲ့ သီးခြား ပူပန်မှုတွေအတွက် သူတို့ရဲ့ စနစ်တွေကို လိုက်ဖက်အောင် ပြင်ဆင်တာရဲ့ အသေးစိတ် ပူပန်မှုတွေနဲ့ ကမ္ဘာအနှံ့ ပူပန်မှုတွေအကြား အြပန်အလှန် သက်ရောက်မှုပါ။ ဒီတော့ ကျွန်မနဲ့ ပင်မအသင်းဟာ လူတိုင်းကို တကယ် အကျိုးပြုနိုင်တဲ့ တိုးတက်မှုတွေကို စူးစိုက်နိုင်ခဲ့တယ်။ ပြီး အသစ်ဝင်လာသူတွေရဲ့ လိုအပ်ချက်တွေအတွက် ရှာဖွေနိုင်ခဲ့တယ်။ ဒီတော့ ကိုယ်တိုင်လုပ်သူတွေအတွက် ကောင်းမွန်စွာ စမ်းသပ်ထားတဲ့ ညွှန်ကြားချက်တွေ အခမဲ့ ပံ့ပိုးပေးတယ်၊ ကမ္ဘာတစ်လွှား နေရာတိုင်းက လူတိုင်း ဒီစနစ်တစ်ခုကို အခမဲ့ တည်ဆောက်နိုင်အောင်ပါ။ ဒီစနစ်တွေမှာ လူအစုက ထိန်းထားတဲ့ ဆိုင်ငံ့ထားတဲ့ မူပိုင်ခွင့်တစ်ခုလည်း ရှိပါတယ်။ ပရောဂျက်ကို ငွေကြေးထောက်ပံ့ဖို့ ထုတ်ကုန်တွေ ဖန်တီးဖို့ အစုစပ်ဖွဲ့ပြီး ကျောင်းတွေနဲ့ ကိုယ်ပိုင်စနစ်တွေ ဆောက်ဖို့ အချိန်မရှိတဲ့ တစ်ဦးချင်းတွေကို ရောင်းပါတယ်။ အခု လူအစုအတွင်းမှာ ယဉ်ကျေးမှုတစ်ရပ် ပေါ်လာပါပြီ။ ကျွန်မတို့ ယဉ်ကျေးမှုမှာ စိတ်ကူးသမား သက်သက်ထက် တစ်ဦးဦးရဲ့ စိတ်ကူးကို ထောက်ပံ့တဲ့ စမ်းသပ်သူဖြစ်တာက ပိုကောင်းပါတယ်။ ဒီပရောဂျက်ကနေ ထုတ်ယူလိုက်တာက ကိုယ်ပိုင်အလုပ်အတွက် အထောက်အပံ့ရတာပါ၊ မီးလုံးသစ်တွေ သက်သက်တပ်ဆင်တာထက် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု နည်းလမ်းတစ်ခုမှာ တကယ် ဖြန့်ဝေ ခြင်းရဲ့ အတွေ့အကြုံတစ်ခုရောပေါ့။ ဒါပေမဲ့ ဒါကနေ ကျွန်မတို့ ထုတ်ယူတာကို Eileen က အကောင်းဆုံး ဖော်ပြတယ်လို့ ထင်တယ်၊ ဒါကတော့ ပူးပေါင်းလုပ်ဆောင်ခြင်းရဲ့ တကယ့် ပီတိပါ။ သူမ ဒီမှာဖော်ပြတာက ကမ္ဘာကိုဖြတ်တဲ့ လမ်းတစ်ဝက်မှာ လူတစ်ယောက်ကို တွေ့ပြီး သင့်စိတ်ကူးကိုယူ၊ ဒီအပေါ်မှာတည်ဆောက်ပြီး ဖြန့်ဝေခြင်းအတွက် သင့်ကို အသိအမှတ်ပြုနေတာမျိုးပေါ့။ ပတ်ဝန်းကျင် ထိန်သိမ်းရေးသမားတွေ နဲ့ အစားအစာသမားတွေအဖြစ် အားလုံး ပြောနေကြတဲ့ ကျယ်ပြန့်တဲ့ စားသုံးသူ အမူအကျင့် ပြောင်းလဲမှု တကယ်လိုချင်ရင် ဖြစ်နိုင်တာက "စားသုံးသူ" ဝေါဟာရကို ချောင်ထိုးကာ ဒီအရာကို လုပ်နေတဲ့ လူတွေကို နောက်ချန်ထားဖို့ လိုပါတယ်။ ပွင့်လင်းတဲ့ ရင်းမြစ် ပရောဂျက်တွေမှာ ကိုယ်ပိုင် အဟုန် ရှိတတ်တယ်။ ကျွန်မတို့ မြင်နေတာက ဒီ R&D-I-Y ဟာ ပြတင်းစိုက်ခင်းတွေ၊ LEDs တွေအလွန် ကနေ နေစွမ်းအင်သုံး ပျဉ်တွေ၊ ရေမဲ့စိုက်ပျိုးခြင်း စနစ်တွေထဲ ရွေ့သွားတာပါ။ ကျွန်မတို့အရင် သွားခဲ့တဲ့ မျိုးဆက်တွေရဲ့ တီထွင်ဆန်းသစ်မှုတွေအပေါ်မှာ တည်ဆောက်နေတာပါ။ အခု ကျွန်မတို့ရဲ့ ဘဝတွေကို ပြောင်းလဲဖို့ ကျွန်မတို့ကို တကယ်လိုအပ်သူ မျိုးဆက်တွေကို မှန်းမျှော်ကြည့်နေပါတယ်။ ဒီတော့ စုစည်းထားတဲ့ နိုင်ငံသားတွေရဲ့ တန်ဖိုးကို ပြန်လည်ရှာဖွေခြင်းထဲမှာ သင်တို့ကို ကျွန်မတို့နဲ့ ပါဝင်ခိုင်းပြီး ကျွန်မတို့အားလုံးဟာ ရှေ့ဆောင်သူတွေ ဖြစ်တုန်းဆိုတာ ကြေညာဖို့ပါ။ (လက်ခုပ်သံများ)