အပြင်ပန်းကြည့်ရင်တော့ ဂျွန်အတွက် အရာအားလုံး သူ့ဘက်ပါနေတယ်။ သူဟာ မကြာသေးမီကပဲ စာချုပ်တစ်ခု လက်မှတ်ထိုးခဲ့တယ်။ သူ့ရဲ့ နယူးယောက်က အခန်းကို ရောင်းဖို့စာချုပ်ပါ။ သုညခြောက်လုံး ဂဏန်း အမြတ်နဲ့ပေ့ါ။ အဲဒီအခန်းကို သူပိုင်ခဲ့တာ ငါးနှစ်ပဲရှိသေးတယ်လေ။ သူ့ရဲ့ ဘွဲ့လွန်ဒီဂရီကို ရယူခဲ့တဲ့ ကျောင်းက သူ့ကို ဆရာအနေနဲ့ ကျောင်းမှာ ပြန်အလုပ်လုပ်ပေးဖို့ မကြာခင်ကပဲ ကမ်းလှမ်းခဲ့တယ်။ အဲဒီမှာ လခတစ်မျိုးပဲ မဟုတ်ဘူး နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးရတဲ့ အခြားခံစားခွင့်တွေလည်း ပါတယ်။ ... အရာအားလုံး ဂျွန့်အတွက်အဆင်ပြေနေပေမယ့်.. သူရုန်းထွက်နိုင်အောင် ကြိုးစားနေရတယ်။ ဆေးစွဲနေတာနဲ့ စိတ်ဓါတ်ကျနေတာတွေကနေပေါ့.. ၂၀၀၃ ခုနှစ် ဂျွန်လ ၁၁ရက် မှာ သူ တံတားအစွန်းပေါ်ကို တက်ခဲ့တယ်။ မန်ဟက်တန်တံတားကြီးရဲ့ အကာအရံပေါ်ကို တက်ပြီး.. ဟိုးအောက်မှာရှိတဲ့ အန္တရာယ်ပြည့်နေတဲ့ ရေထဲကို ခုန်ချခဲ့တယ်။ မှတ်သားလောက်စရာ... မဟုတ်သေးဘူး...ထူးဆန်းအံ့သြလောက်စရာပဲ.. သူအသက်ရှင်ခဲ့ပါတယ်။ ပြုတ်အကျမှာ သူ့ညာလက်မောင်း ကြေသွားတယ်။ သူ့မှာ ရှိသမျှ နံရိုးအားလုံးကျိုးသွားခဲ့ပြီး.. သူ့ရဲ့အဆုတ်ကို ထိုးဖောက်လိုက်သလို ဖြစ်သွားခဲ့တယ်... နောက်ပြီးသူဟာ သတိရတစ်ချက်မရတစ်ချက်နဲ့... East မြစ်အတိုင်းမျောလာပြီး.. ဘရွတ်ကလင်း တံတားအောက်.. ပြီးနောက်တော့ Staten ကျွန်းကိုသွားတဲ့ ဖယ်ရီလမ်းကြောင်းထဲကို ရောက်သွားတယ်။ သင်္ဘောပေါ်က ခရီးသည်တွေက... နာကျင်လို့အော်နေတဲ့သူ့အသံကို ကြားသွားပြီး.. ဖယ်ရီရဲ့ကက်ပတိန်ကို အကြောင်းကြားလိုက်တယ်။ ကက်ပတိန်က ကမ်းခြေအစောင့်တွေကို ဆက်အကြောင်းကြားလိုက်တဲ့အခါ... ဂျွန့်ကို East မြစ်ထဲကနေ ကယ်ထုတ်ခဲ့ကြရတယ်။ နောက်ပြီး Bellevue ဆေးရုံကို ပို့လိုက်ကြရတယ်။ အင်း..တကယ်တော့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက ဒီနေရာကျမှ စပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂျွန်က.. သူ့ရဲ့ဘဝကို အားလုံးပြန်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ.. ပထမဆုံးက ရုပ်ပိုင်းဆိုင်ရာ၊ နောက်ပြီး ခံစားမှုပိုင်းဆိုင်ရာ... နောက်ဆုံးကတော့ စိတ်ပိုင်းဆိုင်ရာပေါ့.. သူဘာကို တွေ့ရှိရသလဲဆိုတော့ သူ့ဘဝပြန်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ .. မိမိရဲ့ ဘဝကို နိဂုံးချုပ်ဖို့ ကြိုးစားခဲ့တဲ့လူတစ်ယောက် အတွက် နည်းနည်းပဲ ရှိပါတယ်။.. အခု ဂျွန်လုပ်ခဲ့သလိုပေ့ါ သုတေသနအရတော့.. လူ ၂၀ မှာ ၁၉ ယောက်သော.. ကိုယ့်ကိုယ်ကို သေကြောင်းကြံသူတွေဟာ... မအောင်မြင်ကြပါဘူး.. ဒါပေမယ့် အဲဒီလို ပထမအကြိမ်မှာ သေကြောင်းကြံမှု မအောင်မြင်သူတွေဟာ.. ၃၇ ဆပိုပြီး ဒုတိယအကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ ဒီလူတွေဟာ ...တကယ်ပဲ အန္တရာယ်နဲ့ နီးနေတဲ့လူတွေပါ။ သူတို့ကို ရုန်းထွက်နိုင်ဖို့ ၀ိုင်းဝန်းဖေးကူနိုင်တဲ့ အရာအနည်းငယ်သာ ရှိတာရယ်... ဘာတွေဖြစ်လာသလဲ.. အဲဒီလူတွေသူတို့ရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတာရယ်... သူတို့ရဲ့ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ သတ်သေခြင်းနဲ့ဆိုင်တဲ့ အစွဲတွေ အမြင်တွေရဲ့ သက်ရောက်မှုကြောင့်ပေ့ါ.. ကျွန်တော်တို့က သူတို့ကို ဘာပြောသင့်လဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် မသေချာပါဘူး။ ဒါကြောင့် အများအားဖြင့် ကျွန်တော်တို့ဘာမှ မပြောဖြစ်ကြပါဘူး။ အဲလိုနေလိုက်ကြတဲ့အခါ သူတို့ရဲ့ အထီးကျန်မှုပို ပိုဆိုးလာစေပါရော.. အထီးကျန်မှုဆိုတာ ဂျွန်တို့လို လူတွေ ရင်ဆိုင်နေရတာပါ။ ကျွန်တော် ဂျွန်ရဲ့ ဇာတ်လမ်းကို သေချာသိပါတယ်။ ဘာဖြစ််လို့လဲဆိုတော့ ကျွန်တော်ဟာ ဂျွန်ကိုယ်တိုင် ဖြစ်နေလို့ပါပဲ... အင်း..နောက်ပြီးတော့...ဒီနေ့ လူရှေ့သူရှေ့မှာ ပထမဦးဆုံးအနေနဲ့.. ကျွန်တော်သေသေချာချာ နားလည် သိရှိခဲ့ပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝကိုပေ့ါ.. ဒါပေမယ့် ....၂၀၀၆ ခုနှစ်မှာ အလွန်ချစ်ရတဲ့ ဆရာကို ဆုံးရှုံးရပြီး... ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကိုလည်း ဆုံးရှံုးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က TEDActive မှာ ထိုင်နေရင်းနဲ့.. ကိုယ့်ကိုယ်ကို သိလိုက်တာက ကျွန်တော် ရေငုံနှုတ်ပိတ်မနေသင့်တော့ဘူးလို့... နောက်ပြီး ကျွန်တော့ရဲ့ ဒါနဲ့ဆိုင်တဲ့ အစွဲတွေကို ကျော်ဖြတ်ပြီး.. ဖြန့်ဝေသင့်တဲ့ ဒီအိုင်ဒီယာလေးအကြောင်း ပြောပြဖို့။ အဲဒါဟာ.. ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတဲ့လူတွေကို ... သူတို့ရဲ့ဘဝ ပြန်ရှင်သန်လာနိုင်ဖို့.... အကူအညီပေးနိုင်မယ့်အရာတွေနဲ့ ကျွန်တော်တို့ရဲ့ အကူအညီတွေ ပိုလိုအပ်နေပါတယ်။ The Trevor Project မှာပြောသလိုပဲ... ပိုတော့ ကောင်းလာပါတယ်။ တော်တော်ကြီးကို တိုးတက်ကောင်းမွန်လာပါတယ်။ ဒါနဲ့ ကျွန်တော်က အရှေ့က ထွက်ရပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒီကနေ့ရှိနေတဲ့ လုံးဝခြားနားတဲ့ အလုံပိတ်တစ်ခုလို ဖြစ်နေရာကနေပေါ့.. ခင်ဗျားတို့ကို တွန်းအားပေးဖို့...တိုက်တွန်းဖို့ပါ။ အကယ်၍သင်သာ... ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ စဉ်းစား (သို့) ကြိုးစားဖူးတယ်ဆိုရင်.. ဒါမှမဟုတ်..သင့်အသိအကျွမ်းထဲက တစ်ယောက်ယောက်က ဖြစ်ခဲ့တယ်ဆိုရင်... အဲဒီအကြောင်းကို ထုတ်ပြောပါ။ အကူအညီရယူပါ။ ဒါဟာ..ပြောပြသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ တခြားလူကို ဝေငှသင့်တဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ လက်ခုပ်သံများ...