1 00:00:00,000 --> 00:00:03,000 အပြင်ပန်းကြည့်ရင်တော့ 2 00:00:03,000 --> 00:00:06,000 ဂျွန်အတွက် အရာအားလုံး သူ့ဘက်ပါနေတယ်။ 3 00:00:06,000 --> 00:00:08,000 သူဟာ မကြာသေးမီကပဲ စာချုပ်တစ်ခု လက်မှတ်ထိုးခဲ့တယ်။ 4 00:00:08,000 --> 00:00:10,000 သူ့ရဲ့ နယူးယောက်က အခန်းကို ရောင်းဖို့စာချုပ်ပါ။ 5 00:00:10,000 --> 00:00:12,000 သုညခြောက်လုံး ဂဏန်း အမြတ်နဲ့ပေ့ါ။ 6 00:00:12,000 --> 00:00:15,000 အဲဒီအခန်းကို သူပိုင်ခဲ့တာ ငါးနှစ်ပဲရှိသေးတယ်လေ။ 7 00:00:15,000 --> 00:00:17,000 သူ့ရဲ့ ဘွဲ့လွန်ဒီဂရီကို ရယူခဲ့တဲ့ ကျောင်းက 8 00:00:17,000 --> 00:00:19,000 သူ့ကို ဆရာအနေနဲ့ ကျောင်းမှာ ပြန်အလုပ်လုပ်ပေးဖို့ မကြာခင်ကပဲ ကမ်းလှမ်းခဲ့တယ်။ 9 00:00:19,000 --> 00:00:21,000 အဲဒီမှာ လခတစ်မျိုးပဲ မဟုတ်ဘူး 10 00:00:21,000 --> 00:00:24,000 နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးရတဲ့ အခြားခံစားခွင့်တွေလည်း ပါတယ်။ 11 00:00:25,000 --> 00:00:28,000 ... အရာအားလုံး ဂျွန့်အတွက်အဆင်ပြေနေပေမယ့်.. 12 00:00:28,000 --> 00:00:30,000 သူရုန်းထွက်နိုင်အောင် ကြိုးစားနေရတယ်။ 13 00:00:30,000 --> 00:00:33,000 ဆေးစွဲနေတာနဲ့ စိတ်ဓါတ်ကျနေတာတွေကနေပေါ့.. 14 00:00:35,000 --> 00:00:37,000 ၂၀၀၃ ခုနှစ် ဂျွန်လ ၁၁ရက် မှာ 15 00:00:37,000 --> 00:00:39,000 သူ တံတားအစွန်းပေါ်ကို တက်ခဲ့တယ်။ 16 00:00:39,000 --> 00:00:42,000 မန်ဟက်တန်တံတားကြီးရဲ့ အကာအရံပေါ်ကို တက်ပြီး.. 17 00:00:42,000 --> 00:00:46,000 ဟိုးအောက်မှာရှိတဲ့ အန္တရာယ်ပြည့်နေတဲ့ ရေထဲကို ခုန်ချခဲ့တယ်။ 18 00:00:47,000 --> 00:00:49,000 မှတ်သားလောက်စရာ... 19 00:00:49,000 --> 00:00:51,000 မဟုတ်သေးဘူး...ထူးဆန်းအံ့သြလောက်စရာပဲ.. 20 00:00:51,000 --> 00:00:54,000 သူအသက်ရှင်ခဲ့ပါတယ်။ 21 00:00:54,000 --> 00:00:57,000 ပြုတ်အကျမှာ သူ့ညာလက်မောင်း ကြေသွားတယ်။ 22 00:00:57,000 --> 00:00:59,000 သူ့မှာ ရှိသမျှ နံရိုးအားလုံးကျိုးသွားခဲ့ပြီး.. 23 00:00:59,000 --> 00:01:01,000 သူ့ရဲ့အဆုတ်ကို ထိုးဖောက်လိုက်သလို ဖြစ်သွားခဲ့တယ်... 24 00:01:01,000 --> 00:01:03,000 နောက်ပြီးသူဟာ သတိရတစ်ချက်မရတစ်ချက်နဲ့... 25 00:01:03,000 --> 00:01:06,000 East မြစ်အတိုင်းမျောလာပြီး.. 26 00:01:06,000 --> 00:01:08,000 ဘရွတ်ကလင်း တံတားအောက်.. 27 00:01:08,000 --> 00:01:11,000 ပြီးနောက်တော့ Staten ကျွန်းကိုသွားတဲ့ ဖယ်ရီလမ်းကြောင်းထဲကို ရောက်သွားတယ်။ 28 00:01:11,000 --> 00:01:13,000 သင်္ဘောပေါ်က ခရီးသည်တွေက... 29 00:01:13,000 --> 00:01:15,000 နာကျင်လို့အော်နေတဲ့သူ့အသံကို ကြားသွားပြီး.. 30 00:01:15,000 --> 00:01:17,000 ဖယ်ရီရဲ့ကက်ပတိန်ကို အကြောင်းကြားလိုက်တယ်။ 31 00:01:17,000 --> 00:01:19,000 ကက်ပတိန်က ကမ်းခြေအစောင့်တွေကို ဆက်အကြောင်းကြားလိုက်တဲ့အခါ... 32 00:01:19,000 --> 00:01:21,000 ဂျွန့်ကို East မြစ်ထဲကနေ ကယ်ထုတ်ခဲ့ကြရတယ်။ 33 00:01:21,000 --> 00:01:24,000 နောက်ပြီး Bellevue ဆေးရုံကို ပို့လိုက်ကြရတယ်။ 34 00:01:24,000 --> 00:01:27,000 အင်း..တကယ်တော့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက ဒီနေရာကျမှ စပါတယ်။ 35 00:01:27,000 --> 00:01:29,000 ဘာဖြစ်လို့လဲဆိုတော့ ဂျွန်က.. 36 00:01:29,000 --> 00:01:32,000 သူ့ရဲ့ဘဝကို အားလုံးပြန်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ.. 37 00:01:32,000 --> 00:01:35,000 ပထမဆုံးက ရုပ်ပိုင်းဆိုင်ရာ၊ နောက်ပြီး ခံစားမှုပိုင်းဆိုင်ရာ... 38 00:01:35,000 --> 00:01:37,000 နောက်ဆုံးကတော့ စိတ်ပိုင်းဆိုင်ရာပေါ့.. 39 00:01:37,000 --> 00:01:40,000 သူဘာကို တွေ့ရှိရသလဲဆိုတော့ သူ့ဘဝပြန်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ .. 40 00:01:40,000 --> 00:01:42,000 မိမိရဲ့ ဘဝကို နိဂုံးချုပ်ဖို့ ကြိုးစားခဲ့တဲ့လူတစ်ယောက် အတွက် နည်းနည်းပဲ ရှိပါတယ်။.. 41 00:01:42,000 --> 00:01:45,000 အခု ဂျွန်လုပ်ခဲ့သလိုပေ့ါ 42 00:01:45,000 --> 00:01:47,000 သုတေသနအရတော့.. 43 00:01:47,000 --> 00:01:49,000 လူ ၂၀ မှာ ၁၉ ယောက်သော.. 44 00:01:49,000 --> 00:01:51,000 ကိုယ့်ကိုယ်ကို သေကြောင်းကြံသူတွေဟာ... 45 00:01:51,000 --> 00:01:53,000 မအောင်မြင်ကြပါဘူး.. 46 00:01:54,000 --> 00:01:56,000 ဒါပေမယ့် အဲဒီလို ပထမအကြိမ်မှာ သေကြောင်းကြံမှု မအောင်မြင်သူတွေဟာ.. 47 00:01:56,000 --> 00:01:59,000 ၃၇ ဆပိုပြီး 48 00:01:59,000 --> 00:02:02,000 ဒုတိယအကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ 49 00:02:02,000 --> 00:02:04,000 ဒီလူတွေဟာ ...တကယ်ပဲ 50 00:02:04,000 --> 00:02:06,000 အန္တရာယ်နဲ့ နီးနေတဲ့လူတွေပါ။ 51 00:02:06,000 --> 00:02:09,000 သူတို့ကို ရုန်းထွက်နိုင်ဖို့ ၀ိုင်းဝန်းဖေးကူနိုင်တဲ့ အရာအနည်းငယ်သာ ရှိတာရယ်... 52 00:02:09,000 --> 00:02:11,000 ဘာတွေဖြစ်လာသလဲ.. 53 00:02:11,000 --> 00:02:14,000 အဲဒီလူတွေသူတို့ရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတာရယ်... 54 00:02:14,000 --> 00:02:16,000 သူတို့ရဲ့ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ သတ်သေခြင်းနဲ့ဆိုင်တဲ့ အစွဲတွေ အမြင်တွေရဲ့ သက်ရောက်မှုကြောင့်ပေ့ါ.. 55 00:02:16,000 --> 00:02:18,000 ကျွန်တော်တို့က သူတို့ကို ဘာပြောသင့်လဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် မသေချာပါဘူး။ 56 00:02:18,000 --> 00:02:21,000 ဒါကြောင့် အများအားဖြင့် ကျွန်တော်တို့ဘာမှ မပြောဖြစ်ကြပါဘူး။ 57 00:02:21,000 --> 00:02:23,000 အဲလိုနေလိုက်ကြတဲ့အခါ သူတို့ရဲ့ အထီးကျန်မှုပို ပိုဆိုးလာစေပါရော.. 58 00:02:23,000 --> 00:02:26,000 အထီးကျန်မှုဆိုတာ ဂျွန်တို့လို လူတွေ ရင်ဆိုင်နေရတာပါ။ 59 00:02:28,000 --> 00:02:30,000 ကျွန်တော် ဂျွန်ရဲ့ ဇာတ်လမ်းကို သေချာသိပါတယ်။ 60 00:02:30,000 --> 00:02:33,000 ဘာဖြစ််လို့လဲဆိုတော့ ကျွန်တော်ဟာ ဂျွန်ကိုယ်တိုင် ဖြစ်နေလို့ပါပဲ... 61 00:02:34,000 --> 00:02:37,000 အင်း..နောက်ပြီးတော့...ဒီနေ့ 62 00:02:37,000 --> 00:02:40,000 လူရှေ့သူရှေ့မှာ ပထမဦးဆုံးအနေနဲ့.. 63 00:02:40,000 --> 00:02:42,000 ကျွန်တော်သေသေချာချာ နားလည် သိရှိခဲ့ပါတယ်။ 64 00:02:42,000 --> 00:02:45,000 ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝကိုပေ့ါ.. 65 00:02:46,000 --> 00:02:49,000 ဒါပေမယ့် ....၂၀၀၆ ခုနှစ်မှာ အလွန်ချစ်ရတဲ့ ဆရာကို ဆုံးရှုံးရပြီး... 66 00:02:49,000 --> 00:02:53,000 ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကိုလည်း ဆုံးရှံုးခဲ့ရပါတယ်။ 67 00:02:53,000 --> 00:02:56,000 ပြီးခဲ့တဲ့နှစ်က TEDActive မှာ ထိုင်နေရင်းနဲ့.. 68 00:02:56,000 --> 00:02:59,000 ကိုယ့်ကိုယ်ကို သိလိုက်တာက ကျွန်တော် ရေငုံနှုတ်ပိတ်မနေသင့်တော့ဘူးလို့... 69 00:02:59,000 --> 00:03:01,000 နောက်ပြီး ကျွန်တော့ရဲ့ ဒါနဲ့ဆိုင်တဲ့ အစွဲတွေကို ကျော်ဖြတ်ပြီး.. 70 00:03:01,000 --> 00:03:04,000 ဖြန့်ဝေသင့်တဲ့ ဒီအိုင်ဒီယာလေးအကြောင်း ပြောပြဖို့။ 71 00:03:04,000 --> 00:03:06,000 အဲဒါဟာ.. 72 00:03:06,000 --> 00:03:09,000 ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတဲ့လူတွေကို ... 73 00:03:09,000 --> 00:03:11,000 သူတို့ရဲ့ဘဝ ပြန်ရှင်သန်လာနိုင်ဖို့.... 74 00:03:11,000 --> 00:03:14,000 အကူအညီပေးနိုင်မယ့်အရာတွေနဲ့ ကျွန်တော်တို့ရဲ့ အကူအညီတွေ ပိုလိုအပ်နေပါတယ်။ 75 00:03:15,000 --> 00:03:18,000 The Trevor Project မှာပြောသလိုပဲ... ပိုတော့ ကောင်းလာပါတယ်။ 76 00:03:18,000 --> 00:03:21,000 တော်တော်ကြီးကို တိုးတက်ကောင်းမွန်လာပါတယ်။ 77 00:03:21,000 --> 00:03:23,000 ဒါနဲ့ ကျွန်တော်က အရှေ့က ထွက်ရပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ 78 00:03:23,000 --> 00:03:25,000 ဒီကနေ့ရှိနေတဲ့ လုံးဝခြားနားတဲ့ အလုံပိတ်တစ်ခုလို ဖြစ်နေရာကနေပေါ့.. 79 00:03:25,000 --> 00:03:28,000 ခင်ဗျားတို့ကို တွန်းအားပေးဖို့...တိုက်တွန်းဖို့ပါ။ 80 00:03:28,000 --> 00:03:30,000 အကယ်၍သင်သာ... 81 00:03:30,000 --> 00:03:34,000 ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ စဉ်းစား (သို့) ကြိုးစားဖူးတယ်ဆိုရင်.. 82 00:03:34,000 --> 00:03:37,000 ဒါမှမဟုတ်..သင့်အသိအကျွမ်းထဲက တစ်ယောက်ယောက်က ဖြစ်ခဲ့တယ်ဆိုရင်... 83 00:03:37,000 --> 00:03:40,000 အဲဒီအကြောင်းကို ထုတ်ပြောပါ။ အကူအညီရယူပါ။ 84 00:03:40,000 --> 00:03:43,000 ဒါဟာ..ပြောပြသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ 85 00:03:43,000 --> 00:03:46,000 နောက်ပြီး ဒါဟာ တခြားလူကို ဝေငှသင့်တဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်ပါတယ်။ 86 00:03:46,000 --> 00:03:48,000 ကျေးဇူးတင်ပါတယ်။ 87 00:03:48,000 --> 00:03:53,000 လက်ခုပ်သံများ...