0:00:00.000,0:00:03.000 အပြင်ပန်းကြည့်ရင်တော့ 0:00:03.000,0:00:06.000 ဂျွန်အတွက် အရာအားလုံး သူ့ဘက်ပါနေတယ်။ 0:00:06.000,0:00:08.000 သူဟာ မကြာသေးမီကပဲ စာချုပ်တစ်ခု လက်မှတ်ထိုးခဲ့တယ်။ 0:00:08.000,0:00:10.000 သူ့ရဲ့ နယူးယောက်က အခန်းကို ရောင်းဖို့စာချုပ်ပါ။ 0:00:10.000,0:00:12.000 သုညခြောက်လုံး ဂဏန်း အမြတ်နဲ့ပေါ့။ 0:00:12.000,0:00:15.000 အဲဒီအခန်းကို သူပိုင်ခဲ့တာ ငါးနှစ်ပဲရှိသေးတယ်လေ။ 0:00:15.000,0:00:17.000 သူ့ရဲ့ ဘွဲ့လွန်ဒီဂရီကို ရယူခဲ့တဲ့ ကျောင်းက 0:00:17.000,0:00:19.000 သူ့ကို ဆရာအနေနဲ့ ကျောင်းမှာ ပြန်အလုပ်လုပ်ပေးဖို့ မကြာခင်ကပဲ ကမ်းလှမ်းခဲ့တယ်။ 0:00:19.000,0:00:21.000 အဲဒီမှာ လခတစ်မျိုးပဲ မဟုတ်ဘူး 0:00:21.000,0:00:24.000 နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးရတဲ့ အခြားခံစားခွင့်တွေလည်း ပါတယ်။ 0:00:25.000,0:00:28.000 ... အရာအားလုံး ဂျွန့်အတွက်အဆင်ပြေနေပေမယ့်.. 0:00:28.000,0:00:30.000 သူရုန်းထွက်နိုင်အောင် ကြိုးစားနေရတယ်။ 0:00:30.000,0:00:33.000 ဆေးစွဲနေတာနဲ့ စိတ်ဓါတ်ကျနေတာတွေကနေပေါ့.. 0:00:35.000,0:00:37.000 ၂၀၀၃ ခုနှစ် ဂျွန်လ ၁၁ရက် မှာ 0:00:37.000,0:00:39.000 သူ တံတားအစွန်းပေါ်ကို တက်ခဲ့တယ်။ 0:00:39.000,0:00:42.000 မန်ဟက်တန်တံတားကြီးရဲ့ အကာအရံပေါ်ကို တက်ပြီး.. 0:00:42.000,0:00:46.000 ဟိုးအောက်မှာရှိတဲ့ အန္တရာယ်ပြည့်နေတဲ့ ရေထဲကို ခုန်ချခဲ့တယ်။ 0:00:47.000,0:00:49.000 မှတ်သားလောက်စရာ... 0:00:49.000,0:00:51.000 မဟုတ်သေးဘူး...ထူးဆန်းအံ့သြလောက်စရာပဲ.. 0:00:51.000,0:00:54.000 သူအသက်ရှင်ခဲ့ပါတယ်။ 0:00:54.000,0:00:57.000 ပြုတ်အကျမှာ သူ့ညာလက်မောင်း ကြေသွားတယ်။ 0:00:57.000,0:00:59.000 သူ့မှာ ရှိသမျှ နံရိုးအားလုံးကျိုးသွားခဲ့ပြီး.. 0:00:59.000,0:01:01.000 သူ့ရဲ့အဆုတ်ကို ထိုးဖောက်လိုက်သလို ဖြစ်သွားခဲ့တယ်... 0:01:01.000,0:01:03.000 နောက်ပြီးသူဟာ သတိရတစ်ချက်မရတစ်ချက်နဲ့... 0:01:03.000,0:01:06.000 East မြစ်အတိုင်းမျောလာပြီး.. 0:01:06.000,0:01:08.000 ဘရွတ်ကလင်း တံတားအောက်.. 0:01:08.000,0:01:11.000 ပြီးနောက်တော့ Staten ကျွန်းကိုသွားတဲ့ ဖယ်ရီလမ်းကြောင်းထဲကို ရောက်သွားတယ်။ 0:01:11.000,0:01:13.000 သင်္ဘောပေါ်က ခရီးသည်တွေက... 0:01:13.000,0:01:15.000 နာကျင်လို့အော်နေတဲ့သူ့အသံကို ကြားသွားပြီး.. 0:01:15.000,0:01:17.000 ဖယ်ရီရဲ့ကက်ပတိန်ကို အကြောင်းကြားလိုက်တယ်။ 0:01:17.000,0:01:19.000 ကက်ပတိန်က ကမ်းခြေအစောင့်တွေကို ဆက်အကြောင်းကြားလိုက်တဲ့အခါ... 0:01:19.000,0:01:21.000 ဂျွန့်ကို East မြစ်ထဲကနေ ကယ်ထုတ်ခဲ့ကြရတယ်။ 0:01:21.000,0:01:24.000 နောက်ပြီး Bellevue ဆေးရုံကို ပို့လိုက်ကြရတယ်။ 0:01:24.000,0:01:27.000 အင်း..တကယ်တော့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက ဒီနေရာကျမှ စပါတယ်။ 0:01:27.000,0:01:29.000 ဘာဖြစ်လို့လဲဆိုတော့ ဂျွန်က.. 0:01:29.000,0:01:32.000 သူ့ရဲ့ဘ၀ကို အားလုံးပြန်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ.. 0:01:32.000,0:01:35.000 ပထမဆုံးက ရုပ်ပိုင်းဆိုင်ရာ၊ နောက်ပြီး ခံစားမှုပိုင်းဆိုင်ရာ... 0:01:35.000,0:01:37.000 နောက်ဆုံးကတော့ စိတ်ပိုင်းဆိုင်ရာပေါ့.. 0:01:37.000,0:01:40.000 သူဘာကို တွေ့ရှိရသလဲဆိုတော့ သူ့ဘ၀ပြန်တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေ .. 0:01:40.000,0:01:42.000 မိမိရဲ့ ဘ၀ကို နိဂုံးချုပ်ဖို့ ကြိုးစားခဲ့တဲ့လူတစ်ယောက် အတွက် နည်းနည်းပဲ ရှိပါတယ်။.. 0:01:42.000,0:01:45.000 အခု ဂျွန်လုပ်ခဲ့သလိုပေါ့ 0:01:45.000,0:01:47.000 သုတေသနအရတော့.. 0:01:47.000,0:01:49.000 လူ ၂၀ မှာ ၁၉ ယောက်သော.. 0:01:49.000,0:01:51.000 ကိုယ့်ကိုယ်ကို သေကြောင်းကြံသူတွေဟာ... 0:01:51.000,0:01:53.000 မအောင်မြင်ကြပါဘူး.. 0:01:54.000,0:01:56.000 ဒါပေမယ့် အဲဒီလို ပထမအကြိမ်မှာ သေကြောင်းကြံမှု မအောင်မြင်သူတွေဟာ.. 0:01:56.000,0:01:59.000 ၃၇ ဆပိုပြီး 0:01:59.000,0:02:02.000 ဒုတိယအကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ 0:02:02.000,0:02:04.000 ဒီလူတွေဟာ ...တကယ်ပဲ 0:02:04.000,0:02:06.000 အန္တရာယ်နဲ့ နီးနေတဲ့လူတွေပါ။ 0:02:06.000,0:02:09.000 သူတို့ကို ရုန်းထွက်နိုင်ဖို့ ၀ိုင်းဝန်းဖေးကူနိုင်တဲ့ အရာအနည်းငယ်သာ ရှိတာရယ်... 0:02:09.000,0:02:11.000 ဘာတွေဖြစ်လာသလဲ.. 0:02:11.000,0:02:14.000 အဲဒီလူတွေသူတို့ရဲ့ဘ၀တွေကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတာရယ်... 0:02:14.000,0:02:16.000 သူတို့ရဲ့ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ သတ်သေခြင်းနဲ့ဆိုင်တဲ့ အစွဲတွေ အမြင်တွေရဲ့ သက်ရောက်မှုကြောင့်ပေါ့.. 0:02:16.000,0:02:18.000 ကျွန်တော်တို့က သူတို့ကို ဘာပြောသင့်လဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် မသေချာပါဘူး။ 0:02:18.000,0:02:21.000 ဒါကြောင့် အများအားဖြင့် ကျွန်တော်တို့ဘာမှ မပြောဖြစ်ကြပါဘူး။ 0:02:21.000,0:02:23.000 အဲလိုနေလိုက်ကြတဲ့အခါ သူတို့ရဲ့ အထီးကျန်မှုပို ပိုဆိုးလာစေပါရော.. 0:02:23.000,0:02:26.000 အထီးကျန်မှုဆိုတာ ဂျွန်တို့လို လူတွေ ရင်ဆိုင်နေရတာပါ။ 0:02:28.000,0:02:30.000 ကျွန်တော် ဂျွန်ရဲ့ ဇာတ်လမ်းကို သေချာသိပါတယ်။ 0:02:30.000,0:02:33.000 ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ ဂျွန်ကိုယ်တိုင် ဖြစ်နေလို့ပါပဲ... 0:02:34.000,0:02:37.000 အင်း..နောက်ပြီးတော့...ဒီနေ့ 0:02:37.000,0:02:40.000 လူရှေ့သူရှေ့မှာ ပထမဦးဆုံးအနေနဲ့.. 0:02:40.000,0:02:42.000 ကျွန်တော်သေသေချာချာ နားလည် သိရှိခဲ့ပါတယ်။ 0:02:42.000,0:02:45.000 ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကိုပေါ့.. 0:02:46.000,0:02:49.000 ဒါပေမယ့် ....၂၀၀၆ ခုနှစ်မှာ အလွန်ချစ်ရတဲ့ ဆရာကို ဆုံးရှုံးရပြီး... 0:02:49.000,0:02:53.000 ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ 0:02:53.000,0:02:56.000 ပြီးခဲ့တဲ့နှစ်က TEDActive မှာ ထိုင်နေရင်းနဲ့.. 0:02:56.000,0:02:59.000 ကိုယ့်ကိုယ်ကို သိလိုက်တာက ကျွန်တော် ရေငုံနှုတ်ပိတ်မနေသင့်တော့ဘူးလို့... 0:02:59.000,0:03:01.000 နောက်ပြီး ကျွန်တော့ရဲ့ ဒါနဲ့ဆိုင်တဲ့ အစွဲတွေကို ကျော်ဖြတ်ပြီး.. 0:03:01.000,0:03:04.000 ဖြန့်ဝေသင့်တဲ့ ဒီအိုင်ဒီယာလေးအကြောင်း ပြောပြဖို့။ 0:03:04.000,0:03:06.000 အဲဒါဟာ.. 0:03:06.000,0:03:09.000 ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတဲ့လူတွေကို ... 0:03:09.000,0:03:11.000 သူတို့ရဲ့ဘ၀ ပြန်ရှင်သန်လာနိုင်ဖို့.... 0:03:11.000,0:03:14.000 အကူအညီပေးနိုင်မယ့်အရာတွေနဲ့ ကျွန်တော်တို့ရဲ့ အကူအညီတွေ ပိုလိုအပ်နေပါတယ်။ 0:03:15.000,0:03:18.000 The Trevor Project မှာပြောသလိုပဲ... ပိုတော့ ကောင်းလာပါတယ်။ 0:03:18.000,0:03:21.000 တော်တော်ကြီးကို တိုးတက်ကောင်းမွန်လာပါတယ်။ 0:03:21.000,0:03:23.000 ဒါနဲ့ ကျွန်တော်က အရှေ့က ထွက်ရပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ 0:03:23.000,0:03:25.000 ဒီကနေ့ရှိနေတဲ့ လုံးဝခြားနားတဲ့ အလုံပိတ်တစ်ခုလို ဖြစ်နေရာကနေပေါ့.. 0:03:25.000,0:03:28.000 ခင်ဗျားတို့ကို တွန်းအားပေးဖို့...တိုက်တွန်းဖို့ပါ။ 0:03:28.000,0:03:30.000 အကယ်၍သင်သာ... 0:03:30.000,0:03:34.000 ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ စဉ်းစား (သို့) ကြိုးစားဖူးတယ်ဆိုရင်.. 0:03:34.000,0:03:37.000 ဒါမှမဟုတ်..သင့်အသိအကျွမ်းထဲက တစ်ယောက်ယောက်က ဖြစ်ခဲ့တယ်ဆိုရင်... 0:03:37.000,0:03:40.000 အဲဒီအကြောင်းကို ထုတ်ပြောပါ။ အကူအညီရယူပါ။ 0:03:40.000,0:03:43.000 ဒါဟာ..ပြောပြသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ 0:03:43.000,0:03:46.000 နောက်ပြီး ဒါဟာ တခြားလူကို ဝေငှသင့်တဲ့ အိုင်ဒီယာတစ်ခုလည်း ဖြစ်ပါတယ်။ 0:03:46.000,0:03:48.000 ကျေးဇူးတင်ပါတယ်။ 0:03:48.000,0:03:53.000 လက်ခုပ်သံများ...