နောက်ဆုံး သင်ခန်းစာတုန်းက
Toussaint L'Ouverture ကို
သူ့ရဲ့ ညာလက်ရုံးတွေက သစ္စာဖောက်လိုက်တဲ့ အကြောင်းပြောခဲ့တယ်
သစ္စာဖောက်တဲ့သူတွေဟာ Leclerc ဘက်ကို ပူးပေါင်းသွားကြတယ်
ဒါမှမဟုတ်လည်း Leclerc ကို ဆက်ပြီး မပုန်ကန်နိုင်တော့တာလည်း ဖြစ်နိုင်တယ်
Leclerc က အဆိုးကြီး မဟုတ်ဘူးလို့ ယူဆလာကြတာကိုး
သူက ကျွန်စနစ်ကို ပြန်ပြီး အသက်သွင်းဖို့ အစီအစဉ်မရှိဘူး
အာဖရိကန်ပြည်သူတွေရဲ့
ရပိုင်ခွင့်ကိုလည်း မထိပါးလိုဘူး
ဒါက Leclerc ရဲ့ ပုံနောက်တစ်ပုံပါ
ဒီမှာ သူပေါ့
သူ့လက်မောင်းတွေ ဆုံးရှုံးခဲ့တယ်
Leclerc နဲ့ ဆွေးနွေးဖို့ သွားစဉ်မှာပဲ
Leclerc က သူ့ကို အဆိပ်ခတ်တယ်
လှေတစ်စီးနဲ့
ပြင်သစ်ကို ပို့လိုက်တယ်
နောက်တစ်နှစ် ၁၈၀၃ ရောက်တော့ ဆုံးသွားတယ်
သူ သစ္စာဖောက်ခံလိုက်ရတာပါ
၁၈၀၃ ခုနှစ်မှာ ထောင်နန်းစံပြီး ဆုံးခဲ့ရတာပါ
တကယ်တော့ သူဟာ
ဟေရှင်သမိုင်းစာမျက်နှာမှာတင်မဟုတ်ဘူး
ကမ္ဘာမှာ အရေးပါတဲ့ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်ပါတယ်
ကျွန်တော် အရင်က ပြောခဲ့သလိုပဲ.. သူအာဏာသိမ်းတဲ့အချိန်မှာ
လူဖြူတွေကိုတောင် ကလဲ့စားချေခဲ့တာမဟုတ်ပါဘူး
ဟေတီနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာအောင်
ကူညီပေးခဲ့တယ်
အခုလက်ရှိ ဟေတီနိုင်ငံရဲ့ အခြေအနေဟာ သူ့စွမ်းဆောင်မှုကြောင့် ဖြစ်လာခဲ့တာ
Saint-Domingue က ဗြိတိသျှတောာ်ဝင်ရေတပ်ကို တော်လှန်ခဲ့တယ်
ကျွန်တော် တစ်ခုပြောဖို့မေ့သွားတယ်
အင်္ဂလိပ်ရေတပ်ကို ခုခံခဲ့တဲ့ ကာလက
အဲ့ဒီ အချိန်အနေနဲ့ဆိုရင်
ကမ္ဘာမှာ အင်္ဂလိပ်ရေတပ်အင်အားအကြီးဆုံးဖြစ်နေစဉ်ပေါ့
ဒါ့ကြောင့်ပဲ သူဒီလို
စစ်သူကြီးတစ်ယောက် အနေနဲ့
ထက်မြက်တဲ့ ခေါင်းဆောင်အနေနဲ့ အသိအမှတ်ပြုခံရတာဖြစ်ပါတယ်
သူပြန်ပြီး ကလဲ့စားချေတာမျိုးလည်းမလုပ်ခဲ့ဘူး
ကြာပွတ်နဲ့ ရိုက်တာမျိုးတွေ.... မီးရှို့သတ်တာမျိုးတွေ မလုပ်ခဲ့ဘူး
ရန်သူတွေကို အငြိုးနဲ့ မတုံ့ပြန်ဘူး
ဒါကြောင့်လည်း သစ္စာဖောက်ခံလိုက်ရတာဖြစ်မှာပါ
သေချာတာကတော့
Leclerc က မကောင်းဆိုးဝါးအစွယ်တွေရှိတာနဲ့ ထိုက်တန်တယ်ဆိုတာပဲ
သူ့ထက် ပိုယုတ်မာတဲ့သူရှိတယ်ဆိုတာတော့
အမှန်ပါပဲ
ဒါမှမဟုတ်လည်း
ထိုယုတ်မာတဲ့လူရဲ့ လက်ပါးစေလည်းဖြစ်မှာပေါ့
၁၈၀၂ မေလမှာ
နပိုလီယမ်က
ကျွန်စနစ်ကို ပြန်လည်ပြဌာန်းတဲ့ ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့တယ်
ကျွန်စနစ်က ပြန်လည်ပေါ်ထွန်းလာတယ်
ဒွိဟဖြစ်စရာပါပဲ
ကျွန်စနစ်မပပျောက်သေးတဲ့
တစ်ချို့ဒေသတွေလည်းရှိသေးတယ်
ဘာတွေလဲဆိုတော့ မာတီးနီ
စိန့်လူဆီယာ... တိုဘက်ကို.. စတဲ့ ပြင်သစ်ကိုလိုနီဒေသတွေပါ
ဒါပေမဲ့... ဟေတီမှာကျတော့
သို့မဟုတ် စိန့်ဒိုမင်းမှာ ထိုစဉ်ကာလတုန်းက
ဒွိဟဖြစ်စရာတွေဖြစ်နေခဲ့တယ်
ကျွန်စနစ်အမှန်တကယ်ပျောက်ကွယ်သွားတာလား
မပျောက်ကွယ်သေးတာလားဆိုတာတွေပေါ့
သိသိသာသာဖြစ်နေတာကတော့.... ကျွန်တွေက ဟေတီမှာ လွတ်လပ်တယ်ဆိုတာပါ
ဆိုတော့ ဟေတီအတွက် ဘာမှန်းညာမှန်း မရေရာသေးပဲ ဖြစ်နေတာပေါ့
တစ်ချိန်တည်းမှာကျတော့
ဟေရှင်တွေက ... အဲ့လိုတွေဖြစ်နေမှန်းတောင် မသိဘူး
၁၈၀၂ မေလမှာပေါ့
သေချာအောင်ပြောချင်တာကတော့
နပိုလီယန်က Leclerc ကို
ကျွန်စနစ်ကို အချိန်ကျရင်ပြန်လည်ပြဌာန်းဖို့ကို
လျို့ဝှက်စာအနေနဲ့ ပို့လိုက်တယ်ဆိုတာပဲ
အချိန်ရောက်ရင် ပြန်ပြီး ပြဌာန်းဖို့ကိုပေါ့
ဒီလူတွေက ခေသူတွေမဟုတ်ပါဘူး
အခြေအနေကို သဘောပေါက်ပါတယ်
သူတို့ကို ကူညီပေးဖို့
Toussaint L'Ouverture ရဲ့ရှေ့ဆောင် စစ်သူကြီးတစ်ချို့ကို လိုအပ်တာကို သဘောပေါက်တယ်
ညာလက်ရုံးကြီးတွေပေါ့
ဟေတီကို ထိန်းချုပ်ပေးဖို့ပေါ့
တကယ့်ရည်ရွယ်ချက်အမှန်ကတော့
သူတို့ အာဏာရလာတဲ့အခါမှာ
ကျွန်စနစ်ကို ပြန်လည်ပြဌာန်းပြီး ကွပ်ညှပ်မလို့ပါ
အသားအရောင်မခွဲခြားရေးကို ပြန်ပြီး အရောင်ဆိုးမလို့ပါ
သူတို့တွေက တုံးလှတယ်လို့တော့ မဟုတ်ပါဘူး
ဒယ်စလင်းကို သင်သိမှာပါ
ဒါက သူ့ရဲ့ ပုံတစ်ပုံဖြစ်ပါတယ်
သူဟာ ကွန်တစ်ယောက်ပါ
Toussaint L'Ouverture ရဲ့ ညာတောင်ပံအဖွဲ့ထဲက တစ်ယောက်ပေါ့
အလွန်ထိရောက်တဲ့ စစ်သူကြီးတစ်ယောက်ပေါ့
သင်မှတ်မိဦးမှာပေါ့
Leclerc ကို တိုက်ခိုက်တဲ့ အမှုတွေပြီးခါနီးမှာ
Leclerc ကို အရှုံးပေးခဲ့တယ်
ပြောရရင်တော့
Toussaint L'Ouverture ကို သစ္စာဖောက်ခဲ့တယ်
ဒါပေမဲ့ သူနဲ့
Toussaint L'Ouverture ရဲ့ အရင်က နောက်လိုက်တွေက
နံရံပေါ်က ရေးသားချက်တွေကိုလည်း တွေ့ရှိခဲ့ရတယ်
အဲ့ဒီ လျို့ဝှက်သဝန်လွှာကို လမ်းမှာ တကူးတကဖြတ်ဖမ်းနေစရာတောင် မလိုဘူး
Martinique နဲ့ Tobago နဲ့ Saint Lucia ဆီက စာရတယ်
ကျွန်စနစ် ပြန်လည်ပြဌာန်းရမယ်ဆိုပြီး စာရတယ်
အဲ့ဒီ ကာလတုန်းက ဘယ်သူမှ ပြင်သစ်တွေကို
မယုံကြည်ကြဘူး ... မပတ်သတ်ကြဘူး
ကျွန်ကိစ္စနဲ့ ပတ်သတ်လာရင်ပေါ့
ဒီစလင်းနဲ့ သူ့ရဲဘော်တွေက ပြန်ပြီး လက်နက်သိမ်းလိုက်တယ်
ဒီစလင်းက
Toussaint L'Ouverture နဲ့ မတူဘူး
တူတာ တစ်ခုပဲရှိတယ်
နှစ်ယောက်လုံးက စစ်ရေးမှာ ဆရာကြီးတွေပဲ
လုံးဝမတူတဲ့ အချက်ကတော့
ဒီစလင်းက တုန့်ဆိုင်းနေတတ်တဲ့လူမိုျုးမဟုတ်ဘူး
ပြောရရင်
မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး ပြန်ယူရမှ ကျေနပ်တဲ့လူမျိုုး
ဒီစလင်း တာဝန်ကျတဲ့ အလုပ်က
ကျွန်တော်လှန်ရေးတပ်မတော်မှာပေါ့
အခြားတစ်ဖက်မှာကျတော့
စစ်သည် လေးသောင်းနဲ့ Leclerc က
နပိုလီယမ်နဲ့ ပေါင်းပြီး ရှိနေပြန်ရော
ဒီစလင်းအတွက်တော့ ကံကောင်းသွားပေမဲ့
အခြား လူတွေအတွက်တော့ ကံမကောင်းခဲ့ပါဘူး
ကျွန်တော် ပြောချင်တာက အသားဝါရောဂါကို ပြောတာပါ ... လူတွေအများကြီး သေဆုံးရတယ်
ကျွန်းပေါ်က အာဖရိကန်တွေ အတွက်တော့
စိတ်သက်သာရာရသွားတာပေါ့
အသားဝါရောဂါကြောင့် Leclerc လည်းကွယ်လွန်သွားတယ်
စစ်သားပေါင်း နှစ်သောင်းလောက်...
ကျွန်တော် ဖတ်သလောက်တော့ လူပေါင်း ၂၄၀၀၀ ကျော်ပေါ့
ပြင်သစ် စစ်သားတွေပေါ့ ... အသက်ဆုံးတယ်
၈၀၀၀ လောက်ကတော့ ဆေးရုံတင်လိုက်ရတယ်
စုစုပေါင်း လူပေါင်း ၃၂၀၀၀ လောက်ဖြစ်သွားတာပေါ့
ဆိုတော့ စစ်တပ်မှာ အယောက် ၈၀၀၀ လောက်ပဲကျန်ခဲ့တယ်
ရုတ်တရက် အခြေအနေတွေပြောင်းသွားတာပေါ့လေ
စစ်သားအရေအတွက်ပြောင်းလဲမှုဖြစ်သွားတယ်
တော်လှန်ရေးစစ်တပ်က ခုခံတွန်းလှန်ရမဲ့ အရေအတွက်ပေါ့
ဒါတင်မဟုတ်ပါဘူး.. ကျွန်တော့်အမြင်တော့ ဒါကောင်းတယ်လို့မြင်တယ်
Leclerc က ကျွန်တော်စောစောကပြောသလို အဆိပ်သိပ်မပြင်းတဲ့လူလေ
သူ့နေရာမှာ နောက်ပိုင်းအစားဝင်လာတဲ့သူက
တော်တော်ဆိုးတဲ့ Rochambeau ဆိုတဲ့သူပေါ့
သူ့ အဖေနဲ့ သူနဲ့ နာမည်အတူတူပဲဗျာ
မှားနေဦးမယ်
သူ့အဖေကတော့ အမေရိကန်တော်လှန်ရေးတုန်းက သူူရဲကောင်းတစ်ယောက်ပေါ့ဗျာ
အမေရိကန်တွေဘက်ကနေပြီး ပြင်သစ်တွေအတွက်တိုက်ပေးခဲ့တဲ့သူ
သူ့သားကလှည့်ကျတော့ ငါးပါးမှောက်ရောဗျာ
ကျွန်တော် သိသလောက်ဆိုရင်တော့
သူ့အဖေကတော်တော် ထူးချွန်တဲ့သူ
သားကျတော့ ဂျိုနဲ့ အစွယ်နဲ့
သမိုင်းစာမျက်နာတွေမှာလည်း
မမှိတ်မသုန်ရက်စက်လှပါချည်ရဲ့ဆိုတဲ့ သူတွေက ခပ်ရှားရှားရယ်
သူလည်း တစ်ယောက်အပါအဝင်ပေါ့ဗျာ
သူပျာပျာသလဲလဲတော့ ဖြစ်လိုက်သေးတယ်
သူ့တပည့်တပန်းတွေ အသားဝါဖြစ်တုန်းကပေါ့
သူရင်ဆိုင်နေရတာက ဒေါသထွက်နေတဲ့ ရန်သူတွေကိုး
သူလုပ်ခဲ့တာတွေကတော့ အစုံပဲ
ကျွန်တော် အဲ့ဒါတွေကို ချရေးပါရစေနော်
သူက အာဖရိကန်တွေကိုတောင် မြေမြုပ်ခဲ့တဲ့လူ
ကျွန်တော် အာဖရိကန် အမေရိကန်တွေလို့ပြောရင် ပိုမှန်မလားပဲ
ရှေးခေတ်ကျေးကျွန်တွေကိုမြေမြုပ်ခဲ့တဲ့လူဗျာ
ပိုးကောင်တွေရှိတဲ့ကျင်းတွေထဲမှာ အရှင်လတ်လတ်မြေမြုပ်သတ်ခဲ့တာပေါ့
သကာရေကျင်းတွေထဲလည်း လူတွေကို ထည့်ပြီး ပြုတ်ခဲ့တဲ့လူ
တစ်ခါမှာ သူက
ချမ်းသာတဲ့လူမျိုးရောတွေကို ဖိတ်ကြားတယ် ... ဘောလုံးတစ်လုံးကို ထားထားတယ်
ပါတီရှိတဲ့နေရာကို တည့်တည့်ချိန်ပြီးတော့ပေါ့ဗျာ
ညဉ့်သန်းခေါင်လည်းရောက်ရော
ရျိသမျှလူတွေကို သတ်မယ်ဆိုပြီး ထပြောလေရော
ရက်စက် ယုတ်မာချက်က တော့ဗျာ
သူရက်စက်သမျှကလည်း
သူလက်ဝါးကြီးအုပ်လို့ရတဲ့
အာဖရိကန်အနွယ်ဝင်တွေပဲဖြစ်နေတော့တာ
နည်းနည်းကောင်းသလိုလိုဖြစ်တဲ့တစ်ချက်ကတော့
ကျွန်းပေါ်က အာဖရိကန်အနွယ်ဝင်တွေကို
ပထမဆုံးအနေနဲ့ စုစည်းပေးခဲ့တာပဲ
မျိုးနွယ်စစ်ကျွန်တွေ
လူမျိုးရောတွေကိုပါ စုစည်းခဲ့တယ်
၁၈၀၃ မှာပေါ့
ကျွန်တော်ပြောခဲ့သလိုပဲ
အဲ့ဒီအချိန်က အင်္ဂလိပ်နဲ့ စစ်ဖြစ်နေတုန်းပဲ
အဂ်လိပ်တွေက
ကမ္ဘာမှာ အင်အားအကြီးဆုံးရေတပ်ကို ပိုင်ဆိုင်ထားတယ်
တော်တော်ကို အင်အားကြီးတာပါ
သူဘယ်လောက်ပဲ ယုတ်မာတယ်ဆိုဆို
နပိုလီယန်ကတော့ အကူအညီလိုနေခဲ့တာတော့ အမှန်ပေါ့
ဒီစလင်းကို အနိုင်ရဖို့ အတွက်ပေါ့
သေချာရှင်းအောင် ပြောရရင်
ဒီစလင်းက
မျက်လုံးတစ်ဖက်ဆို တစ်ဖက်ယူဖို့ ဝန်မလေးတဲ့သူ
တစ်ခါတုန်းက
Rochambeau က သူပုန်အကျဉ်းသား ၅၀၀ ကို အရှင်လတ်လတ် မြေမြုပ်ဖူးတယ်
ဒီစလင်းက ပြင်သစ်အကျဉ်းသား ၅၀၀ ကို ကြိုးပေးလိုက်တယ်
ဆိုတော့ သူက
သွေးချောင်းစီးဖို့ ဝန်လေးနေတဲ့သူမျိုးမဟုတ်ဘူး
Toussaint L'Ouverture နဲ့တော့ သိပ်ကွာတာပေါ့
သင်ခန်းစာတစ်ခုလို့သတ်မှတ်ရမှာပေါ့
သင်ဟာ ရန်သူကို တိုက်ခိုက်နေချိန်ဆို
ရန်သူဘက်က ခေါင်းဆောင်ပိုကျတဲ့ လူတွေကို ရှောင်နိုင်လေလေ
သင် ဦးဆောင်သူတစ်ဦးဖြစ်ဖို့နီးလာလေလေပဲ
သင်အဖြစ် ဒါမှမဟုတ် သင်ရက်စက်နိုင်တဲ့အတိုင်းအတာအထိလောက်ပေါ့
သင် ခေါင်းဆောင်တွေကိုသစ္စာဖောက်ခဲ့ရင် အဲ့လိုဖြစ်လာလိမ့်မယ်
ကျွန်တော့် ထင်မြင်ချက်တွေ ဒီလောက်ဆိုတော်ပါပြီ
အခြေအနေကတော့
အင်္ဂလန်နဲ့ စစ်ဖြစ်သွားတဲ့ရလဒ်ပဲ
အင်္ဂလန်တွေက ပင်လယ်တွေတော်တော်များများပိုင်တယ် ... အထူးသဖြင့် Caribbean ပင်လယ်ပေါ့
ခေတ်ဟောင်းကျွန်တော်လှန်သူတွေရဲ့ ခေါင်းဆောင်ကို
ရင်ဆိုင်ဖို့ဆိုတာက သူ့အတွက်တော့ နောက်ခံ အင်အားကြီးကြီးမားမား လိုတယ်
နပိုလီယမ်ကတော့ သူ့ကို ကူညီနိုင်ပါလိမ့်မယ်
အီဂျစ်က သူ့ရဲ့တပ်တွေနဲ့ အဲ့ဒီကိစ္စကို လုပ်လိုက်တယ်
တကယ်ကတော့ သူက ဂရုစိက်တတ်တဲ့လူမျိုး မဟုတ်ပါဘူး
ကျွန်တော်ထင်ပါတယ်... တစ်ယောက်ချင်းဆီတော့ ဘယ်သူမှ ဂရုမစိုက်လောက်ဘူး
သူဂရုစိုက်တယ်ဆိုတာ သူ့ရဲ့ အတ္တနဲ့ သူ့ရဲ့ အာဏာတည်မြဲရေးပဲ
ဆိုတော့ နပိုလီယမ်က နောက်ဆုံးမှာ သူတို့ကို တန်းလန်းကြီးထားခဲ့တာပေါ့
နပိုလီယမ်လည်း နံရံပေါ်က စာတွေကို မြင်ခဲ့တယ်
အင်္ဂလန်တွေရဲ့ တပ်တွေကို သူ့အနေနဲ့ ဘယ်လိုမှ ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး
တစ်ချိန်တည်းမှာပဲ
ဥရောပတစ်တိုက်လုံးမှာ နပိုလီယမ်ရဲ့ စစ်ပွဲတွေချည်းပဲလည်းဖြစ်နေတယ်
သင်မှတ်မိမှာပါ .... ပြင်သစ်တော်လှန်ရေးတစ်ခုလုံးက
ငွေကြေးအခက်အခဲကြောင့် ကျရှုံးခဲ့ရတယ်
နပိုလီယမ်က သူ့ကို စိတ်လျှော့လိုက်ရုံတင်မဟုတ်ဘူး
သူနဲ့ထိုက်တန်တာကိုပါပေးသွားသေးတယ်
သူ့ကိုလိုနီနယ်မြေတွေ အားလုံးကို ထိန်းသိမ်းပြုပြင်ပေးခြင်းလည်းမရှိတော့ဘူး
Western Hemisphere က ဘယ်နေရာမှလည်းမပါဝင်တော့ဘူး
ဆိုတော့ ရန်ပုံငွေတိုးပွားလာအောင်လို့
နပိုလီယမ်က လူစီယားနားကိုတောင် အမေရိကန်တွေဆီရောင်းလိုက်ရတယ်
လူစီယားနားလို့ ကျွန်တော်ပြောတဲ့ အချိန်မှာ
ခုလောလောဆယ် ရှိနေတဲ့ လူစီယားနား ကိုတင်ကျွန်တော်ပြောနေတာမဟုတ်ပါဘူး
ကျယ်ပြောတဲ့ ပမာဏကိုတင်ပြောနေတာ မဟုတ်ဘူးပေါ့
အဲ့ဒါ ကျွန်တော့် မွေးရပ်မြေဗျ
ပြောချင်တာက
အမေရိကတိုက်ရဲ့ ၃ ပုံ ၁ ပုံလောက်ကို ရှိတယ်ဆိုတာကို ပြောချင်တာဗျ
အဲ့ဒီ ပမာဏကြီးကို ရောင်းလိုက်တယ်ဆိုပါတော့ဗျာ
တကယ်ကို ရက်ရက်ရောရော ရောင်းလိုက်တာပါ
၁၅ မီလီယန် ဒေါ်လာနဲ့ ရောင်းလိုက်တာ
ပြင်သစ်ဒေါ်လာ သန်း ၆၀ ပေါ့
ဒီနေ့ ကာလနဲ့ ပြောရရင်
ဒေါ်လာ ၁၀ ဘီလီယန်လောက်ရှိမယ်ဗျ
ပြောချင်တာကတော့
တစ်ယောက်ယောက်က သင့်ကို ၁၀ ဘီလီယန်လို့ ပြောလိုက်မယ်ဆိုရင်
သေချာတာကတော့ အမေရိကတိုက်ရဲ့ ၃ ပုံ ၁ ပုံကို ခင်ဗျားပိုင်ပြီ ဆိုတာပဲ
တော်တော်မျှတတဲ့ အပေးအယူတစ်ခုလို့ ခင်ဗျားတော့ ထင်မှာပဲ
ဒီနေ့ခေတ် ၁၀ ဘီလီယန်ကိုပေါ့
၁၈၀၃ ခုနှစ်က ၁၅ မီလီယန် ဒေါ်လာပေါ့ ... ဒီကနေ့မှာတော့ ၁၀ ဘီလီယန်ပေါ့
အဲံတုန်းက သိပ်များတဲ့ ပမာဏမဟုတ်ပေမဲ့ သူသိပ်ကို ဆန္ဒပြင်းပြနေခဲ့တယ်
ဒီကမ္ဘာကြီးမှာ အင်္ဂလိပ်တွေ ပင်လယ်တွေကို ပိုင်နေသ၍
ထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့ မရဘူးဆိုတာ
သူသဘောပေါက်လာတယ်
ဥရောပမှာကို သူ့အရှုပ်တော်ပုံတွေက ရှိသေးတယ်
အမေရိကန်တွေကတော့ တော်တော်မြတ်သွားတာပေါ့လေ
ရှင်းရှင်းပြောရရင် အမေရိကန်တွေကို ရောင်းလိုက်တာမျိုးတော့ မဟုတ်ပါဘူး
အင်္ဂလန်တွေ အမေရိကန်တွေက
ဒီတိုင်း ယူလိုက်လည်းရပါတယ်
နပိုလီယန်ဆီထားရင်လည်း ပျက်ဆီးမှာပဲ
ဒီစလင်းက Rochambeau ကို ဖျက်ဆီးလို့ရပြီးသား
ပြီးတော့ .... စိန့်ဒိုမင်း အတွက် လွတ်လပ်ရေးကိုလည်း ကြေညာလို့ရသေးတယ်
၁၈၀၄ ဇန်နဝါရီလ ၁ ရက်နေ့မှာ
ဒီစလင်းက လွတ်လပ်ရေးပေးလိုက်တယ်
ပြီးတော့ အဲဒီနိုင်ငံ အသစ်ကို ဟေတီဆိုပြီး နာမည်အသစ်ပေးလိုက်တယ်
ဒီနာမည်က ကွနိးပေါ်မှာနေတဲ့လူတွေရဲ့ နာမည်လို့လည်းပြောလို့ရပါတယ်
အဓိပ္ပာယ်က တောင်တန်းတွေရဲ့မြေပါ
ကျွန်တော်နောက်ဆုံးအနေနဲ့ ပြောချင်တာတစ်ခုရှိပါတယ်
သင်သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်
ဟေတီက အခုထိလည်း အရမ်းဆင်းရဲဆဲ နိုင်ငံတစ်ခုပါ
ပြီးတော့လည်း ...ဒီစလင်းပြီးတော့ သူတို့မှာ အများကြီးပဲ ......
နောက်ဆုံးကြတော့ .... အဲ့ဒါနဲ့ သက်ဆိုင်တဲ့ သင်ခန်းစာတွေ ထပ်တင်ပေးပါ့မယ်
အာဏာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် အကြောင်းပေါ့လေ
လူတွေလည်း ဒုက္ခတွေ တော်တော် ရောက်ကြပါတယ်
ကျွန်တော် ရှင်းအောင် ပြောပြပါ့မယ်
ခြေဗလာ ဘဝနဲ့ သူတို့စခဲ့ကြတာပါ တော်တော်ဆိုးပါတယ်
ဘာလို့လဲဆိုတော့ ဒီစလင်းက ၁၈၀၄ မှာ
လွတ်လပ်ရေးကို ကြေညာခဲ့တာတောင်
၁၈၀၅ မှားလို့ ၁၈၂၅ အထိ ပြင်သစ်တွေက ဟေတီကို သတိမပြုမိကြပါဘူး
သူတို့သတိမပြုမိဘူးဆိုတာကလည်း
အင်းပေါ့လေ.... သတိမပြုမိဘူးဆိုတာကလည်း
ဘယ်သူက ဂရုစိုက်တာကို စိတ်ဝင်စားကြလို့လဲ
ကိုလိုနီရှေ့ဆောင်တွေ ဘာတွေးခဲ့လည်းဆိုတာ ဘယ်သူဂရုစိုက်လို့လဲ
ဒါပေမဲ့ ဂရုစိုက်မခံရမချင်း
သူတို့တွေက ဟေတီကို ဆိပ်ကမ်းသွားလာခွင့်တွေ ပိတ်ပင်ထားတုန်းပဲ
ဟေတီနဲ့ ဆက်သွယ်မှုတွေပြုလုပ်ဖို့
ဘာ ကုန်သွယ်မှုမှလည်း မပြုလုပ်ကြဘူး
ဆိုတော့ သေနတ်ပြောင်းဝတည့်တည့်မှာ ရပ်နေရသလိုပဲပေါ့
အသိအမှတ်ပြုခံရဖို့က
ဟေတီက ပြင်သစ်ကို အကြွေး အနေနဲ့ ပြင်သစ်ဒေါ်လာ ၉၀ မီလီယန် ပေးချေမှ ရမှာ
ဒီ ပိုက်ဆဆံ ပမာဏနဲ့ ပတ်သတ်လို့က
ဒီမှာ ကျွန်းသေးသေးလေး ဒီမှာ လွတ်မြောက်သွားတဲ့ ကျွန်အသစ်တွေရဲ့
ကျွန်းတစ်ဝက်ပုံလေးပါ
ပြီးတော့ ပြင်သစ်တွေကို အကြွေးတင်တယ်ဆိုတာလည်း အတင်းအကြွေးတင်ခံရတာ
တကယ်တော့ ဒီလိုတွေ ဖြစ်ဖို့ဆိုတာက
အမေရိကန်နဲ့ ဗြိတိသျှတို့က အတင်းတိုက်တွန်းလို့ ဖြစ်လာတာ
ဆိုတော့ သမိုင်းကြောင်းမှာ
ဆင်းရဲသေးနုတ်တဲ့ ကျွန်းတွေကို ဖိနှိပ်ချုပ်ချယ်တဲ့နေရာမှာတော့
အရင်က ရန်သူတွေလည်း သဘောတူကောင်းတူမှာပါ
သို့ပင်မဲ့ ပြင်သစ်ကို
အမေရိက က Louisiana ကို ဝယ်ထားတာထက်
၁.၅ ဆ လောက် အကြွေးတင်နေတယ်
ပြင်သစ်ငွေနဲ့ဆိုရင် ၆၀ မီလီယန် ဒေါ်လာလောက်ရှိလိမ့်မယ်
Louisiana ဘက်ခြမ်းအားလုံးကို သူတို့ရသွားပါတယ်
ကဲ အခုတော့ ... ပြင်သစ်က ဟေတီကို ပြောနေပြီ ... သူတို့ကို အကြွေး ပြင်သစ်ငွေ ၉၀ မီလီယံလောက်ကျန်သေးတယ်ဆိုပြီးတော့
ဒီကနေ့ခေတ်ငွေနဲ့ဆိုရင် ....
၁၄ သို့မဟုတ် ၁၅ ဘီလီယံလောက်တောင်ရှိလိမ့်မယ်
ပြီးတော့ အဲ့ဒါက ...
လွတ်လပ်ပြီးတဲ့ ကျေးကျွန်တွေစုစုပေါင်း တစ်သန်းလောက်ရဲ့ တစ်ဝက်လောက်တော့ အနည်းလေးရှိလိမ့်မယ်
ဆိုတော့ တော်တော် ကြောက်စရာကောင်းတဲ့ အကြွေးပမာဏပေါ့
သေချာရှင်းအောင်ပြောရရင် ...
၁၉ ရာစုအစောပိုင်းလောက်က ... ခပ်ရူးရူး ကိုလိုနီတွေလိုတော့ မဟုတ်ဘူးပေါ့
သူတို့တုန်းကတော့ အတင်းလုပ်ခိုင်းခဲ့တာလေ
၁၉၄၇ မတိုင်ခင်အထိ .... အကြွေးကို အတိုးနဲ့ မပေးခဲ့ရဘူး
ဒီတိုင်းပဲ အကြွေး ဆက်ပေးတယ်
ပြီးတော့ ဒဏ်ရာကို ဘယ်လိုဆားသိပ်လည်းဆိုတော့
အကြွေးဆပ်ရတဲ့ အကြောင်းရင်းက . သူတို့ပြောပုံအတိုင်းဆိုရင်... ဆုံးသွားတဲ့ ပိုင်ဆိုင်မှုအတွက်ပဲ
ဒါကြောင့်မို့လို့ ... ပြင်သစ်ကနေပြီးတော့
ဟေတီကို ဆုံးသွားတဲ့ ပစ္စည်းတွေအတွက် ... အကြွေးဆိုပြီးတောင်းတာပေါ့
အဲ့ဒီစာရင်းထဲမှာ ပါတာတွေကတော့
မြေယာနဲ့ ကျွန်တွေပဲဖြစ်တယ်
ပြောရရင် သင်လွတ်လပ်ရေး ရပြီပဲထား
ပိုက်ဆံတစ်ပုံတစ်ခေါင်းကြီးတော့ အကြွေးတင်နေသေးတယ်
အခုခေတ်မှာ သင်တို့ကို ပိုင်ဆိုင်ခွင့်ရှိတဲ့ ကျွန်စနစ်မှ မရှိတော့ပဲကိုး
အဲ့ဒါက ဒဏ်ရာကို ဆားသိပ်တာပဲပေါ့
တကယ်တော့ ... ကျွန်တော် လန့်သွားတာတစ်ခုက
ပထမဆုံး ဒီဂဏန်းကြားကြားချင်းမှာပဲ
ဒီလောက် ဆင်းရဲလှတဲ့
နိုင်ငံသေးသေးလေးက အကြွေးတွေ ဆပ်နေရတယ်ဆိုတာပဲ
၁၉၄၇ အထိ ဖွံ့ဖြိုးတိုးတက်နေပါပြီဆိုတဲ့အနောက်တိုင်းနိုင်ငံကို
အကြွေးတွေ ဆပ်နေရတယ်လေ
သူတို့ရဲ့ လွတ်လပ်ရေးကို ဝယ်ယူဖို့အတွက်ပေါ့