ပုတဲ့ မိန်းကလေးတစ်ဦး
ကြီးပြင်းလာတာ ခက်တယ်၊
ဘာလို့လဲဆိုတော့ လူတွေက ကျွန်မကို
အမြဲ ဝေဖန်ပြီး
ကျွန်မရဲ့ အရည်အချင်းတွေအကြောင်းကို
တစ်ခါမှ မဝေဖန်တာကြောင့်ပါ။
လူတွေက အမြဲ ကျွန်မ အရပ်ကို
အာရုံစိုက်ဖို့ ရွေးတယ်။
ဆရာ၊ဆရာမတွေနဲ့ အက နည်းပြတွေက
ကျွန်မက အပုဆုံးဖြစ်လို့
ရှေ့မှာနေဖို့လိုပြီး
အပုဆုံးသူတွေနဲ့ စဖို့လိုတာကြောင့်
အရင်ဆုံး ရောက်ဖို့လို့တယ်လို့
ကျွန်မကို ပြောကြတယ်၊
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပုံနဲ့
လူတွေ ပြောတာက ကိုယ့်ကို
မသက်ရောက်စေဖို့ သင်ကြားပေးသူ
ကတော့ ကျွန်မရဲ့ အဖွားပါ။
သူက အပျက်သဘော တစ်ခုကို အပြုသဘော
တစ်ခုအဖြစ် ပြောင်းလဲပုံကို သင်ပေးခဲ့တယ်။
ဥပမာ၊ လူတစ်ယောက်က ကျွန်မ
အခင်ဆုံးသူငယ်ချင်းကို ဝတယ်လို့
ပြောကယ မုန့်ချိုနဲ့ တူတယ်လို့ ပြောတယ်၊
ဒါပေမဲ့ အခု ကျွန်မ ဒါကို တွေးမိတာက
သူဟာ မုန့်ချိုတစ်ခုပါ၊
မုန့်ချိုတွေကို ကိုကိုးအပူထဲမှာ သုံးပြီး
ကိုကိုး အပူက လူကို နွေးထွေးစေလို့ပါ။
ဒါက သူ လုပ်တာပါ၊
သူတို့ကို နွေးထွေးစေတယ်၊
သူဟာ လူတိုင်းကို ရွှင်လန်းစေဖို့ အသင့်
ရှိနေပြီး သူ့ကို လိုချင်နေတော့တာပဲလေ၊
ဝေဖန်မှုဟာ သင့်ကို်
အရာများစွာ ခံစားစေပါတယ်။၊
ယုံကြည်မှု နည်းအောင်လုပ်နိုင်တယ်၊
ကောင်းသင့်သလောက်
မကောင်းအောင်လုပ်နိုင်တယ်၊
သင်ဘယ်သူဆိုတာနဲ့ ဘာကို ကိုယ်စားလဲဆိုတာကို
မသေချာအောင်လုပ်နိုင်တယ်။
ဝေဖန်မှုရဲ့ အဓိပ္ပါယ်က ဘာလဲ။
ဒါက တစ်ယောက်ယောက် (သို့) တစ်ခုခုကြောင့်
သူတို့ အမှားတွေ (သို့) အပြစ်လို့
ထင်ရတာတွေကြောင့် သဘောမတူမှု ဖော်ပြချက်ပါ။
အခု ကျွန်မက ဝေဖန်ခံရတာကို မုန်းနေသလို
ဖြစ်နေပုံရပါတယ်။
ဒါပေမဲ့ တကယ်တမ်းက ဒါက လိုရင်းမဟုတ်ပါဘူး။
ဝေဖန်မှုဟာ ကောင်းတာ ဖြစ်နိုင်တယ်။
ကျွန်မ ဘာကိုဆိုလိုတာလဲ။
ဝေဖန်မှုဟာ နာကျင်စရာ ဖြစ်ဖို့မလိုဘူး။
ဒီဝေဖန်မှု အမျိုးအစားကို အပြုသဘော
ဝေဖန်မှုလို့ ခေါ်ပါတယ်။
ဒါက အပြောခံနေရတဲ့ လူတစ်ယောက်ကို
ကူညိဖို့ ကြိုးစားနေတာ စော်ကားဖို့ ကြိုးစား
ရာ မရောက်ဘူးဆိုတာ နားလည်စေတယ်။
ဥပမာ ကျွန်မရဲ့ သူငယ်ချင်း Chloe ရဲ့ဆံပင်ဟာ
အကြည့်ရ တော်တော်ဆိုးနေတယ်၊
ဒါပေမဲ့ သူက ဒါဟာ အကောင်းဆုံး၊
အခြားသူတွေထက် ပိုကောင်းတယ်လို့ ထင်တယ်။
မိုးကြိုးပစ်ခံရတဲ့ ပုံပေါက်နေတယ်၊
ငှက်သိုက်လို ဖြစ်နေတယ်လို့
ကျွန်မ သူ့ကို ပြောမှာ မဟုတ်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဒါက သူကို
နာကျင်ပြီး အရှက်ရစေမှာမို့ပါ။
ဒီအစား သူကို ပြောနိုင်တာက
ပိုလွယ်တဲ့ တစ်ခုခု လုပ်ခဲ့သင့်တယ် (သို့)
တိကျတဲ့နေရာတွေကို တင်းကျပ်ထား
သင့်တယ်လို့ပါ။
တစ်ခါတစ်လေ ကျွန်မတို့ စကားလုံးတွေက
အထောက်အကူရပေမဲ့
ကျွန်မတို့ရဲ့ အသုံးအနှုန်းနဲ့
လေသံက ပြဿနာပါ၊
ခံရသူကို ကိုယ်က တိုက်ခိုက်နေတယ်လို့
ခံစားမိစေတယ်။
ဥပမာ ကျွန်မရဲ့ သူငယ်ချင်း 'Zack'ဟာ
မကောင်းတဲ့ အနံ့ထွက်တယ်၊
'ရွံစရာကြီး Zack'ရယ်လို့
ကျွန်မ သူ့ကို ပြောမှာ မဟုတ်ဘူး။
"နင် ချွေးနံ့ပျောက်ဆေးလေးသုံးရင်
ငါတို့ သဘောကျမိမယ် ထင်တယ်၊
ဘာဖြစ်လို့လဲဆိုတော့ အနံ့တွေက ထွက်လာနေတယ်၊
အကောင်းဆုံး အနံတွေ မဟုတ်လို့ပါ၊
နင့် အမေဆီက နည်းနည်းတောင်းသင်တယ်၊
အကြံပေးတာနော်" လို့ပါ။
ဒါက သူ့ကို အကောင်းဆုံးတော့ ခံစားမိစေမှာ
မဟုတ်ဘူးလေ။
တစ်ယောက်ယောက်က မကောင်းတဲ့(သို့)
အပျက်သဘောနဲ့ သင့်ကို ဝေဖန်တဲ့အခါ
မိမိကိုယ်မိမိ ရပ်တည်
နိုင်စွမ်းရှိဖို့လိုတယ်။
ကြံ့ကြံ့ခံနိင်ဖို့ မိမိကိုယ်မိမိ
ယုံကြည်ဖို့လိုတယ်။
ဒါပေမဲ့ မိမိကိုယ်မိမိ ယုံကြည်မှု
ဆက်ရှိနေဖို့က အလွယ်ဆုံးတော့မဟုတ်ဘူး။
အပျက်သဘော ဝေဖန်မှုက
ကိုယ့်ကိုမထိခိုက်စေဖို့
ကျွန်မရဲ့အဖွား ကျွန်မကို သင်ပေးခဲ့သလို
အပျက်သဘော တစ်ခုခုကို အပြုသဘော
တစ်ခုခုအဖြစ် ပြောင်းလဲနိုင်ဖို့လိုတယ်။
ဦးဆုံးအနေနဲ့ ဒါက ပုဂ္ဂိုလ်ရေးဘာမှမဟုတ်ဘူး၊
ဒီလူက သင့်အပေါ် သူတို့ရဲ့ထင်မြင်ချက်
ပေးနေတာ အများဆုံးဖြစ်နိုင်ပြီး
သူတို့ ခေါ်သမျှကို ဖော်ပြနေတာ
မဟုတ်ဘူးဆိုတာသိဖို့လိုတယ်။
ဒါကို လုပ်ပြီးတာနဲ့
ဒါကို သင် ဝန်ခံနိုင်ပါတယ်။
ဥပမာ ကျွန်မ ပုလား။ ပုတယ်။
ဒါပေမဲ့ ဒါက ကျွန်မကိုပြဌာန်းလား၊နိုး
ပုတာအတွက် ကောင်းကျိုးတွေ
အများကြီးရှိပါတယ်။
သရုပ်ဆောင် အေဂျင်စီတစ်ခုမှာ ရှိနေပြီး
ခုနှစ်နှစ်အရွယ်အတွက် သရုပ်ဆောင် ရွေးနေတယ်။
ဒါနဲ့ ဒီအသက်အုပ်စုမှာ သူတို့ ကြည့်တယ်။
ကျွန်မက ပုပြီး စကားကို ကျွမ်ကျင်စွာ
ပြောဆိုနိုင်တော့ ကျွန်မ ပါဝင်ခွင့်ရတယ်။
ဒါက အသက်အုပ်စုထဲမှာ ပိုပြီး ပုနေတာရဲ့
ကျွန်မရဲ့ တစ်ပန်းသာမှု တစ်ခုပါ။
ယုံကြည်ခြင်း။
ယုံကြည်ခြင်းက ယုံကြည်မှု
ရှိလာခြင်းဆီ ပထမဆုံး လမ်းပါ
အခု မယုံကြည်ခြင်းကနေ ယုံကြည်ခြင်းဆီ
ကျွန်မ ဘယ်လို သွားလဲ။
ဒီမှာ ကျွန်မ ပြောနေတဲ့အကြောင်းကို
နည်းနည်း ပိုနားလည်ဖို့ သင့်ကို
ကူညီနိုင်တဲ့ သူငယ်ချင်းရဲ့
ဇာတ်လမ်းတစ်ပုဒ်ပါ။
သူက လူအများသိတာကို ကြိုက်၊မကြိုက်
မသေချာတော့သူ့ကို CC လို့ အမည်ပေးပါမယ်။
အောက်တိုဘာလ ၆ ရက်နေ့က
CHP's ကျောင်း ကပွဲမှာပါ၊
အကြောင်းမရာက Carlswald Airways ပါ၊
တရုတ်က နောက်ဆုံး အကကို
ဖျော်ဖြေတော့မယ့်အချိန်
CC က စင်နောက်ဘက်မှာ ကုန်းအော်နေတယ်၊
ဘာလို့ဆိုတော့ သူ စိတ်ဖိစီးနေလို့ပါ။
လူတိုင်း အချိန်ကိုက် လှုပ်ရှားနိုင်အောင်
နံပါတ်တွေကို အကျယ်ကြီး ရေတွက်နေတဲ့သူပါ။
ဆိုလိုတာက သူ့ဘေးဝန်းကျင်က
လူတိုင်းကြားနိုင်အောင်
သူက အလယ်ခေါင်မှာ ရှိနေတာပါ။
သူ စပြီး ငိုတယ်။
ဘာဖြစ်လို့ သူဟာ အလယ်ခေါင်မှာရှိပြီး
လူတိုင်းအတွက် ရေတွက်နေရတဲ့
အကြောင်းရှိတယ်လို့ သူ့ကိုပြောတယ်။
အရှေ့ဆုံး အလယ်ဗဟိုမှာနေဖို့ သူ့ကို
ရွေးချယ်တဲ့ အကြောင်းရင်းတစ်ခုရှိတယ်၊
ဒါက သူ့ယုံကြည်မှုကို တိုးစေတယ်။
သူ့ကို ယုံကြည်ဖို့ ပြောတော့
သူ ယုံကြည်ခဲ့တယ်။
ယုံကြည်တာကြောင့် CC ဟာ
တစ်ခုခုကို အောင်မြင်နိုင်စွမ်းရှိခဲ့တယ်။
ယုံကြည်စိတ် ရှိလာတာအတွက် ဒုတိယ အဆင့်က
ဒါကို တစ်ယောက်ယောက် တစ်ခုခု သက်သေပြဖို့
လုပ်နေတာ မဟုတ်ဘူးဆိုတာကို သိခြင်းပါ။
ကိုယ်တိုင်ရဲ့ နောက်ထပ် ယုံကြည်မှု ပုံစံ
တစ်ခုဖြစ်လာဖို့ သက်သက် လုပ်နေတာပါ။
ဝေဖန်မှုက ကိုင်တွယ်ဖြေရှင်းဖို့
အလွယ်ဆုံး အရာ မဟုတ်ပေမဲ့
အားလုံးဟာ အမှားတွေလုပ်ပြီး နာကျင်စေတာ
တွေ ပြောတယ်ဆိုတာ အသိအမှတ်ပြုဖို့ လိုပါတယ်
ဒီအခြေအနေတွေကို နည်းဖို့ အလေးထားဖို့
သတိထားဖို့ ကျိန်းသေကြိုးစားနိုင်ပါတယ်။
လူတွေကို ဆက်သွယ်ပုံနဲ့ ပတ်သက်တဲ့
တွေးခေါ်မှုပုံစံကို ပြောင်းလဲဖို့လိုတယ်။
ဘာကို ပြောတာနဲ့မဆိုင်ဘဲ
ဘယ်လို ပြောတာနဲ့ ဆိုင်ပါတယ်။
အပြုသဘော ဝေဖန်ချက်နဲ့လူတစ်ယောက်ကို
တိုးမြှင့်ပေးဖို့ အမြဲ ကြိုးပမ်းပါ၊
အပျက်သဘော ဝေဖန်ချက်နဲ့ သူတို့ကိ
မဖျက်ဆီးပါနဲ့။
သင့်အရေးပြားအောက်မှာသက်သောင့်သက်သာ
ရှိနေတာက ဘာမျှ မမှားပါဘူး။
ကျွန်မ လုပ်နိုင်ရင် သင်လည်း
လုပ်နိုင်တာ သေချာပါတယ်။
ကျေးဇူးတင်ပါတယ်။