WEBVTT 00:00:06.897 --> 00:00:11.697 ထုံးစံအနေနဲ့ ထင်ကြတာက ဘဲလေးအကဟာ အတွဲအဖက်ညီ၊ ကျက်သရေရှိကာ ရည်မွန်ပြီး 00:00:11.697 --> 00:00:14.406 အဓိကရုဏ်းတစ်ခုကို စပေးမယ် ဆိုတာတော့ ထည့်သွင်းစဉ်းစာခဲတယ်။ 00:00:14.406 --> 00:00:18.366 ဒါပေမဲ့ Igor Stravinsky ရဲ့'The Rite of Spring' ပထမဆုံး တင်ဆက်မှုမှာ 00:00:18.366 --> 00:00:23.011 ပရိသတ်တွေဟာ သံစုံတီးဝိုင်း လွှမ်းသွား လောက်အောက် ဒေါသဖြစ်ခဲ့ကြတယ်။ 00:00:23.011 --> 00:00:27.390 ဒီအဖြစ်ရဲ့ ဖြစ်စဉ်တွေမှာ လူတွေဟာ စင်ကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြ၊ 00:00:27.390 --> 00:00:30.397 ရန်ဖြစ်ဖို့ အချင်းချင်း စိန်ခေါ်တာ၊ အဖမ်းခံရတာတွေပါဝင်ပြီး 00:00:30.397 --> 00:00:34.297 အားလုံးဟာ ဘဲလေးကပွဲမှာ မနှစ်သက်စရာ ညတစ်ညအဖြစ် စတင်ခဲ့တယ်။ NOTE Paragraph 00:00:34.297 --> 00:00:36.987 ၁၉၁၃ မေလမှာ ပါရီမှာရှိတဲ့ 00:00:36.987 --> 00:00:39.897 Théâtre des Champs-Elysées ပထမဆုံး ဖျော်ဖြေခဲ့တယ်။ 00:00:39.897 --> 00:00:43.317 "The Rite of Spring" ဟာ သမိုင်းမတင်မီ ကာလတွေမှာ ဇာတ်အိမ်တည်ထားပါတယ်။ 00:00:43.317 --> 00:00:46.337 ဇာတ်ကြောင်းက မြေကြီးကို ကိုးကွယ်ပြီး ရာသီတွေ အပြောင်းအလဲ 00:00:46.337 --> 00:00:50.042 ဖြစ်စေဖို့ရည်ရွယ်ကာ အမျိုးသမီး တစ်ယောက်ကို ယဇ်ပူဇော်ဖို့ 00:00:50.042 --> 00:00:52.402 ပြင်ဆင်နေတဲ့ ဗာဟီရဝါဒီ လူစုကို ခြေရာခံတယ်။ 00:00:52.402 --> 00:00:55.672 ဒါပေမဲ့ ဘဲလေးကပွဲက ဇာတ်ကောင် (သို့) ဇာတ်ကွက်ဆိုတာထက် 00:00:55.672 --> 00:00:58.535 လူ၊ သဘာဝနဲ့ ယဉ်ကျေးမှုအကြားက ကြမ်းတမ်းတဲ့ ဆက်နွယ်မှုနဲ့ 00:00:58.535 --> 00:01:00.525 အများကြီး ပိုပတ်သက်နေတယ်။ NOTE Paragraph 00:01:00.525 --> 00:01:04.075 ဒီအာဘော်တွေက ကြမ်းတမ်းတဲ့ ဂီတ၊ ဆတ်တောက်တောက် ကခုန်မှု၊ တစ်မူထူးတဲ့ 00:01:04.075 --> 00:01:09.285 ဇာတ်ခုံအပြင်အဆင်တွေပေါင်းစပ်ထားတဲ့ တကယ့် စိတ်မကောင်းစရာ တင်ဆက်မှုမှာ ပေါ်လွင်တယ်။ 00:01:09.285 --> 00:01:13.475 ဒါက ချောက်ချားဖွယ် သံစဉ်မြင့်တစ်ခုကို မှုတ်နေတဲ့ တစ်ကိုယ်တော် နှဲကြီးတစ်လက်ကို 00:01:13.475 --> 00:01:16.276 သတိပြုမိစေတဲ့ ကချေသည်တွေနဲ့ ဖွင့်တယ်။ 00:01:16.276 --> 00:01:20.636 ကချေသည်တွေ ဂီတမှာ တဆန့်ငင်ငင်လုပ်စဉ် မမျှော်လင့်တဲ့ရပ်နားမှုတွေကြောင့် ပျက်ရတဲ့ 00:01:20.636 --> 00:01:22.780 အသံကြောင်ကြိုးတွေကို လမ်းဖွင့်ပေးတယ်။ 00:01:22.780 --> 00:01:26.200 ဒီထိတ်လန့်စရာ သဏ္ဌာန်တွေက ဘဲလေးကပွဲရဲ့ အဆိုကို သရုပ်ဖော်တယ်။ 00:01:26.200 --> 00:01:28.140 ဒါက ပရိသတ်တွေကို နေမထိထိုင်မထိဖြစ်စေပြီး 00:01:28.140 --> 00:01:31.050 ဂန္ထဝင်ဂီတရဲ့ ထုံးနည်းတွေကို အစိတ်စိတ်ကွဲစေတယ်။ NOTE Paragraph 00:01:31.050 --> 00:01:33.070 ဒီနည်းတွေအပြင် နောက်ထပ် နည်းများစွာနဲ့ 00:01:33.070 --> 00:01:35.910 "The Rite of Spring" ဟာ ၁၉ ရာစုရဲ့ သံစုံဂီတ အစဉ်အလာတွေကို 00:01:35.910 --> 00:01:37.450 စိန်ခေါ်ခဲ့တယ်။ 00:01:37.450 --> 00:01:40.390 ပထမ ကမ္ဘာစစ်နဲ့ ရုရှား တော်လှန်ရေး နှစ်ခုစလုံးရဲ့ 00:01:40.390 --> 00:01:42.140 စပ်ကူးမတ်ကူးမှာ ရေးဖွဲ့ခဲ့တဲ့ 00:01:42.140 --> 00:01:44.520 "The Rite of Spring" ဟာ အရေးတကြီးနဲ့ ပွက်ထတယ်။ 00:01:44.520 --> 00:01:47.810 ဒီတင်းအားက ဆန်းသစ်တဲ့ တိုပြတ်ပြတ် အသံ အသုံးပြုမှု(သို့) 00:01:47.810 --> 00:01:52.060 ပုံမှန်မဟုတ်တဲ့ စည်းချက် အပါအဝင် သမားရိုးကျ စမ်းသပ်မှုအစုံမှာ ထင်ဟပ်တယ်။ 00:01:52.060 --> 00:01:54.647 စနစ်တကျမရှိတဲ့(သို့)သီးခြာ၊ သံစဉ်မရှိတာနဲ့ 00:01:54.647 --> 00:01:57.907 နရီပြသင်္ကေတ မျိုးစုံ ရှိတာပါ။ 00:01:57.907 --> 00:02:00.647 ဒီသိသာတဲ့ ခေတ်ပေါ် အင်္ဂါရပ်တွေနဲ့အတူ Stravinsky ဟာ 00:02:00.647 --> 00:02:04.137 ရုရှား ကျေးလက်ဂီတရဲ့သွင်ပြင် တွေထဲမှာ တေ့ဆက်လိုက်တယ်။ 00:02:04.137 --> 00:02:06.627 သူ့ရဲ့ မနှစ်သက်တော့တဲ့ မြို့ပြ ပရိသတ်ရဲ့ 00:02:06.627 --> 00:02:10.447 မျှော်လင့်ချက်တွေကို တမင်တကာ နှောင့်ယှက်တဲ့ ပေါင်းစပ်မှုတစ်ခုပါ။ NOTE Paragraph 00:02:10.447 --> 00:02:13.507 ဒါက Stravinsky ရဲ့ ပထမဆုံး ကျေးလက်ဂီတကို အသုံးပြုမှု မဟုတ်ဘူး။ 00:02:13.507 --> 00:02:17.617 ၁၈၈၂ မှာ St. Petersburg အပြင်ဘက် နယ်မြိုလေးတစ်ခုမှာ မွေးဖွားခဲ့တဲ့ 00:02:17.617 --> 00:02:22.358 Stravinsky ရဲ့ ဂုဏ်သတင်းဟာ "The Firebird" စွဲမက်ဖွယ် ဘဲလေးအကနဲ့ ခိုင်မာစေခဲ့တယ်။ 00:02:22.358 --> 00:02:24.028 ရုရှား နတ်သမီးပုံပြင်ကို အခြေခံတဲ့ 00:02:24.028 --> 00:02:27.258 ဒီတင်ဆက်မှုဟာ Stravinsky ရဲ့ စွဲလမ်းခြင်းမှာ 00:02:27.258 --> 00:02:28.748 ရိုးရာ ယဉ်ကျေးမှုနဲ့စိမ့်ဝင်တယ် 00:02:28.748 --> 00:02:31.798 ဒါပေမဲ့ The Rite of Spring မှာ ဗာဟီရဝါဒီဓလေ့ရဲ့အရှိကို ထုတ်ဖို့ 00:02:31.798 --> 00:02:36.918 ကျေးလက်နဲ့ ဂီတ နယ်နိမိတ်တွေကိုတွန်းဖယ်ကာ ပိုကြမ်းတဲ့ ပရောဂျက်တစ်ခုကို က​ြံစည်တယ်။ NOTE Paragraph 00:02:36.918 --> 00:02:39.492 Stravinsky က အနုပညာရှင် Nicholas Roerich နဲ့ 00:02:39.492 --> 00:02:42.442 ပူးပေါင်းကာ ဒီအတွေးနယ်ချဲ့မှုကို အသက်သွင်းပေးခဲ့တယ်။ 00:02:42.442 --> 00:02:45.702 Roerich က သမိုင်းမတင်မီ ကာလတွေကို စွဲလမ်းနေသူပါ။ 00:02:45.702 --> 00:02:48.522 သူဟာ လူသား ယစ်ပူဇော်မှုအကြောင်း စာတမ်းတွေ ထုတ်ဝေခဲ့ပြီး 00:02:48.522 --> 00:02:51.432 အခင်းအကျင်းနဲ အဝတ်အစား ဒီဇိုင်းဆင်တာအပြင် 00:02:51.432 --> 00:02:54.052 Slavic အုတ်ဂူတွေ တူးဖော်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ 00:02:54.052 --> 00:02:57.202 "The Rite of Spring" အတွက် ရုရှား အလယ်ခေတ်အနုပညာနဲ့ ကချေသည်တွေရဲ့ 00:02:57.202 --> 00:03:00.566 ကိုယ်တွေပေါ်မှာကိုးရိုးကားရား ချိတ်ထားတဲ့ ဝတ်စုံတွေကို ဖန်တီးဖို့ 00:03:00.566 --> 00:03:02.056 လယ်သမား အထည်တွေကနေ ရေးဆွဲတယ်။ 00:03:02.056 --> 00:03:06.656 Roerich က ဒါတွေကို ကမ္ဘာဦး သဘာဝရဲ့ အထင်းသား နောက်ခံတွေနဲ့ ယှဉ်ပြီး ဆင်တယ်၊ 00:03:06.656 --> 00:03:10.878 ထော်နေတဲ့ကျောက်တုံးတွေ၊ မိုးနေတဲ့ သစ်ပင် တွေ၊ မသတီစရာ အရောင်တွေနဲ့ပြည့်နေတာပါ။ NOTE Paragraph 00:03:10.878 --> 00:03:14.328 ၎င်းရဲ့ စူးရဲတဲ့ အပြင်အဆင်တွေနဲ့ ပူလောင်နေတဲ့ တေးသွားနဲ့အတူ 00:03:14.328 --> 00:03:16.928 "The Rite of Spring" အတွက် မူလ အကဗေဒဟာ 00:03:16.928 --> 00:03:18.778 အတော်ကြီးကို နှိုးဆွပေးခဲ့တယ်။ 00:03:18.778 --> 00:03:23.048 ဒါကို လုပ်နေတာက အထင်ကရ ကချေသည် Vaslav Nijinsky ပါ။ 00:03:23.048 --> 00:03:27.468 'လှုပ်ရှားမှု ကိုယ်၌ရဲ့ ရင်းမြစ်တွေ'လို့ အကတွေကို ပြန်လည်တွေးခေါ်ဖို့ တီထွင်သူပါ။ 00:03:27.468 --> 00:03:30.428 Stravinsky ဟာ နောက်ပိုင်းမှာ Nijinsky ရဲ့ မရမနေခိုင်းတဲ့ 00:03:30.428 --> 00:03:32.438 ဇာတ်တိုက်တာတွေနဲ့ ဂီတကို တဇွတ်ထိုး 00:03:32.438 --> 00:03:35.318 အဓိပ္ပာယ်ကောက်တာတွေကို စိတ်ပျက်မှုတွေကို ဖော်ပြခဲ့ပေမဲ့ 00:03:35.318 --> 00:03:39.498 သူ့အကဗေဒဟာ Stravinsky ရဲ့သီကုံးမှုလိုပဲ ခေတ်ရှေ့ပြေးနတာကို သက်သေပြခဲ့တယ်။ 00:03:39.498 --> 00:03:41.488 သူဟာ အစဉ်အလာ ဘဲလေးအကကို 00:03:41.488 --> 00:03:44.348 သူ့ပရိသတ် အံ့ဩ၊ ကြောက်လန့်သွား လောက်အောင် ပုံဖျက်ပစ်ခဲ့တယ်။ 00:03:44.348 --> 00:03:48.858 အများအပြားက ဒီအမျိုးအစားရဲ့ရည်မွန်မှုနဲ့ ကြည်နူးမှုကို မျှော်လင့်ခဲ့တာလေ။ NOTE Paragraph 00:03:48.858 --> 00:03:52.803 "The Rite of Spring" ထဲက ကခုန်ခြင်းဟာ ဖျော်ဖြေသူတွေရဲ့ သရဲပူးသလို 00:03:52.803 --> 00:03:57.883 တွန့်ဆုတ်လိုက်၊ လူးလွန့်လိုက် ခုန်လိုက်နဲ​့ လှုံ့ဆော်ကာ တုန်ယင်စေတယ်။ 00:03:57.883 --> 00:04:00.673 မကြာခဏ ကချေသည်တွေဟာ ဂီတ အလိုက်အတိုင်းမဟုတ်ပေမဲ့ 00:04:00.675 --> 00:04:03.265 ဂီတကို ဆန့်ကျင် ရုန်းကန်တာ ပိုဆန်တယ်။ 00:04:03.265 --> 00:04:06.525 Nijinsky သူတို့ကို ခြေချောင်းတွေကို အတွင်းဘက်လှည့်ဖို့နဲ့ 00:04:06.525 --> 00:04:10.341 မကြာခဏ စီးချက်အကြွနဲ့ ခုန်အပြီးမှာ လေးလံစွာ ကျဖို့ ညွှန်ကြားထားတယ်။ 00:04:10.341 --> 00:04:12.251 အပြီးသတ် သွေးရူးသွေးတန်း ပြကွက်အတွက် 00:04:12.251 --> 00:04:17.691 မိန်းမတစ်ယောက်ဟာ ကျယ်လောင်တဲ့ ဆောင့်သံတွေ၊ ထိတ်လန့်ဖွယ် ကြိုးသံတွေနဲ့ သေတဲ့အထိ ကတယ်။ 00:04:17.691 --> 00:04:22.211 ဘဲလေးကပွဲဟာ စူးရှ၊ ခြောက်လှန့်တဲ့ အသံတွဲတစ်ခုနဲ့ မပြေမပြစ် ဆုံးသွားတယ်။ NOTE Paragraph 00:04:22.211 --> 00:04:23.797 ဒီနေ့မှာ "The Rite of Spring" ဟာ 00:04:23.797 --> 00:04:27.327 ၎င်းရဲ့ အငြင်းပွားဖွယ် အစလိုပဲ ကျောချမ်းစရာ ဖြစ်တုန်းဆိုပေမဲ့ 00:04:27.327 --> 00:04:31.547 မူလ လက်ရာရဲ့ ဂယက်လှိုင်းပြင်းတွေကတော့ ဆက်လက် ပဲ့တင်၊ စေ့ဆော်ဆဲပါ။ 00:04:31.547 --> 00:04:35.837 ခေတ်ပေါ် ဂျပ်ဇ်ရဲ့ ယှဉ်တွဲနေတဲ့ စည်းချက်တွေ၊ရှေးရိုးဆန်တဲ့ ဂန္ထဝင်ဂီတနဲ့ 00:04:35.837 --> 00:04:40.039 သရဲကားတွေအတွက် ဇာတ်ဝင်တေးတွေမှာတောင် Stravinsky ရဲ ဩဇာလွှမ်းမှုကိုကြားနိုင်တယ်။ 00:04:40.039 --> 00:04:43.679 ဒါက ရုန်းဆန်ခတ် ပရိသတ် တုံ့ပြန်မှုတစ်ခုကို ချိုးဖောက်နေစေတုန်းပါ။